Part (50) U
ကိုကိုနှင့်ဝမ်လေးတို့အခန်းလေးက အရာရှိလိုင်းခန်းရဲ့ အစွန်ခန်းဖြစ်၍ မျက်စိတစ်ဆုံး စိုက်ခင်းစိမ်းစိမ်းများကို တမျှော်တခေါ်မြင်နေရသည်။
နံရံတွေကို ဝမ်လေးအကြိုက် ဆေးအစိမ်းဖျော့ဖျော့လေး ကိုကိုကိုယ်တိုင် သုတ်ပေးပြီး ကန့်လန့်ကာ အစိမ်းလေးတွေ တပ်ပေးထားသည်။
အိပ်ရာအပြင်အဆင်ကအစ အသုံးအဆောင်တွေကအစ စိမ်းဖျော့ဖျော့လေးတွေမို့ နုသစ်စိုလွင်နေသည်။
ဝင်ဝင်ချင်း ဧည့်ခန်းနံရံမှာ မင်္ဂလာဓါတ်ပုံအကြီးကြီးနှင့် ကိုကို့ဘွဲ့ပုံ၊ prewedding တုန်းက ပုံလေးတွေ စီချိတ်ကာ ကော်ဇောတွေ ကူရှင်တွေက အစိမ်းဖျော့လေးတွေဖြစ်ပြီး တပ်ရင်းက စီစဥ်ထားပေးသည့် ပရိဘောဂလေးတွေကို သူ့နေရာနှင့်သူ စနစ်တကျစီထားသည်မို့ ရိုးရိုးရှင်းရှင်း နေချင့်စဖွယ် လှပနေသည်။
အိပ်ခန်းနှစ်ခန်းပါပြီး အတန်အသင့်ကျယ်သော ဧည့်ခန်းလေးရယ်၊ မီးဖိုဆောင်နှင့် ရေချိုးခန်း၊အိမ်သာက တွဲလျက်သားမို့ နှစ်ယောက်စာအတွက်တော့ ကျယ်ပင်ကျယ်နေသေးသည်။
တပ်ရင်းလိုင်းခန်းလေးဖြစ်၍ ဘေဂျင်းရှိ ဘိုးဘိုးအိမ်က သူ့အခန်းလေးနှင့်တော့ အတော်လေးကွာသည် ဆိုပေမယ့် ကိုကိုရှိသောအရပ်က ဝမ်လေးရဲ့ကမ္ဘာပါပဲ။
"အိပ်ပုပ်လေး...ထတော့...ကိုကို ရုံးသွားရတော့မယ်..."
နဖူးပေါ် တစ်ချက်နွေးသွားပြီး နားနားကပ်ပြောလိုက်တာမို့ ဆတ်ခနဲ မျက်လုံးဖွင့်ကြည့်တော့ uniform အပြည့်နှင့် ကိုကိုက နာရီပတ်နေတာ။
စားပွဲပေါ်က ခြင်္သေ့ရုပ်နာရီလေးကို ကြည့်လိုက်တော့ ခြောက်နာရီ ဆယ့်ငါးမိနစ်။
ဘာမှမချက်ရသေးတာကို သတိရပြီး လူးလဲထကာ မျက်နှာအပြေးသစ်ရသည်။
မီးဖိုခန်းထဲ စားပွဲလေးပေါ်မှာတော့ ထမင်းကြော် နှစ်ပန်းကန်၊ ဂျူးမြစ်အစပ်ကြော်နှင့် ကော်ဖီနှစ်ခွက်က အဆင်သင့်။
"ကိုကိုက ဝမ်လေးကိုလည်း မနှိုးဘူး..."
"ညက ပင်ပန်းထားလို့ မနှိုးတာ..."
"ကိုကိုး..."
"အာ...အိမ်သိမ်းတာပြောတာ...ဝမ်လေးက
ဘာထင်နေတာလဲ..."
"ဘာ...ဘာထင်ရမှာလဲ..."
"ထော်စိန်လေး...နေ့ခင်းစာ အဆင်သင့်ချက်ခဲ့ပြီးသားနော်...ပျင်းရင် စာအုပ်ဖတ်...lego တွေဆက်...ဟုတ်ပြီလား..."
"ဟုတ်...ကိုကို..."
မနက်စာ စားပြီးတော့ ကိုကိုက ရုံးအိတ်ဆွဲပြီး ကိုယ်အသာညွှတ်ကာ cap လှမ်းပေးတော့ ရုတ်တရက် ကြောင်သွားရသည်။
မေကြီးနှင့်ဖေကြီးကို သတိရသွားမှ ခြေဖျား
လေးထောက်ကာ cap ဆောင်းပေးတော့ ငုံ့ကိုင်းလာပြီး ထပ်တူကျနေသည့် နွေးမြမြ အနမ်းများ။
"ညီလေးရေ...လစ်ကြစို့...အဲ..."
"အဟွတ်...ဟု..."
"လာပြီ...အကိုကြီး..."
ကပ်လျက်မှာက စီနီယာအိမ်ဖြစ်၍ အိမ်ကအထွက် လှမ်းခေါ်ရာမှ morning kiss နှင့် တည့်တည့်တိုးရသည်မို့ စီနီယာက ခပ်ပြုံးပြုံး ကြည့်နေတော့ လည်ပင်းတွေပါ နီလာရသည့် ရှောင်းကျန့်။
"အိမ်ထောင်ဦးအစ ဒီလိုပဲကွ...နားလည်ပါတယ်...ဝမ်ဝမ့်ကို ကြည့်ပေးဖို့ မင်းအမလည်း မှာခဲ့တယ်...ပူမနေနဲ့..."
"ကျေးဇူး အကိုရာ...အစမို့ နေသားမကျမှာ စိုးလို့..."
"တပ်မိသားစုပဲ...အသားကျလာမှာပါကွာ...ခင်ရာဆွေမျိုးပဲ မဟုတ်လား..."
