ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...

By pngon677

262K 24.2K 675

..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More

Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)

EP14(U+Z)

2.6K 347 2
By pngon677

..EP14 မင်းက

.နောက်ဆုံးတွင် သူသိလိုက်ရသည်ကား
ကျန်းဝမ်ရွှီသည် ငယ်ရွယ် သေးသည်။
ထို့ကြောင့်ပင် ယောကျ်ားသားအများစု ဖြစ်လေ့ရှိကြသောချမ်းသာလာသည့်ဒဏ်ကို မခံနိုင်သော သူတစ်ဦးကဲ့သို့အမှားများပြုလုပ်ခဲ့သည်။ ထိုယောကျ်ားများသည်သူတို့၏ စိတ်ထဲ၌ အိမ်တွင် သစ္စာရှိသည့်အိမ်ထောင်ဖက်ကိုရရှိထားစေကာမူ မရောင့်ရဲနိုင်ဘဲအပြင်ရှိ ရာဂကြီးသူများနှင့် တန်းတူထားကာစိတ်ကူးယဉ်လေ့ရှိကြသည်။ သို့သော် ကျန်းဝမ်ရွှီက
သူ၏ အိမ်ထောင်ဖက်သည် အမျိုးသားတစ်ယောက်ဖြစ်ပြီး ထိုလူသားသည် မည်မျှပင်နူးညံ့သိမ်မွေ့ကာ သည်းခံပြီး မြင့်မြတ်သော စိတ်ရှိစေကာမူ အလုပ်တစ်ခုလုပ်မည်ဆိုလျှင်လဲ မဆုတ်မနစ်လုပ်တတ်သူ ဖြစ်ပြီး
သူ့အနားမှာအနစ်နာခံကာ နှစ်ပေါင်းများစွာနေလာသည်ကို သူမေ့နေခဲ့လေသည်။ဟယ်ကျစ်ရှုသည်သူ့အား အမြဲတစေခွင့်လွှတ်ခဲ့ပြီး
ချစ်ခြင်းမေတ္တာများသာမက သူ့ပိုင်ဆိုင်မှုအားလူံးကိုလည်းပေးခဲ့သည်မှာ ကျန်းဝမ်ရွှီလိုချင်သည့်ဆိုသောအရာအားလုံးပင် စိုးစဉ်းမျှ မကျန်ခဲ့စေရ ပေးဆပ်ပေးခဲ့သည်။
သို့သော် သူတိူ့အတူနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုပင်ကြာခဲ့သော်လည်း ဟယ်ကျစ်ရှု၏ ခေါင်းမာသောအတွေးအခေါ်နှင့် ခံစားချက်တချို့ကိုမူ ယခုထိတိုင် ကျန်းဝမ်ရွှီက
နားလည်ဖိူ့လုံးဝပင်မကြိုးစားခဲ့ပေ ။

ဟယ်ကျစ်ရှုသည် အစားစားပြီးနောက်ပျို့အန်ချင်သောစိတ်တို့ အနည်းငယ်သက်သာစေရန် အိမ်အပေါ်ထပ်
လသာဆောင်ရှိခုံတွင်ထိုင်နေခဲ့လိုက်သည်။
သူ၏ လက်လေးပေါ်ရှိ ငွေလက်စွပ်လေးကို ကြည့်ရင်းမျက်ဝန်းများမှာစွတ်စိုနေခဲ့သည်။

!၁၄နှစ်တာကာလအတွင်း
ဖြစ်တည်ခဲ့သော ချစ်ခြင်း
တစ်ခုသည် နောက်ဆုံးတွင်
ပျောက်ကွယ်တော့မည့်
အချိန် တစ်ခုကို ရောက်လာခဲ့ပြီလား ...

သိူ့တည်းမဟုတ်

လူအများဖြစ်လေ့ရှိသည့်
ဆင်းရဲဒုက္ခရောက်စဉ်၌
ကျေးဇူးတရားဟုအထပ်ထပ်ပြောကာ
ဒုက္ခများကိုအတူဝေမျှပေးနိုင်သော်လည်း
အဆင်ပြေချမ်းသာလာချိန်တွင်တော့မူ
လက်တွဲကူခဲ့သူအား
သတိရဖို့ပင်မေ့လျော့နေခဲ့သည်လား!

ဟု သူတွေးနေခဲ့မိသည်ပင်။

ဟယ်ကျစ်ရှုသည်ယခုကဲ့သို့နောင်တမျိုး တသက်လူံးရတော့မည်မဟုတ်ဟု ယခုထိတိုင်တွေးထင်မိနေဆဲ။သူနောင်တရခဲ့သည်က
ဆယ်စုနှစ်တစ်ခုအကြာကျန်းဝမ်ရွှီအားချစ်ခဲ့ခြင်းမဟုတ်ဘဲ သူ၏ အိပ်မက်များ နှင့် အလုပ်တို့ကိုစွန့်လွှတ်ခဲ့ရခြင်းကြောင့် ဟုသာ အကြောင်းပြချက်တစ်ခုအဖြစ် ဆုပ်ကိုင်နေခဲ့ခြင်းပင် ဖြစ်သည်။သူသည် ကျန်းဝမ်ရွှီအပေါ် အဆုံးစွန်ထိ တင်းကြပ်နိုင်သော စည်းမျဉ်းများကိူ မလျော့ခဲ့သင့်ဘဲသူနှင့်တန်းတူ အပြင်လောကမှာတော့
လူရာဝင်အောင်နေခဲ့သင့်သည်ပင်။
ယခုတော့မူနောင်တရလာသည့်စိတ်တို့က
အလုံးစုံ ပြည့်နှက်နေလျက်ဘဝကြီးကိုမူ
သူလုံးဝ လက်လျော့ရတော့မည်လားဟု
အထပ်ထပ်အခါခါပင် အဖြေမရှိသော မေးခွန်းများကို သူ့ဘာသာပြန်မေးနေခဲ့မိ
လေသည်။

မနေ့ကတနေ့လူံး အိမ်တွင်နေပြီး
နောက်ဆုံး၌ကျန်းဝမ်ရွှီသည်
အပြင်သွားရမည်ဖြစ်ကြောင်းပြောလာသည်။ သူပြောသည်က ကုမ္ပဏီ မှ Supervisorတစ်ယောက်က
အရေးကြီးသည်ဟုဆိုကာတွေ့ဆုံဖိူ့ခေါ်ခြင်းဖြစ်ကြောင်းဟုပင်။ကုမ္ပဏီ ကိစ္စများပြီးပြီးချင်း ပင် သူချက်ခြင်းပြန်လာခဲ့မည်ဟု လည်း
ကတိပေးလာလေသည်။

ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီအား
အပြင်ထွက်ခါနီးတွင်နက်ပြာရောင်မာဖလာတစ်ခုအား လည်ပင်းတွင်
ပတ်ပေးကာ ပြုံးပြလျက် နှုတ်ဆက်ရင်း

!မမိုက်စမ်းပါနဲ့ မင်းအအေးမကြောက်တာ
ငါသိပေမယ့်အပြင်မှာအရမ်းအေးနေတာ မင်းအအေးမိလိမ့်မယ်!

