အပိုင်း ၂

16.4K 1.5K 36
                                    

အပိုင်း ၂ [ Unicode Version ]

ကျောက်သား လှေကားထစ်လေးများသည် အပေါ်သို့ တစ်ဆင့်ချင်းတက်သွားသော အိမ်တန်းကြီးများနှင့်အတူ ယှဥ်လျှက် ရှိနေရာ Baekhyun နေထိုင်ရာ အမြင့်ဆုံးအိမ်တန်းကို ရောက်ဖို့ မနည်းလျှောက်ရသည် ။

Baekhyun နေထိုင်သည့်အိမ်လေးက ဤရပ်ကွက်၏ အမြင့်ဆုံးအိမ်တန်းတွင် တည်ရှိ၍ အနည်းငယ် သီးသန့်ဆန်သည် ။ တကယ်တော့ သူ့ကိုယ်ပိုင်အိမ်မဟုတ် ။ လပေးနှင့် ငှားထားခြင်းသာဖြစ်သည် ။

လုံးချင်းအိမ်လေးမို့ ရပ်ကွက်တွင်းရှိ အခြားအိမ်တွေထက် စျေးကြီးပေမယ့် ဦးလေးက သူ့မိတ်ဆွေ အိမ်ပိုင်ရှင်ကိုပြောပြီး စျေးညှိကာ အရငှားပေးခဲ့သည် ။ Baekhyun က ဆေးကျောင်းသားမို့ တိတ်တိတ်ဆိတ်ဆိတ် စာလုပ်ရန်လိုသည် ဟူသော အကြောင်းပြချက်ကလေးနှင့် ။

အမှန်တကယ်တော့ ဦးလေးတို့ လင်မယားကို Baekhyun အားနာရပါသည် ။ အမေနှင့်အဖေ ဆုံးပြီးကတည်းက အထက်တန်းကျောင်း တစ်ပိုင်းတလတ်နှင့် ကျန်ခဲ့သော Baekhyun ကို ဦးလေးတို့ လင်မယား နှစ်ယောက်ကသာ အတူလာနေပြီး စောင့်ရှောက်ပေးခဲ့သည် ။

အဖေ့အမွေများဖြစ်သော အိမ် နှင့် ဆိုင် ကို အတူလာနေပြီး အသုံးပြုခွင့်ရထားသည့်အတွက် ဦးလေးကတော့ အားနာစရာမလိုကြောင်း ၊ သူတို့ကတောင် အပြန်ကျေးဇူးတင်ရမည်ဖြစ်ကြောင်း ပြောသော်လည်း Baekhyun ကတော့ အားနာရစမြဲပင် ။

အထက်တန်းကျောင်းပြီးတော့ သူ့နဂို ရည်မှန်းချက်ဖြစ်သော ဆေးကျောင်းတက်ရန်အား ဝမ်းသာအားရ ခွင့်ပြုပေးခဲ့၍ သူတို့တတ်နိုင်သော အခြေအနေနှင့် အကောင်းဆုံး အိမ်လေးတစ်အိမ်ကိုပါ မရအရ ရှာဖွေ၍ ငှားပေးခဲ့သေးသည် ။

ဤသို့ဆိုလျှင် ဆင်ခြေဖုံး ရပ်ကွက်လေးတစ်ခု၌ နေထိုင်၍ အေးအေးချမ်းချမ်းလေး ဘဝကို သာမန်ရိုးကျ ဖြတ်သန်းနေသော အသက်ငယ်ငယ် ဆေးကျောင်းသားလေး တစ်ယောက်နှင့်
85 ဧကကျယ်ဝန်းသည့် ခြံကျယ်ကြီးထဲတွင် စံအိမ်ကြီးများ အခိုင်အမာနှင့် တည်ရှိနေပါသော ကျိကျိတက် ချမ်းသာသည့် ဒုစရိုက်လောက မာဖီးယားဂိုဏ်းတစ်ခု၏ ခေါင်းဆောင်နှင့် ဘယ်ကနေ ဘယ်လို အကြောင်းဖန်ကာ ချစ်သူရည်းစားများ ဖြစ်သွားကြသနည်း ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now