ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...
By pngon677
262K 24.2K 675
..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More
Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)
EP15(U+Z)
2.6K 322 0
By pngon677
... EP15 ကြောင်လေး လေးကောင်
ဟယ်ကျစ်ရှုသည် ဆေးရုံမှအပြန်တွင်
နီးစပ်ရာ ဆံပင်ညှပ်ဆိုင်တစ်ခုကို
ဝင်ခဲ့လိုက်သည်။ဆံပင်ညှပ်ဆိုင်သည်
သေးငယ်သောဆိုင်ခန်းလေး
ဖြစ်သော်လည်း ဖောက်သည်များမှာများပြားလျက်အထဲတွင် လူပြည့်နေလျက်ရှိနေသည်။
ဟယ်ကျစ်ရှုသည် သူ့အလှည့်အား
ခတ္တစောင့်နေလိုက်လေသည်။
မကြာမီသူ့အလှည့်သိူ့ရောက်လာခဲ့သောအခါ
ဆံပင်ညှပ်သူက ပုံရွေးချယ်ခိုင်းရာ
!အဆင်ပြေမယ့်ပုံသာညှပ်ပေးပါ!
ဟယ်ကျစ်ရှုသည် တည်ငြိမ်စွာပြောလိုက်လျက်သူ၏ လက်ရှိပုံစံအားသူထိုင်နေရာရှေ့ရှိမှန်ထဲ၌ ပြန်ကြည့်လိုက်မိသည်။တဆက်တည်းမှာပင် သူတွေးလိုက်မိသည်ကား
ဤသို့ဆံပင်ညှပ်ခြင်းသည် အခုအခေါက်မှာ
နောက်ဆုံးအကြိမ်ဖြစ်ကောင်းဖြစ်သွားနိုင်မည် ဟူ၍ဖြစ်ပြီးသူကုသမှုခံယူမည့်
ဓာတုကုထုံးသည် ဆံပင်ကျွတ်ခြင်းကို
အကြီးအကျယ်ဖြစ်စေသောကြောင့်ပင်
ဖြစ်လေသည်။
ဆံပင်ညှပ်သူသည် စကားနည်းသူဖြစ်ကာသူ့အလုပ်ထဲတွင်အာရုံစိုက်သူဖြစ်သောကြောင့်ခဏ၌ပင် ဟယ်ကျစ်ရှု၏ ဆံပင်ညှပ်ခြင်းအမှုမှာ ပြီးစီးသွားခဲ့လေသည်။ ဆံပင်ညှပ်သူသည် ကပ်ကြေးကိုချပြီး သူ့အားဘီးဖြီးပေးရင်း
!ဒီပုံလေး နဲ့အဆင်ပြေတယ် မင်းဆံပင်က
ထူပေမယ့် ပျော့ပျော့လေး နဲ့မို့ပုံသွင်းရအဆင်ပြေတယ်!
ဟု ပြောလာသည်။
ဟယ်ကျစ်ရှုသည် ထိုသူအားပြုံးပြရင်း ကျသင့်ငွေကိုပေးလိုက်ရင်း အမှတ်တမဲ့ပင် ကျန်းဝမ်ရွှီသူ့အားပြောဖူးခဲ့သည့်စကားများကို ပြန်သတိရမိလိုက်သည်။
ဟိုးအရင် ဆယ်နှစ်ကျော်လောက်က
သူတို့ကျောင်းတက်နေချိန် ကျောင်းသားဘဝတွင်ကျန်းဝမ်ရွှီသည် အမြဲလိုပင် ကျစ်ရှု၏
ခေါင်းရှိဆံပင်များအားသူ၏လက်ဖြင့်ဖွဖွလေးပုတ်ရင်း
!ကျစ်ရှု မင်းဆံပင်လေးတွေက
ပျော့ပျော့လေးနဲ့အိအိလေး !