နှစ်ယောက်သား စကားတပြောပြောနှင့် ရုံးရောက်လာတော့ ပုံမှန်လည်ပတ်ရင်း လူက အလုပ်ထဲ စီးမျောသွားပြီ။
နေရာသစ်မှာ သင်ယူစရာတွေ ထပ်ရှိနိုင်သည်ပဲ။
ကိုကိုက ဘာမှမခိုင်းပေမယ့် ရုံးတစ်ဖက်နှင့် မပင်ပန်းစေချင်တာမို့ နိုင်သမျှလုပ်မည် စိတ်ကူးကာ အဝတ်တွေ စက်နှင့်လှည့်လျှော်ပြီး လှမ်းလိုက်သည်။
အခန်းလွတ်ထဲမှာ ခဏပုံထားတာတွေ ထိုင်ရှင်းပြီး ကိုကို့စာအုပ်တွေပါ ပြန်စီပြီးတော့ အိမ်ရှေ့က ပန်းခြံပိစိကို သတိရသည်။
ကပ်လျက်အိမ်က အမဆီက တူရွင်းပြားလေး သွားငှားကာ ခမောက်လေးဆောင်းပြီး လုပ်ငန်းစရပြီ။
"ဝမ်လေးရေ..."
"ကိုကို...ပြန်လာပြီ..."
ရုံးအိတ်ကိုလှမ်းယူသည့် လက်လေးတွေကို ဆွဲမည်အပြု မသိမသာတိမ်းသွားသည်မို့ ရှောင်းကျန့် မျက်မှောင်ကြုံ့သွားရသည်။
"ထမင်းစားတော့မလား ကိုကို..."
"ရေအရင်ချိုးလိုက်ဦးမယ်..."
ရေသုတ်ရင်း အိပ်ခန်းပြူတင်းက မြင်နေရသည့် အိမ်ရှေ့ပန်းခြံလေးက ပုံစံပြောင်းမေတာမို့ အိမ်နေရင်းအဝတ်လဲကာ ထွက်လာတော့ ထမင်းဝိုင်းလေးမှာ စောင့်နေသည့် ဝမ်လေး။
"အာ့...ကိုကို..."
"ဘာလို့ လျှောက်လုပ်တာလဲ ဝမ်လေးရယ်..."
တူမကိုင်သည့် လက်လေးကို ဆွဲယူကြည့်မိတော့ လက်ဖဝါးတွေက နီရဲနေပြီး အရည်ကြည်ဖုတွေပါ ထနေတာမို့ လက်ဝှက်ထားတာကို သဘောပေါက်ကာ သက်ပြင်းချမိရသည်။
"ကိုကိုက ရုံးရောအိမ်ရော ပင်ပန်းမှာ...ဝမ်လေးက ပန်းစိုက်တာလည်း ဝါသနာပါလို့ပါ ကိုကိုရဲ့...နောက်ဆို ဆယ်မျိုးဆယ်ဘောင်ပါ စိုက်ရမှာမဟုတ်လား...ကျင့်သားရတာပေါ့..."
လက်လေးတွေကို မထိရဲထိရဲ ထွေးဆုပ်ကာ မျက်နှာညိုသွားသည့် ကိုကို့ကြောင့် ကမန်းကတန်း ရှင်းပြရင်း သွားလေးတွေစေ့ကာ ရယ်ပြမိတော့မှ မျက်နှာပြန်ကြည်လာတာ။
ဆေးအိတ်ယူကာ ဂွမ်းတံလေးနှင့် ဆေးထည့်ပေးပြီးမှ ကိုယ်တိုင်ခွံ့ပေးနေသည်မို့ လက်နာပေမယ့် ကြည်နူးရင်ခုန်ရသော ညနေစာလေးပါပဲ။
ကုတင်ခေါင်းရင်းကို မှီထိုင်ထားသည့် ကိုကို့ရင်ခွင်ထဲ တိုးဝင်မိတော့ ဆံပင်အုပ်အုပ်လေးထက် ဂေါက်လာသည့် အနမ်းတို့က ခပ်ဖွဖွ။
"မိဘအိမ်မှာလို နေမထိလေမထိ မထားနိုင်ပေမယ့် ကိုကိုနဲ့နေရလို့ အရမ်းမပင်ပန်းစေချင်ဘူး... ဝမ်လေးရယ်..."
"တပ်အလုပ်တွေ ကျရင်ရော..."
"အဲ့ဒါက...."
"ဝမ်လေးလည်း စစ်သား သားသမီးမို့ အတိုင်းအတာတစ်ခုထိ နားလည်ထားပါတယ် ကိုကိုရယ်... မသိတာတွေရှိရင်လည်း ကိုကိုက ပြပေးပေါ့...မဟုတ်ဘူးလား..."
"အခုပြမယ်...လာခဲ့...."
တစ်ပတ်လှည့်ပစ်ကာ နီရဲရဲ လက်လေးတွေကို မထိမိအောင်ရှောင်ရင်း ကလူကျီစယ်နေသည့် ချစ်သူနှစ်ဦးကြောင့် လမင်းမင်းကြီးပင် တိမ်တွေထဲ ဝင်ပုန်းသွားလေသည်။
..........................................
ညက စီမံချက်တွေ ထိုင်ရေးနေတာနှင့် နောက်ကျမှနိုးတော့ ရင်ခွင်ထဲက အနွေးလုံးလေး မရှိ။
ရေမြန်မြန်ချိုးပြီး ထွက်လာတော့ ကုတင်အစွန်မှာထိုင်ရင်း uniform ပုခုံးဒေါက်မှာ အပွင့်တွေ စီတပ်ပေးနေသည့် ဝမ်လေး။
"ဝမ်လေး...အစောကြီး နိုးနေပါလား..."
"ကိုကိုက ရုံးမသွားခင် မနက်စာ စားသွားရအောင်လေ...ညကနောက်ကျနေလို့ မနှိုးတာ..."
"လက်စူးမယ် ဝမ်လေးရဲ့...ကိုကို တပ်ပါ့မယ်...."
"ဝမ်လေး တပ်ပေးချင်လို့..."
"သတိထားနော်..."
