Zawgyi
Chapter 158
{ လုေပရႊမ္းက အခုလက္မခံရင္ ေနာင္လည္း လက္ခံလိမ့္မည္မဟုတ္ - ၃ }
အဖိုးလုသည္ ယံုၾကည္မႈအျပည့္ျဖင့္ ေျပာေနေလ၏...
ရီက်န္းသည္ အေမလုကို လွည့္ၾကည့္လိုက္ၿပီး တိတ္တဆိတ္သာ ဆက္ေနေနခဲ့ေလတယ္...
အေမလုသည္ သူမရဲ့ေျပာဆိုပိုင္ခြင့္ႏွင့္ ပတ္သက္ၿပီး သတိႀကီးသူပင္... သူမဟာ လုမိသားစုဝင္ေတြ ၾကား၌ သူမရဲ့အေတြးအျမင္ကို ေျပာဆိုပိုင္ခြင့္မရိွသည္ေလ... လုေပရႊမ္း ကိုမာဝင္ေနခ်ိန္တြင္လည္း လုေရွာင္ရန္က သူ႔ရဲ့တရားမဝင္သားတစ္ေယာက္ကို ေခၚလာကာ ထိုတရားမဝင္သားအတြက္ လုေကာ္ပိုေရးရွင္းတြင္ ေနရာေပးကာ လုေပရႊမ္းရဲ့ေနရာကို ယူသြားခဲ့ေသာ္ျငား သူမဟာ ၾကည့္ေနရံုမ်ွသာ တတ္ႏိုင္ခဲ့ေပသည္... သူမဘက္မွ မိသားစုမၿပိဳကြဲသြားခဲ့ပါက သူမဟာ လုေပရႊမ္းကို ကူညီေပးႏိုင္ခဲ့မည္ပင္...
" ေပရႊမ္း... မင္း ဘယ္လိုသေဘာရလဲ..."
လုေပရႊမ္းဟာ အဖိုးလုရဲ့အေမးကို အေမးျဖင့္သာ တည္ၿငိမ္စြာ ျပန္ေျပာလိုက္ေလတယ္... " အဖိုးက လင္းက်န္ကို အဖိုးရဲ့ေျမးအျဖစ္သတ္မွတ္ခ်င္ေနတာလား... "
အရာအားလံုးဟာ သူတို႔အေဖ လုေရွာင္ရန္ဟုဆိုႏိုင္ေသာ္လည္း ယခုအထိ လင္းက်န္ရဲ့ေနာက္ေၾကာင္းဟာ ရႈပ္ေထြးလြန္းေသး၏... ထိုအမ်ိဳးသားငယ္ေလး လင္းက်န္ဟာ တရားမဝင္သားဆိုသည့္ေနရာမွ လြတ္ေျမာက္ႏိုင္မည္ မဟုတ္ေခ်...
လင္းက်န္လို မာနရွင္တစ္ေယာက္က တရားမဝင္သားဟု အေခၚရခံသည္ကို သည္းခံေနႏိုင္မည္ မဟုတ္... ဝတၴုထဲတြင္ လင္းက်န္သည္ လုတို႔ကို လြန္စြာမုန္းတီးခဲ့သူပင္... လင္းက်န္ရဲ့အေမဟာ လုေရွာင္ရန္ကို သူမ ေသအံ့ဆဲဆဲအခ်ိန္အထိ ခြင့္မလႊတ္ႏိုင္ခဲ့သလို လင္းက်န္သည္လည္း လုတို႔အေပၚ နာက်ည္းမႈ လြန္စြာမ်ားျပားလွသည္... လင္းက်န္သည္ သူ႔ရဲ့မ်ိဳးရိုးကို ထုတ္မေျပာခဲ့သလို သူ႔အေဖဟာ လုေရွာင္ရန္ျဖစ္သည္ကိုလည္း ဝန္မခံခ်င္ခဲ့ေခ်... ထိုသို႔ေသာ္သူက ဘာေၾကာင့္ဒီေနရာကို ေရာက္လာရသည္လဲ... လင္းက်န္းရဲ့ယခုပံုစံဟာ ဝတၴုထဲမွ လင္းက်န္ႏွင့္ ကြဲလြဲမႈမ်ားလြန္းလာခဲ့ေလၿပီ...
ရီက်န္းသည္ လင္းက်န္ကို စိုက္ၾကည့္ေနခဲ့ေလ၏... သူမဟာ လင္းက်န္တစ္ေယာက္ ဘာလုပ္ဖို႔ ႀကံစည္ေနသည္ကို စဥ္းစားမရေတာ့ေပ...
အဖိုးလုသည္ လုေပရႊမ္းရဲ့အေမးကို နားေထာင္ၿပီးေနာက္မွာေတာ့ အသက္ျပင္းျပင္းရႈလိုက္ကာ " ေပရႊမ္း... အဖိုးက သခင္ႀကီးလင္းအေပၚ ေက်းဇူးေႂကြးတင္ေနတယ္ေလ... "
ရီက်န္းႏွင့္ လင္းက်န္ၾကားတြင္ အတိတ္တစ္ခုရိွခဲ့သလို လုေပရႊမ္းအတြက္လည္း လင္းက်န္ သူရဲ့အေဖတူအေမကြဲညီျဖစ္ေနၿပီး အေမလုအတြက္လည္း သူ႔ေယာက်္ားမယားငယ္ရဲ့သားႏွင့္ တစ္အိမ္တည္းတူတူေနရန္ မလြယ္ကူလွ...
