အပိုင်း ၁၇

9.9K 1K 31
                                    

အပိုင်း ၁၇ [ Unicode Version ]

အလုပ်များမှာမို့ အဆက်အသွယ်မလုပ်ဖြစ်ရင် စိတ်မကောက်နဲ့ဆိုတဲ့ စကားကို Baekhyun အလွယ်တကူ ခေါင်းညိတ်ခဲ့ပေမယ့် ခုလိုအခြေအနေထိတော့ မမျှော်လင့်ထားဘူးလေ ။

ဝယ်သူ ကျဲပါးနေတဲ့ ညနေခင်းမှာ Baekhyun ဖုန်းကို ခဏခဏ ထုတ်ကြည့်နေမိရင်းကနေ မျက်ခုံးတွေဟာ အလိုလို စုကုပ်နေမိတယ် ။ သုံးရက်ဆိုတဲ့ အတိုင်းအတာကတော့ အရမ်းကို လွန်လွန်းတယ် မထင်ဘူးလား ။

အမှန်ပဲ ။ Baekhyun သုံးရက်တိတိ သူ့ချစ်သူဆီကနေ အဆက်အသွယ်တစ်ခုမှ မရခဲ့ဘူး ။ ကိုယ့်ဘက်က စပြီး ဆက်သွယ်ချင်နေတဲ့စိတ်တွေကို တစ်ဖက်လူကို အနှောင့်အယှက် ပေးမိမှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ချုပ်ထိန်းထားရတာကလည်း ထင်သလောက်မလွယ်တာ အမှန်ပဲ ။

ဒီနေ့ ညနေလည်း ဖုန်းဆက်ရင် ကောင်းမလား ၊ မကောင်းဘူးလား ဆိုတဲ့ ဒွိဟစိတ်ကြား Baekhyun လွန်ဆွဲနေမိရင်းကနေ နောက်ဆုံးတော့ လက်လျှော့လိုက်ရပြန်တယ် ။

သူက ဒီလို စိတ်ကောက်နေခွင့်ရော ရှိရဲ့လား ။

မသေချာ မရေရာမှုတွေက Baekhyun ကို သက်ပြင်းခဏခဏ ချစေတယ် ။ ကြားဖူးနားဝ စကားတွေသာ အမှန်ဆိုရင် Baekhyun အသက်တွေ အများကြီးတိုသွားလောက်ရော့ပေါ့ ။

___________________________________

ညဘက် စာလုပ်ချိန်တွေဟာ ခါတိုင်းလောက် စိတ်မဖြောင့်တော့ဘူး ။ ညနေစာ စားချိန်မှာတောင် ထမင်းသေချာစားမယ့်အစား ငေးမောတွေဝေနေတဲ့ Baekhyun ကို ဒေါ်လေးက အရိပ်အချည် မေးမြန်းနေသေးတယ် ။ Baekhyun အတွက်ကတော့ ရင်ဖွင့်စရာ လူမရှိလို့ဘဲ ခံစားချက်တွေက ဒီလောက် ပြင်းထန်နေသလား မသိပါ ။ ဘာမှမဖြစ်ပါဘူးလို့ ဒေါ်လေးကို အပြုံးလေးတစ်ခုနဲ့ ငြင်းခဲ့​ပေမယ့် သိပ်အရာမယွင်းခဲ့တဲ့ Baekhyun ရဲ့ ထမင်းပန်းကန်လုံးလေးက သက်သေပဲလေ ။

အသေအချာ ဂရုတစိုက် မစားဖြစ်တဲ့ မနက်စာ ၊ ညစာတွေက Baekhyun အတွက်တော့ အရေးမပါပေမယ့် အစာအိမ်အတွက်တော့ သက်ရောက်မှုရှိတယ် ။ ဦးနှောက်သုံးပြီး စာလေ့လာနေတော့ ပိုဆိုးတာပဲ ။ ညဘက် 8 နာရီခွဲလောက်ရောက်တော့ Baekhyun ဗိုက်တွေ ဆာလောင်လာတာက အနည်းငယ်အောင့်ချင်တဲ့ ဘက်ကိုတောင် ရောက်သွားပြီ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now