Zawgyi
Chapter 148
{ ဝူရန္က်ူး - ၂ }
" ကြၽန္မကို ဘယ္သူေျပာျပတယ္ဆိုတာက အေရးမႀကီးပါဘူး... မစၥရီ...ကိုယ့္မပိုင္ဆိုင္တဲ့အရာတစ္ခုကို တမ္းတမ္းစြဲျဖစ္ေနတာ မေကာင္းဘူးေနာ္... "
ရီက်န္းသည္ ရွန္ေဝ့ရင္းေျပာသမ်ွကို သိပ္အာရံုမထားေခ်... သူမဟာ ရွန္ေဝ့ရင္းေရ႔ွတြင္ သူမလက္ထဲမွ ကတ္ေၾကးေလးကို လွၫ့္လိုက္ၿပီးေနာက္ ၾကမ္းျပင္ေပၚသို႔ ပစ္ခ်လိုက္ကာ " ဟုတ္တာေပါ့... လူေတြက ကိုယ္မပိုင္ဆိုင္ႏိုင္အရာတစ္ခုကို တမ္းတမ္းစြဲ ျဖစ္မေနသင့္ဘူး... မစၥရွန္က အဲ့စကားရဲ့အဓိပၸါယ္ကို နားလည္တယ္ဆိုရင္ အခု မစၥရွန္ဝတ္ထားတဲ့ ကြၽန္မရဲ့ဂါဝန္ကို ျပန္ေပးသင့္ၿပီေနာ္... အဲ့ဂါဝန္ကမစၥရွန္ရဲ့ဂါဝန္ မဟုတ္ဘူးေလ... ၿပီးေတာ့ ဂါဝန္က စုတ္ျပတ္ေနေတာ့ လႊင့္ပစ္သင့္ေနၿပီ... "
ထိုသို႔ေျပာၿပီးေနာက္တြင္ ရီက်န္းဟာ ရွန္ေဝ့ရင္းရဲ့ျဖဴစုတ္ေနေသာမ်က္ႏွာကို ျပန္စိုက္ၾကည့္လိုက္ေလတယ္...
ရွန္ေဝ့ရင္းသည္လည္း သူမက ရီက်န္းက ေလ်ာ့တြက္မိသြားျခင္းကို အနည္းငယ္ေနာင္တရသြားခဲ့ေပသည္...
ရီက်န္းသည္ အခန္းထဲမွ အရင္ထြက္လာခဲ့ၿပီး ေအာက္ထပ္သို႔ဆင္းလာခဲ့ေခ်၏... ထိုခ်ိန္တြင္ လုေပရႊမ္းက ရီက်န္းနားသို႔ ေရာက္လာခဲ့တယ္... ၿပီးေနာက္တြင္ သူမလက္ကို ဆုပ္ကိုင္လိုက္ကာ နား,နားသို႔ကပ္၍ ခပ္တိုးတိုးေမးလိုက္ေပသည္...
" ဘာျဖစ္လာတာလဲ "
" ဥကၠဌလု... ရွင့္ကို လာပိုးပန္းတဲ့သူေတြက မ်ားလြန္းတယ္ေနာ္... ေတာ္ေတာ္ေလးလည္း ဇြဲေကာင္းၾကတယ္... ကြၽန္မက ရွင့္နားကေန တစ္ေယာက္ကို ဖယ္ထုတ္လိုက္ရံုရိွေသး... အခုေနာက္တစ္ေယာက္ ထပ္ေရာက္လာျပန္ၿပီ... သူတို႔အားလံုးက မစၥလုေနရာကို မရမခ်င္း လက္ေလ်ာ့ၾကမယ့္ပံု မေပၚဘူး... "
လုေပရႊမ္းသည္ ရီက်န္းရဲ့စကားကို နားမလည္တာေၾကာင့္ အနည္းငယ္ မ်က္ေမွာင္က်ံဳ႔မိသြားေလတယ္... စကၠန္႔ပိုင္းအၾကာတြင္ သူတို႔လင္မယားႏွစ္ေယာက္ရဲ့အခန္းထဲမွ ထြက္ေသာ ရွန္ေဝ့ရင္းကို ေတြ့လိုက္တဲ့အခါ လုေပရႊမ္းရဲ့မ်က္ဝန္းတို႔မွ မီးေတာက္တစ္ခု ျဖတ္ေျပးသြားေခ်၏...
