ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

308K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 154+155

3.2K 659 19
By YinLay4

Zawgyi
Chapter 154
{ သူ႔မိန္းမထက္ ဘယ္အရာကမ်ား ပိုတန္ဖိုးရိွပါ့မလား - ၂ }

" မစၥတာလင္းက ကြၽန္ေတာ့္မိန္းမကို ဘယ္လိုမွန္ကန္ေအာင္ လုပ္ေပးခ်င္ေနတာလဲ...  " ထိုစကားသံသည္ ရီက်န္းႏွင့္ လင္းက်န္းတို႔ ေနာက္မွ ထြက္ေပၚလာခဲ့ေလတယ္... ထိုအသံတြင္ ေဒါသတို႔ တစ္စြန္းတစ္စမွ မပါေခ်... အႏွီအသံႏွင့္အတူ လုေပရႊမ္းဟာ ရီက်န္းနားသို႔ ေလ်ွာက္လာခဲ့ၿပီး ရီက်န္းရဲ့ခါးကို ဖက္လိုက္ေလသည္... ထို႔ေနာက္တြင္ သူႏွင့္ မ်က္ႏွာခ်င္းတြင္ရိွေသာလင္းက်န္အား ေအးစက္စြာ စိုက္ၾကၫ့္လိုက္ေလ၏...

လုေပရႊမ္းဟာ ေမာင္ပိုင္စီးစိတ္ဓါတ္ရိွသူပင္... သူ႔အပိုင္လို႔ ေတြးထားေသာတစ္စံုတစ္ခုကိုပဲျဖစ္ျဖစ္၊ တစ္စံုတစ္ေယာက္ကိုပဲျဖစ္ျဖစ္ တျခားသူတစ္ေယာက္ေယာက္က ပိုင္စိုးပိုင္နင္း လာပတ္သက္ေနျခင္းကို ၿငိမ္ၿငိမ္ေလး ထိုင္ၾကၫ့္ေနမည္သူမ်ိဳး မဟုတ္ေပ... ထိုသို႔ ပိုင္စိုးပိုင္နင္း လာပတ္သက္သူဟာ သူ႔ကို မေလးစားဘူးဟု ယူဆတတ္၏...

ရီက်န္းသည္ သူမရဲ့စိတ္ထဲတြင္ အႀကိမ္ႀကိမ္ သက္ျပင္းခ်လိုက္မိသည္... ၿပီးေနာက္တြင္ လုေပရႊမ္းအား ၿပံဳးရႊင္ေနေသာမ်က္ႏွာျဖင့္ ျပန္ၾကၫ့္လိုက္ေလတယ္...

ရီက်န္းသည္ လုေပရႊမ္းရဲ့လက္ေမာင္းကို ခ်ိတ္လိုက္ရင္း " ကြၽန္မက ကြၽန္မရဲ့အတန္းေဖာ္တစ္ေယာက္နဲ႔ စကားေျပာေနရံုပါ... ရွင္က ဘာလို႔ လိုက္လာတာလဲ... "

" အတိတ္ကကိစၥေတြကို မွန္ကန္ေအာင္ လုပ္ခ်င္တယ္လို႔ ေျပာလိုက္သံ ၾကားလိုက္သလားလို႔... အဲ့ကိစၥကို ကိုယ္အရမ္းသိခ်င္မိသြားတယ္... " လုေပရႊမ္းဟာ ထိုစကားတို႔ကို ေျပာရင္း လင္းက်န္ကို စိုက္ၾကၫ့္ေနခဲ့၏...

လင္းက်န္ရဲ့အမူအရာဟာ ေျပာင္းလဲသြားျခင္း မရိွေသးေခ်... ထိုအမ်ိဳးသားဟာ လြယ္လြယ္ႏွင့္ လက္ေလ်ာ့လိုက္မၫ့္ပံုမေပၚေပ... လုေပရႊမ္းႏွင့္ လင္းက်န္တို႔ ႏွစ္ဉီးရဲ့အၾကၫ့္တို႔ဟာ မၾကာခင္မီးထေတာက္မၫ့္အလားပင္...

" မစၥတာလု နားၾကားမွားသြားတာေနမွာပါ... ကြၽန္ေတာ္နဲ႔ ရီက်န္းတို႔က အတိတ္ကကိစၥေတြကို သတိတရေျပာျဖစ္ရံုပါပဲ "

" အတိတ္ကကိစၥေတြကို သတိတရေျပာျဖစ္ရံု.??? " လုေပရႊမ္းသည္ လင္းက်န္းေျပာသၫ့္စကားကို ျပန္လည္ ေရရြတ္လိုက္ရင္း ႏႈတ္ခမ္းပါးတို႔ကို အေပၚသို႔ ေကြးၫႊန႔္လိုက္ေလ၏... တစ္ဖက္တြင္ ရီက်န္းမွာေတာ့ ကပ္ဆိုးက်ေရာက္သြားမည္ကို စိုးထိတ္လို႔ေနဆဲပင္...

လုေပရႊမ္းႏွင့္ လင္းက်န္တို႔ဟာ အရာရာတိုင္းတြင္ ဆန႔္က်င္ဖက္ ျဖစ္ေနၾကသူမ်ားျဖစ္သည္... ယခုတြင္ လင္းက်န္ဟာ လုေပရႊမ္းကို ယွဉ္ႏိုင္မၫ့္အင္အားမရိွေသးပါဘဲ ဘယ္လိုအေတြးနဲ႔မ်ား လုေပရႊမ္းရဲ့ေရ႔ွကို ထြက္လာရဲရသည္လဲ... အမွန္ဆိုလ်ွင္ လင္းက်န္သည္ ယခုအခ်ိန္ထိ သူ႔ရဲ့တည္ရိွမႈကို ဖံုးကြယ္ထားသင့္ေသးသည္...

