ကျောင်းဝန်းထဲသို့ဝင်လာသည့်ကားတစ်စီး.........။
Sinတစ်ချက်ကြည့်လိုက်သောအခါကားမှန်မှမြင်လိုက်သောမျက်နှာကြောင့်အကြည့်လွှဲလိုက်သည်........။
" ဇွဲတော့ကောင်းတယ်မထင်သေးပါဘူး....အခုမှဒုတိယရက်ပဲရှိသေးတာဆိုတော့...ခင်ဗျားဇွဲကောင်းမှုကိုအမှတ်တွက်ပေးရမှာပေါ့..."
Sinတစ်ယောက်ထဲနှုတ်မှရွတ်ဆိုလိုက်သည်.....။
ခနနေကြားလိုက်ရသောအသံ........
"ကိုယ့်ကိုစောင့်နေတာလားဖြူလုံးလေ.."
'ဟက်...ဖြူလုံးလေး....ငါ့နာမည်မှမဟုတ်တာ....ငါကနားထောင်ပေးရမှာလား´
စိတ်ထဲမှတွေး၍....နှုတ်ကတော့မပြောခဲ့ချေ.....မသိယောင်ဆောင်မြဲ....။
" Sin!!"
မိမိနာမည်အားခေါ်လာသည့်သူကြောင့်ကြည့်လိုက်သည်........။
နေရောင်ခြည်အားကွယ်၍ရပ်နေသော်လည်း....ဘေးမှဖြာထွက်နေသောအလင်းရောင်တို့က......
ထိုသူအားကြာကြာစူးစိုက်မကြည့်ရဲလောက်အောင်ဖြစ်နေသည်......။
သို့သော်လည်းသူ့၏ခန္ဓာကိုယ်အားအကာအကွယ်ယူကာကွယ်ပြီးကြည့်လိုက်လေသည်.......။
" ကိုကိုမနေ့ကအဲ့လိုသဘောပြောတာမဟုတ်ပါဘူး....အဲ့ဒါကလေ."
" ကျွန်တော်သိပါတယ်....မိဘတောင်မလိုချင်တဲ့ကျွန်တော့်လိုလူကိုဘယ်သူမှတကယ်လိုချင်မှာမဟုတ်ဘူး....ပြီးတော့...ကိုယ့်ရဲ့ဆွေမျိုးသားချင်းလဲမဟုတ်ပဲနဲ့.....ရောဂါသည်ကိုတော့မပြုစုချင်လောက်ဘူးလေ.."
Rioအားမိမိကိုယ်ကိုစိတ်နာစေရန်တမင်ပြောဆိုလိုက်ခြင်း......။
ထို့နောက်သူ့ဘေးမှထွက်လာလိုက်သည်........။
လှည့်ထွက်လိုက်သည်နှင့်ပေါ်လာသောကလေးတစ်ယောက်၏အပြုံးကိုမြင်သူတို့သည်......ဖြူစင်သောအပြုံးမဟုတ်သည်ကိုတော့သိနိုင်သော်လည်း......မည်သူမှမတွေ့ခဲ့ချေ........။
*****************************************
Rio'Starlight´ဟူသောဆိုင်းဘုတ်အားကျော်ကာဝင်လာလိုက်သည်နှင့်တွေ့လိုက်ရသောဖြူလုံးလေ.......။
ဝမ်းသာစောနှင့်ခေါ်လိုက်သော်လည်း.....မိမိ၏စကားကိုအဖတ်ပင်မလုပ်ချေ......။
သို့်သော်လည်း'Sin´ဟူသောနာမည်လေးအားခေါ်တော့ကြည့်လာသည့်ကလေးပေါက်စလေး......။
နေရောင်ကြောင့်ထင်သည်နဂိုမြင်နေရသည့်မျက်လုံးဝိုင်းကအနည်းမှေးစင်းနေသည်.....။
ဖြေင့်သွယ်နေသောမျက်ခုံးနှစ်ခုတို့အားတွန့်ချိုးထားသည်......။
ထို့နောက်မိမိခန္ဓာကိုယ်နှင့်ကွယ်ကာပြောလာသည့်စကားတစ်ချို့.....။
မိမိအားဘာအကြောင်းကြောင့်မုန်းနေသည်ကိုမသိနိုင်ချေ..........။
မိမိပြောခဲ့သည်စကားလေးအားစိတ်အနှောက်အယှက်ဖြစ်သွားသည်လား.......။
ဒါသည်ပထမဆုံးအကြိမ်မိမိကိုယ်ကိုနာကျည်းမိခြင်းပင်.....။
အဆောင်ထဲဝင်သွားသောကလေးလေး၏ကျောပြင်ကိုကြည့်ကာ.....