ဟု အမြဲလိုပြောလေ့ရှိခဲ့သည်။ထိုအချိန်တုန်းက သူသည်ခွေးပေါက်လေးတစ်ကောင်အား
သူ၏ သခင်ကခေါင်းလေးပုတ်ကာ ချော့မြူနေသကဲ့သို့ပင် သူအရမ်းပျော်ခဲ့ရဘူးခဲ့သည်။
ယခုတော့မူကား သက်ပြင်းတခုချလျက်
ဆံပင်ညှပ်ဆိုင် မှထွက်လာရင်း
ဟယ်ကျစ်ရှုသည်လွန်ခဲ့သော နှစ်ပေါင်းများစွာက သူကြားခဲ့ဖူးသောသီချင်းတစ်ပုဒ်၏ အသံကသူ့နားထဲသိူ့ပျံ့လွင့်လာခဲ့သည်။
ထိုသီချင်းလေးသည် Sailor ဟုအမည်ရပြီး
စိတ်ဓာတ်ခွန်အားကိုပေးသောသီချင်းလေးတစ်ပုဒ်မိူ့ထိုသီချင်းလေးကြောင့်ပင်
သူအနည်းငယ်ပျော်ရွှင်မှုအချို့ကို ပြန်လည်ရရှိလာခဲ့သည်။ ဟယ်ကျစ်ရှုသည်
သီချင်းလေးအား တိူးတိူးလေးငြီးနေရင်း
မြေအောက်ရထားဘူတာဆီသို့ဦးတည်၍
လျှောက်လာခဲ့လိုက်သည်။
ထိုစဉ် မြေအောက်ရထားဘူတာအဝင်ဝ ဝင်ပေါက်နားတွင်ဟယ်ကျစ်ရှုသည်
ဖိနပ်ဘူးလေးတစ်ခုကိုတွေ့ခဲ့ရသည်။
ထိုဘူးလေးထဲမှ အသံညှင်းညှင်းလေးများအားသူနားထဲတွင်ကြားနေရသည်မို့
ဘေးဘီဝဲယာသို့လှည့်ကြည့်ရင်း သူသည်
ဖိနပ်ဘူးလေးကိုကောက်ယူလိုက်သည်။
ဟာ်ကျစ်ရှုသည် အနည်းငယ်ပွင့်ဟနေဟန်ရှိသောဖိနပ်ဘူးလေး၏အဖုံးကိုဖွင့်ကြည့်လိုက်သောအခါဘူးထဲတွင် ချစ်စရာအဖြူရောင်ကြောင်ပေါက်စလေး၄ကောင်ကို တွေ့လိုက်ရလေသည်။ ဟယ်ကျစ်ရှုသည် များစွာအံ့သြ သွားခဲ့ပြီးဘူးနှင့်ပင်သေချာထားခဲ့သည်ပုံအရထိုကြောင်လေးများအားသူတိူ့၏ သခင်ဖြစ်သူကစွန့်ပစ်သွားခဲ့ဟန်တူသည်ပင်။
ဟယ်ကျစ်ရှုသည် အမွှေးဖွားဖွားတိရစ္ဆာန်လေးများကိူ အလွန်ပင်နှစ်သက်သူဖြစ်သော်လည်း ကျန်းဝမ်ရွှီသည်တိရစ္ဆာန်များ၏ အနံ့နှင့် မသန့်ရှင်းမှုများအလုပ်များကိူ မနှစ်သက်ခြင်းကြောင့် ယခုနှစ်များစွာအတွင်း
မည်သည့်အိမ်မွေးတိရစ္ဆာန်ကိုမှ သူမွေးခွင့်မရခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ဟယ်ကျစ်ရှုသည် ကြောင်ပေါက်လေးများအားအိမ်သိူ့ခေါ်သွားရန်ကိုမူ တွန့်ဆုတ်နေခဲ့မိလေသည်။
