အပိုင်း ၁၃ [ Unicode Version ]
Baekhyun မာဖီးယားကြီးကို Scooter နောက်ကနေ တင်ခေါ်လို့ order တွေ ပို့ပြီး ပြန်အလာ အိမ်ရှေ့ယာခင်းထဲက ကတုံးတွေကို မတွေ့ရတော့ဘူး ။
ပြီးတော့ နှစ်ယောက်မရှိတဲ့ သူ့ချစ်သူကြီးဟာလည်း အရမ်းကို Skinship လုပ်ချင်နေလွန်းလို့ Baekhyun မှာ ပတ်ဝန်းကျင်ကို မျက်စိတောင်းမှောက်ကြည့်ရင်း ရင်ထိတ်နေရတယ် ။ စိတ်မထင်ရင် မထင်သလို ပါးကိုလာဆွဲဖျစ်လိုက် ၊ ခေါင်းထိပ်ကို ဖိကပ်နမ်းလိုက် ၊ လက်ကိုလာကိုင်လိုက် လုပ်နေတာမို့ Baekhyun မှာ ထိတ်လန့်စိတ်ရယ် ၊ ကြည်နူးစိတ်ရယ် ရောထွေးလို့ ရင်တုန်မှုက 2 ဆ တိုးရတယ် ။
" ခဏနော်.. ကျွန်တော် ဒေါ်လေးကို သွားရှာလိုက်ဦးမယ် "
Baekhyun စကားမရှိ စကားရှာပြောလို့ ရှက်ရဲရဲ ပါးပြင်လေးတွေနဲ့ပဲ အိမ်ထဲကိုဝင်လာခဲ့တယ် ။ ဒါပေမယ့် အိမ်ထဲမှာ သိသာစွာ ပြောင်းလဲလှုပ်ရှားနေတဲ့အရာတွေကြောင့် Baekhyun အာရုံတွေ ချက်ချင်း လမ်းကြောင်းလွဲသွားရလေရဲ့ ။
Baekhyun တို့အိမ်အောက်ထပ်က အိမ်ရှေ့မှာတင်မက ၊ အိမ်အနောက်ဘက်မှာပါ တံခါးပေါက် တစ်ခုရှိတယ် ။ ဒါပေမယ့် အမြဲလိုလို ပိတ်ထားတတ်တာမို့ ဖွင့်တဲ့အကြိမ်ရေက ရှားတယ် ။ ဒီနေ့တော့ အဲ့တံခါးပေါက်ကို ဖွင့်ထားပြီး ဝင်ပေါက်ဝနားမှာ ဒေါ်လေးက စောင်တွေထည့်ထားတဲ့ ခြင်းတွေကို ချထားပြီး အပြင်ဘက်ကို ကြည့်နေတာကို မြင်လိုက်ရတော့တာပဲ ။
Baekhyun စိတ်ဝင်တစားနဲ့ မျက်ခုံးလေးပင့်ပြီး ဒေါ်လေး အနားတိုးကပ်သွားလိုက်တယ် ။
" ဒေါ်လေး ဘာတွေလုပ်မလို့ ပြင်နေတာလဲ "
Baekhyun အမေးစကားနဲ့အတူ တံခါးဝနားရောက်ပြီမို့ တစ်ခါတည်း ဒေါ်လေးအကြည့်တွေရှ်ိရာဘက် အတူလိုက်ကြည့်လိုက်တော့ ။
ဘုရားရေ... ကတုံးတို့ အုပ်စု အဝတ်ထိုင်လျှော်နေကြပြန်ပြီ ။
Baekhyun ဟာ ချက်ချင်းမျက်လုံးတွေ ပိုလို့ ဝိုင်းစက်သွားရတော့တယ် ။ ဒေါ်လေးက အားနာမကင်း စိတ်လေးနဲ့ ဆက်ငေးနေရင်း Baekhyun ကို ခပ်ဖွဖွ ပြောပြလာတယ် ။
" ဒေါ်လေးက ဒီနေ့ Baekhyun လေးပြန်ရောက်တာမို့ အဝတ်အစားတွေ နည်းနည်းရှင်းပြီး လျှော်သင့်တာ လျှော်မယ်ပြင်နေတာ ။ အဲ့ဒါပြီး ဧည့်သည့်တွေနဲ့မို့ အိပ်ယာခင်းတွေပါ အသစ်လဲပြီး အဟောင်းတွေကိုတော့ လျှော်ထားမလို့ပဲ ။ အဲ့တာကို သူတို့ အတင်းဝင်လျှော်တော့တာပဲ Baekhyun ရယ် "
Baekhyun အားနာနာနဲ့ ဘာပြောရမှန်းမသိ ခေါင်းလေးကုတ်နေတုန်းမှာ အနောက်က မာဖီးယားကြီးကလည်း လက်နောက်ပစ်လို့ ရောက်လာတယ် ။
" ဟိုကောင်တွေ ဘာလုပ်နေကြတာလဲ "
ထွက်ပေါ်လာတဲ့ အသံကြောင့် Baekhyun ရော ဒေါ်လေးရော အားနာစွာ လှည့်ကြည့်မိသွားတယ် ။
" ဒေါ်လေးက အဝတ်လျှော်မယ်ပြင်နေတာကို
သူတို့လျှော်မယ်ဆိုပြီး ကူနေတာတဲ့ "
Baekhyun မျက်ခုံးလေးကို အပေါ်ပင့်လို့ တွန့်ချိုးပြီး အားနာသမှုလေးနဲ့ ပြောတော့ သူ့မာဖီးယားကြီးက အားနာစရာ လိုလို့လားဆိုတဲ့ အကြည့်မျိုးနဲ့ ပြုံးပြတယ် ။ ဒေါ်လေးသာ အနားမှာရှိမနေရင် ဒီလို ပြုံးကြည့်ရုံလောက်နဲ့ မပြီးမှာ အသေအချာပဲ ။
ဘေးမှာရပ်နေတဲ့ ဒေါ်လေးက အားနာမှုလေးကြားကပဲ ဘောင်းဘီတို ကိုယ်စီနဲ့ ရေကန်နားက ကတုံးတို့အုပ်စုကို ကြည့်ပြီး ပြုံးရှာတယ် ။
" လူငယ်လေးတွေက တကယ်လိမ္မာတာပဲနော် ၊
သားတောင် တော်ချင်စိတ်ပေါက်တယ် ၊
Haru လေးလည်း အဲ့လိုမျိုးလေး ကြီးပြင်းလာရင်ကောင်းမှာပဲ "
ဒီစကားအဆုံးမှာတော့ ဘေးဘက်က မာဖီးယားကြီးရဲ့ မျက်နှာက ချက်ချင်းကို တည်ကျသွားတော့တာပဲ ။ ဘယ်သူမှ သတိမထားမိပေမယ့် မနာလိုဖြစ်သွားတဲ့ မျက်နှာပေးကြီးက ထင်ရှားနေတယ် ။
" အဟမ်း...လျှော်စရာတွေ ရှိသေးလား "
ကြားလိုက်ရတဲ့ စကားတစ်ခွန်းကို Baekhyun မယုံနိုင်စွာ မျက်လုံးတွေ ဝိုင်းစက်လို့ ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်တော့ အကြည့်တွေကို မကျေမနပ်နဲ့ဘေးလွှဲထားတဲ့ မာဖီးယားကြီးကို မှုန်ကုပ်ကုပ်တွေ့လိုက်ရတယ် ။
Baekhyun အကြောက်အကန်ငြင်းရတော့တာပဲ ။
" ဟင့်အင်း...မလိုပါဘူး Hyung ၊
Hyung က ဧည့်သည်ကို ... ဒီတိုင်းပဲ.. "
Baekhyun စကားတောင် မဆုံးသေးဘူး ၊ ဒေါ်လေးဘေးမှာ ချထားတဲ့ စောင်တွေအပြည့်နဲ့ ခြင်းတစ်ခုကို Chanyeol မ.ယူတော့တာပဲ ။
" ဒါလျှော်ရမှာမလား ၊ ငါလျှော်မယ် "
" မဟုတ်ဘူးလေ.. Hyung! "
Baekhyun ကမန်းကတမ်းလေး လက်ထဲကခြင်းကို ပြန်ယူဖို့ကြိုးစားပေမယ့် လွှတ်မပေးဘဲ တားရဲတားကြည့် ဆိုတဲ့ အကြည့်မျိုးပဲ လက်ခံလိုက်ရတယ် ။
" ငါ့အတွက် လဲလို့ရမယ့် အင်္ကျီတစ်စုံလောက်ရှိလား ? "
Baekhyun အမှန်တကယ် ဆွံ့သွားရတော့တယ် ။
____________________________________
ကတုံးသုံးကောင်ဟာ ခပ်လှမ်းလှမ်းက မြင်ကွင်း တစ်ခုကိုငေးရင်း ကျောက်ရုပ်ကြီးတွေလို ငြိမ်သက်နေခဲ့ကြတယ် ။ ကျေးဇူးပြုပြီး သူတို့အမြင်အာရုံတွေပဲ မှားယွင်းနေတာလို့ တစ်ယောက်ယောက်က လာပြောလိုက်စမ်းပါ ။
မလှမ်းမကမ်းက ရေဘုံဘိုင်နားမှာ သူတို့နည်းတူ ကမ်းခြေဆင် အပွင့်ဘောင်းဘီတိုနဲ့ စွပ်ကျယ်ကို ဝတ်ဆင်ထားတဲ့ သူတို့ Boss မာဖီးယားကြီးဟာ ပလတ်စတစ်ပုံးအကြီးကြီးထဲ စောင်တွေကို ထည့်သိပ်ပြီး ရေဖြည့်လို့ ခြေနဲ့နင်းလျှော်ဖို့ အသင့်လုပ်နေတယ် ။
Boss ကလေ ? သူတို့ Boss ကလေ ?
ကတုံးတို့အုပ်စုဟာ မြင်နေရတဲ့ မျက်လုံးတွေကိုတောင် မယုံနိုင်ဘူး ။ Baekhyun ဦးလေးရဲ့ စွပ်ကျယ်ပေမယ့် ကြီးမားဖွံ့ဖြိုးလွန်းတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံနဲ့ Chanyeol ရဲ့ ကိုယ်ပေါ်ထက်ကို ရောက်သွားတဲ့အခါ တင်းကျပ်ပါးလွှာသွားပြီး ရင်အုပ်ကျယ်နဲ့ ဝမ်းဗိုက်ပေါ်မှာ 6 ခုအစီအရီ တည်ရှိနေတဲ့ ကြွက်သားစိုင်တွေ အထိ အကုန်ထင်ထင်ရှားရှား ပေါ်လွင်နေတယ် ။ ရင်အုပ်ဆီကနေ လည်ပင်းပေါ်ကို ခေါင်းထောင်တက်သွားတဲ့ မြွေပုံတက်တူးကြီးဟာလည်း ခါတိုင်းထက် ထင်ရှားထွက်နေပြီး ဘယ်ဘက်မျက်လုံးကို ကန့်လန့်ဖြတ်ထားတဲ့ အမာရွတ်ကလည်း အနည်းငယ်ရေဆွတ်ပြီး နောက်ကို လှန်တင်ထားတဲ့ ဆံပင်တွေကြောင့် အသေအချာပေါ်လွင်နေတယ် ။
သောက်ရမ်းမိုက်တယ် ။
သောက်ရမ်း မိုက်ပေမယ့်လည်းလေ... အောက်က ကမ်းခြေဆင်အပွင့်ဘောင်းဘီတိုနဲ့ စောင်တွေကို ခြေထောက်နဲ့ နင်းလျှော်နေတဲ့ပုံကလေ နည်းနည်း...
