(Unicode)
အခန်း ၄၇ ) ဖုန်းနံပါတ်ပေးပါ
ဒါပေမဲ့လည်း အားလုံး အဆင်ပြေနေပါသေးသည်။
လူနာခန်းထဲသို့ ရှချင်းဝေနောက်မှ လုမန် လိုက်သွားလိုက်သည်။ အန်တီချိုင်နှင့် ဝူကျိကော်ကလည်း အခန်းထဲတွင်ရှိနေကြကာ ရှချင်းဝေအတွက် ရင်လေးနေကြသည်။
ကနဦး၌ အန်တီချန်နှင့် ဝူကျိကော်သည်လည်း ခွဲစိတ်ခန်းအပြင်တွင် စောင့်နေခဲ့ကြသည်။ သို့သော် အန်တီချိုင်ကိုယ်၌က လူနာဖြစ်နေ၍ လုမန်က မစောင့်စေချင်တာကြောင့် ဝူကျိကော်ကို ပြန်ခေါ်သွားခိုင်းလိုက်ပါ၏။
ဝူကျိကော်ကလည်း သိပါသည်။ သူတို့ရှိနေရင် အကူအညီဖြစ်လိမ့်မှာမဟုတ်၊ သူတို့အတွက်ပါ လုမန် ပူနေရလိမ့်မည်။
သူမက ရှချင်းဝေအတွက် စိတ်ပူနေရသည့်အပြင် သူတို့အတွက်ပါ ပူနေရလျှင် မကောင်း။ ထို့ကြောင့် လူနာခန်းသို့သူတို့ပြန်သွားခဲ့လိုက်၏။
ထိုအချိန်တွင်ပဲ အခန်းထဲသို့ ရှချင်းဝေကို တွန်းလာသည်ကို တွေ့လိုက်ရကာ လုမန်ကလည်း အနောက်မှကပ်လိုက်လာသည်။
“ လုမန် သမီးမေမေ အဆင်ပြေလား ”
“ ခွဲစိတ်မှုက အောင်မြင်ပါတယ် အန်တီ..။ အန်တီနဲ့ ဦးလေးဝူကို တကယ် ကျေးဇူးတင်ပါတယ်။ အန်တီတို့နှစ်ယောက်ရှိနေလို့သာ မဟုတ်ရင် ကျွန်မတစ်ယောက်တည်း ဒါကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မေမေ့ကြောင့်လဲ အန်တီတို့ ဒုက္ခများခဲ့ရမှာပဲ ”
“ မဟုတ်တာကွယ် ”
အန်တီချိုင်က လက်ကိုခါသည်။
“ ဒါက ဆေးရုံလေ...အန်တီတို့ကို ဒုက္ခမပေးခဲ့ပါဘူး။ ပြီးတော့ အန်တီတို့ကလဲ သိပ်ပြီးအကူအညီမဖြစ်စေခဲ့ပါဘူး ”
“ အဲ့လိုမပြောပါနဲ့ အန်တီချိုင်နဲ့ ဦးလေးဝူက တကယ်ကို အများကြီး အကူအညီဖြစ်ခဲ့တာပါ။ ကျွန်မကြောင့် နှစ်ယောက်လုံးလည်း ပင်ပန်းသွားရပြီ။ အန်တီချိုင် ပင်ပန်းရင် သွားနားလိုက်ပါနော် ”
“ အေး ”
အန်တီချိုင်က ပင်ပန်းစွာ သမ်းဝေခြင်းပြု၏။
“ သမီးအမေသက်သာပြီဆိုတော့ အန်တီစိတ်အေးသွားပြီ.. တစ်ရေးလောက်အိပ်လိုက်ဦးမယ်။ တစ်ခုခုဆို ဦးလေးဝူကို အားမနာဘဲ အကူအညီတောင်းနော် ”
အန်တီချိုင် လှဲအိပ်တော့မည့်အချိန်မှာပဲ လုမန်နောက်မှာရပ်နေသော ဟန်ကျိုးလီကို သတိထားမိသွား၏။
“ သူက.... ”
အရပ်ရှည်ရှည် ခံ့ခံ့ချောချောနဲ့ပါလား!
