ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...
By pngon677
264K 24.4K 686
..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More
Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)
EP8(U+Z)
2.8K 412 13
By pngon677
ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှုအား ရိုက်မိသည့်အတွက် သူ့ကိုယ်သူနောင်တများစွာရလျက်ရှိနေခဲ့သည်။ဤ နှစ်များအတွင်းသူသည် ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ပြီး သူ့ဘေးရှိ လူအများသည် သူ့အားအမြဲမြှောက်ပင့်ဖားယားနေခဲ့ကြသည်။
တဖြေးဖြေးနှင့် သူသည် ကိုယ့်အကျိုးကိုသာ
ကိုယ်ကြည့်တတ်လာပြီး အတ္တဆန်လာလျက်
တခြားသောသူများ၏ စိတ်ခံစားမှုများ
ဒေါသများကို နားလည်ပေးခြင်းလဲရှိမနေတော့ဘဲဖြစ်လာခဲ့လေသည်။
ဒါပေမယ့် မည်သို့ပင်ဖြစ်ပါစေ ဟယ်ကျစ်ရှုကိုတော့ဘယ်တော့မှ နာကျင်စေလိုသည့် ဆန္ဒမရှိခဲ့ပါချေ။သို့သော် ယခုမူ ဟယ်ကျစ်ရှုအား သူရိုက်မိခဲ့လေပြီ ဖြစ်သည်။
!မင်းဘာမဟုတ်တဲ့ အပြင်လူ
တစ်ယောက်အတွက်နဲ့ ငါနဲ့ ရန်မဖြစ်ပါနဲ့ ။!
ကျန်းဝမ်ရွီသည် အပြစ်ရှိသလို ခံစားနေရသော်လည်းချက်ခြင်းပင် သူ့ဖက်က မှန်ကန်သည့်အနေအထားဖြင့်သူ၏ အပြစ်များအား ဖုံးကွယ်လျက်ဆက်၍ ပြောလာလေသည်။
"ပြီးတော့ မင်းသူငယ်ချင်း ဆိုတဲ့ကောင်
က လူကောင်းတစ်ယောက် မဖြစ်နိုင်ဘူး
မင်း သူနဲ့ ဝေးဝေးနေ''
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွီအား
ဘေးသို့တွန်းဖယ်ကာမတ်တပ်ရပ်လိုက်သည်။အနည်းငယ်နာကျင်နေပြီး နီရဲနေလိမ့်မည့်ကျန်းဝမ်ရွှီရိုက်ခဲ့သည့် သူ၏ ပါးတစ်ဖက်အားလက်ဖြင့်ထိကိုင်ရင်း နာကျင်စွာပြုံးပြလျက်စကားစပြောလိုက်သည်။
!မင်းလဲ လူကောင်း တစ်ယောက် မဟုတ်ပါဘူး ။ငါကလေ မင်းကို အမြဲတမ်း ငါ့ဘဝရဲ့ ပထမဆုံးနေရာမှာထားခဲ့တယ်။ ဘဝအစက ဘယ်လောက်ဘဲအခက်အခဲတွေရှိရှိ တစ်သက်တာလုံး မင်းနဲ့ အမြဲ အတူနေထိုင်ရမှာဘဲလို့ငါထင်ခဲ့မိတယ်။ ငါမျှော်လင့်ခဲ့မိတယ် ။ပထမဆုံး (၇)နှစ် အဲ(၇)နှစ် မှာငါမင်းအပေါ်အ​မြဲသည်းခံခဲ့တယ် ။ မင်းအကျင့် တွေ ပြင်လာမှာကိုငါစောင့်ရင်း အဲ (၇) နှစ် ​
ကနေ (၁၀)နှစ် ထိ မင်းဘေးမှာနေပြီး လိုအပ်တာတွေ အမြဲဖြည့်ဆည်းပေးခဲ့တယ် ။
ငါတို့အတူ နေလာခဲ့တာ အခုဆို (၁၀)နှစ်ကျော်ခဲ့ပြီ.ဒါပေမယ့် အခုတော့ ငါတို့နှစ်ယောက်လုံး ပြောင်းလဲ သွားကြပြီ။
လူတစ်ယောက် ပြောင်းလဲသွားတယ်ဆိုတာ
အကြောင်းပြချက်တွေ မလိုဘူး။
သူ့သဘော နဲ့သူ ပြောင်းလဲချင်လို့ကို
ပြောင်းလဲသွားတာ ။တစ်ဖက်လူက ပြောင်းလဲ နေပြီဆိုမှတော့ ကျန်တစ်ယောက်က ဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသား ချသင့်နေပြီ မဟုတ်ဘူးလား!