ဟုပြောလိုက်သည်။

ကျန်းဝမ်ရွှီသည် ကျစ်ရှု၏ ပါးပြင်အား
အနမ်းတပွင့်ပေးပြီးကားသော့ကိုယူကာထွက်သွားလေသည်။သူသည် အိုက်ကျိယွီ၏ အကြောင်းကို ပြသနာမရှာတော့
သော်လည်း ကျန်းဝမ်ရွှီ၏ စိတ်ထဲ၌ အခဲမကျေပုံရသေးနေသည်။

လသာဆောင်တွင် ဟယ်ကျစ်ရှုသည်
ကျန်းဝမ်ရွှီထွက်သွားသည်ကိုကြည့်ရင်း သက်ပြင်းချလျက်အိုက်ကျိယွီဆီ ဖုန်းခေါ်လိုက်လေသည်။

အိုက်ကျိယွီသည် ချက်ခြင်းပင်
ဖုန်းကိုင်လာခဲ့သည်။

!ဒေါက်တာအိုက် အခုအားလား!

!ဒီနေ့ကိုယ်ဂျူတီရှိလို့
မင်းလာရင်တော့လာလို့ရတယ်။
နေ့လည်ကျခွဲစိတ်မှုတစ်ခုလဲရှိလို့
စောစောလေးလာရင်ပိုအဆင်ပြေမယ်!

!ကောင်းပါပြီ ကျေးဇူးပါ!

ဟယ်ကျစ်ရှုသည် ဖုန်းပြောနေရင်းပင်
သူ့နဖူးပေါ်သို့ဝေ့ဝဲကျလာသော ဆံပင်များကိူ သပ်တင်ကာအပြန်၌ ဆံပင်ပါတခါထဲညှပ်ဖို့ ပါတွေးနေခဲ့လိုက်သည်။

ထိုစဉ် အိုက်ကျိယွီထံမှ ကုသမှုနှင့်မသက်ဆိုင်သောစကားလုံးအချို့တို့ကို
သူ့အားထပ်မံ၍ ပြောလာလေသည်။

!ဒီနေ့ အပြင်မှာအရမ်းအေးတယ်
အဝတ်အစားကိူ နွေးနွေးထွေးထွေး
ဝတ်လာဖိူ့မမေ့နဲ့နော်!

ဟယ်ကျစ်ရှုသည် အံ့သြသွားခဲ့သော်လည်း
အိုက်ကျိယွီ၏ လူနားများအပေါ်ဂရုစိုက်တတ်သည်ကိုပင်သိနေသောကြောင့် ကျေးဇူးပါ ဆိုသည့်စကားပင်ပြောရန်ပြင်နေစဉ်ဖုန်းချသွားခဲ့သည်မို့ အဝတ်အစားအမြန်လဲကာ
ဆေးရုံသွားဖိူ့ပြင်နေခဲ့လိုက်သည်။

အပြင်ဖက်တွင်ရာသီဥတုသည်
အမှန်တကယ်ပင် အလွန်မှ အေးလျက်ရှိနေခဲ့လေသည်။ လေအေးများသည် တိုက်ခတ်နေလျက် နှင်းမှုန်များက သူ၏ နှာခေါင်းတွင်းသို့ဝင်ရောက်လာခဲ့သော်လည်းနှင်းကာmask ကို လုံးဝ မဝတ်တတ်သော သူ့အကျင့်ကြောင့်
ဒီတိုင်းပင် အေးချမ်းစွာဆေးရုံသို့လာခဲ့လေသည်။

ဒေါက်တာအိုက်မှာ လူနာများအတော်များများ ရှိနေသည်မို့ ဟယ်ကျစ်ရှုသည်
အခန်းအပြင်တွင်ထိုင်ရင်းစောင့်နေလိုက်သည်။ သူထိုင်စောင့်နေစဉ်တွင် ဇနီးမောင်နှံနှစ်ယောက်သည် ၎င်းတိူ့၏ ကလေးမှာ
သွေးကင်ဆာအဖြေထွက်သည်ဟုသိကာ
ငိုကြွေးနေပုံကို မြင်ရင်း သူစိတ်မကောင်းဖြစ်နေမိသည်။အကယ်၍ သူ၏ မိဘများသာ
ဆုံးပါးသွားခြင်းမရှိခဲ့ဘဲယနေ့တိုင် သူ့ဘေးတွင်ရှိနေခဲ့ပါကထိုဇနီးမောင်နှံကဲ့သိူ့ပင် သူ့အတွက် ငိုပေးမယ့် သူတော့ရှိဦးမည်ဟု
သူတွေးနေခဲ့မိသေးသည်ပင်။

အချိန်တွေခဏကုန်လွန်ပြီးနောက်။

!မင်းဘာတွေစဉ်းစားနေတာလဲ!

အိုက်ကျိယွီသည် အခန်းအပြင်သို့ထွက်လာကာသူ့ရှေ့တွင်မတ်တပ်ရပ်လျက်သူ့ကိုပြုံးပြကာမေးလာရင်း

!အနွေးထည်ကိုလည်း ချွတ်ပြီး ဘေးမှာချထားတယ်သူများးကိုငှါးဖိူ့လား!

ဟုပြောကာ သူ့အားစနောက်လာလေသည်။

ဟယ်ကျစ်ရှုသည်အမှန်တကယ်တွင်
ပူနေခဲ့ခြင်းကြောင့်မဟုတ်သော်လည်း အနွေးထည်မှာ ထူထဲသောကြောင့်စိတ်အိုက်ကာချွတ်ထားလိုက်မိခြင်းဖြစ်သည်။

ဟယ်ကျစ်ရှုသည် အိုက်ကျိယွီအားပြန်ပြုံးပြလိုက်ရင်းအခန်းထဲသိူ့ ရှေ့မှဝင်သွားကာ
ဒေါက်တာအိုက်၏ စားပွဲပေါ်တွင် အနွေးထည်ကိုခဏတင်ရင်း
ခူံတွင်ဝင်ထိုင်လိုက်သည်။

အိုက်ကျိယွီသည် ဟယ်ကျစ်ရှုအား
စိတ်သက်သာရာ ရစေရန်
စနောက်လိုက်ခြင်းဖြစ်ပြီး
ခဏအကြာမှသာ ကုသမှုအကြောင်း
ကိုစတင်ပြောကာစိုးရိမ်မှုမရှိစေဖိူ့ကိုပါ
ပြောဖို့ရည်ရွယ်ခဲ့လေသည်။
သို့သော် သူ့ရှေ့မှလျှောက်ကာ
အခန်းထဲသို့ဝင်သွားသော
ဟယ်ကျစ်ရှုကို သူကြည့်လိုက်စဉ်မှာပင်
လည်ပင်းအားအမှတ်တမဲ့
မြင်လိုက်ရချိန်တွင်မူ
သူမကူညီသောအရာတစ်ခုသည်
ဟယ်ကျစ်ရှု၌တည်ရှိနေခဲ့သည်ကို
သိရှိခဲ့ရပြီး သက်ပြင်းသာချရင်း
ရှိနေခဲ့လေသည်။

ဟယ်ကျစ်ရှုကတော့မူ
စားပွဲရှေ့တွင်ဝင်ထိုင်ရင်း
စားပွဲပေါ်ရှိ မဂ္ဂဇင်း၏ မျက်နှာဖုံးအား
တချက်ကြည့်နေရင်း
အိုက်ကျိယွီ သူ့ရှေ့သိူ့ ဝင်ထိုင်လာမည်ကို
စောင့်နေသောကြောင့် အိုက်ကျိယွီ၏ အံ့သြလျက်ပြောင်းလဲသွားသောမျက်နှာကို
သတိမထားမိပါချေ။

အိုက်ကျိယွီသည် ဟယ်ကျစ်ရှုနှင့်
ပတ်သက်သည့်သူ့အနေအထားသည် ဆရာဝန်တစ်ယောက်အနေနှင့်သာ
ဖြစ်ပြီး ဟယ်ကျစ်ရှု၏
ကိုယ်ပိုင်ဘဝထိကိုပင်
လိုက်၍ ဂရုမစိုက်သင့်ကြောင်း
သူ့ကိုယ်သူပြန်သတိပေးကာ
ဟယ်ကျစ်ရှုအား
စကားစလိုက်သည်။

!မင်း မနက်ကစပြီး
ဓာတု ကုထုံးစတင်သင့်တယ်!

