အပြာရောင်လိပ်ပြာကလေးနဲ့ လျှောက်ခဲ့ရတဲ့
ဘဝခရီးဟာ...နုနုနယ်နယ်လေးနဲ့
သိပ်လှပခဲ့ပါတယ်....။
တစ်ခုသောနွေဦးလေးတစ်ဖြတ်မှာပေါ့...။
လန်ဒန်မြို့ရက်ကွက်ငယ်လေးတစ်ခု...။
"ဟင်...ကောင်လေး...ကိုယ့်ကိုတစ်ခုခု
ပြန်ပြောအုန်းလေ...စိတ်ဆိုးနေတာလား
ကိုယ်တို့နှစ်ယောက်ထဲနေတာ လိပ်ပြာလေးရယ်
မင်းဒီလိုဖြစ်နေရင် ကိုယ်အဆင်မပြေဘူး..."
သိပ်လှသောစုတ်ချက်တွေနှင့်လိပ်ပြာလေးက
ပန်းပွင့်လေးရဲ့ပုံတူကိုဆွဲနေသည်။
နှုတ်ခမ်းနေရာလေးကိုဆေးစက်တွေဖြည့်ရင်း
မျက်နှာသည် ခပ်တင်းတင်း...။
ဆရာဝန်ကြီးကတော့ ပန်းချီဆွဲနေသောလိပ်ပြာလေး
ကိုပုခုံးလေးမှသိုင်းဖက်ထားကာ နားနားလေးကပ်
တိုးစိတိုးစိပြောနေသည်။
"Jung....Kook....."
"ကျွန်တော် ဆိုးလ်ကို မပြန်ချင်ဘူး...."
"ကိုယ့် မိဘတွေကို ကိုယ်သတိရလို့ပါ
ကိုယ်တို့အပေါ်ဆိုးခဲ့တာမှန်ပေမယ့်
ခုအားလုံးခွင့်လွှတ်ပြီး အတူတူပြန်လာခိုင်းတာ
ကိုယ်တော့ပြန်ချင်တယ် မိဘက မိဘပဲလေ
သူတို့ဘက်က အရင်အလျှော့ပေးတာ.....အဲ့တာ..."
"Jimin က လွဲရင် ဘယ်သူ့ကိုမှကျွန်တော်မယုံဘူး
ခွင့်လွှတ်ပါတယ်ဆိုပြီး ပြန်မလွှတ်တော့ရင်
ဘယ်လိုလုပ်မလဲ...ကျွန်တော့်အရပ်ရှစ်မျက်နှာ
မှာဘယ်မျက်နှာကိုပဲကြည့်ကြည့်Jimin အပြင်မရှိ
လို့ မပြန်ရဘူး..."
ငါ့မိဘဆီငါပြန်ချင်တာပြန်ကိုပြန်မယ်ဟု
အနိုင်မယူရက်ပါ။
ဆိုးလ် ကို လိပ်ပြာလေးကကြောက်သည်။
ကြီးကျယ်လွန်းသောသူ့အသိုင်းအဝိုင်းကို
လိပ်ပြာလေးကကြောက်သည်။
အတောင်ပံလေးတွေ ဘယ်နှခါကျိုးခဲ့ရသလဲ....။
ဆက်ဆက်ခါနာရတဲ့အတိတ်တွေနဲ့နေရာကို
သူမပြန်ချင်တာ အပြစ်ဖို့လို့တော့မရပါ။
"Jimin က တစ်ဦးတည်းသောသားလေ....
အရင်လို အတ္တတွေပြန်ကြီးပြီး ကျွန်တော့်ဆီက
ပြန်လုသွားကြရင် ဘယ်လိုလုပ်ရပါ့မလဲ
မခွဲနိုင်ဘူး...ဗျ...."
Jimin သည်ပုခုံးလေးကိုသိုင်းဖက်ထားရာမှ
လိပ်ပြာလေးနှင့်မျက်နှာချင်းဆိုင်ကိုပြောင်း
ထိုင်လိုက်ကာ ပန်းချီဆွဲနေသူရင်ခွင်ထဲသို့
အတင်းတိုးဝင်သည်။
"နှစ်တွေဘယ်လောက်ကြာနေပြီလဲ...
ခွဲစရာလား Jungkook ရယ်
ကိုယ်ကို့ ယုံပါ...တလောကလုံး မိသားစုတခုလုံးနဲ့
မင်း ကိုယ်မင်းကိုပဲရွေးချယ်ခဲ့တာလေ....
ဒီလောက် အခက်အခဲပေါင်းစုံနဲ့ပိုင်ဆိုင်ထားရတဲ့
ကိုယ့်အဖိုးတန်လိပ်ပြာလေးကို တစ်နာရီတစ်မိနစ်
တောင်မခွဲနိုင်ပါဘူး...."
"Jimin ကိုယုံတယ် .....Jimin ကိုပဲယုံတာ...."
စုတ်တံလေးကိုပစ်ချကာ ထထွက်သွားပြန်သည်။
လက်စမသတ်သေးသော ပုံတူဟာလိပ်ပြာငယ်
ဒေါသတွေထွက်နေ၍ရွေးထားသောအရောင်တွေ
သည်မိုက်တိမိုက်ကန်း....။
"သူတို့ဘက်က အဲ့လိုအငွေ့အသက်ပါတဲ့
စကားတစ်ခွန်းပဲပြော ကိုယ်ချက်ချင်းပြန်လာမယ်
မင်းစိတ်တိုင်းကျဖြစ်စေရမယ် မင်းစိတ်ထဲ
တစ်ခုခု ထင့်တာနဲ့ သဘောမကျစရာရှိတာနဲ့
မနေတော့ဘူးကွာ....ဒယ်ဒီတို့ကတောင်းပန်ပြီးကို
ပြန်ခေါ်နေလို့ပါ....ကိုယ်တော့လိမ်နေတယ်မထင်ဘူး..."
"ဆရာဝန်ဖြစ်ပြီး ပြောလို့ဆိုလို့မကောင်းလိုက်တာ..."
လိပ်ပြာငယ်သည်ဆံပင်တွေကိုဆွဲဖွကာဝရံတာ
ဆီကိုသွားပြီး မျက်နှာသည်မှုန်တေလွန်းနေသည်။
ဆရာဝန်ကြီးကနောက်မှာလိုက်လာကာ
ကြိုးစားပမ်းစားဖြောင်းပြပြောဆိုနေသည်။
"ဘယ်သူနဲ့မှကို မပတ်သတ်ချင်တာ
ဒီဘဝလေးမှာပဲ ပျော်တယ် လန်ဒန်ကကျွန်တော်တို့
အိမ်ပဲ..."
"ငါ့အဖေ အမေလေကွာ!!!!ဘယ်လောက်ဆိုးခဲ့
အုန်း အချိန်တွေကြာတော့ ငါသတိရတယ်ကွ...."
"ကျွန်တော့်ကို မအော်နဲ့!!!!"
"ချော့နေတာ ရက်၁၀၀လောက်ရှိနေပြီ
ငါစိတ်မရှည်တော့ဘူး..."
"Jimin ကကျွန်တော့်ကိုစိတ်မရှည်ချင်လို့
ဘယ်သူ့ကိုများသွားစိတ်ရှည်ချင်နေတာလဲ.."
"Jungkook.!!!ကလေးလည်းမဟုတ်တော့ဘူး
စကားကို ကပ်သပ်ပြောမနေနဲ့...
ငါပြောပြီးပြီမင်းစိတ်ကိုအဆင်မပြေစေရင်
ချက်ချင်းပြန်မယ်လို့...."
"မင်းမလိုက်ချင်လည်းနေခဲ့...ငါ၂ရက်သုံးရက်
နေပြီး ပြန်ခဲ့မယ်...."
"ဘာ ဘာ!!!"
ဒေါသတချို့တဝက်ဖိတ်စင်နေသောမျက်လုံးတွေ
သည် အံ့ဩမှင်သက်ခြင်းတွေချက်ချင်းရောယှက်
သွားကာ ဆရာဝန်ကြီးအားတအံ့တဩကြည့်လာသည်။
"ကျွန်တော့်ကို တစ်ယောက်ထဲထားခဲ့ဖို့ကို
Jimin ကစဉ်းစားလိုက်တာလား....."
"မဟုတ်ဘူး...အဲ့လိုမဟုတ်ဘူး...မင်းလိုက်ဖို့အတွက်
အဆင်မပြေရင် ငါခဏလေးပြေးသွားမယ်လို့...လေ
အဲ့လိုမျိုး...."
"လိုက်မှာ...တကယ်သွားရင် လိုက်မှာ
ကျွန်တော့်ကို ချောင်ထိုးဖို့ နည်းနည်းလေးတောင်
မတွေးနဲ့...."
"ဘယ်သူကထိုးနေလို့လဲ...ခုလည်းမင်းကို
ကိုယ်ချော့ခေါ်နေတာပဲလေ...မဆိုးစမ်းနဲ့
ကောင်လေးရယ်..."
"Jimin ကို ချစ်တာ ဆိုးတာမှမဟုတ်တာဗျာ!!!!"
"အေး သိတယ် သိတယ် ခုလိုက်မယ်မလား
လိပ်ပြာလေးက လိုက်ချင်သွားပြီမလား...
ကတိပေးတယ် ပျော်ရွှင်စေရပါမယ်လို့...
ကိုယ်ကာကွယ်ပေးမှာ မင်းကိုဘယ်သူမှစိတ်ညစ်
အောင်မလုပ်ဖို့ ကိုယ်မင်းရှေ့မှာ ရှိနေတယ်"
"အပြောတွေနဲ့ပဲ....နိုင်နေတာပဲ..."
အခြေအနေသည်သူကျန်ရစ်ခံရတော့မှာ
ကိုစိုးရိမ်တာကြောင့်တစ်ထစ်လျှော့သွားတဲ့သူ။
ဆိုးလို့ရလို့ဆိုးနေတာပါ။
မရတော့ရင် သူမဆိုးရဲတော့ဘူး...။
"ဝရံမှာ ခေါက်ဆွဲလေးစားမလား.....
ကိုယ့်ကောင်လေးကို ခုချက်ပေးမယ်...
အသီးလေးတွေလည်း ခွဲကျွေးမယ်....
လိပ်ပြာလေး ဆေးခန်းလိုက်ရမှာ ပျင်းရင်
ဒီနေ့ ကျန်ခဲ့လို့ရတယ်...."
"မကျန်ခဲ့ဘူး....."
"ဟုတ်ပြီ ဟုတ်ပြီ....ဒါဆို ခု ကိုယ်က
အစားအစာတွေသွားပြင်ပြီးပြန်လာခဲ့မယ်
ဒီမှာ စောင့်နေပေးနော်..."
ဆရာဝန်ကြီးကပြာပြာယာယာ...။
စိတ်ကလေးလည်တုန်း ဒီအခြေအနေတွင်
ဆိုးလ်ပြန်ဖို့Comfirm ဖြစ်ရန်လိုပါသည်။
မတွေ့ရတာ ဘယ်နှနှစ်တောင်ရှိပြီလဲ ....။
ဖေဖေဖုန်းဆက်သောအသံသည်အားလုံးကို
ခွင့်လွှတ်နားလည်ပေးခဲ့ပြီဖြစ်ကြောင်းသိသာတာ
ကြောင့် Jungkook ကိုခေါ်ကာအားလုံးအဆင်ပြေပြေ
ရှိသွားစေချင်နေသည်။
ထွက်သွားတော့မည့်လက်ကိုလိပ်ပြာငယ်က
ဆွဲထားပြန်သည်။
"အိမ်ပြန်ချင်လို့ အလိုလိုက်နေမှန်းသိပါတယ်...."
"မပြန်ရလည်း မင်းကိုအလိုလိုက်ခဲ့တာ
တစ်ဖက်စွန်းရောက်နေပြီ ကိုယ့်ကိုစိတ်တိုစေချင်
တာလား...Jungkook.."
လက်ကိုလွှတ်ပေးကာ မကြားတကြားတွေပွစိပွစိ
ပြောလျှက်ဝရံတာက စားပွဲလေးတွင်ခေါက်ဆွဲ
စားဖို့သွားထိုင်တော့သည်။
ဆရာဝန်ကြီးအိမ်ထဲဝင်သွားသည်နှင့်စူပုတ်နေသော
လိပ်ပြာလေးသည် တလောကလုံးအပေါ်မကြည်မလင်
လိုက်ကြည့်နေသည်။
"Morning!!!!!!!....."
ဟိုဘက်အိမ်ကိုပြောင်းလာသောလူသစ်နှစ်ယောက်ထဲက
ဆံပင်ပြာဖြင့်တစ်ယောက်သည်
ခြံထဲကအပင်တွေရေဖြန်းဖို့
ပိုက်ကလေးတစ်ခုကိုင်ကာထွက်လာပြီး
လိပ်ပြာလေးကိုလှမ်းနှုတ်ဆက်သည်။
"ဘာလုပ်နေတာလဲ....မနက်စာစားပြီးပြီလား...."
လိပ်ပြာလေးကပြန်မဖြေပါ။မျက်နှာလွှဲသွားသည်။
စိတ်မကြည်တာရယ်...အစထဲကလည်းသူစိမ်းတွေ
ဆိုသဘောမကျတတ်သူမို့သူသိပ်စကားပြောလေ့မရှိ။
တဖက်ခြံမှ ကောင်လေးသည်မျက်မှောင်တွေ
တွန့်ချိုးသွားလျှက် ရေပိုက်ကိုပစ်ချကာ
ခြေဆောင့်လျှက်အိမ်ထဲပြေးဝင်သွားသည်။
လိပ်ပြာငယ်သည် ခေါက်ဆွဲကိုစောင့်နေဆဲ....။
"ဟေ့ကောင်!!!!အိမ်နီးနားချင်းမို့နှုတ်ဆက်တာလေ
ပြန်နှုတ်ဆက်မှာပေါ့ လူမှုရေးနားလည်လေ..."
အေးစက်စက်အသံတစ်ခုထပ်ကြားရတာကြောင့်
လိပ်ပြာလေးလှမ်းကြည့်တော့ မာကြောကြော
မျက်နှာနှင့်လူသည် ခါးထောက်ကာသူ့ကိုဟိုဘက်
ခြံကနေလှမ်းအော်နေပြန်သည်။
သူ့နောက်မှာစောစောက ခေါင်းပြာပြာလေး.။
ဘာလဲ ခေါင်းပြာကောင်လေးက သူ့လိုပဲ
မနိုင်ရင် ပြေးပြေးတိုင်တတ်တာမျိုးလား...။
လိပ်ပြာငယ်သည် ဘယ်သူထွက်လာထွက်လာ
စကားပြန်ပြောဖို့အစီအစဉ်မရှိခဲ့။
ရှူးရှူးရှဲရှဲနှစ်ယောက်သည်တစ်ဖက်ခြံထဲတွင်
ခုန်ဆွခုန်ဆွဖြင့်....။
ဆရာဝန်လေးထွက်လာပြီးသေချာတောင်းပန်
လိုက်တဲ့အခါမှ အင်တင်တင်ဖြင့်အိမ်ထဲပြန်ဝင်
သွားကြသည်။
မနက်စာကို လိပ်ပြာလေးကစူစူပုတ်ပုတ်စားနေကာ
ဆရာဝန်ကြီးက ကပ်ဖားနေရသောလန်ဒန်မနက်ခင်း
လှလှလေးတွေ..။
"ကောင်လေး...ကိုယ်တစ်ခုပြီးတစ်ခုတောင်းဆို
နေတယ်လို့တော့မထင်ပါနဲ့ကွာ...."
"ဘာဖြစ်ပြန်ပြီလဲ...."
"ကိုယ့်မိဘတွေနဲ့တွေ့ရင်လေ Jimin လ်ို့မခေါ်ပါနဲ့လား
Hyung လေးထည့်ခေါ်နော် Honeyလို့လည်း
မခေါ်နဲ့နော်...မင်းကသာကိုယ့်ကိုဆိုးနေတာ
လူတွေအမြင်မှာ ကိုယ်ကဆရာဝန်လေ...
မင်းက်ို လူရိုင်းလေးလို့ထင်မှာစိုးလို့..."
"မခေါ်ချင်ဘူး....."
တကယ်ပါပဲ.....။ထားလိုက်ပါတော့လို့ပဲ
စိတ်ထဲတွေးလိုက်ကာ မနက်စာသာချော့ကျွေးနေရသည်။
မပြန်ရဘူးစိတ်ပြောင်းသွားရရင်ခက်ရချည်ရဲ့။
...............။
ဆိုးလ်....။
လှပသောနွေဦးလေးမှာ လက်ဖဝါးနှစ်ခုခပ်ဖွဖွ
လေးဆုပ်ကိုင်လျှက် မွေးရပ်မြေနိုင်ငံကိုပြန်ခဲ့ကြသည်။
Parkအိမ်တော်ကြီးရဲ့ခြံတံခါးအကျယ်ကြီး
ပွင့်သွားတဲ့အခါ သားလေးတစ်ယောက်ပဲမွေးထား
တာမို့ ဘယ်လောက်ဆိုးခဲ့ဆိုးခဲ့မပြတ်နိုင်သော
Jimin မိဘတွေသည် အပြေးအလွှားထွက်လာ
နူတ်ဆက်ကြသည်။
"တနေ့တော့ မင်းပြန်လာလိမ့်မယ်လို့
ငါတို့ထင်နေတာ နေနိုင်လိုက်တာ သားရယ်...