ကြက်သွန်နီနှင့် ရှောက်ရွက်နုလေးတွေ ခပ်ထားသည့် ဟင်းချိုပန်းကန်၊ အတုံးမညီသော သခွားသီးသုပ်ပန်ကန်၊ ထမင်းကြော် မတူးတတူးလေးတွေနှင့် ကော်ဖီနှစ်ခွက်က စားပွဲထက်မှာ ဆီးကြိုနှင့်သည်။
"ဦးဦးရန်ရှင်း ချက်တဲ့ဟင်းချိုမျိုး ချက်ထားတာ...ကိုကို သောက်ကြည့်..."
"........"
"ဖွီး....."
"ဝမ်လေး...ရေသောက်လိုက်..."
သီးနေတာမို့ ရေခပ်ပေးရင်း ကျောလေးဖိပေးတော့ မျက်ရည်ဝဲဝဲနှင့် မော့ကြည့်လာကာ....
"ဒီလောက်ဆိုးနေတာ ကိုကိုက စားတယ်..."
"ဝမ်လေးက ကြိုးစားချက်ထားတာလေကွာ..."
"အဲ့ဒါ မစားနဲ့တော့...ကိုကို..."
ငါးသေတ္တာဘူးဖောက်ကာ အာလူးကြော်မွမွလေးနှင့် ထမင်းကြော်က အဆင်ပြေနေတာမို့ တော်သေးသည်။
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်စားရသည့် မနက်စာ ထမင်းဝိုင်းလေးက ကြည်နူးစရာအတိ။
အိမ်အဝင် နံရံထက်က ဆိုင်းဘုတ်လေးက နှစ်ဦးသားရဲ့ ဘဝအစလေးကို အားပေးနေသည့်နှယ်။
သူ ရုံးရှေ့ရောက်တော့ ရှစ်နာရီထိုးလုပြီ။
"ဟေ့ကောင်...အပွင့်တွေက ဘယ်လိုဖြစ်လာတာလဲ..."
ချူယွဲ့က ပုခုံးဖက်ကာ ရုံးရှေ့ကမတ်တပ်မှန်ကြီးရှေ့ ဆွဲလာမှ မြင်လိုက်ရသည်က ပုခုံးထက်မှ အစိပ်အကျဲမညီသော အပွင့်လေးတွေ။
"ဝမ်လေး တပ်ပေးလိုက်တာ...ငါလည်း သေချာမကြည့်မိလိုက်ဘူးကွာ..."
"ငါ့တော့ သေချာပြုစုသင့်ပြီ ငါ့ကောင်...မဟုတ်ရင် တစ်ရုံးလုံးနော်..."
"အေးပါဟ..."
"Tea time ကျ သက်သာဆိုင်ချီတက်မယ် သားကြီး..."
အညီပြန်တပ်ပေးကာ ပြုံးပြုံးကြီး ထွက်သွားသော ချူယွဲ့နောက်က ခပ်မြန်မြန်လိုက်ရသည်။
ဒီလိုအဖြစ်မျိုး ကြုံပါက တစ်ရုံးလုံး လက်ဖက်ရည် တိုက်ရသည့် ဓလေ့ကို သိထားသည်ကိုး။
တပ်ရင်းမှူးက မနေ့ကမှ ပြန်ရောက်တာကြောင့် သတင်းပို့ရုံကလွဲပြီး သေချာနှုတ်မဆက်ရသေး။
ညကျမှပဲ စုံတွဲလိုက် ကန်တော့ရင်း သွားနှုတ်ဆက်ရမည် စိတ်ကူးထားလိုက်သည်။
ဝမ်ဝမ်လေး ပျင်းနေပြီ။
တစ်နေ့တစ်နေ့ စာဖတ်လိုက်၊ အရုပ်ဆက်လိုက်နှင့် အိမ်ရှင်းလိုက်နှင့် လုပ်စရာလည်း မယ်မယ်ရရ မရှိသည်မို့ ခြေရင်းခန်းကအမနှင့် တပ်ရင်းစိုက်ခင်းထဲ လိုက်လာဖြစ်သည်။
"ဗိုလ်ကြီး ရှောင်းကျန့်ရဲ့ အမျိုးသားလေ မမ...ဝမ်ရိပေါ်တဲ့...ဝမ်ဝမ်...မမရွှမ်လုလေ..."
"တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျ...ကိုကို အဲ ဗိုလ်မှူးက တပ်ရင်းမှူးပြန်လာရင် သတင်းပို့ရင်း သွားနှုတ်ဆက်ရမယ် ပြောပါတယ်...မမ..."
"မနေ့ကမှ ပြန်ရောက်ကြလို့ ခုမှ ဆုံဖြစ်တာ ဝမ်ဝမ်ရေ...တစ်ခုခု လိုတာရှိလည်း အမလို သဘောထားပြီး တိုင်ပင်လို့ ပြောပြလို့ ရတယ်နော်..."
"ဟုတ်ကဲ့ ခင်ဗျ..."
ခမောက်အဝိုင်းလေးဆောင်းကာ မျက်နှာကြည်ကြည် အပြုံးအေးအေးလေးနှင့် မမရွှမ်လုက စိတ်သဘောထားပြည့်ဟန်မို့ အနည်းငယ် စိတ်ပေါ့ပါးသွားရသည်။
"ကူခူးမယ်လေ...မမ..."
"မခူးတတ်ရင် ယားမှာ ဝမ်ဝမ်ရဲ့...ခူးပြီးသားတွေပဲ ကောင်းတာလေး ကူရွေးထားပေးနော်...ဟိုမမတွေ စည်းလိမ့်မယ်...ဟုတ်ပြီလား..."
ကွပ်ပျစ်ပေါ် လာပုံသမျှ မုန်ညင်းဖူးဝါဝါလေးတွေကို ရွေးစီနေရင်းက ဖေကြီးတို့တပ်မှာ စိုက်ခင်းထဲ ဗရုတ်ကျခဲ့ပုံတွေ ပြန်သတိရလာမိသည်။
အဲ့ဒီတုန်းက စားစားသွားသွားနှင့် ဘာမှမလေ့လာဖြစ်ခဲ့တာကို အခုမှ နောင်တရမိသလိုလို။
ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်းက ပဲတောင့်ရှည်စင်တွေဘက်ကနေ ဘူးစင်တွေဘက် ရောက်လာခဲ့သည်။
အသီးကင်းတွေက စင်ပြိုကျမတတ်နှင့် ဘူးစင်ကြီးက အညွန့်တွေ ဖြာထွက်နေသည်။
လေမတိုက်ပဲ ရမ်းခါနေသည့် အညွန့်ဖျားကြောင့် ရှေ့တိုးကြည့်မိတော့ ထိတ်ခနဲ။
"အား....."