သူမလိုအရွယ်အတွက်တော့ ဒီကောင်လေးက ဘယ်လောက်ချောမောပါစေဦး ကလေးတစ်ယောက်သာ ဖြစ်သည်။
ဒါပေမဲ့လည်း ဟန်ကျိုးလီကိုကြည့်ရင်း အန်တီချိုင်မှာ အရေတွန့်နေသောမျက်နှာတွင် ရှက်သွေးဖြန်းမိလေ၏။
ဘုရားဘုရား!
ယောက်ျားတစ်ယောက်က ဒီလောက်တောင် ချောမောသတဲ့လား?
တံခါးကနေ ဝင်လာစဥ်မှာ သူ့ကိုယ်ပေါ်မှာ မီးရောင်ထိန်ထိန်ညီးနေသလို.. ဒီအလှလေးကြောင့် သူမမျက်လုံးတွေကျိန်းရ၏။
ဆွံ့အစွာဖြင့် လုမန်က တုံ့ပြန်လိုက်သည်။
“ အသိမိတ်ဆွေပါ ”
ပြောပြီးတာနှင့် ဟန်ကျိုးလီကို လှမ်းကြည့်မိ၏။
အသိမိတ်ဆွေလို့ ပြောလိုက်ရတာ သိပ်ကို ရဲတင်းလွန်းရာကျမည်။ ဒါပေမဲ့လည်း ဘယ်လို မိတ်ဆက်ရမယ်မှမသိတာ..
ဟန်ကျိုးလီနဲ့မှ မရင်းနှီးပဲကိုး!
ဒါပေမဲ့ ဟန်ကျိုးလီကတော့ သူမစကားတွေကို ပယ်ချခြင်းမရှိသည့်အပြင် အန်တီချိုင်နှင့် ဝူကျိကော်ကိုပင် သွားနှုတ်ဆက်နေလေ၏။
သူ့ကြောင့် လုမန် ခေါင်းခြောက်ရသည်။
ဟန်ကျိုးလီက ဘာဖြစ်ချင်တာလဲ?
ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေသော ရှချင်းဝေကို လုမန် ကြည့်လိုက်၏။ ဆရာဝန်ကတော့ ပြောသည်။ မြန်ရင် ညလယ်လောက်မှာ သတိရလာလိမ့်မယ်တဲ့။ ဒါပေမဲ့ ပုံမှန်အခြေအနေတွေမှာတော့ မနက်ဖြန်မနက်မှသာ သတိရလိမ့်မည်။
လုမန် ပြုံး၍ ပြောလိုက်သည်။
“ ဆေးရုံကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်နော် ရှင့်မှာလည်း ကိစ္စတွေရှိနေမှာပဲ အရင်ပြန်နှင့်တော့လေနော် ”
ဟန်ကျိုးလီရှိနေရင် သူမ စိတ်မသက်သာ။
ဒါပေမယ့် ဟန်ကျိုးလီကတော့ သူမကို ကျေးဇူးမသိရကောင်းလား ဟု စိတ်ထဲမှာ ကြိမ်းမောင်းနေတော့၏။
သူ ကူညီလိုက်တာတောင် နှင်ထုတ်နေသတဲ့..
အံကြိတ်ပြီးတော့သာ ပြောလိုက်သည်။
“ ဖုန်းနံပါတ်ပေးပါ ”
လုမန် လန့်ဖျပ်သွား၍..