ကတုံးတို့အုပ်စုဟာ စိတ်ထဲကနေ တိုးတိုးကြိတ်ကြိတ် ဝေဖန် လေကန်နေတုန်းမှာပဲ သူတို့ဘက် အကြည့်ရောက်လာတဲ့ Boss ကြောင့် ကမန်းကတမ်းပဲ အကြည့်လွှဲလိုက်ရတယ် ။
" ဟေး...တစ်ကောင်ဒီကိုခဏလာခဲ့ "
လက်နှစ်ချောင်းနဲ့ ယပ်ပြီး ခေါ်နေပြန်တာမို့ သုံးကောင်ထဲက တစ်ကောင် မြန်မြန်ထပြီး Boss နားကို ခါတိုင်းလို လက်နှစ်ဖက်နောက်ပစ်ပြီး အမြန်သတိကပ်သွားရပ်လို့ ခေါင်းညွှတ် အရိုအသေပေးလိုက်တယ် ။
" ဟုတ်ကဲ့ Boss ! "
Chanyeol ဟာ ပူလွန်းတဲ့နေကြောင့် မျက်ခုံးထူထူတွေကို စိတ်လိုလက်ရ စုကြုံ့ထားရင်း ခါးကို လက်ထောက်ပြီး ခိုင်းလိုက်တယ်။
" ကားထဲမှာ နေကာမျက်မှန်ပါလား သွားရှာကြည့်ပြီး ယူလာခဲ့ ။ နေက မျက်နှာတည့်တည့်ကို ထိုးနေတာ ၊ သောက်ရမ်းပူတယ် "
" ဟုတ်ကဲ့ ! "
ကတုံးဟာ အလျှင်အမြန်ပဲ ခေါင်းတစ်ချက်ဆတ်ပြပြီး နေကာမျက်မှန် ယူဖို့ ကားရှိရာထံ ခပ်သွက်သွက်ပြေးလာခဲ့တော့တယ် ။
________________________________
Baekhyun ဟာ ကတုံးသုံးကောင် အဝတ်ထိုင်လျှော်နေတဲ့ဘေးမှာ အတူ ငုတ်တုတ်လေးထိုင်ပြီး သူ့ကို အကူမခံတဲ့ မာဖီးယားကြီးကို ငေးနေမိတယ် ။ စွပ်ကျယ်နဲ့ ဘောင်းဘီတိုနဲ့ နေကာမျက်မှန်တပ်ပြီး ကြိုးစားပမ်းစား စောင်တွေနင်းလျှော်နေတဲ့ မာဖီးယားကြီးဟာ အားလုံးပြီးသွားတော့ စောင်တွေကိုရေညှစ်ပြီး ခပ်လှမ်းလှမ်းက ကြိုးတန်းမှာ လှမ်းဖို့ပြင်နေလေရဲ့ ။
" Chan က နဂိုကတည်းက ဒီလိုကောင်းပေးတတ်တဲ့ လူမျိုးလား "
Baekhyun ကိုယ်တွေကြား ကြားရရုံခပ်တိုးတိုးလေး ရေရွတ်တော့ ဘေးက ကတုံးသုံးကောင်ရဲ့ မျက်နှာတွေထက်မှာ အပြုံးခပ်စစ နေရာယူသွားတယ် ။
" Boss က အမြဲ ကျွန်တော်တို့ကို ဆူပူ ဟိန်းဟောက်ပြီး ထုရိုက်နေပေမယ့် တကယ်ကို အကောင်းဆုံး Boss ပဲ "
" ဟုတ်တယ် ၊ ကျွန်တော်တို့ မိသားစုနောက်ခံတွေအထိပါ ပစ်မထားပဲ ထောက်ပံ့ပေးထားတယ်လေ "
" ဒါပေမယ့် သခင်လေးလောက်တော့ ဘယ်သူ့ကိုမှ မကောင်းပေးဖူးဘူးပေါ့ "
တစ်ယောက်တစ်ခွန်းဆီ ဆက်တိုက်ပြောလာတဲ့ စကားတွေကို နားထောင်ရင်း Baekhyun အကြည့်တွေကို ဒီဘက်ပြန်လွှဲကြည့်လာတယ် ။ သူ ဒီကတုံးတွေအကြောင်းကိုလည်း နည်းနည်း သိချင်မိတယ်လေ ။
" Hyung တို့က ဘယ်လိုဖြစ်ပြီး မာဖီးယားဂိုဏ်းထဲ ဝင်ဖြစ်သွားတာလဲ ? ဘယ်လိုပဲဖြစ်ဖြစ် ရှင်သန်ဖို့ကောင်းတဲ့ ဘဝမျိုးတော့ မဟုတ်ဘူးလေ "
သူ့အမေးကိုကြားတော့ အတိတ်အကြောင်းကို သတိရမိသွားတာမို့ ကတုံးသုံးကောင်လုံး ရှက်ပြုံးလေးတွေ ပြုံးကြတယ် ။
" Boss ကြောင့်ပဲဗျ ၊
တကယ်တော့ Boss က ကျွန်တော်တို့ရဲ့ Hero လေ.. ဟီး "
" ဟုတ်တယ် အဲ့တုန်းက ကျွန်တော်တို့ သုံးယောက်လုံး အထက်တန်းကျောင်းသားတွေပဲ ရှိသေးတာ ။ အဲ့ကတည်းက နည်းနည်းဆိုးတော့ လက်သီးတပြင်ပြင်ပဲ ။ တစ်ရက် နောက်ကျောင်းတစ်ကျောင်းကကောင်တွေ အုပ်စုနဲ့ ချိန်းထိုးတာမှာ ကျွန်တော်တို့ချည်း အဗြင်းခံရတာလေ "
" ဟိုကောင်တွေက စည်းဖောက်ပြီး ဓားမြှောင်တွေပါ ခိုးယူလာတာ ၊ လက်သီး သီးသန့်မဟုတ်တော့ အခန့်မသင့်ရင် ကျွန်တော်တို့ ဓားထိုးခံရမလို့ပဲ ။ အဲ့လို ဓားတွေနဲ့ ဝိုင်းခံနေရတုန်း Boss ရောက်လာတာလေ "
" Boss က အဲ့တုန်းက 21 လောက်ပဲ ရှိဦးမယ် ။
အဲ့တုန်းကတော့ သူက ဂိုဏ်းရဲ့သခင်လေးပေါ့ ၊
ဂိုဏ်းခေါင်းဆောင်က Boss ရဲ့အဖေလေ "
" အဲ့တုန်းက Boss နောက်ကိုလိုက်နေတဲ့ ဂိုဏ်းသားတွေကလည်း Boss အဖေရဲ့ လက်ထွက်တွေပဲ ။ အဲ့နေ့က Boss က တကယ်ကြီး ကျွန်တော့်မျက်လုံးထဲ အရမ်းမိုက်နေခဲ့တာ ။ အဲ့တာနဲ့ မရမက ကျွန်တော်တို့ကို ဂိုဏ်းထဲသွင်းပေးဖို့ ဒူးထောက်ပြီး ပူဆာခဲ့တာပဲ"
" ဟီး... အဲ့တုန်းက လူငယ်ဆိုတော့ အနာဂါတ်တွေဘာတွေ ခေါင်းထဲသိပ်မရှိဘူး ။ ထိုးတာကြိတ်တာလောက်ပဲ သိတော့ အားကြီးတဲ့ဘက်မှာ နေချင်ကြရုံပဲလေ ။ Boss က ပထမ လက်မခံဘူး ။ မင်းတို့က စာလုပ်ရမယ့်အရွယ်တွေ မဟုတ်ဘူးလားဆိုပြီး ခေါင်းတွေကို ပိတ်ချတာ ။ ရက်ပိုင်းလောက်ထိ နောက်ကနေ တကောက်ကောက်ပတ်လိုက်ပြီး ပူဆာတော့မှ ဝင်ခွင့်ပေးလိုက်တာ ။ Boss ရဲ့လက်ထွက် ဂိုဏ်းသားက ကျွန်တော်တို့သုံးယောက် ပထမဆုံးပဲ "
ဒီစကားမှာတော့ သုံးယောက်လုံးရဲ့ မျက်နှာတွေက ဘယ်လောက်ထိ ဂုဏ်ဆာနေသလဲ ဆိုတာကို Baekhyun မြင်နိုင်တယ် ။
" Boss 25 နှစ်လောက်မှာ ခေါင်းဆောင်ဟောင်းက သေနတ်ဒဏ်ရာနဲ့ ဆုံးသွားတယ် ၊ အဲ့နောက်ပိုင်း ဒီဂိုဏ်းကြီးတစ်ခုလုံးရဲ့ ဝန်က Boss ရဲ့ပုခုံးပေါ် ရောက်လာတော့တာပဲ "
" လည်ပင်းက မြွေပုံတက်တူးက Boss အဖေ သေတဲ့နေ့မှာ ထိုးခဲ့တာလေ ၊ ဂိုဏ်းရဲ့ တက်တူးဆရာက ပြောတယ် ။ အဖေလည်း သေသွား တက်တူးလည်း ထိုးနေတာတောင် အဲ့ဒီနေ့ညက Boss လုံးဝ မျက်ရည်တစ်စက် မကျခဲ့ဘူးတဲ့ "
" ခုဆို Boss ဂိုဏ်းခေါင်းဆောင်ဖြစ်တာ 7 နှစ်ရှိပြီပေါ့ ။ ဂိုဏ်းသားတွေလည်း ခုဆို Boss လက်ထွက်အသစ်တွေပဲ ကျန်တော့တာ "
" ပြီးတော့ Boss က လူတွေကို မျက်နှာတွေ နာမည်တွေ အများကြီးတွဲ မမှတ်မိဘူး ၊ ဒါကြောင့် မြင်သာထင်သာရှိအောင် ကိုယ့်ဂိုဏ်းက လူတွေကို အကုန် ကတုံးတုံးပေးထားတာလေ "
Baekhyun နားထောင်ရင်းနဲ့ အာ.. ဒီလိုပါလားဆိုပြီး ခေါင်းတငြှိမ့်ငြှိမ့် လုပ်နေမိတယ် ။ ဒီလိုနှစ်တွေ ကြာပြီမို့လည်း သူတို့တွေ Chanyeol ကို ဒီလောက်ထိ သံယောဇဥ် တွယ်နေကြတာ အံ့သြစရာ မရှိတော့ဘူး ။ Baekhyun ဟာ နောက်ထပ်သိချင်တဲ့ မေးခွန်းလေးတစ်ခုကိုလည်း တွန့်ဆုတ်ဆုတ်နဲ့ မေးလိုက်မိတယ် ။
" အရင်က Chan မှာ ရည်းစားတွေ ဘာတွေရော ရှိခဲ့ဖူးလားဟင် "
" မဟုတ်ပါဘူးနော် ..သခင်လေးကလည်း ၊
ကျွန်တော်တို့ Boss က သခင်လေးနဲ့မှ စပြီး ရည်းစားထားဖူးတာပါဆိုမှ !!! "
" ဟုတ်တယ် ၊ ဟုတ်တယ် ။
အရင်ကဆို တော်ရုံဘယ်သူ့ကိုမှ အနားကပ်ခံတာမဟုတ်ဘူး "
Baekhyun ပါးလေးတွေက ပန်းရောင်ရိပ်လေး ယှက်ပြေးသွားပြီး နှုတ်ခမ်းတွေကို မပြုံးမိအောင် မနည်းထိန်းထားလိုက်ရတယ် ။
ခပ်လှမ်းလှမ်းက လူဆီ အကြည့်တွေ ပြန်ငေးမိတော့ Baekhyun နှလုံးသားလေး ခုန်ပေါက်လာတာ တသိမ့်သိမ့်ပဲ ။
__________________________________
တစ်နေ့တာဟာ ကောင်းကောင်းမွန်မွန်ပဲ ကုန်ဆုံးသွားခဲ့တယ် ။ ညစာစားချိန်ကို ရောက်လာတော့လည်း အမြဲ luxury ဆန်ဆန် ဘဝမှာ နေလာခဲ့ရတဲ့ ချစ်သူအတွက် Baekhyun မျက်နှာလည်း ပူမိသလို ၊ သိမ်ငယ်စိတ်လေး အနည်းငယ်လည်း ဝင်မိပေမယ့် အရသာရှိရှိ အသေအချာစားပြနေတဲ့ မာဖီးယားကြီးကြောင့် သူတိတ်တဆိတ် ခိုးပြုံးခဲ့ရသေးတယ်လေ ။
မြို့ထဲကို order တွေ သွားပို့တုန်းက Chanyeol နဲ့အတူ Baekhyun အဝတ်နည်းနည်းလည်း ဝင်ဝယ်ခဲ့သေးတယ် ။ Suit အပြည့်ပဲ အမြဲဝတ်လာတတ်တဲ့ Mafia ကြီးတွေကြောင့် ညဘက်အိပ်တဲ့အခါ သက်တောင့်သက်သာ ရှိစေဖို့ ရည်ရွယ်ချက်နဲ့ တီရှပ် နဲ့ ချည်ဘောင်းဘီရှည် 4 စုံကို Baekhyun ရွေးလာခဲ့တယ်။
ခါတိုင်းလို ရှည်လက်ရှည်နဲ့မဟုတ်ဘဲ သူ့ခန္ဓာကိုယ်နဲ့ ကိုက်တဲ့ တီရှပ်အကြီးကြီးကို ဝတ်ထားပြီး ညစာစားနေတဲ့ Chanyeol ကို မြင်ရတာက Baekhyun အတွက် တစ်မျိုးတစ်ဖုံလေး အထူးအဆန်းဖြစ်ပြီး ရင်ခုန်ရတယ် ။
ညဘက် အိပ်ဖို့အတွက် စီစဥ်တော့ အခန်းအလွတ်မရှိတာမို့ ဧည့်ခန်းကျယ်ထဲမှာပဲ လေးယောက်စာ အိပ်ယာပြင်ရတယ် ။ Baekhyun နဲ့ ကတုံးသုံးကောင် သယ်လာတဲ့ အိပ်ရာခင်း ၊ စောင် ၊ ခေါင်းအုံး စတာတွေကို ကြမ်းပြင်ပေါ်ချတော့ မာဖီးယားကြီးရဲ့ မျက်ခုံးတွေ ခေတ္တတွန့်ချိုး သွားရလေရဲ့ ။
" ခေါင်းအုံးက ဘယ်လိုဖြစ်ပြီး 4 လုံးလဲ
ကိုယ်က မင်းအခန်းမှာ.. "
Baekhyun ဟာ ခပ်လှမ်းလှမ်းမှာ ကျောခိုင်းထားတဲ့ ဒေါ်လေး မကြားခင် ကမန်းကတမ်း မာဖီးယားကြီးရဲ့ နှုတ်ခမ်းတွေကို လက်နဲ့အုပ်ပြီး ပိတ်ပစ်လိုက်ရတယ် ။
သူ့ဘဝက တကယ့်ကို ကျီးလန့်စာစားနေရသလို အထိတ်ထိတ် အလန့်လန့်နဲ့ ။
Baekhyun ဟာ ဘာလဲဆိုတဲ့ သဘောနဲ့ပြန်ကြည့်နေတဲ့ မာဖီးယားကြီးကို တိုးတိုးနေဖို့ နှုတ်ခမ်းပေါ် လက်ညှိုးတင်ပြလိုက်ရပြီး ကြားရရုံလေသံလေးနဲ့ ပြောလိုက်တယ် ။
" ရှူး... ဒီညတော့ ဒီမှာပဲ အိပ်လိုက်ပါဗျာ.. နော်
ဒေါ်လေးတို့ တစ်မျိုးထင်သွားရင် ခက်မယ် "
" တစ်မျိုးပဲဟာကို..ထင်ရင်လည်း ထင်ပါစေပေါ့ "
" Chan ! "
Baekhyun မျက်ခုံးလေးတွေ မဆိုသလောက်စုကြုံ့သွားတော့ မာဖီးယားကြီးခမျာ သက်ပြင်းချပြီး ကတုံးသုံးကောင်နဲ့အတူ အိပ်ရာ ဝင်ပြင်တော့တာပဲ ။
ဒီလိုနဲ့ ဧည့်ခန်းကြမ်းပြင်ထက်မှာ အိပ်ရာခင်းလို့ Chanyeol တစ်သက်နဲ့တစ်ကိုယ် မကြုံဘူးတဲ့ လေးယောက်တန်းစီပြီး အိပ်ရတဲ့ အမှုကို ပြုလိုက်ရတော့တယ် ။