" ကိုယ္ သေဘာေပါက္ၿပီ... အခုလို ကိုယ့္ကို ႀကိဳးစား ကာကြယ္ေပးလို႔ ေက်းဇူးပါ... "
ထိုသို႔ဆိုၿပီးေနာက္တြင္ လုေပရႊမ္းသည္ ရီက်န္းရဲ့လက္ကို လႊတ္ေပးလိုက္ၿပီး ရွန္ေဝ့ရင္းရိွရာဘက္သို႔ ထြက္သြားေတာ့သည္... လုေပရႊမ္းက ရွန္ေဝ့ရင္းႏွင့္ ေခတၲာမ်ွစကားေျပာၿပီးခ်ိန္တြင္ ရွန္ေဝ့ရင္းရဲ့မ်က္ႏွာဟာ သိသိသာသာပ်က္ယြင္းလာခဲ့ေလတယ္... သို႔ေသာ္ သူမေဘးတြင္ ဧည့္သည္မ်ားစြာရိွေနေသးတာေၾကာင့္ သူမဟာ လုပ္ၿပံဳးတစ္ခု ၿပံဳးထားရေပ၏...
လင္မယားႏွစ္ေယာက္ၾကားထဲသို႔ ေနာက္ထပ္မိန္းမတစ္ေယာက္ ဝင္ဖို႔ႀကိဳးစားလာတာက အေရးမႀကီးေပ... တကယ္အေရးႀကီးသည္က ေယာက်္ားျဖစ္သူက သူ႔အား လာစႏိုက္ခ်င္သည့္မိန္းမကို ဘယ္လိုျပန္တုန္႔ျပန္မည္ဆိုတာပင္...
ရီက်န္းသည္ သူမႏွင့္ မလွမ္းမကမ္းတြင္ ရိွေသာလုေပရႊမ္းႏွင့္ရွန္ေဝ့ရင္းတို႔ဘက္သို႔ တစ္ခ်က္လွၫ့္ၾကည့္ၿပီးေနာက္ အၾကည့္ကို ခ်က္ခ်င္းျပန္လႊဲလိုက္ေပသည္... သူမသည္ လက္ရိွတြင္ လုေပရႊမ္းအတြက္ စိတ္ပူစရာ မလိုေသးသည္ကို သူမ သိေနၿပီးသားျဖစ္ေလတယ္...
" က်န္းက်န္း... ျပန္လာၿပီပဲ " အေမလုက ထိုသို႔စကားခ်ီလိုက္ကာ ရီက်န္း၏ေနာက္သို႔ လွမ္းၾကည့္လိုက္ၿပီး " ေဝ့ရင္းေရာ?? "
ရီက်န္းက ျပန္မေျဖခင္တြင္ လုေပရႊမ္းက သူမရဲ့ခါးကို ေပြ့ဖက္လိုက္ရင္း " မစၥရွန္က ေနသိပ္မေကာင္းခ်င္လို႔ အိမ္ေစာေစာျပန္သြားပါၿပီ... "
အေမလုသည္ ရွန္ေဝ့ရင္း ထိုသို႔အျမန္ျပန္သြားျခင္းကို အံ့ၾသသြားေသာ္လည္း ဘာမ်ွထပ္မေမးေတာ့ေပ...
" Aww အဲ့လိုလား... ထားပါေတာ့ေလ... သားေပရႊမ္း... သခင္ႀကီးရွန္ဆီသြားၿပီး ႏႈတ္ဆက္လိုက္ပါအံုး... အေမတို႔က ဧည့္ဝတ္ေက်ဖို႔ လိုအပ္သြားရင္ စိတ္ထဲမထားပါနဲ႔လို႔ "
လုေပရႊမ္းဟာ သူ႔အေမကို ေခါင္းညိမ့္ျပၿပီးေနာက္ သခင္ႀကီးရွန္ဆီ ထြက္မလာခင္ ရီက်န္းကို တစ္ခုခုကို တီးတိုးေျပာလိုက္ေသးသည္...
~~~~~~~~~~~~~~~~
တစ္ဖက္တြင္ေတာ့ သခင္ႀကီးရွန္ဟာ အဖိုးလုႏွင့္ စကားလက္ဆံုက်လို႔ေနေလတယ္... ထိုခ်ိန္တြင္ လုေပရႊမ္းဆီမွ စကားကို ၾကားလိုက္တဲ့အခါ သခင္ႀကီးရွန္ဟာ ခ်က္ခ်င္းထရပ္လိုက္ေလ၏...
ထိုအျပဳအမူေၾကာင့္ အဖိုးလုဟာ အနည္းငယ္မ်က္ေမွာင္က်ံဳ႔မိသြားၿပီး " မင္းရဲ့ေျမးမက အသက္၂၀ေက်ာ္ေနၿပီေလ... ဘာလို႔ အဲ့ေလာက္ေတာင္ စိတ္ပူေနရတာလဲ "
အဖိုးလုရဲ့စကားကို သခင္ႀကီးရွန္က " က်ဳပ္ တစ္ခ်က္ေလာက္ သြားၾကည့္လိုက္ပါအံုးမယ္ဗ်ာ " ၿပံဳးလ်က္ဆိုလိုက္ေလသည္...