“ ဘာလုပ်ဖို့လဲ ဖုန်းနံပါတ်က ”
“ ပိုက်ဆံက ပြန်ဆပ်ဦးမှာ မဟုတ်ဘူးလား ”
“ ကျွန်မက အကြွေးမဆပ်ချင်လို့ ထွက်ပြေးမယ့် လူမျိုး မဟုတ်ပါဘူး။ ဆပ်မယ်လို့ပြောပြီးရင် သေချာပေါက်ကို ဆပ်မှာပါ ”
လုမန် မျက်မှောင်ကြုတ်မိပါသည်။
စောစောကတော့ အလျင်မလိုပါဘူး ဆိုပြီး ရက်ရောချင်ယောင်ဆောင်တာလား...
“ ကိုယ့်ဖုန်းနံပါတ်ကိုမသိရင် မင်း ဘယ်လိုပြန်ဆပ်မလဲ ”
“ အာ ဟုတ်ပါရဲ့! ”
လုမန် ကိုယ့်နဖူးကိုယ် ရိုက်ကာ တောင်းပန်လိုက်သည်။
“ ဆောရီး အဲ့အချက်ကို မေ့သွားတယ် ”
သူ ပြောတာမှန်တယ်.. ဟန်ကျိုးလီကို ဘယ်လိုဆက်သွယ်ရမယ်မှန်းမှ မသိတာ..
ပြီးတော့ ဟန်ကော်ပိုရေးရှင်းကို သွားရှာဖို့ကလဲ လွယ်မှာမဟုတ်..။
====================================
(Zawgyi)
အခန္း ၄၇ ) ဖုန္းနံပါတ္ေပးပါ
ဒါေပမဲ့လည္း အားလံုး အဆင္ေျပေနပါေသးသည္။
လူနာခန္းထဲသို႔ ရွခ်င္းေဝေနာက္မွ လုမန္ လိုက္သြားလိုက္သည္။ အန္တီခ်ိဳင္ႏွင့္ ဝူက်ိေကာ္ကလည္း အခန္းထဲတြင္ရိွေနၾကကာ ရွခ်င္းေဝအတြက္ ရင္ေလးေနၾကသည္။
ကနဦး၌ အန္တီခ်န္ႏွင့္ ဝူက်ိေကာ္သည္လည္း ခြဲစိတ္ခန္းအျပင္တြင္ ေစာင့္ေနခဲ့ၾကသည္။ သို႔ေသာ္ အန္တီခ်ိဳင္ကိုယ္၌က လူနာျဖစ္ေန၍ လုမန္က မေစာင့္ေစခ်င္တာေၾကာင့္ ဝူက်ိေကာ္ကို ျပန္ေခၚသြားခိုင္းလိုက္ပါ၏။
ဝူက်ိေကာ္ကလည္း သိပါသည္။ သူတို႔ရိွေနရင္ အကူအညီျဖစ္လိမ့္မွာမဟုတ္၊ သူတို႔အတြက္ပါ လုမန္ ပူေနရလိမ့္မည္။
သူမက ရွခ်င္းေဝအတြက္ စိတ္ပူေနရသည့္အျပင္ သူတို႔အတြက္ပါ ပူေနရလ်ွင္ မေကာင္း။ ထို႔ေၾကာင့္ လူနာခန္းသို႔သူတို႔ျပန္သြားခဲ့လိုက္၏။
ထိုအခ်ိန္တြင္ပဲ အခန္းထဲသို႔ ရွခ်င္းေဝကို တြန္းလာသည္ကို ေတြ့လိုက္ရကာ လုမန္ကလည္း အေနာက္မွကပ္လိုက္လာသည္။
“ လုမန္ သမီးေမေမ အဆင္ေျပလား ”