" စိတ္မေကာင္းပါဘူး အဖိုး... ကြၽန္ေတာ္ လက္မခံႏိုင္ဘူး... " လုေပရႊမ္းဟာ တည္ၿငိမ္ေနဆဲပင္..." သခင္ႀကီးလင္းရဲ့ေက်းဇူးကို ျပန္ဆပ္ခ်င္တဲ့ကိစၥက ျပႆနာမရိွပါဘူး... လင္းက်န္ရဲ့အေဖက တျခားတစ္ေယာက္ျဖစ္ေနမယ္ဆိုရင္ေပါ့... အဲ့လိုသာဆိုရင္ သူ႔ကို ဒီဗီလာမွာ ေနခြင့္ေပးရံုတင္မကဘူး ကြၽန္ေတာ့္ရဲ့ညီတစ္ေယာက္လို႔ပါ သေဘာထားေပးမွာ... ဒါေပမယ့္ သူ႔အေဖက လုေရွာင္ရန္ဆိုတဲ့ ကြၽန္ေတာ့္အေဖပဲ... သူ႔ကိုသာ ဒီဗီလာမွာ ေပးေနလိုက္ရင္ ကြၽန္ေတာ့္အေမက ဘယ္လိုေနရာေရာက္သြားမလဲဆိုတာကို အဖိုးစဥ္းစားၾကည့္လိုက္ပါ... "
" ေပရႊမ္း... " အဖိုးလုဟာ ေလးနက္ေသာအသံျဖင့္ " လင္းက်န္မွာ အျပစ္မရိွဘူး "
လုေပရႊမ္းရဲ့စကားတို႔ဟာ အၿမဲဆိုသလို တည့္တိုးဆန္တတ္စၿမဲပင္... " လင္းက်န္မွာ အျပစ္မရိွဘူးဆိုေတာ့ ကြၽန္ေတာ့္အေမမွာ အျပစ္ရိွတယ္လို႔ ေျပာခ်င္တာလား... အေမက သူ႔ေယာက်္ားမယားငယ္ရဲ့သားကို ေနတိုင္းေတြ့ေနရရင္ ဘယ္လိုခံစားေနရမလဲဆိုတာေရာ အဖိုးသိလား.... "
အေမလုရဲ့မ်က္ႏွာေပၚတြင္ စိုးရိမ္မႈတို႔ စြန္းထင္းလာခဲ့ၿပီး သူမရဲ့သားျဖစ္သူဘက္သို႔ လွည့္ကာ " သား... ေပရႊမ္း "
သို႔ေသာ္ ယခုတြင္ ဘာကိုမွမၾကားသလိုပံုစံျဖင့္ တည္ၿငိမ္စြာ ဆက္ေျပာေလတယ္...
" ဒီကိစၥကို ကြၽန္ေတာ္ လံုးဝလက္မခံႏိုင္ဘူး အဖိုး... "
လုေပရႊမ္းရဲ့စကားတို႔သည္ သူဟာ ဘယ္လိုၫွိႏိႈင္းမႈမ်ိဳးႏွင့္မွ ဒီကိစၥကို လက္မခံႏိုင္ဘူးဟုျပသေန၏...
တစ္ဖက္တြင္ေတာ့ လုေရွာင္ယန္ဟာ " ေပရႊမ္း... အဖိုးကို ျပန္ခံမေျပာရဘူးေလ... " လုေရွာင္ယန္၏ေလးနက္တဲ့ပံုစံဟာ ျမင္ရခဲလွေပတယ္... သို႔ေသာ္ လုေပရႊမ္းက လုေရွာင္ယန္ရဲ့စကားကိုလည္း အဖက္မလုပ္ေတာ့ေပ...
အဖိုးလုသည္ သူ႔ရဲ့တုတ္ေကာက္ကို က်စ္က်စ္ဆုပ္လိုက္ရင္း " အဖိုးက ေနာက္ထပ္ေျမးတစ္ေယာက္ကို အသိအမွတ္ျပဳခ်င္ရံုပါ... မင္းက လက္မခံေပးႏိုင္ဘူးေပါ့... "
အဖိုးလုရဲ့စကားတို႔ကလည္း သူသည္ စိတ္ဆံုးျဖတ္ထားၿပီးၿပီဆိုသည္ကို ေဖာ္ျပေန၏...
လုေပရႊမ္းနဲ႔ အဖိုးလုတို႔ ႏွစ္ေယာက္လံုးဟာ မတ္တပ္ရပ္လိုက္ၾကေတာ့သည္... တစ္ဖက္တြင္ ဆံျဖဴျဖဴႏွင့္ အေတြ့အႀကံဳႀကီးရင့္ေသာလူအိုႀကီးတစ္ေယာက္ရိွေနၿပီး တျခားတစ္ဖက္တြင္ေတာ့ ငယ္ရြယ္ၿပီး အားမာန္အျပည့္ရိွေနေသာလူငယ္တစ္ေယာက္ရိွေနျခင္းျဖစ္၏... လက္ရိွအေျခအေနတြင္ ဘယ္သူတစ္ၪီးတစ္ေယာက္ကမွ စကားျဖတ္မေျပာရဲေခ်...
ရီက်န္းရဲ့လက္ႏွစ္ဖက္လံုးတြင္လည္း ေခြၽးတို႔ စိုရႊဲေနခဲ့ေလၿပီ... ယခုတြင္ လုဗီလာတြင္ လင္းက်န္ ေနရသည္ မေနရသည္က အေရးမႀကီးေတာ့ေပ... ယခုအေရးႀကီးသည္က အရင္သခင္ႀကီးလုႏွင့္ လက္ရိွသခင္ေလးလုတို႔ႏွစ္ၪီး ရန္စရိွသြားမည္က ပိုအေရးႀကီးလွေပတယ္...