ကားဆီသို့ပင်ပြန်လာလိုက်ရသည်.....။
ဒါလွန်ခဲ့တဲ့သုံးနှစ်ပြီးနောက်ပထမဆုံးကြုံဖူးသည့်ရှုံးနိမ့်ခြင်း........။
သို့သော်လည်း...မိမိအရှုံးပေးမည်မဟုတ်ပေ........။
အိမ်သို့တမ်းမပြန်ချင်သေးပေ........။အန်ကယ်လ်ပိုလ်...၏အမေးတို့အားလည်းရင်မဆိုင်ချင်.......။ထို့ကြောင့်Companyသို့သာလာလိုက်သည်.......။
Company သို့ရောက်သည်နှင့်ဓာတ်လှေကားထဲသို့ဝင်ရန်ပြင်လိုက်စဉ်...တွေ့လိုက်ရသောရှယ်ယာရှင်တစ်ချို့.........။
ထိုရှယ်ယာရှင်ထဲတွင်.....မာမီ့ဘက်မှ....ဦလေးတော်စပ်သူ........
ဟက်....မိမိ၏ပိုက်ဆံများအားငယ်ရွယ်စဉ်ကလိမ်စားခဲ့သည့်သူထဲတွင်သူလဲတစ်ဦးအပါဝင်ပေ.........။
အားလုံးအားမသိချင်ယောင်ဆောင်ကာ...တက်လာလိုက်သည်.....။
" အလုပ်ချိန်မဟုတ်တာတောင်....ဦးလေးကိုနှုတ်ဆက်သင့်တယ်မထင်ဘူးလားRio"
" အို....အန်ကယ်လ်ဒီထဲမှာရောက်နေတာလား....မတွေ့လိုက်လို့လေ.....ပြီးတော့ကိုယ့်အတွေးထဲမှာအရေးကြီးတာတစ်ခုတွေးနေလို့.."
Rioပြောလိုက်သည့်းကားတို့တွင်သူတို့သည်အရေးမကြီးဟူ၍ပြောလိုက်ခြင်း.......။
မိမိစကားအနက်အဓိပ္ပါယ်ကိုသိသော်လည်း.....Companyပိုင်ရှင်ဟူသောဂုဏ်ပုဒ်ကြောင့်မည်သည်မှပြန်မပြောနိုင်ချေ.......။
မိမိထိုအချိန်ငွေဆိုသည့်အရာအားဂုဏ်ယူမိသည်.......ငွေသည်အရာရာကိုအောင်နိုင်သည်လေ......။
ထိုအချိန်ခေါင်းထဲဝင်လာသည့်စကားတစ်ခွန်း.
" ကျွန်တော်လက်မခံနိုင်ဘူး."
'ကိုယ့်ကိုငြင်းနိုင်သေးတာ...Sin...မင်းဆိုတဲ့ကလေးလေးတစ်ယောက်ဆိုတာအခုထိမယုံသေးဘူး...ဟက်´
Rioစိတ်ထဲမှတွေးမိခြင်း........။
*****************************************
ယနေ့ဟိုလူလာ၍အပြင်တွင်ပင်မနေချင်တော့........။
အခန်းထဲဝင်လာတော့....တွေ့လိုက်ရသည့်မြင်ကွင်းတစ်ခု......။
" Jhon!!"
ငိုနေသည့်Jhon.......။
" ဘာဖြစ်လို့လဲ "
.
မေးလိုက်တော့ပြန်ဖြေလာသည်က..သူ့ကို..မွေးစားဖို့လာခေါ်လို့တဲ့...
" ငါ့ကိုမွေးစားဖို့တဲ့..အဟင့်"
" အာ..မင်းကလည်း....မွေးစားဖို့လာခေါ်တာများ...ငိုနေသေးတယ်."
"ငါမင်းနဲ့မတွေ့ရတော့ဘူးလေ...အဟင့်..ငါ..ငါ..မင်းကိုပါမွေးစားဖို့ခေါ်စေချင်တာ...ဒါပေမဲ့သူတို့ကတစ်ယောက်ပဲခေါ်ချင်တာတဲ့..အဟင့်"
" အော်...ဘာများလဲလို့....ငါ့ကိုဟိုလူမွေးစားဖို့ခေါ်မှာကွ..ခုငါမလိုက်သေးတာပါ.."