ဘယ်လိုမျိုးတောင် သံယောဇဉ်တွေကိုဖြတ်ပြီး
မင်းနေနိုင်ရသလဲ....."
ဦးလေးတို့ထက် ပိုချစ်စရာကောင်းတဲ့
Butterfly Jeonလေးနဲ့နေနေကြောင်းရှင်းပြလိုက်
ချင်ပေမယ့်လိပ်ပြာလေးကထိန်းထားသည်။
တကယ်ပါ...ဘဝထဲကိုလူအသစ်တွေလည်း
ဆွဲမထည့်....အပေါင်းအသင်းဆိုတာလည်း
Hoseok တောင် သိပ်အဆက်အသွယ်မရှိတော့ချင်။
ပန်းချီဆွဲတယ်..ပြခန်းထိုင်တယ် Jimin ဆေးခန်း
မှာကူပေးတယ်...လိပ်ပြာလေးဟာ
တဖြည်းဖြည်းဘောင်ကျဉ်းကျဉ်းလေးထဲမှာပဲ
နေပျော်လာတဲ့သူ...။
ဘဝကိုသိပ်ကျယ်ကျယ်ပြန့်ပြန့်တွေ
သူမတွေးတောတော့ဘူး။
ပန်းချီတွေရှိတယ်
ဆေးစက်ရောင်စုံတွေရှိတယ်..
အိမ်လှလှလေးတစ်လုံးရှိတယ်..
အလျှံအပယ်မဟုတ်ပေမယ့် လုံလောက်တဲ့
နှစ်ယောက်စာဝင်ငွေနည်းနည်းနဲ့
ညဘက် ဖက်အိပ်စရာ ဆရာဝန်လှလှလေး.....။
ဘဝက လုံလောက်စွာ ပျော်ရွှင်နိုင်နေပြီ...။
ရုတ်တရက် နေသားကျစွာဖြတ်သန်းနေရတဲ့
ဘဝလှလှလေးထဲ Jimin က အာရုံနောက်စရာ
တွေလုပ်လာပြီ။
မိရင်းဖရင်းနဲ့ ပြန်တွေ့ချင်တာ မတားသင့်ပေမယ့်
ကျွန်တော် သူတို့ကို တစ်ယောက်မှသဘောမကျပါ။
ထို့ကြောင့် မကြည်လင်နိုင်ပါ....။
ပေတိပေကပ်ပါပဲ...။
"မိုက်လိုက်တဲ့ကလေး.....ဘယ်လိုဆိုဆိုလေ
ဒီအမေ ကို တစ်ခါလေးတောင်မလွမ်းခဲ့ဘူးလား.."
သူနဲ့ လက်ထပ်သွားတာမိုက်တာပေါ့လေ...။
လိပ်ပြာလေးသည် အမေဖြစ်သူရင်ခွင်ထဲက
ပန်းပွင့်လေးကို ချက်ချင်းဆွဲထုတ်တော့သည်။
"မာမီကလည်း.....Jungkook နဲ့လက်ထပ်တာ
မိုက်တာ ဖြစ်မလား...စကားပြောတာ
နည်းနည်း.....မာမီ..."
Jimin သည် မိဘနှစ်ပါးကို မျက်နှာရိပ်မျက်နှာကဲ
ခက်ခဲစွာပြကာ..တစ်ဖက်ကလိပ်ပြာလေး၏
လက်ဖဝါးတွေကိုလည်းခပ်တင်းတင်းဆွဲထားရသေးသည်။
ဆေးရုံအုပ်ကြီးသည် မျက်နှာပျက်သွားကာ
Jung kook ကိုတစ်ချက်ကြည့်လျှက်
ဘာမှတော့မပြော....။
တစ်ယောက်ထဲမွေးထားသောအဖိုးတန်သားလေး။
သိပ်တော်လွန်းတဲ့ဆရာဝန်တစ်ယောက်။
မိဘစကားနားထောင်တတ်ခြင်းမှာပြိုင်ဆိုင်ရှား
ကလေးတစ်ယောက်မို့ Jimin အတိတ်မှာ
ရွေးချယ်သွားတဲ့ လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး
သိပ်ဝမ်းနည်းကာ ဒေါသတွေလည်းထွက်ခဲ့ကြသည်။
ဒါပေမယ့်လည်း ပြန်တော့လာလိမ့်မယ်ထင်ခဲ့ပေမယ့်
အရိပ်ပင်မမြင်ခဲ့ရ....။
သား၏ အရိပ်ပင်မမြင်ရအောင်
ကွယ်ဖျောက်ပေးနိုင်သောအင်အားမျိုးသည်
ခပ်စူးစူးမျက်လုံးတွေနဲ့သူတို့ကိုစိုက်ကြည့်နေသော
တစ်ချိန်က ဖြူဖတ်ဖြူလျှော်လေး....။
သား လို လူမျိူး အရူးအမူးချစ်သွားရလောက်
တဲ့အထိ ဘယ်နေရာတွေက ဘယ်လိုများ
ထူးခြားဆန်းပြားနေရသလဲ......။
မျက်လုံးထဲတော့ ခပ်ရိုးရိုးအဝတ်အစားတစ်စုံနဲ့
ကောင်လေးတစ်ယောက်ပါပဲ။
ထူးထူးခြားခြားမက်မောသွားရလောက်တဲ့
အရာမျိုးလည်း ဟိုအရင်သူတို့စတွေ့ထဲက
မရှိခဲ့သလို ခုလည်းပုံမှန်ပဲကို...။
ကိုယ့်ဘက်ကပဲမိဘမို့စတင်လျှော့ကာပြန်ခေါ်ပြန်
တော့လည်း စတွေ့တွေ့ချင်းမှာတင် အားပြိုင်မှုတွေက
ရှိနေပြီ။
"လာ....အိမ်ထဲဝင်တော့..."
Jimin လက်တွေကို လုံးဝဖြုတ်မပေးပါ...။
ရင်တထိတ်ထိတ်က လန်ဒန်ပြန်ရောက်မှ
အဆင်ပြေနိုင်လိမ့်မည်။
ဧည့်ခန်းကခုံတွင် အသီးသီးဝင်ထိုင်လိုက်ကြကာ
စားပွဲပေါ်အချိုပွဲစားစရာတွေလာချပေးတော့
လိပ်ပြာလေးကချပေးသမျှသောမုန့်တွေကိုသေချာ
ကြည့်နေသည်။
"လန်ဒန်မှာ စားဝတ်နေရေးအားလုံးအဆင်ပြေရဲ့
လားJimin ...."
"ပြေတယ် ဒယ်ဒီ....."
".ခဏနားလေ
အခန်းစီစဉ်ပေးထားတယ် ညစာအတူတူစားကြတာပေါ့
အရေးကြီးတဲ့ စကားနည်းနည်းပြောစရာရှိလို့..."
"အသီးတွေညကျမှ ကိုယ်ခွဲပေးမယ် ဒီမုန့်တွေ
အချိုများတယ် ....မစားရဘူး...
ညက ချောင်းတွေဆိုးနေတယ်လေ...."
ယုယုယယလေးချော့ပြောနေပုံသည်
Dr ParkJimin တောင်ဟုတ်ပါရဲ့လားဟု
အံ့ဩချင်စရာ...။
တစ်သက်နဲ့တစ်ကိုယ် မွေးထားသောသားဖြစ်သူ
ဒီလောက်စိတ်ရှည်ယုယတတ်ပြီး နူးညံ့နေတာမျိုး
ပထမဆုံးမြင်ဖူးတာမို့ Parkမောင်နှံ နှစ်ယောက်
အံ့အံ့ဩဩ.....။
ဆေးရုံအုပ်ကြီးစကားထက် ဆရာဝန်ကြီး၏
အာရုံတွေသည် မုန့်တစ်ခုစီကိုလက်လှမ်းတော့
မည့်လိပ်ပြာလေးဆီသာအလေးပိုနေသည်။
"Jungkook က ရော ဘာတွေလုပ်နေလဲ..."
မနည်းစိတ်ကိုလျှော့ကာ သားကချစ်နေတော့
အဘယ်သို့မျှ လက်ခံနိုင်နိုင် လက်မခံနိုင်နိုင်
လက်ခံရမှာပဲ...။ပေါင်းသင်းနေထိုင်နေတာလည်း
အချိန်တစ်ခုတစ်ခုရောက်ပြီမို့ ဇာတ်သိမ်းသည်
ဘာမှမပြောင်းလဲနိုင်တော့ပါ။
ထို့ကြောင့် JeonJungKookကို
Parkမိသားစုရဲ့ သားမက်တစ်ယောက်
အဖြစ်နေရာတစ်ခုပေးဆက်ဆံရတော့မည်။
ကြီးကျယ်သောပညာတတ်Parkအသိုင်းအဝိုင်း
ကြီးကြားထဲက ရှားရှားပါးပါးJeon လေးဟာ
Park မိသားစုရဲ့ အသက် Dr ParkJiminရဲ့
အသဲစိုင်လေးဖြစ်တာမို့ တစ်ကောင်ထဲပေမယ့်
မောမောကြွားကြွားအတောင်ပံလှလှတွေက
တဖြတ်ဖြတ်ရယ်....။
"ပန်းချီဆွဲတယ်လေ....."
"ဘယ်လို ပုံတွေဆွဲတာလဲ...."
"ကိုကို့ ပုံတူတွေ...."
ဒေါက်တာသည် တုန်ခနဲ....။ခေါ်ချပစ်လိုက်သော
အခေါ်အဝေါ်တွင် သောက်မည့်ဆဲဆဲCoffee
ခွက်တောင်ယောင်ရမ်းပြန်ချလိုက်မိတဲ့အထိ။
ဆေးရုံအုပ်ကြီးလည်းဘာဆက်မေးရမှန်းမသိ။
"Jung..kook ဟို Jimin ဖေဖေရှေ့တော့
အရမ်းပွင့်ပွင့်လင်းလင်းတွေ မခေါ်ပါနဲ့လားကွယ်
အန်တီတို့က လူကြီးတွေဆိုတော့ နည်းနည်းကြားရတာ..."
"ကျွန်တော်က Jiminပုံမှန် လို့ပဲခေါ်တာပါ
ကိုကိုက အဲ့လိုမခေါ်ရဘူးဆိုလို့....."
ကိုကို...တစ်ချက်ခေါ်တိုင်း ပြုံးလိုက်ချင်စိတ်
ကိုထိန်း၍မရခဲ့...။အချိန်တွေကြာလာလေ
ကောင်လေးက ပိုပိုချစ်ဖို့ကောင်းလာလေပါပဲ...။
ခပ်တိုတိုဆံပင်လေးတွေနဲ့ လူလတ်ပိုင်းအမျိုးသား
လေးတစ်ယောက်ဖြစ်နေပြီဆိုသော်ငြား
ဆရာဝန်ကြီးမျက်လုံးထဲ ထာဝရကလေးလေးပါပဲ။
"ရပါတယ် လွတ်လွတ်လပ်လပ်ပြောကြဆိုကြပါ
ဟိုမှာနေသလိုပဲ....."
"ဟုတ်ကဲ့...."
"Jungkook က ပန်းချီနယ်ပယ်ကိုပဲဆက်သွားမှာ
လား....တည်ငြိမ်ပြီးခိုင်မာတဲ့စီးပွါးရေးတစ်ခုခုလိုမျိုး.."
"ဒယ်ဒီ Jungkook ပန်းချီကားတွေက
ခိုင်မာတဲ့စီးပွါးရေးပါ တစ်ချပ်ရောင်းရရင်
ကျွန်တော်တို့ လပေါင်းများစွာအလုပ်လုပ်ဖို့
မလိုပါဘူး....ကျွန်တော် သူ့ကို ပန်းချီဆွဲတာကလွဲ
ကျန်တာ ဘာမှလုပ်ခိုင်းမှာမဟုတ်ဘူး.....
ကျွန်တော်တို့တွေ့တာ နာရီပိုင်းပဲရှိသေးတယ်
အဆင်မပြေဖြစ်အောင်မလုပ်ပါနဲ့ဒယ်ဒီ..."
"အပြစ်ဆိုနေတာမဟုတ်ပါဘူး....
သားမက်တစ်ယောက်ဖြစ်လာတော့ မေးစမ်းကြည့်တဲ့
သဘောပါ...."
"ကျွန်တော် ပန်းချီပဲ ဆွဲမှာပါ....
ကျွန်တော် ပန်းချီဆွဲတာ သိပ်သဘောမကျဘူးဆို
ရင်လည်း ကိုကို့ကို ခေါ်ပြီး ခုအိမ်ပြန်လိုက်ပါတော့မယ်.."
"နေ...နေ ပါအုန်း....ငါတို့ဘာမှပြောပြလို့ကို
မရဘူးလား...."
"ကဲပါ သားတို့သွားနားတော့ မာမီအခန်းစီစဉ်ထားတယ်
ပင်ပန်းလာတာကို Jimin အဖေကလည်း..."
မိန်းမဖြစ်သူလှမ်းဟန့်လိုက်တာကြောင့်Mr Park
က အရှိန်ထိန်းလိုက်ရကာ Jimin တို့နှစ်ယောက်သည်
ခေါင်းငုံ့နှုတ်ဆက်ကာစီစဉ်ပေးထားသောအခန်းရှိ
ရာသို့အနားယူရန်တက်သွားကြတော့သည်။
လိပ်ပြာလေးသည် အိပ်ရာအကြီးကြီးပေါ်ပစ်လှဲကာ
ခြေပစ်လက်ပစ် အနားယူနေသော
ဘေးသို့ ဆရာဝန်ကြီးက လည်းလှဲချလာသည်။
"ကိုကို တဲ့လား........"
"ရှက်တယ် မစနဲ့....ဗျာ..."
"ထပ်ခေါ်ပါအုန်း....."
Jimin သည်လိပ်ပြာလေး၏ရင်ဘက်က
ကြယ်သီးလေးတွေကိုဆော့ကစားရင်း
Jeon မျက်နှာရဲရဲလေးကိုပြုံးပြုံးလေးကြည့်ကာ
တောင်းဆိုနေသည်။
"နှစ်ယောက်ထဲကျ ကျွန်တော်ရှက်တယ်...."
"ခေါ်ပါ....ကြားချင်လို့..အလိမ္မာလေးရဲ့...."
"Jimin က ရီမှာ...."
"ရင်ခုန်လို့....မင်း တစ်ခါခေါ်တာ
ငါစိတ်နဲ့ကိုယ်မနည်းကပ်လိုက်ရတယ်...
ရီဖို့က အဝေးကြီးပါ..."
"တစ်ခါခေါ်ရင်....တစ်ခါနမ်းရမယ်..."
"ဘယ်နှခါနမ်းရ နမ်းရ...ဖြစ်တယ်..."
"ကိုကို......."
လိပ်ပြာလေးသည်ခေါ်ပီးပီးချင်းစောင်ကိုအကြမ်းပတမ်း
ဆွဲယူကာတကိုယ်လုံးလုံအောင်မြန်မြန်ဆန်ဆန်
ဆွဲယူခြုံတော့သည်။
"တစ်ယောက်ထဲမခြုံရဘူးလေ....ကိုကိုပါ
ပါမယ်လေ..."
ဆရာဝန်ကြီးကစောင်ထဲအတင်းဝင်တိုးကာ
ရဲတောက်နေသောမျက်နှာချောချောလေးကို
အနှံ့အပြားတဖွဖွလေးနမ်းတော့Jeonက
ဆရာဝန်လေးကိုရင်ခွင်အောက်ကိုအားသုံးကာ
ကပို့လိုက်သည်။ထို့နောက်စူးစူးရဲရဲကြည့်ကာ
"ကိုကို......ကျွန်တော့်ကိုကို....."
"နှလုံးတွေခုန်နေတာကြားလား ငါမင်းကို
ချစ်မဝနိုင်ဘူး JeonJungKookရဲ့...
မင်းသိပ်တတ်တာပဲ...."
"ကိုကို့ ကို မမှီပါဘူး....."
"ငါချစ်လိုက်တာလေး....."
ဆရာဝန်ကြီးသည် အုပ်မိုးထားသော
လိပ်ပြာလေး၏လည်တိုင်တွေကိုဆွဲယူကာ
နှုတ်ခမ်းပါးတွေအားစတင်နမ်းရှိုက်ခဲ့သည်။
"လန်ဒန်မှာ နမ်းရတာ ပိုကောင်းတယ်...
ဒီမှာက မလွတ်လပ်ဘူး အဲ့တာကြောင့်
ကျွန်တော်မလာချင်တာ..."
"ဘယ်သူကကြည့်နေလို့လဲ တံခါးပိတ်ထားတာ..."
"မသိဘူး...ကိုယ့်အိမ်နဲ့ကိုယ်မဟုတ်တော့
မလုံမလဲပဲ..."