___________________________________
ဧည့်ခန်းထဲက နာရီလက်တံရဲ့ ရွေ့လျားသံ တစ်ချောက်ချောက်ဟာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင် မှာ ထင်ထင်ရှားရှား ထွက်ပေါ်နေတယ် ။ မီးတွေပိတ်ထားတဲ့ တစ်အိမ်လုံးဟာ လှုပ်ရှားမှု တစ်စုံတစ်ရာမှ မရှိတာမို့ အားလုံးအိပ်ပျော်နေပြီလို့ ထင်ကောင်းပေမယ့် ဧည့်ခန်းထဲက 4 ယောက်လုံးဟာ မျက်လုံးတွေ အပြူးသားနဲ့ ပက်လက်လှဲလျှက် ရှိနေကြတုန်း ။
" Boss ရေ "
လေသံလေးနဲ့ ကြားရရုံခေါ်လာတဲ့ ကတုံးတစ်ကောင်ကို Chanyeol နဖူးပေါ် လက်တစ်ဖက် တင်ထားရင်းကနေ ပြန်ဖြေလိုက်တယ် ။
" ဘာလဲ ! "
" Boss သွားချင်သွားလို့ရပြီနော် "
" ငါသိတယ် လျှာမရှည်နဲ့ "
ကတုံးဟာ မိမိနှုတ်ခမ်းကိုမိမိ ပြန်ဖိကြိတ်ပြီး သိမ်းယူထားလိုက်တယ် ။ သူသတိဖော်ပေးစရာ လိုမယ်လို့တော့ မထင်ပါဘူး ။
5 စက္ကန့်လောက် ကြာပြီးတဲ့ နောက်မှာတော့ သူတို့ Boss ဟာ ဆတ်ခနဲ ထထိုင်တော့တယ် ။ ကတုံးတွေ ခိုးကြည့်ဖို့ ပြင်လိုက်ပေမယ့် ဆတ်ခနဲ သူတို့ဘက်ကို အကြည့်စူးစူးတွေနဲ့ ကြည့်လာတဲ့ Boss ကြောင့် မျက်လုံးတွေကို မှိတ်ချပစ်ရင်း အိပ်ချင်ယောင် ဆောင်ပေးလိုက်ရတယ် ။
ခဏအကြာမှာတော့ အစွန်ဆုံးနေရာကနေ ထထွက်သွားတဲ့ လှုပ်ရှားသံတွေ ထွက်လာပြီးတော့မှ မျက်လုံးတွေကို ခိုးဖွင့်ကြည့်ရတယ် ။
Boss အပေါ်ထပ်ကို တက်သွားပြီ ။
လှေကားထက်က Boss အရိပ် ပျောက်ကွယ်သွားတော့မှ သုံးကောင်သား ထောင်ထားတဲ့ခေါင်းတွေကို ခေါင်းအုံးထက် ပြန်ချလိုက်တော့တယ် ။
" သူတို့ ဘာလုပ်မှာပါလိမ့် "
" မသိဘူးလေ "
" ငါတို့လည်း ရည်းစားရှိသင့်တယ်လို့ မထင်ဘူးလား "
" အဓိပ္ပာယ် မရှိတာတွေ ပြောမနေဘဲ အိပ်တော့ "
___________________________________
အသက်ရှူသံမှန်မှန်လေးနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ Baekhyun ဟာ ပါးပြင်ပေါ်က နွေးထွေးတဲ့ အထိအတွေ့လေးတစ်ခုကြောင့် လူးလွန့်လှုပ်ရှားလာရတယ် ။
အနည်းငယ် ခုလုခုလုဖြစ်နေပြီး လေးလံနေတဲ့ သူ့မျက်ခွံတွေကို သေချာ သတိထားဖွင့်ပြီး မော့ကြည့်လိုက်တဲ့ အခိုက်မှာတော့ သူ့ကို ဘေးဘက်ကနေ တံတောင်တစ်ဖက်ထောက်လှဲနေရင်း ပြုံးကြည့်နေတဲ့ ခန့်ညားတဲ့ မျက်နှာကို မြင်လိုက်ရတော့တာပဲ ။
Baekhyun အိပ်မှုံစုံဝါးလေးနဲ့ ပါးဖောင်းဖောင်းလေးတွေ မို့တက်အောင်ထိ ပြုံးမိသွားတယ် ။
" Hmm ? ပြုံးတယ်ပေါ့
ပြုံးသေးတယ်ပေါ့ ? "
Chanyeol ချစ်စနိုးနဲ့ ပါးဖောင်းဖောင်းလေးတစ်ဖက်ကို ခပ်ဖွဖွဆွဲညှစ်တော့ ရင်ခွင်ထဲက အကောင်ပေါက်လေးက ပိုလို့တောင် မျက်လုံးလေးတွေ မှေးအောင်အထိ ရယ်ပြီး ခပ်အီအီလေးနဲ့ ရင်ခွင်ထဲခေါင်းတိုးဝင်လာတယ် ။
လက်သေးသေးလေးတစ်ဖက်ကလည်း သူ့ခြုံထားတဲ့ စောင်လေးကို စမ်းပြီး ဘေးက Chanyeol ရဲ့ ကိုယ်ပေါ်ထက်ကို ဆွဲခြုံပေးနေတယ် ။ ဒီမျိုးစိတ်သေးသေးလေးက ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတော့တာပဲ ။
" ကိုယ်နဲ့ တကယ်ပြန်မလိုက်ဘူးလား ? "
နူးညံ့လွန်းတဲ့ ဆံချည်မျှင်လေးတွေကို Chanyeol ခပ်ဖွဖွ ပွတ်သပ်ပေးနေရင်း တိုးတိုးမေးတော့ ရင်ခွင်ထဲက ကောင်လေးက သူ့ကို ခေါင်းမော့လို့ ကြည့်လာတယ် ။
" ကျွန်တော် တကယ်လိုက်လို့ မဖြစ်ဘူး "
Chanyeol နည်းနည်း စိတ်ပျက်မိသွားပေမယ့် ခပ်ဖွဖွပြုံးပြရင်း မော့ကြည့်နေတဲ့ မျက်နှာလေးရဲ့ နှာခေါင်းထိပ်လေးကို နှုတ်ခမ်းနဲ့ ထိကပ်နမ်းလိုက်တယ် ။
" ကိုယ်သိပါပြီ ၊
ကိုယ်ပဲ အားရင် အားသလိုလာခဲ့မယ်
ဟုတ်ပြီလား "
မီးအိမ်က မီးရောင်သဲ့သဲ့လေးပဲ ထင်ဟပ်နေတဲ့ မျက်နှာချောချော ကို မော့ကြည့်နေရင်း Baekhyun အပြုံးလေးတွေ အနည်းငယ် အရောင်မှိန်သွားရှာတယ် ။ ရုတ်တရက် မျက်လွှာချသွားတဲ့ တိုစိပ်စိပ် မျက်တောင်လေးတွေက အနည်းငယ် လှုပ်ခတ်နေပြီး တစ်စုံတစ်ခုအတွက် စိတ်မကောင်းဖြစ်နေတဲ့ ဟန်လေးမျိုး ။
" Chan က ဘာလို့ ကျွန်တော့်ကို ဒီလောက်ထိ ဂရုစိုက်ပေးနေတာလဲ ၊ ကျွန်တော်က တကယ် ဘာမှမဟုတ်တဲ့ သူတစ်ယောက်ပဲကို "
တိုးဖွဖွ ထွက်ပေါ်လာတဲ့ အသံလေးက Chanyeol ကိုပါ စိတ်မကောင်းဖြစ်သွားစေတယ် ။
" ကလေးလေးရယ် "
Chanyeol ခပ်ဖွဖွ ရေရွတ်ရင်း မိမိရင်ဘတ်နား ထိကပ်ထားတဲ့ လက်သေးသေးတစ်ဖက်ကို ယူကိုင်ရင်း လက်ဖမိုးလေးကို အကြာကြီး ဖိကပ်နမ်းရှိုက်လိုက်တယ် ။ အနမ်းတွေ ဖယ်ခွာပြီး Baekhyun မျက်ဝန်းတွေထဲကို စိုက်ကြည့်တဲ့အချိန် Chanyeol အဲ့ လက်သေးသေးလေးတစ်ဖက်ကို ပါးနားမှာ ကပ်ထားမိနေတုန်းပဲ ။
" ဘာလို့အဲ့လိုတွေ တွေးနေရတာလဲ ၊
မင်းက ဘာမှမဟုတ်တဲ့သူတစ်ယောက်လို့ ဘယ်လိုပြောရက်နိုင်တာလဲ ၊ ဒီမှာ ကိုယ်ပြောပြမယ်... ကြည့် "
Chanyeol ဟာ ဖွေးဥပြီး နူးညံ့နေတဲ့ ပါးပြင်လေးထက်ကို တစ်ချက်ဖိကပ်ပြီး နမ်းရှိုက်လိုက်တယ် ။
" မင်းမှာ ဒီလို အပြစ်ကင်းတဲ့ မျက်နှာကြည်ကြည်လေး ရှိတယ် "
" ပြီးတော့ စကားကို အမြဲချိုချိုသာသာပြောပြီး ပြုံးနေတတ်တဲ့ နှုတ်ခမ်းလေးရှိတယ် "
" ကိုယ့်ကို မင်း အနိုင်ယူ ဗိုလ်ကျတာမျိုး ရှိခဲ့ဖူးလား ၊
ကိုယ်က အလိုလိုက်လို့ ရောင့်တက်ပြီး ဆိုးတာမျိုးရှိခဲ့လား တွေးကြည့်စမ်းပါဦး ၊ ဒီလောက် လိမ္မာတဲ့ ချစ်သူမျိုးလေး ကိုယ် ဘယ်ကမ္ဘာမှာရှာရှာ တွေ့မှာ မဟုတ်ဘူး "
" ကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချပြီး ငါနဲ့မတန်ဘူးဆိုတဲ့ အတွေးမျိုး မတွေးပါနဲ့ ကလေးလေးရယ် ၊ မင်းရဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့ နှလုံးသားလေးနဲ့တင် ကိုယ့်အရာရာအားလုံးကို ပိုင်ဖို့ ထိုက်တန်ပါတယ် ။ ကိုယ့်နှလုံးသားကိုရော ၊ ကိုယ့်အချစ်တွေကိုရော ၊ နောက်ပြီး ကိုယ့်ဂရုစိုက်မှုတွေကိုရော "
" အဲ့တာမို့ နောက်ပိုင်း ငါဘာလို့များ ဒီလောက်ထိ ပြီးပြည့်စုံတဲ့ မာဖီးယားကြီးကို ချစ်သူအနေနဲ့ ရထားပါလိမ့်လို့ တွေးမိရင် အော်.. ငါစိတ်ကောင်းကောင်း ထားလို့ပဲ လို့သာ မှတ်ယူထားလိုက် ၊ ဟုတ်ပြီလား "
နောက်ဆုံး ဟာသလေး အနည်းငယ် နှောပြောတော့ Baekhyun ပြုံးရယ်နေရင်းကနေ ရင်ခွင်ထဲ နဖူးလေးအပ်ကျလာတယ် ။ ပြီးမှ ပြုံးရယ်နေတဲ့ မျက်နှာလေးက တဖြည်းဖြည်းမဲ့ကျလာပြီး ငိုတော့တာပဲ ။
Chanyeol ကိုယ်လုံးသေးသေးလေးကို နှစ်သိမ့်ပေးရန် အလို့ငှာ ရင်ခွင်ကျယ်ကြီးထဲ မြုပ်နေအောင် ဖက်ထားမိလိုက်တယ် ။
" တကယ့်ကလေးလေးပဲ မင်းက ၊
ငိုစရာလားကွာ... မငိုနဲ့ တိတ်..တိတ် "
Chanyeol ကျောပြင်နွေးနွေးလေးကို ခံစားချက်တွေ သက်သာသွားစေဖို့ လက်ဖဝါးတစ်ဖက်နဲ့ ပွတ်သပ်ချပေးနေပေမယ့် အငိုသန်တဲ့ ကောင်လေးခမျာ မရပ်နိုင်ရှာဘူး ။
" တိတ်တော့လေကွာ ၊
လာ... မျက်နှာလေးမော့.. ကိုယ်မျက်ရည်တွေ သုတ်ပေးမယ် "
မော့လာတဲ့ မျက်နှာဖောင်းဖောင်းလေးထက်မှာ မျက်ရည်စီးကြောင်းတွေ ပေပွလို့ တိုစိပ်စိပ် မျက်တောင်လေးတွေကလည်း ပူးကပ်ပြီး နှာတရှုံ့ရှုံ့ဖြစ်နေရှာတယ် ။
အသည်းယားလွန်းတာမို့ Chanyeol စိတ်မထိန်းထားနိုင်တော့ပဲ မျက်နှာသေးသေးလေးကို ဝါးစားမိတော့မတတ် နေရာမလပ် နှုတ်ခမ်းတွေနဲ့ ပွတ်ဆွဲရင်း နမ်းရှိုက်မိတော့တယ် ။
မျက်နှာတစ်ပြင်လုံးနီးပါး လူးလွန့်သွားလာနေတဲ့ နှုတ်ခမ်းထူထူတွေက ပါးလွှာတဲ့ နှုတ်ခမ်းရဲရဲလေးထက်ကို ရောက်လာတဲ့အခါမှာတော့ အပေးအယူမျှမျှနဲ့ အကြာကြီး တစ်ထောက်နားမိတယ် ။
သိပ်သည်းလွန်းတဲ့ အနမ်းတွေက နှုတ်ခမ်းသားတွေအချင်းချင်း ဆွဲယူငုံထွေးရုံတင်မက လျှာဖျားလေးတွေ အချင်းချင်းပါ နွေးထွေးမှု ပေးနေကြတယ် ။
Chanyeol ခဏ ခဏ လေ့ကျင့်ပေးဖြစ်လို့ထင်ပါရဲ့ ၊ ခုဆို ဒီကောင်လေး နမ်းတာမှာ အတော်ကို တော်တဲ့အဆင့်ထိ ရောက်လာပြီ ။
အနမ်းတွေ ဖလှယ်နေခိုက်မှာ အကျင့်ပါနေတဲ့ Chanyeol လက်တွေက ငြိမ်ငြိမ်နေဖို့ ခက်ခဲတာမို့ ခါတိုင်းလိုပဲ ခါးသိမ်သိမ်လေးကို ဆုပ်ကိုင်ရာကတဆင့် အင်္ကျီထဲထိ တိုးဝင်ပွတ်သပ်လာလေရဲ့ ။
နှုတ်ခမ်းထူထူတွေ က လည်ပင်းစောင်းကိုကျရောက်လာတဲ့ အခါမှာတော့ Baekhyun ခန္ဓာကိုယ်က သာမန်ထက် အပူရှိန်တွေ မြင့်တက်လာခဲ့ပြီ ။
" Hmm... Chan.. "
ဒီ ညည်းညူသံ တိုးဖွဖွလေးက သူ့နာမည်နဲ့အတူတူ တွဲထွက်လာတတ်တာက Chanyeol အတွက်တော့ အားအပြင်းဆုံး စိတ်ကြွဆေးတစ်မျိုးပဲ ။
ခန္ဓာကိုယ် သေးသေးလေးရဲ့ နူးညံ့မှုကို အရသာခံဖို့ မစောင့်နိုင်တော့တဲ့ Chanyeol ဟာ ထိုကောင်လေး ဝတ်ထားတဲ့ တီရှပ်လေးကို လှန်တင်ပြီး စတင် နမ်းရှိုက်တော့တယ် ။
အထိမခံတဲ့ ရင်ဘတ်ပေါ်က အမှတ်အသားလေးပေါ် လျှာနွေးနွေးနဲ့ ဖိကပ်ပြီး စုပ်ယူမိတော့ ချက်ချင်းကို သူ့ခေါင်းပေါ်ထက် လက်သေးသေးလေးနှစ်ဖက် တင်ပြီး တွန်းထားတော့တာပဲ ။ အားက သိပ်မများတော့ Chanyeol အပေါ် ဘယ်လိုမှ မသက်ရောက်ဘူး ။
" Chan.. အာ့..မဖြစ်ဘူးနော်..
