(Unicode)
အခန်း ၄၆ ) ဟန်ကျိုးလီ မျက်ခုံးပင့်မိ,အကြွေးတောင်းရအောင် သူက လိုက်လာတာမို့လို့လား?
ထင်သည့်အတိုင်း ဆရာဝန်နှင့် သူနာပြုက ချက်ချင်း ငွေပေးချေမည်ကို နှစ်သက်သည်။ ဒါက ပိုစိတ်ချရသည်ကိုး။
ထို့ကြောင့် လုမန် မငြင်းဆိုနိုင်မီ ဟန်ကျိုးလီဆီမှ အကြွေးဝယ်ကတ်ကို သူနာပြုက အသော့ ယူသွားလေ၏။
“ ငွေပေးချေရအောင် ကျွန်မနဲ့လိုက်ခဲ့ပေးပါ ”
လုမန် ဟန်ကျိုးလီနောက်သို့ လိုက်ရုံသာတတ်နိုင်တော့သည်။
ထန်းကျိက မျက်မှောင်ကုတ်သည်။ သူ့မှာလည်း ဒီလောက်အများကြီး မပါလာ၍ ကူညီချင်လျှင်တောင် မကူညီနိုင်။
နောက်ဆုံးတွင် မိသားစုဝင်၏ လက်မှတ်နှင့် ဆေးရုံစရိတ်တွေကို ရှင်းပြီး ဆရာဝန်က ခွဲစိတ်ခန်းထဲသို့ ဝင်သွားတော့၏။
လုမန် ပြန်ရောက်လာသည့်အခါ ခွဲစိတ်ခန်းတံခါးအပေါ်တွင် ‘ ခွဲစိတ်မှုလုပ်ဆောင်နေဆဲ ’ ဟူသည့် မီးရောင်က လင်းလျက်ရှိသည်။
ရုတ်တရက် ထန်းကျိဖုန်းက အသံမြည်လာ၏။ သူရှိမှဖြစ်မည့် အရေးကြီးကိစ္စတစ်ခုခုရှိလာသည်ထင်။
လုမန်ကပဲ သူမမျက်နှာကို ပွတ်သပ်လိုက်ရင်း..
“ ထန်းကျိ အလုပ်ရှိရင် သွားတော့လေ ”
“ အေးပါ ငါ... ”
“ မဟုတ်ဘူး ဖြစ်တယ် နင် စိတ်ချပါ ငါမေမေထွက်လာတဲ့အထိစောင့်နေမှာမို့လို့။ စောစောက လူတွေအများကြီးပဲ လုချီကို ဓာတ်ပုံလိုက်ရိုက်ကြတာ။ နင်လည်း လုပ်စရာရှိတာသွားလုပ်လိုက်တော့။ သူများတွေကို အကျောမခံနဲ့ ”
ဒီတစ်ခါ ထန်းကျိက လုမန်အတွက် အားဖြစ်အောင် လုပ်ဖော်ကိုင်ဖက်တွေရော မိတ်ဆွေသူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့တာဖြစ်သည်။ လုချီနှင့် မိဘတွေပါ ရောက်နေသည်ဆို၍။
စောစောက သူနှင့်ပါလာသော သတင်းထောက်တွေမှာ လုချီကို ရဲစခန်းတွင် မမိလိုက်သဖြင့် မိသားစုကိုများ မိမလားဆိုပြီး ဒီကို ချက်ချင်း လိုက်လာကြတာဖြစ်သည်။
သို့သော်လည်း ထန်းကျိ၏ အကြံက ရှင်းသည်။ သူက အချိန်တိုအတွင်းမှာ လူများများ မစုနိုင်မည်စိုး၍ တတ်နိုင်သမျှ လူစုလူဝေးဖြစ်အောင် စုဆောင်းခဲ့၏။ သူတို့ဘယ်လိုဆန္ဒနှင့်ပဲ လိုက်လာခဲ့ပါစေ ပါလာတာနှင့် လုမန်ကို အကူအညီဖြစ်စေလိမ့်မည်။
