''Hello wife'' ** Myanmar Tra...

By Shu1999

38.4K 4.3K 135

ML....Wei Chu FML....SuLe Both Zawgyi and Unicode are available 😊 More

Chapter 1: ထြက္သြား လူလိမ္ေကာင္
Chapter 2 : ဘဝက သိပ္ကို ျပဇာတ္ဆန္တယ္
Chapter 3 : ေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲ
Chapter 4 : တည္ၿငိမ္လွတဲ့အတန္းေဖာ္ SuLe
Chapter 5 : အရသာ
Chapter 6 : ဆြဲေဆာင္ျခင္း အစ
Chapter 7 : သူ႔အိမ္တြင္းဝင္ေရာက္ျခင္း
Chapter 8 : လွပေသာ အထင္လြဲမွားမႈတစ္ခု
Chapter 9 : အရမ္းေတြးေနမိတာလား?
story description
Chapter 10 : ေယာက်္ားေကာင္းမ်ား
Chapter 11 : လုပ္ငန္း႐ွင္ပါတီ
Chapter 12 : လုပ္ငန္း႐ွင္ပါတီ ဒုတိယပိုင္း
Chapter 13 : လုပ္ငန္း႐ွင္ပါတီ တတိယပိုင္း
Chapter 14 : ပိုက္ဆံလိုအပ္မေနဘူး
Chapter 15 : အေရထူတယ္

Chapter 16 : ျပံဳးေနတဲ့မ်က္ႏွာေလး

1K 95 17
By Shu1999

***Zawgyi***

ၿပံဳးေနတဲ႔မ်က္ႏွာေလး

Wei Chu ရဲ႕စိတ္အားထက္သန္မႈက Su Le ကို အနည္းငယ္ရွက္သေယာင္ခံစားရေစတယ္ ဒါေပမယ့္ သူမဟာ သူနဲ႕စီးပြါးေရးပါတီတြဲတက္ေပးတာေၾကာင့္ သူကျပန္ကူညီတာလို႕ပဲ ယူဆခဲ႕တယ္ အတိတ္က Wei Chu ကို သူမေသခ်ာနားမလည္ေပမယ့္ သူမ်ားေတြဆီက ျပန္ၾကားရတာေတြေပၚကိုမူတည္ၿပီး သူမနည္းနည္းေတာ့ခန္႕မွန္းလို႕ရတယ္ Wei Chu ဟာ လူတိုင္းကိုကူညီဖို႕လိုက္ႀကိဳးစားေနတဲ႕သူေတာ္စင္တစ္ေယာက္ေတာ့မဟုတ္ဘူး

လြန္ခဲ႕တဲ႕ရက္အနည္းငယ္ကသာဆိုရင္ Wei Chu ကသူမကိုစိတ္ဝင္စားေနတယ္လို႕ ထင္ေကာင္းထင္မိမွာေပမယ့္ အကုန္လံုးကရွင္းသြားပါၿပီ သူ႕ရဲ႕မ်က္လံုးထဲမွာေတာ့ သူမဟာတကၠသိုလ္တူ ဂ်ဴနီယာညီမေလးတစ္ေယာက္ထက္မပိုခဲ့ပါဘူး

ခုလက္ရွိမွာ ေနရာငွားတဲ႕ကိစၥကစိတ္အေႏွာက္အယွက္ျဖစ္ေနခဲ႕တာဆိုေတာ့ အသိမိတ္ေဆြရဲ႕ေနရာကိုငွားတာက စိတ္သက္သာရာရေစတာအမွန္ပဲ ဒါ့အျပင္ မိန္းကေလးတစ္ေယာက္တည္းအျပင္မွာေနရမွာဆိုေတာ့ ဆံုးျဖတ္ခ်က္မခ်ခင္မွာ ေစ့ေစ့စပ္စပ္စဥ္းစားသင့္တယ္ Su Le က သူ႕အႀကံဥာဏ္ကိုခ်က္ခ်င္းျငင္းမပစ္တာကိုေတြ႕ရေတာ့ Wei Chu ကသူ႕အတြက္ အခြင့္အေရးေတာ့ရွိေသးတာကိုနားလည္လိုက္ၿပီး မ်က္ခံုးပင့္လိုက္တယ္

''သူေဌးေျပာတာ အခန္းႏွစ္ခန္းပါတဲ့ မီတာ၈၀ပတ္လည္တိုက္ခန္းမ်ားလား?'' Chen Xu နည္းနည္းအံ႕အားသင့္သြားတယ္ ''သူေ႒းရဲ႕အဲ့ဒီတိုက္ခန္းကလြတ္ေနတုန္းလား? တစ္ႏွစ္ေလာက္ေတာင္ရွိၿပီဆိုေတာ့ အခုေလာက္ဆို ပင့္ကူအိမ္ေတြပါရွိေနေလာက္ျပီေပါ့'' Wei Chu ရဲ႕အတြင္းေရးမွဴးအေနနဲ႕ သူ႕ရဲ႕အျမင္နဲ႕တုန္႔ျပန္ႏိုင္စြမ္းက အေတာ္ေကာင္းခဲ့ရွာပါတယ္

Wei Chu ကခ်ီးမြမ္းတဲ႕အၾကည့္နဲ႕ Chen Xu ကိုၾကည့္လိုက္ၿပီး ''အလုပ္ရႈပ္ေနတာနဲ႕ အဲ႕အေၾကာင္းေတာင္ေမ့ေနတာ''

''Su Le, တိုက္ခန္းကလည္းအားေနတယ္ဆိုေတာ့ ထပ္ၿပီးရွာေနစရာမလိုေတာ့ဘူးေပါ့ ခုအခ်ိန္အခါနဲ႕ တိုက္ခန္းငွားရတာလည္း ေတာ္ေတာ္ခက္ႏိုင္တယ္ေလ ၿပီးေတာ့ Wei Chu ရဲ႕တိုက္ခန္းက ဒီကေနလည္းသိပ္မေဝးဘူးဆိုေတာ့ ဓာတ္ေလွကားပ်က္ေနရင္ေတာင္ မင္းပစၥည္းေတြကို ကူသယ္ေပးဖို့ သူ႕ကိုေခၚလို႔ရတယ္ ဘာပဲေျပာေျပာ ျပသနာေတြဘာေတြျဖစ္လာရင္ အနီးအနားမွာတစ္ေယာက္ေယာက္ရွိေနေတာ့ပိုေကာင္းတာေပါ့'' Tang Yao ကလက္ဖက္ရည္ခြက္ကို မ လိုက္ၿပီး ဆက္ေျပာလိုက္တယ္ ''ငါတို႕ေတြအကုန္လံုးတစ္ေယာက္နဲ႕တစ္ေယာက္သိေနၿပီးသားေတြဆိုေတာ့ အားနာေနစရာမလိုဘူး''