လင္းက်န္တစ္ေယာက္ အခုလို လုေပရႊမ္းေရ႔ွသို႔ ထြက္လာရသည္အေၾကာင္းကို ရီက်န္းသည္လည္း စဉ္းစားမရေပ...

" မစၥတာလင္းနဲ႔ ကြၽန္ေတာ့္မိန္းမတို႔ အရင္ကကဇာတ္လမ္းေတြရိွခဲ့တယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္... ဒါေပမယ့္ စိတ္မပူပါနဲ႔... ကြၽန္ေတာ္က သေဘာထားေသးသိမ္တဲ့သူမ်ိဳး မဟုတ္ပါဘူး... အ.တိတ္.က.အ.တိတ္.ပဲ. ေလ... အျပန္စေဖာ္လည္း အက်ိဳးရိွမွ မဟုတ္တာ... အဲ့ဒါေၾကာင့္ မစၥတာလင္းေျပာတဲ့ အတိတ္ကကိစၥေတြကို မွန္ကန္ေအာင္ လုပ္မယ္ဆိုတဲ့ကိစၥက မလိုပါဘူး... "

လင္းက်န္နဲ႔ ရီက်န္းတို႔ အရင္က ဘယ္လိုဇာတ္လမ္းပဲ ရိွခဲ့ရိွခဲ့ စိတ္ဝင္စားမည္ မဟုတ္ဟု ဆိုလိုျခင္းပင္... လုေပရႊမ္းသည္ တစ္စံုတစ္ေယာက္ကို စိတ္ရွည္လက္ရွည္စကား​ျပန္ေျပာေနသည္ဟု တစ္ေယာက္ေယာက္ ျပန္ေျပာျပပါက ယံုႏိုင္မည္မဟုတ္ေခ်...

ထိုစကားတို႔ ေျပာၿပီးေနာက္တြင္ လုေပရႊမ္းဟာ လင္းက်န္က ရီက်န္းကို ပို႔ေပးထားေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ထုတ္လိုက္ေလတယ္... ထို႔ေနာက္တြင္ လုေပရႊမ္းဟာ ေလွာင္ေျပာင္သေရာ္ေသာအၾကၫ့္ျဖင့္ လက္ေကာက္ကို ၾကၫ့္ေနခဲ့ေလသည္... သူ႔လက္ထဲမွ အဖိုးတန္လွေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို အဖိုးမတန္သၫ့္အၾကၫ့္ျဖင့္ ၾကၫ့္ေနခဲ့ျခင္းျဖစ္၏...

" မစၥတာလင္း ဒီလက္ေကာက္ကို ခင္ဗ်ားနဲ႔လိုက္ဖက္တဲ့တျခားမိန္းကေလးတစ္ေယာက္ကို ေပးလိုက္ပါ... ကြၽန္ေတာ့္မိန္းမက ကြၽန္ေတာ္ဝယ္ေပးတဲ့လက္ဝတ္လက္စားကိုပဲ ဝတ္တတ္တာမို႔လို႔... "

လင္းက်န္ကို စိတ္ရွည္ရွည္ျဖင့္ ေသခ်ာေဖ်ာင္းဖ်ေနေသာလုေပရႊမ္းရဲ့ပံုစံဟာ ေတြ့ခဲလွသည္... စိတ္ရွည္သၫ့္ပံုစံသည္ လုေပရႊမ္း၏ပံုစံ မဟုတ္ေပ...

ရီက်န္းသည္ သူမရဲ့အၿပံဳးကို ဆက္ထိန္းထားရန္ပင္ ခက္ခဲခဲ့၏... သူမကိုယ္တိုင္လည္း လုေပရႊမ္းရဲ့ေမာင္ပိုင္စီးသၫ့္စကားတို႔ကို မႏွစ္သက္ေသာ္ျငား လုေပရႊမ္းႏွင္သူမတို႔ ၾကားမွသေဘာတူမႈေၾကာင့္ လုေပရႊမ္းဘက္မွ ေျပာေပးရေတာ့တယ္...

" မစၥတာလင္းရဲ့ေစတနာကို နားလည္ပါတယ္ ဒါေပမယ့္ ဒီလက္ေကာက္ကို ရွင့္အေမက သူမရဲ့ေခြၽးမအတြက္ ထားခဲ့တာေလ... ၿပီးေတာ့ လက္ေကာက္က ေဈးအရမ္းႀကီးလြန္းပါတယ္... ကြၽန္မ လက္မခံပါရေစနဲ႔... "

လင္မယားႏွစ္ေယာက္လံုးက တစ္စိတ္ထဲတစ္ဥာဏ္ထဲျဖစ္ေနေပတယ္... လုေပရႊမ္းနဲ႔ရီက်န္းတို႔သည္ သူတို႔ႏွစ္ေယာက္သည္ တစ္ေယာက္ကို တစ္ေယာက္အျပၫ့္အဝ ယံုၾကည္ေၾကာင္း ျပသလာတာေၾကာင့္ လင္းက်န္သည္ ဘာဆက္လုပ္သင့္သည္ကို သိသင့္ေပသည္...

" ကြၽန္ေတာ္မွာ ဘာရည္ရြယ္ခ်က္မွ မရိွပါဘူး... ကြၽန္ေတာ့္အေမရဲ့ေနာက္ဆံုးအခ်ိန္မွာ  ေသခ်ာေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ မစၥလုကို ေက်းဇူးဆပ္ခ်င္ရံုပါ... ကြၽန္ေတာ့္အေမက ကြၽန္ေတာ္အခုလို ေက်းဇူးျပန္ဆပ္တာကို ျမင္ရင္ ေပ်ာ္ေနမွာ.. အဲ့ဒါေၾကာင့္ ကြၽန္ေတာ့္လက္ေကာက္ေလးကို လက္ခံေပးဖို႔ ေမ်ွာ္လင့္ပါတယ္..."