"ဂျီးအရမ်းများတာပဲ...."
"ကိုကိုပဲ ပျော်အောင်ထားမယ်ဆို...."
"နမ်းတာအထိတော့ Complain တက်မနေနဲ့လေကွာ"
"မတက်တော့ပါဘူး....စတာပါကျွန်တော်က....
ပြန်နမ်းရအောင်....."
လေယာဉ်စီးလာတာတွေ ခရီးပန်းလာတာတွေ
လည်းမသိတော့...။
ကိုကို့နှုတ်ခမ်းတွေများနမ်းနေရရင်.....
အရာခပ်သိမ်းအကုန်မေ့တဲ့....ကျွန်တော်.....။
.....................။
"စားကြ စားကြ....Jungkook လည်း
ဦးတို့ကို မိသားစုတစ်ခုလို့သဘောထားပါ
အရမ်းစိမ်းသက်မနေပါနဲ့ အတိတ်တွေကပြီးခဲ့ပါပြီ
ဦးတော့ သားကို ချစ်တော့ အားလုံးမေ့ထားလိုက်တယ်"
ခေါင်းသာငြိမ့်ပြသည်။ရိုင်းတာမျိုးတော့မဟုတ်။
Jimin မိဘတွေဆိုတာနဲ့ အတင်းလုပ်ယူ
မဖော်ရွေနိုင်ပါ။Jimin ကလွဲပြီးကျန်တဲ့ဘယ်သူ့ကိုမှ
စကားအများကြီးမပြောချင်။
ပြန်ချင်တယ်လိုက်လာပေးတယ်...
Dinnerကို လိလိမ္မာမ္မာထိုင်စားပေးတယ်
သူ့တာဝန်တော်တော်ကျေနေပါပြီလေ။
"Jungkook က ဒီလိုပဲနေတတ်လ်ို့ပါ ဒယ်ဒီ
မလေးမစားလုပ်တာမျိုးတော့မဟုတ်ပါဘူး
သူ့ပုံစံလိုဖြစ်နေလို့ပါ..."
"သားက ထိန်းကျောင်းရမယ်လေ...
ကိုယ်က အကြီးပဲ..."
ဒေါက်တာက ပြုံးယဲ့ယဲ့ဖြင့်ခေါင်းလေးခါပြကာ
ဟင်းတချို့လိပ်ပြာလေးပန်းကန်ထဲကို
ထည့်ပေးနေသည်။
"Jimin...ဒယ်ဒီ စကားနည်းနည်းပြောချင်တယ်"
"ဟုတ်..."
"သားတို့ ဒီမှာပြန်လာနေပါလား...လန်ဒန်ကဝေးလွန်း
တယ် အရင်လို သားကဆေးရုံမှာပြန်လုပ်ပြီး
Jungkook က အိမ်မှာအေးအေးဆေးဆေးပန်းချီဆွဲ
ပေါ့....မိသားစုတွေသိုက်သိုက်ဝန်းဝန်းပြန်နေရအောင်"
ဒယ်ဒီကလေ...ဒယ်ဒီပါပဲ....။Jimin သည်စားလက်စ
တူကိုချလိုက်ချ်န်တွင် လိပ်ပြာလေး၏လှုပ်ရှားမှု
တွေလည်းရပ်တန့်နေပြီ...။
"ကျွန်တော် မပြောခဲ့ဘူးလား Jimin ကို....."
"Jungkook ...ဦး မင်းတို့ကိုခွဲခွါခိုင်းနေတာလည်း
မဟုတ်ပါဘူး ဦး တို့လည်း သားတစ်ယောက်ပဲ
ရှိလို့ အတူတူပြန်လာနေစေချင်တာပါ..."
"ကျွန်တော့်မှာ လည်းကိုကိုတစ်ယောက်ပဲရှိတာလေ"
"Jimin...သား ...."
"ကျွန်တော်က အိမ်ထောင်ဦးစီးပါ....
ကျွန်တော့်အိမ်ထောင်ရေးမှာ ကျွန်တော့်ဆုံးဖြတ်ချက်က
အတည်...Jimin ကကျွန်တော့်သဘော
ခုချက်ချင်းပြန်လိုက်ပါတော့မယ်..."
"Jimin မင်းမိဘတွေကို နည်းနည်းတောင်မတွယ်တာ
တော့ဘူးလား...ငါတို့ပြန်လာနေစေချင်တာ
မှားလို့လား...မင်းကငါတို့မွေးထားတာလေ..."
Dr Park မျက်နှာသည်ခပ်တင်းတင်း....။
"မိသားစုပဲ မတွယ်တာဘဲနေပါ့မလား....
ကျွန်တော် ချစ်ပါတယ်....ဒါပေမယ့်ဒယ်ဒီ
ကျွန်တော်တို့ သောကမောဟတွေနဲ့အဝေးဆုံး
နေရာလေးမှာ နှစ်ယောက်ထဲနေသားတော်တော်ကျ
နေလို့ ဘယ်သူတွေနဲ့မှအတူတူနေဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး....လန်ဒန်က ကျွန်တော့်တို့အိမ်အစစ်ပါ.."
"Jimin.....!!"
"လာ Jungkook ပြန်မယ်....."
အကျင့်တွေပါနေကြတာ...။
ဒီသားသမီးဟာတစ်ချိန်လုံးသူတို့ရဲ့ပုံစံခွက်ထဲ
အတိအကျဖြစ််ပေးခဲ့တော့ မိဘဆိုတဲ့အရှိန်အဝါနဲ့
စီမံခန့်ခွဲချင်တဲ့အကျင့်တွေကဖျောက်မရ...။
အဲ့ဒီလိုတွေလုပ်ခဲ့လို့လည်း နှစ်ပေါင်းများစွာကြာမှ
တစ်ခါပြန်တွေ့ရတာကို သူတ်ို့ဟာပြောင်းကိုမပြောင်းလဲ။
ဖုန်းပြောထဲက ဒီစကားတွေကိုမပြောဖို့ဒယ်ဒီကို
သေချာကြိုမှာထားရက်နဲ့...။
ဒယ်ဒီဟာ အရင်အတိုင်းပဲ...။
လိမ္မာခဲ့တာတွေရဲ့ဒဏ်က ဘဝတစ်လျှောက်လုံး
ခံပြင်းဖို့ကောင်းစွာ ။
ဒေါက်တာသည် သူ့ယောကျ်ား၏လက်ကိုဆွဲလျှက်
ထမင်းဝိုင်းမှချက်ချင်းထသွားသည်။
"ရှင်ကလည်း....ခုထိအတ္တတွေကကြီးတုန်း
ဒီလိုလေးပြန်လာတာတောင်ကျေးဇူးတင်ရမှာကို
နောက်ဘယ်တော့မှမလာကြတော့အောင်
သွားလုပ်ပြန်ပြီ..."
"ငါမှားနေလို့လား....."
သေသေချာချာJungkook ရှေ့စကားမမှားစေရန်
ထပ်ခါထပ်ခါမေတ္တာရပ််ခံထားတာကိုဒယ်ဒီဂရုမစိုက်
ခုထိသူဖြစ်ချင်တာပဲသူသိနေတာမို့
ဒေါသလည်းထွက်သည်။
ကြိုမပြောထားလို့ ပြောထွက်လာတယ်ဆိုလည်း
ထားပါအုန်းလေ။
မျက်နှာတစ်ခုလုံးမဲမှောင်နေပြီဖြစ်သော
လိပ်ပြာလေးသည် ချက်ချင်းအထုတ်ပြန်ထုတ်ကာ
ပြန်ဖို့ပြင်ဆင်တော့သည်။
"တွေ့ချင်ရင် လန်ဒန်ကို လိုက်လာခဲ့ကြပါ
ကျွန်တော် ခရီးစဉ်အစအဆုံး လိုအပ်ချက်မရှိ
အောင် စီစဉ်ပေးပါ့မယ် အိမ်မှာ ကိုကို့ကို
အလွမ်းပြေသလောက်ဘယ်နှလဖြစ်ဖြစ်
နေလို့ရပါတယ်...ကျွန်တော် အားလုံးတာဝန်ယူပေး
ပါ့မယ်နောက်တစ်ခါတော့ ဒီကိုထပ်ခေါ်ပြီး
ကျွန်တော် တို့ ဘဝသေးသေးလေးကိုအာရုံတွေ
စားကြဖို့ မကြိုးစားကြပါနဲ့.......
ကျွန်တော် လေးလေးစားစားတောင်းဆိုပါတယ်"
တစ်ယောက်ချင်းစီရဲ့ အတိတ်ရဲ့အတ္တ တွေ
မောဟ တွေအကြောင်း အသိလွန်၍
ယောင်လို့ပင် ပေါင်းစည်းနေဖို့ Jungkook
လုံးဝမတွေးပါ။
ဒါဟာ အတ္တကြီးတာဆိုလည်း ခေါင်းညိတ်လက်ခံလိုက်
မှာပဲ...။
တွေ့တာ တစ်ရက်တောင်မပြည့်သေး
သူတို့ဘဝတွေကို စီမံခန့်ခွဲဖို့ ကြိုးစားနေပြီ...။
ဒါမျိုးမရ....။
လန်ဒန်မြို့က အေးချမ်းသာယာနေတဲ့ဘဝ
နေ့ရက်လေးတွေကို ဖျက်ဆီးဖို့ဆိုရင်
Jimin အဖေဆိုတောင် ပြတ်သားစွာတုံ့ပြန်
လိုက်မှာပဲ.....။
ချက်ချင်းပင်Parkအိမ်တော်ကြီးမှညတွင်းချင်း
ပြန်ထွက်ပြေးလာကြပြန်သည်။
နှစ်ယောက်တစ်ဘဝလေးကိုဘာဘာညာညာ
အာရုံနောက်လာရင်တော့ နှစ်ယောက်စလုံး
ဆွေ့ဆွေ့ခုန်ပါပဲ။တက်ညီလက်ညီအဝတ်အစား
တွေသိမ်းကာ Taxiငှါးပြေးတော့သည်။
ဆေးရုံအုပ်ကြီးသည် မှင်သက်လွန်းစွာပင်
လက်လျှော့လိုက်ရတော့သည်။
ရမလား လ်ို့ စမ်းကြည့်တဲ့သဘောလေးပါ။
အပြာရောင်အတောင်ပံတွေကို
ဒေါသတကြီးဖြန့်ပြသွားပုံက ရဲရဲတင်းတင်းပဲ။
သားကို ဘယ်သူပိုင်တာလဲ...ဇဝေဇဝါပင်ဖြစ်လာသည်
အထိ...။
.....................
ညတွင်းချင်းတော့ ပြန်၍မရတာကြောင့်
အတိတ်တုန်းက အချစ်တွေပွင့်ဖူးခဲ့ရာ
ခေါင်းမိုးထပ်လေးသို့ နှစ်ယောက်သား
ပြေးလာကြသည်။
"မိဘ ရင် စုန်ကန်တာလည်း များလှပြီ...
ခုလည်း ကန် လာပြန်ပြီ..."
သန့်ရှင်းရေးမှန်မှန်လုပ်ထားသောအခန်းလေး
သည်အရမ်းသပ်ရပ်မနေပေမယ့်တစ်ညတော့
ကောင်းကောင်းအိပ်၍ရပါသည်။
ဆရာဝန်လေးသည် လိပ်ပြာလေး၏
ရင်ခွင်ထဲမှီထိုင်နေကာ စကားတိုးတိုးလေး
ဆိုနေသည်။
ရင်းနှီးသော အနံ့အသက်တွေ...
အတိတ်က ချစ်စကားကြိုက်စကားလေးတွေ..
ရန်တွေအကြီးအကျယ်ဖြစ်ရင်လက်ပါခြေပါ
အဖြစ်အပျက်တွေ....
ဘယ်လိုမေ့ပစ်လို့ရပါ့မလဲ....။
ဒီနေရာသည် အချစ်ခရီးအစ ...
အချစ်အစအနလေးတွေကိုနှစ်တွေရာသီတွေ
ဘယ်လိုပြောင်းပြောင်းအခန်းလေးထဲဝင်လိုက်သည်
နှင့် လွမ်းမောဖွယ်ရာ ခံစားနေမိတုန်း....။
ဆရာဝန်ကြီးကသွေးပူပူဖြင့်ခံပြောလာရ၍
စိတ်မကောင်းဖြစ်နေပြန်သောပုံ။
မျက်နှာသိပ်မကောင်း....။
".ကိုကိုမချစ်လ်ို့မနေချင်တာမဟုတ်တာ
ကျွန်တော် တို့ တခြားသူတွေနဲ့ယှဉ်တွဲပြီး
မနေတတ်ရုံလေးလေ....ကိုကို့ဒယ်ဒီက
သိရက်သားနဲ့....ဒီတစ်ခေါက်လာတွေ့တာ
အိုကေရင် ခဏခဏအိမ်ပြန်လာပြီး
ကိုကို အလွမ်းဖြေနိုင်ဖို့စီစဉ်တောင်ထားသေးတယ်...."
"အင်းလေ...တွေ့တာနဲ့သူတို့ဖြစ်ချင်တာပဲ..."
"အဲ့တော့လည်းထွက်ပြေးလာတာပေါ့...
ကိုကို့ကိုတော့ တဖဲ့တောင်မပေးနိုင်...."
"ဒယ်ဒီ့ကို နားလည်အောင်ကိုယ်သေချာ
ပြောမှဖြစ်မယ်...ဒီလိုမျိုးထွက်လာရတော့လည်း
စိတ်ထဲတမျိုးကြီးပဲ..."
"မနက်ကျရင် မြန်မြန်ဝင်ရှင်းပြပြီး
Morning Flight နဲ့ အိမ်ပြန်ကြမယ်နော်...
ကျွန်တော် ဒီမှာနေရတာကို အလိုလိုမလုံခြုံနေတာ
ကြောက်နေတယ်...."
"အင်းပါ...ကိုယ်နားလည်တယ်..."
"ကျွန်တော်မသိအောင် တိတ်တိတ်လေး
ထပ်ညှိနှိုင်းနေလည်း ကျွန်တော်ဒီမှာ
မနေဘူးနော် ကိုကို...ကိုကိုအနိုင်ကျင့်ပြီး
နေခိုင်းလို့ လာနေရမယ်ဆိုတောင်
Jungkook က နေ့တိုင်းဝမ်းနည်းနေမှာ...."
"ငါးနှစ်စာလောက်ကိုငယ်ပစ်လိုက်တာပဲနော်
မလိုက်ဖက်တော့ဘူး မင်းပုံစံနဲ့
မချွဲစမ်းနဲ့...."
"မိဘတွေနဲ့က မပြိုင်ဆိုင်သင့်ပေမယ့်
ကျွန်တော်တို့ဘဝလေးကို ကျွန်တော်
သိပ်ချစ်နေမိလို့ပါ....တောင်းပန်ပါတယ်
အတ္တတွေကြီးမိရင်...."
"ကိုကို လည်း မင်းနဲ့ပဲနှစ်ယောက်ထဲနေရတာ
ပျော်တယ်....ဒယ်ဒီတို့နဲ့မနေချင်ဘူး.."
"ဘာဖြစ်လို့လဲ....."
တစ်ယောက်ကိုတစ်ယောက်ပြုံးစိစိကြည့်ကာ
တစ်ယောက်အဖြေတစ်ယောက်သိနေသလို
ထပ်တူထပ်မျှ...။
"လိပ်ပြာလေးကိုလွတ်လွတ်လပ်လပ်မချစ်ရမှာစိုးလို့.လေ
ကျန်တာ မဟုတ်ပါဘူး...."
"သိသားပဲ.....ကျွန်တော်လည်းအဲ့လိုပဲ...
ကိုကို့ကို နမ်းဖို့ကို ပတ်ဝန်းကျင်ကို
ဂရုစိုက်မနေချင်ဘူး နမ်းချင်တဲ့အချိန်
နမ်းပစ်လိုက်ရမှ....ဒီလို..ဒီလို..."
စကားပြောနေရင်း ဒီနေရာဒီအခန်းထဲရောက်
စိတ်တွေကအလိုလိုနုပျိုကာ အချစ်တွေက
ပိုမိုလန်းဆန်းလာသည်။
ရင်ခွင်ထဲမှီထားသောစိတ်မကောင်းဖြစ်နေသူ
လေး၏ပါးနှစ်ဖက်ကိုတစ်ချက်ဆီနမ်းကာ
အရည်လဲ့နေသောမျက်လုံးလေးတွေမြင်တော့
စိတ်ထဲမရိုးမရွ...။
ရီဝေဝေငေးခနဲကြည့်လိုက်တော့မျက်နှာလွှဲ
သွားတဲ့သူ။လိပ်ပြာလေးသည်ချက်ချင်းပင်
လင်းလွန်းနေသောအခန်းမီးရောင်လေးကိုအနည်းငယ်မှိန်ပစ်လိုက်သည်။
"ဒီခေါင်းမိုးထပ်လေးက ဘယ်တော့မှထိန်းလို့
ရတဲ့နေရာမျိုးမဟုတ်ဘူး....ကျွန်တော့်ကိုအချိန်ခဏလေး
ပေးနိုင်မလား ....ကိုကို..."