“ ခြဲစိတ္မႈက ေအာင္ျမင္ပါတယ္ အန္တီ..။ အန္တီနဲ႔ ဦးေလးဝူကို တကယ္ ေက်းဇူးတင္ပါတယ္။ အန္တီတို႔ႏွစ္ေယာက္ရိွေနလို႔သာ မဟုတ္ရင္ ကြၽန္မတစ္ေယာက္တည္း ဒါကို ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။ ေမေမ့ေၾကာင့္လဲ အန္တီတို႔ ဒုကၡမ်ားခဲ့ရမွာပဲ ”
“ မဟုတ္တာကြယ္ ”
အန္တီခ်ိဳင္က လက္ကိုခါသည္။
“ ဒါက ေဆးရံုေလ...အန္တီတို႔ကို ဒုကၡမေပးခဲ့ပါဘူး။ ၿပီးေတာ့ အန္တီတို႔ကလဲ သိပ္ၿပီးအကူအညီမျဖစ္ေစခဲ့ပါဘူး ”
“ အဲ့လိုမေျပာပါနဲ႔ အန္တီခ်ိဳင္နဲ႔ ဦးေလးဝူက တကယ္ကို အမ်ားႀကီး အကူအညီျဖစ္ခဲ့တာပါ။ ကြၽန္မေၾကာင့္ ႏွစ္ေယာက္လံုးလည္း ပင္ပန္းသြားရၿပီ။ အန္တီခ်ိဳင္ ပင္ပန္းရင္ သြားနားလိုက္ပါေနာ္ ”
“ ေအး ”
အန္တီခ်ိဳင္က ပင္ပန္းစြာ သမ္းေဝျခင္းျပဳ၏။
“ သမီးအေမသက္သာၿပီဆိုေတာ့ အန္တီစိတ္ေအးသြားၿပီ.. တစ္ေရးေလာက္အိပ္လိုက္ဦးမယ္။ တစ္ခုခုဆို ဦးေလးဝူကို အားမနာဘဲ အကူအညီေတာင္းေနာ္ ”
အန္တီခ်ိဳင္ လွဲအိပ္ေတာ့မည့္အခ်ိန္မွာပဲ လုမန္ေနာက္မွာရပ္ေနေသာ ဟန္က်ိဳးလီကို သတိထားမိသြား၏။
“ သူက.... ”
အရပ္ရွည္ရွည္ ခံ့ခံ့ေခ်ာေခ်ာနဲ႔ပါလား!
သူမလိုအရြယ္အတြက္ေတာ့ ဒီေကာင္ေလးက ဘယ္ေလာက္ေခ်ာေမာပါေစဦး ကေလးတစ္ေယာက္သာ ျဖစ္သည္။
ဒါေပမဲ့လည္း ဟန္က်ိဳးလီကိုၾကည့္ရင္း အန္တီခ်ိဳင္မွာ အေရတြန္႔ေနေသာမ်က္ႏွာတြင္ ရွက္ေသြးျဖန္းမိေလ၏။
ဘုရားဘုရား!
ေယာက္်ားတစ္ေယာက္က ဒီေလာက္ေတာင္ ေခ်ာေမာသတဲ့လား?
တံခါးကေန ဝင္လာစဥ္မွာ သူ႔ကိုယ္ေပၚမွာ မီးေရာင္ထိန္ထိန္ညီးေနသလို.. ဒီအလွေလးေၾကာင့္ သူမမ်က္လံုးေတြက်ိန္းရ၏။
ဆြံ႔အစြာျဖင့္ လုမန္က တံု႔ျပန္လိုက္သည္။
“ အသိမိတ္ေဆြပါ ”
ေျပာၿပီးတာႏွင့္ ဟန္က်ိဳးလီကို လွမ္းၾကည့္မိ၏။
အသိမိတ္ေဆြလို႔ ေျပာလိုက္ရတာ သိပ္ကို ရဲတင္းလြန္းရာက်မည္။ ဒါေပမဲ့လည္း ဘယ္လို မိတ္ဆက္ရမယ္မွမသိတာ..
ဟန္က်ိဳးလီနဲ႔မွ မရင္းႏွီးပဲကိုး!