“ နောက်ပြီး ငါနဲ့နေခဲ့ရင် နင့်အချိန်ကုန်ရုံကလွဲလို့ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူး။ ငါလည်း ဒီမှာ စောင့်နေရုံပဲတတ်နိုင်တယ်။ စိတ်ချစမ်းပါဟာ။ မေမေထွက်လာတဲ့အခါ ငါ နင့်ကို အကျိုးအကြောင်း လှမ်းအသိပေးမယ် ”
ထို့ပြင် သူအလုပ်လုပ်မှာကို သူမက သွားပြီး ကာဆီးကာဆီးလုပ်လို့မဖြစ်..။
စောစောက သူဖုန်းထဲမှာပြောသွားတာတွေကို သဲသဲကွဲကွဲ မကြားလိုက်ရပေမယ့် တစ်ဖက်လူမှာ တော်တော်အလျင်လိုနေသည့်ပုံ။
ထန်းကျိက အံကြိတ်လျက် ခေါင်းညိတ်၏။
“ အေးပါ လိုအပ်ရင် ဖုန်းထိုးလိုက်နော် ”
ပြောပြီးတာနှင့် ဟန်ကျိုးလီကို ကြည့်ကာ စိတ်ပူနေသေးပေမယ့် ထွက်သွားလိုက်ရ၏။
နှလုံးခွဲစိတ်ကုသမှုသည် ရိုးရှင်းသောခွဲစိတ်မှုတစ်ခုမဟုတ်ပေ။ လုမန် လက်တွေကိုဆုပ်ပြီး တစ်ခုခုဖြစ်သွားမည်စိုး၍ ဆုတောင်းမိ၏။
သူမက ရင်တထိတ်ထိတ်ဖြစ်နေရစဥ် ချောကလက်ပူပူတစ်ခွက်က မျက်စိအရှေ့သို့ ရောက်လာသည်။ ချောကလက် နံ့သင်းသင်းလေးက စိတ်ကို ချက်ချင်း တည်ငြိမ်သွားစေ၏။
မော့ကြည့်လိုက်တော့ ဟန်ကျိုးလီ...။
သူ ဘယ်အချိန်က အပြင်ထွက်သွားပြီး ပြန်ရောက်လာသလဲပင် လုမန် မသိလိုက်။
“ နည်းနည်းဖြစ်ဖြစ် သောက်လိုက် စိတ်ငြိမ်သွားအောင် ”
“ ကျေးဇူးပါ ”
လုမန် ချောကလက်ခွက်ကို ယူပြီး လက်ထဲမှာ ဆုပ်ထားလိုက်သည်။ လက်ဖဝါးတွေမှ ပျံ့လာသော အပူသည် တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံးကို ပူနွေးလာစေ၏။
ထိုအခါမှ သူမလက်တွေအေးစက်နေတာကို သတိပြုမိသည်။
ဒါကို ဟန်ကျိုးလီ သတိထားမိလို့များလား?
သူမ တစ်ငုံသောက်လိုက်၏။ ချိုမြသော အရသာက စိတ်ကို တည်ငြိမ်စေသည်။
“ မေမေက အခု ခွဲစိတ်ကုသမှုခံယူနေဆဲမို့လို့ ကျွန်မထွက်သွားလို့မရသေးဘူး။ ခွဲစိတ်မှုပြီးလို့ မေမေထွက်လာတာနဲ့ ကျွန်မအိမ်ကိုပြန်ပြီးပိုက်ဆံယူလာပေးပါ့မယ် ”
ဘာတွေပဲဖြစ်ဖြစ် ဟန်ကျိုးလီက သူမကို အများကြီး ကူညီခဲ့သည်ပင်။
ဆရာဝန်တွေခွဲစိတ်နေစဥ်မှာ အိမ်ကိုပြန်ပြီး ပိုက်ဆံယူလို့ရပေမယ့် ခွဲစိတ်နေစဥ်အတွင်း ဆေးရုံမှာ စောင့်နေရသလောက် စိတ်ချလက်ချနေနိုင်မည် မဟုတ်။
“ ဒီတစ်ခါလည်း တကယ်ကို ကျေးဇူးတင်ပါတယ် ”
ဟန်ကျိုးလီ မျက်ခုံးပင့်မိ၏။ အကြွေးတောင်းရအောင် သူက လိုက်လာတာမို့လို့လား?