ဟယ်ကျစ်ရှုသည် မျက်ရည်များစွာ စီးကျနေသောသူ၏ မျက်လုံးများအား မှိတ်ပစ်လိုက်ရင်းကူကယ်ရာမဲ့သလိုခံစားနေရလျက်
ကျန်းဝမ်ရွှီ၏ သံသယဖြင့် စော်ကားနေမှုများ မနာလိုမှုများနှင့် မျှော်လင့်ချက်ကင်းမဲ့နေပြီဖြစ်သောအိမ်ထောင်ရေးကို လည်း ငြီးငွေ့နေပြီဖြစ်သောကြောင့်
သူတိူ့၏ ဆက်ဆံရေးအား ဒီတွင်
တစ်ခန်းရပ်ရန် ဆုံးဖြတ်လိုက်လေသည်။
!လမ်းခွဲ ကြရအောင်!
!အမြဲလိုလို အိမ်ပြန်မလာခဲ့တဲ့
အိမ်ထောင်ဖက်တစ်ယောက်ကိုငါမစောင့်ချင်တော့ဘူး။ဒီလို ပျက်စီးယိုယွင်းနေတဲ့ အိမ်ထောင်ရေးတစ်ခုကိုငါစိတ်အပင်ပန်းခံပြီး ဆက်မထိန်းသိမ်းချင်တော့ဘူး!
ဟယ်ကျစ်ရှုသည် ဟန်ဆောင်ပြုံးတစ်ခုကိုပြုံးရင်းအေးဆေးသောအသံဖြင့် ပြောလိုက်လေသည်။ဟယ်ကျစ်ရှုသည် အလွန်ကိုပင်အေးဆေးငြိမ်သက်နေလျက် ချစ်သူရည်းစားများ ပုံမှန်လမ်းခွဲစကား
ပြောနေသကဲ့သို့ ပင် ရှိနေလေသည်။
တော်သင့်နေပါပြီ ။
သူသည်းခံခဲ့တာတွေ မရေမတွက်နိုင်အောင်ရှိနေခဲ့ပြီးမျက်ရည်များစွာလည်း ကျခဲ့ရသည်။မီးမှန်းသိလျက်နှင့်ပင် ဆုပ်ကိုင်ထားမိခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာလှခဲ့လေပြီ။
ရင်ဘတ်ထဲရှိ နှလုံးသားမှာမူ အမာရွတ်ထင်နိုင်မည်ဆိုပါက ထပ်ခါထပ်ခါ အနာရလွန်းသည်မို့ အသားမာပင် တက်နေချေတော့မည်။
ယခုတော့မူ သည်လိုလူ၏ အနားမှာ ဆက်၍
မနေနိုင်တော့သည်မှာ သေချာသလောက်ရှိနေခဲ့လေပြီ။
ကျန်းဝမ်ရွှီသည် အချိန်ခဏမျှ အံ့သြမှင်သက်နေလျက်ခါးခါးသီးသီး ပြောလာလေသည်။
!အော် ကောင်းလိုက်တာ ။
မင်းက ချစ်သူအသစ်ရသွားပြီဆိုတော့ အခု ငါနဲ့လမ်းခွဲ ပြီး မင်းသူနဲ့ အတူနေတော့မယ်ပေါ့ ဘယ်နည်းနဲ့မှ ငါခွင့်မပြုနိုင်ဘူး ။
လမ်းခွဲခွင့်လဲမပေးဘူး ။
မင်းကို ထွက်သွားခွင့်လဲမပေးနိုင်ဘူး!
!ငါမင်းကို ငါ့ရဲ့ ကုမ္ပဏီ ရှယ်ယာတွေ
အကုန်ပေးထားတယ်လေ ။အဲဒါတွေက မင်းရဲ့ အချိန်တွေ ဖြုန်းစေခဲ့လို့ ပေးတဲ့လျော်ကြေးအနေနဲ့
မလုံလောက်သေးဘူးလား!
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီအား ပြောလိုက်သည်။
!ဟယ်ကျစ်ရှု မင်းကို ငါသတိပေးလိုက်မယ်။
ဒီအိမ်ကငါ့နာမည်နဲ့။ ဒီအိမ်ကို ငါတိူ့ ဝယ်တုန်းက အိမ်ကိုပူးတွဲပိုင်ဆိုင်မှု အဖြစ် လက်ထပ်မှတ်ပုံတင်နဲ့တင်ရတာမို့ အဲလိုတင်ဖို့ က မဖြစ်နိုင်ဘူး။အဲတုန်းက မင်းနာမည် ကိုလဲ လက်မှတ်ထိုးမထားခဲ့ရဘူး။
ဒါကြောင့်မို့ တရားဥပေဒအရဆို
ငါတစ်ဦးတည်းဘဲ ပိုင်တယ်!
ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှုအား
ပြောင်လှောင်ရင်း ပြောလာလေသည်။
(TN ဒီနေရာမှာလေ ဟယ်ကျစ်ရှုနာမည်နဲ့မှတ်ပုံတင်မရဘူးဆိုတာ သူတိူ့နိုင်ငံမှာက
လိင်တူလက်ထပ်လို့မရတာမို့ ပိုင်ဆိုင်မှုတွေမှတ်ပုံတင်တဲ့အခါ လက်ထပ်မှတ်ပုံတင်နဲ့တင်ရတဲ့အခါ ဟယ်ကျစ်ရှုနာမည်ကိုထည့်မရလို့ပါ)
!တကယ်လို့ မင်း ငါနဲ့လမ်းခွဲချင်တယ်ဆို
မင်းတော့လုံးဝ ငမွဲဖြစ်သွားပြီ ။
အော် မင်းကချစ်သူအသစ်ရနေပြီဆိုတာကို
ငါမေ့သွားတာဘဲ ။သူကမင်းကို ဂရုစိုက်မှာပါ။အဲဒါကြောင့် ဒီအိမ်ကိုတောင် မင်းမလိုအပ်တော့ဘူးလေဟုတ်တယ်မလား!
ဟယ်ကျစ်ရှုသည် မျက်မှောင်ကြုတ်နေပြီး
သူ၏ မျက်ဝန်းများမှာမူ ဝမ်းနည်းမှုများနှင့်
ပင်ပန်းနေလျက် ဖျော့တော့စွာ ပြုံးလိုက်ရင်း
!ကျန်း မင်းဘာလို့ အဲလောက် ငါ့အပေါ်ရက်စက်ရတာလဲ!ငါတို့အတူနေလာခဲ့တာ (၁၄)နှစ် တောင်ကျော်လာခဲ့ပြီလေ !
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီအား
မယုံနိုင်စွာကြည့်လျက်
ပြောလာခဲ့လေသည်။
ဟယ်ကျစ်ရှု၏ မျက်ရည်များဖြင့်ပြည့်နေသည့်မျက်ဝန်းများအား မြင်လိုက်ရသည့်ခဏ၌ မူ အချို့သောအကြောင်းအရာများသည် ကျန်းဝမ်ရွှီ၏ရင်ထဲသို့နာကျင်စေမှုများ တဒင်္ဂမျှ တိုးဝင်လာလျက်
ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှု၏ အနားသို့ တိုးသွားပြီးသူ၏ လက်များဖြင့် ကျစ်ရှု၏ ပခုံးများအားဖက်လိုက်လေသည်။ ပြီးနောက် နူးညံ့ညင်သာစွာဖြင့်
စကားဆိုလာခဲ့လေသည်။
!ကျစ်ရှု ငါမင်းနဲ့ လမ်းမခွဲနိုင်ဘူး။
ငါခုန အရမ်းကလေးဆန်သွားမိတယ် ။
မင်းလည်း သိသားနဲ့ ငါစိတ်တိုရင် ပြောမိပြောရာပြောတတ်တယ်ဆိုတာ ကို ။ငါမင်းကို ရိုက်ဖို့လဲလုံးဝမရည်ရွယ်ခဲ့ဘူး ။ငါစိတ်အရမ်းတိုသွားအောင်မင်းကပြောနေတာမို့
ငါဒေါသ အရမ်းထွက်သွားလိူ့ပါ။
မေ့လိုက်ပါနော် ။ငါခုန ပြောခဲ့တာတွေကို ။!
!လမ်းခွဲ ကြမယ်!
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီ၏
လက်များမှရုန်ူးထွက်လိုက်ရင်း
အေးဆေးတည်ငြိမ်စွာထပ်ပြောလိုက်သည်။
ပြီးနောက် တဆက်တည်းမှာပင် စားပွဲပေါ်တွင် တင်ထားသော သူ၏ ဖုန်းအား ကောက်ယူရင်းဒေါက်တာအိုက်ကျိယွီ ဆီ
မက်ဆေ့ တစ်စောင်ပို့လိုက်လေသည်။
!ဒေါက်တာ အိုက် ကျွန်တော် ဓာတုကုထုံး ကို
လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ!