"ခုမှရောက်တာလေ....ဘယ်လိုတွေဖြစ်...."
"ရုပ်ရှင်တွေထဲမှာဆို တံခါးဖွင့်ဝင်ထဲက
အချိန်စယူကြတာကို....."
"ဘာတွေပြောနေတာလဲ..."
"ကျွန်တော်ရင်တွေခုန်လို့ပါ....."
"ငါတို့မိဘတွေနဲ့အခြေအတင်ဖြစ်လာကြတာလေ...
စိတ်မညစ်ဘူးလား မင်းက...."
"မညစ်ဘူး....ဘာကိစ္စညစ်ရမှာလဲ......
ပေးပေး မပေးပေး နမ်းပြီ...."
ဖူးကြွနေသော ကိုကို့ နှုတ်ခမ်းတွေသည်
ဖြတ်သန်းလာခဲ့သောအချိန်တွေတိုင်း
ငြိုငြင်ခြင်းတစ်ကြိမ်တစ်ခါမှမရှိခဲ့...။
လန်ဒန်ကိုသာRecommendတွေထပ်ခါထပ်ခါ
ပေးနေကြတာ ခေါင်းမိုးထပ်လေးမှာအရူးအမူး
ချစ်ရသောလွင့်မျောမှုကိုဘယ်မှာမှီနိုင်မလဲ။
အရင်လို သစ်လွင်နေတုန်း...။
ဆရာဝန်လေးသည် စိတ်မကောင်းဖြစ်၍တောင်
မဆုံးသေး စိတ်မြန်လက်မြန် အတောင်ပံတွေကြား
စုန်းစုန်းမြုပ်သွားရှာသည်။
အကြိမ်ကြိမ်အခါခါ ရင်းနှီးခဲ့ပြီးသားအထိအတွေ့
တွေတောင်မှ ခုမှအစ ပြန်ထိတွေ့ရသလိုမျိုး
အရူးအမူးပင်....။
အဝတ်အစားတွေရှေ့ဆင့်နောက်ဆင့်
ကုတင်အောက်လျှောကျလာကာ
လိပ်ပြာလေးကအစွမ်းကုန် ဆိုးမြဲဆိုးဆဲ...။
"ကောင်လေး...."
"အင်း....."
"ပြီးရင်လေ....ပန်းချီဆွဲပေး....."
"ကိုကို့ ပုံတူလား...."
"အင်း...ဒီအခန်းလေးထဲ မင်းလက်စမသတ်
နိုင်ခဲ့တဲ့ ပန်းချီကားလေးရှိခဲ့ဖူးတယ်မလား..."
"မေ့ထားလိုက်ပြီလေ....."
"ကိုယ်သိတယ်....ဒါပေမယ့် ဒီအခန်းလေးထဲ
ဒီညအတွက် ပန်းချီကားကိုလန်ဒန်ကိုအမှတ်တရ
ယူသွားချင်လို့...အခန်းလေးကိုလွမ်းရင်ကြည့်ရအောင်"
"ကောင်းပါပြီ...."
အချိန်တွေအများကြီးယူခဲ့သောလိပ်ပြာလေး
သည် အကန့်အသတ်မရှိခဲ့....။
ကိုကို ဆိုသော တိုးဖွဖွ အသံလေးနဲ့တင်
သွေးသားတွေသည်ဖောက်ပြားနိုင်ပါသည်။
သူ့အလိုလိုက်အကြိုက်ဆောင်ပေးချင်သော
စိတ်တွေက တဖွားဖွားရယ်....။
ရင်းနှီးကျွမ်းဝင်တာထက်လွန်နေသော
နာကျင်မှုတွေ သာယာမှုတွေ လွင့်မျောမှု
တွေကြားအတောင်ပံလှလှလေးတွေရဲ့
ကဗျာတွေသည် ခံစားသီကုံး၍မဆုံးနိုင်။
ရင်ဘက်ပေါ်ခေါင်းလုံးလုံးလေးမှောက်ကျလာကာ
ဆိုးလို့ဝသွားပြန်တော့လည်း သူကရီမောနေသေးသည်။
"ဟင်!!! ကိုကို က မဟုတ်သေးပါဘူး...
ကျွန်တော့် Shirt တစ်ထည်ထဲနဲ့ ..လေ..."
"ဘာဖြစ်လို့လဲ မင်းယောကျ်ားပဲဟာ
မဆွဲချင်ဘူးလား...."
"ဆွဲနိုင်မယ်မထင်ဘူးနော်....."
"ပန်းချီဆရာဖြစ်ပြီး....."
လိပ်ပြာလေးသည်ပညာကိုထိပါးလာတဲ့အခါ
သိပ်တော့မခံချင်..။အပေါ်ပိုင်းဗလာဖြင့်
ဘောင်းဘီတိုတစ်ထည်မြန်မြန်ပြန်ဝတ်လိုက်ကာ
အိတ်ထဲက စာရွက်နဲ့ခဲတံကိုထုတ်လိုက်ပြီးနောက်
ခုံမှာကျကျနနထိုင်လိုက်သည်။
ပန်းကလေးက အဖြူရောင်Shirtတစ်ထည်ကို
တလွဲတပ်ထားသောကြယ်သီးတချို့နှင့်
လိပ်ပြာလေးဆိုးပြီးခါစ ချွေးစချွေးနလေးတွေ
ရှုပ်ပွပွဆံပင်လေးတွေနဲ့ ဖရိုဖရဲ...။
အိပ်ရာဖြူဖြူလေးပေါ် မခို့တရို့လေး။
မမြင်အပ်မြင်အပ်သောအရာအားလုံးသည်
လုံခြုံနေတယ်ဆိုပေမယ့်လည်း ရဲရဲကြည့်ဖို့က
အဆင်မပြေပါ....။
ရှင်းရှင်းပြောရရင် အရိုင်းဆန်နေသော
ပန်းကလေးတစ်ပွင့်လို ရှိသမျှသောအလှတရား
အမွှေးနံ့သာတွေကို သူကအစွမ်းကုန်ထုတ်လွှတ်
ပေးနေသည်။
"ဆွဲတော့ဆွဲပေးမယ် ဒါပေမယ့် ဒီပန်းချီကား
ကို ကိုကိုနဲ့ကျွန်တော်ပဲကြည့်ရမယ်..."
"ကိုကိုက...ပြခန်းမှာ ပြစေချင်တာ ..."
"ဆရာဝန်ဖြစ်ပြီး....."
သဘောကျစွာမခို့တရို့ပြုံးသွားသောအပြုံးလှလှ
လေး လိပ်ပြာလေးသည်မီးရောင်မှိန်မှိန်လေး
အောက် ဆွဲဆောင်မှုရှိလွန်းလှပါသည်။
ပန်းချီဆွဲခံနေသောModel အရိုင်းလေးကို ကြည့်လိုက်
စာရွက်ကိုကြည့်လိုက် နှင့်အာရုံစိုက်စွာကြိုးစားဆွဲ
နေခဲ့သည်။
"ပြုံးဖို့လိုသေးလား....."
"မလိုဘူး...ထပ်မပြုံးနဲ့!"
တခစ်ခစ်ထရီကာ ခြေထောက်လေးတွေသည်
အိပ်ရာပေါ်ရွေ့လျှားသွားတော့ပေါင်တံဖွေးဖွေးလေး
ကိုဆွဲနေသော ခဲသားသည်တန့်ခနဲ...။
ပန်းချီဆရာတစ်ယောက်၏မာန်ကလည်းရှိ
တာမို့ အသေးစိတ်ကြည့်လိုက်ဆွဲလိုက်နှင့်
လိပ်ပြာငယ်သည် ကြိုးကြိုးစားစား...။
"ဆွဲကြိုးလေးပေါ်အောင်ဆွဲအုန်းနော်..."
မလုံခြုံနေသောအကျီကိုဟပြကာ လည်တိုင်လေး
မော့ပြတော့ ခဲတံသည်ဖိမိသွားခဲ့သည်။
"ငြိမ်ငြိမ်နေပါ....ကျိုးကုန်ပြီ..."
"အိုကေ အိုကေ....."
ပန်းချီဆွဲနေရင် ဘယ်လိုချစ်မှန်းမသိ....။
ဘယ်လောက်ကြိုက်မိမှန်းမသိ။
အာရုံစိုက်နေသော လိပ်ပြာငယ်၏မျက်လုံးလေး
တွေသည်သေလောက်အောင်လှလွန်းသည်။
"ငြိမ်ငြိမ်နေရတာ ညောင်းလာပြီ....
မပြီးသေးဘူးလား....."
"မျက်နှာ မျက်နှာကို အမျိုးမျိုးလုပ်မနေနဲ့
ကျွန်တော် ဘာကိုဆွဲရမှန်းမသိတော့ဘူး...."
"ဆွဲဆောင်မှုရှိရှိ ကိုကို နေပေးမယ်....ဒီလိုလေး..."
ပြုံးသလိုလိုမဲ့သလိုလို လှိုက်ခါသောအကြည့်တစ်
ချက်နှင့်အတူလက်ကလေးတွေသည်
အိပ်ရာဖြူဖြူပေါ် လှုပ်စိလှုပ်စိ.....။
ခြေချောင်းလေးတွေကစ နားရွက်ဖျားတွေအထိ
ရဲရဲတောက်နေသောဆရာဝန်ကြီး...။
"ဆွဲရမှာခက်နေရင်ပြုံးပြုံးလေးပေါ့ ကောင်လေးရယ်.."
မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိပြုံးပြလိုက်
တဲ့အခါ လိပ်ပြာလေး၏ခဲတံလေးသည်ကြမ်းပြင်
ပေါ်ပြုတ်ကျသွားခဲ့ပြီနောက်..ရုတ်တရက်ဆန်စွာပင်
အိပ်ရာပေါ်ပြေးတက်သွားခဲ့သောသူ...။
"ဘာလဲ....ဘာလဲ....ပြီးအောင်ဆွဲလေ...."
တကိုယ်လုံးကိုဖျစ်ညှစ်ဖက်ထားကာနေရာလပ်မရှိ
အလောတကြီးနမ်းနေသောရင်ခွင်ကျယ်ကြီးထဲ
ပဲများကောင်းနေသောအရိုင်းပန်းလေးရုန်းထွက်၍
မရတော့....။
"မျဉ်းတောင် မဖြောင့်တော့အောင်.....
ကိုကို သိပ် လွန်တာပဲ...ပန်းချီမဆွဲဘူး
ချစ်ပဲဆက်ချစ်မယ် မရတော့ဘူး..."
"အမှတ်တရလေ...လန်ဒန်အမှတ်တရ..!!!"
"အချစ်တွေသယ်သွားမယ်ဗျာ...."
"Jung...kook....ဟင့်အင်း..ငါပင်ပန်းနေပြီ.."
"ကိုကို မပင်ပန်းလို့ ဖြားယောင်းနေတာ
ကျွန်တော်သိပ်သိတာပေါ့.....ပန်းချီဆွဲပေးနေတယ်
လို့သဘောထားလိုက်...."
"ကောင်လေး!!!!!!"
ပန်းချီးကားလေးက ပြီးသွားခဲ့ပေမယ့်
ပန်းချီကားထောင့်လေးမှာရေးနေတဲ့ကဗျာလေးက
အဆုံးမသတ်ခဲ့တာ......။
လိပ်ပြာငယ်သည် ဆက်ရေး၍မရတော့အောင်
ပန်းပွင့်လေး၏ထုံအီနေသောရနံ့တွေကို
မလွှဲရှောင်နိုင်ခဲ့ရှာ....။
ခိုနားပစ်လိုက်ရတာပဲ......။
...ကိုကို့ မျက်ဝန်းငယ်အရောင်လဲ့တော့
အတောင်ပံတွေကျိုးရတယ်....
....ကိုကို့ ရနံ့ထုံသင်းပျံ့တော့
အသက်ပျောက်မတတ်ရူးရတယ်...
...ကိုကို ကကျွန်တော့်ကမ္ဘာငယ်...
ကိုကိုကလွဲ တခြားသောမရှိ...
...ကိုကို့ဖြားယောင်းခြင်းကဗျာ
ညမီးရောင်အောက် ကလောင်စွမ်းထက်တော့
ပန်းချီခဲသားတွေငိုရတယ်....
..ကိုကို့အလှ ကြာကြာမကြည့်မျောနိုင်
ကျွန်တော့်အတောင်တွေညောင်းရတယ်
ကိုကိုဟာ သိပ်မွှေးလွန်းတဲ့ပန်း.....
..အမှတ်တရအခန်းငယ်
နွေဦးလှလှ..ညလေပြေအေးအေးတွေကြား
ကျွန်တော် စုတ်ချက်တွေအလွဲလွဲ.....
ParkJimin ဆိုတာ ပန်းချီကားတစ်ချပ်....
ကဗျာတစ်ပုဒ်....
ParkJiminဆိုတာလောကတစ်ခုဆိုလည်း
မမှားနိုင်ဘူး.....
ParkJimin ကိုဘယ်လောက်အရူးအမူးချစ်မိသလဲလည်း
မပြောတတ်တော့ပါဘူး.....
ParkJimin က အကန့်အသတ်မဲ့ခဲ့တယ်
ParkJimin ကအကန့်အသတ်မဲ့နေဆဲ
ParkJimin က အနာဂါတ်တစ်ခုလုံးမှာလဲ
အကန့်အသတ်မဲ့နေအုန်းမှာပဲ......။
ညလှလှ....အချစ်လှလှလေးနဲ့ ပန်းချီကားလှလှလေး
အပြာရောင်လိပ်ပြာလေးဟာ
အတောင်ပံတွေဆီကအပြာရောင်သောအချစ်မှုန်မွှား
လေးတွေတစ်ခန်းလုံးပြန့်ကျဲသွားတဲ့အထိ
ကျဲချ၍မဆုံးနိုင်......။
ကိုကို...သည်သာ .......။
...........။
အျပာေရာင္လိပ္ျပာကေလးနဲ႔ ေလၽွာက္ခဲ့ရတဲ့
ဘဝခရီးဟာ...ႏုႏုနယ္နယ္ေလးနဲ႔
သိပ္လွပခဲ့ပါတယ္....။
တစ္ခုေသာေႏြဦးေလးတစ္ျဖတ္မွာေပါ့...။
လန္ဒန္ၿမိဳ႕ရက္ကြက္ငယ္ေလးတစ္ခု...။
"ဟင္...ေကာင္ေလး...ကိုယ့္ကိုတစ္ခုခု
ျပန္ေျပာအုန္းေလ...စိတ္ဆိုးေနတာလား
ကိုယ္တို႔ႏွစ္ေယာက္ထဲေနတာ လိပ္ျပာေလးရယ္
မင္းဒီလိုျဖစ္ေနရင္ ကိုယ္အဆင္မေျပဘူး..."
သိပ္လွေသာစုတ္ခ်က္ေတြႏွင့္လိပ္ျပာေလးက
ပန္းပြင့္ေလးရဲ့ပုံတူကိုဆြဲေနသည္။
ႏွုတ္ခမ္းေနရာေလးကိုေဆးစက္ေတြျဖည့္ရင္း
မ်က္ႏွာသည္ ခပ္တင္းတင္း...။
ဆရာဝန္ႀကီးကေတာ့ ပန္းခ်ီဆြဲေနေသာလိပ္ျပာေလး
ကိုပုခုံးေလးမွသိုင္းဖက္ထားကာ နားနားေလးကပ္
တိုးစိတိုးစိေျပာေနသည္။
"Jung....Kook....."
"ကၽြန္ေတာ္ ဆိုးလ္ကို မျပန္ခ်င္ဘူး...."
"ကိုယ့္ မိဘေတြကို ကိုယ္သတိရလို႔ပါ
ကိုယ္တို႔အေပၚဆိုးခဲ့တာမွန္ေပမယ့္
ခုအားလုံးခြင့္လႊတ္ၿပီး အတူတူျပန္လာခိုင္းတာ
ကိုယ္ေတာ့ျပန္ခ်င္တယ္ မိဘက မိဘပဲေလ
သူတို႔ဘက္က အရင္အေလၽွာ့ေပးတာ.....အဲ့တာ..."
"Jimin က လြဲရင္ ဘယ္သူ႔ကိုမွကၽြန္ေတာ္မယုံဘူး
ခြင့္လႊတ္ပါတယ္ဆိုၿပီး ျပန္မလႊတ္ေတာ့ရင္
ဘယ္လိုလုပ္မလဲ...ကၽြန္ေတာ့္အရပ္ရွစ္မ်က္ႏွာ
မွာဘယ္မ်က္ႏွာကိုပဲၾကည့္ၾကည့္Jimin အျပင္မရွိ
လို႔ မျပန္ရဘူး..."