ထိုအခါ လုေပရႊမ္းသည္ အနည္းငယ္ မ်က္ေမွာက္က်ံဳ႔မိသြားခဲ့ကာ " ကြၽန္ေတာ့္မိန္းမက ခင္ဗ်ားရဲ့အေမကို ဘာျမႇပန္မလိုခ်င္တဲ့ေစတနာသန႔္သန႔္နဲ႔ ကူညီခဲ့တာပါ... ကြၽန္ေတာ့္မိန္းမရဲ့ေစတနာကို ခင္ဗ်ားက ဒီလက္ေကာက္ေလးနဲ႔ တန္ဖိုးျဖတ္လိုက္တာလား... "

ထိုအခါ လင္းက်န္ဟာ ေခါင္းငံု႔ကာ အနည္းငယ္ရယ္ေမာလိုက္ၿပီးေနာက္ လုေပရႊမ္းလက္ထဲမွ လက္ေကာက္ကို ယူလိုက္ကာ " ကြၽန္ေတာ္ နားလည္ပါၿပီ "
💙💜💙💜💙💜💙
Chapter 155
{ သူ႔မိန္းမထက္ ဘယ္အရာကမ်ား ပိုတန္ဖိုးရိွပါ့မလား - ၃ }

လင္းက်န္းက လုေပရႊမ္းလက္ထဲမွ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ျပန္ယူလိုက္ၿပီးေနာက္မွာေတာ့ လုေပရႊမ္းသည္ ေနာက္ထပ္ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ထုတ္လိုက္ကာ ရီက်န္းရဲ့လက္တြင္ ပတ္ေပးလိုက္ေလတယ္...

လုေပရႊမ္း ပတ္ေပးလိုက္ေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ဟာ အနီေရာင္ ပိုေတာက္ေပ၏... ထိုလက္ေကာက္သည္ အနီေရာင္ ပိုေတာက္ရံုသာမက ဘာအမႈန႔္အမႊားမွမရိွဘဲ ၾကည္လင္လွသည္... လင္းက်န္ေပးေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ထက္ အဆေပါင္းမ်ားစြာ ပိုလွပၿပီး မခန႔္မွန္းႏိုင္ေလာက္ေအာင္မ်ားသၫ့္ ေဈးႏႈန္းလည္းရိွေပသည္...

" ဒါက....?? "ရီက်န္းသည္ လုေပရႊမ္းပတ္ေပးလိုက္ေသာလက္ေကာက္ကို ၾကၫ့္လိုက္သၫ့္ခ်ိန္တြင္ အေတာ္ေလး အံ့ၾသမင္သက္သြားခဲ့ေလတယ္...

" ကိုယ္ မေျပာခဲ့ဘူးလား... မင္းဝတ္သမ်ွ လက္ဝတ္လက္စားအားလံုးက ကိုယ္ဝယ္ေပးထားတာပဲျဖစ္ရမယ္လို႔... ၾကၫ့္ပါအံုးေသြးနီေရာင္ေက်ာက္စိမ္းက မင္းနဲ႔ ေတာ္ေတာ္လိုက္တာပဲ ဝတ္ထားလိုက္ေတာ့...   "

ရီက်န္းသည္ ေသးသြယ္လြန္းတဲ့လက္ေကာက္ဝတ္ရိွတာေၾကာင့္ ပံုမွန္လက္ေကာက္ဆိုဒ္က သူမအတြက္ အေတာ္ေလးေခ်ာင္လြန္း၏... သို႔ေသာ္ လုေပရႊမ္းေပးေသာလက္ေကာက္ဟာ သူမႏွင့္ ကြက္တိပင္...

" ႀကိဳက္ရဲ့လား "

ရီက်န္းသည္ ယခုအထိ ရႈပ္ေထြးေနဆဲျဖစ္သည္... ဝတၴုထဲတြင္ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ပထမဆံုးဝတ္ခဲ့သူမွာ ရီခ်င္းျဖစ္ေပတယ္... ရီခ်င္းဝတ္ၿပီးေနာက္တြင္ ေသြးနီေရာင္ေက်ာက္စိမ္းဟာဟအေတာ္ေလး လူႀကိဳက္မ်ားသြားခဲ့ကာ လုယက္ဝယ္ယူခဲ့ရသည္အထိ ျဖစ္သြားခဲ့ရေလ၏...

ေသြးနီေရာင္ေက်ာက္စိမ္းသည္ ရွားပါးလြန္းလွသည္... ဝတၴုထဲတြင္ လူေတာ္ေတာ္မ်ားမ်ားက ေသြးနီေရာင္ေက်ာက္စိမ္းကို ေဈးႀကီးေပးကာ လုယက္ဝယ္ယူခဲ့ၾကေသာ္ျငား ရီခ်င္းလက္​ေကာက္ရဲ့အရည္အေသြးကို မမွီခဲ့ၾကေခ်...

ယခုတြင္ ဝတၴုထဲတြင္ ရီခ်င္းရခဲ့ေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ထက္ပိုၿပီးအရည္အေသြးေကာင္းသၫ့္လက္ေကာက္ကို လုေပရႊမ္းက ရီက်န္းအား ေပးလာခဲ့ေလ၏...