အိုက်ကျိယွီသည် သွေးကင်ဆာကုဆရာဝန်များထဲတွင်အလွန်တော်ပြီး လူသိများသော
လူငယ်ဆရာဝန်ဖြစ်သည်။ လူနာများစွာ၏ ကုသမှုနှင့်နာမကျန်းဖြစ်မှုများနှင့်ပတ်သက်၍ မည်သို့သောအခါမှ
စိတ်လှုပ်ရှားခဲ့ခြင်း မရှိခဲ့ပါချေ။ သို့သော်
ဟယ်ကျစ်ရှုနှင့်စတင်တွေ့ဆုံပြီးချိန်မှစ၍
ဟယ်ကျစ်ရှုဖျားနာလျှင်သူစိတ်ပူမိသည်။
ဟယ်ကျစ်ရှုရောဂါအတွက် များစွာသူဂရုစိုက်နေမိခဲ့သည်ပင်။ ယခုတွင်လည်း ဟယ်ကျစ်ရှုအား စကားပြောချိန်တွင်
သူ့အသံမှာ အနည်းငယ်ပင်
တုန်ခါလျက်ရှိနေခဲ့လေသည်။

!မင်းက ငယ်ငယ်လေးဘဲရှိသေးတယ်
ကိုယ့်ဖက်ကလည်း မင်းကိုအကောင်းဆုံး
လုပ်ပေးမယ်ဂရုလဲစိုက်ပေးမယ်
မင်းလည်း အားမလျော့ပါနဲ့!

ထိုအချိန်တွင် ဟယ်ကျစ်ရှုသည်
ဒေါက်တာအိုက်အား
တစ်ခုခုပြန်ပြောမည် အပြုတွင်
သူ့ဖုန်းသံကမြည်လာခဲ့သည်။
ကျန်းဝမ်ရွှီဆီမှ ဖုန်းဖြစ်ပြီး
သူပြုနေကျအလေ့အကျင့်အတိုင်းပင်
ကျန်းဝမ်ရွှီအား မစောင့်ဆိုင်းစေလိုသောကြောင့်ဖုန်းကိူချက်ခြင်းပင်
ကိုင်လိုက်သည်။

!ငါဒီည အိမ်ပြန်မလာဖြစ်ဘူး
ငါဘေးမှာမရှိတောင်
မင်းအစားတခုခုတော့စားလိုက်!

မိုက်ခရိုဖုန်း၏ အသံသည်
အလွန်ပင်ကျယ်နေခဲ့လျက်
တိတ်ဆိတ်နေသော အခန်းထဲတွင်
ပျံ့နှံ့သွားခဲ့သည်။ဟယ်ကျစ်ရှုသည်
ဒေါက်တာအိုက်အားပြုံးပြရင်း
ဖုန်းသံကိုလျော့ပြီး အခန်းအပြင်သို့
ခဏမျှထွက်လာလိုက်လေသည်။

အိုက်ကျိယွီသည်
သူ့ဘေးရှိသစ်ခွပန်းအိုးလေးကို
ကြည့်ကာ သူလုပ်နေကျအတိုင်း
ဘောပင်လေးအားလက်ချောင်းလေးများ
ဖြင့်လှည့်ပတ်နေခဲ့သည်။မိနစ်အနည်းငယ်
အကြာတွင် ဟယ်ကျစ်ရှုသည်အခန်းထဲသိူ့ပြန်ဝင်လာရင်း

!ကျွန်တော်ဖုန်းသံမတိုးထားလိူက်မိဘူး
တောင်းပန်ပါတယ်!

ဟုပြုံးပြရင်းအားနာစွာ ဖြင့်ပြောလာသည်။

!မင်းက gay လား!

အိုက်ကျိယွီသည် ဟယ်ကျစ်ရှုအား
ထိုမေးခွန်းကိူမေးပြီးပြီးချင်းမှာပင်
များစွာ နောင်တရသွားလျက်ပင်
ဟယ်ကျစ်ရှုနှင့်ပတ်သက်လာလျှင်
သူ့ဉာဏ်ရည်သည် ချက်ခြင်းပင်သုည
ဖြစ်သွားသည်ဟုခံစားလိုက်ရသည်။အရွယ်ရောက်သူတစ်ဦးအနေဖြင့်
သူမေးလိုက်သောမေးခွန်းသည်
တဖက်သားအား ထိခိုက်ကာရိုင်းစိုင်းသွားစေသောကြောင့် ဖြစ်လေသည်။

ဟယ်ကျစ်ရှုသည် အိုက်ကျိယွီ၏
အမေးကြောင့်အံ့အားသင့်သွားရင်း
သူ့အားပြုံးပြလျက်

!သူက .ငါ့ရဲ့.. !

ဟုသာပြောလာရင်း သူ့ထံသို့ဆက်ပြောမည့်စကားများပါပျောက်ဆူံးနေလျက် ထိုနေရာမှာပင် ပြတ်တောက်သွားခဲ့လေသည်။

!မင်းလည်ပင်းမှာ တစ်ခုထက်
ပိုတဲ့ကိုက်ရာတွေ ငါတွေ့တယ်!

ထိုအချိန်တွင် ဟယ်ကျစ်ရှုသည် သူ၏
အကျီကော်လာအား ဆွဲယူလိုက်သည်ကို
တွေ့လိုက်ရသည်။ ထိုသို့ သူပြုလုပ်လိုက်ခြင်းသည်သူကိုယ်သူဖုံးကွယ်ဖိူ့ကြိုးစားလေလေ သိသာထင်ရှားလေလေဆိုသည်ကို
သဘောပေါက်သွားသည်လားမသိ
သူ့အား ငြိုးရော်စွာ ပြုံးပြလာသည်။

!ဒီဆေးရုံ က Gay တွေကို
မကုပေးတာတော့ မဟုတ်ပါဘူးနော်!

ဟုပြောလာခဲ့လေသည်။

ဟယ်ကျစ်ရှု၏ စကားကိုကြားလိုက်ရသောအခါအိုက်ကျိယွီသည်
ခေါင်းကို ခါလိုက်ရင်း
စိတ်မကောင်းဖြစ်စိတ်နှင့်အတူ
နှမျောတသမှုများပါ
ရင်ထဲသိူ့ရုတ်ချည်းပင်တိုးဝင်လာခဲ့ရင်း

!မင်းရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်တိမ်းညွှတ်မှုကို
ငါဂရုမစိုက်ဘူး ။မင်းတိူ့နှစ်ယောက်ကြား
ဘာတွေဖြစ်နေလဲ ဆိုတာ ငါမသိပေမယ့်
ပထမဆုံး ပြောချင်တာက မင်း ခန္ဓာကိုယ်က ပြင်းထန်တဲ့ လိင်ဆက်ဆံမှုကိုခံနိုင်တဲ့အနေအထားအခုအခြေအနေမှာမရှိဘူး!