သခင္ႀကီးရွန္မွာလည္း အဖိုးလုကဲ့သို႔ အိုမင္းျဖစ္ေသာ္ျငား လုေပရႊမ္းဟာ ကူတြဲေပးဖို႔ စိတ္မဝင္စားေခ်... သူဟာ အနီးနားရိွ အေစခံတစ္ေယာက္ကို ေခၚလိုက္ၿပီး သခင္ႀကီးရွန္အား ကားပါကင္သို႔ လိုက္ပို႔ေပးရန္သာ ခိုင္းလိုက္၏...
ရွန္ေဝ့ရင္းသည္ ကားထဲတြင္ သုန္မႈန္စြာ ထိုင္ေနေလတယ္... သူမသည္ လူေတာ္ေတာ္မ်ားမ်ား၏စိတ္ကူးထဲမွခ်စ္သူမိန္းကေလးပံုစံအျဖစ္ရိွေနခဲ့တာေၾကာင့္ လူလယ္တြင္ သရုပ္ပ်က္သြား၍ မျဖစ္ေပ...
သခင္ႀကီးရွန္တစ္ေယာက္ ကားထဲသို႔ ဝင္လိုက္ခ်ိန္၌ ရွန္ေဝ့ရင္းရဲ့မ်က္လံုးတို႔နီျမန္းေနျခင္းကို ျမင္လိုက္တာေၾကာင့္ " ဘာျဖစ္တာလဲ... အဖိုးရဲ့ေျမးကို ဘယ္သူက အႏိုင္က်င့္ရဲတာလဲ... အဖိုးကိုေျပာ... "
ထိုအခါ ရွန္ေဝ့ရင္းဟာ သူမ အဖိုးရဲ့ဆန္႔က်င္ဘက္ကို လွၫ့္လိုက္ကာ မ်က္ရည္တို႔ကို သုတ္လိုက္ေလတယ္... ၿပီးေနာက္တြင္ အားခဲကာ ၿပံဳးလိုက္ရင္း "ဘာမွမျဖစ္ပါဘူး အဖိုး... "
" ဘာမွမျဖစ္ဘူးဆိုရင္ ဘာလို႔အခုလိုပံုစံျဖစ္ေနရတာလဲ... အဖိုးကိုေျပာ... ဘယ္သူအႏိုင္က်င့္လိုက္တာလဲ... ေပရႊမ္းလား...ဘယ္သူလဲ... "
ရွန္တို႔ဟာ လုတို႔လို မိသားစုဝင္မ်ားမ်ားစားစား မရိွေခ်... မ်ိဳးဆက္၃ဆက္လံုးတြင္ ကေလးတစ္ေယာက္သာ ရိွေလသည္... ဒါေၾကာင့္လည္း ရွန္ေဝ့ရင္းဟာ ညီအစ္ကိုေမာင္ႏွမဟူ၍ မရိွေပ... သူမသည္ သူမကို တယုတယထားၾကေသာလူမ်ားၾကားေတြသာ ႀကီးျပင္းခဲ့ၾကေလတယ္...
သခင္ႀကီးရွန္ဟာ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး " အဖိုးက ေျမးကို အရမ္းခက္ခဲတာ လုပ္ခိုင္းမိလို႔လား... "
ရွန္ေဝ့ရင္းက တိတ္ဆိတ္ေနဆဲပင္...
" အဖိုးက ေျမးကို ခက္ခဲတာခိုင္းမိတယ္ဆိုတာ အဖိုးသိပါတယ္... ေျမးမွာသာ ညီအစ္ကိုေမာင္ႏွမ ရိွရင္ အဖိုးတို႔ ဒီလိုခက္ခဲမွာ မဟုတ္ဘူးကြယ္... "
သခင္ႀကီးရွန္ရဲ့ဝမ္းနည္းသံႀကီးကို ၾကားလိုက္ရခ်ိန္မွာေတာ့ ရွန္ေဝ့ရင္းဟာ သူမကိုယ္သူမ အားခဲကာ ၿပံဳးလိုက္ရင္း " အဖိုး စိတ္မပူပါနဲ႔... သမီး နည္းလမ္းရွာၾကည့္ပါ့မယ္... "
" ေဝ့ရင္း... အဖိုး ေတာင္းပန္ပါတယ္...လုေတြရဲ့လုပ္ပိုင္ခြင့္က လုေပရႊမ္းဆီမွာသာ မရိွဘူးဆိုရင္ အဖိုးက ေျမးကို လုေပရႊမ္းနားကို ကပ္ခိုင္းမွာ မဟုတ္ပါဘူးကြယ္... "
ရွန္ေဝ့ရင္းသည္ အသက္ျပင္းျပင္းတစ္ခ်က္ရႈလိုက္ၿပီး " စိတ္မပူပါနဲ႔... သမီး ႀကိဳးစားၿပီးအေျဖရွာၾကည့္လိုက္ပါ့မယ္..."
