" ဒီနေ့တော့မထွက်ပါနဲ့...တစ်ခြားလူတွေသိကုန်ရင်မင်းကြီးသိက္ခာတွေကျကုန်လိမ့်မယ်....ပြီးတော့ပြည်သူတွေ့ရဲ့လေးစားမှုကလည်းလျော့သွားလိမ့်မယ်..."
" အာ...ပိုင်ကျူး...ပါးစပ်ပိတ်ထားစမ်းပါ....ဒီကိစ္စကမင်းနဲ့ငါပဲသိတာ...မင်းပါးစပ်သာပိတ်ထား...တစ်ခြားလူတွေသိကုန်လို့ကတော့...မင်းအသက်ငါအာမမခံဘူး..."
အုတ်တံတိုင်းအားကျော်တက်ရန်ပြင်နေသူတစ်ဦး......။
ထိုလူအားဒူးထောက်ကာတောင်းပန်နေသည့်သူ......။
************************
လမ်းတစ်လျှောက်အမျိုးစုံလှသည့်ဈေးသည်များ......အရောင်စုံလှသည့်လူများကထိုဈေးလေးထဲတွင်တိုးဝှေ့ကြလျှက်.......။
( )ဆောင်ကြာမြိုင်......
အဆောင်ထဲဝင်လိုက်သည်နှင့်တွေ့ရသောအရောင်စုံလှသည့်ပန်းပွင့်ကလေးများကိုကြည့်၍ဘေးတွင်မိမိအားလာခေါ်သည့်မိန်းမပျိုတစ်ဦးကြောင့်မင်ဝမ်အပေါ်ထပ်သို့တက်လာလိုက်သည်........။
" ဒီကသခင်လေးကိုကြိုဆိုပါတယ်.."
အခန်းထဲမှမိန်းမငယ်လေးတစ်ဦး၏နှုတ်ဆက်မှုကြောင့်ယပ်တောင်လေးအားခပ်ဖွဖွခပ်ကာထိုင်လိုက်သည်......။
အခန်းထဲမည်သူမျှမရှိဟုသေချာသည်နှင့်.....
" စုံစမ်းခိုင်းတာရပြီလား...."
" သိရပါပြီ....ဒါပေမဲ့သူကအရမ်းပိရိလွန်းနေတော့....ဘယ်လိုမှဖော်ထုတ်လို့ရမယ်မထင်ဘူး...."
မင်ဝမ်ရှေ့မှထိုမိန်းမပျို၏စကားကြောင့်ခေါင်းကိုသာအသာငြိမ့်
လိုက်သည်.......။
' သိပ်ဟန်ဆောင်ကောင်းတာပဲ..'
******************************
" သကြားစိမ်သစ်သီးတွေရမယ်...သကြားစိမ်သစ်သီးတွေရမယ်.. "
ဟန်ရွယ်မိမိရှေ့မှထိုသစ်သီးအားကြည့်၍စားကြည့်စိတ်ကဖြစ်ပေါ်လာ၏.......။
ယနေ့မိမိထွက်လာရခြင်းမှာဇာတ်လိုက်အားလေ့လာကြည့်ချင်၍ဖြစ်သည်.....။
ထို့ကြောင့်မိမိရှေ့မှ( )ဆောင်ကြာမြိုင်အားကြည့်၍အပြုံးတစ်ခုဆင်လိုက်၏......။
မူလဇာတ်လမ်းအတိုင်းဆို ဤနေရာသည်ဇာတ်လိုက်အမြဲခိုးထွက်၍လာနေကျနေရာ.......ဒုတိယဇာတ်လိုက်နဲ့ကလဲဒီနေ့မှာတွေ့ရမည်ဖြစ်သည်.......။
ဒုတိယဇာတ်လိုက်သည်အလွန်သနားတတ်သူဖြစ်သည်...ထို့်ကြောင့်မိမိရှေ့တွင်အနိုင်ကျင့်ခံနေရသည်ကိုမြင်၍ဖြေရှင်းပေးရင်းဒုတိယဇာတ်လိုက်အားကြွေသွားခြင်း......။
'ငါကမကယ်ရင်ပြီးတာပဲ...တကယ်ဆိုငါမကယ်လဲဇာတ်လိုက်ကကယ်မှာပဲကိုဒုတိယဇာတ်လိုက်ကကယ်လိုက်ရတယ်လို့...ရုပ်ရှင်ဆန်လွန်းအားကြီးတယ်....systemထွင်တဲ့လူကမစဉ်းစားတတ်တာများလား...'