🥃🥃🥃🥃🥃🥃🥃
Chapter 159
{ ေနာက္ပိုင္းမွာ မင္းလိုသေလာက္သံုးႏိုင္ဖို႔ အလုပ္ႀကိဳးစားရေတာ့မွာေပါ့ - ၁ }
လုေပရႊမ္းဟာ ယခုကိစၥကို နားလည္ေပတယ္...
သူဟာ ဆက္ခံသူတစ္ေယာက္ျဖစ္တဲ့အျပင္ အေမလုရဲ့သား၊ ရီက်န္းရဲ့ခင္ပြန္းျဖစ္ရံုတင္မက ယခုဆိုလ်ွင္ ဖခင္တစ္ေယာက္လည္း ျဖစ္ေနေခ်ၿပီ... သူ႔ကို အားကိုးေနရသည့္သူမ်ားရိွေနတာေၾကာင့္ ဒီကိစၥတြင္ ေနာက္ဆုတ္ဖို႔ စိတ္ကူးမရိွေပ...
အခန္းထဲမွ ေလထုဟာ တင္းမာလာခဲ့ၿပီး အသက္ရႈရန္ပင္ ခက္ခဲလို႔လာခဲ့ေလၿပီ...
အဖိုးလုသည္ သူ႔ရဲ့တုတ္ေကာက္ကို က်စ္က်စ္ဆုပ္လိုက္ ျပန္ေျဖေလ်ာ့လိုက္လုပ္ေနခဲ့ေလတယ္... ယခုတြင္ အဖိုးလုဟာ အေတာ္ေလးေဒါသထြက္ေနၿပီး သူ႔ရဲ့လက္ျပန္ေၾကာတို႔ပင္ ေပၚလာခဲ့၏...
လင္းက်န္သည္ ပြဲၾကည့္သူသာသာရိွေနဆဲပင္... သူသည္ အဖိုးလုက သူ႔ကို ေျမးအျဖစ္သတ္မွတ္လိုက္ျခင္းႏွင့္ ပတ္သက္ၿပီး ဘယ္လိုခံစားခ်က္မ်ိဳးကိုမွ ထုတ္မျပေသးေပ...
လုေရွာင္ယန္သည္လည္း သူ႔ရဲ့ေပ်ာ္ေပ်ာ္ေနတတ္ေသာပံုစံမရိွေတာ့ဘဲ အႀကီးတစ္ေယာက္အေနနဲ႔ ေပရႊမ္းအား အဖိုးရဲ့စကားကို နားေထာင္ဖို႔ ေဖ်ာင္းဖ်ေနေလသည္...
အေမလုသည္လည္း အစိုးရိမ္လြန္ေနခဲ့ေပတယ္... သူမဟာ အဖိုးလုနဲ႔ သူမသားတို႔ၾကားတြင္ အခုလိုသေဘာထားကြဲလြဲမႈမ်ိဳး မျဖစ္ေစခ်င္သည္မွာ အမွန္ပင္... အေမလုသည္ ထရပ္လိုက္ၿပီး အဖိုးလုႏွင့္လုေပရႊမ္းကို ေဖ်ာင္းဖ်စကားေျပာမည့္အခ်ိန္တြင္ ရီက်န္းက သူမရဲ့လက္ကို ဆုပ္ကိုင္လိုက္ရင္း တိတ္ဆိတ္စြာ ေခါင္းခါျပလိုက္ေလသည္...
ရီက်န္းသည္ လုေပရႊမ္းရဲ့မိန္းမျဖစ္တာေၾကာင့္ လုေပရႊမ္းဘက္မွ အျပည့္အဝေထာက္ခံ၏... လုေပရႊမ္းဟာ ဒီကိစၥတြင္ လံုးဝမမွားေခ်... ဒီကိစၥကို လက္ခံေပးႏိုင္စရာမေၾကာင္းလည္း မရိွေပ... သူမေရ႔ွတြင္ရိွေသာ လုေရွာင္ယန္ႏွင့္ လင္းက်န္တို႔ကို ရီက်န္းသည္ တစ္စက္ေလးမွ အယံုအၾကည္မရိွ... ဝတၴုထဲတြင္ လင္းက်န္က ဇာတ္လိုက္ပဲျဖစ္ျဖစ္ ဗီလိန္ပဲျဖစ္ျဖစ္ လုေပရႊမ္းရဲ့ရန္သူပင္... လုေရွာင္ယန္သည္လည္း ထိုနည္းတူပင္... ဒါေၾကာင့္ လုေရွာင္ယန္က လင္းက်န္ကို ဒီကိုေခၚလာျခင္းဟာ ေကာင္းေသာရည္ရြယ္ခ်က္မျဖစ္ႏိုင္... တကယ္လို႔သာ လုေပရႊမ္းဟာ ဝံပုေလြတစ္ေကာင္ကို အိမ္ထဲဝင္ခြင့္ေပးလိုက္ပါက ေနာက္ဆက္တြဲအက်ိဳးဆက္က ေကာင္းႏိုင္မည္မဟုတ္...