"ဘာ...ဘာကြီးလဲ..."
"မြွေ...မြွေ..."
ကြောက်အားလန့်အားနှင့် လက်ကို ဆတ်ခနဲအခါ စိုက်ခင်းထဲ ဝင်လာကြသော လူအုပ်ဆီ လွှင့်ပစ်လျက်သား ဖြစ်သွားရသည်။
မျက်ခုံးထူထူများကို မျက်မှောင်ကြုံ့ကာ မမယန်လီနောက်က သူ့ကို ကျော်ကြည့်လာသည့် မျက်ဝန်းများက တည်တည်စူးစူး။
"တပ်...တပ်ရင်းမှူး...အဆင်ပြေရဲ့လား ခင်ဗျ..."
"မောင်..."
".........."
"ဝမ်လေး...."
"ကို...ကို...."
ကြောင်ငေးနေမိသော လက်ဖျားလေးတွေကို အုပ်ကိုင်ကာ စိုးရိမ်တကြီးကြည့်ပြီး ဘာမှမဖြစ်တာ သေချာမှ တစ်ဖက်ကို အားနာစွာ ကြည့်မိရတာ။
ရှေ့ဆုံးက ဝင်လာသူပေါ် တည့်တည့်မို့ ခုန်ရှောင်ရင်း ရေဆင်းမြောင်းထဲ ဖိနပ်ထိပ်ဦး နစ်သွားသည်က တပ်ရင်းမှူး ကောင်းယွီချန်မို့ ပတ်ဝန်းကျင်က အေးစက်သွားရသည်။
"ကျွန်တော့်အမျိုးသားပါ တပ်ရင်းမှူး ခင်ဗျ...အနှောင့်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ် ခင်ဗျာ..."
"ကျွန်တော် ကျွန်တော် လန့်ပြီး ပစ်လိုက်မိတာ...တောင်းပန်ပါတယ် တပ်ရင်းမှူး ခင်ဗျ..."
ဗိုလ်ကြီးရှောင်းကျန့်က အားနာစွာပြောရင်း နောက်က မရဲတရဲကြည့်နေသည့် အဖြူလုံးလေးကပါ ခပ်တိုးတိုး ပြောလာသည်မို့ တပ်ရင်းမှူး မျက်ခုံးများ ပြေလျော့လာရသည်။
လက်မောင်းကို လာတွဲသည့် ချစ်ဇနီးရဲ့ ကြည်လင်အေးချမ်းသော မျက်နှာလေးထက် စိုးရိမ်ငွေ့တစ်ချို့ ယှက်သန်းနေသည်မို့ သက်ပြင်းဖွဖွ ရှိုက်မိရတော့သည်။
"စိုက်ခင်းတာဝန်ခံ ဆရာကြီးကို ပြောထားလိုက်...စိုက်ခင်းထဲ အန္တရာယ်ဖြစ်စေမယ့် အကောင်ပလောင်တွေ သတိနဲ့ကြိုကြိုရှင်းထားဖို့...မဟုတ်ရင် တစ်ယောက်မဟုတ်တစ်ယောက် ထိခိုက်ရင် မကောင်းဘူး..."
"ဟုတ်ကဲ့ခင်ဗျ..."
အပါးတော်မြဲ တပည့်ကျော်ထွက်သွားမှ မျက်နှာငယ်လေးနှင့်ကြည့်နေသည့် အဖြူလုံးလေးနှင့် ဗိုလ်ကြီးတို့ဘက် လှည့်ကာ...
"လန့်သွားမယ်ထင်တယ်...ဂရုစိုက်လိုက်ဦး မောင်ရင်..."
"ဟုတ်ကဲ့ ခင်ဗျ..."
စည်းစနစ်ကျခြင်းနှင့် smart ကျကျ ခမ်းနားမှုမှာ နာမည်ကြီးသည့် Sandhurst ဆင်း တပ်ရင်းမှူးနှင့် ဝမ်အမွှေလေးတို့က မိတ်ဆက်စရာမလိုပဲ ဤသို့ဤနှယ် ဆုံခဲ့ရလေသည်။
............................................
Note >>>
ပစ်ထားတာမဟုတ်သလို တကယ်မရေးဖြစ်လို့ပါ
Comment တွေ reply မပြန်ဖြစ်သေးပေမယ့် အားလုံးဖတ်ပါတယ်နော်
Love U All ♥
#NwayOo
17.1.2020 (01:40) PM
Edit 3.9.2021 (09:09) AM
~~~~~~~~~~~~~~~~~~~~
Part (50) Z
ကိုကိုႏွင့္ဝမ္ေလးတို႔အခန္းေလးက အရာရွိလိုင္းခန္းရဲ႕ အစြန္ခန္းျဖစ္၍ မ်က္စိတစ္ဆုံး စိုက္ခင္းစိမ္းစိမ္းမ်ားကို တေမွ်ာ္တေခၚျမင္ေနရသည္။
နံရံေတြကို ဝမ္ေလးအႀကိဳက္ ေဆးအစိမ္းေဖ်ာ့ေဖ်ာ့ေလး ကိုကိုကိုယ္တိုင္ သုတ္ေပးၿပီး ကန္႔လန္႔ကာ အစိမ္းေလးေတြ တပ္ေပးထားသည္။
အိပ္ရာအျပင္အဆင္ကအစ အသုံးအေဆာင္ေတြကအစ စိမ္းေဖ်ာ့ေဖ်ာ့ေလးေတြမို႔ ႏုသစ္စိုလြင္ေနသည္။
ဝင္ဝင္ခ်င္း ဧည့္ခန္းနံရံမွာ မဂၤလာဓါတ္ပုံအႀကီးႀကီးႏွင့္ ကိုကို႔ဘြဲ႕ပုံ၊ prewedding တုန္းက ပုံေလးေတြ စီခ်ိတ္ကာ ေကာ္ေဇာေတြ ကူရွင္ေတြက အစိမ္းေဖ်ာ့ေလးေတြျဖစ္ၿပီး တပ္ရင္းက စီစဥ္ထားေပးသည့္ ပရိေဘာဂေလးေတြကို သူ႔ေနရာႏွင့္သူ စနစ္တက်စီထားသည္မို႔ ႐ိုး႐ိုးရွင္းရွင္း ေနခ်င့္စဖြယ္ လွပေနသည္။
အိပ္ခန္းႏွစ္ခန္းပါၿပီး အတန္အသင့္က်ယ္ေသာ ဧည့္ခန္းေလးရယ္၊ မီးဖိုေဆာင္ႏွင့္ ေရခ်ိဳးခန္း၊အိမ္သာက တြဲလ်က္သားမို႔ ႏွစ္ေယာက္စာအတြက္ေတာ့ က်ယ္ပင္က်ယ္ေနေသးသည္။
တပ္ရင္းလိုင္းခန္းေလးျဖစ္၍ ေဘဂ်င္းရွိ ဘိုးဘိုးအိမ္က သူ႔အခန္းေလးႏွင့္ေတာ့ အေတာ္ေလးကြာသည္ ဆိုေပမယ့္ ကိုကိုရွိေသာအရပ္က ဝမ္ေလးရဲ႕ကမာၻပါပဲ။
"အိပ္ပုပ္ေလး...ထေတာ့...ကိုကို ႐ုံးသြားရေတာ့မယ္..."