မသိရင် သူကပဲ ဒီပိုက်ဆံလေးအတွက် အသည်းအသန် ဖြစ်နေသလိုလို...
“ ပိုက်ဆံကိစ္စက အလျင်မလိုပါဘူး ”
နောက်ဆုံးတွင် ‘ ခွဲစိတ်မှုလုပ်ဆောင်နေဆဲ ’ ဟူသည့် မီးရောင်ပိတ်သွားပြီး ဆရာဝန်က အပြင်ထွက်လာသည်။
လုမန် အပြေးသွားလိုက်မိကာ..
“ ဆရာ မေမေ့အခြေအနေဘယ်လိုရှိလဲဟင်။ ခွဲစိတ်မှုအောင်မြင်ရဲ့လား ”
“ မစိုးရိမ်ပါနဲ့ ခွဲစိတ်မှုက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတယ် ”
ဒေါက်တာ့စကားတွေကြားမှ လုမန် သက်ပြင်းချနိုင်၏။ ပြီးတာနှင့် ခွဲစိတ်ခန်းအပြင်သို့ တွန်းထုတ်လာသော ရှချင်းဝေကို တွေ့လိုက်ရသည်။
ရှချင်းဝေသည် အောက်ဆီဂျင်မက်စ်တပ်ထားရကာ မေ့ဆေးအရှိန်ကြောင့် သတိလစ်လျက်ရှိနေသေးသည်။
===================================
(Zawgyi)
အခန္း ၄၆ ) ဟန္က်ိဳးလီ မ်က္ခံုးပင့္မိ,အေႂကြးေတာင္းရေအာင္ သူက လိုက္လာတာမို႔လို႔လား?
ထင္သည့္အတိုင္း ဆရာဝန္ႏွင့္ သူနာျပဳက ခ်က္ခ်င္း ေငြေပးေခ်မည္ကို ႏွစ္သက္သည္။ ဒါက ပိုစိတ္ခ်ရသည္ကိုး။
ထို႔ေၾကာင့္ လုမန္ မျငင္းဆိုႏိုင္မီ ဟန္က်ိဳးလီဆီမွ အေႂကြးဝယ္ကတ္ကို သူနာျပဳက အေသာ့ ယူသြားေလ၏။
“ ေငြေပးေခ်ရေအာင္ ကြၽန္မနဲ႔လိုက္ခဲ့ေပးပါ ”
လုမန္ ဟန္က်ိဳးလီေနာက္သို႔ လိုက္ရံုသာတတ္ႏိုင္ေတာ့သည္။
ထန္းက်ိက မ်က္ေမွာင္ကုတ္သည္။ သူ႔မွာလည္း ဒီေလာက္အမ်ားႀကီး မပါလာ၍ ကူညီခ်င္လ်ွင္ေတာင္ မကူညီႏိုင္။
ေနာက္ဆံုးတြင္ မိသားစုဝင္၏ လက္မွတ္ႏွင့္ ေဆးရံုစရိတ္ေတြကို ရွင္းၿပီး ဆရာဝန္က ခြဲစိတ္ခန္းထဲသို႔ ဝင္သြားေတာ့၏။
လုမန္ ျပန္ေရာက္လာသည့္အခါ ခြဲစိတ္ခန္းတံခါးအေပၚတြင္ ‘ ခြဲစိတ္မႈလုပ္ေဆာင္ေနဆဲ ’ ဟူသည့္ မီးေရာင္က လင္းလ်က္ရိွသည္။
ရုတ္တရက္ ထန္းက်ိဖုန္းက အသံျမည္လာ၏။ သူရိွမျွဖစ္မည့္ အေရးႀကီးကိစၥတစ္ခုခုရိွလာသည္ထင္။
လုမန္ကပဲ သူမမ်က္ႏွာကို ပြတ္သပ္လိုက္ရင္း..