သူထူးထူးဆန္းဆန္းပံုစံကိုျမင္ရတာ အေတာ္ရွားတယ္ အစကေတာ့ Tang Yao က Wei Chu တစ္ေယာက္ Su Le ကိုဆြဲေဆာင္တာေအာင္ျမင္သြားၿပီပဲထင္ခဲ႕တာ ဒါေပမယ့္ ခုအေျခအေနကိုၾကည့္ရတာေတာ့ Wei Chu က သူမစိတ္ထဲ ေနရာသိပ္မရေသးပံုပဲ

Su Le က Tang Yao ေျပာတာ က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႕ထင္တဲ႔အတြက္ လက္ခံလိုက္တယ္ ''ဒါဆိုရင္ စီနီယာWeiကို အရင္ေက်းဇူးတင္ရမယ္ ညီမေနာက္တစ္ပါတ္ထဲေလာက္ေျပာင္းျဖစ္မယ္ထင္တယ္ အစ္ကို႔အတြက္အဆင္ေျပရဲ႕လား''

''ရပါတယ္ အဆင္ေျပတဲ႕အခ်ိန္ေျပာင္းလို႕ရပါတယ္ ကိုယ့္ကိုဖုန္းသာဆက္လိုက္ ကိုယ္လာႀကိဳေပးမယ္'' Wei Chu ကဆက္ေျပာလိုက္တယ္ ''တိုက္ခန္းက ပရိေဘာဂေတြနဲ႕လိုတာေလးေတြျဖည့္ထားၿပီးသားဆိုေတာ့ ဘယ္အခ်ိန္ေျပာင္းေျပာင္းအဆင္ေျပမွာပါ''

တျခားတစ္ဖက္မွာေတာ့ Chen Xu ကေတြးေနခဲ႕တယ္ တိုက္ခန္းကိုျပန္ျပင္ဆင္ၿပီးတဲ႕တစ္ေခါက္တည္းက Wei Chu ကဘာပရိေဘာဂမွ ဝယ္မထည့္ဖူးတာကို ဘယ္လိုမ်ားတိုက္ခန္းက အဆင္သင့္ျဖစ္ေနမွာတုန္း သူေဌးေရ မိန္းမေတြကိုဆြဲေဆာင္တာနဲ႔ပတ္သတ္လာရင္ ေျမွာက္ပင့္ေျပာတတ္တဲ႕သူေတြနဲ႕ သူေဌးက မတူဘူးလို႕ အၿမဲတမ္းေတြးခဲ႕တာ ငါမွန္းတာမွန္တဲ႕ပံုပဲ သူေဌးက တျခားသူေတြနဲ႔မတူဘူး ေကာင္မေလးအၾကိဳက္ကိုလိုက္ဖားေနတာမ်ား ေျခတစ္လွမ္းေတာင္သာေနလိုက္ေသးတယ္

ခုတည္းက ဒီပံုစံျဖစ္ေနရင္ လက္ထပ္ၿပီးတဲ႕အခါက်ရင္ ဘယ္ေလာက္ေတာင္မ်ားမိန္းမကိုေၾကာက္ေနရမလဲပဲ

ညေနေရာက္တဲ႕အခါ လူတိုင္းကႏႈတ္ဆက္ၿပီးျပန္ဖို႕လုပ္ၾကတယ္ Wei Chu ကသူ႕ရဲ႕ကားေသာ့ကိုေကာက္လိုက္ၿပီး တျခားသူေတြလိုပဲထြက္လာခဲ႕တယ္ အေၾကာင္းျပခ်က္ကေတာ့ ကားမေမာင္းတတ္တဲ႕ Su Le ကို အိမ္ျပန္လိုက္ပို႕ဖို႕ေပါ့ Su Le လိုပဲ Chen Xu တစ္ေယာက္ကလည္းကားမေမာင္းတတ္ပါဘူး ဒါေပမယ့္လည္း သူကေတာ့ ရပ္ကြက္ထဲက လမ္းမေပၚမွာ တစ္ေယာက္တည္း ေက်ာက္ရုပ္အလား ခ်န္ထားခဲ႕ခံရရွာပါတယ္

ဘယ္လိုေလာကၾကီးပါလိမ့္ သူငယ္ခ်င္းထက္ အေခ်ာအလွေတြကို ပိုတန္ဖိုးထားေနၾကတယ္

သူတို႕ေရာက္သြားတဲ႕အခါ Su Le က ကားထဲကေနထြက္ၿပီး Wei Chu ကို ရိုးရိုးသားသားပဲေက်းဇူးတင္ေၾကာင္းေျပာလိုက္တယ္ ကားတံခါးကို ပိတ္လိုက္ၿပီးေနာက္ သူမဟာ ဒရိုင္ဘာခံုမွာထိုင္ေနတဲ႕ ေခ်ာေမာလွတဲ႕အမ်ိဳးသားကိုၾကည့္ၿပီး ဒီထူးခ်ြန္တဲ႕အမ်ိဳးသားနဲ႕ဘယ္လိုကံစပ္ၿပီး သူငယ္ခ်င္းလာျဖစ္ေနတာပါလိမ့္လို႔ ရုတ္တရက္ေတြးလိုက္မိတယ္

''Good bye'' Wei Chu ကသူ႕ကားကိုေမာင္းမထြက္ခင္ Su Le ကိုႏႈတ္ဆက္ၿပီးၿပံဳးျပခဲ႕တယ္ ေနေရာင္ေအာက္မွာ ကားအမည္းေရာင္ေလးက အလင္းျပန္ၿပီးေတာက္ေျပာင္ေနေတာ့တယ္