ထိုအခါ သခင္ႀကီးရွန္ဟာ သူ႔သစ္သားလက္ေထာက္ကို က်စ္က်စ္ဆုပ္ထားလိုက္ၿပီး ေခါင္းညိမ့္ျပလိုက္ေလတယ္...
💙💜💙💜💙💜💙💜💙💜
Chapter 149
{ ဝူရန္က်ူး - ၃ }
ဧည့္သည္မ်ားဟာ လုဗီလာထဲသို႔ ဝင္လိုက္ထြက္လိုက္ျဖင့္ အလုပ္ရႈပ္လို႔ေနေလသည္... ဂုဏ္ျပဳစကားသံတို႔မွာလည္း မရပ္တံ့ေသးေခ်... ထိုခ်ိန္တြင္ အဖိုးလုဆီသို႔ အိမ္ေတာ္ထိန္းအိုႀကီးေရာက္လာၿပီး တစ္ခုခုကို ခပ္တိုးတိုးလာေျပာေလ၏...
" သခင္ႀကီး... သူ ျပန္ေရာက္ပါၿပီ... "
အိမ္ေတာ္ထိန္းအိုႀကီးေျပာလိုက္သည္က စကားလံုးအခ်ိဳ႕သာ ျဖစ္ေသာ္လည္း အဖိုးလုဟာ ရုတ္တရက္ ထရပ္လိုက္ကာ စိတ္လႈပ္ရွားစြာ ျပန္ေျပာလိုက္ေလတယ္...
" အဲ့လူလိမ္ေကာင္ ျပန္ေရာက္ၿပီေပါ့ေလ... "
" ဟုတ္ပါတယ္... ဗီလာအျပင္မွာ ေရာက္ေနပါၿပီ... သခင္ႀကီးက သူ႔ကို ရိုက္မွာစိုးလို႔ မဝင္ရဲလို႔ပါတဲ့... " ထိုအခါ အဖိုးလုက သေရာ္ၿပံဳး ၿပံဳးလိုက္ရင္း " အဲ့လူလိမ္ေကာင္က ဒါကိုေတာ့ ေၾကာက္တယ္ေပါ့ "
အိမ္ေတာ္ထိန္းအိုႀကီးသည္ သူ႔သခင္ႀကီးလုက နစ္နာေစလိုေသာရည္ရြယ္ခ်က္ျဖင့္ ေျပာျခင္း မဟုတ္မွန္းသိတာေၾကာင့္ ၿပံဳးသာၿပံဳးၾကလိုက္ၿပီး ဘာမ်ွဝင္မေျပာေခ်...
အဖိုးလုက ထိုသို႔ေျပာၿပီးေနာက္ ျပန္ထိုင္လိုက္ကာ အသံအနည္းငယ္ျမႇင့္လိုက္ၿပီး " ေပရႊမ္း... မင္းရဲ့ၪီးေလးကို သြားေခၚလိုက္... ငါအဲ့ေကာင္ကို ေကာင္းေကာင္းဆံုးမမွရေတာ့မယ္... "
အသံျမႇင့္ေျပာလိုက္ေသာ္ျငား အဖိုးလုရဲ့မ်က္ႏွာတြင္ ေဒါသထြက္ေနသည့္ပံုစံ ရိွမေနေခ်...
လုေပရႊမ္းရဲ့မ်က္ႏွာေပၚမွတင္းမာမႈတို႔သည္လည္း ေျပေလ်ာ့သြားခဲ့ကာ ၿပံဳးရိပ္သန္းလာခဲ့ေလတယ္... " ဟုတ္... ကြၽန္ေတာ္ သြားေခၚလိုက္ပါ့မယ္ အဖိုး "
အဖိုးလုက အသံျမႇင့္ေျပာလိုက္တာေၾကာင့္ ခန္းမရဲ့တစ္ဖက္တြင္ ရိွေနေသာရီက်န္းသည္လည္း ၾကားသြားခဲ့ေလသည္... ရီက်န္းဟာ အေမလုနားသို႔ တိုးကပ္လိုက္ၿပီး " အေမ... သူက ဘယ္သူလဲဟင္... " ထိုအခါ အေမလုဟာ ရီက်န္းအား ခပ္တိုးတိုး ျပန္ေျဖေလတယ္... " ေပရႊမ္းရဲ့ၪီးေလးေလ... သမီးလည္း သူ႔ကို သြားေတြ့သင့္တယ္..."