“ ထန္းက်ိ အလုပ္ရိွရင္ သြားေတာ့ေလ ”
“ ေအးပါ ငါ... ”
“ မဟုတ္ဘူး ျဖစ္တယ္ နင္ စိတ္ခ်ပါ ငါေမေမထြက္လာတဲ့အထိေစာင့္ေနမွာမို႔လို႔။ ေစာေစာက လူေတြအမ်ားႀကီးပဲ လုခ်ီကို ဓာတ္ပံုလိုက္ရိုက္ၾကတာ။ နင္လည္း လုပ္စရာရိွတာသြားလုပ္လိုက္ေတာ့။ သူမ်ားေတြကို အေက်ာမခံနဲ႔ ”
ဒီတစ္ခါ ထန္းက်ိက လုမန္အတြက္ အားျဖစ္ေအာင္ လုပ္ေဖာ္ကိုင္ဖက္ေတြေရာ မိတ္ေဆြသူငယ္ခ်င္းေတြကိုပါ ေခၚလာခဲ့တာျဖစ္သည္။ လုခ်ီႏွင့္ မိဘေတြပါ ေရာက္ေနသည္ဆို၍။
ေစာေစာက သူႏွင့္ပါလာေသာ သတင္းေထာက္ေတြမွာ လုခ်ီကို ရဲစခန္းတြင္ မမိလိုက္သျဖင့္ မိသားစုကိုမ်ား မိမလားဆိုၿပီး ဒီကို ခ်က္ခ်င္း လိုက္လာၾကတာျဖစ္သည္။
သို႔ေသာ္လည္း ထန္းက်ိ၏ အႀကံက ရွင္းသည္။ သူက အခ်ိန္တိုအတြင္းမွာ လူမ်ားမ်ား မစုႏိုင္မည္စိုး၍ တတ္ႏိုင္သမ်ွ လူစုလူေဝးျဖစ္ေအာင္ စုေဆာင္းခဲ့၏။ သူတို႔ဘယ္လိုဆႏၵႏွင့္ပဲ လိုက္လာခဲ့ပါေစ ပါလာတာႏွင့္ လုမန္ကို အကူအညီျဖစ္ေစလိမ့္မည္။
“ ေနာက္ၿပီး ငါနဲ႔ေနခဲ့ရင္ နင့္အခ်ိန္ကုန္ရံုကလြဲလို႔ ဘာမျွဖစ္ေျမာက္မွာမဟုတ္ဘူး။ ငါလည္း ဒီမွာ ေစာင့္ေနရံုပဲတတ္ႏိုင္တယ္။ စိတ္ခ်စမ္းပါဟာ။ ေမေမထြက္လာတဲ့အခါ ငါ နင့္ကို အက်ိဳးအေၾကာင္း လွမ္းအသိေပးမယ္ ”
ထို႔ျပင္ သူအလုပ္လုပ္မွာကို သူမက သြားၿပီး ကာဆီးကာဆီးလုပ္လို႔မျဖစ္..။
ေစာေစာက သူဖုန္းထဲမွာေျပာသြားတာေတြကို သဲသဲကြဲကြဲ မၾကားလိုက္ရေပမယ့္ တစ္ဖက္လူမွာ ေတာ္ေတာ္အလ်င္လိုေနသည့္ပံု။
ထန္းက်ိက အံႀကိတ္လ်က္ ေခါင္းညိတ္၏။
“ ေအးပါ လိုအပ္ရင္ ဖုန္းထိုးလိုက္ေနာ္ ”
ေျပာၿပီးတာႏွင့္ ဟန္က်ိဳးလီကို ၾကည့္ကာ စိတ္ပူေနေသးေပမယ့္ ထြက္သြားလိုက္ရ၏။
ႏွလံုးခြဲစိတ္ကုသမႈသည္ ရိုးရွင္းေသာခြဲစိတ္မႈတစ္ခုမဟုတ္ေပ။ လုမန္ လက္ေတြကိုဆုပ္ၿပီး တစ္ခုခုျဖစ္သြားမည္စိုး၍ ဆုေတာင္းမိ၏။
သူမက ရင္တထိတ္ထိတ္ျဖစ္ေနရစဥ္ ေခ်ာကလက္ပူပူတစ္ခြက္က မ်က္စိအေရ႔ွသို႔ ေရာက္လာသည္။ ေခ်ာကလက္ နံ႔သင္းသင္းေလးက စိတ္ကို ခ်က္ခ်င္း တည္ၿငိမ္သြားေစ၏။
ေမာ့ၾကည့္လိုက္ေတာ့ ဟန္က်ိဳးလီ...။
သူ ဘယ္အခ်ိန္က အျပင္ထြက္သြားၿပီး ျပန္ေရာက္လာသလဲပင္ လုမန္ မသိလိုက္။
“ နည္းနည္းျဖစ္ျဖစ္ ေသာက္လိုက္ စိတ္ၿငိမ္သြားေအာင္ ”
“ ေက်းဇူးပါ ”
လုမန္ ေခ်ာကလက္ခြက္ကို ယူၿပီး လက္ထဲမွာ ဆုပ္ထားလိုက္သည္။ လက္ဖဝါးေတြမွ ပ်ံ့လာေသာ အပူသည္ တျဖည္းျဖည္းႏွင့္ တစ္ကိုယ္လံုးကို ပူေနြးလာေစ၏။
ထိုအခါမွ သူမလက္ေတြေအးစက္ေနတာကို သတိျပဳမိသည္။
ဒါကို ဟန္က်ိဳးလီ သတိထားမိလို႔မ်ားလား?