သို့သော် လက်ရှိရာသီဥတုသည်အလွန်ပင်အေးလွန်းနေသည်မို့ သူမှမကယ်တင်ပါက ထိုကြောင်လေးများသည်အမိုးအကာမရှိသောဤရာသီဥတု၌ မည်သို့မျှအသက်ရှင်လိမ့်မည်လဲမဟုတ်ပါချေ။ထို့ကြောင့်ပင် နောက်ဆုံး၌ ဟယ်ကျစ်ရှုသည်ကြောင်လေးများအား အိမ်သို့ခေါ်သွားရန်ကိုသာ
ဆုံးဖြတ်ချက်ချခဲ့ပြီး နောက်ပိုင်း
ကျန်းဝမ်ရွှီ မရှိသည့်အချိန်များတွင် လည်း
အထီးကျန်မှုမရှိတော့ဘဲ တိရစ္ဆာန်လေးများက သူ့အနားအဖော်အဖြစ်ရှိနေလိမ့်မည်
ဖြစ်သောကြောင့်ဖြစ်သည်။
ဟယ်ကျစ်ရှုသည်ဖိနပ်ဘူးလေးအားပိုက်ကာ
အိမ်သိူ့ပြန်လာရင်း အိမ်အောက်ထပ်ရှိ
စူပါမားကတ်တွင်ပေါင်ဒါမှုန့် ၊
သိုးနို့ဘူးနှင့် ဘီစကစ်များကိုပါ
ဝယ်ယူခဲ့လိုက်သည်။ ကံကောင်းထောက်မစွာပင်ကြောင်လေးများသည်ကျန်းမာသန်စွမ်းပြီးသူ့အိမ်ထဲရှိ အခန်းထဲသို့ရောက်လျှင်အနွေးဓာတ်ပေးပြီးထားပါက
အဆင်ပြေလာမည် ဖြစ်လေသည်။
ဟယ်ကျစ်ရှုသည် အိမ်ရှိအံဆွဲတွင်းမှ
ကာလာမတူသောကြိုးလေးများအားယူကာ
ကြောင်လေး၄ကောင်၏လည်ပင်း၌ ဆွဲပေးကာ အမှတ်အသားလေးပင်ပြုလုပ်ထားလိုက်သည်။သူ့လက်ကိုခေါင်းဖြင့်တိုးဝှေ့လာကြသောကြောင်လေးများသည်လွန်စွာချစ်ဖိူ့ကောင်းနေလျက်သူတိူ့၏အမွှေးနုနုလေးများက ဟယ်ကျစ်ရှုအား စိတ်ပျော်ရွှင်မှုကို
ဖြစ်စေသည်။ထို့နောက် ခြင်းတောင်းလေး
တခုအားလှယ်ကာကြောင်လေးများကို
ထည့်ထားပြီး ထိုခြင်းတောင်းလေးထဲသိူ့
နိူ့ နှင့်ဘီစကစ်လေးများထည့်ထားကာကြောင်လေးများအားနေရာတစ်ခုသတ်မှတ်ပေးလိုက်လေသည်။
ညနေဘက်ကျန်းဝမ်ရွှီအိမ်သိူ့ပြန်ရောက်လာချိန်တွင်ဟယ်ကျစ်ရှုသည် ဆိုဖာပေါ်တွင်
ကြောင်လေးများအားရင်ဘတ်ပေါ်တွင်ပွေ့ထားလျက် အိပ်ပျော်နေသည်ကိုတွေ့လိုက်ရသည်။
!ဟယ်ကျစ်ရှု!
ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှုအားခေါ်ရင်းအိမ်တံခါးဝမှရပ်လျက် မျက်မှောင်ကြုတ်ကာကြည့်နေလေသည်။
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီ၏ အသံကြောင့်နိုးလာလျက် မျက်လုံးများကို
ဖွင့်ကာကြည့်ရင်း
!ဘာလဲဟင်!