အေမလုသည္ ရီက်န္းက သူမကို တားရသည့္အေၾကာင္းကို သေဘာမေပါက္တာေၾကာင့္ ' ဘာလို႔လဲ 'ဟူေသာအၾကည့္ျဖင့္ ၾကည့္လိုက္တဲ့အခါ ရီက်န္းဟာ ' စိတ္ရွည္ရွည္ထားပါ 'ဟူေသာအၾကည့္ျဖင့္ ျပန္ၾကည့္လိုက္ေတာ့တယ္...
ေခတၲအၾကာမွာေတာ့ အဖိုးလုဆီမွ စကားသံထြက္လာခဲ့ေလတယ္...
" ေပရႊမ္းကလြဲၿပီး က်န္တဲ့သူေတြအကုန္ထြက္သြားၾက "
ထိုအခါ ရီက်န္းသည္ အေမလုကို ကူတြဲေပးရင္း အခန္းထဲမွ ထြက္လာခဲ့ေလတယ္... သူမတို႔ေနာက္မွာေတာ့ လုေရွာင္ယန္ႏွင့္ လင္းက်န္တို႔ ထြက္လာခဲ့၏...
လုေပရႊမ္းနဲ႔အဖိုးလုတို႔ ႏွစ္ၪီးတည္းက်န္ေတာ့သည့္အခ်ိန္မွာေတာ့ အခန္းတခါးကို ပိတ္လိုက္ေလသည္...
လုေပရႊမ္းသည္ သူ႔အဖိုးရဲ့အေၾကာင္းကို ေကာင္းေကာင္းသိေပတယ္... သူအရြယ္ေရာက္သည္အထိ သူ႔အဖိုးကို ေစာင့္ၾကည့္ေနခဲ့တာေၾကာင့္ပင္... အဖိုးလုသည္လည္း သူ႔လက္ထဲတြင္ ႀကီးျပင္းခဲ့ေသာေျမးျဖစ္သူရဲ့အေၾကာင္းကို ေကာင္းေကာင္းနားလည္ေပ၏... လက္ရိွတြင္ ႏွစ္ဖက္လံုးမွ အေလ်ွာ့ေပးမည့္ပံုစံ လံုးဝမရိွေခ်...
အခန္းထဲတြင္ ေျမးအဖိုးႏွစ္ေယာက္တည္း က်န္ေတာ့ခ်ိန္တြင္ အဖိုးလုသည္ ႏူးညံ့ေသာအသံျဖင့္ " ဘာလို႔ လက္မခံႏိုင္ရတာလဲ "
" အေၾကာင္းအရင္းကို ကြၽန္ေတာ္ ေျပာျပၿပီးၿပီေလ "
" အဲ့အေၾကာင္းအရင္းတစ္ခုတည္းေၾကာင့္ေပါ့?? မင္းက ငါ့လက္ထဲမွာ ႀကီးလာခဲ့တာပါ... မင္း ေတြးေနတာေတြကို ငါမသိဘူးလို႔ ထင္ေနလား... "
ထိုအခါ လုေပရႊမ္းက " အဖိုးသိရင္ ဘာလို႔ေမးေနေသးလဲ "
" မင္းက ငါ့ကို ေဒါသထြက္ေအာင္ လုပ္ေနတာပဲ... ငါေရ႔ွေနေခၚၿပီး လုေကာ္ပိုေရးရွင္းက ငါ့ရွယ္ယာေတြကို တစ္ျခားတစ္ေယာက္ကို ေပးလိုက္မွာ စိတ္မပူဘူးလား... "
" အဖိုးရဲ့စီးပြားေရးနဲ႔ ပတ္သက္ၿပီး အဖိုးစိတ္ႀကိဳက္ဆံုးျဖတ္ပါ... ကြၽန္ေတာ္ ဝင္မစြတ္ဖက္ပါဘူး... ကြၽန္ေတာ္အတြက္ တစ္ျပားမွမခ်န္ခဲ့လည္း ရပါတယ္... ကြၽန္ေတာ္စိတ္မပူပါဘူး " လုေပရႊမ္းဟာ ထိုစကားကို တည္ၿငိမ္စြာေျပာလိုက္ၿပီး အဖိုးလုရဲ့ရွယ္ယာေတြကို လံုးဝစိတ္မဝင္စားေၾကာင္းျပလိုက္၏...
လုေပရႊမ္း၏အျမင္တြင္ စီးပြားေရးတြင္ ေအာင္ျမင္ဖို႔ရာ အခ်ိတ္အဆက္ေကာင္းေကာင္းႏွင့္ အရည္အခ်င္းသာ လိုအပ္သည္ဟုပင္ျဖစ္သည္...
ဘဝတြင္ အလြယ္တကူရရိွႏိုင္တာဟာ ေငြေၾကးႏွင့္ ပိုင္ဆိုင္မႈျဖစ္ၿပီး ျပန္ရရန္ လြယ္ကူသည္ကလည္း ေငြေၾကးႏွင့္ ပိုင္ဆိုင္မႈပင္... ဒါေၾကာင့္လည္း ထိုအရာတို႔ကို ဆံုးရႈံးသြားလည္း ျပန္အဖက္ဆည္ႏိုင္သည့္အရည္အခ်င္းရိွေနလ်ွင္ အဆင္ေျပႏိုင္ေပတယ္...