ကျန်းဝမ်ရွှီသည် သူ၏ အမျက်ဒေါသများကို
ထိန်းချုပ်ရန် ကြိုးစားနေလျက် နှင့်မူ
ထိတ်လန့်အံ့သြမှုများက တစ်ကိုယ်လုံးတွင်
တုန်ယင်နေလျက် ဟယ်ကျစ်ရှုအား
ပြန်လည်ချော့မော့ရန် အကြံများ ကမူ
ဦးနှောက်ထဲတွင် ပျောက်ဆုံးနေလျက် ရှိနေလေသည်။
!ကျစ်ရှု မင်းငါ့ကို မနောက်ပါနဲ့
ငါ့ကို အဲလိုမပြောပါနဲ့!
!ငါမနောက်ဘူး! ငါဘယ်အရာမဆို အလေးအနက်ထားတတ်တာမင်းသိပါတယ်။ ငါဘယ်လောက်သည်းခံတာလဲ
မင်းသိတယ် ။ငါဆုံးဖြတ်ချက် ချပြီးသွားရင်လဲပြန်ပြင်မှာမဟုတ်ဘူး!
ကျန်းဝမ်ရွှီသည် လက်သီးများဆုပ်ကာ
အံကို တင်းတင်းကြိတ်ရင်း
ဒေါသများထွက်လာလျက်
!အိုကေ မင်းက သတ္တိတွေ အတော်ရှိနေတာပေါ့ - ိုးတဲ့မဘဲ ။ သွားမင်းခုချက်ခြင်း
အိမ်ထဲက ထွက်သွား"
ဟုဆိုကာ ဟယ်ကျစ်ရှု အား အိမ်ပြင်သို့
ကြမ်းတမ်းစွာတွန်းထုတ်ရင်း တံခါးများ
ကိုပြန်ပိတ်သွားခဲ့လေသည်။
ပထမတွင် ကျန်းဝမ်ရွှီက ဒါဟာပုံမှန်
စကားများတယ်လို့သာထင်နေခဲ့ပြီး
ဟယ်ကျစ်ရှုက သူ့အား ထားသွားရန် ပြောလာမည်ကို လုံးဝမထင်မှတ်ထားခဲ့ပေ။ယခု သူခံစားနေရသည်ကဒေါသထွက်နေရခြင်းထက် ဟယ်ကျစ်ရှု၏လမ်းခွဲစကားများကြောင့်ပိုမို၍ နာကျင်လျက်ရှိနေပေသည်။ ထိုနာကျင်မှုအား ဒေါသများဖြင့်
ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့သော်လည်း
မအောင်မြင်နိုင်ခဲ့။ကြောက်ရွံ့မှုတို့ကြောင့် သူ၏ စိတ်နှလုံးမှာတုန်လှုပ်ချောက်ခြား နေခဲ့ပြီး ဟယ်ကျစ်ရှုအားတောင်းပန်ခယ ရမည့်အစားဒေါသတကြီးဖြင့် တုံ့ပြန်မိနေခဲ့
လေသည်။
ကျန်းဝမ်ရွှီသည် ကျစ်ရှုအား အိမ်အပြင်ဘက်တွင်ထုတ်ထားခဲ့လေသည်။ ကျစ်ရှုသည်တီရှပ်အပါးတစ်ထည်နှင့် ဘောင်းဘီရှည်ကိုသာဝတ်ဆင်လျက်ချည်ဖိနပ်အပါးတို့ကမူခြေထောက်များအား အေးစက်လာစေခဲ့သည်။သူတို့နေထိုင်ရာ တိုက်ခန်းသည်
အဆင့်မြင့်အိမ်ရာဖြစ်သောကြောင့်
အရမ်းမအေးလှသော်လည်း လက်ရှိတွင်မူ သူ၏ ဖျားနာ နေသော ကျန်းမာရေးကြောင့်ပင်အိမ်မှ ထွက်ခွာရန် အလွန်ပင်အားနည်းနေပေသည်။ထို့ကြောင့် တံခါးအပြင်တွင်ထိုင်ချကာ ဒူးခေါင်းပေါ်မျက်နှာအပ်လျက် မျက်ရည်များက စီးကျလာခဲ့သည်။
တသိမ့်သိမ့် တုန်စွာရှိုက်ငိုနေရင်း
နှာခေါင်းမှ သွေးများက စတင်စီးကျလာလေသည်။သူသည် သွေးများအား အကျီနှင့်သုတ်လိုက်ရင်းခေါင်းများကမူ ပြင်းထန်စွာကိုက်လျက်ရှိနေသည်။မျက်စိများက
ဝေဝါးနေလျက် သူ၏ မျက်စိထဲတွင်
လွန်ခဲ့သောနှစ်များစွာက ချစ်ခဲ့ရသောသူ
တစ်ယောက်ကို သတိရနေမိသည်။