!ဘာလို့မင်းသူတို့ကို အိမ်ပေါ်ခေါ်လာတာလဲ
ခုချက်ခြင်း အိမ်ပြင်မှာသွားလွှင့်ပစ်လိုက်!
ကျန်းဝမ်ရွှီသည် ကြောင်လေးများကိုကြည့်ကာနှာခေါင်းရှူံ့လျက် ဒေါသတကြီးဖြင့် ပြောဆိုလာရင်းသူ၏ လက်ဆွဲအိတ်ကို
ဖိနပ်ဗီရိုဘေးရှိ ကြမ်းပြင်ပေါ်ပစ်ချလိုက်လေသည်။ ကျန်းဝမ်ရှီသည် အမြဲလိုပင်သူ၏ အိမ်ထောင်ဖက်သည် သူ့စကားနားထောင်သည်ကိုသာသဘောကျပြီးသူ့ကို စကားပြန်ပြောလျှင်တောင်.မကြိုက်သောသူဖြစ်သည်။
ဟယ်ကျစ်ရှုသည် မျက်လွှာချခေါင်းငုံ့နေလျက် ကြောင်လေးများအား ကြည့်ကာစိတ်ထဲသို့ပင်ဝမ်းနည်း၍အထီးကျန်သောစိတ်များတိုးဝင်လာရင်း
!ငါသူတို့ကို ခေါ်ထားချင်တယ်!
ဟုပြောလိုက်သည်။
ဟယ်ကျစ်ရှု၏ သူ့ကိုတောင်းပန်ရင်း
ဖျော့တော့စွာပြောလာသောအသံကြောင့်
ကျန်းဝမ်ရွှီသည် ခဏမျှဒေါသတိူ့ကို
လျော့ရင်း ထိုအစားနူးညံ့သောစကားလူံးများဖြင့်ဟယ်ကျစ်ရှုအား စည်းရုံးရန်ကြံရွယ်လိုက်လေသည်။
!ကျစ်ရှု ကြောင်လေးတွေက ညစ်ပတ်တယ်
ပြီးတော့ ကြီးလာတာနဲ့အမျှ ဒုက္ခပေးမှာ
အိမ်က ပစ္စည်းတွေကို ဖျက်ဆီးမှာ
ဒါကြောင့်မို့ချက်ခြင်း လွှင့်ပစ်လိုက်ဟုတ်ပြီလား ငါတို့အိမ်မှာ တိရစ္ဆာန်မွေးစရာလဲမလိုဘူးလေဟုတ်ပြီလား!
!ဒါပေမယ့်ငါသူတို့ကိုချစ်တယ်
ငါလိုချင်လို့ပါ!
ဟယ်ကျစ်ရှုသည် နှုတ်ခမ်းများကိူ
ဖိကိုက်ရင်းမျက်ရည်များဝဲလျက်
ကျန်းဝမ်ရွီ အားကြည့်ကာ
ပြောလိုက်လေသည်။
!မင်း ကွာ!
ကျန်းဝမ်ရွှီက သူ့အားကြည့်ရင်း
ငြီးတွားလေသည်။
!ကျန်းဝမ်ရွီ မင်းငါ့ကို ဒါလေးတောင်
နားလည်မပေးနိုင်ဘူးလား
ငါငယ်ငယ်လေးကတည်းက
တိရစ္ဆာန်လေးတွေ မွေးချင်ပေမယ့်
ငါ့အိမ်က မွေးဖိူ့သဘောမတူခဲ့ဘူးလေ။
ဒါကြောင့်ငါတွေးနေခဲ့တာတနေ့နေ့ ငါ့မှာအိမ်ပိုင်လေးသာရှိလာရင်ငါခွေးလေးဖြစ်ဖြစ် ကြောင်လေးဖြစ်ဖြစ် မွေးဖို့လေ!