အိုက်ကျိယွီသည် စဉ်းစားတတ်သော အသိဉာဏ်ရှိပြီးဆရာဝန်တစ်ယောက်လဲ ဖြစ်သည်မို့ ဟယ်ကျစ်ရှုလည်ပင်းရှိ ညိုမဲစွဲနေသော ကိုက်ရာများသည်
သာမန်မဟုတ်ဘဲ အကြမ်းဖက်ခံရဖွယ်ရှိရာမှ ရလာသည့်အနေအထား ဖြစ်သည်ဟု သူခန့်မှန်းမိနေလေသည်။ထို့ကြောင့်ပင်
ဟယ်ကျစ်ရှု၏ စိတ်အနေအထားနှင့်
သူ့အပေါ်တုံ့ပြန်လာမှုကို ခတ္တစောင့်ဆိုင်းရင်းဒုတိယစကားကိုပါ ထပ်ပြောလိုက်လေသည်။

!ဒုတိယတချက် နဲ့ အရေးကြီးဆုံးက
မင်းတိူ့ ဆက်ဆံရေး ကရောဘယ်လို လဲ ?
အဆင်ပြေတဲ့အနေအထားမှာရှိလား ။
မင်းကုသမှု မခံယူခင်ကတည်းက
ဆေးရုံလာတိုင်း အမြဲတမ်း
မင်းတစ်ယောက်တည်း
လာတာတွေ့ရလို့!

!ဒေါက်တာ!

ဟယ်ကျစ်ရှုသည် သူ့အား စကားပြန်လာရင်း
အေးဆေးစွာကြည့်လျက်

!ကျွန်တော် သူ့ကိုပြောပြမထားဘူး
သူသိရင် ဝမ်းနည်းမှာစိုးလို့ ပါ
အဆင်ပြေနိုင်ပါ့မလား!

ဟယ်ကျစ်ရှုသည် အမှန်တကယ်တွင်
ကျန်းဝမ်ရွှီနှင့်သူ့အား ဝေဖန်သူများကို ကြိုက်နှစ်သက်သူမဟုတ်ခဲ့သော်လည်း ကျန်းဝမ်ရွှီအား သူ့အပေါ်အရမ်းပင်ကောင်းပေးသူပါဟု ပြောရန်မှာလည်းမဖြစ်နိုင်သောအခြေအနေတွင်ရှိနေသည်မို့လိမ္မာပါးနပ်စွာဖြင့် ဒေါက်တာအိုက်အား ထိုသို့ပြောလိုက်ခြင်းသာဖြစ်လေသည်။

အိုက်ကျိယွီသည်
ယခုနေ့လည်တွင် ခွဲစိတ်မှုရှိသည်မို့
ဟယ်ကျစ်ရှုအား မနက်ဖြန်
ကုသမှုစတင်ဖို့ရန်ချိန်းဆိုလိုက်သည်။

ဟယ်ကျစ်ရှုသည် ချောင်းများဆိုးနေလျက်
ခန္ဓာကိုယ်တွင်းရှိအရိုးများထဲကပင်
နာကျင်နေခဲ့လေသည်။ လတ်တလောတွင်
သူတွေးနေခဲ့မိသည်မှာ ကျန်းဝမ်ရွီနှင့် ပတ်သက်သောမျှော်လင့်ချက်များကို
သူဆက်လက်ဆုပ်ကိုင်မထားသင့်
တော့ကြောင်းနှင့် သူ့အပေါ်ကောင်းမွန်သော
လူတစ်ယောက်အပေါ်လိမ်ခံမိပြီဟူ၍ပင်။
အကယ်၍ ကျန်းဝမ်ရွှီသာ သူ့အားတကယ်ပင်ချစ်သည့်စိတ်ရှိနေသေးပါက သူယခုကဲ့သို့နာကျင်ရမည် သိမ်ငယ်ရမည်မဟုတ်ဘဲ ယခုကဲ့သိူ့တစ်ယောက်တည်း အထီးကျန်စွာရှိနေခဲ့လိမ့်မည် မဟုတ်ပါချေ။
သူ့အားတကယ်ချစ်သေးမည်ဆိုပါက
သူ့အားဂရုစိုက်ကာ ဆေးပြင်ဆင်ပေးခြင်း
ရေနွေးခပ်ပေးခြင်းကဲ့သိူ့အပြုအမူလေးဖြင့်
အသိအမှတ် ပင်ပြုနိုင်သည်မှန်သော်လည်း
သူ့အား အိမ်ပြန်မလာဟုဖုန်းဆက်ရင်း
ပြောသွားခဲ့သည့်စကားက မူ

!မင်းအပြင်မှာချိန်းထားတာမရှိဘူးမလား
ငါ့ကွယ်ရာမှာလေ!

ဟူ၍ပင် ။

(TN ဒါဒါလေးတို့ရေ မနေ့က update
မလုပ်မိဘူးမနေ့က ရှောင်ဟွား
Tencent award 2020 ကြည့်နေရင်း ည အချိန်အတော်လင့်သွားလို့ပါ ခု updateတင်ပေးလိုက်ပါတယ်
ရာသီဥတူအေးလို့ နွေးနွေးထွေးထွေးနေရင်း
ကိုဗစ်ကာလမှာကျန်းမာရေးကိုဂရုစိုက်ကြပါနော် 😘)

.....



..EP14 မင္းက

.ေနာက္ဆုံးတြင္ သူသိလိုက္ရသည္ကား
က်န္းဝမ္႐ႊီသည္ ငယ္႐ြယ္ ေသးသည္။
ထို႔ေၾကာင့္ပင္ ေယာက်္ားသားအမ်ားစု ျဖစ္ေလ့ရွိၾကေသာခ်မ္းသာလာသည့္ဒဏ္ကို မခံနိုင္ေသာ သူတစ္ဦးကဲ့သို႔
အမွားမ်ားျပဳလုပ္ခဲ့သည္။ ထိုေယာက်္ားမ်ားသည္သူတို႔၏ စိတ္ထဲ၌ အိမ္တြင္ သစၥာရွိသည့္အိမ္ေထာင္ဖက္ကိုရရွိထားေစကာမူ မေရာင့္ရဲနိုင္ဘဲအျပင္ရွိ ရာဂႀကီးသူမ်ားႏွင့္ တန္းတူထားကာစိတ္ကူးယဥ္ေလ့ရွိၾကသည္။ သို႔ေသာ္ က်န္းဝမ္႐ႊီက သူ၏ အိမ္ေထာင္ဖက္သည္ အမ်ိဳးသားတစ္ေယာက္ျဖစ္ၿပီး ထိုလူသားသည္ မည္မွ်ပင္ႏူးညံ့
သိမ္ေမြ႕ကာ သည္းခံၿပီး ျမင့္ျမတ္ေသာ စိတ္ရွိေစကာမူ
အလုပ္တစ္ခုလုပ္မည္ဆိုလွ်င္လဲ မဆုတ္မနစ္လုပ္တတ္သူ ျဖစ္ၿပီး သူ႕အနားမွာအနစ္နာခံကာ ႏွစ္ေပါင္းမ်ားစြာေနလာသည္ကို သူေမ့ေနခဲ့ေလသည္။ဟယ္က်စ္ရႈသည္သူ႕အား အၿမဲတေစခြင့္လႊတ္ခဲ့ၿပီး ခ်စ္ျခင္းေမတၱာမ်ားသာမက သူ႕ပိုင္ဆိုင္မႈအားလူံးကိုလည္းေပးခဲ့သည္မွာ
က်န္းဝမ္႐ႊီလိုခ်င္သည့္ဆိုေသာအရာအားလုံးပင္ စိုးစဥ္းမွ် မက်န္ခဲ့ေစရ ေပးဆပ္ေပးခဲ့သည္။သို႔ေသာ္ သူတိူ႕
အတူေနခဲ့သည္မွာ ဆယ္စုႏွစ္တစ္ခုပင္ၾကာခဲ့ေသာ္လည္း ဟယ္က်စ္ရႈ၏ ေခါင္းမာေသာအေတြးအေခၚႏွင့္ ခံစားခ်က္တခ်ိဳ႕ကိုမူ ယခုထိတိုင္ က်န္းဝမ္႐ႊီကနားလည္ဖိူ႕လုံးဝပင္မႀကိဳးစားခဲ့ေပ ။