အဖိုးလုသည္ ၃ႀကိမ္လက္ထပ္ခဲ့တာေၾကာင့္ လုေရွာင္ရန္(လုေပရႊမ္းရဲ့အေဖ)တြင္ အေဖတူအေမကြဲမ်ားစြာရိွေနေပတယ္... ယခုေရာက္လာေသာသူသည္ လုေပရႊမ္းရဲ့ၪီးေလးျဖစ္ၿပီး လုေရွာင္ရန္ကဲ့သို႔ အဖိုးလုရဲ့အသိအမွတ္ျပဳျခင္းမ်ားစြာ ရရိွခဲ့သူတစ္ၪီးပင္...
လုေရွာင္ရန္ဟာ အဖိုးလုပထမဇနီးရဲ့သားျဖစ္ၿပီး အဖိုးလုသည္ သူ႔ပထမဆံုးသားကို ခ်စ္ေမတၲာႏွင့္ အလိုလိုက္မႈတို႔ ရိွခဲ့ေပသည္... ယခုေရာက္လာေသာအမ်ိဳးသားကေတာ့ အဖိုးလုအနည္းငယ္ႏွစ္သက္ခဲ့ေသာတတိယဇနီး၏သားျဖစ္ေလတယ္...
ရီက်န္းသည္ လုေပရႊမ္းနားသို႔ ေလ်ွာက္သြားခဲ့ေလသည္... လုေပရႊမ္းက ေရ႔ွဂိတ္ဝကို ေမ်ွာ္လင့္ျခင္းႀကီးစြာ ေငးၾကည့္ေနသည္ကို ျမင္တဲ့အခါ သူမဟာ အနည္းငယ္ မ်က္ေမွာင္က်ံဳ႔မိသြားေခ်တယ္...
သိပ္မၾကာလိုက္ခင္မွာပဲ အိမ္ေတာ္ထိန္းအိုႀကီးဟာ အမ်ိဳးသားငယ္တစ္ၪီးကို လမ္းျပေခၚေဆာင္လာေလ၏... ထိုအမ်ိဳးသားဟာ ငယ္ရြယ္ၿပီး လူအမ်ားလယ္တြင္ ေျပာဆိုဆက္ဆံေရး ညံ့ဖ်င္းမည့္ပံုစံပင္... သူ႔ရဲ့မ်က္ႏွာမွာ ျပတ္သားသည့္ပံုစံရိွေသာ္ျငား ၿပံဳးလိုက္လ်ွင္ အက်င့္စရိုက္မေကာင္းသည့္အေပ်ာ္အျပတ္သမားတစ္ၪီးႏွင့္ တူသည္ဟု ရီက်န္းက ေတြးေနေလတယ္... ထိုအမ်ိဳးသားဟာ သူ႔ေဘးမွလူတို႔ကို သိပ္အေရးမလုပ္တတ္သည့္ပံုစံရိွၿပီး သူ႔ကို ၾကည့္လိုက္သည့္ႏွင့္ ဇိမ္ခံပစၥည္းမ်ိဳးစံုျဖင့္ ေနေနရသူ၏လကၡဏာမ်ိဳးရိွေနေပသည္... ဒါေတြ အားလံုးဟာ ရီက်န္း ေတြးေနသည့္အရာမ်ားပင္...
ရီက်န္းက ထိုအမ်ိဳးသားကို ေျပာဆိုဆက္ဆံေရးညံ့ဖ်င္းသူဟု ေတြးေနေသာ္လည္း အမွန္ေတာ့ ထိုအမ်ိဳးသားဟာ အေတြ့အႀကံဳမ်ားသည့္လူလိမ္လူေကာက္တစ္ေယာက္သာျဖစ္ေလသည္...
ဝတၴုထဲတြင္ လုေပရႊမ္း ဆိုးဝါးစြာ အဆံုးသတ္သြားရျခင္းသည္ ဇာတ္လိုက္ လင္းက်န္တစ္ေယာက္ထဲေၾကာင့္ မဟုတ္ေပ... ယခုလုေပရႊမ္းဆီသို႔ ေလ်ွာက္လာေနေသာအမ်ိဳးသားေၾကာင့္လည္းပါ၏...လုေပရြမ္းဟာ သူ႔ၪီးေလးကို အလြန္ယံုၾကည္ခဲ့ရံုတင္မကဘဲ သူ႔ၪီးေလး ခ်ထားခဲ့ေသာေထာင္ေခ်ာက္ထဲသို႔ ဆံုးဆံုးနစ္သြားခဲ့တာေၾကာင့္ ဝတၴုထဲတြင္ လုေပရႊမ္းဟာ အဆိုးဝါးဆံုး အဆံုးသတ္ခဲ့ရျခင္းျဖစ္ေလတယ္...