ယခုတွင်မူ (၁၄)နှစ် တာအချိန်များသာ
ကုန်လွန်ခဲ့သော်လည်း ထိုကောင်လေးနှင့်သူသည် လုံးဝဝေးကွာသွားခဲ့လေပြီ။
နာကျင်မှုနှင့်အတူ ဖျားနာခြင်းကြောင့်ဖြစ်ပေါ်နေသောအသိတရားတို့က ဝေဝေဝါးဝါး။
သူသည် မှောင်မိုက်သော တိုက်ခန်း၏ စင်္ကြံတွင် ထိုင်နေလျက် အလင်းတန်း တစ်ခုက
သူ့ဆီသို့ ကျလာရင်း သူ့ဆီသို့
လမ်းလျှောက်လာသော ကောင်းလေးတစ်ယောက်။ထိုကောင်လေးသည်ဘတ်စကတ်ဘော ကိုကိုင်ထားရင်း သူ့အားတောက်ပစွာပြုံးပြလျက် ရှိနေလေသည်။
(TN ရှောင်ဟွားလေ ဒီnovelလေးကို
စိတ်နဲ့ထပ်တူ တကယ်ခံစားပြီးပြန် tran
တာပါ။ဟယ်ကျစ်ရှုနေရာရဲ့ စိတ်အတိုင်းခံစားရလို့ ရေးရင်းကိူမျက်ရည်ကျမိတယ်
ဒါဒါတိူ့လဲ ထပ်တူခံစားရမယ်လို့ ယုံကြည်ပါတယ်တကယ်ခံစားရလို့ကြိုက်လို့ဆိုပြီး reviewsပေးတဲ့ ဒါဒါလေးတိူ့ကိူလဲ တကယ်ကျေးဇူးတင်ပါတယ် ထပ်တူခံစားပြီး ခရီးဆုံးထိအတူတူလ်ုက်ခဲ့ကြပါနော်😍)
.....
Zawgyi
ဘဲဖြစ်လာခဲ့လေသည်။
ပြောလာလေသည်။
မင်း သူနဲ့ ဝေးဝေးနေ''
သူတို့၏ ဆက်ဆံရေးအား ဒီတွင်
!လမ်းခွဲ ကြရအောင်!
ရှိနေလေသည်။
တော်သင့်နေပါပြီ ။
တက်နေချေတော့မည်။
!အော် ကောင်းလိုက်တာ ။
အကုန်ပေးထားတယ်လေ ။အဲဒါတွေက
(TN ဒီနေရာမှာလေ ဟယ်ကျစ်ရှုနာမည်နဲ့မှတ်ပုံတင်မရဘူးဆိုတာ သူတို့နိုင်ငံမှာက
ဘူးလေဟုတ်တယ်မလား!
ခဲ့ပြီလေ !
ပြောလာခဲ့လေသည်။
စကားဆိုလာခဲ့လေသည်။
ငါဒေါသ အရမ်းထွက်သွားလို့ပါ။
!လမ်းခွဲ ကြမယ်!
လက်များမှရုန်ူးထွက်လိုက်ရင်း
ရှိနေလေသည်။
မဟုတ်ဘူး!
ဒေါသများထွက်လာလျက်
တာပါ။ဟယ်ကျစ်ရှုနေရာရဲ့ စိတ်အတိုင်းခံစားရလို့ ရေးရင်းကိုမျက်ရည်ကျမိတယ်
ဒါဒါတို့လဲ ထပ်တူခံစားရမယ်လို့ ယုံကြည်ပါတယ်တကယ်ခံစားရလို့ကြိုက်လို့ဆိုပြီး reviewsပေးတဲ့ ဒါဒါလေးတို့ကိုလဲ တကယ်ကျေးဇူးတင်ပါတယ် ထပ်တူခံစားပြီး ခရီးဆုံးထိအတူတူလ်ုက်ခဲ့ကြပါနော်😍)
Continue Reading
You'll Also Like
64.9K 4.8K 141
I do not own this story this is a fan translation credit to the original author lin yu က သူဟာ အစားထိုးခံတစ်ယောက်လို့ မထင်ထား ခဲ့ဖူး။ သူ့ကိုယ်တိုင်ဟင...
64.2K 3.4K 18
Love Story From Defulo (Series-4) // Ongoing
349K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
626K 51.1K 46
冰山男的猎物 Eng Title : Iceberg Man's Prey Author:乌蒙小燕 (Wumeng Xiaoyan) Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Moder...