နဖူးေပၚ တစ္ခ်က္ေႏြးသြားၿပီး နားနားကပ္ေျပာလိုက္တာမို႔ ဆတ္ခနဲ မ်က္လုံးဖြင့္ၾကည့္ေတာ့ uniform အျပည့္ႏွင့္ ကိုကိုက နာရီပတ္ေနတာ။
စားပြဲေပၚက ျခေသၤ့႐ုပ္နာရီေလးကို ၾကည့္လိုက္ေတာ့ ေျခာက္နာရီ ဆယ့္ငါးမိနစ္။
ဘာမွမခ်က္ရေသးတာကို သတိရၿပီး လူးလဲထကာ မ်က္ႏွာအေျပးသစ္ရသည္။
မီးဖိုခန္းထဲ စားပြဲေလးေပၚမွာေတာ့ ထမင္းေၾကာ္ ႏွစ္ပန္းကန္၊ ဂ်ဴးျမစ္အစပ္ေၾကာ္ႏွင့္ ေကာ္ဖီႏွစ္ခြက္က အဆင္သင့္။
"ကိုကိုက ဝမ္ေလးကိုလည္း မႏႈိးဘူး..."
"ညက ပင္ပန္းထားလို႔ မႏႈိးတာ..."
"ကိုကိုး..."
"အာ...အိမ္သိမ္းတာေျပာတာ...ဝမ္ေလးက
ဘာထင္ေနတာလဲ..."
"ဘာ...ဘာထင္ရမွာလဲ..."
"ေထာ္စိန္ေလး...ေန႔ခင္းစာ အဆင္သင့္ခ်က္ခဲ့ၿပီးသားေနာ္...ပ်င္းရင္ စာအုပ္ဖတ္...lego ေတြဆက္...ဟုတ္ၿပီလား..."
"ဟုတ္...ကိုကို..."
မနက္စာ စားၿပီးေတာ့ ကိုကိုက ႐ုံးအိတ္ဆြဲၿပီး ကိုယ္အသာၫႊတ္ကာ cap လွမ္းေပးေတာ့ ႐ုတ္တရက္ ေၾကာင္သြားရသည္။
ေမႀကီးႏွင့္ေဖႀကီးကို သတိရသြားမွ ေျခဖ်ား
ေလးေထာက္ကာ cap ေဆာင္းေပးေတာ့ ငုံ႔ကိုင္းလာၿပီး ထပ္တူက်ေနသည့္ ေႏြးျမျမ အနမ္းမ်ား။
"ညီေလးေရ...လစ္ၾကစို႔...အဲ..."
"အဟြတ္...ဟု..."
"လာၿပီ...အကိုႀကီး..."
ကပ္လ်က္မွာက စီနီယာအိမ္ျဖစ္၍ အိမ္ကအထြက္ လွမ္းေခၚရာမွ morning kiss ႏွင့္ တည့္တည့္တိုးရသည္မို႔ စီနီယာက ခပ္ၿပဳံးၿပဳံး ၾကည့္ေနေတာ့ လည္ပင္းေတြပါ နီလာရသည့္ ေရွာင္းက်န္႔။
"အိမ္ေထာင္ဦးအစ ဒီလိုပဲကြ...နားလည္ပါတယ္...ဝမ္ဝမ့္ကို ၾကည့္ေပးဖို႔ မင္းအမလည္း မွာခဲ့တယ္...ပူမေနနဲ႔..."
"ေက်းဇူး အကိုရာ...အစမို႔ ေနသားမက်မွာ စိုးလို႔..."
"တပ္မိသားစုပဲ...အသားက်လာမွာပါကြာ...ခင္ရာေဆြမ်ိဳးပဲ မဟုတ္လား..."
ႏွစ္ေယာက္သား စကားတေျပာေျပာႏွင့္ ႐ုံးေရာက္လာေတာ့ ပုံမွန္လည္ပတ္ရင္း လူက အလုပ္ထဲ စီးေမ်ာသြားၿပီ။
ေနရာသစ္မွာ သင္ယူစရာေတြ ထပ္ရွိႏိုင္သည္ပဲ။
ကိုကိုက ဘာမွမခိုင္းေပမယ့္ ႐ုံးတစ္ဖက္ႏွင့္ မပင္ပန္းေစခ်င္တာမို႔ ႏိုင္သမွ်လုပ္မည္ စိတ္ကူးကာ အဝတ္ေတြ စက္ႏွင့္လွည့္ေလွ်ာ္ၿပီး လွမ္းလိုက္သည္။
အခန္းလြတ္ထဲမွာ ခဏပုံထားတာေတြ ထိုင္ရွင္းၿပီး ကိုကို႔စာအုပ္ေတြပါ ျပန္စီၿပီးေတာ့ အိမ္ေရွ႕က ပန္းၿခံပိစိကို သတိရသည္။
ကပ္လ်က္အိမ္က အမဆီက တူ႐ြင္းျပားေလး သြားငွားကာ ခေမာက္ေလးေဆာင္းၿပီး လုပ္ငန္းစရၿပီ။
"ဝမ္ေလးေရ..."