ငါ့မိဘဆီငါျပန္ခ်င္တာျပန္ကိုျပန္မယ္ဟု
အနိုင္မယူရက္ပါ။
ဆိုးလ္ ကို လိပ္ျပာေလးကေၾကာက္သည္။
ႀကီးက်ယ္လြန္းေသာသူ႔အသိုင္းအဝိုင္းကို
လိပ္ျပာေလးကေၾကာက္သည္။
အေတာင္ပံေလးေတြ ဘယ္ႏွခါက်ိဳးခဲ့ရသလဲ....။
ဆက္ဆက္ခါနာရတဲ့အတိတ္ေတြနဲ႔ေနရာကို
သူမျပန္ခ်င္တာ အျပစ္ဖို႔လို႔ေတာ့မရပါ။
"Jimin က တစ္ဦးတည္းေသာသားေလ....
အရင္လို အတၱေတြျပန္ႀကီးၿပီး ကၽြန္ေတာ့္ဆီက
ျပန္လုသြားၾကရင္ ဘယ္လိုလုပ္ရပါ့မလဲ
မခြဲနိုင္ဘူး...ဗ်...."
Jimin သည္ပုခုံးေလးကိုသိုင္းဖက္ထားရာမွ
လိပ္ျပာေလးႏွင့္မ်က္ႏွာခ်င္းဆိုင္ကိုေျပာင္း
ထိုင္လိုက္ကာ ပန္းခ်ီဆြဲေနသူရင္ခြင္ထဲသို႔
အတင္းတိုးဝင္သည္။
"ႏွစ္ေတြဘယ္ေလာက္ၾကာေနၿပီလဲ...
ခြဲစရာလား Jungkook ရယ္
ကိုယ္ကို႔ ယုံပါ...တေလာကလုံး မိသားစုတခုလုံးနဲ႔
မင္း ကိုယ္မင္းကိုပဲေရြးခ်ယ္ခဲ့တာေလ....
ဒီေလာက္ အခက္အခဲေပါင္းစုံနဲ႔ပိုင္ဆိုင္ထားရတဲ့
ကိုယ့္အဖိုးတန္လိပ္ျပာေလးကို တစ္နာရီတစ္မိနစ္
ေတာင္မခြဲနိုင္ပါဘူး...."
"Jimin ကိုယုံတယ္ .....Jimin ကိုပဲယုံတာ...."
စုတ္တံေလးကိုပစ္ခ်ကာ ထထြက္သြားျပန္သည္။
လက္စမသတ္ေသးေသာ ပုံတူဟာလိပ္ျပာငယ္
ေဒါသေတြထြက္ေန၍ေရြးထားေသာအေရာင္ေတြ
သည္မိုက္တိမိုက္ကန္း....။
"သူတို႔ဘက္က အဲ့လိုအေငြ႕အသက္ပါတဲ့
စကားတစ္ခြန္းပဲေျပာ ကိုယ္ခ်က္ခ်င္းျပန္လာမယ္
မင္းစိတ္တိုင္းက်ျဖစ္ေစရမယ္ မင္းစိတ္ထဲ
တစ္ခုခု ထင့္တာနဲ႔ သေဘာမက်စရာရွိတာနဲ႔
မေနေတာ့ဘူးကြာ....ဒယ္ဒီတို႔ကေတာင္းပန္ၿပီးကို
ျပန္ေခၚေနလို႔ပါ....ကိုယ္ေတာ့လိမ္ေနတယ္မထင္ဘူး..."
"ဆရာဝန္ျဖစ္ၿပီး ေျပာလို႔ဆိုလို႔မေကာင္းလိုက္တာ..."
လိပ္ျပာငယ္သည္ဆံပင္ေတြကိုဆြဲဖြကာဝရံတာ
ဆီကိုသြားၿပီး မ်က္ႏွာသည္မွုန္ေတလြန္းေနသည္။
ဆရာဝန္ႀကီးကေနာက္မွာလိုက္လာကာ
ႀကိဳးစားပမ္းစားေျဖာင္းျပေျပာဆိုေနသည္။
"ဘယ္သူနဲ႔မွကို မပတ္သတ္ခ်င္တာ
ဒီဘဝေလးမွာပဲ ေပ်ာ္တယ္ လန္ဒန္ကကၽြန္ေတာ္တို႔
အိမ္ပဲ..."
"ငါ့အေဖ အေမေလကြာ!!!!ဘယ္ေလာက္ဆိုးခဲ့
အုန္း အခ်ိန္ေတြၾကာေတာ့ ငါသတိရတယ္ကြ...."
"ကၽြန္ေတာ့္ကို မေအာ္နဲ႔!!!!"
"ေခ်ာ့ေနတာ ရက္၁၀၀ေလာက္ရွိေနၿပီ
ငါစိတ္မရွည္ေတာ့ဘူး..."
"Jimin ကကၽြန္ေတာ့္ကိုစိတ္မရွည္ခ်င္လို႔
ဘယ္သူ႔ကိုမ်ားသြားစိတ္ရွည္ခ်င္ေနတာလဲ.."
"Jungkook.!!!ကေလးလည္းမဟုတ္ေတာ့ဘူး
စကားကို ကပ္သပ္ေျပာမေနနဲ႔...
ငါေျပာၿပီးၿပီမင္းစိတ္ကိုအဆင္မေျပေစရင္
ခ်က္ခ်င္းျပန္မယ္လို႔...."
"မင္းမလိုက္ခ်င္လည္းေနခဲ့...ငါ၂ရက္သုံးရက္
ေနၿပီး ျပန္ခဲ့မယ္...."
"ဘာ ဘာ!!!"
ေဒါသတခ်ိဳ႕တဝက္ဖိတ္စင္ေနေသာမ်က္လုံးေတြ
သည္ အံ့ဩမွင္သက္ျခင္းေတြခ်က္ခ်င္းေရာယွက္
သြားကာ ဆရာဝန္ႀကီးအားတအံ့တဩၾကည့္လာသည္။
"ကၽြန္ေတာ့္ကို တစ္ေယာက္ထဲထားခဲ့ဖို႔ကို
Jimin ကစဥ္းစားလိုက္တာလား....."
"မဟုတ္ဘူး...အဲ့လိုမဟုတ္ဘူး...မင္းလိုက္ဖို႔အတြက္
အဆင္မေျပရင္ ငါခဏေလးေျပးသြားမယ္လို႔...ေလ
အဲ့လိုမ်ိဳး...."
"လိုက္မွာ...တကယ္သြားရင္ လိုက္မွာ
ကၽြန္ေတာ့္ကို ေခ်ာင္ထိုးဖို႔ နည္းနည္းေလးေတာင္
မေတြးနဲ႔...."
"ဘယ္သူကထိုးေနလို႔လဲ...ခုလည္းမင္းကို
ကိုယ္ေခ်ာ့ေခၚေနတာပဲေလ...မဆိုးစမ္းနဲ႔
ေကာင္ေလးရယ္..."
"Jimin ကို ခ်စ္တာ ဆိုးတာမွမဟုတ္တာဗ်ာ!!!!"
"ေအး သိတယ္ သိတယ္ ခုလိုက္မယ္မလား
လိပ္ျပာေလးက လိုက္ခ်င္သြားၿပီမလား...
ကတိေပးတယ္ ေပ်ာ္ရႊင္ေစရပါမယ္လို႔...
ကိုယ္ကာကြယ္ေပးမွာ မင္းကိုဘယ္သူမွစိတ္ညစ္
ေအာင္မလုပ္ဖို႔ ကိုယ္မင္းေရွ႕မွာ ရွိေနတယ္"
"အေျပာေတြနဲ႔ပဲ....နိုင္ေနတာပဲ..."
အေျခအေနသည္သူက်န္ရစ္ခံရေတာ့မွာ
ကိုစိုးရိမ္တာေၾကာင့္တစ္ထစ္ေလၽွာ့သြားတဲ့သူ။
ဆိုးလို႔ရလို႔ဆိုးေနတာပါ။
မရေတာ့ရင္ သူမဆိုးရဲေတာ့ဘူး...။
"ဝရံမွာ ေခါက္ဆြဲေလးစားမလား.....
ကိုယ့္ေကာင္ေလးကို ခုခ်က္ေပးမယ္...
အသီးေလးေတြလည္း ခြဲေကၽြးမယ္....
လိပ္ျပာေလး ေဆးခန္းလိုက္ရမွာ ပ်င္းရင္
ဒီေန႔ က်န္ခဲ့လို႔ရတယ္...."
"မက်န္ခဲ့ဘူး....."
"ဟုတ္ၿပီ ဟုတ္ၿပီ....ဒါဆို ခု ကိုယ္က
အစားအစာေတြသြားျပင္ၿပီးျပန္လာခဲ့မယ္
ဒီမွာ ေစာင့္ေနေပးေနာ္..."
ဆရာဝန္ႀကီးကျပာျပာယာယာ...။
စိတ္ကေလးလည္တုန္း ဒီအေျခအေနတြင္
ဆိုးလ္ျပန္ဖို႔Comfirm ျဖစ္ရန္လိုပါသည္။
မေတြ႕ရတာ ဘယ္ႏွႏွစ္ေတာင္ရွိၿပီလဲ ....။
ေဖေဖဖုန္းဆက္ေသာအသံသည္အားလုံးကို
ခြင့္လႊတ္နားလည္ေပးခဲ့ၿပီျဖစ္ေၾကာင္းသိသာတာ
ေၾကာင့္ Jungkook ကိုေခၚကာအားလုံးအဆင္ေျပေျပ
ရွိသြားေစခ်င္ေနသည္။
ထြက္သြားေတာ့မည့္လက္ကိုလိပ္ျပာငယ္က
ဆြဲထားျပန္သည္။
"အိမ္ျပန္ခ်င္လို႔ အလိုလိုက္ေနမွန္းသိပါတယ္...."
"မျပန္ရလည္း မင္းကိုအလိုလိုက္ခဲ့တာ
တစ္ဖက္စြန္းေရာက္ေနၿပီ ကိုယ့္ကိုစိတ္တိုေစခ်င္
တာလား...Jungkook.."
လက္ကိုလႊတ္ေပးကာ မၾကားတၾကားေတြပြစိပြစိ
ေျပာလၽွက္ဝရံတာက စားပြဲေလးတြင္ေခါက္ဆြဲ
စားဖို႔သြားထိုင္ေတာ့သည္။
ဆရာဝန္ႀကီးအိမ္ထဲဝင္သြားသည္ႏွင့္စူပုတ္ေနေသာ
လိပ္ျပာေလးသည္ တေလာကလုံးအေပၚမၾကည္မလင္
လိုက္ၾကည့္ေနသည္။
"Morning!!!!!!!....."
ဟိုဘက္အိမ္ကိုေျပာင္းလာေသာလူသစ္ႏွစ္ေယာက္ထဲက
ဆံပင္ျပာျဖင့္တစ္ေယာက္သည္
ၿခံထဲကအပင္ေတြေရျဖန္းဖို႔
ပိုက္ကေလးတစ္ခုကိုင္ကာထြက္လာၿပီး
လိပ္ျပာေလးကိုလွမ္းႏွုတ္ဆက္သည္။
"ဘာလုပ္ေနတာလဲ....မနက္စာစားၿပီးၿပီလား...."
လိပ္ျပာေလးကျပန္မေျဖပါ။မ်က္ႏွာလႊဲသြားသည္။
စိတ္မၾကည္တာရယ္...အစထဲကလည္းသူစိမ္းေတြ
ဆိုသေဘာမက်တတ္သူမို႔သူသိပ္စကားေျပာေလ့မရွိ။
တဖက္ၿခံမွ ေကာင္ေလးသည္မ်က္ေမွာင္ေတြ
တြန့္ခ်ိဳးသြားလၽွက္ ေရပိုက္ကိုပစ္ခ်ကာ
ေျခေဆာင့္လၽွက္အိမ္ထဲေျပးဝင္သြားသည္။
လိပ္ျပာငယ္သည္ ေခါက္ဆြဲကိုေစာင့္ေနဆဲ....။
"ေဟ့ေကာင္!!!!အိမ္နီးနားခ်င္းမို႔ႏွုတ္ဆက္တာေလ
ျပန္ႏွုတ္ဆက္မွာေပါ့ လူမွုေရးနားလည္ေလ..."
ေအးစက္စက္အသံတစ္ခုထပ္ၾကားရတာေၾကာင့္
လိပ္ျပာေလးလွမ္းၾကည့္ေတာ့ မာေၾကာေၾကာ
မ်က္ႏွာႏွင့္လူသည္ ခါးေထာက္ကာသူ႔ကိုဟိုဘက္
ၿခံကေနလွမ္းေအာ္ေနျပန္သည္။
သူ႔ေနာက္မွာေစာေစာက ေခါင္းျပာျပာေလး.။
ဘာလဲ ေခါင္းျပာေကာင္ေလးက သူ႔လိုပဲ
မနိုင္ရင္ ေျပးေျပးတိုင္တတ္တာမ်ိဳးလား...။
လိပ္ျပာငယ္သည္ ဘယ္သူထြက္လာထြက္လာ
စကားျပန္ေျပာဖို႔အစီအစဥ္မရွိခဲ့။
ရွူးရွူးရွဲရွဲႏွစ္ေယာက္သည္တစ္ဖက္ၿခံထဲတြင္
ခုန္ဆြခုန္ဆြျဖင့္....။
ဆရာဝန္ေလးထြက္လာၿပီးေသခ်ာေတာင္းပန္
လိုက္တဲ့အခါမွ အင္တင္တင္ျဖင့္အိမ္ထဲျပန္ဝင္
သြားၾကသည္။
မနက္စာကို လိပ္ျပာေလးကစူစူပုတ္ပုတ္စားေနကာ
ဆရာဝန္ႀကီးက ကပ္ဖားေနရေသာလန္ဒန္မနက္ခင္း
လွလွေလးေတြ..။
"ေကာင္ေလး...ကိုယ္တစ္ခုၿပီးတစ္ခုေတာင္းဆို
ေနတယ္လို႔ေတာ့မထင္ပါနဲ႔ကြာ...."
"ဘာျဖစ္ျပန္ၿပီလဲ...."
"ကိုယ့္မိဘေတြနဲ႔ေတြ႕ရင္ေလ Jimin လ္ို႔မေခၚပါနဲ႔လား
Hyung ေလးထည့္ေခၚေနာ္ Honeyလို႔လည္း
မေခၚနဲ႔ေနာ္...မင္းကသာကိုယ့္ကိုဆိုးေနတာ
လူေတြအျမင္မွာ ကိုယ္ကဆရာဝန္ေလ...
မင္းက္ို လူရိုင္းေလးလို႔ထင္မွာစိုးလို႔..."
"မေခၚခ်င္ဘူး....."
တကယ္ပါပဲ.....။ထားလိုက္ပါေတာ့လို႔ပဲ
စိတ္ထဲေတြးလိုက္ကာ မနက္စာသာေခ်ာ့ေကၽြးေနရသည္။
မျပန္ရဘူးစိတ္ေျပာင္းသြားရရင္ခက္ရခ်ည္ရဲ့။
...............။
ဆိုးလ္....။
လွပေသာေႏြဦးေလးမွာ လက္ဖဝါးႏွစ္ခုခပ္ဖြဖြ
ေလးဆုပ္ကိုင္လၽွက္ ေမြးရပ္ေျမနိုင္ငံကိုျပန္ခဲ့ၾကသည္။
Parkအိမ္ေတာ္ႀကီးရဲ့ၿခံတံခါးအက်ယ္ႀကီး
ပြင့္သြားတဲ့အခါ သားေလးတစ္ေယာက္ပဲေမြးထား
တာမို႔ ဘယ္ေလာက္ဆိုးခဲ့ဆိုးခဲ့မျပတ္နိုင္ေသာ
Jimin မိဘေတြသည္ အေျပးအလႊားထြက္လာ
ႏူတ္ဆက္ၾကသည္။
"တေန႔ေတာ့ မင္းျပန္လာလိမ့္မယ္လို႔
ငါတို႔ထင္ေနတာ ေနနိုင္လိုက္တာ သားရယ္...
ဘယ္လိုမ်ိဳးေတာင္ သံေယာဇဥ္ေတြကိုျဖတ္ၿပီး
မင္းေနနိုင္ရသလဲ....."
ဦးေလးတို႔ထက္ ပိုခ်စ္စရာေကာင္းတဲ့
Butterfly Jeonေလးနဲ႔ေနေနေၾကာင္းရွင္းျပလိုက္
ခ်င္ေပမယ့္လိပ္ျပာေလးကထိန္းထားသည္။
တကယ္ပါ...ဘဝထဲကိုလူအသစ္ေတြလည္း
ဆြဲမထည့္....အေပါင္းအသင္းဆိုတာလည္း
Hoseok ေတာင္ သိပ္အဆက္အသြယ္မရွိေတာ့ခ်င္။
ပန္းခ်ီဆြဲတယ္..ျပခန္းထိုင္တယ္ Jimin ေဆးခန္း
မွာကူေပးတယ္...လိပ္ျပာေလးဟာ
တျဖည္းျဖည္းေဘာင္က်ဥ္းက်ဥ္းေလးထဲမွာပဲ
ေနေပ်ာ္လာတဲ့သူ...။
ဘဝကိုသိပ္က်ယ္က်ယ္ျပန့္ျပန့္ေတြ
သူမေတြးေတာေတာ့ဘူး။
ပန္းခ်ီေတြရွိတယ္
ေဆးစက္ေရာင္စုံေတြရွိတယ္..