သူ့စကားကို ကြားသောအခါ
ကျန်းဝမ်ရွှီသည် ခဏမျှစဉ်းစားနေရင်း
!Honey ငါတို့နှစ်ယောက်ထဲနေလာတာ
(၁၀)နှစ်ကျော်ကြာနေပြီလေ
ဘာတိရစ္ဆာန်မှမမွေးလည်း
အဆင်ပြေခဲ့သားဘဲကိူ ။တကယ်လို့
မွေးချင်တယ်ဆိုလဲနောက်ကျ ခုထက်ပိုချစ်ဖိူ့ကောင်းတာလေးဝယ်ပေးမယ်လေနော် နောက်မှမွေးနော် ဟုတ်ပြီလား!
ဟယ်ကျစ်ရှုအား ကျန်းဝမ်ရွှီကနူးညံ့သောအသံဖြင့်ချော့မော့ကာပြောလာခဲ့လေသည်။
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီအား
အသနားခံသောမျက်လူံးများဖြင့် ကြည့်နေရင်းတောင်းပန်တိုးလျိုးသောအသံဖြင့်
ထပ်မံ၍ တောင်းဆိုလိုက်သည်။
!ငါသူတို့ကိုဘဲ သဘောကျလို့ပါ
အကို ကျန်း ကျေးဇူးပြုပြီး သူတို့ကို
ခေါ်ထားပါရစေနော်!
ကျန်းဝမ်ရွှီသည် သူ၏ဆုံးဖြတ်ချက်ကို
မပြင်ချင်သော်လည်းဟယ်ကျစ်ရှုအား
စကားဆက်မပြောတော့ဘဲဖိနပ်ချွတ်ကာ
အိမ်ခန်းတွင်းသို့ ဝင်သွားလေသည်။
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီ အား
အကဲခတ်နေရင်းဘာစကားမှသူ့အားထပ်မပြောလာသည်မို့ကြောင်ကလေးများအားအိမ်တွင်ထားရန်သဘောတူလိုက်ပြီဖြစ်သည်ဟု သိကာပျော်ရွှင်လျက်ရှိနေခဲ့သည်။
အမှန်တွင်ကျန်းဝမ်ရွီသည် ဟယ်ကျစ်ရှု၏
သူလိုချင်ဖြစ်ချင်လျင်ရအောင်ယူ
ရအောင်လုပ်တတ်သောစိတ်ကိုသိနေခဲ့ခြင်းကြောင့် သူ့ဆုံးဖြတ်ချက်ချပြီးသည့်
အရာမှန်သမျှပြင်မရကြောင်းကိုတော့
သိနေခဲ့သည်ပင်။အမြဲလိုပင် သူ့ကိုအလျော့ပေးကာသူ့ဆုံးဖြတ်ချက်များကို ဟယ်ကျစ်ရှုသည် ကြိုက်နှစ်သက်သည်ဖြစ်စေ
မကြိုက်သည်ဖြစ်စေ သူ့အပေါ်အမြဲသည်းခံခဲ့သောကြောင့်ဒီတခါတွင်မူ သူ့ဖက်မှ
သည်းခံပေးခဲ့ပြီး ဟယ်ကျစ်ရှု၏
အတွေးများကိုမူ ကိုယ်ချင်းစာပေးခဲ့ခြင်း
သာဖြစ်လေသည်။
...............
ဝင်ခဲ့လိုက်သည်။ဆံပင်ညှပ်ဆိုင်သည်
မကြာမီသူ့အလှည့်သို့ရောက်လာခဲ့သောအခါ
ဖြစ်လေသည်။
ဟု ပြောလာသည်။
တစ်ပုဒ်မို့ထိုသီချင်းလေးကြောင့်ပင် သူအနည်းငယ်ပျော်
သီချင်းလေးအား တိုးတိုးလေးငြီးနေရင်း
ဟ်ာကျစ်ရှုသည် အနည်းငယ်ပွင့်ဟနေဟန်ရှိသောဖိနပ်ဘူးလေး၏အဖုံးကိုဖွင့်ကြည့်လိုက်သောအခါဘူးထဲတွင်
လေးများအားသူတို့၏ သခင်ဖြစ်သူကစွန့်ပစ်သွားခဲ့ဟန်တူသည်ပင်။
ဟယ်ကျစ်ရှုသည် အမွှေးဖွားဖွားတိရစ်ဆာန်လေးများကို အလွန်ပင်နှစ်သက်သူဖြစ်သော်လည်း ကျန်းဝမ်ရွှီသည်တိရစ်ဆာန်များ၏ အနံ့နှင့် မသန့်ရှင်းမှုများအလုပ်များကို
မည်သည့်အိမ်မွေးတိရစ်ဆာန်ကိုမှ သူမွေးခွင့်မရခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ဟယ်ကျစ်ရှုသည် ကြောင်ပေါက်လေးများအားအိမ်သို့ခေါ်သွားရန်ကိုမူ တွန့်ဆုတ်နေခဲ့မိလေ
အထီးကျန်မှုမရှိတော့ဘဲ တိရစ်ဆာန်လေးများက သူ့အနားအဖော်အဖြစ်ရှိနေလိမ့်မည်
အိမ်သို့ပြန်လာရင်း အိမ်အောက်ထပ်ရှိ
ကြောင်လေး၎ကောင်၏လည်ပင်း၌ ဆွဲပေးကာ
လွန်စွာချစ်ဖို့ကောင်းနေလျက်သူတို့၏အမွှေးနုနုလေးများက ဟယ်ကျစ်ရှုအား စိတ်ပျော်ရွှင်မှုကို
ထည့်ထားပြီး ထိုခြင်းတောင်းလေးထဲသို့
နို့ နှင့်ဘီစကစ်လေးများထည့်ထားကာကြောင်လေးများအားနေရာတစ်ခုသတ်မှတ်ပေးလိုက်လေသည်။
ညနေဘက်ကျန်းဝမ်ရွှီအိမ်သို့ပြန်ရောက်လာချိန်တွင်
!ဟယ်ကျစ်ရှု!
!ဘာလဲဟင်!
သည်။
ဟုပြောလိုက်သည်။
ကျန်းဝမ်ရွှီသည် ခဏမျှဒေါသတို့ကို
ဒါကြောင့်မို့ချက်ခြင်း လွှင့်ပစ်လိုက်ဟုတ်ပြီလား ငါတို့အိမ်မှာ တိရိစ္ဆာန်မွေးစရာလဲမလိုဘူးလေဟုတ်ပြီလား!
ဟယ်ကျစ်ရှုသည် နှုတ်ခမ်းများကို
ပြောလိုက်လေသည်။
!မင်း ကွာ!
ငြီးတွားလေသည်။
ငါငယ်ငယ်လေးကတည်းက
တိရစ်ဆာန်လေးတွေ မွေးချင်ပေမယ့်
ငါ့အိမ်က မွေးဖို့သဘောမတူခဲ့ဘူးလေ။
လဲနောက်ကျ ခုထက်ပိုချစ်ဖို့ကောင်းတာလေး
ခေါ်ထားပါရစေနော်!
သာဖြစ်လေသည်။
...............
Continue Reading
You'll Also Like
59.3K 10.5K 11
လူသားတစ်ယောက်နှင့် သရဲလေးတစ်ကောင်၏ အကြောင်း။ ​ရှေးခေတ် တရုတ်ပြည်နောက်ခံနဲ့ ဘာသာပြန် ဝတ္ထုတိုလေးပါ။ အရှုပ်အထွေးသိပ်မရှိဘဲ ပေါ့ပေါ့ပါးပါးလေး စိတ်ချမ်း...
2.2M 324K 191
Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I don't own anything. This is not for commer...
40.6K 4.8K 69
Author _ Shuiqiancheng That's not my work.I am Just Translator
1.5M 248K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...