ဒေါ်..ဒေါ်လေးတို့ ကြားသွားရင်.. "
Chanyeol ဟာ အနမ်းတွေကို ဖယ်ခွာပြီး ခေါင်းပြန်မော့လာတဲ့အချိန် ပြောလို့မပြီးသေးတဲ့ နှုတ်ခမ်းပါးလေးကို လက်မနဲ့ အသာလေးပွတ်ဆွဲလိုက်တယ် ။
" စိတ်မပူပါနဲ့...
ကိုယ်တိုးတိုးတိတ်တိတ် လုပ်မှာပါ "
အဲ့တာပြီး ခါးမတ်လို့ ဝတ်ထားတဲ့ တီရှပ်ကို သူ့ဟာသူ ဆွဲချွတ်ပစ်လိုက်တာမို့ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ပေါ်က ကြွက်သားအဖုအထစ်တွေဟာ ရှင်းရှင်းလင်းလင်းကို ပေါ်ထွက်လာတယ် ။ အဲ့ဒီပုံစံက Baekhyun ကို ရင်မခုန်စေဘူးဆိုရင် လိမ်ရာကျမယ် ။
ပြန်လည်အုပ်မိုးလာတဲ့ ခန္ဓာကိုယ်ကြီးကို ကိုယ်ကိုယ်တိုင်က ငြင်းဆန်လိုစိတ်မရှိကြောင်း သိရှိလိုက်ရပြီး နောက်မှာတော့ Baekhyun မရုန်းကန်နေတော့ဘူး ။ လည်ပင်းကို လက်နှစ်ဖက်နဲ့ ဆီးကြိုပွေ့ဖက်လို့ မာကျောတဲ့ ကျောပြင်ကြီးထက် လက်တွေနဲ့ ကုပ်တွယ်ထားဖို့ပဲ ဆောင်ရွက်လိုက်တော့တယ် ။
________________________________
[ Warning - Sexual contect alerts start from here ❗Read at your own risk or you can skip it until the end ]
ကြမ်းပြင်ထက်က မထူမပါး မွေ့ယာထက်မှာ စည်းချက်မှန်မှန် လှုပ်ရှားနေကြတဲ့ ခန္ဓာကိုယ်နှစ်ခုက စောင်ထူထူအောက် နစ်မြုပ်လို့နေတယ် ။
အတတ်နိုင်ဆုံး အသံကျယ်ကျယ်မထွက်အောင် တိတ်တဆိတ် လှုပ်ရှားနေတဲ့သူကြောင့် Baekhyun လည်း ညည်းညူသံတွေကို ထိန်းချုပ်ပြီး သွားတွေအချင်းချင်းကိုပဲ ဖိကြိတ်ထားရတယ် ။
ရင်ခွင်ထဲ နစ်မြှုပ်နေတဲ့ Baekhyun ရဲ့ ခန္ဓာကိုယ်ထက်မှာ အဝတ်အစား အစုံအလင်ရှိသေးပေမယ့် အပေါ်က လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာတော့ ကျောပြင်တစ်ဝက်ကို ရောက်နေတဲ့ စောင်ထူထူပဲ ရှိတယ် ။
သူတို့နှစ်ယောက်လုံးဟာ တတ်နိုင်သမျှ တိတ်တိတ်ဆိတ်ဆိတ်နဲ့ မြန်မြန်လေး အပြတ်ဖြတ်ဖို့ ဆုံးဖြတ်ထားတာမို့ ခါတိုင်းလို အဝတ်အစားတွေကိုတောင် ဖယ်ရှားနမ်းရှိုက်မနေကြတော့ဘူး ။ အဓိက သွေးသားဆက်နွယ်မှူကိုပဲ အာရုံစိုက်လို့ တစ်ယောက်ကိုတစ်ယောက် လွတ်ထွက်သွားတော့မတတ် ဖက်တွယ်ထားကြတယ် ။
Baekhyun ရဲ့ လည်တိုင်ဖွေးဖွေးထက်မှာ အမှတ်အသားအချို့ ချန်ခဲ့ဖို့လည်း Chanyeol အတွက် အဆင်မပြေဘူး ။ သူလုပ်နိုင်တာက နှုတ်ခမ်းပါးလေးကို အရည်ပျော်ကျမတတ် ငုံထွေးနမ်းရှိုက်နေဖို့ပဲ ။
" အာ့..ဟာ့.. Chan "
Baekhyun မျက်ဝန်းတွေကို အသေဖိမှိတ်လို့ ညည်းညူသံအချို့ တိုးနိုင်သမျှ တိုးပြီး ထွက်မိတော့ ကျောပြင်ကျယ်ကြီးပေါ်မှာ ကုပ်တွယ်ထားတဲ့ သူ့လက်တွေဟာလည်း အားပြင်းလာခဲ့တယ် ။
လက်သည်းတွေက တုံးတိတိ တိုတိုလေးတွေပေမယ့် ကုတ်ဆွဲတဲ့အား ပြင်းလွန်းတဲ့အခါ မာဖီးယားကြီးရဲ့ ကျောပြင်ထက်မှာ အနီရောင် အစင်းကျားတွေပါ ပေါ်လာတော့တယ် ။ ဒါပေမယ့် ကိုယ်တစ်ခုလုံး ဗရပွဖြစ်နေတဲ့ အမာရွတ်တွေနဲ့ ယှဥ်ရင်တော့ ဘာမှမဟုတ်ဘူး။
" ဟာ့...Chan.. တိုးတိုး "
အရှိန်မြင့်လာတာနဲ့အမျှ အသားချင်းရိုက်ခတ်သံတွေက ပိုထင်ရှားလာတာမို့ Baekhyun ကိုယ်လေးက ထိတ်လန့်မှုကြောင့်ရော ရင်ခုန်မှုကြောင့်ရော ချွေးလေးတွေ စို့ချင်လာတယ် ။
သူဒီထက်ပိုပြီး တောင့်ခံမထားနိုင်တော့ဘူး ။ မထိန်းချုပ်နိုင်ပဲ တဆတ်ဆတ် တုန်ယင်လာတဲ့ ခြေဖျားလေးတွေကို Baekhyun ကုပ်ကွေးထားမိတယ် ။
" Chan... "
" အင်း...ကိုယ်သိတယ်.. ကလေးလေး
ကိုယ်ရောပဲ.. "
ဆက်နွယ်မှု တစ်နေရာက နွေးထွေးသွားတဲ့အချိန် Baekhyun နှုတ်ခမ်းတွေဟာ နောက်ဆုံးအကြိမ်အနေနဲ့ ဖိကပ် နမ်းရှိုက်ခံလိုက်ရတယ် ။ လေပူတွေကို အမောတကော ရှူထုတ်ရင်း အကြည့်ချင်းဆုံမိတော့ မာဖီးယားကြီးက ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့ အရသာကို ကျေနပ်စွာ မျက်ခုံးထူတွေကို စုကုပ်ထားရင်း ရယ်လာတယ်။
Baekhyun တော့ ရှက်လွန်းလို့ မျက်ဝန်းတွေထက်ကို လက်ဖမိုးလေးတစ်ဖက် ကပ်တင်မိတော့တာပဲ ။ အကြည့်ချင်း မဆုံချင်ဘူး။
" Hkk ... ရှက်နေတာလား
ဟေ့...ကလေးလေး "
" တော်ပါတော့ဗျာ "
Baekhyun ဟာ မာဖီးယားကြီးကို သူ့ကိုဆက်စနောက်နေခွင့် မပေးတော့ပဲ လည်ပင်းကနေ အားသုံးဖက်လို့ ဘေးဘက်ကိုလှဲချလိုက်တယ် ။ အလိုက်တသင့် လှဲချလာတဲ့ ကိုယ်ထည်ကြီးက တလှုပ်လှုပ်နဲ့ ရယ်နေတုန်းပဲ ။
Baekhyun ကတော့ ရင်ခွင်ထဲ မျက်နှာဝှက်ထားရာကနေ ပြန်မထွက်လာတော့တာမို့ Chanyeol ခေါင်းလုံးလုံးလေးထက်ကို ဖိကပ်နမ်းရင်းပဲ နှုတ်ဆက်လိုက်ရတော့တယ် ။
" ကောင်းသောညပါ
ကိုယ့်ကလေးလေး "
_____________________________________
Okay, they did it again (≖ ‿ ≖)
ခါတိုင်း တစ်ပိုင်း Note တစ်မျက်နှာ ရေးနေကျက ဒီတစ်ပိုင်းနဲ့တင် Note သုံးမျက်နှာ ဖြစ်သွားပါတယ် ။ Huu...I'm tired now .