ဟယ္က်စ္ရႈသည္ အစားစားၿပီးေနာက္ပ်ိဳ႕အန္ခ်င္ေသာစိတ္တို႔ အနည္းငယ္သက္သာေစရန္ အိမ္အေပၚထပ္
လသာေဆာင္ရွိခုံတြင္ထိုင္ေနခဲ့လိုက္သည္။
သူ၏ လက္ေလးေပၚရွိ ေငြလက္စြပ္ေလးကို
ၾကည့္ရင္းမ်က္ဝန္းမ်ားမွာစြတ္စိုေနခဲ့သည္။

!၁၄ႏွစ္တာကာလအတြင္း
ျဖစ္တည္ခဲ့ေသာ ခ်စ္ျခင္း
တစ္ခုသည္ ေနာက္ဆုံးတြင္
ေပ်ာက္ကြယ္ေတာ့မည့္
အခ်ိန္ တစ္ခုကို ေရာက္လာခဲ့ၿပီလား ...

သိူ႕တည္းမဟုတ္

လူအမ်ားျဖစ္ေလ့ရွိသည့္
ဆင္းရဲဒုကၡေရာက္စဥ္၌
ေက်းဇူးတရားဟုအထပ္ထပ္ေျပာကာ
ဒုကၡမ်ားကိုအတူေဝမွ်ေပးနိုင္ေသာ္လည္း
အဆင္ေျပခ်မ္းသာလာခ်ိန္တြင္ေတာ့မူ
လက္တြဲကူခဲ့သူအား
သတိရဖို႔ပင္ေမ့ေလ်ာ့ေနခဲ့သည္လား!

ဟု သူေတြးေနခဲ့မိသည္ပင္။

ဟယ္က်စ္ရႈသည္ယခုကဲ့သို႔ေနာင္တမ်ိဳး တသက္လူံးရေတာ့မည္မဟုတ္ဟု ယခုထိတိုင္ေတြးထင္မိေနဆဲ။သူေနာင္တရခဲ့သည္က ဆယ္စုႏွစ္တစ္ခုအၾကာက်န္းဝမ္႐ႊီအားခ်စ္ခဲ့ျခင္းမဟုတ္ဘဲ သူ၏ အိပ္မက္မ်ား ႏွင့္ အလုပ္တို႔ကိုစြန႔္လႊတ္ခဲ့ရျခင္းေၾကာင့္ ဟုသာ အေၾကာင္းျပခ်က္တစ္ခု
အျဖစ္ ဆုပ္ကိုင္ေနခဲ့ျခင္းပင္ ျဖစ္သည္။သူသည္
က်န္းဝမ္႐ႊီအေပၚ အဆုံးစြန္ထိ တင္းၾကပ္နိုင္ေသာ
စည္းမ်ဥ္းမ်ားကိူ မေလ်ာ့ခဲ့သင့္ဘဲသူႏွင့္တန္းတူ
အျပင္ေလာကမွာေတာ့ လူရာဝင္ေအာင္ေနခဲ့သင့္သည္
ပင္။ယခုေတာ့မူေနာင္တရလာသည့္စိတ္တို႔က
အလုံးစုံ ျပည့္ႏွက္ေနလ်က္ဘဝႀကီးကိုမူ
သူလုံးဝ လက္ေလ်ာ့ရေတာ့မည္လားဟု
အထပ္ထပ္အခါခါပင္ အေျဖမရွိေသာ
ေမးခြန္းမ်ားကို သူ႕ဘာသာျပန္ေမးေနခဲ့မိ
ေလသည္။

မေန႕ကတေန႕လူံး အိမ္တြင္ေနၿပီး
ေနာက္ဆုံး၌က်န္းဝမ္႐ႊီသည္
အျပင္သြားရမည္ျဖစ္ေၾကာင္းေျပာလာသည္။
သူေျပာသည္က ကုမၸဏီ မွ Supervisorတစ္ေယာက္ကအေရးႀကီးသည္ဟုဆိုကာေတြ႕ဆုံဖိူ႕ေခၚျခင္းျဖစ္ေၾကာင္းဟုပင္။ကုမၸဏီ ကိစၥမ်ားၿပီးၿပီးခ်င္း ပင္
သူခ်က္ျခင္းျပန္လာခဲ့မည္ဟု လည္း
ကတိေပးလာေလသည္။

ဟယ္က်စ္ရႈသည္ က်န္းဝမ္႐ႊီအား အျပင္ထြက္ခါနီးတြင္
နက္ျပာေရာင္မာဖလာတစ္ခုအား လည္ပင္းတြင္
ပတ္ေပးကာ ၿပဳံးျပလ်က္ ႏႈတ္ဆက္ရင္း

!မမိုက္စမ္းပါနဲ႕ မင္းအေအးမေၾကာက္တာ
ငါသိေပမယ့္အျပင္မွာအရမ္းေအးေနတာ
မင္းအေအးမိလိမ့္မယ္!

ဟုေျပာလိုက္သည္။

က်န္းဝမ္႐ႊီသည္ က်စ္ရႈ၏ ပါးျပင္အား
အနမ္းတပြင့္ေပးၿပီးကားေသာ့ကိုယူကာထြက္သြားေလ
သည္။သူသည္ အိုက္က်ိယြီ၏ အေၾကာင္းကို
ျပသနာမရွာေတာ့ေသာ္လည္း က်န္းဝမ္႐ႊီ၏ စိတ္ထဲ၌ အခဲမေက်ပဳံရေသးေနသည္။

လသာေဆာင္တြင္ ဟယ္က်စ္ရႈသည္
က်န္းဝမ္႐ႊီထြက္သြားသည္ကိုၾကည့္ရင္း သက္ျပင္းခ်လ်က္အိုက္က်ိယြီဆီ ဖုန္းေခၚလိုက္ေလသည္။

အိုက္က်ိယြီသည္ ခ်က္ျခင္းပင္
ဖုန္းကိုင္လာခဲ့သည္။

!ေဒါက္တာအိုက္ အခုအားလား!

