အပိုင်း ၂၄

8.6K 962 73
                                    

အပိုင်း ၂၄ [ Unicode Version ]

" ဝေါ့ !!! "

" အဟွတ် ! အဟွတ် ! အဟွတ် "

ခန္ဓာကိုယ်တစ်ခုလုံး နုန်းခွေလို့ သန့်စင်ခန်း ကြမ်းပြင်ပေါ်မှာ အရုတ်ကြိုးပြတ်ထိုင်နေတဲ့ Baekhyun ဟာ အကြိမ်ကြိမ် ထိုးအန်ပြီးတဲ့နောက် အားအင်မရှိတဲ့လက်တွေနဲ့ တစ်သျှူးလိပ်ကို လှမ်းယူလိုက်တယ်။

ဒီလိုအော့အန်ပြီးတဲ့အချိန်တိုင်း ခြေတွေလက်တွေအားလုံး အားအင်ကုန်ခန်းလို့ လှုပ်ဖို့တောင် မနည်းအားယူနေရသလိုပဲ။ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကို ပြန်တည်ငြိမ်သွားအောင် လက်နဲ့အတော်ကြာဖိ ၊ အသက်ဝဝရှူပြီးတဲ့အခါမှ Baekhyun ခြေထောက်တွေကို အနည်းငယ် အားပြုနိုင်ခဲ့တယ်။

ဘေးက ဘေစင်ကိုအားပြုကိုင်လို့ တုန်ယင်ချင်နေတဲ့ ခြေထောက်တွေကို ကြိုးစားပြီး ဆန့်တန်းစေလိုက်ရတယ်။ ရေပိုက်ခေါင်းကိုဖွင့်ချလို့ ပလုတ်ကျင်း ၊ မျက်နှာသစ်ပြီးတဲ့အချိန် Baekhyun ရဲ့ ညှိုးနွမ်းနေတဲ့ မျက်တောင်ဖျားလေးတွေဟာ အနည်းငယ်တုန်ယင်သွားရရဲ့ ။ ဘေစင်ဘောင်မှာ လက်နှစ်ဖက်ထောက်ထားရင်း မှန်ထဲက မိမိပုံရိပ်ကိုမော့ကြည့်မိတော့ ရေစက်တွေစိုရွှဲနေတဲ့ မျက်နှာဟာ သိသိသာသာချောင်ကျနေတာကို တွေ့လိုက်ရတယ်။

အတန်ကြာစိုက်ကြည့်နေရင်းကနေ အောက်မေးလေးတွေ တုန်ယင်လာတဲ့ Baekhyun ဟာ မျက်ဝန်းထဲက စိမ့်ထွက်လာတဲ့မျက်ရည်တွေကို မျက်တောင်တွေနဲ့ ဖိသိမ်းလိုက်ရင်း ခေါင်းငိုက်စိုက်ပြန်ကျသွားတော့တာပဲ။ တသိမ့်သိမ့် တုန်ယင်နေတဲ့ ပုခုံးတွေနဲ့ သူအံကိုကြိတ်လို့ငိုနေခဲ့မိတယ်။

ပင်ပန်းတယ် ၊ အရမ်းပင်ပန်းတယ် ။

ဒီတိုင်း ဘာကိုမှ စိုးရိမ်ပူပန်မှုမရှိဘဲ ၊ ဘာမှနာကျင်ခံစားရမှုမရှိဘဲ အိပ်ပစ်လိုက်ချင်ပြီ။

Baekhyun ထပ်ပြီး ဘေစင်ကိုမှီလို့ ကြမ်းပြင်ပေါ်ဒူးထောင် ထိုင်ချလိုက်ပြီး ဆက်လက်ငိုကြွေးမိတော့တယ်။ မော့ထားတဲ့ သူ့မျက်နှာရဲ့ နားထင်ကိုဖြတ်လို့ မျက်ဝန်းထဲက မျက်ရည်တွေဟာ တစက်စက်စီးကျနေခဲ့လေရဲ့။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now