အပိုင်း ၂၁ [ Adult ]

14.6K 1K 131
                                    

အပိုင်း ၂၁ [ Unicode Version ]

ဘူးခေါက်ဆွဲပြုတ်စားနေရင်းကနေ Baekhyun စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကို မသိမသာ မျက်လုံးထောင့်ကပ်လို့ ခိုးခိုးကြည့်နေတာ ဘယ်နှစ်ကြိမ်ရှိပြီမှန်းတောင် Yixing မရေတွက်နိုင်တော့ဘူး ။ အဲ့လောက်ထိ သံယောဇဥ်မပြတ်နိုင်ရင်လည်း မင်းဘက်က အရင်စဆက်သွယ်လိုက်ပါလားလို့ ပြောလိုက်ချင်ပေမယ့် ပြသနာရဲ့ တရားခံက သူမို့ ငြိမ်ကုပ်နေရရှာရဲ့ ။

" အ-အဟမ်း ၊ ငါစားလို့ဝပြီ အရင်အိပ်နှင့်တော့မယ်နော် "

လူနာလက်ခံခြင်းက ည 8 နာရီလောက်ကတည်းက ပြီးစီးသွားပြီမို့ team နဲ့အတူ သိမ်းစရာရှိတာ သိမ်းပြီးတဲ့အချိန် မအိပ်ခင် ဗိုက်ဖြည့်ရသေးတယ် ။ တစ်ညနေလုံး ​ဘာမှသိပ်မလုပ်ရတော့ပဲ ခုံမှာငြိမ်ငြိမ်လေးထိုင်နေရတဲ့ Baekhyun က သိပ်မလန်းတဲ့အပြင် ခုလည်း သူပြောတာကိုတောင် နားထဲဝင်ပုံမပေါ်ဘူး ။ Yixing အနေရခက်ခက်နဲ့ နောက်စေ့လေးကို ကုပ်ရင်း စီစဥ်ပေးထားတဲ့ နှစ်ထပ်ကုတင်လေးရဲ့ အပေါ်ထပ်ကို လှေကားနဲ့ တွယ်တက်သွားပြီး အိပ်လိုက်တော့တယ် ။

ခဏကြာတော့ သူထင်ထားတဲ့အတိုင်း နောက်ကျောဘက်ကနေ လှုပ်ရှားတဲ့ အသံတွေထွက်လာပြီး Baekhyun တစ်ယောက် အပြင်ထွက်သွားတဲ့ပုံပဲ ။ နောက်ဆုံးတော့လည်း တစ်ရက်တောင် မခံနိုင်ဘဲကို စိတ်ဆိုးစိတ်ကောက်က လုပ်ကြသေးတယ် ။ သမီးရည်းစားတွေကိုများ နားကိုမလည်နိုင်တော့ပါဘူးနော် ။

_______________________________

လူခြေတိတ်တဲ့ ဆေးပေးခန်းရဲ့ ခပ်ဝေးဝေး မြက်ခင်းအစပ်လေးမှာ Baekhyun ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ နဲ့လျှောက်လာပြီး သစ်ငုတ်လေး တစ်ခုပေါ် ဆောင့်ကြောင်လေးထိုင်ချလိုက်တယ် ။ ဆွယ်တာခပ်ပါးပါး တစ်ထည်ပဲ ဝတ်လာတဲ့သူ့ကိုယ်လေးက ကုပ်ကွေးလို့ ဒူးခေါင်းတွေကိုဖက်ထားပြီး လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ဖုန်းလေးကို နှိပ်ရမလို မနှိပ်ရမလိုနဲ့ ဝေခွဲမရ ဖြစ်နေသေးရဲ့ ။

ဖုန်းလေးကို ခဏအကြည့်လွှဲလို့ သက်ပြင်းလေးချပြီး စဥ်းစားကြည့်တော့ ဒီနေ့က တကယ် သူလွန်သွားတယ် ထင်တာပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို စိတ်ပူလို့ပဲကို သူက စေတနာကို စော်ကားတဲ့သဘော သက်ရောက်သွားရုံမက နည်းနည်း အနိုင်ယူတဲ့ပုံစံပါ ပေါက်သွားတယ် ။

This Mafia Fall In You [ ဒီမာဖီးယားကတော့ မင်းဆီမှာ ကျဆုံးသွားပြီ ]Where stories live. Discover now