!ဒီေန႕ကိုယ္ဂ်ဴတီရွိလို႔
မင္းလာရင္ေတာ့လာလို႔ရတယ္။
ေန႕လည္က်ခြဲစိတ္မႈတစ္ခုလဲရွိလို႔
ေစာေစာေလးလာရင္ပိုအဆင္ေျပမယ္!

!ေကာင္းပါၿပီ ေက်းဇူးပါ!

ဟယ္က်စ္ရႈသည္ ဖုန္းေျပာေနရင္းပင္
သူ႕နဖူးေပၚသို႔ေဝ့ဝဲက်လာေသာ ဆံပင္မ်ားကိူ
သပ္တင္ကာအျပန္၌ ဆံပင္ပါတခါထဲညွပ္ဖို႔
ပါေတြးေနခဲ့လိုက္သည္။

ထိုစဥ္ အိုက္က်ိယြီထံမွ ကုသမႈႏွင့္မသက္ဆိုင္ေသာစကားလုံးအခ်ိဳ႕တို႔ကို သူ႕အားထပ္မံ၍ ေျပာလာေလ
သည္။

!ဒီေန႕ အျပင္မွာအရမ္းေအးတယ္
အဝတ္အစားကိူ ႏြေးႏြေးေထြးေထြး
ဝတ္လာဖိူ႕မေမ့နဲ႕ေနာ္!

ဟယ္က်စ္ရႈသည္ အံ့ၾသသြားခဲ့ေသာ္လည္း
အိုက္က်ိယြီ၏ လူနားမ်ားအေပၚဂ႐ုစိုက္တတ္သည္ကိုပင္သိေနေသာေၾကာင့္ ေက်းဇူးပါ ဆိုသည့္စကားပင္ေျပာ
ရန္ျပင္ေနစဥ္ဖုန္းခ်သြားခဲ့သည္မို႔ အဝတ္အစားအျမန္လဲကာေဆး႐ုံသြားဖိူ႕ျပင္ေနခဲ့လိုက္သည္။

အျပင္ဖက္တြင္ရာသီဥတုသည္
အမွန္တကယ္ပင္ အလြန္မွ ေအးလ်က္ရွိေနခဲ့ေလသည္။ ေလေအးမ်ားသည္ တိုက္ခတ္ေနလ်က္ ႏွင္းမႈန္မ်ားက သူ၏ ႏွာေခါင္းတြင္းသို႔ဝင္ေရာက္လာခဲ့ေသာ္လည္းႏွင္းကာmask ကို လုံးဝ မဝတ္တတ္ေသာ
သူ႕အက်င့္ေၾကာင့္ဒီတိုင္းပင္ ေအးခ်မ္းစြာေဆး႐ုံသို႔
လာခဲ့ေလသည္။

ေဒါက္တာအိုက္မွာ လူနာမ်ားအေတာ္မ်ားမ်ား ရွိေနသည္မို႔ ဟယ္က်စ္ရႈသည္ အခန္းအျပင္တြင္ထိုင္ရင္းေစာင့္ေန
လိုက္သည္။ သူထိုင္ေစာင့္ေနစဥ္တြင္ ဇနီးေမာင္ႏွံ
ႏွစ္ေယာက္သည္ ၎တိူ႕၏ ကေလးမွာ
ေသြးကင္ဆာအေျဖထြက္သည္ဟုသိကာ
ငိုေႂကြးေနပုံကို ျမင္ရင္း သူစိတ္မေကာင္းျဖစ္ေနမိသည္။အကယ္၍ သူ၏ မိဘမ်ားသာဆုံးပါးသြားျခင္းမရွိခဲ့ဘဲ
ယေန႕တိုင္ သူ႕ေဘးတြင္ရွိေနခဲ့ပါကထိုဇနီးေမာင္ႏွံကဲ့သိူ႕ပင္ သူ႕အတြက္ ငိုေပးမယ့္ သူေတာ့ရွိဦးမည္ဟု
သူေတြးေနခဲ့မိေသးသည္ပင္။

အခ်ိန္ေတြခဏကုန္လြန္ၿပီးေနာက္။

!မင္းဘာေတြစဥ္းစားေနတာလဲ!

အိုက္က်ိယြီသည္ အခန္းအျပင္သို႔ထြက္လာကာ
သူ႕ေရွ႕တြင္မတ္တပ္ရပ္လ်က္သူ႕ကိုၿပဳံးျပကာေမးလာရင္း

!အႏြေးထည္ကိုလည္း ခြၽတ္ၿပီး ေဘးမွာခ်ထားတယ္
သူမ်ားးကိုငွါးဖိူ႕လား!

ဟုေျပာကာ သူ႕အားစေနာက္လာေလသည္။

ဟယ္က်စ္ရႈသည္အမွန္တကယ္တြင္
ပူေနခဲ့ျခင္းေၾကာင့္မဟုတ္ေသာ္လည္း
အေႏြးထည္မွာ ထူထဲေသာေၾကာင့္စိတ္အိုက္ကာ
ခြၽတ္ထားလိုက္မိျခင္းျဖစ္သည္။

ဟယ္က်စ္ရႈသည္ အိုက္က်ိယြီအားျပန္ၿပဳံးျပလိုက္ရင္း
အခန္းထဲသိူ႕ ေရွ႕မွဝင္သြားကာ ေဒါက္တာအိုက္၏
စားပြဲေပၚတြင္ အႏြေးထည္ကိုခဏတင္ရင္း
ခူံတြင္ဝင္ထိုင္လိုက္သည္။

အိုက္က်ိယြီသည္ ဟယ္က်စ္ရႈအား
စိတ္သက္သာရာ ရေစရန္
စေနာက္လိုက္ျခင္းျဖစ္ၿပီး
ခဏအၾကာမွသာ ကုသမႈအေၾကာင္း
ကိုစတင္ေျပာကာစိုးရိမ္မႈမရွိေစဖိူ႕ကိုပါ
ေျပာဖို႔ရည္႐ြယ္ခဲ့ေလသည္။
သို႔ေသာ္ သူ႕ေရွ႕မွေလွ်ာက္ကာ
အခန္းထဲသို႔ဝင္သြားေသာ
ဟယ္က်စ္ရႈကို သူၾကည့္လိုက္စဥ္မွာပင္
လည္ပင္းအားအမွတ္တမဲ့
ျမင္လိုက္ရခ်ိန္တြင္မူ
သူမကူညီေသာအရာတစ္ခုသည္
ဟယ္က်စ္ရႈ၌တည္ရွိေနခဲ့သည္ကို
သိရွိခဲ့ရၿပီး သက္ျပင္းသာခ်ရင္း
ရွိေနခဲ့ေလသည္။

ဟယ္က်စ္ရႈကေတာ့မူ
စားပြဲေရွ႕တြင္ဝင္ထိုင္ရင္း
စားပြဲေပၚရွိ မဂၢဇင္း၏ မ်က္ႏွာဖုံးအား
တခ်က္ၾကည့္ေနရင္း
အိုက္က်ိယြီ သူ႕ေရွ႕သိူ႕ ဝင္ထိုင္လာမည္ကို
ေစာင့္ေနေသာေၾကာင့္ အိုက္က်ိယြီ၏
အံ့ၾသလ်က္ေျပာင္းလဲသြားေသာမ်က္ႏွာကို
သတိမထားမိပါေခ်။

အိုက္က်ိယြီသည္ ဟယ္က်စ္ရႈႏွင့္
ပတ္သက္သည့္သူ႕အေနအထားသည္
ဆရာဝန္တစ္ေယာက္အေနႏွင့္သာ
ျဖစ္ၿပီး ဟယ္က်စ္ရႈ၏ ကိုယ္ပိုင္ဘဝထိကိုပင္
လိုက္၍ ဂ႐ုမစိုက္သင့္ေၾကာင္းသူ႕ကိုယ္သူျပန္သတိေပးကာ ဟယ္က်စ္ရႈအားစကားစလိုက္သည္။

!မင္း မနက္ကစၿပီး
ဓာတု ကုထုံးစတင္သင့္တယ္!