အိမ္လွလွေလးတစ္လုံးရွိတယ္..
အလၽွံအပယ္မဟုတ္ေပမယ့္ လုံေလာက္တဲ့
ႏွစ္ေယာက္စာဝင္ေငြနည္းနည္းနဲ႔
ညဘက္ ဖက္အိပ္စရာ ဆရာဝန္လွလွေလး.....။
ဘဝက လုံေလာက္စြာ ေပ်ာ္ရႊင္နိုင္ေနၿပီ...။
႐ုတ္တရက္ ေနသားက်စြာျဖတ္သန္းေနရတဲ့
ဘဝလွလွေလးထဲ Jimin က အာ႐ုံေနာက္စရာ
ေတြလုပ္လာၿပီ။
မိရင္းဖရင္းနဲ႔ ျပန္ေတြ႕ခ်င္တာ မတားသင့္ေပမယ့္
ကၽြန္ေတာ္ သူတို႔ကို တစ္ေယာက္မွသေဘာမက်ပါ။
ထို႔ေၾကာင့္ မၾကည္လင္နိုင္ပါ....။
ေပတိေပကပ္ပါပဲ...။
"မိုက္လိုက္တဲ့ကေလး.....ဘယ္လိုဆိုဆိုေလ
ဒီအေမ ကို တစ္ခါေလးေတာင္မလြမ္းခဲ့ဘူးလား.."
သူနဲ႔ လက္ထပ္သြားတာမိုက္တာေပါ့ေလ...။
လိပ္ျပာေလးသည္ အေမျဖစ္သူရင္ခြင္ထဲက
ပန္းပြင့္ေလးကို ခ်က္ခ်င္းဆြဲထုတ္ေတာ့သည္။
"မာမီကလည္း.....Jungkook နဲ႔လက္ထပ္တာ
မိုက္တာ ျဖစ္မလား...စကားေျပာတာ
နည္းနည္း.....မာမီ..."
Jimin သည္ မိဘႏွစ္ပါးကို မ်က္ႏွာရိပ္မ်က္ႏွာကဲ
ခက္ခဲစြာျပကာ..တစ္ဖက္ကလိပ္ျပာေလး၏
လက္ဖဝါးေတြကိုလည္းခပ္တင္းတင္းဆြဲထားရေသးသည္။
ေဆး႐ုံအုပ္ႀကီးသည္ မ်က္ႏွာပ်က္သြားကာ
Jung kook ကိုတစ္ခ်က္ၾကည့္လၽွက္
ဘာမွေတာ့မေျပာ....။
တစ္ေယာက္ထဲေမြးထားေသာအဖိုးတန္သားေလး။
သိပ္ေတာ္လြန္းတဲ့ဆရာဝန္တစ္ေယာက္။
မိဘစကားနားေထာင္တတ္ျခင္းမွာၿပိဳင္ဆိုင္ရွား
ကေလးတစ္ေယာက္မို႔ Jimin အတိတ္မွာ
ေရြးခ်ယ္သြားတဲ့ လုပ္ရပ္ေတြနဲ႔ပတ္သတ္ၿပီး
သိပ္ဝမ္းနည္းကာ ေဒါသေတြလည္းထြက္ခဲ့ၾကသည္။
ဒါေပမယ့္လည္း ျပန္ေတာ့လာလိမ့္မယ္ထင္ခဲ့ေပမယ့္
အရိပ္ပင္မျမင္ခဲ့ရ....။
သား၏ အရိပ္ပင္မျမင္ရေအာင္
ကြယ္ေဖ်ာက္ေပးနိုင္ေသာအင္အားမ်ိဳးသည္
ခပ္စူးစူးမ်က္လုံးေတြနဲ႔သူတို႔ကိုစိုက္ၾကည့္ေနေသာ
တစ္ခ်ိန္က ျဖဴဖတ္ျဖဴေလၽွာ္ေလး....။
သား လို လူမ်ိဴး အ႐ူးအမူးခ်စ္သြားရေလာက္
တဲ့အထိ ဘယ္ေနရာေတြက ဘယ္လိုမ်ား
ထူးျခားဆန္းျပားေနရသလဲ......။
မ်က္လုံးထဲေတာ့ ခပ္ရိုးရိုးအဝတ္အစားတစ္စုံနဲ႔
ေကာင္ေလးတစ္ေယာက္ပါပဲ။
ထူးထူးျခားျခားမက္ေမာသြားရေလာက္တဲ့
အရာမ်ိဳးလည္း ဟိုအရင္သူတို႔စေတြ႕ထဲက
မရွိခဲ့သလို ခုလည္းပုံမွန္ပဲကို...။
ကိုယ့္ဘက္ကပဲမိဘမို႔စတင္ေလၽွာ့ကာျပန္ေခၚျပန္
ေတာ့လည္း စေတြ႕ေတြ႕ခ်င္းမွာတင္ အားၿပိဳင္မွုေတြက
ရွိေနၿပီ။
"လာ....အိမ္ထဲဝင္ေတာ့..."
Jimin လက္ေတြကို လုံးဝျဖဳတ္မေပးပါ...။
ရင္တထိတ္ထိတ္က လန္ဒန္ျပန္ေရာက္မွ
အဆင္ေျပနိုင္လိမ့္မည္။
ဧည့္ခန္းကခုံတြင္ အသီးသီးဝင္ထိုင္လိုက္ၾကကာ
စားပြဲေပၚအခ်ိဳပြဲစားစရာေတြလာခ်ေပးေတာ့
လိပ္ျပာေလးကခ်ေပးသမၽွေသာမုန့္ေတြကိုေသခ်ာ
ၾကည့္ေနသည္။
"လန္ဒန္မွာ စားဝတ္ေနေရးအားလုံးအဆင္ေျပရဲ့
လားJimin ...."
"ေျပတယ္ ဒယ္ဒီ....."
".ခဏနားေလ
အခန္းစီစဥ္ေပးထားတယ္ ညစာအတူတူစားၾကတာေပါ့
အေရးႀကီးတဲ့ စကားနည္းနည္းေျပာစရာရွိလို႔..."
"အသီးေတြညက်မွ ကိုယ္ခြဲေပးမယ္ ဒီမုန့္ေတြ
အခ်ိဳမ်ားတယ္ ....မစားရဘူး...
ညက ေခ်ာင္းေတြဆိုးေနတယ္ေလ...."
ယုယုယယေလးေခ်ာ့ေျပာေနပုံသည္
Dr ParkJimin ေတာင္ဟုတ္ပါရဲ့လားဟု
အံ့ဩခ်င္စရာ...။
တစ္သက္နဲ႔တစ္ကိုယ္ ေမြးထားေသာသားျဖစ္သူ
ဒီေလာက္စိတ္ရွည္ယုယတတ္ၿပီး ႏူးညံ့ေနတာမ်ိဳး
ပထမဆုံးျမင္ဖူးတာမို႔ Parkေမာင္ႏွံ ႏွစ္ေယာက္
အံ့အံ့ဩဩ.....။
ေဆး႐ုံအုပ္ႀကီးစကားထက္ ဆရာဝန္ႀကီး၏
အာ႐ုံေတြသည္ မုန့္တစ္ခုစီကိုလက္လွမ္းေတာ့
မည့္လိပ္ျပာေလးဆီသာအေလးပိုေနသည္။
"Jungkook က ေရာ ဘာေတြလုပ္ေနလဲ..."
မနည္းစိတ္ကိုေလၽွာ့ကာ သားကခ်စ္ေနေတာ့
အဘယ္သို႔မၽွ လက္ခံနိုင္နိုင္ လက္မခံနိုင္နိုင္
လက္ခံရမွာပဲ...။ေပါင္းသင္းေနထိုင္ေနတာလည္း
အခ်ိန္တစ္ခုတစ္ခုေရာက္ၿပီမို႔ ဇာတ္သိမ္းသည္
ဘာမွမေျပာင္းလဲနိုင္ေတာ့ပါ။
ထို႔ေၾကာင့္ JeonJungKookကို
Parkမိသားစုရဲ့ သားမက္တစ္ေယာက္
အျဖစ္ေနရာတစ္ခုေပးဆက္ဆံရေတာ့မည္။
ႀကီးက်ယ္ေသာပညာတတ္Parkအသိုင္းအဝိုင္း
ႀကီးၾကားထဲက ရွားရွားပါးပါးJeon ေလးဟာ
Park မိသားစုရဲ့ အသက္ Dr ParkJiminရဲ့
အသဲစိုင္ေလးျဖစ္တာမို႔ တစ္ေကာင္ထဲေပမယ့္
ေမာေမာႂကြားႂကြားအေတာင္ပံလွလွေတြက
တျဖတ္ျဖတ္ရယ္....။
"ပန္းခ်ီဆြဲတယ္ေလ....."
"ဘယ္လို ပုံေတြဆြဲတာလဲ...."
"ကိုကို႔ ပုံတူေတြ...."
ေဒါက္တာသည္ တုန္ခနဲ....။ေခၚခ်ပစ္လိုက္ေသာ
အေခၚအေဝၚတြင္ ေသာက္မည့္ဆဲဆဲCoffee
ခြက္ေတာင္ေယာင္ရမ္းျပန္ခ်လိုက္မိတဲ့အထိ။
ေဆး႐ုံအုပ္ႀကီးလည္းဘာဆက္ေမးရမွန္းမသိ။
"Jung..kook ဟို Jimin ေဖေဖေရွ႕ေတာ့
အရမ္းပြင့္ပြင့္လင္းလင္းေတြ မေခၚပါနဲ႔လားကြယ္
အန္တီတို႔က လူႀကီးေတြဆိုေတာ့ နည္းနည္းၾကားရတာ..."
"ကၽြန္ေတာ္က Jiminပုံမွန္ လို႔ပဲေခၚတာပါ
ကိုကိုက အဲ့လိုမေခၚရဘူးဆိုလို႔....."
ကိုကို...တစ္ခ်က္ေခၚတိုင္း ျပဳံးလိုက္ခ်င္စိတ္
ကိုထိန္း၍မရခဲ့...။အခ်ိန္ေတြၾကာလာေလ
ေကာင္ေလးက ပိုပိုခ်စ္ဖို႔ေကာင္းလာေလပါပဲ...။
ခပ္တိုတိုဆံပင္ေလးေတြနဲ႔ လူလတ္ပိုင္းအမ်ိဳးသား
ေလးတစ္ေယာက္ျဖစ္ေနၿပီဆိုေသာ္ျငား
ဆရာဝန္ႀကီးမ်က္လုံးထဲ ထာဝရကေလးေလးပါပဲ။
"ရပါတယ္ လြတ္လြတ္လပ္လပ္ေျပာၾကဆိုၾကပါ
ဟိုမွာေနသလိုပဲ....."
"ဟုတ္ကဲ့...."
"Jungkook က ပန္းခ်ီနယ္ပယ္ကိုပဲဆက္သြားမွာ
လား....တည္ၿငိမ္ၿပီးခိုင္မာတဲ့စီးပြါးေရးတစ္ခုခုလိုမ်ိဳး.."
"ဒယ္ဒီ Jungkook ပန္းခ်ီကားေတြက
ခိုင္မာတဲ့စီးပြါးေရးပါ တစ္ခ်ပ္ေရာင္းရရင္
ကၽြန္ေတာ္တို႔ လေပါင္းမ်ားစြာအလုပ္လုပ္ဖို႔
မလိုပါဘူး....ကၽြန္ေတာ္ သူ႔ကို ပန္းခ်ီဆြဲတာကလြဲ
က်န္တာ ဘာမွလုပ္ခိုင္းမွာမဟုတ္ဘူး.....
ကၽြန္ေတာ္တို႔ေတြ႕တာ နာရီပိုင္းပဲရွိေသးတယ္
အဆင္မေျပျဖစ္ေအာင္မလုပ္ပါနဲ႔ဒယ္ဒီ..."
"အျပစ္ဆိုေနတာမဟုတ္ပါဘူး....
သားမက္တစ္ေယာက္ျဖစ္လာေတာ့ ေမးစမ္းၾကည့္တဲ့
သေဘာပါ...."
"ကၽြန္ေတာ္ ပန္းခ်ီပဲ ဆြဲမွာပါ....
ကၽြန္ေတာ္ ပန္းခ်ီဆြဲတာ သိပ္သေဘာမက်ဘူးဆို
ရင္လည္း ကိုကို႔ကို ေခၚၿပီး ခုအိမ္ျပန္လိုက္ပါေတာ့မယ္.."
"ေန...ေန ပါအုန္း....ငါတို႔ဘာမွေျပာျပလို႔ကို
မရဘူးလား...."
"ကဲပါ သားတို႔သြားနားေတာ့ မာမီအခန္းစီစဥ္ထားတယ္
ပင္ပန္းလာတာကို Jimin အေဖကလည္း..."
မိန္းမျဖစ္သူလွမ္းဟန့္လိုက္တာေၾကာင့္Mr Park
က အရွိန္ထိန္းလိုက္ရကာ Jimin တို႔ႏွစ္ေယာက္သည္
ေခါင္းငုံ႔ႏွုတ္ဆက္ကာစီစဥ္ေပးထားေသာအခန္းရွိ
ရာသို႔အနားယူရန္တက္သြားၾကေတာ့သည္။
လိပ္ျပာေလးသည္ အိပ္ရာအႀကီးႀကီးေပၚပစ္လွဲကာ
ေျခပစ္လက္ပစ္ အနားယူေနေသာ
ေဘးသို႔ ဆရာဝန္ႀကီးက လည္းလွဲခ်လာသည္။
"ကိုကို တဲ့လား........"
"ရွက္တယ္ မစနဲ႔....ဗ်ာ..."
"ထပ္ေခၚပါအုန္း....."
Jimin သည္လိပ္ျပာေလး၏ရင္ဘက္က
ၾကယ္သီးေလးေတြကိုေဆာ့ကစားရင္း
Jeon မ်က္ႏွာရဲရဲေလးကိုျပဳံးျပဳံးေလးၾကည့္ကာ
ေတာင္းဆိုေနသည္။
"ႏွစ္ေယာက္ထဲက် ကၽြန္ေတာ္ရွက္တယ္...."
"ေခၚပါ....ၾကားခ်င္လို႔..အလိမၼာေလးရဲ့...."
"Jimin က ရီမွာ...."
"ရင္ခုန္လို႔....မင္း တစ္ခါေခၚတာ
ငါစိတ္နဲ႔ကိုယ္မနည္းကပ္လိုက္ရတယ္...
ရီဖို႔က အေဝးႀကီးပါ..."
"တစ္ခါေခၚရင္....တစ္ခါနမ္းရမယ္..."
"ဘယ္ႏွခါနမ္းရ နမ္းရ...ျဖစ္တယ္..."
"ကိုကို......."
လိပ္ျပာေလးသည္ေခၚပီးပီးခ်င္းေစာင္ကိုအၾကမ္းပတမ္း
ဆြဲယူကာတကိုယ္လုံးလုံေအာင္ျမန္ျမန္ဆန္ဆန္
ဆြဲယူျခဳံေတာ့သည္။
"တစ္ေယာက္ထဲမျခဳံရဘူးေလ....ကိုကိုပါ
ပါမယ္ေလ..."
ဆရာဝန္ႀကီးကေစာင္ထဲအတင္းဝင္တိုးကာ
ရဲေတာက္ေနေသာမ်က္ႏွာေခ်ာေခ်ာေလးကို
အႏွံ့အျပားတဖြဖြေလးနမ္းေတာ့Jeonက
ဆရာဝန္ေလးကိုရင္ခြင္ေအာက္ကိုအားသုံးကာ
ကပို႔လိုက္သည္။ထို႔ေနာက္စူးစူးရဲရဲၾကည့္ကာ
"ကိုကို......ကၽြန္ေတာ့္ကိုကို....."
"ႏွလုံးေတြခုန္ေနတာၾကားလား ငါမင္းကို
ခ်စ္မဝနိုင္ဘူး JeonJungKookရဲ့...
မင္းသိပ္တတ္တာပဲ...."
"ကိုကို႔ ကို မမွီပါဘူး....."
"ငါခ်စ္လိုက္တာေလး....."
ဆရာဝန္ႀကီးသည္ အုပ္မိုးထားေသာ
လိပ္ျပာေလး၏လည္တိုင္ေတြကိုဆြဲယူကာ
ႏွုတ္ခမ္းပါးေတြအားစတင္နမ္းရွိုက္ခဲ့သည္။
"လန္ဒန္မွာ နမ္းရတာ ပိုေကာင္းတယ္...
ဒီမွာက မလြတ္လပ္ဘူး အဲ့တာေၾကာင့္
ကၽြန္ေတာ္မလာခ်င္တာ..."
"ဘယ္သူကၾကည့္ေနလို႔လဲ တံခါးပိတ္ထားတာ..."
"မသိဘူး...ကိုယ့္အိမ္နဲ႔ကိုယ္မဟုတ္ေတာ့
မလုံမလဲပဲ..."
"ဂ်ီးအရမ္းမ်ားတာပဲ...."