" အဖိုး တကယ္လို႔ ေသတမ္းစာကို ျပင္ခ်င္လို႔ ေရ႔ွေနေခၚခ်င္ရင္ ကြၽန္ေတာ္ကူညီေပးပါ့မယ္... ၿပီးေတာ့ အဖိုးက ေနာက္ထပ္ေျမးတစ္ေယာက္ ထပ္ၿပီးသတ္မွတ္တာက အဖိုးသေဘာပါ... ကြၽန္ေတာ့္ရဲ့သေဘာကိုေမးမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ့္ဆံုးျဖတ္ခ်က္ကို ျပင္မွာမဟုတ္ပါဘူး... အဖိုးလိုခ်င္တဲ့အေျဖက ကြၽန္ေတာ့္ဆီမွာ မရိွပါဘူး " လုေပရႊမ္းဟာ ထိုသို႔တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္ေလတယ္...
အမွန္ဆိုလ်ွင္ အဖိုးလုက ေနာက္ထပ္ေျမးတစ္ေယာက္ ထပ္သတ္မွတ္ခ်င္တာနဲ႔ ပတ္သက္ၿပီး လုေပရႊမ္းကို ေမးေနစရာမလိုေခ်... တကယ္လို႔ ေမးခဲ့လ်ွင္လည္း ရရိွလာမယ့္အက်ိဳးဆက္ကို ႀကိဳတင္ေတြးထားသင့္၏...
☕️☕️☕️☕️☕️☕️☕️☕️☕️☕️
Unicode
Chapter 158
{ လုပေရွှမ်းက အခုလက်မခံရင် နောင်လည်း လက်ခံလိမ့်မည်မဟုတ် - ၃ }
အဖိုးလုသည် ယုံကြည်မှုအပြည့်ဖြင့် ပြောနေလေ၏...
ရီကျန်းသည် အမေလုကို လှည့်ကြည့်လိုက်ပြီး တိတ်တဆိတ်သာ ဆက်နေနေခဲ့လေတယ်...
အမေလုသည် သူမရဲ့ပြောဆိုပိုင်ခွင့်နှင့် ပတ်သက်ပြီး သတိကြီးသူပင်... သူမဟာ လုမိသားစုဝင်တွေ ကြား၌ သူမရဲ့အတွေးအမြင်ကို ပြောဆိုပိုင်ခွင့်မရှိသည်လေ... လုပေရွှမ်း ကိုမာဝင်နေချိန်တွင်လည်း လုရှောင်ရန်က သူ့ရဲ့တရားမဝင်သားတစ်ယောက်ကို ခေါ်လာကာ ထိုတရားမဝင်သားအတွက် လုကော်ပိုရေးရှင်းတွင် နေရာပေးကာ လုပေရွှမ်းရဲ့နေရာကို ယူသွားခဲ့သော်ငြား သူမဟာ ကြည့်နေရုံမျှသာ တတ်နိုင်ခဲ့ပေသည်... သူမဘက်မှ မိသားစုမပြိုကွဲသွားခဲ့ပါက သူမဟာ လုပေရွှမ်းကို ကူညီပေးနိုင်ခဲ့မည်ပင်...
" ပေရွှမ်း... မင်း ဘယ်လိုသဘောရလဲ..."
လုပေရွှမ်းဟာ အဖိုးလုရဲ့အမေးကို အမေးဖြင့်သာ တည်ငြိမ်စွာ ပြန်ပြောလိုက်လေတယ်... " အဖိုးက လင်းကျန်ကို အဖိုးရဲ့မြေးအဖြစ်သတ်မှတ်ချင်နေတာလား... "
အရာအားလုံးဟာ သူတို့အဖေ လုရှောင်ရန်ဟုဆိုနိုင်သော်လည်း ယခုအထိ လင်းကျန်ရဲ့နောက်ကြောင်းဟာ ရှုပ်ထွေးလွန်းသေး၏... ထိုအမျိုးသားငယ်လေး လင်းကျန်ဟာ တရားမဝင်သားဆိုသည့်နေရာမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ...
လင်းကျန်လို မာနရှင်တစ်ယောက်က တရားမဝင်သားဟု အခေါ်ရခံသည်ကို သည်းခံနေနိုင်မည် မဟုတ်... ဝတ္ထုထဲတွင် လင်းကျန်သည် လုတို့ကို လွန်စွာမုန်းတီးခဲ့သူပင်... လင်းကျန်ရဲ့အမေဟာ လုရှောင်ရန်ကို သူမ သေအံ့ဆဲဆဲအချိန်အထိ ခွင့်မလွှတ်နိုင်ခဲ့သလို လင်းကျန်သည်လည်း လုတို့အပေါ် နာကျည်းမှု လွန်စွာများပြားလှသည်... လင်းကျန်သည် သူ့ရဲ့မျိုးရိုးကို ထုတ်မပြောခဲ့သလို သူ့အဖေဟာ လုရှောင်ရန်ဖြစ်သည်ကိုလည်း ဝန်မခံချင်ခဲ့ချေ... ထိုသို့သော်သူက ဘာကြောင့်ဒီနေရာကို ရောက်လာရသည်လဲ... လင်းကျန်းရဲ့ယခုပုံစံဟာ ဝတ္ထုထဲမှ လင်းကျန်နှင့် ကွဲလွဲမှုများလွန်းလာခဲ့လေပြီ...
ရီကျန်းသည် လင်းကျန်ကို စိုက်ကြည့်နေခဲ့လေ၏... သူမဟာ လင်းကျန်တစ်ယောက် ဘာလုပ်ဖို့ ကြံစည်နေသည်ကို စဥ်းစားမရတော့ပေ...