"ကိုကို...ျပန္လာၿပီ..."
႐ုံးအိတ္ကိုလွမ္းယူသည့္ လက္ေလးေတြကို ဆြဲမည္အျပဳ မသိမသာတိမ္းသြားသည္မို႔ ေရွာင္းက်န္႔ မ်က္ေမွာင္ႀကဳံ႕သြားရသည္။
"ထမင္းစားေတာ့မလား ကိုကို..."
"ေရအရင္ခ်ိဳးလိုက္ဦးမယ္..."
ေရသုတ္ရင္း အိပ္ခန္းျပဴတင္းက ျမင္ေနရသည့္ အိမ္ေရွ႕ပန္းၿခံေလးက ပုံစံေျပာင္းေမတာမို႔ အိမ္ေနရင္းအဝတ္လဲကာ ထြက္လာေတာ့ ထမင္းဝိုင္းေလးမွာ ေစာင့္ေနသည့္ ဝမ္ေလး။
"အာ့...ကိုကို..."
"ဘာလို႔ ေလွ်ာက္လုပ္တာလဲ ဝမ္ေလးရယ္..."
တူမကိုင္သည့္ လက္ေလးကို ဆြဲယူၾကည့္မိေတာ့ လက္ဖဝါးေတြက နီရဲေနၿပီး အရည္ၾကည္ဖုေတြပါ ထေနတာမို႔ လက္ဝွက္ထားတာကို သေဘာေပါက္ကာ သက္ျပင္းခ်မိရသည္။
"ကိုကိုက ႐ုံးေရာအိမ္ေရာ ပင္ပန္းမွာ...ဝမ္ေလးက ပန္းစိုက္တာလည္း ဝါသနာပါလို႔ပါ ကိုကိုရဲ႕...ေနာက္ဆို ဆယ္မ်ိဳးဆယ္ေဘာင္ပါ စိုက္ရမွာမဟုတ္လား...က်င့္သားရတာေပါ့..."
လက္ေလးေတြကို မထိရဲထိရဲ ေထြးဆုပ္ကာ မ်က္ႏွာညိဳသြားသည့္ ကိုကို႔ေၾကာင့္ ကမန္းကတန္း ရွင္းျပရင္း သြားေလးေတြေစ့ကာ ရယ္ျပမိေတာ့မွ မ်က္ႏွာျပန္ၾကည္လာတာ။
ေဆးအိတ္ယူကာ ဂြမ္းတံေလးႏွင့္ ေဆးထည့္ေပးၿပီးမွ ကိုယ္တိုင္ခြံ႕ေပးေနသည္မို႔ လက္နာေပမယ့္ ၾကည္ႏူးရင္ခုန္ရေသာ ညေနစာေလးပါပဲ။
ကုတင္ေခါင္းရင္းကို မွီထိုင္ထားသည့္ ကိုကို႔ရင္ခြင္ထဲ တိုးဝင္မိေတာ့ ဆံပင္အုပ္အုပ္ေလးထက္ ေဂါက္လာသည့္ အနမ္းတို႔က ခပ္ဖြဖြ။
"မိဘအိမ္မွာလို ေနမထိေလမထိ မထားႏိုင္ေပမယ့္ ကိုကိုနဲ႔ေနရလို႔ အရမ္းမပင္ပန္းေစခ်င္ဘူး... ဝမ္ေလးရယ္..."
"တပ္အလုပ္ေတြ က်ရင္ေရာ..."
"အဲ့ဒါက...."
"ဝမ္ေလးလည္း စစ္သား သားသမီးမို႔ အတိုင္းအတာတစ္ခုထိ နားလည္ထားပါတယ္ ကိုကိုရယ္... မသိတာေတြရွိရင္လည္း ကိုကိုက ျပေပးေပါ့...မဟုတ္ဘူးလား..."
"အခုျပမယ္...လာခဲ့...."
တစ္ပတ္လွည့္ပစ္ကာ နီရဲရဲ လက္ေလးေတြကို မထိမိေအာင္ေရွာင္ရင္း ကလူက်ီစယ္ေနသည့္ ခ်စ္သူႏွစ္ဦးေၾကာင့္ လမင္းမင္းႀကီးပင္ တိမ္ေတြထဲ ဝင္ပုန္းသြားေလသည္။
..........................................
ညက စီမံခ်က္ေတြ ထိုင္ေရးေနတာႏွင့္ ေနာက္က်မွႏိုးေတာ့ ရင္ခြင္ထဲက အေႏြးလုံးေလး မရွိ။
ေရျမန္ျမန္ခ်ိဳးၿပီး ထြက္လာေတာ့ ကုတင္အစြန္မွာထိုင္ရင္း uniform ပုခုံးေဒါက္မွာ အပြင့္ေတြ စီတပ္ေပးေနသည့္ ဝမ္ေလး။
"ဝမ္ေလး...အေစာႀကီး ႏိုးေနပါလား..."
"ကိုကိုက ႐ုံးမသြားခင္ မနက္စာ စားသြားရေအာင္ေလ...ညကေနာက္က်ေနလို႔ မႏႈိးတာ..."
"လက္စူးမယ္ ဝမ္ေလးရဲ႕...ကိုကို တပ္ပါ့မယ္...."
"ဝမ္ေလး တပ္ေပးခ်င္လို႔..."
"သတိထားေနာ္..."
ၾကက္သြန္နီႏွင့္ ေရွာက္႐ြက္ႏုေလးေတြ ခပ္ထားသည့္ ဟင္းခ်ိဳပန္းကန္၊ အတုံးမညီေသာ သခြားသီးသုပ္ပန္ကန္၊ ထမင္းေၾကာ္ မတူးတတူးေလးေတြႏွင့္ ေကာ္ဖီႏွစ္ခြက္က စားပြဲထက္မွာ ဆီးႀကိဳႏွင့္သည္။
"ဦးဦးရန္ရွင္း ခ်က္တဲ့ဟင္းခ်ိဳမ်ိဳး ခ်က္ထားတာ...ကိုကို ေသာက္ၾကည့္..."
