အပိုင်း ၂၇

11.4K 1.1K 121
                                    

အပိုင်း ၂၇ [ Unicode Version ]
( ဖြည်းဖြည်းချင်းဖတ်ပါနော် ၊ မလောပါနဲ့ )

ဟျိုဆော့ရဲ့ ရုံးခန်းထဲမှာ အခု Baekhyun ကျန်းမာရေးအတွက် ဆွေးနွေးဖို့ရောက်နေတာက Baekhyun တစ်ယောက်တည်း မဟုတ်တော့ဘူး။ ဆေးမှတ်တမ်းတွေကို မယုံနိုင်သလို အမူအယာနဲ့ ခပ်မြန်မြန် တဖြတ်ဖြတ်လှန်လို့ကြည့်နေတဲ့ Yixing ကို အကြည့်လွှဲရင်း Baekhyun ရော ဟျိုဆော့ရော တိတ်ဆိတ်နေတယ်။

" ဒါတွေအကုန်လုံး..
Baekhyun.. Baekhyun မှာ ဖြစ်နေတာတဲ့လား "

ကာယကံရှင် ကိုယ်တိုင်က ခေါင်းငုံ့လို့အသံတိတ်နေတဲ့အခါ ဟျိုဆော့သက်ပြင်းချရင်း Yixing ကို ခပ်ဖြည်းဖြည်း အဖြေပေးလိုက်တယ်။

" အင်း... ငါလည်း ဒီကောင်လေးကို အစကတည်းက အကြိတ်ကိုခွဲထုတ်ပစ်ဖို့ဖြောင့်ဖျတယ် ၊ သူကိုက ခေါင်းမာလွန်းနေတာ "

" အဲ့ဒါကို သူတောင်းဆိုတိုင်း ကျွန်တော့်ကိုပါ လျှို့ဝှက်ထားတယ်ပေါ့ ! စီနီယာ !!! "

ဒေါသတကြီး အော်ရင်း ထရပ်လို့ စားပွဲပေါ် ဆေးမှတ်တမ်းတွေ ပစ်တင်ပစ်လိုက်တဲ့ Yixing ကို ဟျိုဆော့လည်း ဘာမှမတုန့်ပြန်နိုင်ဘူး။ မျက်ရိုးတွေကို ဖိနှိပ်ရင်း သက်ပြင်းအခါခါ ချနေရုံပဲ တတ်နိုင်တော့တယ်။

" အေး... ငါမှားတာပါကွာ
အစကတည်းက မင်းကိုပဲဖြစ်ဖြစ် ပြောပြပြီး ကူဖြောင့်ဖျခိုင်းရမှာ "

Yixing တလိပ်လိပ်တက်လာတဲ့ ဂရုဏာ ဒေါသတွေကို မနည်းကြိတ်မှိတ်မြိုချရင်း ခါးကိုလက်ထောက်လို့ ခေါင်းငုံ့တိတ်ဆိတ်နေတဲ့ ကာယကံရှင်ဘက်ကို လှည့်ကြည့်လိုက်တယ်။

" Byun Baekhyun !
မင်း စိတ်ရောမှန်သေးရဲ့လား "

" ငါစာမေးပွဲကို အရင်ဖြေမှာ "

" ဟေ့ကောင်... မင်း - "

" ငါတစ်နှစ်ပတ်လုံး ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ မင်းလည်းသ်ိတာပဲ.. ခုချိန်ကျမှ အားလုံးကို အလကားအဖြစ်ခံလိုက်ရမှာလား
"

Baekhyun ရဲ့ အသံတွေဟာ တုန်ယင်လို့ မော့ကြည့်လာတဲ့ မျက်ဝန်းတွေထဲမှာလည်း မျက်ရည်စတွေ ရစ်သိုင်းနေခဲ့တယ်။ ဟားခနဲ သက်ပြင်းချလို့ တစ်ဖက်ကို လှည့်သွားတဲ့ Yixing ဟာ မျက်နှာကို လက်တစ်ဖက်နဲ့ပွတ်သပ်ရင်း ဘယ်လိုဖြေရှင်းပေးရမယ်မှန်းတောင် မသိတော့ဘူး။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now