ဟန်ရွယ်မိမိအတွေးအားကျေနပ်နေစဉ်မိမိအားကျော်သွားသည့်သကြားစိမ်သစ်သီးသည်နောက်သို့ပြေးလိုက်ရပေ၏........။
ပြေးရင်းအရှေ့မှလူတစ်ဦးအား....
' ဘုတ်!'
" အာ..Sorry!"
မိမိပါးစပ်ထဲရှိရာတောင်းပန်လိုက်သည်........။
" ရပ်ပါအုံးဗျ..."
ထိုအသီးသည်,သည်လည်း..ထိုအခါမှလှည့်ကြည့်လေ၏......။
" အဲ့ဒါသုံးချောင်းပေးပါ.."
လက်ထဲမှငွေစအားထုတ်ပေး၍( )ဆောင်ကြာမြိုင်ရှေ့သို့ပြန်လာလိုက်သည်........။
************************
" အား.....သူဒီအထဲမှာအိပ်တော့မှာလားမသိဘူး....ငါကအိပ်ချင်လာပြီ..ဝါး..."
ဟန်ရွယ်ထိုဆောင်ကြာမြိုင်ရှေ့တွင်ထိုင်နေသည်မှာအချိန်အတော်ကြာနေပြီဖြစ်သည်......။
တဖြည်းဖြည်း ဝင်လာသည့်နေရောင်တို့ကလည်းအမှောင်ကိုပါခေါ်ဆောင်လာလေသည်.......။
ထိုအမှောင်လေးထဲတွင်ဟန်ရွယ်တစ်ယောက်တစ်ကိုယ်တည်းထိုင်ကာပြောဆိုနေလေ၏........။
" ပြန်များသွားတာလား..အာ....ငါကကြည့်ကြည့်ပါမယ်ဆို...အခုတော့သူ့မျက်နှာကိုတောင်မသိလိုက်ရဘူး....နောက်တစ်ခေါက်မှလာကြည့်ရတော့မှာပဲ...ဒါပေမဲ့တစ်ခုကောင်းတာက..ငါဒီနေ့ဇာတ်လိုက်နဲ့မတွေ့လိုက်ဘူးပဲ....အမယ်...ဘယ်ဆိုးလို့လဲ...အဲ့ဒါဟိုသစ်သီးသည်ကိုကျေးဇူးတင်ရမယ်.."
ထို့နောက်ဟန်ရွယ်၏တည်နေရာသည်သည်အိမ်သို့သာ........။
**********************
' ဒေါက်...ဒေါက်...ဒေါက်..'
ဟန်ရွယ်အခန်းရှေ့မှတံခါးခေါက်သံကြောင့်အထဲသို့ဝင်လာရန်သာဆိုလိုက်၏.........။
ဝင်လာသူမှာဟန်ရွယ်၏မိခင်.........။
" မယ်တော်....."
" အားရွယ်....ဒီနေ့ဘယ်တွေသွားနေတာလဲ...မနက်တည်ကထွက်သွားတာ.."
".အာ....ဟို..အပြင်ခနလျောက်သွားကြည့်နေတာပါ....အစကတော့စောစောပြန်လာဖို့ပဲ...သွားရင်းသွားရင်းနဲ့ကြာသွားပြီးတော့..မှောင်သွားတာ."
" အေးပါ...ဟုတ်ပါပြီ."