ထိုအခါမှအငိုရပ်ကာပြောလာသည့်Jhon......
" ငါ့ကိုမွေးစားမဲ့လူတွေကတရုတ်လူမျိုးတွေကွ...သူတို့နဲ့အတူတရုတ်ကိုလိုက်သွားရမှာ.."
" ဘာမှဝမ်းနည်းမနေပါနဲ့....မင်းလဲတရုတ်စကားပြောတတ်နေတာပဲ...ပြီးတော့..ငါ့ကိုမွေးစားမဲ့လူကအရမ်းချမ်းသာတယ်တဲ့....သူမွေးစားရင်မင်းဆီငါလိုက်လာခဲ့မယ်လေ.."
ထိုမှသာဝမ်းသာသွားသည့်သူ......။
(A/N_ ဒီထဲမှာတစ်ချို့ကထင်မှာပဲ....ငါးနှစ်အရွယ်လေးကဘယ်လိုတရုတ်စကားပြောတတ်တာလဲလို့.....Jhonဆိုတာတရုတ်စပ်ပါတယ်နော်.....ဒါကြောင့်ပြောတတ်တာပါ.....)
*****************************************
ယနေ့Jhonမွေးစားခံရမည့်နေ့......။
မူလဇာတ်လမ်းအတိုင်းဆို....JhonကSinမွေးစားခံရပြီးနှစ်ရက်လောက်နေမှ.....မွေးစားခံရတာ....ပြီးတော့နောက်ဆုံးSinသေတဲ့အထိသူပြန်ရောက်မလာခဲ့ဘူး....
နောက်ပိုင်းSinသေတာသိတော့ဇာတ်လိုက်မကိုလက်စားချေဖို့လုပ်သော်လည်းဇာတ်လိုက်ကိုမနိုင်ပဲ.....သူလဲဒုက္ခရောက်ခဲ့ရတယ်.......။
အခုမိမိကမွေးစားမခံသေး၍ဇာတ်လမ်းပြောင်းသွားခြင်း........။
မုယူလဇာတ်လမ်းမှာSinကမွေးစားဖို့လာခေါ်ခေါ်ချင်းပါသွားခြင်း....။
ကားပေါ်တက်တော့မည်Jhonအားဖက်ကာနှုတ်ဆက်လိုက်သည်.....ငိုနေသေးသည့်Jhonအားမငိုရန်ပြောနေသော်လည်း.......
ကိုယ်တိုင်ကမျက်ရည်ကျနေမိခြင်း......။
[hostကဘာလို့ငိုနေတာလဲ.]
[ငါငိုနေတာမဟုတ်ဘူး....ဒီခန္ဓာကိုယ်ကိုကအားနည်းနေတာ]
မိမိမျက်ရည်ကျနေသည်ကိုဘယ်ချောင်ထဲကထွက်လာပြီးသရော်နေမှန်းမသိ.......။
စိတ်တိုတိုနှင်ပြန်ပြောလိုက်တော့မှ.....အသံကတိတ်သွားတော့သည်........။
ထို့နောက်ဂေဟာထဲမှတရွေ့ရွေ့နှင့်ထွက်ခွာသွားသောကားလေးတစ်စီး.......။
Sinမျက်ရည်တို့အားသုတ်ကာအဆောင်ထဲဝင်လာလိုက်သည်....သူများအမြင်တွင်တော့သူငယ်ချင်းထွက်သွ၍ငိုနေသောကလေးတစ်ဦးသာ.....။
တကယ်ကတော့....မနက်ဖြန်ဇာတ်လိုက်အားပြောမည့်းကားတို့အားတွေးမိနေခြင်း........။
(A/N_ အဲ့ပိစိလေးကဘာတွေတွေးနေလဲမသိဘူး...ပြီးတော့ဇာတ်လမ်းကမူလနဲ့နဲနဲလေးသွေဖယ်သွားတယ်နော်...နောက်ပိုင်းအဲ့အလွဲလေးကနေဘာတွေဆက်လွဲအုံးမလဲစောင့်ကြည့်နော်😉😉ပြီးတော့လေ..သာသာrebirthပုံစံလေးတစ်ပုဒ်ရေးနေပါတယ်....ဖတ်ကြည့်ပေးပါအုံးနော်😁)