အလင္းကမ်က္စိက်ိန္းတာေၾကာင့္ Su Le သူမရဲ႕မ်က္စိကိုက်ဥ္းေျမာင္းလိုက္ၿပီး သူမရဲ႕လက္နဲ႕အလင္းကိုကာထားလိုက္တယ္ စိတ္မေကာင္းတဲ႕အသံနဲ႕သူမရြတ္ဆိုလိုက္တယ္ ''ဒါဆို ဒါကငယ္ရြယ္ၿပီး ထူးခ်ြန္တဲ႕သူတစ္ေယာက္ရဲ႕ပံုစံေပါ့'' Wei Chu အေပၚသူမရဲ႕ေကာင္းတဲ႕ခံစားခ်က္ေတြကို ရင္ထဲေထာင့္တစ္ေနရာမွာအလ်င္အျမန္သိမ္းဆည္းထားလိုက္တယ္ ဒီအမ်ိဳးသားဟာ ထူးခ်ြန္ၿပီးအာရံုစူးစိုက္တတ္ေပမယ့္ သူမအတြက္ေတာ့ သင့္ေတာ္တဲ႕သူမဟုတ္ဘူးေလ

Su Le သူမက ရိုးသားၿပီးခပ္ရိုးရိုးအမ်ိဳးသားမ်ိဳးကိုသာ စံထားးၿပီး ရွာေဖြေနတဲ႕သူျဖစ္တယ္

Chen Yue ရဲ႕တိုက္ခန္းကို Su Le ျပန္ေရာက္တဲ႔အခ်ိန္မွာ သူမရဲ႕သူငယ္ခ်င္းျပန္မေရာက္ေသးတာကိုေတြ႕လိုက္ၿပီး ဒီညျပန္လာမွာမဟုတ္ဘူးလို႕ ခန္႕မွန္းလိုက္တယ္ တကယ္တမ္း Chen မိသားစုရဲ႕ အႀကီးႏွစ္ေယာက္ထဲမွာ သမီးကတစ္ေယာက္တည္းရွိတာေၾကာင့္ သူမကို ဂရုစိုက္အလိုလိုက္ခ်င္ၾကတာ သဘာဝက်ပါတယ္ေလ

ကြန္ျပဴတာကိုဖြင့္လိုက္ၿပီး Su Le က Weibo ကို sign in ဝင္လိုက္တယ္ Wei Chu ရဲ႕မီးဖိုေခ်ာင္ကေနယူလာခဲ႔တဲ႕ငရုတ္ဆီစမ္းထားတဲ႕ငါးနဲ႕ ျငဳပ္ေကာင္းေဆးဘဲဥ ပံုကိုတင္လိုက္ၿပီး caption ေတာင္ေရးခဲ႕ေသးတယ္

သူမကအျမန္ရိုက္လိုက္တယ္ 'ငါ ျငဳပ္ေကာင္းေဆးဘဲဥ ကို မလုပ္ျဖစ္တာၾကာၿပီ ဒီေန႕ေတာ့နည္းနည္းလုပ္ျဖစ္ခဲ႕တယ္ေလ ငါ့လက္ရည္မက်ေသးဘူးထင္ပါတယ္ ငရုတ္ဆီစမ္းထားတဲ႕ငါးဟင္းကေတာ့ ေခ်ာေမာၿပီးဖ်တ္လတ္တဲ႕လူေကာင္းေလးတစ္ေယာက္ခ်က္ထားတာေပါ့ ကံမေကာင္းစြာနဲ႕ပဲ သူကငါ့အတြက္မဟုတ္ခဲ႕ဘူး [ေၾကကြဲစရာ ေၾကကြဲစရာ]'

postတင္ၿပီးမၾကာခင္မွာ လူေတြကထင္ျမင္ခ်က္ေတြ စေရးလာၾကတယ္ တခ်ိဳ႕ကသူမကကံေကာင္းလိုက္တာလို႕ေျပာတယ္ တခ်ိဳ႕ကသူတို႕ကို သူနဲ႕မိတ္ဆက္ေပးဖို႕ေျပာၾကတယ္ Su Le က သူမရဲ႕ Weibo ကို လွန္ေလွာၾကည့္ရင္း သူမကိုယ္ပိုင္ ထင္ျမင္ခ်က္ေတြကိုေရးေနလိုက္တယ္ ''ဒီဟင္းေတြ ငရုတ္ဆီစမ္းထားတဲ႕ငါးနဲ႔႔ ျငဳပ္ေကာင္းေဆးဘဲဥ ဟင္းက ေန႔လည္က Wei Chu ဆီမွာစားခဲ႕တာနဲ႕မတူဘူးလား

'' Tang Yao က အိပ္ယာနားကို သူ႕ရဲ႕tablet ကိုသယ္လာၿပီး Laing Guang ရဲ႕ pyjama အက်ၤ ီလက္ကိုဆြဲၿပီး ''ၾကည့္ဦး မတူဘူးလားလို႕?''

Liang Guang က tablet မ်က္ႏွာျပင္ေပၚက ခ်ဲ႕ထားတဲ႕ပံုကို တစ္ခ်က္ၾကည့္လိုက္ၿပီး

''အဲ႕တာ တူရံုတင္မဟုတ္ဘူး Wei Chu ရဲ႕ဟာပဲေလ ၾကည့္လိုက္ ပန္းကန္ေပၚက ဒီဇိုင္းကေတာင္ သိသာေနတာ ေကာက္ခ်က္ခ်စရာကေတာ့ တစ္ခုတည္းပဲ'' ''ဒါဆို Su Le က 'Qi Jiu' လား?!''

Tang Yao လက္အနည္းငယ္တုန္သြားၿပီး Liang Guang လက္ေမာင္းကိုဆြဲၿပီးေျပာလိုက္တယ္ ''ဒါဆို ငါ့အတြက္လက္မွတ္ထိုးထားတဲ႕စာအုပ္ေတြရဖို႕နည္းလမ္းရွိေသးတာေပါ့! Su Le ကိုေတြ႕တုန္းက စိတ္ခ်မ္းသာေနတာ အံ႕ၾသစရာမဟုတ္ေတာ့ဘူးပဲ သူက ငါႀကိဳက္တဲ႕စာေရးဆရာမကိုး'' Liang Guang တစ္ေယာက္သူ႕ကိုယ္လႈပ္ယမ္းေနတာကိုရပ္ဖို႕မတတ္ႏိုင္ခဲ႕ဘူး