အိုက္က်ိယြီသည္ ေသြးကင္ဆာကု
ဆရာဝန္မ်ားထဲတြင္အလြန္ေတာ္ၿပီး လူသိမ်ားေသာ
လူငယ္ဆရာဝန္ျဖစ္သည္။ လူနာမ်ားစြာ၏ ကုသမႈႏွင့္
နာမက်န္းျဖစ္မႈမ်ားႏွင့္ပတ္သက္၍ မည္သို႔ေသာအခါမွ
စိတ္လႈပ္ရွားခဲ့ျခင္း မရွိခဲ့ပါေခ်။ သို႔ေသာ္
ဟယ္က်စ္ရႈႏွင့္စတင္ေတြ႕ဆုံၿပီးခ်ိန္မွစ၍
ဟယ္က်စ္ရႈဖ်ားနာလွ်င္သူစိတ္ပူမိသည္။
ဟယ္က်စ္ရႈေရာဂါအတြက္ မ်ားစြာသူဂ႐ုစိုက္ေန
မိခဲ့သည္ပင္။ ယခုတြင္လည္း ဟယ္က်စ္ရႈအား
စကားေျပာခ်ိန္တြင္သူ႕အသံမွာ အနည္းငယ္ပင္
တုန္ခါလ်က္ရွိေနခဲ့ေလသည္။

!မင္းက ငယ္ငယ္ေလးဘဲရွိေသးတယ္
ကိုယ့္ဖက္ကလည္း မင္းကိုအေကာင္းဆုံး
လုပ္ေပးမယ္ဂ႐ုလဲစိုက္ေပးမယ္
မင္းလည္း အားမေလ်ာ့ပါနဲ႕!

ထိုအခ်ိန္တြင္ ဟယ္က်စ္ရႈသည္ ေဒါက္တာအိုက္အား
တစ္ခုခုျပန္ေျပာမည္ အျပဳတြင္ သူ႕ဖုန္းသံကျမည္လာခဲ့
သည္။ က်န္းဝမ္႐ႊီဆီမွ ဖုန္းျဖစ္ၿပီးသူျပဳေနက်အေလ့
အက်င့္အတိုင္းပင္က်န္းဝမ္႐ႊီအား မေစာင့္ဆိုင္းေစ
လိုေသာေၾကာင့္ဖုန္းကိူခ်က္ျခင္းပင္ ကိုင္လိုက္သည္။

!ငါဒီည အိမ္ျပန္မလာျဖစ္ဘူး
ငါေဘးမွာမရွိေတာင္
မင္းအစားတခုခုေတာ့စားလိုက္!

မိုက္ခရိုဖုန္း၏ အသံသည္ အလြန္ပင္က်ယ္ေနခဲ့လ်က္
တိတ္ဆိတ္ေနေသာ အခန္းထဲတြင္ ပ်ံ့ႏွံ႕သြားခဲ့သည္။
ဟယ္က်စ္ရႈသည္ ေဒါက္တာအိုက္အားၿပဳံးျပရင္း
ဖုန္းသံကိုေလ်ာ့ၿပီး အခန္းအျပင္သို႔
ခဏမွ်ထြက္လာလိုက္ေလသည္။

အိုက္က်ိယြီသည္ သူ႕ေဘးရွိသစ္ခြပန္းအိုးေလးကို
ၾကည့္ကာ သူလုပ္ေနက်အတိုင္း
ေဘာပင္ေလးအားလက္ေခ်ာင္းေလးမ်ား
ျဖင့္လွည့္ပတ္ေနခဲ့သည္။မိနစ္အနည္းငယ္
အၾကာတြင္ ဟယ္က်စ္ရႈသည္အခန္းထဲသိူ႕ျပန္ဝင္လာရင္း

!ကြၽန္ေတာ္ဖုန္းသံမတိုးထားလိူက္မိဘူး
ေတာင္းပန္ပါတယ္!

ဟုၿပဳံးျပရင္းအားနာစြာ ျဖင့္ေျပာလာသည္။

!မင္းက gay လား!

အိုက္က်ိယြီသည္ ဟယ္က်စ္ရႈအား
ထိုေမးခြန္းကိူေမးၿပီးၿပီးခ်င္းမွာပင္
မ်ားစြာ ေနာင္တရသြားလ်က္ပင္
ဟယ္က်စ္ရႈႏွင့္ပတ္သက္လာလွ်င္
သူ႕ဉာဏ္ရည္သည္ ခ်က္ျခင္းပင္သုည
ျဖစ္သြားသည္ဟုခံစားလိုက္ရသည္။
အ႐ြယ္ေရာက္သူတစ္ဦးအေနျဖင့္
သူေမးလိုက္ေသာေမးခြန္းသည္
တဖက္သားအား ထိခိုက္ကာရိုင္းစိုင္း
သြားေစေသာေၾကာင့္ ျဖစ္ေလသည္။

ဟယ္က်စ္ရႈသည္ အိုက္က်ိယြီ၏
အေမးေၾကာင့္အံ့အားသင့္သြားရင္း
သူ႕အားၿပဳံးျပလ်က္

!သူက .ငါ့ရဲ႕.. !

ဟုသာေျပာလာရင္း သူ႕ထံသို႔ဆက္ေျပာမည့္စကားမ်ားပါေပ်ာက္ဆူံးေနလ်က္ ထိုေနရာမွာပင္ ျပတ္ေတာက္သြားခဲ့ေလသည္။

!မင္းလည္ပင္းမွာ တစ္ခုထက္
ပိုတဲ့ကိုက္ရာေတြ ငါေတြ႕တယ္!

ထိုအခ်ိန္တြင္ ဟယ္က်စ္ရႈသည္ သူ၏
အက်ီေကာ္လာအား ဆြဲယူလိုက္သည္ကို
ေတြ႕လိုက္ရသည္။ ထိုသို႔ သူျပဳလုပ္လိုက္ျခင္းသည္
သူကိုယ္သူဖုံးကြယ္ဖိူ႕ႀကိဳးစားေလေလ
သိသာထင္ရွားေလေလဆိုသည္ကို
သေဘာေပါက္သြားသည္လားမသိ
သူ႕အား ၿငိဳးေရာ္စြာ ၿပဳံးျပလာသည္။

!ဒီေဆး႐ုံ က Gay ေတြကို
မကုေပးတာေတာ့ မဟုတ္ပါဘူးေနာ္!