လောင်ဖူးရန်ထိုသားလေးအတွက်စိုးရိမ်မိသည်.....။ငယ်စဉ်တည်းကနုနယ်လွန်းသည့်သူမ၏သားလေးသည်ဖခင်၏အညိုအငြင်ခံရမည်ကိုစိုး၍အပင်းပန်းခံကာနေခဲ့သည်......ထို့ကြောင့်တစ်ခြားကိုယ်လုပ်တော်များ၏သမီးများကပင်အားရွယ်အားအနိုင်ကျင့်တတ်ကြသည် .........။
သို့သော်လည်းအရာရာကိုအပြုံးဖြင့်သာဖြေရှင်းတတ်သည်မို့စိုးရိမ်မိသည်........။ထိုအရာသည်တစ်ချိန်ချိန်တွင်သားလေး၏အသက်ကိုပင်ရန်ရှာလာမည်ကိုတွေးကာယူကျုံးမရဖြစ်နေခဲ့ရသည်.....။
နှုတ်ကထိုစကားတို့အားပြောမထွက်၍အရိပ်တကြည့်ကြည့်ဖြင့်စောင့်ကြည့်ကာနေရ၏.........။
နောက်ဆုံးသားလေး၏အသက်အန္တရာယ်အားထိခိုက်လာမည်ဆိုလျှင်ဤနေရာမှထွက်သွားရန်သာ........။
လောင်ဖူးရန်ထွက်သွားသည်နှင့်ဟန်ရွယ်၏အတွေးသည်တော့missionအားမည်ကဲ့သို့အောင်ရမည်ဟုသာ.......။
***********************
အခန်းကြီး၏တစ်နေရာတွင်တော့ပုလ္လင်ပေါ်တွင်ထိုင်ကာသြဇာအာဏာအပြည့်ဖြင့်လူတစ်ယောက်၏အကြည့်တို့သည့်စူးရှနေသကဲ့သို့.....။
ထို့အပြင်ထိုရှင်ဘုရင်အားခစားနေကြသည့်လူတို့၏အကြည့်တို့သည်အကြောက်တရားတို့ပြည့်လျက်........။
" တိုင်းပြည်အခြေအနေတွေကတစ်နှစ်ထက်တစ်နှစ်ဆိုးလာတယ်မထင်ကြဘူးလား....ကောက်ပဲသီးနှံ ဆိုလဲအထွက်မတိုးတော့တဲ့အပြင်ပြည်သူတွေရဲ့ဆူပူသံတွေကလဲပိုမိုကျယ်လောင်လာပြီ..မောင်မင်းတို့အလုပ်ကိုဘယ်လိုလုပ်နေကြတာလဲ!::"
ဒေါသသံအနောက်တွင်ပါလာသည့်တိုင်စာတစ်ချို့.......။
မှူးမတ်တို့သည်လဲမလွန်ဆန်ရဲသည်မို့....ဒူးထောက်ချကာခွင့်လွှတ်ပေးရန်သာတောင်းဆိုနေကြ၏.........
မိမိတို့၏တောင်းပန်မှုတို့အားမည်သည်မှမပြောပဲထွက်သွားသည့်ထိုလူအားကြည့်၍ဒူးထောက်နေကြသည့်ထိုလူတစ်စုသည်လည်းအသက်ကိုဖွဖွလေးပင်ရှုရဲကြလေတော့သည်..........။
မင်ဝမ်အခန်းထဲရောက်သည်နှင့်စားရေးခုံလေးပေါတွင်တွေ့လိုက်ရသည့်အမှတ်အသားတံဆိပ်လေးအားကြည့်၍သက်ပြင်းချသံတစ်ခုသာ.......။
အချိန်တို့ရယ်ကြာလွန်လာကာအရှေ့အရပ်မှခယထွက်လာသည့်နေမင်းကြီးသည်အနောက်ယွန်းယွန်းသို့ပြန်နေလေပြီ........။
ထို့နောက်တဖြည်းဖြည်းထွက်ပေါ်လာသည့်လရောင်ပြပြလေးသည်တော့အခန်းတစ်ခုထဲတွင်ထိုင်နေသည့်ကောင်လေးတစ်ယောက်နှင့်ထိုကောင်လေးကိုင်ထားသည့်တံဆိပ်ပြားလေးတို့အားအလင်းထောက်ပံပေးနေသကဲ့သို့........။
(A/N:သာသာမတင်ဖြစ်လို့စိတ်မဆိုးပါနဲ့..သာသာနေမကောင်းဖြစ်သွားလို့😁😁အခုတော့ပြန်တင်ပေးပါပြီနော်upပါရှင့်😉😉သာသာ့ရဲ့ဝမ်အားလေး...အယ်..ဘွာတေး..အားရွယ်ရဲ့ချစ်ချစ်လေးပါလိုု့😍)