"ကိုကိုပဲ ေပ်ာ္ေအာင္ထားမယ္ဆို...."
"နမ္းတာအထိေတာ့ Complain တက္မေနနဲ႔ေလကြာ"
"မတက္ေတာ့ပါဘူး....စတာပါကၽြန္ေတာ္က....
ျပန္နမ္းရေအာင္....."
ေလယာဥ္စီးလာတာေတြ ခရီးပန္းလာတာေတြ
လည္းမသိေတာ့...။
ကိုကို႔ႏွုတ္ခမ္းေတြမ်ားနမ္းေနရရင္.....
အရာခပ္သိမ္းအကုန္ေမ့တဲ့....ကၽြန္ေတာ္.....။
.....................။
"စားၾက စားၾက....Jungkook လည္း
ဦးတို႔ကို မိသားစုတစ္ခုလို႔သေဘာထားပါ
အရမ္းစိမ္းသက္မေနပါနဲ႔ အတိတ္ေတြကၿပီးခဲ့ပါၿပီ
ဦးေတာ့ သားကို ခ်စ္ေတာ့ အားလုံးေမ့ထားလိုက္တယ္"
ေခါင္းသာၿငိမ့္ျပသည္။ရိုင္းတာမ်ိဳးေတာ့မဟုတ္။
Jimin မိဘေတြဆိုတာနဲ႔ အတင္းလုပ္ယူ
မေဖာ္ေရြနိုင္ပါ။Jimin ကလြဲၿပီးက်န္တဲ့ဘယ္သူ႔ကိုမွ
စကားအမ်ားႀကီးမေျပာခ်င္။
ျပန္ခ်င္တယ္လိုက္လာေပးတယ္...
Dinnerကို လိလိမၼာမၼာထိုင္စားေပးတယ္
သူ႔တာဝန္ေတာ္ေတာ္ေက်ေနပါၿပီေလ။
"Jungkook က ဒီလိုပဲေနတတ္လ္ို႔ပါ ဒယ္ဒီ
မေလးမစားလုပ္တာမ်ိဳးေတာ့မဟုတ္ပါဘူး
သူ႔ပုံစံလိုျဖစ္ေနလို႔ပါ..."
"သားက ထိန္းေက်ာင္းရမယ္ေလ...
ကိုယ္က အႀကီးပဲ..."
ေဒါက္တာက ျပဳံးယဲ့ယဲ့ျဖင့္ေခါင္းေလးခါျပကာ
ဟင္းတခ်ိဳ႕လိပ္ျပာေလးပန္းကန္ထဲကို
ထည့္ေပးေနသည္။
"Jimin...ဒယ္ဒီ စကားနည္းနည္းေျပာခ်င္တယ္"
"ဟုတ္..."
"သားတို႔ ဒီမွာျပန္လာေနပါလား...လန္ဒန္ကေဝးလြန္း
တယ္ အရင္လို သားကေဆး႐ုံမွာျပန္လုပ္ၿပီး
Jungkook က အိမ္မွာေအးေအးေဆးေဆးပန္းခ်ီဆြဲ
ေပါ့....မိသားစုေတြသိုက္သိုက္ဝန္းဝန္းျပန္ေနရေအာင္"
ဒယ္ဒီကေလ...ဒယ္ဒီပါပဲ....။Jimin သည္စားလက္စ
တူကိုခ်လိုက္ခ်္န္တြင္ လိပ္ျပာေလး၏လွုပ္ရွားမွု
ေတြလည္းရပ္တန့္ေနၿပီ...။
"ကၽြန္ေတာ္ မေျပာခဲ့ဘူးလား Jimin ကို....."
"Jungkook ...ဦး မင္းတို႔ကိုခြဲခြါခိုင္းေနတာလည္း
မဟုတ္ပါဘူး ဦး တို႔လည္း သားတစ္ေယာက္ပဲ
ရွိလို႔ အတူတူျပန္လာေနေစခ်င္တာပါ..."
"ကၽြန္ေတာ့္မွာ လည္းကိုကိုတစ္ေယာက္ပဲရွိတာေလ"
"Jimin...သား ...."
"ကၽြန္ေတာ္က အိမ္ေထာင္ဦးစီးပါ....
ကၽြန္ေတာ့္အိမ္ေထာင္ေရးမွာ ကၽြန္ေတာ့္ဆုံးျဖတ္ခ်က္က
အတည္...Jimin ကကၽြန္ေတာ့္သေဘာ
ခုခ်က္ခ်င္းျပန္လိုက္ပါေတာ့မယ္..."
"Jimin မင္းမိဘေတြကို နည္းနည္းေတာင္မတြယ္တာ
ေတာ့ဘူးလား...ငါတို႔ျပန္လာေနေစခ်င္တာ
မွားလို႔လား...မင္းကငါတို႔ေမြးထားတာေလ..."
Dr Park မ်က္ႏွာသည္ခပ္တင္းတင္း....။
"မိသားစုပဲ မတြယ္တာဘဲေနပါ့မလား....
ကၽြန္ေတာ္ ခ်စ္ပါတယ္....ဒါေပမယ့္ဒယ္ဒီ
ကၽြန္ေတာ္တို႔ ေသာကေမာဟေတြနဲ႔အေဝးဆုံး
ေနရာေလးမွာ ႏွစ္ေယာက္ထဲေနသားေတာ္ေတာ္က်
ေနလို႔ ဘယ္သူေတြနဲ႔မွအတူတူေနဖို႔ဆိုတာ
မျဖစ္နိုင္ပါဘူး....လန္ဒန္က ကၽြန္ေတာ့္တို႔အိမ္အစစ္ပါ.."
"Jimin.....!!"
"လာ Jungkook ျပန္မယ္....."
အက်င့္ေတြပါေနၾကတာ...။
ဒီသားသမီးဟာတစ္ခ်ိန္လုံးသူတို႔ရဲ့ပုံစံခြက္ထဲ
အတိအက်ျဖစ္္ေပးခဲ့ေတာ့ မိဘဆိုတဲ့အရွိန္အဝါနဲ႔
စီမံခန့္ခြဲခ်င္တဲ့အက်င့္ေတြကေဖ်ာက္မရ...။
အဲ့ဒီလိုေတြလုပ္ခဲ့လို႔လည္း ႏွစ္ေပါင္းမ်ားစြာၾကာမွ
တစ္ခါျပန္ေတြ႕ရတာကို သူတ္ို႔ဟာေျပာင္းကိုမေျပာင္းလဲ။
ဖုန္းေျပာထဲက ဒီစကားေတြကိုမေျပာဖို႔ဒယ္ဒီကို
ေသခ်ာႀကိဳမွာထားရက္နဲ႔...။
ဒယ္ဒီဟာ အရင္အတိုင္းပဲ...။
လိမၼာခဲ့တာေတြရဲ့ဒဏ္က ဘဝတစ္ေလၽွာက္လုံး
ခံျပင္းဖို႔ေကာင္းစြာ ။
ေဒါက္တာသည္ သူ႔ေယာက်္ား၏လက္ကိုဆြဲလၽွက္
ထမင္းဝိုင္းမွခ်က္ခ်င္းထသြားသည္။
"ရွင္ကလည္း....ခုထိအတၱေတြကႀကီးတုန္း
ဒီလိုေလးျပန္လာတာေတာင္ေက်းဇူးတင္ရမွာကို
ေနာက္ဘယ္ေတာ့မွမလာၾကေတာ့ေအာင္
သြားလုပ္ျပန္ၿပီ..."
"ငါမွားေနလို႔လား....."
ေသေသခ်ာခ်ာJungkook ေရွ႕စကားမမွားေစရန္
ထပ္ခါထပ္ခါေမတၱာရပ္္ခံထားတာကိုဒယ္ဒီဂ႐ုမစိုက္
ခုထိသူျဖစ္ခ်င္တာပဲသူသိေနတာမို႔
ေဒါသလည္းထြက္သည္။
ႀကိဳမေျပာထားလို႔ ေျပာထြက္လာတယ္ဆိုလည္း
ထားပါအုန္းေလ။
မ်က္ႏွာတစ္ခုလုံးမဲေမွာင္ေနၿပီျဖစ္ေသာ
လိပ္ျပာေလးသည္ ခ်က္ခ်င္းအထုတ္ျပန္ထုတ္ကာ
ျပန္ဖို႔ျပင္ဆင္ေတာ့သည္။
"ေတြ႕ခ်င္ရင္ လန္ဒန္ကို လိုက္လာခဲ့ၾကပါ
ကၽြန္ေတာ္ ခရီးစဥ္အစအဆုံး လိုအပ္ခ်က္မရွိ
ေအာင္ စီစဥ္ေပးပါ့မယ္ အိမ္မွာ ကိုကို႔ကို
အလြမ္းေျပသေလာက္ဘယ္ႏွလျဖစ္ျဖစ္
ေနလို႔ရပါတယ္...ကၽြန္ေတာ္ အားလုံးတာဝန္ယူေပး
ပါ့မယ္ေနာက္တစ္ခါေတာ့ ဒီကိုထပ္ေခၚၿပီး
ကၽြန္ေတာ္ တို႔ ဘဝေသးေသးေလးကိုအာ႐ုံေတြ
စားၾကဖို႔ မႀကိဳးစားၾကပါနဲ႔.......
ကၽြန္ေတာ္ ေလးေလးစားစားေတာင္းဆိုပါတယ္"
တစ္ေယာက္ခ်င္းစီရဲ့ အတိတ္ရဲ့အတၱ ေတြ
ေမာဟ ေတြအေၾကာင္း အသိလြန္၍
ေယာင္လို႔ပင္ ေပါင္းစည္းေနဖို႔ Jungkook
လုံးဝမေတြးပါ။
ဒါဟာ အတၱႀကီးတာဆိုလည္း ေခါင္းညိတ္လက္ခံလိုက္
မွာပဲ...။
ေတြ႕တာ တစ္ရက္ေတာင္မျပည့္ေသး
သူတို႔ဘဝေတြကို စီမံခန့္ခြဲဖို႔ ႀကိဳးစားေနၿပီ...။
ဒါမ်ိဳးမရ....။
လန္ဒန္ၿမိဳ႕က ေအးခ်မ္းသာယာေနတဲ့ဘဝ
ေန႔ရက္ေလးေတြကို ဖ်က္ဆီးဖို႔ဆိုရင္
Jimin အေဖဆိုေတာင္ ျပတ္သားစြာတုံ႔ျပန္
လိုက္မွာပဲ.....။
ခ်က္ခ်င္းပင္Parkအိမ္ေတာ္ႀကီးမွညတြင္းခ်င္း
ျပန္ထြက္ေျပးလာၾကျပန္သည္။
ႏွစ္ေယာက္တစ္ဘဝေလးကိုဘာဘာညာညာ
အာ႐ုံေနာက္လာရင္ေတာ့ ႏွစ္ေယာက္စလုံး
ေဆြ႕ေဆြ႕ခုန္ပါပဲ။တက္ညီလက္ညီအဝတ္အစား
ေတြသိမ္းကာ Taxiငွါးေျပးေတာ့သည္။
ေဆး႐ုံအုပ္ႀကီးသည္ မွင္သက္လြန္းစြာပင္
လက္ေလၽွာ့လိုက္ရေတာ့သည္။
ရမလား လ္ို႔ စမ္းၾကည့္တဲ့သေဘာေလးပါ။
အျပာေရာင္အေတာင္ပံေတြကို
ေဒါသတႀကီးျဖန့္ျပသြားပုံက ရဲရဲတင္းတင္းပဲ။
သားကို ဘယ္သူပိုင္တာလဲ...ဇေဝဇဝါပင္ျဖစ္လာသည္
အထိ...။
.....................
ညတြင္းခ်င္းေတာ့ ျပန္၍မရတာေၾကာင့္
အတိတ္တုန္းက အခ်စ္ေတြပြင့္ဖူးခဲ့ရာ
ေခါင္းမိုးထပ္ေလးသို႔ ႏွစ္ေယာက္သား
ေျပးလာၾကသည္။
"မိဘ ရင္ စုန္ကန္တာလည္း မ်ားလွၿပီ...
ခုလည္း ကန္ လာျပန္ၿပီ..."
သန့္ရွင္းေရးမွန္မွန္လုပ္ထားေသာအခန္းေလး
သည္အရမ္းသပ္ရပ္မေနေပမယ့္တစ္ညေတာ့
ေကာင္းေကာင္းအိပ္၍ရပါသည္။
ဆရာဝန္ေလးသည္ လိပ္ျပာေလး၏
ရင္ခြင္ထဲမွီထိုင္ေနကာ စကားတိုးတိုးေလး
ဆိုေနသည္။
ရင္းႏွီးေသာ အနံ႔အသက္ေတြ...
အတိတ္က ခ်စ္စကားႀကိဳက္စကားေလးေတြ..
ရန္ေတြအႀကီးအက်ယ္ျဖစ္ရင္လက္ပါေျခပါ
အျဖစ္အပ်က္ေတြ....
ဘယ္လိုေမ့ပစ္လို႔ရပါ့မလဲ....။
ဒီေနရာသည္ အခ်စ္ခရီးအစ ...
အခ်စ္အစအနေလးေတြကိုႏွစ္ေတြရာသီေတြ
ဘယ္လိုေျပာင္းေျပာင္းအခန္းေလးထဲဝင္လိုက္သည္
ႏွင့္ လြမ္းေမာဖြယ္ရာ ခံစားေနမိတုန္း....။
ဆရာဝန္ႀကီးကေသြးပူပူျဖင့္ခံေျပာလာရ၍
စိတ္မေကာင္းျဖစ္ေနျပန္ေသာပုံ။
မ်က္ႏွာသိပ္မေကာင္း....။
".ကိုကိုမခ်စ္လ္ို႔မေနခ်င္တာမဟုတ္တာ
ကၽြန္ေတာ္ တို႔ တျခားသူေတြနဲ႔ယွဥ္တြဲၿပီး
မေနတတ္႐ုံေလးေလ....ကိုကို႔ဒယ္ဒီက
သိရက္သားနဲ႔....ဒီတစ္ေခါက္လာေတြ႕တာ
အိုေကရင္ ခဏခဏအိမ္ျပန္လာၿပီး
ကိုကို အလြမ္းေျဖနိုင္ဖို႔စီစဥ္ေတာင္ထားေသးတယ္...."
"အင္းေလ...ေတြ႕တာနဲ႔သူတို႔ျဖစ္ခ်င္တာပဲ..."
"အဲ့ေတာ့လည္းထြက္ေျပးလာတာေပါ့...
ကိုကို႔ကိုေတာ့ တဖဲ့ေတာင္မေပးနိုင္...."
"ဒယ္ဒီ့ကို နားလည္ေအာင္ကိုယ္ေသခ်ာ
ေျပာမွျဖစ္မယ္...ဒီလိုမ်ိဳးထြက္လာရေတာ့လည္း
စိတ္ထဲတမ်ိဳးႀကီးပဲ..."
"မနက္က်ရင္ ျမန္ျမန္ဝင္ရွင္းျပၿပီး
Morning Flight နဲ႔ အိမ္ျပန္ၾကမယ္ေနာ္...
ကၽြန္ေတာ္ ဒီမွာေနရတာကို အလိုလိုမလုံျခဳံေနတာ
ေၾကာက္ေနတယ္...."
"အင္းပါ...ကိုယ္နားလည္တယ္..."
"ကၽြန္ေတာ္မသိေအာင္ တိတ္တိတ္ေလး
ထပ္ညႇိႏွိုင္းေနလည္း ကၽြန္ေတာ္ဒီမွာ
မေနဘူးေနာ္ ကိုကို...ကိုကိုအနိုင္က်င့္ၿပီး
ေနခိုင္းလို႔ လာေနရမယ္ဆိုေတာင္
Jungkook က ေန႔တိုင္းဝမ္းနည္းေနမွာ...."
"ငါးႏွစ္စာေလာက္ကိုငယ္ပစ္လိုက္တာပဲေနာ္
မလိုက္ဖက္ေတာ့ဘူး မင္းပုံစံနဲ႔
မခၽြဲစမ္းနဲ႔...."
"မိဘေတြနဲ႔က မၿပိဳင္ဆိုင္သင့္ေပမယ့္
ကၽြန္ေတာ္တို႔ဘဝေလးကို ကၽြန္ေတာ္
သိပ္ခ်စ္ေနမိလို႔ပါ....ေတာင္းပန္ပါတယ္
အတၱေတြႀကီးမိရင္...."
"ကိုကို လည္း မင္းနဲ႔ပဲႏွစ္ေယာက္ထဲေနရတာ
ေပ်ာ္တယ္....ဒယ္ဒီတို႔နဲ႔မေနခ်င္ဘူး.."
"ဘာျဖစ္လို႔လဲ....."
တစ္ေယာက္ကိုတစ္ေယာက္ျပဳံးစိစိၾကည့္ကာ
တစ္ေယာက္အေျဖတစ္ေယာက္သိေနသလို
ထပ္တူထပ္မၽွ...။
"လိပ္ျပာေလးကိုလြတ္လြတ္လပ္လပ္မခ်စ္ရမွာစိုးလို႔.ေလ
က်န္တာ မဟုတ္ပါဘူး...."