အရင္တုန္းကဆို Tang Yao ကသူ႕ကို Qi Jiu ဆိုတဲ႕တစ္ေယာက္ရဲ႕စာအုပ္ေတြအတင္းဖတ္ခိုင္းခဲ႔တာ Qi Jiuရဲ႕ ဝတၱဳေတြထဲမွာဆိုရင္ အမ်ိဳးသမီးဇာတ္လိုက္ေတြက ထက္ထက္ျမက္ျမက္ေျပာတတ္ၿပီး သန္မာတဲ႕ပံုရိပ္ရွိတယ္ ေယာက္်ားတစ္ေယာက္အေနနဲ႕ တစ္ခါတစ္ေလမွာသူေတြးမိတာက အကယ္၍သူသာ အဲ႕လိုအမ်ိဳးသမီးနဲ႕ေတြ႕ခဲ့မယ္ဆိုရင္ သူ႕ရဲ႕က်န္တဲ႕ဘဝတစ္ဝက္ကို မၾကာခင္ကာလမွာဆံုးရံႈးသြားမယ္ဆိုတာပဲ Liang Guang ရဲ႕စိတ္ထဲက Su Le ရဲ႕ပံုရိပ္ဟာ ေန႕ခ်င္းညခ်င္း ထက္ျမက္တဲ႕အမ်ိဳးသမီးကေန ေၾကာက္စရာအမ်ိဳးသမီးအျဖစ္ေျပာင္းလဲသြားေတာ့တယ္ အမ်ိဳးသမီးေတြက ပံုမွန္ဆိုေၾကာက္စရာမေကာင္းေပမယ့္ သန္မာတဲ႕ပံုရိပ္ကိုပိုင္ဆိုင္ထားတဲ႕ ထက္ျမတ္တဲ႕စိတ္က အမ်ိဳးသမီးေတြကို ေၾကာက္စရာေကာင္းေစတယ္ အဲ႕လိုအမ်ိဳးသမီးကိုႀကိဳက္ရဲတဲ့လူကတကယ္ကိုသတၱိရွိတာပါပဲ တခ်ိန္တည္းမွာပဲ တျခားေနရာမွာေတာ့ Wei Chu ဟာလည္း Su Le တင္လိုက္တဲ႕ပံုေတြကို ၾကည့္ေနခဲ႕တယ္ သူကေပ်ာ္ရႊင္တာနဲ႕ရည္မွန္းခ်က္မေအာင္ျမင္တာကိုတျပိဳင္တည္းခံစားေနရတယ္ ေပ်ာ္တာကေတာ့ သူမဟာ သူ႕ကိုခ်ီးက်ဴးၿပီး လူေကာင္းတစ္ေယာက္အျဖစ္သူ႕ကိုျမင္ေပးလို႕ ႀကိဳးပမ္းမႈမေအာင္ျမင္သလိုခံစားရတာကေတာ့ သူမဟာ သူတို႕ႏွစ္ေယာက္မလိုက္ဖက္ဘူးလို႕ထင္တဲ႕အတြက္ပဲျဖစ္တယ္ Wei Chu က သူ႕ကိုယ္သူမထိန္းႏိုင္ပဲ ထင္ျမင္ခ်က္တစ္ခုဝင္ေရးလိုက္တယ္

[ေပ်ာ္ရႊင္မႈအတြက္ေစာင့္ေနဆဲ ; သူကလူေကာင္းဆိုရင္ဘာလို႕မစဥ္းစားေပးတာလဲ တျခားအမ်ိဳးသမီးေတြကို အခြင့္ေကာင္းမယူသြားေစနဲ႕ဦး]

မိနစ္အနည္းငယ္ၾကာတဲ႕အခါ တျခားအဖြဲ႕တစ္ခုကေန တုန္႕ျပန္ခ်က္တစ္ခု ဝင္လာခဲ႕တယ္ [သူကလူေကာင္းမလို႕ပဲေလ ခ်မ္းသာၿပီးရုပ္ေခ်ာတယ္ ဒါေၾကာင့္သူ႕ကိုႀကိဳက္တဲ႕အမ်ိဳးသမီးေတြအမ်ားႀကီးပဲေနမွာ ဒါကငါ့အတြက္ အမ်ားႀကီးဖိအားျဖစ္ေစလိမ့္မယ္ ဒီလိုရြက္ၾကမ္းေရက်ိဳရုပ္ေလးနဲ႕ သူ႕လိုလူေကာင္းတစ္ေယာက္ကို မဖ်က္စီးရဲပါဘူး]

အေၾကာင္းျပခ်က္ေတြ ဒါေတြအကုန္လံုးအေၾကာင္းျပခ်က္ေတြခ်ည္းပဲ Wei Chuကသူရဲ႕မ်က္ႏွာကိုထိလိုက္တယ္ ျဖစ္ႏိုင္တာက သူတကယ္ကိုပဲ မ်က္ႏွာခြဲစိတ္ျပဳျပင္မႈလုပ္လိုက္သင့္လား?

အခန္းသစ္တစ္ခုလိုင္းေပၚတင္ၿပီးတဲ႕ေနာက္မွာ Su Leရဲ႕ဖုန္းျမည္လာခဲ႕တယ္ အဲ႕တာက Wei Chu ဆီက စာတစ္ေစာင္ပဲ

[ညစာစားၿပီးၿပီလား ေစာေစာအနားယူဖို႕သတိရေနာ္ မနက္ျဖန္မနက္က်ရင္ ကိုယ္အလုပ္လိုက္ပို႕ေပးမယ္ ^_^]

Su Le က ျပံဳးေနတဲ႕မ်က္ႏွာေလးကိုစိုက္ၾကည့္လိုက္ၿပီး စာျမန္ျမန္ျပန္ရိုက္မပို႕ခင္မွာ ခဏေလာက္ရပ္သြားတယ္

[စီနီယာ Wei ...... ရွင့္ရဲ႕ဖုန္းအဟက္ခံထားရတာလား?]

[မဟုတ္ပါဘူး ဘာမ်ားမွားေနလို႕လဲ] Su Le ရုတ္တရက္ဆိုသလို ေခါင္းထဲမွာဗလာျဖစ္သြားၿပီး စာျပန္လိုက္တယ္

[ဘာမွမျဖစ္ပါဘူး စီနီယာက emojiေတြသံုးလိမ့္မယ္လို႕မထင္မိရံုပါ]

[အန္ တကယ္ေတာ့ လြန္ခဲ႕တဲ႕ရက္အနည္းငယ္က punctuation mark (ပုဒ္ျဖတ္သေကၤတ) ေတြေပါင္းလိုက္ရင္ မ်က္ႏွာအမူအရာေတြလုပ္လို႕ရတာကို သိလိုက္တယ္ အဲ႕တာအရမ္းစိတ္ဝင္စားဖို႕ေကာင္းတယ္ေလ ^_^]