"........"
"ဖြီး....."
"ဝမ္ေလး...ေရေသာက္လိုက္..."
သီးေနတာမို႔ ေရခပ္ေပးရင္း ေက်ာေလးဖိေပးေတာ့ မ်က္ရည္ဝဲဝဲႏွင့္ ေမာ့ၾကည့္လာကာ....
"ဒီေလာက္ဆိုးေနတာ ကိုကိုက စားတယ္..."
"ဝမ္ေလးက ႀကိဳးစားခ်က္ထားတာေလကြာ..."
"အဲ့ဒါ မစားနဲ႔ေတာ့...ကိုကို..."
ငါးေသတၱာဘူးေဖာက္ကာ အာလူးေၾကာ္မြမြေလးႏွင့္ ထမင္းေၾကာ္က အဆင္ေျပေနတာမို႔ ေတာ္ေသးသည္။
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္စားရသည့္ မနက္စာ ထမင္းဝိုင္းေလးက ၾကည္ႏူးစရာအတိ။
အိမ္အဝင္ နံရံထက္က ဆိုင္းဘုတ္ေလးက ႏွစ္ဦးသားရဲ႕ ဘဝအစေလးကို အားေပးေနသည့္ႏွယ္။
သူ ႐ုံးေရွ႕ေရာက္ေတာ့ ရွစ္နာရီထိုးလုၿပီ။
"ေဟ့ေကာင္...အပြင့္ေတြက ဘယ္လိုျဖစ္လာတာလဲ..."
ခ်ဴယြဲ႕က ပုခုံးဖက္ကာ ႐ုံးေရွ႕ကမတ္တပ္မွန္ႀကီးေရွ႕ ဆြဲလာမွ ျမင္လိုက္ရသည္က ပုခုံးထက္မွ အစိပ္အက်ဲမညီေသာ အပြင့္ေလးေတြ။
"ဝမ္ေလး တပ္ေပးလိုက္တာ...ငါလည္း ေသခ်ာမၾကည့္မိလိုက္ဘူးကြာ..."
"ငါ့ေတာ့ ေသခ်ာျပဳစုသင့္ၿပီ ငါ့ေကာင္...မဟုတ္ရင္ တစ္႐ုံးလုံးေနာ္..."
"ေအးပါဟ..."
"Tea time က် သက္သာဆိုင္ခ်ီတက္မယ္ သားႀကီး..."
အညီျပန္တပ္ေပးကာ ၿပဳံးၿပဳံးႀကီး ထြက္သြားေသာ ခ်ဴယြဲ႕ေနာက္က ခပ္ျမန္ျမန္လိုက္ရသည္။
ဒီလိုအျဖစ္မ်ိဳး ႀကဳံပါက တစ္႐ုံးလုံး လက္ဖက္ရည္ တိုက္ရသည့္ ဓေလ့ကို သိထားသည္ကိုး။
တပ္ရင္းမႉးက မေန႔ကမွ ျပန္ေရာက္တာေၾကာင့္ သတင္းပို႔႐ုံကလြဲၿပီး ေသခ်ာႏႈတ္မဆက္ရေသး။
ညက်မွပဲ စုံတြဲလိုက္ ကန္ေတာ့ရင္း သြားႏႈတ္ဆက္ရမည္ စိတ္ကူးထားလိုက္သည္။
ဝမ္ဝမ္ေလး ပ်င္းေနၿပီ။
တစ္ေန႔တစ္ေန႔ စာဖတ္လိုက္၊ အ႐ုပ္ဆက္လိုက္ႏွင့္ အိမ္ရွင္းလိုက္ႏွင့္ လုပ္စရာလည္း မယ္မယ္ရရ မရွိသည္မို႔ ေျခရင္းခန္းကအမႏွင့္ တပ္ရင္းစိုက္ခင္းထဲ လိုက္လာျဖစ္သည္။
"ဗိုလ္ႀကီး ေရွာင္းက်န့္ရဲ႕ အမ်ိဳးသားေလ မမ...ဝမ္ရိေပၚတဲ့...ဝမ္ဝမ္...မမ႐ႊမ္လုေလ..."
"ေတြ႕ရတာ ဝမ္းသာပါတယ္ ခင္ဗ်...ကိုကို အဲ ဗိုလ္မႉးက တပ္ရင္းမႉးျပန္လာရင္ သတင္းပို႔ရင္း သြားႏႈတ္ဆက္ရမယ္ ေျပာပါတယ္...မမ..."
"မေန႕ကမွ ျပန္ေရာက္ၾကလို႔ ခုမွ ဆုံျဖစ္တာ ဝမ္ဝမ္ေရ...တစ္ခုခု လိုတာရွိလည္း အမလို သေဘာထားၿပီး တိုင္ပင္လို႔ ေျပာျပလို႔ ရတယ္ေနာ္..."
"ဟုတ္ကဲ့ ခင္ဗ်..."
ခေမာက္အဝိုင္းေလးေဆာင္းကာ မ်က္ႏွာၾကည္ၾကည္ အၿပဳံးေအးေအးေလးႏွင့္ မမ႐ႊမ္လုက စိတ္သေဘာထားျပည့္ဟန္မို႔ အနည္းငယ္ စိတ္ေပါ့ပါးသြားရသည္။
"ကူခူးမယ္ေလ...မမ..."
"မခူးတတ္ရင္ ယားမွာ ဝမ္ဝမ္ရဲ႕...ခူးၿပီးသားေတြပဲ ေကာင္းတာေလး ကူေ႐ြးထားေပးေနာ္...ဟိုမမေတြ စည္းလိမ့္မယ္...ဟုတ္ၿပီလား..."