အပိုင္း ၁၃ [ Unicode Version ]
Baekhyun မာဖီးယားႀကီးကို Scooter ေနာက္ကေန တင္ေခၚလို႔ order ေတြ ပို႔ၿပီး ျပန္အလာ အိမ္ေရွ႕ယာခင္းထဲက ကတုံးေတြကို မေတြ႕ရေတာ့ဘူး ။
ၿပီးေတာ့ ႏွစ္ေယာက္မရွိတဲ့ သူ႕ခ်စ္သူႀကီးဟာလည္း အရမ္းကို Skinship လုပ္ခ်င္ေနလြန္းလို႔ Baekhyun မွာ ပတ္ဝန္းက်င္ကို မ်က္စိေတာင္းေမွာက္ၾကည့္ရင္း ရင္ထိတ္ေနရတယ္ ။ စိတ္မထင္ရင္ မထင္သလို ပါးကိုလာဆြဲဖ်စ္လိုက္ ၊ ေခါင္းထိပ္ကို ဖိကပ္နမ္းလိုက္ ၊ လက္ကိုလာကိုင္လိုက္ လုပ္ေနတာမို႔ Baekhyun မွာ ထိတ္လန့္စိတ္ရယ္ ၊ ၾကည္ႏူးစိတ္ရယ္ ေရာေထြးလို႔ ရင္တုန္မႈက 2 ဆ တိုးရတယ္ ။
" ခဏေနာ္.. ကြၽန္ေတာ္ ေဒၚေလးကို သြားရွာလိုက္ဦးမယ္ "
Baekhyun စကားမရွိ စကားရွာေျပာလို႔ ရွက္ရဲရဲ ပါးျပင္ေလးေတြနဲ႕ပဲ အိမ္ထဲကိုဝင္လာခဲ့တယ္ ။ ဒါေပမယ့္ အိမ္ထဲမွာ သိသာစြာ ေျပာင္းလဲလႈပ္ရွားေနတဲ့အရာေတြေၾကာင့္ Baekhyun အာ႐ုံေတြ ခ်က္ခ်င္း လမ္းေၾကာင္းလြဲသြားရေလရဲ႕ ။
Baekhyun တို႔အိမ္ေအာက္ထပ္က အိမ္ေရွ႕မွာတင္မက ၊ အိမ္အေနာက္ဘက္မွာပါ တံခါးေပါက္ တစ္ခုရွိတယ္ ။ ဒါေပမယ့္ အၿမဲလိုလို ပိတ္ထားတတ္တာမို႔ ဖြင့္တဲ့အႀကိမ္ေရက ရွားတယ္ ။ ဒီေန႕ေတာ့ အဲ့တံခါးေပါက္ကို ဖြင့္ထားၿပီး ဝင္ေပါက္ဝနားမွာ ေဒၚေလးက ေစာင္ေတြထည့္ထားတဲ့ ျခင္းေတြကို ခ်ထားၿပီး အျပင္ဘက္ကို ၾကည့္ေနတာကို ျမင္လိုက္ရေတာ့တာပဲ ။
Baekhyun စိတ္ဝင္တစားနဲ႕ မ်က္ခုံးေလးပင့္ၿပီး ေဒၚေလး အနားတိုးကပ္သြားလိုက္တယ္ ။
" ေဒၚေလး ဘာေတြလုပ္မလို႔ ျပင္ေနတာလဲ "
Baekhyun အေမးစကားနဲ႕အတူ တံခါးဝနားေရာက္ၿပီမို႔ တစ္ခါတည္း ေဒၚေလးအၾကည့္ေတြရွ္ိရာဘက္ အတူလိုက္ၾကည့္လိုက္ေတာ့ ။
ဘုရားေရ... ကတုံးတို႔ အုပ္စု အဝတ္ထိုင္ေလွ်ာ္ေနၾကျပန္ၿပီ ။
Baekhyun ဟာ ခ်က္ခ်င္းမ်က္လုံးေတြ ပိုလို႔ ဝိုင္းစက္သြားရေတာ့တယ္ ။ ေဒၚေလးက အားနာမကင္း စိတ္ေလးနဲ႕ ဆက္ေငးေနရင္း Baekhyun ကို ခပ္ဖြဖြ ေျပာျပလာတယ္ ။
" ေဒၚေလးက ဒီေန႕ Baekhyun ေလးျပန္ေရာက္တာမို႔ အဝတ္အစားေတြ နည္းနည္းရွင္းၿပီး ေလွ်ာ္သင့္တာ ေလွ်ာ္မယ္ျပင္ေနတာ ။ အဲ့ဒါၿပီး ဧည့္သည့္ေတြနဲ႕မို႔ အိပ္ယာခင္းေတြပါ အသစ္လဲၿပီး အေဟာင္းေတြကိုေတာ့ ေလွ်ာ္ထားမလို႔ပဲ ။ အဲ့တာကို သူတို႔ အတင္းဝင္ေလွ်ာ္ေတာ့တာပဲ Baekhyun ရယ္ "
Baekhyun အားနာနာနဲ႕ ဘာေျပာရမွန္းမသိ ေခါင္းေလးကုတ္ေနတုန္းမွာ အေနာက္က မာဖီးယားႀကီးကလည္း လက္ေနာက္ပစ္လို႔ ေရာက္လာတယ္ ။
" ဟိုေကာင္ေတြ ဘာလုပ္ေနၾကတာလဲ "
ထြက္ေပၚလာတဲ့ အသံေၾကာင့္ Baekhyun ေရာ ေဒၚေလးေရာ အားနာစြာ လွည့္ၾကည့္မိသြားတယ္ ။
" ေဒၚေလးက အဝတ္ေလွ်ာ္မယ္ျပင္ေနတာကို
သူတို႔ေလွ်ာ္မယ္ဆိုၿပီး ကူေနတာတဲ့ "
Baekhyun မ်က္ခုံးေလးကို အေပၚပင့္လို႔ တြန့္ခ်ိဳးၿပီး အားနာသမႈေလးနဲ႕ ေျပာေတာ့ သူ႕မာဖီးယားႀကီးက အားနာစရာ လိုလို႔လားဆိုတဲ့ အၾကည့္မ်ိဳးနဲ႕ ၿပဳံးျပတယ္ ။ ေဒၚေလးသာ အနားမွာရွိမေနရင္ ဒီလို ၿပဳံးၾကည့္႐ုံေလာက္နဲ႕ မၿပီးမွာ အေသအခ်ာပဲ ။
ေဘးမွာရပ္ေနတဲ့ ေဒၚေလးက အားနာမႈေလးၾကားကပဲ ေဘာင္းဘီတို ကိုယ္စီနဲ႕ ေရကန္နားက ကတုံးတို႔အုပ္စုကို ၾကည့္ၿပီး ၿပဳံးရွာတယ္ ။
" လူငယ္ေလးေတြက တကယ္လိမၼာတာပဲေနာ္ ၊
သားေတာင္ ေတာ္ခ်င္စိတ္ေပါက္တယ္ ၊
Haru ေလးလည္း အဲ့လိုမ်ိဳးေလး ႀကီးျပင္းလာရင္ေကာင္းမွာပဲ "
ဒီစကားအဆုံးမွာေတာ့ ေဘးဘက္က မာဖီးယားႀကီးရဲ႕ မ်က္ႏွာက ခ်က္ခ်င္းကို တည္က်သြားေတာ့တာပဲ ။ ဘယ္သူမွ သတိမထားမိေပမယ့္ မနာလိုျဖစ္သြားတဲ့ မ်က္ႏွာေပးႀကီးက ထင္ရွားေနတယ္ ။
" အဟမ္း...ေလွ်ာ္စရာေတြ ရွိေသးလား "
ၾကားလိုက္ရတဲ့ စကားတစ္ခြန္းကို Baekhyun မယုံနိုင္စြာ မ်က္လုံးေတြ ဝိုင္းစက္လို႔ ဆတ္ခနဲ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ အၾကည့္ေတြကို မေက်မနပ္နဲ႕ေဘးလႊဲထားတဲ့ မာဖီးယားႀကီးကို မႈန္ကုပ္ကုပ္ေတြ႕လိုက္ရတယ္ ။
Baekhyun အေၾကာက္အကန္ျငင္းရေတာ့တာပဲ ။
" ဟင့္အင္း...မလိုပါဘူး Hyung ၊
Hyung က ဧည့္သည္ကို ... ဒီတိုင္းပဲ.. "
Baekhyun စကားေတာင္ မဆုံးေသးဘူး ၊ ေဒၚေလးေဘးမွာ ခ်ထားတဲ့ ေစာင္ေတြအျပည့္နဲ႕ ျခင္းတစ္ခုကို Chanyeol မ.ယူေတာ့တာပဲ ။
" ဒါေလွ်ာ္ရမွာမလား ၊ ငါေလွ်ာ္မယ္ "
" မဟုတ္ဘူးေလ.. Hyung! "
Baekhyun ကမန္းကတမ္းေလး လက္ထဲကျခင္းကို ျပန္ယူဖို႔ႀကိဳးစားေပမယ့္ လႊတ္မေပးဘဲ တားရဲတားၾကည့္ ဆိုတဲ့ အၾကည့္မ်ိဳးပဲ လက္ခံလိုက္ရတယ္ ။
" ငါ့အတြက္ လဲလို႔ရမယ့္ အကၤ်ီတစ္စုံေလာက္ရွိလား ? "
Baekhyun အမွန္တကယ္ ဆြံ႕သြားရေတာ့တယ္ ။
____________________________________
ကတုံးသုံးေကာင္ဟာ ခပ္လွမ္းလွမ္းက ျမင္ကြင္း တစ္ခုကိုေငးရင္း ေက်ာက္႐ုပ္ႀကီးေတြလို ၿငိမ္သက္ေနခဲ့ၾကတယ္ ။ ေက်းဇူးျပဳၿပီး သူတို႔အျမင္အာ႐ုံေတြပဲ မွားယြင္းေနတာလို႔ တစ္ေယာက္ေယာက္က လာေျပာလိုက္စမ္းပါ ။
မလွမ္းမကမ္းက ေရဘုံဘိုင္နားမွာ သူတို႔နည္းတူ ကမ္းေျခဆင္ အပြင့္ေဘာင္းဘီတိုနဲ႕ စြပ္က်ယ္ကို ဝတ္ဆင္ထားတဲ့ သူတို႔ Boss မာဖီးယားႀကီးဟာ ပလတ္စတစ္ပုံးအႀကီးႀကီးထဲ ေစာင္ေတြကို ထည့္သိပ္ၿပီး ေရျဖည့္လို႔ ေျခနဲ႕နင္းေလွ်ာ္ဖို႔ အသင့္လုပ္ေနတယ္ ။
Boss ကေလ ? သူတို႔ Boss ကေလ ?
ကတုံးတို႔အုပ္စုဟာ ျမင္ေနရတဲ့ မ်က္လုံးေတြကိုေတာင္ မယုံနိုင္ဘူး ။ Baekhyun ဦးေလးရဲ႕ စြပ္က်ယ္ေပမယ့္ ႀကီးမားဖြံ႕ၿဖိဳးလြန္းတဲ့ ခႏၶာကိုယ္တည္ေဆာက္ပုံနဲ႕ Chanyeol ရဲ႕ ကိုယ္ေပၚထက္ကို ေရာက္သြားတဲ့အခါ တင္းက်ပ္ပါးလႊာသြားၿပီး ရင္အုပ္က်ယ္နဲ႕ ဝမ္းဗိုက္ေပၚမွာ 6 ခုအစီအရီ တည္ရွိေနတဲ့ ႂကြက္သားစိုင္ေတြ အထိ အကုန္ထင္ထင္ရွားရွား ေပၚလြင္ေနတယ္ ။ ရင္အုပ္ဆီကေန လည္ပင္းေပၚကို ေခါင္းေထာင္တက္သြားတဲ့ ေႁမြပုံတက္တူးႀကီးဟာလည္း ခါတိုင္းထက္ ထင္ရွားထြက္ေနၿပီး ဘယ္ဘက္မ်က္လုံးကို ကန့္လန့္ျဖတ္ထားတဲ့ အမာ႐ြတ္ကလည္း အနည္းငယ္ေရဆြတ္ၿပီး ေနာက္ကို လွန္တင္ထားတဲ့ ဆံပင္ေတြေၾကာင့္ အေသအခ်ာေပၚလြင္ေနတယ္ ။
ေသာက္ရမ္းမိုက္တယ္ ။
ေသာက္ရမ္း မိုက္ေပမယ့္လည္းေလ... ေအာက္က ကမ္းေျခဆင္အပြင့္ေဘာင္းဘီတိုနဲ႕ ေစာင္ေတြကို ေျခေထာက္နဲ႕ နင္းေလွ်ာ္ေနတဲ့ပုံကေလ နည္းနည္း...