သူမ တစ္ငံုေသာက္လိုက္၏။ ခ်ိဳျမေသာ အရသာက စိတ္ကို တည္ၿငိမ္ေစသည္။
“ ေမေမက အခု ခြဲစိတ္ကုသမႈခံယူေနဆဲမို႔လို႔ ကြၽန္မထြက္သြားလို႔မရေသးဘူး။ ခြဲစိတ္မႈၿပီးလို႔ ေမေမထြက္လာတာနဲ႔ ကြၽန္မအိမ္ကိုျပန္ၿပီးပိုက္ဆံယူလာေပးပါ့မယ္ ”
ဘာေတြပဲျဖစ္ျဖစ္ ဟန္က်ိဳးလီက သူမကို အမ်ားႀကီး ကူညီခဲ့သည္ပင္။
ဆရာဝန္ေတြခြဲစိတ္ေနစဥ္မွာ အိမ္ကိုျပန္ၿပီး ပိုက္ဆံယူလို႔ရေပမယ့္ ခြဲစိတ္ေနစဥ္အတြင္း ေဆးရံုမွာ ေစာင့္ေနရသေလာက္ စိတ္ခ်လက္ခ်ေနႏိုင္မည္ မဟုတ္။
“ ဒီတစ္ခါလည္း တကယ္ကို ေက်းဇူးတင္ပါတယ္ ”
ဟန္က်ိဳးလီ မ်က္ခံုးပင့္မိ၏။ အေႂကြးေတာင္းရေအာင္ သူက လိုက္လာတာမို႔လို႔လား?
မသိရင္ သူကပဲ ဒီပိုက္ဆံေလးအတြက္ အသည္းအသန္ ျဖစ္ေနသလိုလို...
“ ပိုက္ဆံကိစၥက အလ်င္မလိုပါဘူး ”
ေနာက္ဆံုးတြင္ ‘ ခြဲစိတ္မႈလုပ္ေဆာင္ေနဆဲ ’ ဟူသည့္ မီးေရာင္ပိတ္သြားၿပီး ဆရာဝန္က အျပင္ထြက္လာသည္။
လုမန္ အေျပးသြားလိုက္မိကာ..
“ ဆရာ ေမေမ့အေျခအေနဘယ္လိုရိွလဲဟင္။ ခြဲစိတ္မႈေအာင္ျမင္ရဲ့လား ”
“ မစိုးရိမ္ပါနဲ႔ ခြဲစိတ္မႈက ေအာင္ျမင္စြာ ၿပီးဆံုးသြားခဲ့ပါတယ္ ”
ေဒါက္တာ့စကားေတြၾကားမွ လုမန္ သက္ျပင္းခ်ႏိုင္၏။ ၿပီးတာႏွင့္ ခြဲစိတ္ခန္းအျပင္သို႔ တြန္းထုတ္လာေသာ ရွခ်င္းေဝကို ေတြ့လိုက္ရသည္။
ရွခ်င္းေဝသည္ ေအာက္ဆီဂ်င္မက္စ္တပ္ထားရကာ ေမ့ေဆးအရိွန္ေၾကာင့္ သတိလစ္လ်က္ရိွေနေသးသည္။
===================================