ကြပ္ပ်စ္ေပၚ လာပုံသမွ် မုန္ညင္းဖူးဝါဝါေလးေတြကို ေ႐ြးစီေနရင္းက ေဖႀကီးတို႔တပ္မွာ စိုက္ခင္းထဲ ဗ႐ုတ္က်ခဲ့ပုံေတြ ျပန္သတိရလာမိသည္။
အဲ့ဒီတုန္းက စားစားသြားသြားႏွင့္ ဘာမွမေလ့လာျဖစ္ခဲ့တာကို အခုမွ ေနာင္တရမိသလိုလို။
ဟိုဟိုဒီဒီ ေလွ်ာက္ၾကည့္ရင္းက ပဲေတာင့္ရွည္စင္ေတြဘက္ကေန ဘူးစင္ေတြဘက္ ေရာက္လာခဲ့သည္။
အသီးကင္းေတြက စင္ၿပိဳက်မတတ္ႏွင့္ ဘူးစင္ႀကီးက အၫြန္႔ေတြ ျဖာထြက္ေနသည္။
ေလမတိုက္ပဲ ရမ္းခါေနသည့္ အၫြန္႔ဖ်ားေၾကာင့္ ေရွ႕တိုးၾကည့္မိေတာ့ ထိတ္ခနဲ။
"အား....."
"ဘာ...ဘာႀကီးလဲ..."
"ေႁမြ...ေႁမြ..."
ေၾကာက္အားလန္႔အားႏွင့္ လက္ကို ဆတ္ခနဲအခါ စိုက္ခင္းထဲ ဝင္လာၾကေသာ လူအုပ္ဆီ လႊင့္ပစ္လ်က္သား ျဖစ္သြားရသည္။
မ်က္ခုံးထူထူမ်ားကို မ်က္ေမွာင္ႀကဳံ႕ကာ မမယန္လီေနာက္က သူ႔ကို ေက်ာ္ၾကည့္လာသည့္ မ်က္ဝန္းမ်ားက တည္တည္စူးစူး။
"တပ္...တပ္ရင္းမႉး...အဆင္ေျပရဲ႕လား ခင္ဗ်..."
"ေမာင္..."
".........."
"ဝမ္ေလး...."
"ကို...ကို...."
ေၾကာင္ေငးေနမိေသာ လက္ဖ်ားေလးေတြကို အုပ္ကိုင္ကာ စိုးရိမ္တႀကီးၾကည့္ၿပီး ဘာမွမျဖစ္တာ ေသခ်ာမွ တစ္ဖက္ကို အားနာစြာ ၾကည့္မိရတာ။
ေရွ႕ဆုံးက ဝင္လာသူေပၚ တည့္တည့္မို႔ ခုန္ေရွာင္ရင္း ေရဆင္းေျမာင္းထဲ ဖိနပ္ထိပ္ဦး နစ္သြားသည္က တပ္ရင္းမႉး ေကာင္းယြီခ်န္မို႔ ပတ္ဝန္းက်င္က ေအးစက္သြားရသည္။
"ကြၽန္ေတာ့္အမ်ိဳးသားပါ တပ္ရင္းမႉး ခင္ဗ်...အေႏွာင့္အယွက္ ျဖစ္ေစမိလို႔ ေတာင္းပန္ပါတယ္ ခင္ဗ်ာ..."
"ကြၽန္ေတာ္ ကြၽန္ေတာ္ လန္႔ၿပီး ပစ္လိုက္မိတာ...ေတာင္းပန္ပါတယ္ တပ္ရင္းမႉး ခင္ဗ်..."
ဗိုလ္ႀကီးေရွာင္းက်န္႔က အားနာစြာေျပာရင္း ေနာက္က မရဲတရဲၾကည့္ေနသည့္ အျဖဴလုံးေလးကပါ ခပ္တိုးတိုး ေျပာလာသည္မို႔ တပ္ရင္းမႉး မ်က္ခုံးမ်ား ေျပေလ်ာ့လာရသည္။
လက္ေမာင္းကို လာတြဲသည့္ ခ်စ္ဇနီးရဲ႕ ၾကည္လင္ေအးခ်မ္းေသာ မ်က္ႏွာေလးထက္ စိုးရိမ္ေငြ႕တစ္ခ်ိဳ႕ ယွက္သန္းေနသည္မို႔ သက္ျပင္းဖြဖြ ရႈိက္မိရေတာ့သည္။
"စိုက္ခင္းတာဝန္ခံ ဆရာႀကီးကို ေျပာထားလိုက္...စိုက္ခင္းထဲ အႏၲရာယ္ျဖစ္ေစမယ့္ အေကာင္ပေလာင္ေတြ သတိနဲ႔ႀကိဳႀကိဳရွင္းထားဖို႔...မဟုတ္ရင္ တစ္ေယာက္မဟုတ္တစ္ေယာက္ ထိခိုက္ရင္ မေကာင္းဘူး..."
"ဟုတ္ကဲ့ခင္ဗ်..."
အပါးေတာ္ၿမဲ တပည့္ေက်ာ္ထြက္သြားမွ မ်က္ႏွာငယ္ေလးႏွင့္ၾကည့္ေနသည့္ အျဖဴလုံးေလးႏွင့္ ဗိုလ္ႀကီးတို႔ဘက္ လွည့္ကာ...
"လန္႔သြားမယ္ထင္တယ္...ဂ႐ုစိုက္လိုက္ဦး ေမာင္ရင္..."
"ဟုတ္ကဲ့ ခင္ဗ်..."
စည္းစနစ္က်ျခင္းႏွင့္ smart က်က် ခမ္းနားမႈမွာ နာမည္ႀကီးသည့္ Sandhurst ဆင္း တပ္ရင္းမႉးႏွင့္ ဝမ္အေမႊေလးတို႔က မိတ္ဆက္စရာမလိုပဲ ဤသို႔ဤႏွယ္ ဆုံခဲ့ရေလသည္။
............................................
Note >>>
ပစ္ထားတာမဟုတ္သလို တကယ္မေရးျဖစ္လို႔ပါ
Comment ေတြ reply မျပန္ျဖစ္ေသးေပမယ့္ အားလုံးဖတ္ပါတယ္ေနာ္
Love U All ♥
#NwayOo
17.1.2020 (01:40) PM
Edit 3.9.2021 (09:09) AM