" ရွင္ ဒါကို ဘယ္တုန္းက ဝယ္ခဲ့တာလဲ... ကြၽန္မ မသိလိုက္ရပါလား... "

" ကိုယ္က မင္း အံ့ၾသသြားေအာင္ ႀကိဳမေျပာျပတာပါ... "လုေပရႊမ္းဟာ ခ်ိဳသာစြာျပန္ေျဖေလတယ္...

လုေပရႊမ္းသည္ ရီက်န္းအတြက္ လင္းက်န္းပို႔ေပးလိုက္ေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ျမင္လိုက္သၫ့္ေန့က ရီက်န္းဟာ ေသြးနီေရာင္ေက်ာက္စိမ္းနဲ႔ လိုက္သည္ဟု ေတြးလိုက္မိေလသည္... သို႔ေသာ္ လုေပရႊမ္းက သူ႔မိန္းမကို တျခားေယာက္်ားတစ္ေယာက္ကေပးေသာလက္ေကာက္အား ဝတ္ခြင့္ေပးမည္ဟု ထင္လိုက္လ်ွင္ သိပ္မွားသြားလိမ့္မည္... လုေပရႊမ္းသည္ သူ႔မိန္းမကို တျခားေယာက္်ားက ေပးေသာလက္ေကာက္ မဝတ္ေစခ်င္တာေၾကာင့္ ထိုေန့တည္းက ေသြးနီေရာင္ေက်ာက္စိမ္းကို ေျမလွန္ရွာေဖြကာ သူ႔သား Lunar Birthdayတြင္ ေပးရန္ ဆံုးျဖတ္လိုက္ေပသည္...

တစ္ဖက္တြင္ေတာ့ လင္းက်န္ဟာ လုေပရႊမ္းက ရီက်န္းကို ပတ္ေပးလိုက္ေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ၾကၫ့္ရင္း သူ႔လက္ကို တင္းက်ပ္စြာ ဆုပ္လိုက္မိ၏... ထိုအမ်ိဳးသားဟာ သူ႔ေဒါသကို အေတာ္ေလး ၿမိဳသိပ္ထားရပံုရသည္... ထို႔ေနာက္မွာေတာ့ လင္းက်န္ဟာ ရီက်န္းတို႔နားမွ ထြက္သြားေလ၏...

ရီက်န္းသည္ လင္းက်န္ထြက္သြားသည္ကို ၾကၫ့္ၿပီးေနာက္တြင္ သူမလက္မွ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ျပန္ၾကၫ့္လိုက္ေလတယ္...

ရီက်န္းသည္ ဝတၴုထဲတြင္ ရီခ်င္းဝတ္ခဲ့ေသာ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို အေတာ္ေလး စိတ္ဝင္စားခဲ့ေပ၏... ယခုတြင္ ရီခ်င္းဝတ္ခဲ့ေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ထက္ပင္ပို၍အရည္အေသြးေကာင္းသၫ့္အျပင္ ပို၍တန္ဖိုးႀကီးေသာေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို သူမ လက္တြင္ ဝတ္ခြင့္ရသြားတာေၾကာင့္ စိတ္လႈပ္ရွားလို႔ေနေလသည္...

" ဥကၠဌလု... ဒါက အရမ္းေဈးႀကီးတယ္မလား... "

လုေပရႊမ္းသည္ ရီက်န္းရဲ့အေမးေၾကာင့္ သူမကို ငံု႔ၾကၫ့္လိုက္ရင္း ၿပံဳးစလိုက္၏... ရီက်န္းမွာေတာ့ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ေသေသခ်ာခ်ာ ၾကၫ့္ေနေလရဲ့... လုေပရႊမ္းသည္ သူ႔မိန္းမရဲ့ခ်စ္စရာေကာင္းမႈကို ၾကၫ့္ရင္း သူမကို ပိုလို႔ပင္ အလိုလိုက္ေပးခ်င္ေန၏... " ေဈးက မဆိုးပါဘူး... ဘယ္ေလာက္ပဲေဈးႀကီးႀကီး ကိုယ့္မိန္းမနဲ႔ ထိုက္တန္တယ္... "

" ဒါေပမယ့္ ဒါက ေဈးႀကီးလြန္းတယ္ေလ... မေတာ္တဆ ကြၽန္မက က်ိဳးေအာင္ လုပ္မိသြားရင္ ဘယ္လိုလုပ္မလဲ "

ရီက်န္းငယ္ငယ္က သူမအေဖရဲ့အေမ သူမရဲ့အဖြားက ေက်ာက္စိမ္းလက္ေကာက္တ္းခုေပးခဲ့ဖူး၏... သို႔ေသာ္ ထိုလက္ေကာက္ကိုရၿပီး ေနာက္တစ္ေန့တြင္ သူမဟာ မေတာ္တဆ က်ိဳးေအာင္လုပ္မိသြားခဲ့ေပတယ္...

လုေပရႊမ္းသည္ ထိုအျခင္းအရာတို႔ကို သိပ္ဂရုစိုက္ပံုမရ... " က်ိဳးသြားရင္ က်ိဳးသြားတယ္လို႔ မွတ္လိုက္ေပါ့... ကိုယ္ ေနာက္တစ္ခု ထပ္ဝယ္ေပးမယ္ "

လုေပရႊမ္းသည္ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္က ဘယ္ေလာက္ပဲတန္ဖိုးရိွေနရိွေန သူ႔အျမင္တြင္ လက္ေကာက္က လက္ေကာက္ပါပဲ... ထိုလက္ေကာက္ကို သူ႔မိန္းမထက္ပိုၿပီး ဂရုစိုက္ေနမည္ မဟုတ္...