ဟုေျပာလာခဲ့ေလသည္။

ဟယ္က်စ္ရႈ၏ စကားကိုၾကားလိုက္ရေသာအခါ
အိုက္က်ိယြီသည္ ေခါင္းကို ခါလိုက္ရင္း
စိတ္မေကာင္းျဖစ္စိတ္ႏွင့္အတူ
ႏွေမ်ာတသမႈမ်ားပါ
ရင္ထဲသိူ႕႐ုတ္ခ်ည္းပင္တိုးဝင္လာခဲ့ရင္း

!မင္းရဲ႕ လိင္ပိုင္းဆိုင္ရာ စိတ္တိမ္းၫႊတ္မႈကို
ငါဂ႐ုမစိုက္ဘူး ။မင္းတိူ႕ႏွစ္ေယာက္ၾကား
ဘာေတြျဖစ္ေနလဲ ဆိုတာ ငါမသိေပမယ့္
ပထမဆုံး ေျပာခ်င္တာက မင္း ခႏၶာကိုယ္က
ျပင္းထန္တဲ့ လိင္ဆက္ဆံမႈကိုခံနိုင္တဲ့
အေနအထားအခုအေျခအေနမွာမရွိဘူး!

အိုက္က်ိယြီသည္ စဥ္းစားတတ္ေသာ အသိဉာဏ္ရွိၿပီးဆရာဝန္တစ္ေယာက္လဲ ျဖစ္သည္မို႔ ဟယ္က်စ္ရႈ
လည္ပင္းရွိ ညိုမဲစြဲေနေသာ ကိုက္ရာမ်ားသည္
သာမန္မဟုတ္ဘဲ အၾကမ္းဖက္ခံရဖြယ္ရွိရာမွ
ရလာသည့္အေနအထား ျဖစ္သည္ဟု
သူခန႔္မွန္းမိေနေလသည္။ထို႔ေၾကာင့္ပင္
ဟယ္က်စ္ရႈ၏ စိတ္အေနအထားႏွင့္
သူ႕အေပၚတုံ႕ျပန္လာမႈကို ခတၱေစာင့္ဆိုင္းရင္း
ဒုတိယစကားကိုပါ ထပ္ေျပာလိုက္ေလသည္။

!ဒုတိယတခ်က္ နဲ႕ အေရးႀကီးဆုံးက
မင္းတိူ႕ ဆက္ဆံေရး ကေရာဘယ္လို လဲ ?
အဆင္ေျပတဲ့အေနအထားမွာရွိလား ။
မင္းကုသမႈ မခံယူခင္ကတည္းက
ေဆး႐ုံလာတိုင္း အၿမဲတမ္း
မင္းတစ္ေယာက္တည္း
လာတာေတြ႕ရလို႔!

!ေဒါက္တာ!

ဟယ္က်စ္ရႈသည္ သူ႕အား စကားျပန္လာရင္း
ေအးေဆးစြာၾကည့္လ်က္

!ကြၽန္ေတာ္ သူ႕ကိုေျပာျပမထားဘူး
သူသိရင္ ဝမ္းနည္းမွာစိုးလို႔ ပါ
အဆင္ေျပနိုင္ပါ့မလား!

ဟယ္က်စ္ရႈသည္ အမွန္တကယ္တြင္
က်န္းဝမ္႐ႊီႏွင့္သူ႕အား ေဝဖန္သူမ်ားကို ႀကိဳက္ႏွစ္သက္သူမဟုတ္ခဲ့ေသာ္လည္း က်န္းဝမ္႐ႊီအား သူ႕အေပၚအရမ္း
ပင္ေကာင္းေပးသူပါဟု ေျပာရန္မွာလည္းမျဖစ္နိုင္ေသာအေျခအေနတြင္ရွိေနသည္မို႔လိမၼာပါးနပ္စြာျဖင့္ ေဒါက္တာအိုက္အား ထိုသို႔ေျပာလိုက္ျခင္းသာျဖစ္ေလသည္။

အိုက္က်ိယြီသည္ယခုေန႕လည္တြင္ ခြဲစိတ္မႈရွိသည္မို႔
ဟယ္က်စ္ရႈအား မနက္ျဖန္
ကုသမႈစတင္ဖို႔ရန္ခ်ိန္းဆိုလိုက္သည္။

ဟယ္က်စ္ရႈသည္ ေခ်ာင္းမ်ားဆိုးေနလ်က္
ခႏၶာကိုယ္တြင္းရွိအရိုးမ်ားထဲကပင္
နာက်င္ေနခဲ့ေလသည္။ လတ္တေလာတြင္
သူေတြးေနခဲ့မိသည္မွာ က်န္းဝမ္႐ြီႏွင့္
ပတ္သက္ေသာေမွ်ာ္လင့္ခ်က္မ်ားကို
သူဆက္လက္ဆုပ္ကိုင္မထားသင့္
ေတာ့ေၾကာင္းႏွင့္ သူ႕အေပၚေကာင္းမြန္ေသာ
လူတစ္ေယာက္အေပၚလိမ္ခံမိၿပီဟူ၍ပင္။
အကယ္၍ က်န္းဝမ္႐ႊီသာ သူ႕အားတကယ္ပင္
ခ်စ္သည့္စိတ္ရွိေနေသးပါက သူယခုကဲ့သို႔နာက်င္ရမည္ သိမ္ငယ္ရမည္မဟုတ္ဘဲ ယခုကဲ့သိူ႕တစ္ေယာက္တည္း အထီးက်န္စြာရွိေနခဲ့လိမ့္မည္ မဟုတ္ပါေခ်။
သူ႕အားတကယ္ခ်စ္ေသးမည္ဆိုပါက
သူ႕အားဂ႐ုစိုက္ကာ ေဆးျပင္ဆင္ေပးျခင္း
ေရႏြေးခပ္ေပးျခင္းကဲ့သိူ႕အျပဳအမူေလးျဖင့္
အသိအမွတ္ ပင္ျပဳနိုင္သည္မွန္ေသာ္လည္း
သူ႕အား အိမ္ျပန္မလာဟုဖုန္းဆက္ရင္း
ေျပာသြားခဲ့သည့္စကားက မူ

!မင္းအျပင္မွာခ်ိန္းထားတာမရွိဘူးမလား
ငါ့ကြယ္ရာမွာေလ!

ဟူ၍ပင္ ။

(TN ဒါဒါေလးတို႔ေရ မေန႕က update
မလုပ္မိဘူးမေန႕က ေရွာင္ဟြား
Tencent award 2020 ၾကည့္ေနရင္း ည အခ်ိန္အေတာ္လင့္သြားလို႔ပါ ခု updateတင္ေပးလိုက္ပါတယ္
ရာသီဥတူေအးလို႔ ႏြေးႏြေးေထြးေထြးေနရင္း
ကိုဗစ္ကာလမွာက်န္းမာေရးကိုဂ႐ုစိုက္ၾကပါေနာ္ 😘)

Continue Reading

You'll Also Like

929K 139K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
509K 56K 55
Payback " ငါပြန်လာမှာ Wei Yu ။ မင်း ဒီကနေပြေးလွတ်နိုင်မယ် ထင်ရဲရင်ထင်ကြည့်။" " ငါျပန္လာမွာ Wei Yu ။ မင္း ဒီကေနေျပးလြတ္ႏိုင္မယ္ ထင္ရဲရင္ထင္ၾကည့္။" _...
283K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
623K 51K 46
冰山男的猎物 Eng Title : Iceberg Man's Prey Author:乌蒙小燕 (Wumeng Xiaoyan) Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Moder...