"သိသားပဲ.....ကၽြန္ေတာ္လည္းအဲ့လိုပဲ...
ကိုကို႔ကို နမ္းဖို႔ကို ပတ္ဝန္းက်င္ကို
ဂ႐ုစိုက္မေနခ်င္ဘူး နမ္းခ်င္တဲ့အခ်ိန္
နမ္းပစ္လိုက္ရမွ....ဒီလို..ဒီလို..."
စကားေျပာေနရင္း ဒီေနရာဒီအခန္းထဲေရာက္
စိတ္ေတြကအလိုလိုႏုပ်ိဳကာ အခ်စ္ေတြက
ပိုမိုလန္းဆန္းလာသည္။
ရင္ခြင္ထဲမွီထားေသာစိတ္မေကာင္းျဖစ္ေနသူ
ေလး၏ပါးႏွစ္ဖက္ကိုတစ္ခ်က္ဆီနမ္းကာ
အရည္လဲ့ေနေသာမ်က္လုံးေလးေတြျမင္ေတာ့
စိတ္ထဲမရိုးမရြ...။
ရီေဝေဝေငးခနဲၾကည့္လိုက္ေတာ့မ်က္ႏွာလႊဲ
သြားတဲ့သူ။လိပ္ျပာေလးသည္ခ်က္ခ်င္းပင္
လင္းလြန္းေနေသာအခန္းမီးေရာင္ေလးကိုအနည္းငယ္မွိန္ပစ္လိုက္သည္။
"ဒီေခါင္းမိုးထပ္ေလးက ဘယ္ေတာ့မွထိန္းလို႔
ရတဲ့ေနရာမ်ိဳးမဟုတ္ဘူး....ကၽြန္ေတာ့္ကိုအခ်ိန္ခဏေလး
ေပးနိုင္မလား ....ကိုကို..."
"ခုမွေရာက္တာေလ....ဘယ္လိုေတြျဖစ္...."
"႐ုပ္ရွင္ေတြထဲမွာဆို တံခါးဖြင့္ဝင္ထဲက
အခ်ိန္စယူၾကတာကို....."
"ဘာေတြေျပာေနတာလဲ..."
"ကၽြန္ေတာ္ရင္ေတြခုန္လို႔ပါ....."
"ငါတို႔မိဘေတြနဲ႔အေျခအတင္ျဖစ္လာၾကတာေလ...
စိတ္မညစ္ဘူးလား မင္းက...."
"မညစ္ဘူး....ဘာကိစၥညစ္ရမွာလဲ......
ေပးေပး မေပးေပး နမ္းၿပီ...."
ဖူးႂကြေနေသာ ကိုကို႔ ႏွုတ္ခမ္းေတြသည္
ျဖတ္သန္းလာခဲ့ေသာအခ်ိန္ေတြတိုင္း
ၿငိဳျငင္ျခင္းတစ္ႀကိမ္တစ္ခါမွမရွိခဲ့...။
လန္ဒန္ကိုသာRecommendေတြထပ္ခါထပ္ခါ
ေပးေနၾကတာ ေခါင္းမိုးထပ္ေလးမွာအ႐ူးအမူး
ခ်စ္ရေသာလြင့္ေမ်ာမွုကိုဘယ္မွာမွီနိုင္မလဲ။
အရင္လို သစ္လြင္ေနတုန္း...။
ဆရာဝန္ေလးသည္ စိတ္မေကာင္းျဖစ္၍ေတာင္
မဆုံးေသး စိတ္ျမန္လက္ျမန္ အေတာင္ပံေတြၾကား
စုန္းစုန္းျမဳပ္သြားရွာသည္။
အႀကိမ္ႀကိမ္အခါခါ ရင္းႏွီးခဲ့ၿပီးသားအထိအေတြ႕
ေတြေတာင္မွ ခုမွအစ ျပန္ထိေတြ႕ရသလိုမ်ိဳး
အ႐ူးအမူးပင္....။
အဝတ္အစားေတြေရွ႕ဆင့္ေနာက္ဆင့္
ကုတင္ေအာက္ေလၽွာက်လာကာ
လိပ္ျပာေလးကအစြမ္းကုန္ ဆိုးျမဲဆိုးဆဲ...။
"ေကာင္ေလး...."
"အင္း....."
"ၿပီးရင္ေလ....ပန္းခ်ီဆြဲေပး....."
"ကိုကို႔ ပုံတူလား...."
"အင္း...ဒီအခန္းေလးထဲ မင္းလက္စမသတ္
နိုင္ခဲ့တဲ့ ပန္းခ်ီကားေလးရွိခဲ့ဖူးတယ္မလား..."
"ေမ့ထားလိုက္ၿပီေလ....."
"ကိုယ္သိတယ္....ဒါေပမယ့္ ဒီအခန္းေလးထဲ
ဒီညအတြက္ ပန္းခ်ီကားကိုလန္ဒန္ကိုအမွတ္တရ
ယူသြားခ်င္လို႔...အခန္းေလးကိုလြမ္းရင္ၾကည့္ရေအာင္"
"ေကာင္းပါၿပီ...."
အခ်ိန္ေတြအမ်ားႀကီးယူခဲ့ေသာလိပ္ျပာေလး
သည္ အကန့္အသတ္မရွိခဲ့....။
ကိုကို ဆိုေသာ တိုးဖြဖြ အသံေလးနဲ႔တင္
ေသြးသားေတြသည္ေဖာက္ျပားနိုင္ပါသည္။
သူ႔အလိုလိုက္အႀကိဳက္ေဆာင္ေပးခ်င္ေသာ
စိတ္ေတြက တဖြားဖြားရယ္....။
ရင္းႏွီးကၽြမ္းဝင္တာထက္လြန္ေနေသာ
နာက်င္မွုေတြ သာယာမွုေတြ လြင့္ေမ်ာမွု
ေတြၾကားအေတာင္ပံလွလွေလးေတြရဲ့
ကဗ်ာေတြသည္ ခံစားသီကုံး၍မဆုံးနိုင္။
ရင္ဘက္ေပၚေခါင္းလုံးလုံးေလးေမွာက္က်လာကာ
ဆိုးလို႔ဝသြားျပန္ေတာ့လည္း သူကရီေမာေနေသးသည္။
"ဟင္!!! ကိုကို က မဟုတ္ေသးပါဘူး...
ကၽြန္ေတာ့္ Shirt တစ္ထည္ထဲနဲ႔ ..ေလ..."
"ဘာျဖစ္လို႔လဲ မင္းေယာက်္ားပဲဟာ
မဆြဲခ်င္ဘူးလား...."
"ဆြဲနိုင္မယ္မထင္ဘူးေနာ္....."
"ပန္းခ်ီဆရာျဖစ္ၿပီး....."
လိပ္ျပာေလးသည္ပညာကိုထိပါးလာတဲ့အခါ
သိပ္ေတာ့မခံခ်င္..။အေပၚပိုင္းဗလာျဖင့္
ေဘာင္းဘီတိုတစ္ထည္ျမန္ျမန္ျပန္ဝတ္လိုက္ကာ
အိတ္ထဲက စာရြက္နဲ႔ခဲတံကိုထုတ္လိုက္ၿပီးေနာက္
ခုံမွာက်က်နနထိုင္လိုက္သည္။
ပန္းကေလးက အျဖဴေရာင္Shirtတစ္ထည္ကို
တလြဲတပ္ထားေသာၾကယ္သီးတခ်ိဳ႕ႏွင့္
လိပ္ျပာေလးဆိုးၿပီးခါစ ေခၽြးစေခၽြးနေလးေတြ
ရွုပ္ပြပြဆံပင္ေလးေတြနဲ႔ ဖရိုဖရဲ...။
အိပ္ရာျဖဴျဖဴေလးေပၚ မခို႔တရို႔ေလး။
မျမင္အပ္ျမင္အပ္ေသာအရာအားလုံးသည္
လုံျခဳံေနတယ္ဆိုေပမယ့္လည္း ရဲရဲၾကည့္ဖို႔က
အဆင္မေျပပါ....။
ရွင္းရွင္းေျပာရရင္ အရိုင္းဆန္ေနေသာ
ပန္းကေလးတစ္ပြင့္လို ရွိသမၽွေသာအလွတရား
အေမႊးနံ႔သာေတြကို သူကအစြမ္းကုန္ထုတ္လႊတ္
ေပးေနသည္။
"ဆြဲေတာ့ဆြဲေပးမယ္ ဒါေပမယ့္ ဒီပန္းခ်ီကား
ကို ကိုကိုနဲ႔ကၽြန္ေတာ္ပဲၾကည့္ရမယ္..."
"ကိုကိုက...ျပခန္းမွာ ျပေစခ်င္တာ ..."
"ဆရာဝန္ျဖစ္ၿပီး....."
သေဘာက်စြာမခို႔တရို႔ျပဳံးသြားေသာအျပဳံးလွလွ
ေလး လိပ္ျပာေလးသည္မီးေရာင္မွိန္မွိန္ေလး
ေအာက္ ဆြဲေဆာင္မွုရွိလြန္းလွပါသည္။
ပန္းခ်ီဆြဲခံေနေသာModel အရိုင္းေလးကို ၾကည့္လိုက္
စာရြက္ကိုၾကည့္လိုက္ ႏွင့္အာ႐ုံစိုက္စြာႀကိဳးစားဆြဲ
ေနခဲ့သည္။
"ျပဳံးဖို႔လိုေသးလား....."
"မလိုဘူး...ထပ္မျပဳံးနဲ႔!"
တခစ္ခစ္ထရီကာ ေျခေထာက္ေလးေတြသည္
အိပ္ရာေပၚေရြ႕လၽွားသြားေတာ့ေပါင္တံေဖြးေဖြးေလး
ကိုဆြဲေနေသာ ခဲသားသည္တန့္ခနဲ...။
ပန္းခ်ီဆရာတစ္ေယာက္၏မာန္ကလည္းရွိ
တာမို႔ အေသးစိတ္ၾကည့္လိုက္ဆြဲလိုက္ႏွင့္
လိပ္ျပာငယ္သည္ ႀကိဳးႀကိဳးစားစား...။
"ဆြဲႀကိဳးေလးေပၚေအာင္ဆြဲအုန္းေနာ္..."
မလုံျခဳံေနေသာအက်ီကိုဟျပကာ လည္တိုင္ေလး
ေမာ့ျပေတာ့ ခဲတံသည္ဖိမိသြားခဲ့သည္။
"ၿငိမ္ၿငိမ္ေနပါ....က်ိဳးကုန္ၿပီ..."
"အိုေက အိုေက....."
ပန္းခ်ီဆြဲေနရင္ ဘယ္လိုခ်စ္မွန္းမသိ....။
ဘယ္ေလာက္ႀကိဳက္မိမွန္းမသိ။
အာ႐ုံစိုက္ေနေသာ လိပ္ျပာငယ္၏မ်က္လုံးေလး
ေတြသည္ေသေလာက္ေအာင္လွလြန္းသည္။
"ၿငိမ္ၿငိမ္ေနရတာ ေညာင္းလာၿပီ....
မၿပီးေသးဘူးလား....."
"မ်က္ႏွာ မ်က္ႏွာကို အမ်ိဳးမ်ိဳးလုပ္မေနနဲ႔
ကၽြန္ေတာ္ ဘာကိုဆြဲရမွန္းမသိေတာ့ဘူး...."
"ဆြဲေဆာင္မွုရွိရွိ ကိုကို ေနေပးမယ္....ဒီလိုေလး..."
ျပဳံးသလိုလိုမဲ့သလိုလို လွိုက္ခါေသာအၾကည့္တစ္
ခ်က္ႏွင့္အတူလက္ကေလးေတြသည္
အိပ္ရာျဖဴျဖဴေပၚ လွုပ္စိလွုပ္စိ.....။
ေျခေခ်ာင္းေလးေတြကစ နားရြက္ဖ်ားေတြအထိ
ရဲရဲေတာက္ေနေသာဆရာဝန္ႀကီး...။
"ဆြဲရမွာခက္ေနရင္ျပဳံးျပဳံးေလးေပါ့ ေကာင္ေလးရယ္.."
မ်က္လုံးေလးေတြမွိတ္က်သြားတဲ့အထိျပဳံးျပလိုက္
တဲ့အခါ လိပ္ျပာေလး၏ခဲတံေလးသည္ၾကမ္းျပင္
ေပၚျပဳတ္က်သြားခဲ့ၿပီေနာက္..႐ုတ္တရက္ဆန္စြာပင္
အိပ္ရာေပၚေျပးတက္သြားခဲ့ေသာသူ...။
"ဘာလဲ....ဘာလဲ....ၿပီးေအာင္ဆြဲေလ...."
တကိုယ္လုံးကိုဖ်စ္ညႇစ္ဖက္ထားကာေနရာလပ္မရွိ
အေလာတႀကီးနမ္းေနေသာရင္ခြင္က်ယ္ႀကီးထဲ
ပဲမ်ားေကာင္းေနေသာအရိုင္းပန္းေလး႐ုန္းထြက္၍
မရေတာ့....။
"မ်ဥ္းေတာင္ မေျဖာင့္ေတာ့ေအာင္.....
ကိုကို သိပ္ လြန္တာပဲ...ပန္းခ်ီမဆြဲဘူး
ခ်စ္ပဲဆက္ခ်စ္မယ္ မရေတာ့ဘူး..."
"အမွတ္တရေလ...လန္ဒန္အမွတ္တရ..!!!"
"အခ်စ္ေတြသယ္သြားမယ္ဗ်ာ...."
"Jung...kook....ဟင့္အင္း..ငါပင္ပန္းေနၿပီ.."
"ကိုကို မပင္ပန္းလို႔ ျဖားေယာင္းေနတာ
ကၽြန္ေတာ္သိပ္သိတာေပါ့.....ပန္းခ်ီဆြဲေပးေနတယ္
လို႔သေဘာထားလိုက္...."
"ေကာင္ေလး!!!!!!"
ပန္းခ်ီးကားေလးက ၿပီးသြားခဲ့ေပမယ့္
ပန္းခ်ီကားေထာင့္ေလးမွာေရးေနတဲ့ကဗ်ာေလးက
အဆုံးမသတ္ခဲ့တာ......။
လိပ္ျပာငယ္သည္ ဆက္ေရး၍မရေတာ့ေအာင္
ပန္းပြင့္ေလး၏ထုံအီေနေသာရနံ႔ေတြကို
မလႊဲေရွာင္နိုင္ခဲ့ရွာ....။
ခိုနားပစ္လိုက္ရတာပဲ......။
...ကိုကို႔ မ်က္ဝန္းငယ္အေရာင္လဲ့ေတာ့
အေတာင္ပံေတြက်ိဳးရတယ္....
....ကိုကို႔ ရနံ႔ထုံသင္းပ်ံ႕ေတာ့
အသက္ေပ်ာက္မတတ္႐ူးရတယ္...
...ကိုကို ကကၽြန္ေတာ့္ကမၻာငယ္...
ကိုကိုကလြဲ တျခားေသာမရွိ...
...ကိုကို႔ျဖားေယာင္းျခင္းကဗ်ာ
ညမီးေရာင္ေအာက္ ကေလာင္စြမ္းထက္ေတာ့
ပန္းခ်ီခဲသားေတြငိုရတယ္....
..ကိုကို႔အလွ ၾကာၾကာမၾကည့္ေမ်ာနိုင္
ကၽြန္ေတာ့္အေတာင္ေတြေညာင္းရတယ္
ကိုကိုဟာ သိပ္ေမႊးလြန္းတဲ့ပန္း.....
..အမွတ္တရအခန္းငယ္
ေႏြဦးလွလွ..ညေလေျပေအးေအးေတြၾကား
ကၽြန္ေတာ္ စုတ္ခ်က္ေတြအလြဲလြဲ.....
ParkJimin ဆိုတာ ပန္းခ်ီကားတစ္ခ်ပ္....
ကဗ်ာတစ္ပုဒ္....
ParkJiminဆိုတာေလာကတစ္ခုဆိုလည္း
မမွားနိုင္ဘူး.....
ParkJimin ကိုဘယ္ေလာက္အ႐ူးအမူးခ်စ္မိသလဲလည္း
မေျပာတတ္ေတာ့ပါဘူး.....
ParkJimin က အကန့္အသတ္မဲ့ခဲ့တယ္
ParkJimin ကအကန့္အသတ္မဲ့ေနဆဲ
ParkJimin က အနာဂါတ္တစ္ခုလုံးမွာလဲ
အကန့္အသတ္မဲ့ေနအုန္းမွာပဲ......။
ညလွလွ....အခ်စ္လွလွေလးနဲ႔ ပန္းခ်ီကားလွလွေလး
အျပာေရာင္လိပ္ျပာေလးဟာ
အေတာင္ပံေတြဆီကအျပာေရာင္ေသာအခ်စ္မွုန္မႊား
ေလးေတြတစ္ခန္းလုံးျပန့္က်ဲသြားတဲ့အထိ
က်ဲခ်၍မဆုံးနိုင္......။
ကိုကို...သည္သာ .......။
...........။