လုေပရႊမ္းေျပာလိုက္ေသာစကားေၾကာင့္ ရီက်န္းသည္ အေတာ္ေလး ဟက္ထိသြားခဲ့သည္... ထို႔ေနာက္တြင္ သူမဟာ လုေပရႊမ္းကို ၾကၫ့္လိုက္ၿပီး " လက္ေကာက္အတြက္ ေက်းဇူးပါ... ကြၽန္မ အရမ္းႀကိဳက္တယ္... ဒါနဲ႔ အေမ့အတြက္ေရာ ဝယ္ထားေသးလား..."
🍸🍸🍸🍸🍸🍸🍸
ဒါဒါတို႔ေရ translationေလာကႀကီးက သိပ္မတည္ၿငိမ္ေတာ့ဘူး ထင္ပါရဲ့...😢
အဲ့ဒါေၾကာင့္ Vလည္း နည္းနည္းေလာက္ျဖစ္ျဖစ္ အႏၲရာယ္ကင္းေအာင္ စာမ်ွားခ်ိတ္ACCေလး ဖြင့္ထားပါတယ္... Violet Callaဆိုတဲ့နာမည္နဲ႔ပါ... စာမ်ွားခ်ိတ္ရိွတဲ့သူက အဲ့ accေလးကိုလည္း followလုပ္ၿပီး အားေပးပါအံုးေနာ္😢😢
Love u all...
💓💓💓💓💓💓💓💓💓

Unicode
Chapter 154
{ သူ့မိန်းမထက် ဘယ်အရာကများ ပိုတန်ဖိုးရှိပါ့မလား - ၂ }

" မစ္စတာလင်းက ကျွန်တော့်မိန်းမကို ဘယ်လိုမှန်ကန်အောင် လုပ်ပေးချင်နေတာလဲ...  " ထိုစကားသံသည် ရီကျန်းနှင့် လင်းကျန်းတို့ နောက်မှ ထွက်ပေါ်လာခဲ့လေတယ်... ထိုအသံတွင် ဒေါသတို့ တစ်စွန်းတစ်စမှ မပါချေ... အနှီအသံနှင့်အတူ လုပေရွှမ်းဟာ ရီကျန်းနားသို့ လျှောက်လာခဲ့ပြီး ရီကျန်းရဲ့ခါးကို ဖက်လိုက်လေသည်... ထို့နောက်တွင် သူနှင့် မျက်နှာချင်းတွင်ရှိသောလင်းကျန်အား အေးစက်စွာ စိုက်ကြည့်လိုက်လေ၏...

လုပေရွှမ်းဟာ မောင်ပိုင်စီးစိတ်ဓါတ်ရှိသူပင်... သူ့အပိုင်လို့ တွေးထားသောတစ်စုံတစ်ခုကိုပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကိုပဲဖြစ်ဖြစ် တခြားသူတစ်ယောက်ယောက်က ပိုင်စိုးပိုင်နင်း လာပတ်သက်နေခြင်းကို ငြိမ်ငြိမ်လေး ထိုင်ကြည့်နေမည်သူမျိုး မဟုတ်ပေ... ထိုသို့ ပိုင်စိုးပိုင်နင်း လာပတ်သက်သူဟာ သူ့ကို မလေးစားဘူးဟု ယူဆတတ်၏...

ရီကျန်းသည် သူမရဲ့စိတ်ထဲတွင် အကြိမ်ကြိမ် သက်ပြင်းချလိုက်မိသည်... ပြီးနောက်တွင် လုပေရွှမ်းအား ပြုံးရွှင်နေသောမျက်နှာဖြင့် ပြန်ကြည့်လိုက်လေတယ်...

ရီကျန်းသည် လုပေရွှမ်းရဲ့လက်မောင်းကို ချိတ်လိုက်ရင်း " ကျွန်မက ကျွန်မရဲ့အတန်းဖော်တစ်ယောက်နဲ့ စကားပြောနေရုံပါ... ရှင်က ဘာလို့ လိုက်လာတာလဲ... "

" အတိတ်ကကိစ္စတွေကို မှန်ကန်အောင် လုပ်ချင်တယ်လို့ ပြောလိုက်သံ ကြားလိုက်သလားလို့... အဲ့ကိစ္စကို ကိုယ်အရမ်းသိချင်မိသွားတယ်... " လုပေရွှမ်းဟာ ထိုစကားတို့ကို ပြောရင်း လင်းကျန်ကို စိုက်ကြည့်နေခဲ့၏...

လင်းကျန်ရဲ့အမူအရာဟာ ပြောင်းလဲသွားခြင်း မရှိသေးချေ... ထိုအမျိုးသားဟာ လွယ်လွယ်နှင့် လက်လျော့လိုက်မည့်ပုံမပေါ်ပေ... လုပေရွှမ်းနှင့် လင်းကျန်တို့ နှစ်ဦးရဲ့အကြည့်တို့ဟာ မကြာခင်မီးထတောက်မည့်အလားပင်...

" မစ္စတာလု နားကြားမှားသွားတာနေမှာပါ... ကျွန်တော်နဲ့ ရီကျန်းတို့က အတိတ်ကကိစ္စတွေကို သတိတရပြောဖြစ်ရုံပါပဲ "

" အတိတ်ကကိစ္စတွေကို သတိတရပြောဖြစ်ရုံ.??? " လုပေရွှမ်းသည် လင်းကျန်းပြောသည့်စကားကို ပြန်လည် ရေရွတ်လိုက်ရင်း နှုတ်ခမ်းပါးတို့ကို အပေါ်သို့ ကွေးညွှန့်လိုက်လေ၏... တစ်ဖက်တွင် ရီကျန်းမှာတော့ ကပ်ဆိုးကျရောက်သွားမည်ကို စိုးထိတ်လို့နေဆဲပင်...