အဖိုးလုသည် လုပေရွှမ်းရဲ့အမေးကို နားထောင်ပြီးနောက်မှာတော့ အသက်ပြင်းပြင်းရှုလိုက်ကာ " ပေရွှမ်း... အဖိုးက သခင်ကြီးလင်းအပေါ် ကျေးဇူးကြွေးတင်နေတယ်လေ... "
ရီကျန်းနှင့် လင်းကျန်ကြားတွင် အတိတ်တစ်ခုရှိခဲ့သလို လုပေရွှမ်းအတွက်လည်း လင်းကျန် သူရဲ့အဖေတူအမေကွဲညီဖြစ်နေပြီး အမေလုအတွက်လည်း သူ့ယောကျ်ားမယားငယ်ရဲ့သားနှင့် တစ်အိမ်တည်းတူတူနေရန် မလွယ်ကူလှ...
" စိတ်မကောင်းပါဘူး အဖိုး... ကျွန်တော် လက်မခံနိုင်ဘူး... " လုပေရွှမ်းဟာ တည်ငြိမ်နေဆဲပင်..." သခင်ကြီးလင်းရဲ့ကျေးဇူးကို ပြန်ဆပ်ချင်တဲ့ကိစ္စက ပြဿနာမရှိပါဘူး... လင်းကျန်ရဲ့အဖေက တခြားတစ်ယောက်ဖြစ်နေမယ်ဆိုရင်ပေါ့... အဲ့လိုသာဆိုရင် သူ့ကို ဒီဗီလာမှာ နေခွင့်ပေးရုံတင်မကဘူး ကျွန်တော့်ရဲ့ညီတစ်ယောက်လို့ပါ သဘောထားပေးမှာ... ဒါပေမယ့် သူ့အဖေက လုရှောင်ရန်ဆိုတဲ့ ကျွန်တော့်အဖေပဲ... သူ့ကိုသာ ဒီဗီလာမှာ ပေးနေလိုက်ရင် ကျွန်တော့်အမေက ဘယ်လိုနေရာရောက်သွားမလဲဆိုတာကို အဖိုးစဥ်းစားကြည့်လိုက်ပါ... "
" ပေရွှမ်း... " အဖိုးလုဟာ လေးနက်သောအသံဖြင့် " လင်းကျန်မှာ အပြစ်မရှိဘူး "
လုပေရွှမ်းရဲ့စကားတို့ဟာ အမြဲဆိုသလို တည့်တိုးဆန်တတ်စမြဲပင်... " လင်းကျန်မှာ အပြစ်မရှိဘူးဆိုတော့ ကျွန်တော့်အမေမှာ အပြစ်ရှိတယ်လို့ ပြောချင်တာလား... အမေက သူ့ယောကျ်ားမယားငယ်ရဲ့သားကို နေတိုင်းတွေ့နေရရင် ဘယ်လိုခံစားနေရမလဲဆိုတာရော အဖိုးသိလား.... "
အမေလုရဲ့မျက်နှာပေါ်တွင် စိုးရိမ်မှုတို့ စွန်းထင်းလာခဲ့ပြီး သူမရဲ့သားဖြစ်သူဘက်သို့ လှည့်ကာ " သား... ပေရွှမ်း "
သို့သော် ယခုတွင် ဘာကိုမှမကြားသလိုပုံစံဖြင့် တည်ငြိမ်စွာ ဆက်ပြောလေတယ်...
" ဒီကိစ္စကို ကျွန်တော် လုံးဝလက်မခံနိုင်ဘူး အဖိုး... "
လုပေရွှမ်းရဲ့စကားတို့သည် သူဟာ ဘယ်လိုညှိနှိုင်းမှုမျိုးနှင့်မှ ဒီကိစ္စကို လက်မခံနိုင်ဘူးဟုပြသနေ၏...
တစ်ဖက်တွင်တော့ လုရှောင်ယန်ဟာ " ပေရွှမ်း... အဖိုးကို ပြန်ခံမပြောရဘူးလေ... " လုရှောင်ယန်၏လေးနက်တဲ့ပုံစံဟာ မြင်ရခဲလှပေတယ်... သို့သော် လုပေရွှမ်းက လုရှောင်ယန်ရဲ့စကားကိုလည်း အဖက်မလုပ်တော့ပေ...
အဖိုးလုသည် သူ့ရဲ့တုတ်ကောက်ကို ကျစ်ကျစ်ဆုပ်လိုက်ရင်း " အဖိုးက နောက်ထပ်မြေးတစ်ယောက်ကို အသိအမှတ်ပြုချင်ရုံပါ... မင်းက လက်မခံပေးနိုင်ဘူးပေါ့... "
အဖိုးလုရဲ့စကားတို့ကလည်း သူသည် စိတ်ဆုံးဖြတ်ထားပြီးပြီဆိုသည်ကို ဖော်ပြနေ၏...
လုပေရွှမ်းနဲ့ အဖိုးလုတို့ နှစ်ယောက်လုံးဟာ မတ်တပ်ရပ်လိုက်ကြတော့သည်... တစ်ဖက်တွင် ဆံဖြူဖြူနှင့် အတွေ့အကြုံကြီးရင့်သောလူအိုကြီးတစ်ယောက်ရှိနေပြီး တခြားတစ်ဖက်တွင်တော့ ငယ်ရွယ်ပြီး အားမာန်အပြည့်ရှိနေသောလူငယ်တစ်ယောက်ရှိနေခြင်းဖြစ်၏... လက်ရှိအခြေအနေတွင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ စကားဖြတ်မပြောရဲချေ...