Su Le ကသူသိထားတဲ႕ Wei Chu ရဲ႕အားေကာင္းၿပီး ငယ္ရြယ္ထက္ျမတ္တဲ႕လူငယ္ေလးပံုရိပ္က နည္းနည္းၿပိဳလဲသြားသလိုပဲ သူမက ခ်စ္စရာေကာင္းတဲ့ emoji ေလးကိုၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာကိုဆြဲဆိတ္တာကိုမရပ္တန္႕ႏိုင္ခဲ႕ဘူး

[အင္း ဟုတ္တယ္ အဲ႕တာကအရမ္းစိတ္ဝင္စားဖို႕ေကာင္းတယ္] Su Le က ကြက္လပ္ကိုခ်ံဳ႕ေပးလိုက္တယ္ ထင္ထားသလိုပဲ လႊမ္းမိုးတတ္ၿပီးငယ္ရြယ္ထက္ျမတ္တဲ႕ပံုစံက တကယ့္အျမင္မွားပဲျဖစ္မယ္ အျမင္မွားပဲ

[ဘယ္အခ်ိန္အလုပ္ကိုေရာက္ရမွာလဲ]

[၈နာရီခြဲ]

[ေကာင္းၿပီ ကိုယ္မနက္က်ရင္လာႀကိဳမယ္ ညစာစားဖို႕သတိရေနာ္ ^_^] သူမရဲ႕ဖုန္းေလးက မၾကာခင္မွာတိတ္ဆိတ္သြားတယ္ Su Le က ေနာက္ဆံုးပို႕ထားတဲ႕စာက ၿပံဳးေနတဲ႕မ်က္ႏွာေလးကိုၾကည့္လိုက္ၿပီး ရုတ္တရက္ ရယ္ထုတ္လိုက္မိတယ္ ဒီစီနီယာWei တစ္ေယာက္က သိပ္ကိုခ်စ္ဖို႕ေကာင္းတာပဲ

TBC~~~~

***Unicode***

ပြုံးနေတဲ့မျက်နှာလေး

Wei Chu ရဲ့စိတ်အားထက်သန်မှုက Su Le ကို အနည်းငယ်ရှက်သယောင်ခံစားရစေတယ် ဒါပေမယ့် သူမဟာ သူနဲ့စီးပွါးရေးပါတီတွဲတက်ပေးတာကြောင့် သူကပြန်ကူညီတာလို့ပဲ ယူဆခဲ့တယ် အတိတ်က Wei Chu ကို သူမသေချာနားမလည်ပေမယ့် သူများတွေဆီက ပြန်ကြားရတာတွေပေါ်ကိုမူတည်ပြီး သူမနည်းနည်းတော့ခန့်မှန်းလို့ရတယ် Wei Chu ဟာ လူတိုင်းကိုကူညီဖို့လိုက်ကြိုးစားနေတဲ့သူတော်စင်တစ်ယောက်တော့မဟုတ်ဘူး

လွန်ခဲ့တဲ့ရက်အနည်းငယ်ကသာဆိုရင် Wei Chu ကသူမကိုစိတ်ဝင်စားနေတယ်လို့ ထင်ကောင်းထင်မိမှာပေမယ့် အကုန်လုံးကရှင်းသွားပါပြီ သူ့ရဲ့မျက်လုံးထဲမှာတော့ သူမဟာတက္ကသိုလ်တူ ဂျူနီယာညီမလေးတစ်ယောက်ထက်မပိုခဲ့ပါဘူး

ခုလက်ရှိမှာ နေရာငှားတဲ့ကိစ္စကစိတ်အနှောက်အယှက်ဖြစ်နေခဲ့တာဆိုတော့ အသိမိတ်ဆွေရဲ့နေရာကိုငှားတာက စိတ်သက်သာရာရစေတာအမှန်ပဲ ဒါ့အပြင် မိန်းကလေးတစ်ယောက်တည်းအပြင်မှာနေရမှာဆိုတော့ ဆုံးဖြတ်ချက်မချခင်မှာ စေ့စေ့စပ်စပ်စဉ်းစားသင့်တယ် Su Le က သူ့အကြံဉာဏ်ကိုချက်ချင်းငြင်းမပစ်တာကိုတွေ့ရတော့ Wei Chu ကသူ့အတွက် အခွင့်အရေးတော့ရှိသေးတာကိုနားလည်လိုက်ပြီး မျက်ခုံးပင့်လိုက်တယ်

''သူဌေးပြောတာ အခန်းနှစ်ခန်းပါတဲ့ မီတာ၈၀ပတ်လည်တိုက်ခန်းများလား?'' Chen Xu နည်းနည်းအံ့အားသင့်သွားတယ် ''သူဋ္ဌေးရဲ့အဲ့ဒီတိုက်ခန်းကလွတ်နေတုန်းလား? တစ်နှစ်လောက်တောင်ရှိပြီဆိုတော့ အခုလောက်ဆို ပင့်ကူအိမ်တွေပါရှိနေလောက်ပြီပေါ့'' Wei Chu ရဲ့အတွင်းရေးမှူးအနေနဲ့ သူ့ရဲ့အမြင်နဲ့တုန့်ပြန်နိုင်စွမ်းက အတော်ကောင်းခဲ့ရှာပါတယ်

Wei Chu ကချီးမွမ်းတဲ့အကြည့်နဲ့ Chen Xu ကိုကြည့်လိုက်ပြီး ''အလုပ်ရှုပ်နေတာနဲ့ အဲ့အကြောင်းတောင်မေ့နေတာ''

''Su Le, တိုက်ခန်းကလည်းအားနေတယ်ဆိုတော့ ထပ်ပြီးရှာနေစရာမလိုတော့ဘူးပေါ့ ခုအချိန်အခါနဲ့ တိုက်ခန်းငှားရတာလည်း တော်တော်ခက်နိုင်တယ်လေ ပြီးတော့ Wei Chu ရဲ့တိုက်ခန်းက ဒီကနေလည်းသိပ်မဝေးဘူးဆိုတော့ ဓာတ်လှေကားပျက်နေရင်တောင် မင်းပစ္စည်းတွေကို ကူသယ်ပေးဖို့ သူ့ကိုခေါ်လို့ရတယ် ဘာပဲပြောပြော ပြသနာတွေဘာတွေဖြစ်လာရင် အနီးအနားမှာတစ်ယောက်ယောက်ရှိနေတော့ပိုကောင်းတာပေါ့'' Tang Yao ကလက်ဖက်ရည်ခွက်ကို မ လိုက်ပြီး ဆက်ပြောလိုက်တယ် ''ငါတို့တွေအကုန်လုံးတစ်ယောက်နဲ့တစ်ယောက်သိနေပြီးသားတွေဆိုတော့ အားနာနေစရာမလိုဘူး''