လုပေရွှမ်းနှင့် လင်းကျန်တို့ဟာ အရာရာတိုင်းတွင် ဆန့်ကျင်ဖက် ဖြစ်နေကြသူများဖြစ်သည်... ယခုတွင် လင်းကျန်ဟာ လုပေရွှမ်းကို ယှဥ်နိုင်မည့်အင်အားမရှိသေးပါဘဲ ဘယ်လိုအတွေးနဲ့များ လုပေရွှမ်းရဲ့ရှေ့ကို ထွက်လာရဲရသည်လဲ... အမှန်ဆိုလျှင် လင်းကျန်သည် ယခုအချိန်ထိ သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်ထားသင့်သေးသည်...

လင်းကျန်တစ်ယောက် အခုလို လုပေရွှမ်းရှေ့သို့ ထွက်လာရသည်အကြောင်းကို ရီကျန်းသည်လည်း စဥ်းစားမရပေ...

" မစ္စတာလင်းနဲ့ ကျွန်တော့်မိန်းမတို့ အရင်ကကဇာတ်လမ်းတွေရှိခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမယ့် စိတ်မပူပါနဲ့... ကျွန်တော်က သဘောထားသေးသိမ်တဲ့သူမျိုး မဟုတ်ပါဘူး... အ.တိတ်.က.အ.တိတ်.ပဲ. လေ... အပြန်စဖော်လည်း အကျိုးရှိမှ မဟုတ်တာ... အဲ့ဒါကြောင့် မစ္စတာလင်းပြောတဲ့ အတိတ်ကကိစ္စတွေကို မှန်ကန်အောင် လုပ်မယ်ဆိုတဲ့ကိစ္စက မလိုပါဘူး... "

လင်းကျန်နဲ့ ရီကျန်းတို့ အရင်က ဘယ်လိုဇာတ်လမ်းပဲ ရှိခဲ့ရှိခဲ့ စိတ်ဝင်စားမည် မဟုတ်ဟု ဆိုလိုခြင်းပင်... လုပေရွှမ်းသည် တစ်စုံတစ်ယောက်ကို စိတ်ရှည်လက်ရှည်စကား​ပြန်ပြောနေသည်ဟု တစ်ယောက်ယောက် ပြန်ပြောပြပါက ယုံနိုင်မည်မဟုတ်ချေ...

ထိုစကားတို့ ပြောပြီးနောက်တွင် လုပေရွှမ်းဟာ လင်းကျန်က ရီကျန်းကို ပို့ပေးထားသောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ထုတ်လိုက်လေတယ်... ထို့နောက်တွင် လုပေရွှမ်းဟာ လှောင်ပြောင်သရော်သောအကြည့်ဖြင့် လက်ကောက်ကို ကြည့်နေခဲ့လေသည်... သူ့လက်ထဲမှ အဖိုးတန်လှသောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို အဖိုးမတန်သည့်အကြည့်ဖြင့် ကြည့်နေခဲ့ခြင်းဖြစ်၏...

" မစ္စတာလင်း ဒီလက်ကောက်ကို ခင်ဗျားနဲ့လိုက်ဖက်တဲ့တခြားမိန်းကလေးတစ်ယောက်ကို ပေးလိုက်ပါ... ကျွန်တော့်မိန်းမက ကျွန်တော်ဝယ်ပေးတဲ့လက်ဝတ်လက်စားကိုပဲ ဝတ်တတ်တာမို့လို့... "

လင်းကျန်ကို စိတ်ရှည်ရှည်ဖြင့် သေချာဖျောင်းဖျနေသောလုပေရွှမ်းရဲ့ပုံစံဟာ တွေ့ခဲလှသည်... စိတ်ရှည်သည့်ပုံစံသည် လုပေရွှမ်း၏ပုံစံ မဟုတ်ပေ...

ရီကျန်းသည် သူမရဲ့အပြုံးကို ဆက်ထိန်းထားရန်ပင် ခက်ခဲခဲ့၏... သူမကိုယ်တိုင်လည်း လုပေရွှမ်းရဲ့မောင်ပိုင်စီးသည့်စကားတို့ကို မနှစ်သက်သော်ငြား လုပေရွှမ်းနှင်သူမတို့ ကြားမှသဘောတူမှုကြောင့် လုပေရွှမ်းဘက်မှ ပြောပေးရတော့တယ်...

" မစ္စတာလင်းရဲ့စေတနာကို နားလည်ပါတယ် ဒါပေမယ့် ဒီလက်ကောက်ကို ရှင့်အမေက သူမရဲ့ချွေးမအတွက် ထားခဲ့တာလေ... ပြီးတော့ လက်ကောက်က စျေးအရမ်းကြီးလွန်းပါတယ်... ကျွန်မ လက်မခံပါရစေနဲ့... "

လင်မယားနှစ်ယောက်လုံးက တစ်စိတ်ထဲတစ်ဥာဏ်ထဲဖြစ်နေပေတယ်... လုပေရွှမ်းနဲ့ရီကျန်းတို့သည် သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက်အပြည့်အဝ ယုံကြည်ကြောင်း ပြသလာတာကြောင့် လင်းကျန်သည် ဘာဆက်လုပ်သင့်သည်ကို သိသင့်ပေသည်...

" ကျွန်တော်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး... ကျွန်တော့်အမေရဲ့နောက်ဆုံးအချိန်မှာ  သေချာစောင့်ရှောက်ပေးခဲ့တဲ့အတွက် မစ္စလုကို ကျေးဇူးဆပ်ချင်ရုံပါ... ကျွန်တော့်အမေက ကျွန်တော်အခုလို ကျေးဇူးပြန်ဆပ်တာကို မြင်ရင် ပျော်နေမှာ.. အဲ့ဒါကြောင့် ကျွန်တော့်လက်ကောက်လေးကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်..."

ထိုအခါ လုပေရွှမ်းသည် အနည်းငယ် မျက်မှောက်ကျုံ့မိသွားခဲ့ကာ " ကျွန်တော့်မိန်းမက ခင်ဗျားရဲ့အမေကို ဘာမှပြန်မလိုချင်တဲ့စေတနာသန့်သန့်နဲ့ ကူညီခဲ့တာပါ... ကျွန်တော့်မိန်းမရဲ့စေတနာကို ခင်ဗျားက ဒီလက်ကောက်လေးနဲ့ တန်ဖိုးဖြတ်လိုက်တာလား... "

ထိုအခါ လင်းကျန်ဟာ ခေါင်းငုံ့ကာ အနည်းငယ်ရယ်မောလိုက်ပြီးနောက် လုပေရွှမ်းလက်ထဲမှ လက်ကောက်ကို ယူလိုက်ကာ " ကျွန်တော် နားလည်ပါပြီ "
💙💜💙💜💙💜💙
Chapter 153
{ သူ့မိန်းမထက် ဘယ်အရာကများ ပိုတန်ဖိုးရှိပါ့မလား - ၃ }

လင်းကျန်းက လုပေရွှမ်းလက်ထဲမှ သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ပြန်ယူလိုက်ပြီးနောက်မှာတော့ လုပေရွှမ်းသည် နောက်ထပ်သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ထုတ်လိုက်ကာ ရီကျန်းရဲ့လက်တွင် ပတ်ပေးလိုက်လေတယ်...

လုပေရွှမ်း ပတ်ပေးလိုက်သောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ဟာ အနီရောင် ပိုတောက်ပေ၏... ထိုလက်ကောက်သည် အနီရောင် ပိုတောက်ရုံသာမက ဘာအမှုန့်အမွှားမှမရှိဘဲ ကြည်လင်လှသည်... လင်းကျန်ပေးသောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ထက် အဆပေါင်းများစွာ ပိုလှပပြီး မခန့်မှန်းနိုင်လောက်အောင်များသည့် စျေးနှုန်းလည်းရှိပေသည်...

" ဒါက....?? "ရီကျန်းသည် လုပေရွှမ်းပတ်ပေးလိုက်သောလက်ကောက်ကို ကြည့်လိုက်သည့်ချိန်တွင် အတော်လေး အံ့သြမင်သက်သွားခဲ့လေတယ်...

" ကိုယ် မပြောခဲ့ဘူးလား... မင်းဝတ်သမျှ လက်ဝတ်လက်စားအားလုံးက ကိုယ်ဝယ်ပေးထားတာပဲဖြစ်ရမယ်လို့... ကြည့်ပါအုံးသွေးနီရောင်ကျောက်စိမ်းက မင်းနဲ့ တော်တော်လိုက်တာပဲ ဝတ်ထားလိုက်တော့...   "

ရီကျန်းသည် သေးသွယ်လွန်းတဲ့လက်ကောက်ဝတ်ရှိတာကြောင့် ပုံမှန်လက်ကောက်ဆိုဒ်က သူမအတွက် အတော်လေးချောင်လွန်း၏... သို့သော် လုပေရွှမ်းပေးသောလက်ကောက်ဟာ သူမနှင့် ကွက်တိပင်...

" ကြိုက်ရဲ့လား "

ရီကျန်းသည် ယခုအထိ ရှုပ်ထွေးနေဆဲဖြစ်သည်... ဝတ္ထုထဲတွင် သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ပထမဆုံးဝတ်ခဲ့သူမှာ ရီချင်းဖြစ်ပေတယ်... ရီချင်းဝတ်ပြီးနောက်တွင် သွေးနီရောင်ကျောက်စိမ်းဟာဟအတော်လေး လူကြိုက်များသွားခဲ့ကာ လုယက်ဝယ်ယူခဲ့ရသည်အထိ ဖြစ်သွားခဲ့ရလေ၏...

သွေးနီရောင်ကျောက်စိမ်းသည် ရှားပါးလွန်းလှသည်... ဝတ္ထုထဲတွင် လူတော်တော်များများက သွေးနီရောင်ကျောက်စိမ်းကို စျေးကြီးပေးကာ လုယက်ဝယ်ယူခဲ့ကြသော်ငြား ရီချင်းလက်​ကောက်ရဲ့အရည်အသွေးကို မမှီခဲ့ကြချေ...

ယခုတွင် ဝတ္ထုထဲတွင် ရီချင်းရခဲ့သောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ထက်ပိုပြီးအရည်အသွေးကောင်းသည့်လက်ကောက်ကို လုပေရွှမ်းက ရီကျန်းအား ပေးလာခဲ့လေ၏...

" ရှင် ဒါကို ဘယ်တုန်းက ဝယ်ခဲ့တာလဲ... ကျွန်မ မသိလိုက်ရပါလား... "

" ကိုယ်က မင်း အံ့သြသွားအောင် ကြိုမပြောပြတာပါ... "လုပေရွှမ်းဟာ ချိုသာစွာပြန်ဖြေလေတယ်...