ကတုံးတို႔အုပ္စုဟာ စိတ္ထဲကေန တိုးတိုးႀကိတ္ႀကိတ္ ေဝဖန္ ေလကန္ေနတုန္းမွာပဲ သူတို႔ဘက္ အၾကည့္ေရာက္လာတဲ့ Boss ေၾကာင့္ ကမန္းကတမ္းပဲ အၾကည့္လႊဲလိုက္ရတယ္ ။
" ေဟး...တစ္ေကာင္ဒီကိုခဏလာခဲ့ "
လက္ႏွစ္ေခ်ာင္းနဲ႕ ယပ္ၿပီး ေခၚေနျပန္တာမို႔ သုံးေကာင္ထဲက တစ္ေကာင္ ျမန္ျမန္ထၿပီး Boss နားကို ခါတိုင္းလို လက္ႏွစ္ဖက္ေနာက္ပစ္ၿပီး အျမန္သတိကပ္သြားရပ္လို႔ ေခါင္းၫႊတ္ အရိုအေသေပးလိုက္တယ္ ။
" ဟုတ္ကဲ့ Boss ! "
Chanyeol ဟာ ပူလြန္းတဲ့ေနေၾကာင့္ မ်က္ခုံးထူထူေတြကို စိတ္လိုလက္ရ စုႀကဳံ႕ထားရင္း ခါးကို လက္ေထာက္ၿပီး ခိုင္းလိုက္တယ္။
" ကားထဲမွာ ေနကာမ်က္မွန္ပါလား သြားရွာၾကည့္ၿပီး ယူလာခဲ့ ။ ေနက မ်က္ႏွာတည့္တည့္ကို ထိုးေနတာ ၊ ေသာက္ရမ္းပူတယ္ "
" ဟုတ္ကဲ့ ! "
ကတုံးဟာ အလွ်င္အျမန္ပဲ ေခါင္းတစ္ခ်က္ဆတ္ျပၿပီး ေနကာမ်က္မွန္ ယူဖို႔ ကားရွိရာထံ ခပ္သြက္သြက္ေျပးလာခဲ့ေတာ့တယ္ ။
________________________________
Baekhyun ဟာ ကတုံးသုံးေကာင္ အဝတ္ထိုင္ေလွ်ာ္ေနတဲ့ေဘးမွာ အတူ ငုတ္တုတ္ေလးထိုင္ၿပီး သူ႕ကို အကူမခံတဲ့ မာဖီးယားႀကီးကို ေငးေနမိတယ္ ။ စြပ္က်ယ္နဲ႕ ေဘာင္းဘီတိုနဲ႕ ေနကာမ်က္မွန္တပ္ၿပီး ႀကိဳးစားပမ္းစား ေစာင္ေတြနင္းေလွ်ာ္ေနတဲ့ မာဖီးယားႀကီးဟာ အားလုံးၿပီးသြားေတာ့ ေစာင္ေတြကိုေရညွစ္ၿပီး ခပ္လွမ္းလွမ္းက ႀကိဳးတန္းမွာ လွမ္းဖို႔ျပင္ေနေလရဲ႕ ။
" Chan က နဂိုကတည္းက ဒီလိုေကာင္းေပးတတ္တဲ့ လူမ်ိဳးလား "
Baekhyun ကိုယ္ေတြၾကား ၾကားရ႐ုံခပ္တိုးတိုးေလး ေရ႐ြတ္ေတာ့ ေဘးက ကတုံးသုံးေကာင္ရဲ႕ မ်က္ႏွာေတြထက္မွာ အၿပဳံးခပ္စစ ေနရာယူသြားတယ္ ။
" Boss က အၿမဲ ကြၽန္ေတာ္တို႔ကို ဆူပူ ဟိန္းေဟာက္ၿပီး ထုရိုက္ေနေပမယ့္ တကယ္ကို အေကာင္းဆုံး Boss ပဲ "
" ဟုတ္တယ္ ၊ ကြၽန္ေတာ္တို႔ မိသားစုေနာက္ခံေတြအထိပါ ပစ္မထားပဲ ေထာက္ပံ့ေပးထားတယ္ေလ "
" ဒါေပမယ့္ သခင္ေလးေလာက္ေတာ့ ဘယ္သူ႕ကိုမွ မေကာင္းေပးဖူးဘူးေပါ့ "
တစ္ေယာက္တစ္ခြန္းဆီ ဆက္တိုက္ေျပာလာတဲ့ စကားေတြကို နားေထာင္ရင္း Baekhyun အၾကည့္ေတြကို ဒီဘက္ျပန္လႊဲၾကည့္လာတယ္ ။ သူ ဒီကတုံးေတြအေၾကာင္းကိုလည္း နည္းနည္း သိခ်င္မိတယ္ေလ ။
" Hyung တို႔က ဘယ္လိုျဖစ္ၿပီး မာဖီးယားဂိုဏ္းထဲ ဝင္ျဖစ္သြားတာလဲ ? ဘယ္လိုပဲျဖစ္ျဖစ္ ရွင္သန္ဖို႔ေကာင္းတဲ့ ဘဝမ်ိဳးေတာ့ မဟုတ္ဘူးေလ "
သူ႕အေမးကိုၾကားေတာ့ အတိတ္အေၾကာင္းကို သတိရမိသြားတာမို႔ ကတုံးသုံးေကာင္လုံး ရွက္ၿပဳံးေလးေတြ ၿပဳံးၾကတယ္ ။
" Boss ေၾကာင့္ပဲဗ် ၊
တကယ္ေတာ့ Boss က ကြၽန္ေတာ္တို႔ရဲ႕ Hero ေလ.. ဟီး "
" ဟုတ္တယ္ အဲ့တုန္းက ကြၽန္ေတာ္တို႔ သုံးေယာက္လုံး အထက္တန္းေက်ာင္းသားေတြပဲ ရွိေသးတာ ။ အဲ့ကတည္းက နည္းနည္းဆိုးေတာ့ လက္သီးတျပင္ျပင္ပဲ ။ တစ္ရက္ ေနာက္ေက်ာင္းတစ္ေက်ာင္းကေကာင္ေတြ အုပ္စုနဲ႕ ခ်ိန္းထိုးတာမွာ ကြၽန္ေတာ္တို႔ခ်ည္း အျဗင္းခံရတာေလ "
" ဟိုေကာင္ေတြက စည္းေဖာက္ၿပီး ဓားျမႇောင္ေတြပါ ခိုးယူလာတာ ၊ လက္သီး သီးသန့္မဟုတ္ေတာ့ အခန့္မသင့္ရင္ ကြၽန္ေတာ္တို႔ ဓားထိုးခံရမလို႔ပဲ ။ အဲ့လို ဓားေတြနဲ႕ ဝိုင္းခံေနရတုန္း Boss ေရာက္လာတာေလ "
" Boss က အဲ့တုန္းက 21 ေလာက္ပဲ ရွိဦးမယ္ ။
အဲ့တုန္းကေတာ့ သူက ဂိုဏ္းရဲ႕သခင္ေလးေပါ့ ၊
ဂိုဏ္းေခါင္းေဆာင္က Boss ရဲ႕အေဖေလ "
" အဲ့တုန္းက Boss ေနာက္ကိုလိုက္ေနတဲ့ ဂိုဏ္းသားေတြကလည္း Boss အေဖရဲ႕ လက္ထြက္ေတြပဲ ။ အဲ့ေန႕က Boss က တကယ္ႀကီး ကြၽန္ေတာ့္မ်က္လုံးထဲ အရမ္းမိုက္ေနခဲ့တာ ။ အဲ့တာနဲ႕ မရမက ကြၽန္ေတာ္တို႔ကို ဂိုဏ္းထဲသြင္းေပးဖို႔ ဒူးေထာက္ၿပီး ပူဆာခဲ့တာပဲ"
" ဟီး... အဲ့တုန္းက လူငယ္ဆိုေတာ့ အနာဂါတ္ေတြဘာေတြ ေခါင္းထဲသိပ္မရွိဘူး ။ ထိုးတာႀကိတ္တာေလာက္ပဲ သိေတာ့ အားႀကီးတဲ့ဘက္မွာ ေနခ်င္ၾက႐ုံပဲေလ ။ Boss က ပထမ လက္မခံဘူး ။ မင္းတို႔က စာလုပ္ရမယ့္အ႐ြယ္ေတြ မဟုတ္ဘူးလားဆိုၿပီး ေခါင္းေတြကို ပိတ္ခ်တာ ။ ရက္ပိုင္းေလာက္ထိ ေနာက္ကေန တေကာက္ေကာက္ပတ္လိုက္ၿပီး ပူဆာေတာ့မွ ဝင္ခြင့္ေပးလိုက္တာ ။ Boss ရဲ႕လက္ထြက္ ဂိုဏ္းသားက ကြၽန္ေတာ္တို႔သုံးေယာက္ ပထမဆုံးပဲ "
ဒီစကားမွာေတာ့ သုံးေယာက္လုံးရဲ႕ မ်က္ႏွာေတြက ဘယ္ေလာက္ထိ ဂုဏ္ဆာေနသလဲ ဆိုတာကို Baekhyun ျမင္နိုင္တယ္ ။
" Boss 25 ႏွစ္ေလာက္မွာ ေခါင္းေဆာင္ေဟာင္းက ေသနတ္ဒဏ္ရာနဲ႕ ဆုံးသြားတယ္ ၊ အဲ့ေနာက္ပိုင္း ဒီဂိုဏ္းႀကီးတစ္ခုလုံးရဲ႕ ဝန္က Boss ရဲ႕ပုခုံးေပၚ ေရာက္လာေတာ့တာပဲ "
" လည္ပင္းက ေႁမြပုံတက္တူးက Boss အေဖ ေသတဲ့ေန႕မွာ ထိုးခဲ့တာေလ ၊ ဂိုဏ္းရဲ႕ တက္တူးဆရာက ေျပာတယ္ ။ အေဖလည္း ေသသြား တက္တူးလည္း ထိုးေနတာေတာင္ အဲ့ဒီေန႕ညက Boss လုံးဝ မ်က္ရည္တစ္စက္ မက်ခဲ့ဘူးတဲ့ "
" ခုဆို Boss ဂိုဏ္းေခါင္းေဆာင္ျဖစ္တာ 7 ႏွစ္ရွိၿပီေပါ့ ။ ဂိုဏ္းသားေတြလည္း ခုဆို Boss လက္ထြက္အသစ္ေတြပဲ က်န္ေတာ့တာ "
" ၿပီးေတာ့ Boss က လူေတြကို မ်က္ႏွာေတြ နာမည္ေတြ အမ်ားႀကီးတြဲ မမွတ္မိဘူး ၊ ဒါေၾကာင့္ ျမင္သာထင္သာရွိေအာင္ ကိုယ့္ဂိုဏ္းက လူေတြကို အကုန္ ကတုံးတုံးေပးထားတာေလ "
Baekhyun နားေထာင္ရင္းနဲ႕ အာ.. ဒီလိုပါလားဆိုၿပီး ေခါင္းတျငႇိမ့္ျငႇိမ့္ လုပ္ေနမိတယ္ ။ ဒီလိုႏွစ္ေတြ ၾကာၿပီမို႔လည္း သူတို႔ေတြ Chanyeol ကို ဒီေလာက္ထိ သံေယာဇဥ္ တြယ္ေနၾကတာ အံ့ၾသစရာ မရွိေတာ့ဘူး ။ Baekhyun ဟာ ေနာက္ထပ္သိခ်င္တဲ့ ေမးခြန္းေလးတစ္ခုကိုလည္း တြန့္ဆုတ္ဆုတ္နဲ႕ ေမးလိုက္မိတယ္ ။
" အရင္က Chan မွာ ရည္းစားေတြ ဘာေတြေရာ ရွိခဲ့ဖူးလားဟင္ "
" မဟုတ္ပါဘူးေနာ္ ..သခင္ေလးကလည္း ၊
ကြၽန္ေတာ္တို႔ Boss က သခင္ေလးနဲ႕မွ စၿပီး ရည္းစားထားဖူးတာပါဆိုမွ !!! "
" ဟုတ္တယ္ ၊ ဟုတ္တယ္ ။
အရင္ကဆို ေတာ္႐ုံဘယ္သူ႕ကိုမွ အနားကပ္ခံတာမဟုတ္ဘူး "
Baekhyun ပါးေလးေတြက ပန္းေရာင္ရိပ္ေလး ယွက္ေျပးသြားၿပီး ႏႈတ္ခမ္းေတြကို မၿပဳံးမိေအာင္ မနည္းထိန္းထားလိုက္ရတယ္ ။
ခပ္လွမ္းလွမ္းက လူဆီ အၾကည့္ေတြ ျပန္ေငးမိေတာ့ Baekhyun ႏွလုံးသားေလး ခုန္ေပါက္လာတာ တသိမ့္သိမ့္ပဲ ။
__________________________________
တစ္ေန႕တာဟာ ေကာင္းေကာင္းမြန္မြန္ပဲ ကုန္ဆုံးသြားခဲ့တယ္ ။ ညစာစားခ်ိန္ကို ေရာက္လာေတာ့လည္း အၿမဲ luxury ဆန္ဆန္ ဘဝမွာ ေနလာခဲ့ရတဲ့ ခ်စ္သူအတြက္ Baekhyun မ်က္ႏွာလည္း ပူမိသလို ၊ သိမ္ငယ္စိတ္ေလး အနည္းငယ္လည္း ဝင္မိေပမယ့္ အရသာရွိရွိ အေသအခ်ာစားျပေနတဲ့ မာဖီးယားႀကီးေၾကာင့္ သူတိတ္တဆိတ္ ခိုးၿပဳံးခဲ့ရေသးတယ္ေလ ။
ၿမိဳ႕ထဲကို order ေတြ သြားပို႔တုန္းက Chanyeol နဲ႕အတူ Baekhyun အဝတ္နည္းနည္းလည္း ဝင္ဝယ္ခဲ့ေသးတယ္ ။ Suit အျပည့္ပဲ အၿမဲဝတ္လာတတ္တဲ့ Mafia ႀကီးေတြေၾကာင့္ ညဘက္အိပ္တဲ့အခါ သက္ေတာင့္သက္သာ ရွိေစဖို႔ ရည္႐ြယ္ခ်က္နဲ႕ တီရွပ္ နဲ႕ ခ်ည္ေဘာင္းဘီရွည္ 4 စုံကို Baekhyun ေ႐ြးလာခဲ့တယ္။
ခါတိုင္းလို ရွည္လက္ရွည္နဲ႕မဟုတ္ဘဲ သူ႕ခႏၶာကိုယ္နဲ႕ ကိုက္တဲ့ တီရွပ္အႀကီးႀကီးကို ဝတ္ထားၿပီး ညစာစားေနတဲ့ Chanyeol ကို ျမင္ရတာက Baekhyun အတြက္ တစ္မ်ိဳးတစ္ဖုံေလး အထူးအဆန္းျဖစ္ၿပီး ရင္ခုန္ရတယ္ ။
ညဘက္ အိပ္ဖို႔အတြက္ စီစဥ္ေတာ့ အခန္းအလြတ္မရွိတာမို႔ ဧည့္ခန္းက်ယ္ထဲမွာပဲ ေလးေယာက္စာ အိပ္ယာျပင္ရတယ္ ။ Baekhyun နဲ႕ ကတုံးသုံးေကာင္ သယ္လာတဲ့ အိပ္ရာခင္း ၊ ေစာင္ ၊ ေခါင္းအုံး စတာေတြကို ၾကမ္းျပင္ေပၚခ်ေတာ့ မာဖီးယားႀကီးရဲ႕ မ်က္ခုံးေတြ ေခတၱတြန့္ခ်ိဳး သြားရေလရဲ႕ ။