သူထူးထူးဆန်းဆန်းပုံစံကိုမြင်ရတာ အတော်ရှားတယ် အစကတော့ Tang Yao က Wei Chu တစ်ယောက် Su Le ကိုဆွဲဆောင်တာအောင်မြင်သွားပြီပဲထင်ခဲ့တာ ဒါပေမယ့် ခုအခြေအနေကိုကြည့်ရတာတော့ Wei Chu က သူမစိတ်ထဲ နေရာသိပ်မရသေးပုံပဲ

Su Le က Tang Yao ပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ထင်တဲ့အတွက် လက်ခံလိုက်တယ် ''ဒါဆိုရင် စီနီယာWeiကို အရင်ကျေးဇူးတင်ရမယ် ညီမနောက်တစ်ပါတ်ထဲလောက်ပြောင်းဖြစ်မယ်ထင်တယ် အစ်ကို့အတွက်အဆင်ပြေရဲ့လား''

''ရပါတယ် အဆင်ပြေတဲ့အချိန်ပြောင်းလို့ရပါတယ် ကိုယ့်ကိုဖုန်းသာဆက်လိုက် ကိုယ်လာကြိုပေးမယ်'' Wei Chu ကဆက်ပြောလိုက်တယ် ''တိုက်ခန်းက ပရိဘောဂတွေနဲ့လိုတာလေးတွေဖြည့်ထားပြီးသားဆိုတော့ ဘယ်အချိန်ပြောင်းပြောင်းအဆင်ပြေမှာပါ''

တခြားတစ်ဖက်မှာတော့ Chen Xu ကတွေးနေခဲ့တယ် တိုက်ခန်းကိုပြန်ပြင်ဆင်ပြီးတဲ့တစ်ခေါက်တည်းက Wei Chu ကဘာပရိဘောဂမှ ဝယ်မထည့်ဖူးတာကို ဘယ်လိုများတိုက်ခန်းက အဆင်သင့်ဖြစ်နေမှာတုန်း သူဌေးရေ မိန်းမတွေကိုဆွဲဆောင်တာနဲ့ပတ်သတ်လာရင် မြှောက်ပင့်ပြောတတ်တဲ့သူတွေနဲ့ သူဌေးက မတူဘူးလို့ အမြဲတမ်းတွေးခဲ့တာ ငါမှန်းတာမှန်တဲ့ပုံပဲ သူဌေးက တခြားသူတွေနဲ့မတူဘူး ကောင်မလေးအကြိုက်ကိုလိုက်ဖားနေတာများ ခြေတစ်လှမ်းတောင်သာနေလိုက်သေးတယ်

ခုတည်းက ဒီပုံစံဖြစ်နေရင် လက်ထပ်ပြီးတဲ့အခါကျရင် ဘယ်လောက်တောင်များမိန်းမကိုကြောက်နေရမလဲပဲ

ညနေရောက်တဲ့အခါ လူတိုင်းကနှုတ်ဆက်ပြီးပြန်ဖို့လုပ်ကြတယ် Wei Chu ကသူ့ရဲ့ကားသော့ကိုကောက်လိုက်ပြီး တခြားသူတွေလိုပဲထွက်လာခဲ့တယ် အကြောင်းပြချက်ကတော့ ကားမမောင်းတတ်တဲ့ Su Le ကို အိမ်ပြန်လိုက်ပို့ဖို့ပေါ့ Su Le လိုပဲ Chen Xu တစ်ယောက်ကလည်းကားမမောင်းတတ်ပါဘူး ဒါပေမယ့်လည်း သူကတော့ ရပ်ကွက်ထဲက လမ်းမပေါ်မှာ တစ်ယောက်တည်း ကျောက်ရုပ်အလား ချန်ထားခဲ့ခံရရှာပါတယ်

ဘယ်လိုလောကကြီးပါလိမ့် သူငယ်ချင်းထက် အချောအလှတွေကို ပိုတန်ဖိုးထားနေကြတယ်

သူတို့ရောက်သွားတဲ့အခါ Su Le က ကားထဲကနေထွက်ပြီး Wei Chu ကို ရိုးရိုးသားသားပဲကျေးဇူးတင်ကြောင်းပြောလိုက်တယ် ကားတံခါးကို ပိတ်လိုက်ပြီးနောက် သူမဟာ ဒရိုင်ဘာခုံမှာထိုင်နေတဲ့ ချောမောလှတဲ့အမျိုးသားကိုကြည့်ပြီး ဒီထူးချွန်တဲ့အမျိုးသားနဲ့ဘယ်လိုကံစပ်ပြီး သူငယ်ချင်းလာဖြစ်နေတာပါလိမ့်လို့ ရုတ်တရက်တွေးလိုက်မိတယ်

''Good bye'' Wei Chu ကသူ့ကားကိုမောင်းမထွက်ခင် Su Le ကိုနှုတ်ဆက်ပြီးပြုံးပြခဲ့တယ် နေရောင်အောက်မှာ ကားအမည်းရောင်လေးက အလင်းပြန်ပြီးတောက်ပြောင်နေတော့တယ်

အလင်းကမျက်စိကျိန်းတာကြောင့် Su Le သူမရဲ့မျက်စိကိုကျဉ်းမြောင်းလိုက်ပြီး သူမရဲ့လက်နဲ့အလင်းကိုကာထားလိုက်တယ် စိတ်မကောင်းတဲ့အသံနဲ့သူမရွတ်ဆိုလိုက်တယ် ''ဒါဆို ဒါကငယ်ရွယ်ပြီး ထူးချွန်တဲ့သူတစ်ယောက်ရဲ့ပုံစံပေါ့'' Wei Chu အပေါ်သူမရဲ့ကောင်းတဲ့ခံစားချက်တွေကို ရင်ထဲထောင့်တစ်နေရာမှာအလျင်အမြန်သိမ်းဆည်းထားလိုက်တယ် ဒီအမျိုးသားဟာ ထူးချွန်ပြီးအာရုံစူးစိုက်တတ်ပေမယ့် သူမအတွက်တော့ သင့်တော်တဲ့သူမဟုတ်ဘူးလေ

Su Le သူမက ရိုးသားပြီးခပ်ရိုးရိုးအမျိုးသားမျိုးကိုသာ စံထားးပြီး ရှာဖွေနေတဲ့သူဖြစ်တယ်