ရီကျန်းရဲ့လက်နှစ်ဖက်လုံးတွင်လည်း ချွေးတို့ စိုရွှဲနေခဲ့လေပြီ... ယခုတွင် လုဗီလာတွင် လင်းကျန် နေရသည် မနေရသည်က အရေးမကြီးတော့ပေ... ယခုအရေးကြီးသည်က အရင်သခင်ကြီးလုနှင့် လက်ရှိသခင်လေးလုတို့နှစ်ဦး ရန်စရှိသွားမည်က ပိုအရေးကြီးလှပေတယ်...
🥃🥃🥃🥃🥃🥃🥃
Chapter 159
{ နောက်ပိုင်းမှာ မင်းလိုသလောက်သုံးနိုင်ဖို့ အလုပ်ကြိုးစားရတော့မှာပေါ့ - ၁ }
လုပေရွှမ်းဟာ ယခုကိစ္စကို နားလည်ပေတယ်...
သူဟာ ဆက်ခံသူတစ်ယောက်ဖြစ်တဲ့အပြင် အမေလုရဲ့သား၊ ရီကျန်းရဲ့ခင်ပွန်းဖြစ်ရုံတင်မက ယခုဆိုလျှင် ဖခင်တစ်ယောက်လည်း ဖြစ်နေချေပြီ... သူ့ကို အားကိုးနေရသည့်သူများရှိနေတာကြောင့် ဒီကိစ္စတွင် နောက်ဆုတ်ဖို့ စိတ်ကူးမရှိပေ...
အခန်းထဲမှ လေထုဟာ တင်းမာလာခဲ့ပြီး အသက်ရှုရန်ပင် ခက်ခဲလို့လာခဲ့လေပြီ...
အဖိုးလုသည် သူ့ရဲ့တုတ်ကောက်ကို ကျစ်ကျစ်ဆုပ်လိုက် ပြန်ဖြေလျော့လိုက်လုပ်နေခဲ့လေတယ်... ယခုတွင် အဖိုးလုဟာ အတော်လေးဒေါသထွက်နေပြီး သူ့ရဲ့လက်ပြန်ကြောတို့ပင် ပေါ်လာခဲ့၏...
လင်းကျန်သည် ပွဲကြည့်သူသာသာရှိနေဆဲပင်... သူသည် အဖိုးလုက သူ့ကို မြေးအဖြစ်သတ်မှတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဘယ်လိုခံစားချက်မျိုးကိုမှ ထုတ်မပြသေးပေ...
လုရှောင်ယန်သည်လည်း သူ့ရဲ့ပျော်ပျော်နေတတ်သောပုံစံမရှိတော့ဘဲ အကြီးတစ်ယောက်အနေနဲ့ ပေရွှမ်းအား အဖိုးရဲ့စကားကို နားထောင်ဖို့ ဖျောင်းဖျနေလေသည်...
အမေလုသည်လည်း အစိုးရိမ်လွန်နေခဲ့ပေတယ်... သူမဟာ အဖိုးလုနဲ့ သူမသားတို့ကြားတွင် အခုလိုသဘောထားကွဲလွဲမှုမျိုး မဖြစ်စေချင်သည်မှာ အမှန်ပင်... အမေလုသည် ထရပ်လိုက်ပြီး အဖိုးလုနှင့်လုပေရွှမ်းကို ဖျောင်းဖျစကားပြောမည့်အချိန်တွင် ရီကျန်းက သူမရဲ့လက်ကို ဆုပ်ကိုင်လိုက်ရင်း တိတ်ဆိတ်စွာ ခေါင်းခါပြလိုက်လေသည်...
ရီကျန်းသည် လုပေရွှမ်းရဲ့မိန်းမဖြစ်တာကြောင့် လုပေရွှမ်းဘက်မှ အပြည့်အဝထောက်ခံ၏... လုပေရွှမ်းဟာ ဒီကိစ္စတွင် လုံးဝမမှားချေ... ဒီကိစ္စကို လက်ခံပေးနိုင်စရာမကြောင်းလည်း မရှိပေ... သူမရှေ့တွင်ရှိသော လုရှောင်ယန်နှင့် လင်းကျန်တို့ကို ရီကျန်းသည် တစ်စက်လေးမှ အယုံအကြည်မရှိ... ဝတ္ထုထဲတွင် လင်းကျန်က ဇာတ်လိုက်ပဲဖြစ်ဖြစ် ဗီလိန်ပဲဖြစ်ဖြစ် လုပေရွှမ်းရဲ့ရန်သူပင်... လုရှောင်ယန်သည်လည်း ထိုနည်းတူပင်... ဒါကြောင့် လုရှောင်ယန်က လင်းကျန်ကို ဒီကိုခေါ်လာခြင်းဟာ ကောင်းသောရည်ရွယ်ချက်မဖြစ်နိုင်... တကယ်လို့သာ လုပေရွှမ်းဟာ ဝံပုလွေတစ်ကောင်ကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပါက နောက်ဆက်တွဲအကျိုးဆက်က ကောင်းနိုင်မည်မဟုတ်...
အမေလုသည် ရီကျန်းက သူမကို တားရသည့်အကြောင်းကို သဘောမပေါက်တာကြောင့် ' ဘာလို့လဲ 'ဟူသောအကြည့်ဖြင့် ကြည့်လိုက်တဲ့အခါ ရီကျန်းဟာ ' စိတ်ရှည်ရှည်ထားပါ 'ဟူသောအကြည့်ဖြင့် ပြန်ကြည့်လိုက်တော့တယ်...
ခေတ္တအကြာမှာတော့ အဖိုးလုဆီမှ စကားသံထွက်လာခဲ့လေတယ်...