ဒါေပမဲ့ ဟန္က်ိဳးလီကေတာ့ သူမစကားေတြကို ပယ္ခ်ျခင္းမရိွသည့္အျပင္ အန္တီခ်ိဳင္ႏွင့္ ဝူက်ိေကာ္ကိုပင္ သြားႏႈတ္ဆက္ေနေလ၏။
သူ႔ေၾကာင့္ လုမန္ ေခါင္းေျခာက္ရသည္။
ဟန္က်ိဳးလီက ဘာျဖစ္ခ်င္တာလဲ?
ေဆးရံုခုတင္ေပၚမွာ လဲေလ်ာင္းေနေသာ ရွခ်င္းေဝကို လုမန္ ၾကည့္လိုက္၏။ ဆရာဝန္ကေတာ့ ေျပာသည္။ ျမန္ရင္ ညလယ္ေလာက္မွာ သတိရလာလိမ့္မယ္တဲ့။ ဒါေပမဲ့ ပံုမွန္အေျခအေနေတြမွာေတာ့ မနက္ျဖန္မနက္မွသာ သတိရလိမ့္မည္။
လုမန္ ၿပံဳး၍ ေျပာလိုက္သည္။
“ ေဆးရံုကို ေရာက္လာေပးလို႔ ေက်းဇူးတင္ပါတယ္ေနာ္ ရွင့္မွာလည္း ကိစၥေတြရိွေနမွာပဲ အရင္ျပန္ႏွင့္ေတာ့ေလေနာ္ ”
ဟန္က်ိဳးလီရိွေနရင္ သူမ စိတ္မသက္သာ။
ဒါေပမယ့္ ဟန္က်ိဳးလီကေတာ့ သူမကို ေက်းဇူးမသိရေကာင္းလား ဟု စိတ္ထဲမွာ ႀကိမ္းေမာင္းေနေတာ့၏။
သူ ကူညီလိုက္တာေတာင္ ႏွင္ထုတ္ေနသတဲ့..
အံႀကိတ္ၿပီးေတာ့သာ ေျပာလိုက္သည္။
“ ဖုန္းနံပါတ္ေပးပါ ”
လုမန္ လန္႔ဖ်ပ္သြား၍..
“ ဘာလုပ္ဖို႔လဲ ဖုန္းနံပါတ္က ”
“ ပိုက္ဆံက ျပန္ဆပ္ဦးမွာ မဟုတ္ဘူးလား ”
“ ကြၽန္မက အေႂကြးမဆပ္ခ်င္လို႔ ထြက္ေျပးမယ့္ လူမ်ိဳး မဟုတ္ပါဘူး။ ဆပ္မယ္လို႔ေျပာၿပီးရင္ ေသခ်ာေပါက္ကို ဆပ္မွာပါ ”
လုမန္ မ်က္ေမွာင္ၾကဳတ္မိပါသည္။
ေစာေစာကေတာ့ အလ်င္မလိုပါဘူး ဆိုၿပီး ရက္ေရာခ်င္ေယာင္ေဆာင္တာလား...
“ ကိုယ့္ဖုန္းနံပါတ္ကိုမသိရင္ မင္း ဘယ္လိုျပန္ဆပ္မလဲ ”
“ အာ ဟုတ္ပါရဲ့! ”
လုမန္ ကိုယ့္နဖူးကိုယ္ ရိုက္ကာ ေတာင္းပန္လိုက္သည္။
“ ေဆာရီး အဲ့အခ်က္ကို ေမ့သြားတယ္ ”
သူ ေျပာတာမွန္တယ္.. ဟန္က်ိဳးလီကို ဘယ္လိုဆက္သြယ္ရမယ္မွန္းမွ မသိတာ..
ၿပီးေတာ့ ဟန္ေကာ္ပိုေရးရွင္းကို သြားရွာဖို႔ကလဲ လြယ္မွာမဟုတ္..။
====================================