" ေခါင္းအုံးက ဘယ္လိုျဖစ္ၿပီး 4 လုံးလဲ
ကိုယ္က မင္းအခန္းမွာ.. "
Baekhyun ဟာ ခပ္လွမ္းလွမ္းမွာ ေက်ာခိုင္းထားတဲ့ ေဒၚေလး မၾကားခင္ ကမန္းကတမ္း မာဖီးယားႀကီးရဲ႕ ႏႈတ္ခမ္းေတြကို လက္နဲ႕အုပ္ၿပီး ပိတ္ပစ္လိုက္ရတယ္ ။
သူ႕ဘဝက တကယ့္ကို က်ီးလန့္စာစားေနရသလို အထိတ္ထိတ္ အလန့္လန့္နဲ႕ ။
Baekhyun ဟာ ဘာလဲဆိုတဲ့ သေဘာနဲ႕ျပန္ၾကည့္ေနတဲ့ မာဖီးယားႀကီးကို တိုးတိုးေနဖို႔ ႏႈတ္ခမ္းေပၚ လက္ညွိုးတင္ျပလိုက္ရၿပီး ၾကားရ႐ုံေလသံေလးနဲ႕ ေျပာလိုက္တယ္ ။
" ရႉး... ဒီညေတာ့ ဒီမွာပဲ အိပ္လိုက္ပါဗ်ာ.. ေနာ္
ေဒၚေလးတို႔ တစ္မ်ိဳးထင္သြားရင္ ခက္မယ္ "
" တစ္မ်ိဳးပဲဟာကို..ထင္ရင္လည္း ထင္ပါေစေပါ့ "
" Chan ! "
Baekhyun မ်က္ခုံးေလးေတြ မဆိုသေလာက္စုႀကဳံ႕သြားေတာ့ မာဖီးယားႀကီးခမ်ာ သက္ျပင္းခ်ၿပီး ကတုံးသုံးေကာင္နဲ႕အတူ အိပ္ရာ ဝင္ျပင္ေတာ့တာပဲ ။
ဒီလိုနဲ႕ ဧည့္ခန္းၾကမ္းျပင္ထက္မွာ အိပ္ရာခင္းလို႔ Chanyeol တစ္သက္နဲ႕တစ္ကိုယ္ မႀကဳံဘူးတဲ့ ေလးေယာက္တန္းစီၿပီး အိပ္ရတဲ့ အမႈကို ျပဳလိုက္ရေတာ့တယ္ ။
___________________________________
ဧည့္ခန္းထဲက နာရီလက္တံရဲ႕ ေ႐ြ႕လ်ားသံ တစ္ေခ်ာက္ေခ်ာက္ဟာ တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္ မွာ ထင္ထင္ရွားရွား ထြက္ေပၚေနတယ္ ။ မီးေတြပိတ္ထားတဲ့ တစ္အိမ္လုံးဟာ လႈပ္ရွားမႈ တစ္စုံတစ္ရာမွ မရွိတာမို႔ အားလုံးအိပ္ေပ်ာ္ေနၿပီလို႔ ထင္ေကာင္းေပမယ့္ ဧည့္ခန္းထဲက 4 ေယာက္လုံးဟာ မ်က္လုံးေတြ အျပဴးသားနဲ႕ ပက္လက္လွဲလွ်က္ ရွိေနၾကတုန္း ။
" Boss ေရ "
ေလသံေလးနဲ႕ ၾကားရ႐ုံေခၚလာတဲ့ ကတုံးတစ္ေကာင္ကို Chanyeol နဖူးေပၚ လက္တစ္ဖက္ တင္ထားရင္းကေန ျပန္ေျဖလိုက္တယ္ ။
" ဘာလဲ ! "
" Boss သြားခ်င္သြားလို႔ရၿပီေနာ္ "
" ငါသိတယ္ လွ်ာမရွည္နဲ႕ "
ကတုံးဟာ မိမိႏႈတ္ခမ္းကိုမိမိ ျပန္ဖိႀကိတ္ၿပီး သိမ္းယူထားလိုက္တယ္ ။ သူသတိေဖာ္ေပးစရာ လိုမယ္လို႔ေတာ့ မထင္ပါဘူး ။
5 စကၠန့္ေလာက္ ၾကာၿပီးတဲ့ ေနာက္မွာေတာ့ သူတို႔ Boss ဟာ ဆတ္ခနဲ ထထိုင္ေတာ့တယ္ ။ ကတုံးေတြ ခိုးၾကည့္ဖို႔ ျပင္လိုက္ေပမယ့္ ဆတ္ခနဲ သူတို႔ဘက္ကို အၾကည့္စူးစူးေတြနဲ႕ ၾကည့္လာတဲ့ Boss ေၾကာင့္ မ်က္လုံးေတြကို မွိတ္ခ်ပစ္ရင္း အိပ္ခ်င္ေယာင္ ေဆာင္ေပးလိုက္ရတယ္ ။
ခဏအၾကာမွာေတာ့ အစြန္ဆုံးေနရာကေန ထထြက္သြားတဲ့ လႈပ္ရွားသံေတြ ထြက္လာၿပီးေတာ့မွ မ်က္လုံးေတြကို ခိုးဖြင့္ၾကည့္ရတယ္ ။
Boss အေပၚထပ္ကို တက္သြားၿပီ ။
ေလွကားထက္က Boss အရိပ္ ေပ်ာက္ကြယ္သြားေတာ့မွ သုံးေကာင္သား ေထာင္ထားတဲ့ေခါင္းေတြကို ေခါင္းအုံးထက္ ျပန္ခ်လိဳက္ေတာ့တယ္ ။
" သူတို႔ ဘာလုပ္မွာပါလိမ့္ "
" မသိဘူးေလ "
" ငါတို႔လည္း ရည္းစားရွိသင့္တယ္လို႔ မထင္ဘူးလား "
" အဓိပၸာယ္ မရွိတာေတြ ေျပာမေနဘဲ အိပ္ေတာ့ "
___________________________________
အသက္ရႉသံမွန္မွန္ေလးနဲ႕ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တဲ့ Baekhyun ဟာ ပါးျပင္ေပၚက ႏြေးေထြးတဲ့ အထိအေတြ႕ေလးတစ္ခုေၾကာင့္ လူးလြန့္လႈပ္ရွားလာရတယ္ ။
အနည္းငယ္ ခုလုခုလုျဖစ္ေနၿပီး ေလးလံေနတဲ့ သူ႕မ်က္ခြံေတြကို ေသခ်ာ သတိထားဖြင့္ၿပီး ေမာ့ၾကည့္လိုက္တဲ့ အခိုက္မွာေတာ့ သူ႕ကို ေဘးဘက္ကေန တံေတာင္တစ္ဖက္ေထာက္လွဲေနရင္း ၿပဳံးၾကည့္ေနတဲ့ ခန့္ညားတဲ့ မ်က္ႏွာကို ျမင္လိုက္ရေတာ့တာပဲ ။
Baekhyun အိပ္မႈံစုံဝါးေလးနဲ႕ ပါးေဖာင္းေဖာင္းေလးေတြ မို႔တက္ေအာင္ထိ ၿပဳံးမိသြားတယ္ ။
" Hmm ? ၿပဳံးတယ္ေပါ့
ၿပဳံးေသးတယ္ေပါ့ ? "
Chanyeol ခ်စ္စနိုးနဲ႕ ပါးေဖာင္းေဖာင္းေလးတစ္ဖက္ကို ခပ္ဖြဖြဆြဲညွစ္ေတာ့ ရင္ခြင္ထဲက အေကာင္ေပါက္ေလးက ပိုလို႔ေတာင္ မ်က္လုံးေလးေတြ ေမွးေအာင္အထိ ရယ္ၿပီး ခပ္အီအီေလးနဲ႕ ရင္ခြင္ထဲေခါင္းတိုးဝင္လာတယ္ ။
လက္ေသးေသးေလးတစ္ဖက္ကလည္း သူ႕ၿခဳံထားတဲ့ ေစာင္ေလးကို စမ္းၿပီး ေဘးက Chanyeol ရဲ႕ ကိုယ္ေပၚထက္ကို ဆြဲၿခဳံေပးေနတယ္ ။ ဒီမ်ိဳးစိတ္ေသးေသးေလးက ဘာလုပ္လုပ္ ခ်စ္ဖို႔ေကာင္းေနေတာ့တာပဲ ။
" ကိုယ္နဲ႕ တကယ္ျပန္မလိုက္ဘူးလား ? "
ႏူးညံ့လြန္းတဲ့ ဆံခ်ည္မွ်င္ေလးေတြကို Chanyeol ခပ္ဖြဖြ ပြတ္သပ္ေပးေနရင္း တိုးတိုးေမးေတာ့ ရင္ခြင္ထဲက ေကာင္ေလးက သူ႕ကို ေခါင္းေမာ့လို႔ ၾကည့္လာတယ္ ။
" ကြၽန္ေတာ္ တကယ္လိုက္လို႔ မျဖစ္ဘူး "
Chanyeol နည္းနည္း စိတ္ပ်က္မိသြားေပမယ့္ ခပ္ဖြဖြၿပဳံးျပရင္း ေမာ့ၾကည့္ေနတဲ့ မ်က္ႏွာေလးရဲ႕ ႏွာေခါင္းထိပ္ေလးကို ႏႈတ္ခမ္းနဲ႕ ထိကပ္နမ္းလိုက္တယ္ ။
" ကိုယ္သိပါၿပီ ၊
ကိုယ္ပဲ အားရင္ အားသလိုလာခဲ့မယ္
ဟုတ္ၿပီလား "
မီးအိမ္က မီးေရာင္သဲ့သဲ့ေလးပဲ ထင္ဟပ္ေနတဲ့ မ်က္ႏွာေခ်ာေခ်ာ ကို ေမာ့ၾကည့္ေနရင္း Baekhyun အၿပဳံးေလးေတြ အနည္းငယ္ အေရာင္မွိန္သြားရွာတယ္ ။ ႐ုတ္တရက္ မ်က္လႊာခ်သြားတဲ့ တိုစိပ္စိပ္ မ်က္ေတာင္ေလးေတြက အနည္းငယ္ လႈပ္ခတ္ေနၿပီး တစ္စုံတစ္ခုအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့ ဟန္ေလးမ်ိဳး ။
" Chan က ဘာလို႔ ကြၽန္ေတာ့္ကို ဒီေလာက္ထိ ဂ႐ုစိုက္ေပးေနတာလဲ ၊ ကြၽန္ေတာ္က တကယ္ ဘာမွမဟုတ္တဲ့ သူတစ္ေယာက္ပဲကို "
တိုးဖြဖြ ထြက္ေပၚလာတဲ့ အသံေလးက Chanyeol ကိုပါ စိတ္မေကာင္းျဖစ္သြားေစတယ္ ။
" ကေလးေလးရယ္ "
Chanyeol ခပ္ဖြဖြ ေရ႐ြတ္ရင္း မိမိရင္ဘတ္နား ထိကပ္ထားတဲ့ လက္ေသးေသးတစ္ဖက္ကို ယူကိုင္ရင္း လက္ဖမိုးေလးကို အၾကာႀကီး ဖိကပ္နမ္းရွိုက္လိုက္တယ္ ။ အနမ္းေတြ ဖယ္ခြာၿပီး Baekhyun မ်က္ဝန္းေတြထဲကို စိုက္ၾကည့္တဲ့အခ်ိန္ Chanyeol အဲ့ လက္ေသးေသးေလးတစ္ဖက္ကို ပါးနားမွာ ကပ္ထားမိေနတုန္းပဲ ။
" ဘာလို႔အဲ့လိုေတြ ေတြးေနရတာလဲ ၊
မင္းက ဘာမွမဟုတ္တဲ့သူတစ္ေယာက္လို႔ ဘယ္လိုေျပာရက္နိုင္တာလဲ ၊ ဒီမွာ ကိုယ္ေျပာျပမယ္... ၾကည့္ "
Chanyeol ဟာ ေဖြးဥၿပီး ႏူးညံ့ေနတဲ့ ပါးျပင္ေလးထက္ကို တစ္ခ်က္ဖိကပ္ၿပီး နမ္းရွိုက္လိုက္တယ္ ။
" မင္းမွာ ဒီလို အျပစ္ကင္းတဲ့ မ်က္ႏွာၾကည္ၾကည္ေလး ရွိတယ္ "
" ၿပီးေတာ့ စကားကို အၿမဲခ်ိဳခ်ိဳသာသာေျပာၿပီး ၿပဳံးေနတတ္တဲ့ ႏႈတ္ခမ္းေလးရွိတယ္ "
" ကိုယ့္ကို မင္း အနိုင္ယူ ဗိုလ္က်တာမ်ိဳး ရွိခဲ့ဖူးလား ၊
ကိုယ္က အလိုလိုက္လို႔ ေရာင့္တက္ၿပီး ဆိုးတာမ်ိဳးရွိခဲ့လား ေတြးၾကည့္စမ္းပါဦး ၊ ဒီေလာက္ လိမၼာတဲ့ ခ်စ္သူမ်ိဳးေလး ကိုယ္ ဘယ္ကမၻာမွာရွာရွာ ေတြ႕မွာ မဟုတ္ဘူး "
" ကိုယ့္ကိုယ္ကို အရမ္းႏွိမ့္ခ်ၿပီး ငါနဲ႕မတန္ဘူးဆိုတဲ့ အေတြးမ်ိဳး မေတြးပါနဲ႕ ကေလးေလးရယ္ ၊ မင္းရဲ႕ ျဖဴစင္ၿပီး ၾကင္နာတတ္တဲ့ ႏွလုံးသားေလးနဲ႕တင္ ကိုယ့္အရာရာအားလုံးကို ပိုင္ဖို႔ ထိုက္တန္ပါတယ္ ။ ကိုယ့္ႏွလုံးသားကိုေရာ ၊ ကိုယ့္အခ်စ္ေတြကိုေရာ ၊ ေနာက္ၿပီး ကိုယ့္ဂ႐ုစိုက္မႈေတြကိုေရာ "
" အဲ့တာမို႔ ေနာက္ပိုင္း ငါဘာလို႔မ်ား ဒီေလာက္ထိ ၿပီးျပည့္စုံတဲ့ မာဖီးယားႀကီးကို ခ်စ္သူအေနနဲ႕ ရထားပါလိမ့္လို႔ ေတြးမိရင္ ေအာ္.. ငါစိတ္ေကာင္းေကာင္း ထားလို႔ပဲ လို႔သာ မွတ္ယူထားလိုက္ ၊ ဟုတ္ၿပီလား "
ေနာက္ဆုံး ဟာသေလး အနည္းငယ္ ႏွောေျပာေတာ့ Baekhyun ၿပဳံးရယ္ေနရင္းကေန ရင္ခြင္ထဲ နဖူးေလးအပ္က်လာတယ္ ။ ၿပီးမွ ၿပဳံးရယ္ေနတဲ့ မ်က္ႏွာေလးက တျဖည္းျဖည္းမဲ့က်လာၿပီး ငိုေတာ့တာပဲ ။