" သူက ကိုယ့္ၪီးေလးေလ... ကိုယ္တို႔ႏွစ္ေယာက္ ငယ္ငယ္တုန္းက တူတူျပန္ေပးဆြဲခံခဲ့ရတာ... ၿပီးေတာ့ သူကပဲ ကိုယ့္ကို ရေအာင္ ျပန္ကယ္ခဲ့တာ... " လုေပရႊမ္းဟာ သူတို႔ႏွစ္ၪီးနားသို႔ သူ႔ၪီးေလးျဖစ္သူ မေရာက္ေသးခင္၌ ရီက်န္းကို ထိုသို႔အရင္ေျပာျပထားလိုက္၏...
ထိုအခါ ရီက်န္းဟာ လုေပရႊမ္းရဲ့လက္ကို ခ်ိတ္လိုက္ရင္း ခပ္တိုးတိုးျပန္ေျပာလိုက္ေလသည္... " သူက ရွင့္ကို ကယ္ခဲ့တယ္ဆိုတာ ေသခ်ာလို႔လား "
လုေပရႊမ္းဟာ ရီက်န္းရဲ့စကားကို နားမလည္တာေၾကာင့္ သူမကို လွၫ့္ၾကည့္လိုက္ေခ်တယ္...
ရီက်န္းသည္ သူမကို သေဘာထားေသးသိမ္တဲ့မိန္းမလို႔ မျမင္ေစခ်င္တာေၾကာင့္ စကားလံုး ေသခ်ာေရြးခ်ယ္ကာ ထပ္ေျပာေလ၏...
" ရွင္တို႔က ငယ္ငယ္ေလးပဲရိွေသးတယ္လို႔ ရွင္ပဲေျပာတာေလ... ရွင္တို႔ႏွစ္ေယာက္လံုးက ကေလးေတြပဲရိွေသးတယ္ဆိုရင္ သူက ရွင့္ကို ဘယ္လိုကယ္လိုက္တာလဲ... "
လုေပရႊမ္းဟာ ရီက်န္း ဆိုလိုခ်င္သည္ကို သေဘာေပါက္သြားတာေၾကာင့္ " စိတ္မပူပါနဲ႔... သူက လူေကာင္းပါ... သူက စကားေျပာအရမ္းေျပျပစ္ေတာ့ တစ္ခါတစ္ရံ သူ႔ကို လူေတာ္ေတာ္မ်ားမ်ားက လူလိမ္လို႔ ထင္တတ္ၾကေသးတယ္... ေနာက္ပိုင္း သူနဲ႔ စကားေျပာရင္း နားလည္လာပါလိမ့္မယ္... လာ... ကိုယ့္ မင္းကို သူနဲ႔မိတ္ဆက္ေပးမယ္... "
ထိုသို႔ေျပာၿပီးေနာက္တြင္ သူေတြ့လိုက္ရေသာျမင္ကြင္းေၾကာင့္ လုေပရႊမ္းဟာ သူ႔ပါးသူျပန္ရိုက္လိုက္သည့္ခံစားခ်က္မ်ိဳး ခံစားလိုက္ရေလတယ္...
လုေပရႊမ္းသည္ သူကိုယ္တိုင္ လူေကာင္းပါဟု ေထာက္ခံထားေသာသူ႔ၪီးေလး၏ေနာက္တြင္ လင္းက်န္ကို ေတြ့လိုက္ေသာေၾကာင့္ပင္...
လုေပရႊမ္းဟာ သူ႔ၪီးေလးႏွင့္အတူပါလာေသာလင္းက်န္ကို စိုက္ၾကည့္ေနခဲ့ေခ်သည္...