Chen Yue ရဲ့တိုက်ခန်းကို Su Le ပြန်ရောက်တဲ့အချိန်မှာ သူမရဲ့သူငယ်ချင်းပြန်မရောက်သေးတာကိုတွေ့လိုက်ပြီး ဒီညပြန်လာမှာမဟုတ်ဘူးလို့ ခန့်မှန်းလိုက်တယ် တကယ်တမ်း Chen မိသားစုရဲ့ အကြီးနှစ်ယောက်ထဲမှာ သမီးကတစ်ယောက်တည်းရှိတာကြောင့် သူမကို ဂရုစိုက်အလိုလိုက်ချင်ကြတာ သဘာဝကျပါတယ်လေ

ကွန်ပြူတာကိုဖွင့်လိုက်ပြီး Su Le က Weibo ကို sign in ဝင်လိုက်တယ် Wei Chu ရဲ့မီးဖိုချောင်ကနေယူလာခဲ့တဲ့ငရုတ်ဆီစမ်းထားတဲ့ငါးနဲ့ ငြုပ်ကောင်းဆေးဘဲဥ ပုံကိုတင်လိုက်ပြီး caption တောင်ရေးခဲ့သေးတယ်

သူမကအမြန်ရိုက်လိုက်တယ် 'ငါ ငြုပ်ကောင်းဆေးဘဲဥ ကို မလုပ်ဖြစ်တာကြာပြီ ဒီနေ့တော့နည်းနည်းလုပ်ဖြစ်ခဲ့တယ်လေ ငါ့လက်ရည်မကျသေးဘူးထင်ပါတယ် ငရုတ်ဆီစမ်းထားတဲ့ငါးဟင်းကတော့ ချောမောပြီးဖျတ်လတ်တဲ့လူကောင်းလေးတစ်ယောက်ချက်ထားတာပေါ့ ကံမကောင်းစွာနဲ့ပဲ သူကငါ့အတွက်မဟုတ်ခဲ့ဘူး [ကြေကွဲစရာ ကြေကွဲစရာ]'

postတင်ပြီးမကြာခင်မှာ လူတွေကထင်မြင်ချက်တွေ စရေးလာကြတယ် တချို့ကသူမကကံကောင်းလိုက်တာလို့ပြောတယ် တချို့ကသူတို့ကို သူနဲ့မိတ်ဆက်ပေးဖို့ပြောကြတယ် Su Le က သူမရဲ့ Weibo ကို လှန်လှောကြည့်ရင်း သူမကိုယ်ပိုင် ထင်မြင်ချက်တွေကိုရေးနေလိုက်တယ် ''ဒီဟင်းတွေ ငရုတ်ဆီစမ်းထားတဲ့ငါးနဲ့ ငြုပ်ကောင်းဆေးဘဲဥ ဟင်းက နေ့လည်က Wei Chu ဆီမှာစားခဲ့တာနဲ့မတူဘူးလား

'' Tang Yao က အိပ်ယာနားကို သူ့ရဲ့tablet ကိုသယ်လာပြီး Laing Guang ရဲ့ pyjama အင်္ကျ ီလက်ကိုဆွဲပြီး ''ကြည့်ဦး မတူဘူးလားလို့?''

Liang Guang က tablet မျက်နှာပြင်ပေါ်က ချဲ့ထားတဲ့ပုံကို တစ်ချက်ကြည့်လိုက်ပြီး

''အဲ့တာ တူရုံတင်မဟုတ်ဘူး Wei Chu ရဲ့ဟာပဲလေ ကြည့်လိုက် ပန်းကန်ပေါ်က ဒီဇိုင်းကတောင် သိသာနေတာ ကောက်ချက်ချစရာကတော့ တစ်ခုတည်းပဲ'' ''ဒါဆို Su Le က 'Qi Jiu' လား?!''

Tang Yao လက်အနည်းငယ်တုန်သွားပြီး Liang Guang လက်မောင်းကိုဆွဲပြီးပြောလိုက်တယ် ''ဒါဆို ငါ့အတွက်လက်မှတ်ထိုးထားတဲ့စာအုပ်တွေရဖို့နည်းလမ်းရှိသေးတာပေါ့! Su Le ကိုတွေ့တုန်းက စိတ်ချမ်းသာနေတာ အံ့သြစရာမဟုတ်တော့ဘူးပဲ သူက ငါကြိုက်တဲ့စာရေးဆရာမကိုး'' Liang Guang တစ်ယောက်သူ့ကိုယ်လှုပ်ယမ်းနေတာကိုရပ်ဖို့မတတ်နိုင်ခဲ့ဘူး

အရင်တုန်းကဆို Tang Yao ကသူ့ကို Qi Jiu ဆိုတဲ့တစ်ယောက်ရဲ့စာအုပ်တွေအတင်းဖတ်ခိုင်းခဲ့တာ Qi Jiuရဲ့ ဝတ္တုတွေထဲမှာဆိုရင် အမျိုးသမီးဇာတ်လိုက်တွေက ထက်ထက်မြက်မြက်ပြောတတ်ပြီး သန်မာတဲ့ပုံရိပ်ရှိတယ် ယောက်ျားတစ်ယောက်အနေနဲ့ တစ်ခါတစ်လေမှာသူတွေးမိတာက အကယ်၍သူသာ အဲ့လိုအမျိုးသမီးနဲ့တွေ့ခဲ့မယ်ဆိုရင် သူ့ရဲ့ကျန်တဲ့ဘဝတစ်ဝက်ကို မကြာခင်ကာလမှာဆုံးရှုံးသွားမယ်ဆိုတာပဲ Liang Guang ရဲ့စိတ်ထဲက Su Le ရဲ့ပုံရိပ်ဟာ နေ့ချင်းညချင်း ထက်မြက်တဲ့အမျိုးသမီးကနေ ကြောက်စရာအမျိုးသမီးအဖြစ်ပြောင်းလဲသွားတော့တယ် အမျိုးသမီးတွေက ပုံမှန်ဆိုကြောက်စရာမကောင်းပေမယ့် သန်မာတဲ့ပုံရိပ်ကိုပိုင်ဆိုင်ထားတဲ့ ထက်မြတ်တဲ့စိတ်က အမျိုးသမီးတွေကို ကြောက်စရာကောင်းစေတယ် အဲ့လိုအမျိုးသမီးကိုကြိုက်ရဲတဲ့လူကတကယ်ကိုသတ္တိရှိတာပါပဲ တချိန်တည်းမှာပဲ တခြားနေရာမှာတော့ Wei Chu ဟာလည်း Su Le တင်လိုက်တဲ့ပုံတွေကို ကြည့်နေခဲ့တယ် သူကပျော်ရွှင်တာနဲ့ရည်မှန်းချက်မအောင်မြင်တာကိုတပြိုင်တည်းခံစားနေရတယ် ပျော်တာကတော့ သူမဟာ သူ့ကိုချီးကျူးပြီး လူကောင်းတစ်ယောက်အဖြစ်သူ့ကိုမြင်ပေးလို့ ကြိုးပမ်းမှုမအောင်မြင်သလိုခံစားရတာကတော့ သူမဟာ သူတို့နှစ်ယောက်မလိုက်ဖက်ဘူးလို့ထင်တဲ့အတွက်ပဲဖြစ်တယ် Wei Chu က သူ့ကိုယ်သူမထိန်းနိုင်ပဲ ထင်မြင်ချက်တစ်ခုဝင်ရေးလိုက်တယ်