Chanyeol ကိုယ္လုံးေသးေသးေလးကို ႏွစ္သိမ့္ေပးရန္ အလို႔ငွာ ရင္ခြင္က်ယ္ႀကီးထဲ ျမဳပ္ေနေအာင္ ဖက္ထားမိလိုက္တယ္ ။
" တကယ့္ကေလးေလးပဲ မင္းက ၊
ငိုစရာလားကြာ... မငိုနဲ႕ တိတ္..တိတ္ "
Chanyeol ေက်ာျပင္ႏြေးႏြေးေလးကို ခံစားခ်က္ေတြ သက္သာသြားေစဖို႔ လက္ဖဝါးတစ္ဖက္နဲ႕ ပြတ္သပ္ခ်ေပးေနေပမယ့္ အငိုသန္တဲ့ ေကာင္ေလးခမ်ာ မရပ္နိုင္ရွာဘူး ။
" တိတ္ေတာ့ေလကြာ ၊
လာ... မ်က္ႏွာေလးေမာ့.. ကိုယ္မ်က္ရည္ေတြ သုတ္ေပးမယ္ "
ေမာ့လာတဲ့ မ်က္ႏွာေဖာင္းေဖာင္းေလးထက္မွာ မ်က္ရည္စီးေၾကာင္းေတြ ေပပြလို႔ တိုစိပ္စိပ္ မ်က္ေတာင္ေလးေတြကလည္း ပူးကပ္ၿပီး ႏွာတရႈံ႕ရႈံ႕ျဖစ္ေနရွာတယ္ ။
အသည္းယားလြန္းတာမို႔ Chanyeol စိတ္မထိန္းထားနိုင္ေတာ့ပဲ မ်က္ႏွာေသးေသးေလးကို ဝါးစားမိေတာ့မတတ္ ေနရာမလပ္ ႏႈတ္ခမ္းေတြနဲ႕ ပြတ္ဆြဲရင္း နမ္းရွိုက္မိေတာ့တယ္ ။
မ်က္ႏွာတစ္ျပင္လုံးနီးပါး လူးလြန့္သြားလာေနတဲ့ ႏႈတ္ခမ္းထူထူေတြက ပါးလႊာတဲ့ ႏႈတ္ခမ္းရဲရဲေလးထက္ကို ေရာက္လာတဲ့အခါမွာေတာ့ အေပးအယူမွ်မွ်နဲ႕ အၾကာႀကီး တစ္ေထာက္နားမိတယ္ ။
သိပ္သည္းလြန္းတဲ့ အနမ္းေတြက ႏႈတ္ခမ္းသားေတြအခ်င္းခ်င္း ဆြဲယူငုံေထြး႐ုံတင္မက လွ်ာဖ်ားေလးေတြ အခ်င္းခ်င္းပါ ႏြေးေထြးမႈ ေပးေနၾကတယ္ ။
Chanyeol ခဏ ခဏ ေလ့က်င့္ေပးျဖစ္လို႔ထင္ပါရဲ႕ ၊ ခုဆို ဒီေကာင္ေလး နမ္းတာမွာ အေတာ္ကို ေတာ္တဲ့အဆင့္ထိ ေရာက္လာၿပီ ။
အနမ္းေတြ ဖလွယ္ေနခိုက္မွာ အက်င့္ပါေနတဲ့ Chanyeol လက္ေတြက ၿငိမ္ၿငိမ္ေနဖို႔ ခက္ခဲတာမို႔ ခါတိုင္းလိုပဲ ခါးသိမ္သိမ္ေလးကို ဆုပ္ကိုင္ရာကတဆင့္ အကၤ်ီထဲထိ တိုးဝင္ပြတ္သပ္လာေလရဲ႕ ။
ႏႈတ္ခမ္းထူထူေတြ က လည္ပင္းေစာင္းကိုက်ေရာက္လာတဲ့ အခါမွာေတာ့ Baekhyun ခႏၶာကိုယ္က သာမန္ထက္ အပူရွိန္ေတြ ျမင့္တက္လာခဲ့ၿပီ ။
" Hmm... Chan.. "
ဒီ ညည္းၫူသံ တိုးဖြဖြေလးက သူ႕နာမည္နဲ႕အတူတူ တြဲထြက္လာတတ္တာက Chanyeol အတြက္ေတာ့ အားအျပင္းဆုံး စိတ္ႂကြေဆးတစ္မ်ိဳးပဲ ။
ခႏၶာကိုယ္ ေသးေသးေလးရဲ႕ ႏူးညံ့မႈကို အရသာခံဖို႔ မေစာင့္နိုင္ေတာ့တဲ့ Chanyeol ဟာ ထိုေကာင္ေလး ဝတ္ထားတဲ့ တီရွပ္ေလးကို လွန္တင္ၿပီး စတင္ နမ္းရွိုက္ေတာ့တယ္ ။
အထိမခံတဲ့ ရင္ဘတ္ေပၚက အမွတ္အသားေလးေပၚ လွ်ာႏြေးႏြေးနဲ႕ ဖိကပ္ၿပီး စုပ္ယူမိေတာ့ ခ်က္ခ်င္းကို သူ႕ေခါင္းေပၚထက္ လက္ေသးေသးေလးႏွစ္ဖက္ တင္ၿပီး တြန္းထားေတာ့တာပဲ ။ အားက သိပ္မမ်ားေတာ့ Chanyeol အေပၚ ဘယ္လိုမွ မသက္ေရာက္ဘူး ။
" Chan.. အာ့..မျဖစ္ဘူးေနာ္..
ေဒၚ..ေဒၚေလးတို႔ ၾကားသြားရင္.. "
Chanyeol ဟာ အနမ္းေတြကို ဖယ္ခြာၿပီး ေခါင္းျပန္ေမာ့လာတဲ့အခ်ိန္ ေျပာလို႔မၿပီးေသးတဲ့ ႏႈတ္ခမ္းပါးေလးကို လက္မနဲ႕ အသာေလးပြတ္ဆြဲလိုက္တယ္ ။
" စိတ္မပူပါနဲ႕...
ကိုယ္တိုးတိုးတိတ္တိတ္ လုပ္မွာပါ "
အဲ့တာၿပီး ခါးမတ္လို႔ ဝတ္ထားတဲ့ တီရွပ္ကို သူ႕ဟာသူ ဆြဲခြၽတ္ပစ္လိုက္တာမို႔ ႀကံ့ခိုင္တဲ့ ခႏၶာကိုယ္ေပၚက ႂကြက္သားအဖုအထစ္ေတြဟာ ရွင္းရွင္းလင္းလင္းကို ေပၚထြက္လာတယ္ ။ အဲ့ဒီပုံစံက Baekhyun ကို ရင္မခုန္ေစဘူးဆိုရင္ လိမ္ရာက်မယ္ ။
ျပန္လည္အုပ္မိုးလာတဲ့ ခႏၶာကိုယ္ႀကီးကို ကိုယ္ကိုယ္တိုင္က ျငင္းဆန္လိုစိတ္မရွိေၾကာင္း သိရွိလိုက္ရၿပီး ေနာက္မွာေတာ့ Baekhyun မ႐ုန္းကန္ေနေတာ့ဘူး ။ လည္ပင္းကို လက္ႏွစ္ဖက္နဲ႕ ဆီးႀကိဳေပြ႕ဖက္လို႔ မာေက်ာတဲ့ ေက်ာျပင္ႀကီးထက္ လက္ေတြနဲ႕ ကုပ္တြယ္ထားဖို႔ပဲ ေဆာင္႐ြက္လိုက္ေတာ့တယ္ ။
________________________________
[ Warning - Sexual contect alerts start from here ❗Read at your own risk or you can skip it until the end ]
ၾကမ္းျပင္ထက္က မထူမပါး ေမြ႕ယာထက္မွာ စည္းခ်က္မွန္မွန္ လႈပ္ရွားေနၾကတဲ့ ခႏၶာကိုယ္ႏွစ္ခုက ေစာင္ထူထူေအာက္ နစ္ျမဳပ္လို႔ေနတယ္ ။
အတတ္နိုင္ဆုံး အသံက်ယ္က်ယ္မထြက္ေအာင္ တိတ္တဆိတ္ လႈပ္ရွားေနတဲ့သူေၾကာင့္ Baekhyun လည္း ညည္းၫူသံေတြကို ထိန္းခ်ဳပ္ၿပီး သြားေတြအခ်င္းခ်င္းကိုပဲ ဖိႀကိတ္ထားရတယ္ ။
ရင္ခြင္ထဲ နစ္ျမႇုပ္ေနတဲ့ Baekhyun ရဲ႕ ခႏၶာကိုယ္ထက္မွာ အဝတ္အစား အစုံအလင္ရွိေသးေပမယ့္ အေပၚက လႈပ္ရွားေနတဲ့ ခႏၶာကိုယ္အေပၚပိုင္းမွာေတာ့ ေက်ာျပင္တစ္ဝက္ကို ေရာက္ေနတဲ့ ေစာင္ထူထူပဲ ရွိတယ္ ။
သူတို႔ႏွစ္ေယာက္လုံးဟာ တတ္နိုင္သမွ် တိတ္တိတ္ဆိတ္ဆိတ္နဲ႕ ျမန္ျမန္ေလး အျပတ္ျဖတ္ဖို႔ ဆုံးျဖတ္ထားတာမို႔ ခါတိုင္းလို အဝတ္အစားေတြကိုေတာင္ ဖယ္ရွားနမ္းရွိုက္မေနၾကေတာ့ဘူး ။ အဓိက ေသြးသားဆက္ႏြယ္မႉကိုပဲ အာ႐ုံစိုက္လို႔ တစ္ေယာက္ကိုတစ္ေယာက္ လြတ္ထြက္သြားေတာ့မတတ္ ဖက္တြယ္ထားၾကတယ္ ။
Baekhyun ရဲ႕ လည္တိုင္ေဖြးေဖြးထက္မွာ အမွတ္အသားအခ်ိဳ႕ ခ်န္ခဲ့ဖို႔လည္း Chanyeol အတြက္ အဆင္မေျပဘူး ။ သူလုပ္နိုင္တာက ႏႈတ္ခမ္းပါးေလးကို အရည္ေပ်ာ္က်မတတ္ ငုံေထြးနမ္းရွိုက္ေနဖို႔ပဲ ။
" အာ့..ဟာ့.. Chan "
Baekhyun မ်က္ဝန္းေတြကို အေသဖိမွိတ္လို႔ ညည္းၫူသံအခ်ိဳ႕ တိုးနိုင္သမွ် တိုးၿပီး ထြက္မိေတာ့ ေက်ာျပင္က်ယ္ႀကီးေပၚမွာ ကုပ္တြယ္ထားတဲ့ သူ႕လက္ေတြဟာလည္း အားျပင္းလာခဲ့တယ္ ။
လက္သည္းေတြက တုံးတိတိ တိုတိုေလးေတြေပမယ့္ ကုတ္ဆြဲတဲ့အား ျပင္းလြန္းတဲ့အခါ မာဖီးယားႀကီးရဲ႕ ေက်ာျပင္ထက္မွာ အနီေရာင္ အစင္းက်ားေတြပါ ေပၚလာေတာ့တယ္ ။ ဒါေပမယ့္ ကိုယ္တစ္ခုလုံး ဗရပြျဖစ္ေနတဲ့ အမာ႐ြတ္ေတြနဲ႕ ယွဥ္ရင္ေတာ့ ဘာမွမဟုတ္ဘူး။
" ဟာ့...Chan.. တိုးတိုး "
အရွိန္ျမင့္လာတာနဲ႕အမွ် အသားခ်င္းရိုက္ခတ္သံေတြက ပိုထင္ရွားလာတာမို႔ Baekhyun ကိုယ္ေလးက ထိတ္လန့္မႈေၾကာင့္ေရာ ရင္ခုန္မႈေၾကာင့္ေရာ ေခြၽးေလးေတြ စို႔ခ်င္လာတယ္ ။
သူဒီထက္ပိုၿပီး ေတာင့္ခံမထားနိုင္ေတာ့ဘူး ။ မထိန္းခ်ဳပ္နိုင္ပဲ တဆတ္ဆတ္ တုန္ယင္လာတဲ့ ေျခဖ်ားေလးေတြကို Baekhyun ကုပ္ေကြးထားမိတယ္ ။
" Chan... "
" အင္း...ကိုယ္သိတယ္.. ကေလးေလး
ကိုယ္ေရာပဲ.. "
ဆက္ႏြယ္မႈ တစ္ေနရာက ႏြေးေထြးသြားတဲ့အခ်ိန္ Baekhyun ႏႈတ္ခမ္းေတြဟာ ေနာက္ဆုံးအႀကိမ္အေနနဲ႕ ဖိကပ္ နမ္းရွိုက္ခံလိုက္ရတယ္ ။ ေလပူေတြကို အေမာတေကာ ရႉထုတ္ရင္း အၾကည့္ခ်င္းဆုံမိေတာ့ မာဖီးယားႀကီးက ခိုးေၾကာင္ခိုးဝွက္လုပ္ရတဲ့ အရသာကို ေက်နပ္စြာ မ်က္ခုံးထူေတြကို စုကုပ္ထားရင္း ရယ္လာတယ္။
Baekhyun ေတာ့ ရွက္လြန္းလို႔ မ်က္ဝန္းေတြထက္ကို လက္ဖမိုးေလးတစ္ဖက္ ကပ္တင္မိေတာ့တာပဲ ။ အၾကည့္ခ်င္း မဆုံခ်င္ဘူး။
" Hkk ... ရွက္ေနတာလား
ေဟ့...ကေလးေလး "
" ေတာ္ပါေတာ့ဗ်ာ "
Baekhyun ဟာ မာဖီးယားႀကီးကို သူ႕ကိုဆက္စေနာက္ေနခြင့္ မေပးေတာ့ပဲ လည္ပင္းကေန အားသုံးဖက္လို႔ ေဘးဘက္ကိုလွဲခ်လိဳက္တယ္ ။ အလိုက္တသင့္ လွဲခ်လာတဲ့ ကိုယ္ထည္ႀကီးက တလႈပ္လႈပ္နဲ႕ ရယ္ေနတုန္းပဲ ။
Baekhyun ကေတာ့ ရင္ခြင္ထဲ မ်က္ႏွာဝွက္ထားရာကေန ျပန္မထြက္လာေတာ့တာမို႔ Chanyeol ေခါင္းလုံးလုံးေလးထက္ကို ဖိကပ္နမ္းရင္းပဲ ႏႈတ္ဆက္လိုက္ရေတာ့တယ္ ။
" ေကာင္းေသာညပါ
ကိုယ့္ကေလးေလး "
_____________________________________
Okay, they did it again (≖ ‿ ≖)
ခါတိုင္း တစ္ပိုင္း Note တစ္မ်က္ႏွာ ေရးေနက်က ဒီတစ္ပိုင္းနဲ႕တင္ Note သုံးမ်က္ႏွာ ျဖစ္သြားပါတယ္ ။ Huu...I'm tired now .