ထိုအမ်ိဳးသားႏွစ္ၪီးက လုေပရႊမ္းဆီသို႔ ေရာက္လာခဲ့ၿပီးေနာက္ ပထမဆံုးလုပ္လိုက္သည့္လႈပ္ရွားမႈဟာ လုေပရႊမ္းကို ႏႈတ္ဆက္ျခင္း မဟုတ္ခဲ့ေခ်... ထိုသို႔ႏႈတ္ဆက္မည့္အစား လုေပရႊမ္းေဘးမွ ရီက်န္းကို ၾကည့္ရင္း " ကြၽန္ေတာ္ထင္တာ မမွားရင္ ေပရႊမ္းဇနီး ဟုတ္တယ္မလား... " ထိုသို႔ေျပာကာ သူ႔မ်က္လံုးတို႔က်ဥ္းေျမာင္းသြားက ႏႈတ္ခမ္းပါးက ေကြးတက္သြားခဲ့ၿပီး ၿပံဳးလိုက္ေခ်၏...
" ဒါက ကြၽန္ေတာ္တို႔ ပထမဆံုးေတြ့တာဆိုေတာ့ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ မိတ္ဆက္ပါ့မယ္... ကြၽန္ေတာ့္နာမည္က လုေရွာင္ယန္ပါ... လုေရွာင္ယန္က နာမည္အရင္းေပါ့ေလ... အဲ့နာမည္ကို ေခၚရတာအဆင္မေျပရင္ ဝူရန္က်ူးလို႔ေခၚပါ..."
❣️❣️❣️❣️❣️❣️❣️❣️
Unicode
Chapter 148
{ ဝူရန်ကျူး - ၂ }
" ကျွန်မကို ဘယ်သူပြောပြတယ်ဆိုတာက အရေးမကြီးပါဘူး... မစ္စရီ...ကိုယ့်မပိုင်ဆိုင်တဲ့အရာတစ်ခုကို တမ်းတမ်းစွဲဖြစ်နေတာ မကောင်းဘူးနော်... "
ရီကျန်းသည် ရှန်ဝေ့ရင်းပြောသမျှကို သိပ်အာရုံမထားချေ... သူမဟာ ရှန်ဝေ့ရင်းရှေ့တွင် သူမလက်ထဲမှ ကတ်ကြေးလေးကို လှည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ကာ " ဟုတ်တာပေါ့... လူတွေက ကိုယ်မပိုင်ဆိုင်နိုင်အရာတစ်ခုကို တမ်းတမ်းစွဲ ဖြစ်မနေသင့်ဘူး... မစ္စရှန်က အဲ့စကားရဲ့အဓိပ္ပါယ်ကို နားလည်တယ်ဆိုရင် အခု မစ္စရှန်ဝတ်ထားတဲ့ ကျွန်မရဲ့ဂါဝန်ကို ပြန်ပေးသင့်ပြီနော်... အဲ့ဂါဝန်ကမစ္စရှန်ရဲ့ဂါဝန် မဟုတ်ဘူးလေ... ပြီးတော့ ဂါဝန်က စုတ်ပြတ်နေတော့ လွှင့်ပစ်သင့်နေပြီ... "
ထိုသို့ပြောပြီးနောက်တွင် ရီကျန်းဟာ ရှန်ဝေ့ရင်းရဲ့ဖြူစုတ်နေသောမျက်နှာကို ပြန်စိုက်ကြည့်လိုက်လေတယ်...
ရှန်ဝေ့ရင်းသည်လည်း သူမက ရီကျန်းက လျော့တွက်မိသွားခြင်းကို အနည်းငယ်နောင်တရသွားခဲ့ပေသည်...
ရီကျန်းသည် အခန်းထဲမှ အရင်ထွက်လာခဲ့ပြီး အောက်ထပ်သို့ဆင်းလာခဲ့ချေ၏... ထိုချိန်တွင် လုပေရွှမ်းက ရီကျန်းနားသို့ ရောက်လာခဲ့တယ်... ပြီးနောက်တွင် သူမလက်ကို ဆုပ်ကိုင်လိုက်ကာ နား,နားသို့ကပ်၍ ခပ်တိုးတိုးမေးလိုက်ပေသည်...
" ဘာဖြစ်လာတာလဲ "
" ဥက္ကဌလု... ရှင့်ကို လာပိုးပန်းတဲ့သူတွေက များလွန်းတယ်နော်... တော်တော်လေးလည်း ဇွဲကောင်းကြတယ်... ကျွန်မက ရှင့်နားကနေ တစ်ယောက်ကို ဖယ်ထုတ်လိုက်ရုံရှိသေး... အခုနောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီ... သူတို့အားလုံးက မစ္စလုနေရာကို မရမချင်း လက်လျော့ကြမယ့်ပုံ မပေါ်ဘူး... "
လုပေရွှမ်းသည် ရီကျန်းရဲ့စကားကို နားမလည်တာကြောင့် အနည်းငယ် မျက်မှောင်ကျုံ့မိသွားလေတယ်... စက္ကန့်ပိုင်းအကြာတွင် သူတို့လင်မယားနှစ်ယောက်ရဲ့အခန်းထဲမှ ထွက်သော ရှန်ဝေ့ရင်းကို တွေ့လိုက်တဲ့အခါ လုပေရွှမ်းရဲ့မျက်ဝန်းတို့မှ မီးတောက်တစ်ခု ဖြတ်ပြေးသွားချေ၏...