[ပျော်ရွှင်မှုအတွက်စောင့်နေဆဲ ; သူကလူကောင်းဆိုရင်ဘာလို့မစဉ်းစားပေးတာလဲ တခြားအမျိုးသမီးတွေကို အခွင့်ကောင်းမယူသွားစေနဲ့ဦး]

မိနစ်အနည်းငယ်ကြာတဲ့အခါ တခြားအဖွဲ့တစ်ခုကနေ တုန့်ပြန်ချက်တစ်ခု ဝင်လာခဲ့တယ် [သူကလူကောင်းမလို့ပဲလေ ချမ်းသာပြီးရုပ်ချောတယ် ဒါကြောင့်သူ့ကိုကြိုက်တဲ့အမျိုးသမီးတွေအများကြီးပဲနေမှာ ဒါကငါ့အတွက် အများကြီးဖိအားဖြစ်စေလိမ့်မယ် ဒီလိုရွက်ကြမ်းရေကျိုရုပ်လေးနဲ့ သူ့လိုလူကောင်းတစ်ယောက်ကို မဖျက်စီးရဲပါဘူး]

အကြောင်းပြချက်တွေ ဒါတွေအကုန်လုံးအကြောင်းပြချက်တွေချည်းပဲ Wei Chuကသူရဲ့မျက်နှာကိုထိလိုက်တယ် ဖြစ်နိုင်တာက သူတကယ်ကိုပဲ မျက်နှာခွဲစိတ်ပြုပြင်မှုလုပ်လိုက်သင့်လား?

အခန်းသစ်တစ်ခုလိုင်းပေါ်တင်ပြီးတဲ့နောက်မှာ Su Leရဲ့ဖုန်းမြည်လာခဲ့တယ် အဲ့တာက Wei Chu ဆီက စာတစ်စောင်ပဲ

[ညစာစားပြီးပြီလား စောစောအနားယူဖို့သတိရနော် မနက်ဖြန်မနက်ကျရင် ကိုယ်အလုပ်လိုက်ပို့ပေးမယ် ^_^]

Su Le က ပြုံးနေတဲ့မျက်နှာလေးကိုစိုက်ကြည့်လိုက်ပြီး စာမြန်မြန်ပြန်ရိုက်မပို့ခင်မှာ ခဏလောက်ရပ်သွားတယ်

[စီနီယာ Wei ...... ရှင့်ရဲ့ဖုန်းအဟက်ခံထားရတာလား?]

[မဟုတ်ပါဘူး ဘာများမှားနေလို့လဲ] Su Le ရုတ်တရက်ဆိုသလို ခေါင်းထဲမှာဗလာဖြစ်သွားပြီး စာပြန်လိုက်တယ်

[ဘာမှမဖြစ်ပါဘူး စီနီယာက emojiတွေသုံးလိမ့်မယ်လို့မထင်မိရုံပါ]

[အန် တကယ်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က punctuation mark (ပုဒ်ဖြတ်သင်္ကေတ) တွေပေါင်းလိုက်ရင် မျက်နှာအမူအရာတွေလုပ်လို့ရတာကို သိလိုက်တယ် အဲ့တာအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လေ ^_^]

Su Le ကသူသိထားတဲ့ Wei Chu ရဲ့အားကောင်းပြီး ငယ်ရွယ်ထက်မြတ်တဲ့လူငယ်လေးပုံရိပ်က နည်းနည်းပြိုလဲသွားသလိုပဲ သူမက ချစ်စရာကောင်းတဲ့ emoji လေးကိုကြည့်လိုက်ပြီး သူ့မျက်နှာကိုဆွဲဆိတ်တာကိုမရပ်တန့်နိုင်ခဲ့ဘူး

[အင်း ဟုတ်တယ် အဲ့တာကအရမ်းစိတ်ဝင်စားဖို့ကောင်းတယ်] Su Le က ကွက်လပ်ကိုချုံ့ပေးလိုက်တယ် ထင်ထားသလိုပဲ လွှမ်းမိုးတတ်ပြီးငယ်ရွယ်ထက်မြတ်တဲ့ပုံစံက တကယ့်အမြင်မှားပဲဖြစ်မယ် အမြင်မှားပဲ

[ဘယ်အချိန်အလုပ်ကိုရောက်ရမှာလဲ]

[၈နာရီခွဲ]

[ကောင်းပြီ ကိုယ်မနက်ကျရင်လာကြိုမယ် ညစာစားဖို့သတိရနော် ^_^] သူမရဲ့ဖုန်းလေးက မကြာခင်မှာတိတ်ဆိတ်သွားတယ် Su Le က နောက်ဆုံးပို့ထားတဲ့စာက ပြုံးနေတဲ့မျက်နှာလေးကိုကြည့်လိုက်ပြီး ရုတ်တရက် ရယ်ထုတ်လိုက်မိတယ် ဒီစီနီယာWei တစ်ယောက်က သိပ်ကိုချစ်ဖို့ကောင်းတာပဲ

TBC~~~~

Continue Reading

You'll Also Like

60.7K 1.8K 36
" ဟိုးရှေးရှေးတုန်းက၀င်ကစွပ်လေးတစ်ကောင်ရှိသတဲ့..အဲ့၀င်ကစွပ်လေးကသူ့ခန္ဓာကိုယ်လေးနွေးထွေးလုံခြုံဖို့ တခြားသတ္တဝါတွေရဲ့အန္တရာယ်ကနေလွတ်မြောက်ဖို့ လှပတင့်...
557K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
2.2M 79.1K 79
ငါလား.... စိတ်ချ...... ကောင်းကင်ဘုံရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံ...