(Unicode)
အခန်း ၅၀ ) သူ ဒီကိုလာတာခွေးစာစားဖို့လား?
လုမန်မျက်နှာ ကွက်ခနဲ မည်းသွား၏။
“ သခင်လေးဟန် ရှင်.. ကျွန်မ ရှင့်ကို မစဝံ့ပါဘူး၊ ဘယ်လိုကစားနည်းမျိုးကိုပဲ ကစားချင်တာဖြစ်ပါစေ ရှင်နဲ့ ကစားပေးနိုင်မယ့် တခြားမိန်းမကို သွားရှာလိုက်ပါ။ ကျွန်မတော့ မတတ်နိုင်ဘူး။ ချေးထားတဲ့ပိုက်ဆံကိုတော့ ချက်ချင်း ပြန်ဆပ်ပေးမှာပါ။ အတိုးလိုချင်ရင်လည်း အတိုးပေးပါ့မယ်။ ဒါပေမယ့် စောစောကလို အတိုးလိုချင်တာဆိုရင်တော့ စိတ်မရှိပါနဲ့ ကျွန်မမပေးနိုင်ပါဘူး။ ကျွန်မကို ငွေနဲ့ ဝယ်ဖို့ စဥ်းစားနေတာဆိုရင်တော့ ဒါ သက်သက်မဲ့ လူကို စော်ကားလိုက်တာပါပဲ။ ရှင့်ကိုတော့ ပေါ့တန်တဲ့ယောက်ျားတွေလိုမဟုတ်ဘူးလို့ပဲထင်ထားပါတယ်။ သခင်လေးဟန်က အမြဲတမ်း အထိန်းအသိမ်းတော်တယ်။ တည်ကြည်တယ်။ ဂုဏ်သိက္ခာရှိတယ်။ ဟုတ်တယ်မလား။ ကျွန်မ တလွဲကောက်ချက်ချမိအောင် မလုပ်ပါနဲ့ရှင် ”
ပြောပြီးတာနှင့် တံခါးကို ဗြုန်းစားကြီး ပိတ်ပစ်လိုက်၏။
ဟန်ကျိုးလီနှာခေါင်းနဲ့ တံခါး ရိုက်မိမလို့ သီသီလေးပဲ လိုသည်။
နှာခေါင်းကို ပွတ်သပ်ပစ်ရင်း လုမန်ပြောသွားတာတွေကြောင့် စဥ်းစားမိ၏။
နောက်ဆုံးစကားက သူ့ကို ချီးကျူးသွားတာလား ?
သူ့ကို တခြားယောက်ျားတွေနဲ့ မတူတဲ့ သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်လို ပြောဆိုသွားတာ..
ဟန်ကျိုးလီ ကျောကိုမတ်ပစ်လိုက်ကာ လုမန်ပြောသွားသည့် အရှေ့ပိုင်းတွေကို မေ့ပစ်လိုက်သည်။ သူ့ကို ဂုဏ်သရေရှိယောက်ျားလို့ လုမန်တွေးထင်တာကိုပဲ မှတ်ထားလိုက်ပါ၏။
“ သခင်လေးဟန် ”
ကိုယ်ရံတော်မှူး သူ့အနားကိုလျှောက်သွားတော့ ဟန်ကျိုးလီမျက်နှာက ဝင့်ကြွားလျက်ရှိသည်။
ဟန်ကျိုးလီ သူ့ကိုယ်သူ တည်ပစ်လိုက်ကာ..
“ ဒီနေရာကိုစောင့်ကြည့်ဖို့ လူနည်းနည်းချန်ခဲ့ပါ ”
အမိန့်ပေးပြီးတာနှင့် ဓာတ်လှေကားစီးကာ VIP လူနာဆောင်သို့ သွားလိုက်သည်။
အထဲဝင်လိုက်တာနှင့် ခုတင်ဘေးတွင်ထိုင်ကာ မော့ကျင်းချန်စားဖို့ ပန်းသီးစိတ်ပေးနေသော ချူထျန်းကို တွေ့လိုက်ရ၏။
မော့ကျင်းချန်၏ ဘယ်လက်သည် လည်ပင်းမှ တွဲလွဲချိတ်ကျလျက်ရှိသည်။
“ ပြီးခဲ့တဲ့တစ်ခေါက်က တာဝန်ထမ်းဆောင်တော့ ဒဏ်ရာကြီးတစ်ခု ရလာတယ် ”
ဟန်ကျိုးလီ မျက်ခုံးပင့်လျက် ခုတင်ဘေးသို့ လျှောက်သွားလိုက်၏။
ချူထျန်းက သူ့အတွက် ခုံရွှေ့ပေးသည်။
“ အစ်ကိုဟန် ထိုင်ပါဦး ”
မော့ကျင်းချန်က ပြုံး၏။
“ ဒီတစ်ခါ ကြီးကြီးမားမားမဟုတ်လို့ တော်သေးတာပေါ့ မဟုတ်ရင် ထျန်းထျန်းကို ဘယ်လိုမျက်နှာပြရမယ်မသိဘူး ”
“ တော်စမ်းပါရှင်.. ခုမှ ဒါတွေ လာပြောမနေပါနဲ့၊ ဒီတာဝန်ပြီးရင် ဒါရိုက်တာရာထူးရမယ်လို့ ဆွေးနွေးထားပြီးသားပဲ။ ဘယ်အန္တရာယ်ရှိတဲ့တာဝန်နဲ့မှ သွားစရာမလိုတော့ဘူးလို့။ ဒါပေမယ့် အရင်တစ်ခေါက်ကကြောင့် သူများလန့်ပြီး သေရတော့မလို့.. ရှင်ကြီး... ”
ချူထျန်းက စိတ်တိုတိုနဲ့ ပန်းသီးစိတ်ကြီးကို မော့ကျင်းချန်ပါးစပ်ထဲသို့ ထိုးသိပ်ထည့်ပစ်သည်။
မော့ကျင်းချန်ပါးစပ်ထဲမှာ ပန်းသီးစိတ်ကြီးပြည့်နှက်သွား၍ ခုခံပြောဆိုချင်လျှင်ပင် မတတ်နိုင်။ ထို့ကြောင့် မတတ်နိုင်ဘဲ ပန်းသီးစိတ်ကို သွက်သွက် ဝါး၍ မျိုချပစ်လိုက်သည်။
ဒါပေမဲ့လည်း ဟန်ကျိုးလီက ရုတ်တရက်ကြီး မတ်တပ်ထရပ်၍ ကိုယ်လုံးအပြည့်ပေါ်သည့် လူနာဆောင်က မှန်ထဲမှာ သူ့ကိုယ်သူ သွားကြည့်နေလေရဲ့...
မော့ကျင်းချန် “…”
“ မင်းက လူနာလာကြည့်တာလား မှန်ကြည့်ရအောင် လာခဲ့တာလား ”
ပဲများချင်ရင် ကိုယ့်အိမ်မှာကိုယ် များလေ?
“ ငါ ချောလား ”
ဟန်ကျိုးလီ မှန်ဆီမှ အကြည့်ခွာကာ ချူထျန်းကို လှည့်မေးလိုက်၏။
မော့ကျင်းချန်နှုတ်ခမ်းတွေမဲ့သွားရကာ..
“ သူများသွားမေး ဘာလို့ ငါ့မိန်းမကို လာမေးနေတာလဲ မင်းဟာမင်း ဘယ်လောက်ချောချော သူက ငါ့မိန်းမနော် ငါ့မိန်းမ ”
ဒါကိုကြားတော့ ချူထျန်းက မော့ကျင်းချန်ကို အနေတော် ပန်းသီးစိတ်ကလေး ထပ်ကျွေးလိုက်သည်။
“ အင်းပါ အင်းပါ ဘာဖြစ်လို့ ရုတ်တရက်ကြီး သဝန်တွေတိုနေရတာလဲ ”
ဟန်ကျိုးလီ “…”
သူ ဒီကိုလာတာခွေးစာစားဖို့လား?
ဒါပေမဲ့ မော့ကျင်းချန်ကို ဂရုမစိုက်ဘဲ ချူထျန်းကို မေးလိုက်ပြန်၏။
“ ရှောင်ထျန်း ငါ ချောလားလို့ ”
ချူထျန်းက ခေါင်းညိတ်သည်။
“ ချောပါ့ ပထမတန်းစားလို့တောင် ဆိုရမယ်။ လူဦးရေတစ်ရာမှာ ၁ % လောက်မှာပဲ ဒီလိုပထမတန်းစား ချောမောမှုမျိုးရှိတယ်ဆိုရင် အစ်ကိုက အဲ့ ၁ % ထဲကပဲ။ မျက်နှာအစိတ်အပိုင်းတွေကလဲ ထူးခြားတယ်။ ပန်းချီကားချပ်လို လှတယ် ”
မော့ကျင်းချန် : “ ဒါဖြင့်ရင် ကိုယ်ကရော ”
“ ကိုကိုက ၀.၅ % ထဲက ”
ချူထျန်းက ခေါင်းလေးလှည့်လို့ မော့ကျင်းချန်ကို ကြည့်ကာ ဆိုသည်။
ဟန်ကျိုးလီ “…”
အေးပေါ့ ချူထျန်လို အိမ်ထောင်သည်မိန်းကလေးက သူနဲ့ မော့ကျင်းချန်ရဲ့ရုပ်ရည်ကို ဘယ်လိုဆန်းစစ်နိုင်ပါ့မလဲ ဒါက ပုံမှန်ပါပဲ သူ နားလည်နိုင်တယ်...
“ နေပါဦး ဘာလို့ ဒါတွေမေးနေတာလဲ ”
မော့ကျင်းချန် မျက်ခုံးပင့်ကာ ဟန်ကျိုးလီကို မေးလိုက်သည်။
====================================
(Zawgyi)
အခန္း ၅၀ ) သူ ဒီကိုလာတာေခြးစာစားဖို႔လား?
လုမန္မ်က္ႏွာ ကြက္ခနဲ မည္းသြား၏။
“ သခင္ေလးဟန္ ရွင္.. ကြၽန္မ ရွင့္ကို မစဝံ့ပါဘူး၊ ဘယ္လိုကစားနည္းမ်ိဳးကိုပဲ ကစားခ်င္တာျဖစ္ပါေစ ရွင္နဲ႔ ကစားေပးႏိုင္မယ့္ တျခားမိန္းမကို သြားရွာလိုက္ပါ။ ကြၽန္မေတာ့ မတတ္ႏိုင္ဘူး။ ေခ်းထားတဲ့ပိုက္ဆံကိုေတာ့ ခ်က္ခ်င္း ျပန္ဆပ္ေပးမွာပါ။ အတိုးလိုခ်င္ရင္လည္း အတိုးေပးပါ့မယ္။ ဒါေပမယ့္ ေစာေစာကလို အတိုးလိုခ်င္တာဆိုရင္ေတာ့ စိတ္မရိွပါနဲ႔ ကြၽန္မမေပးႏိုင္ပါဘူး။ ကြၽန္မကို ေငြနဲ႔ ဝယ္ဖို႔ စဥ္းစားေနတာဆိုရင္ေတာ့ ဒါ သက္သက္မဲ့ လူကို ေစာ္ကားလိုက္တာပါပဲ။ ရွင့္ကိုေတာ့ ေပါ့တန္တဲ့ေယာက္်ားေတြလိုမဟုတ္ဘူးလို႔ပဲထင္ထားပါတယ္။ သခင္ေလးဟန္က အၿမဲတမ္း အထိန္းအသိမ္းေတာ္တယ္။ တည္ၾကည္တယ္။ ဂုဏ္သိကၡာရိွတယ္။ ဟုတ္တယ္မလား။ ကြၽန္မ တလြဲေကာက္ခ်က္ခ်မိေအာင္ မလုပ္ပါနဲ႔ရွင္ ”
ေျပာၿပီးတာႏွင့္ တံခါးကို ျဗဳန္းစားႀကီး ပိတ္ပစ္လိုက္၏။
ဟန္က်ိဳးလီႏွာေခါင္းနဲ႔ တံခါး ရိုက္မိမလို႔ သီသီေလးပဲ လိုသည္။
ႏွာေခါင္းကို ပြတ္သပ္ပစ္ရင္း လုမန္ေျပာသြားတာေတြေၾကာင့္ စဥ္းစားမိ၏။
ေနာက္ဆံုးစကားက သူ႔ကို ခ်ီးက်ူးသြားတာလား ?
သူ႔ကို တျခားေယာက္်ားေတြနဲ႔ မတူတဲ့ သီလသမာဓိရိွတဲ့ ပုဂၢိုလ္လို ေျပာဆိုသြားတာ..
ဟန္က်ိဳးလီ ေက်ာကိုမတ္ပစ္လိုက္ကာ လုမန္ေျပာသြားသည့္ အေရ႔ွပိုင္းေတြကို ေမ့ပစ္လိုက္သည္။ သူ႔ကို ဂုဏ္သေရရိွေယာက္်ားလို႔ လုမန္ေတြးထင္တာကိုပဲ မွတ္ထားလိုက္ပါ၏။
“ သခင္ေလးဟန္ ”
ကိုယ္ရံေတာ္မွဴး သူ႔အနားကိုေလ်ွာက္သြားေတာ့ ဟန္က်ိဳးလီမ်က္ႏွာက ဝင့္ႂကြားလ်က္ရိွသည္။
ဟန္က်ိဳးလီ သူ႔ကိုယ္သူ တည္ပစ္လိုက္ကာ..
“ ဒီေနရာကိုေစာင့္ၾကည့္ဖို႔ လူနည္းနည္းခ်န္ခဲ့ပါ ”
အမိန္႔ေပးၿပီးတာႏွင့္ ဓာတ္ေလွကားစီးကာ VIP လူနာေဆာင္သို႔ သြားလိုက္သည္။
အထဲဝင္လိုက္တာႏွင့္ ခုတင္ေဘးတြင္ထိုင္ကာ ေမာ့က်င္းခ်န္စားဖို႔ ပန္းသီးစိတ္ေပးေနေသာ ခ်ူထ်န္းကို ေတြ့လိုက္ရ၏။
ေမာ့က်င္းခ်န္၏ ဘယ္လက္သည္ လည္ပင္းမွ တြဲလြဲခ်ိတ္က်လ်က္ရိွသည္။
“ ၿပီးခဲ့တဲ့တစ္ေခါက္က တာဝန္ထမ္းေဆာင္ေတာ့ ဒဏ္ရာႀကီးတစ္ခု ရလာတယ္ ”
ဟန္က်ိဳးလီ မ်က္ခံုးပင့္လ်က္ ခုတင္ေဘးသို႔ ေလ်ွာက္သြားလိုက္၏။
ခ်ူထ်န္းက သူ႔အတြက္ ခံုေရႊ့ေပးသည္။
“ အစ္ကိုဟန္ ထိုင္ပါဦး ”
ေမာ့က်င္းခ်န္က ၿပံဳး၏။
“ ဒီတစ္ခါ ႀကီးႀကီးမားမားမဟုတ္လို႔ ေတာ္ေသးတာေပါ့ မဟုတ္ရင္ ထ်န္းထ်န္းကို ဘယ္လိုမ်က္ႏွာျပရမယ္မသိဘူး ”
“ ေတာ္စမ္းပါရွင္.. ခုမွ ဒါေတြ လာေျပာမေနပါနဲ႔၊ ဒီတာဝန္ၿပီးရင္ ဒါရိုက္တာရာထူးရမယ္လို႔ ေဆြးေနြးထားၿပီးသားပဲ။ ဘယ္အႏၲရာယ္ရိွတဲ့တာဝန္နဲ႔မွ သြားစရာမလိုေတာ့ဘူးလို႔။ ဒါေပမယ့္ အရင္တစ္ေခါက္ကေၾကာင့္ သူမ်ားလန္႔ၿပီး ေသရေတာ့မလို႔.. ရွင္ႀကီး... ”
ခ်ူထ်န္းက စိတ္တိုတိုနဲ႔ ပန္းသီးစိတ္ႀကီးကို ေမာ့က်င္းခ်န္ပါးစပ္ထဲသို႔ ထိုးသိပ္ထည့္ပစ္သည္။
ေမာ့က်င္းခ်န္ပါးစပ္ထဲမွာ ပန္းသီးစိတ္ႀကီးျပည့္ႏွက္သြား၍ ခုခံေျပာဆိုခ်င္လ်ွင္ပင္ မတတ္ႏိုင္။ ထို႔ေၾကာင့္ မတတ္ႏိုင္ဘဲ ပန္းသီးစိတ္ကို သြက္သြက္ ဝါး၍ မ်ိဳခ်ပစ္လိုက္သည္။
ဒါေပမဲ့လည္း ဟန္က်ိဳးလီက ရုတ္တရက္ႀကီး မတ္တပ္ထရပ္၍ ကိုယ္လံုးအျပည့္ေပၚသည့္ လူနာေဆာင္က မွန္ထဲမွာ သူ႔ကိုယ္သူ သြားၾကည့္ေနေလရဲ့...
ေမာ့က်င္းခ်န္ “…”
“ မင္းက လူနာလာၾကည့္တာလား မွန္ၾကည့္ရေအာင္ လာခဲ့တာလား ”
ပဲမ်ားခ်င္ရင္ ကိုယ့္အိမ္မွာကိုယ္ မ်ားေလ?
“ ငါ ေခ်ာလား ”
ဟန္က်ိဳးလီ မွန္ဆီမွ အၾကည့္ခြာကာ ခ်ူထ်န္းကို လွည့္ေမးလိုက္၏။
ေမာ့က်င္းခ်န္ႏႈတ္ခမ္းေတြမဲ့သြားရကာ..
“ သူမ်ားသြားေမး ဘာလို႔ ငါ့မိန္းမကို လာေမးေနတာလဲ မင္းဟာမင္း ဘယ္ေလာက္ေခ်ာေခ်ာ သူက ငါ့မိန္းမေနာ္ ငါ့မိန္းမ ”
ဒါကိုၾကားေတာ့ ခ်ူထ်န္းက ေမာ့က်င္းခ်န္ကို အေနေတာ္ ပန္းသီးစိတ္ကေလး ထပ္ေကြၽးလိုက္သည္။
“ အင္းပါ အင္းပါ ဘာျဖစ္လို႔ ရုတ္တရက္ႀကီး သဝန္ေတြတိုေနရတာလဲ ”
ဟန္က်ိဳးလီ “…”
သူ ဒီကိုလာတာေခြးစာစားဖို႔လား?
ဒါေပမဲ့ ေမာ့က်င္းခ်န္ကို ဂရုမစိုက္ဘဲ ခ်ူထ်န္းကို ေမးလိုက္ျပန္၏။
“ ေရွာင္ထ်န္း ငါ ေခ်ာလားလို႔ ”
ခ်ူထ်န္းက ေခါင္းညိတ္သည္။
“ ေခ်ာပါ့ ပထမတန္းစားလို႔ေတာင္ ဆိုရမယ္။ လူဦးေရတစ္ရာမွာ ၁ % ေလာက္မွာပဲ ဒီလိုပထမတန္းစား ေခ်ာေမာမႈမ်ိဳးရိွတယ္ဆိုရင္ အစ္ကိုက အဲ့ ၁ % ထဲကပဲ။ မ်က္ႏွာအစိတ္အပိုင္းေတြကလဲ ထူးျခားတယ္။ ပန္းခ်ီကားခ်ပ္လို လွတယ္ ”
ေမာ့က်င္းခ်န္ : “ ဒါျဖင့္ရင္ ကိုယ္ကေရာ ”
“ ကိုကိုက ၀.၅ % ထဲက ”
ခ်ူထ်န္းက ေခါင္းေလးလွည့္လို႔ ေမာ့က်င္းခ်န္ကို ၾကည့္ကာ ဆိုသည္။
ဟန္က်ိဳးလီ “…”
ေအးေပါ့ ခ်ူထ်န္လို အိမ္ေထာင္သည္မိန္းကေလးက သူနဲ႔ ေမာ့က်င္းခ်န္ရဲ့ရုပ္ရည္ကို ဘယ္လိုဆန္းစစ္ႏိုင္ပါ့မလဲ ဒါက ပံုမွန္ပါပဲ သူ နားလည္ႏိုင္တယ္...
“ ေနပါဦး ဘာလို႔ ဒါေတြေမးေနတာလဲ ”
ေမာ့က်င္းခ်န္ မ်က္ခံုးပင့္ကာ ဟန္က်ိဳးလီကို ေမးလိုက္သည္။
====================================