" ပေရွှမ်းကလွဲပြီး ကျန်တဲ့သူတွေအကုန်ထွက်သွားကြ "
ထိုအခါ ရီကျန်းသည် အမေလုကို ကူတွဲပေးရင်း အခန်းထဲမှ ထွက်လာခဲ့လေတယ်... သူမတို့နောက်မှာတော့ လုရှောင်ယန်နှင့် လင်းကျန်တို့ ထွက်လာခဲ့၏...
လုပေရွှမ်းနဲ့အဖိုးလုတို့ နှစ်ဦးတည်းကျန်တော့သည့်အချိန်မှာတော့ အခန်းတခါးကို ပိတ်လိုက်လေသည်...
လုပေရွှမ်းသည် သူ့အဖိုးရဲ့အကြောင်းကို ကောင်းကောင်းသိပေတယ်... သူအရွယ်ရောက်သည်အထိ သူ့အဖိုးကို စောင့်ကြည့်နေခဲ့တာကြောင့်ပင်... အဖိုးလုသည်လည်း သူ့လက်ထဲတွင် ကြီးပြင်းခဲ့သောမြေးဖြစ်သူရဲ့အကြောင်းကို ကောင်းကောင်းနားလည်ပေ၏... လက်ရှိတွင် နှစ်ဖက်လုံးမှ အလျှော့ပေးမည့်ပုံစံ လုံးဝမရှိချေ...
အခန်းထဲတွင် မြေးအဖိုးနှစ်ယောက်တည်း ကျန်တော့ချိန်တွင် အဖိုးလုသည် နူးညံ့သောအသံဖြင့် " ဘာလို့ လက်မခံနိုင်ရတာလဲ "
" အကြောင်းအရင်းကို ကျွန်တော် ပြောပြပြီးပြီလေ "
" အဲ့အကြောင်းအရင်းတစ်ခုတည်းကြောင့်ပေါ့?? မင်းက ငါ့လက်ထဲမှာ ကြီးလာခဲ့တာပါ... မင်း တွေးနေတာတွေကို ငါမသိဘူးလို့ ထင်နေလား... "
ထိုအခါ လုပေရွှမ်းက " အဖိုးသိရင် ဘာလို့မေးနေသေးလဲ "
" မင်းက ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ... ငါရှေ့နေခေါ်ပြီး လုကော်ပိုရေးရှင်းက ငါ့ရှယ်ယာတွေကို တစ်ခြားတစ်ယောက်ကို ပေးလိုက်မှာ စိတ်မပူဘူးလား... "
" အဖိုးရဲ့စီးပွားရေးနဲ့ ပတ်သက်ပြီး အဖိုးစိတ်ကြိုက်ဆုံးဖြတ်ပါ... ကျွန်တော် ဝင်မစွတ်ဖက်ပါဘူး... ကျွန်တော်အတွက် တစ်ပြားမှမချန်ခဲ့လည်း ရပါတယ်... ကျွန်တော်စိတ်မပူပါဘူး " လုပေရွှမ်းဟာ ထိုစကားကို တည်ငြိမ်စွာပြောလိုက်ပြီး အဖိုးလုရဲ့ရှယ်ယာတွေကို လုံးဝစိတ်မဝင်စားကြောင်းပြလိုက်၏...
လုပေရွှမ်း၏အမြင်တွင် စီးပွားရေးတွင် အောင်မြင်ဖို့ရာ အချိတ်အဆက်ကောင်းကောင်းနှင့် အရည်အချင်းသာ လိုအပ်သည်ဟုပင်ဖြစ်သည်...
ဘဝတွင် အလွယ်တကူရရှိနိုင်တာဟာ ငွေကြေးနှင့် ပိုင်ဆိုင်မှုဖြစ်ပြီး ပြန်ရရန် လွယ်ကူသည်ကလည်း ငွေကြေးနှင့် ပိုင်ဆိုင်မှုပင်... ဒါကြောင့်လည်း ထိုအရာတို့ကို ဆုံးရှုံးသွားလည်း ပြန်အဖက်ဆည်နိုင်သည့်အရည်အချင်းရှိနေလျှင် အဆင်ပြေနိုင်ပေတယ်...
" အဖိုး တကယ်လို့ သေတမ်းစာကို ပြင်ချင်လို့ ရှေ့နေခေါ်ချင်ရင် ကျွန်တော်ကူညီပေးပါ့မယ်... ပြီးတော့ အဖိုးက နောက်ထပ်မြေးတစ်ယောက် ထပ်ပြီးသတ်မှတ်တာက အဖိုးသဘောပါ... ကျွန်တော့်ရဲ့သဘောကိုမေးမယ်ဆိုရင်တော့ ကျွန်တော်က ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ပါဘူး... အဖိုးလိုချင်တဲ့အဖြေက ကျွန်တော့်ဆီမှာ မရှိပါဘူး " လုပေရွှမ်းဟာ ထိုသို့တည်တည်ငြိမ်ငြိမ်ပြောလိုက်လေတယ်...
အမှန်ဆိုလျှင် အဖိုးလုက နောက်ထပ်မြေးတစ်ယောက် ထပ်သတ်မှတ်ချင်တာနဲ့ ပတ်သက်ပြီး လုပေရွှမ်းကို မေးနေစရာမလိုချေ... တကယ်လို့ မေးခဲ့လျှင်လည်း ရရှိလာမယ့်အကျိုးဆက်ကို ကြိုတင်တွေးထားသင့်၏...