လုပေရွှမ်းသည် ရီကျန်းအတွက် လင်းကျန်းပို့ပေးလိုက်သောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို မြင်လိုက်သည့်နေ့က ရီကျန်းဟာ သွေးနီရောင်ကျောက်စိမ်းနဲ့ လိုက်သည်ဟု တွေးလိုက်မိလေသည်... သို့သော် လုပေရွှမ်းက သူ့မိန်းမကို တခြားယောကျ်ားတစ်ယောက်ကပေးသောလက်ကောက်အား ဝတ်ခွင့်ပေးမည်ဟု ထင်လိုက်လျှင် သိပ်မှားသွားလိမ့်မည်... လုပေရွှမ်းသည် သူ့မိန်းမကို တခြားယောကျ်ားက ပေးသောလက်ကောက် မဝတ်စေချင်တာကြောင့် ထိုနေ့တည်းက သွေးနီရောင်ကျောက်စိမ်းကို မြေလှန်ရှာဖွေကာ သူ့သား Lunar Birthdayတွင် ပေးရန် ဆုံးဖြတ်လိုက်ပေသည်...

တစ်ဖက်တွင်တော့ လင်းကျန်ဟာ လုပေရွှမ်းက ရီကျန်းကို ပတ်ပေးလိုက်သောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ကြည့်ရင်း သူ့လက်ကို တင်းကျပ်စွာ ဆုပ်လိုက်မိ၏... ထိုအမျိုးသားဟာ သူ့ဒေါသကို အတော်လေး မြိုသိပ်ထားရပုံရသည်... ထို့နောက်မှာတော့ လင်းကျန်ဟာ ရီကျန်းတို့နားမှ ထွက်သွားလေ၏...

ရီကျန်းသည် လင်းကျန်ထွက်သွားသည်ကို ကြည့်ပြီးနောက်တွင် သူမလက်မှ သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ပြန်ကြည့်လိုက်လေတယ်...

ရီကျန်းသည် ဝတ္ထုထဲတွင် ရီချင်းဝတ်ခဲ့သော သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို အတော်လေး စိတ်ဝင်စားခဲ့ပေ၏... ယခုတွင် ရီချင်းဝတ်ခဲ့သောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ထက်ပင်ပို၍အရည်အသွေးကောင်းသည့်အပြင် ပို၍တန်ဖိုးကြီးသောသွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို သူမ လက်တွင် ဝတ်ခွင့်ရသွားတာကြောင့် စိတ်လှုပ်ရှားလို့နေလေသည်...

" ဥက္ကဌလု... ဒါက အရမ်းစျေးကြီးတယ်မလား... "

လုပေရွှမ်းသည် ရီကျန်းရဲ့အမေးကြောင့် သူမကို ငုံ့ကြည့်လိုက်ရင်း ပြုံးစလိုက်၏... ရီကျန်းမှာတော့ သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို သေသေချာချာ ကြည့်နေလေရဲ့... လုပေရွှမ်းသည် သူ့မိန်းမရဲ့ချစ်စရာကောင်းမှုကို ကြည့်ရင်း သူမကို ပိုလို့ပင် အလိုလိုက်ပေးချင်နေ၏... " စျေးက မဆိုးပါဘူး... ဘယ်လောက်ပဲစျေးကြီးကြီး ကိုယ့်မိန်းမနဲ့ ထိုက်တန်တယ်... "

" ဒါပေမယ့် ဒါက စျေးကြီးလွန်းတယ်လေ... မတော်တဆ ကျွန်မက ကျိုးအောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ "

ရီကျန်းငယ်ငယ်က သူမအဖေရဲ့အမေ သူမရဲ့အဖွားက ကျောက်စိမ်းလက်ကောက်တး်ခုပေးခဲ့ဖူး၏... သို့သော် ထိုလက်ကောက်ကိုရပြီး နောက်တစ်နေ့တွင် သူမဟာ မတော်တဆ ကျိုးအောင်လုပ်မိသွားခဲ့ပေတယ်...

လုပေရွှမ်းသည် ထိုအခြင်းအရာတို့ကို သိပ်ဂရုစိုက်ပုံမရ... " ကျိုးသွားရင် ကျိုးသွားတယ်လို့ မှတ်လိုက်ပေါ့... ကိုယ် နောက်တစ်ခု ထပ်ဝယ်ပေးမယ် "

လုပေရွှမ်းသည် သွေးနီရောင်ကျောက်စိမ်းလက်ကောက်က ဘယ်လောက်ပဲတန်ဖိုးရှိနေရှိနေ သူ့အမြင်တွင် လက်ကောက်က လက်ကောက်ပါပဲ... ထိုလက်ကောက်ကို သူ့မိန်းမထက်ပိုပြီး ဂရုစိုက်နေမည် မဟုတ်...

လုပေရွှမ်းပြောလိုက်သောစကားကြောင့် ရီကျန်းသည် အတော်လေး ဟက်ထိသွားခဲ့သည်... ထို့နောက်တွင် သူမဟာ လုပေရွှမ်းကို ကြည့်လိုက်ပြီး " လက်ကောက်အတွက် ကျေးဇူးပါ... ကျွန်မ အရမ်းကြိုက်တယ်... ဒါနဲ့ အမေ့အတွက်ရော ဝယ်ထားသေးလား..."
🍸🍸🍸🍸🍸🍸🍸
ဒါဒါတို့ရေ translationလောကကြီးက သိပ်မတည်ငြိမ်တော့ဘူး ထင်ပါရဲ့...😢
အဲ့ဒါကြောင့် Vလည်း နည်းနည်းလောက်ဖြစ်ဖြစ် အန္တရာယ်ကင်းအောင် စာမျှားချိတ်ACCလေး ဖွင့်ထားပါတယ်... Violet Callaဆိုတဲ့နာမည်နဲ့ပါ... စာမျှားချိတ်ရှိတဲ့သူက အဲ့ accလေးကိုလည်း followလုပ်ပြီး အားပေးပါအုံးနော်😢😢
Love u all...
💓💓💓💓💓💓💓💓💓

Continue Reading

You'll Also Like

733K 77.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
192K 20K 67
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
187K 13.8K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.1M 47.4K 59
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...