" ကိုယ် သဘောပေါက်ပြီ... အခုလို ကိုယ့်ကို ကြိုးစား ကာကွယ်ပေးလို့ ကျေးဇူးပါ... "
ထိုသို့ဆိုပြီးနောက်တွင် လုပေရွှမ်းသည် ရီကျန်းရဲ့လက်ကို လွှတ်ပေးလိုက်ပြီး ရှန်ဝေ့ရင်းရှိရာဘက်သို့ ထွက်သွားတော့သည်... လုပေရွှမ်းက ရှန်ဝေ့ရင်းနှင့် ခေတ္တာမျှစကားပြောပြီးချိန်တွင် ရှန်ဝေ့ရင်းရဲ့မျက်နှာဟာ သိသိသာသာပျက်ယွင်းလာခဲ့လေတယ်... သို့သော် သူမဘေးတွင် ဧည့်သည်များစွာရှိနေသေးတာကြောင့် သူမဟာ လုပ်ပြုံးတစ်ခု ပြုံးထားရပေ၏...
လင်မယားနှစ်ယောက်ကြားထဲသို့ နောက်ထပ်မိန်းမတစ်ယောက် ဝင်ဖို့ကြိုးစားလာတာက အရေးမကြီးပေ... တကယ်အရေးကြီးသည်က ယောကျ်ားဖြစ်သူက သူ့အား လာစနိုက်ချင်သည့်မိန်းမကို ဘယ်လိုပြန်တုန့်ပြန်မည်ဆိုတာပင်...
ရီကျန်းသည် သူမနှင့် မလှမ်းမကမ်းတွင် ရှိသောလုပေရွှမ်းနှင့်ရှန်ဝေ့ရင်းတို့ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီးနောက် အကြည့်ကို ချက်ချင်းပြန်လွှဲလိုက်ပေသည်... သူမသည် လက်ရှိတွင် လုပေရွှမ်းအတွက် စိတ်ပူစရာ မလိုသေးသည်ကို သူမ သိနေပြီးသားဖြစ်လေတယ်...
" ကျန်းကျန်း... ပြန်လာပြီပဲ " အမေလုက ထိုသို့စကားချီလိုက်ကာ ရီကျန်း၏နောက်သို့ လှမ်းကြည့်လိုက်ပြီး " ဝေ့ရင်းရော?? "
ရီကျန်းက ပြန်မဖြေခင်တွင် လုပေရွှမ်းက သူမရဲ့ခါးကို ပွေ့ဖက်လိုက်ရင်း " မစ္စရှန်က နေသိပ်မကောင်းချင်လို့ အိမ်စောစောပြန်သွားပါပြီ... "
အမေလုသည် ရှန်ဝေ့ရင်း ထိုသို့အမြန်ပြန်သွားခြင်းကို အံ့သြသွားသော်လည်း ဘာမျှထပ်မမေးတော့ပေ...
" Aww အဲ့လိုလား... ထားပါတော့လေ... သားပေရွှမ်း... သခင်ကြီးရှန်ဆီသွားပြီး နှုတ်ဆက်လိုက်ပါအုံး... အမေတို့က ဧည့်ဝတ်ကျေဖို့ လိုအပ်သွားရင် စိတ်ထဲမထားပါနဲ့လို့ "
လုပေရွှမ်းဟာ သူ့အမေကို ခေါင်းညိမ့်ပြပြီးနောက် သခင်ကြီးရှန်ဆီ ထွက်မလာခင် ရီကျန်းကို တစ်ခုခုကို တီးတိုးပြောလိုက်သေးသည်...
~~~~~~~~~~~~~~~~
တစ်ဖက်တွင်တော့ သခင်ကြီးရှန်ဟာ အဖိုးလုနှင့် စကားလက်ဆုံကျလို့နေလေတယ်... ထိုချိန်တွင် လုပေရွှမ်းဆီမှ စကားကို ကြားလိုက်တဲ့အခါ သခင်ကြီးရှန်ဟာ ချက်ချင်းထရပ်လိုက်လေ၏...
ထိုအပြုအမူကြောင့် အဖိုးလုဟာ အနည်းငယ်မျက်မှောင်ကျုံ့မိသွားပြီး " မင်းရဲ့မြေးမက အသက်၂၀ကျော်နေပြီလေ... ဘာလို့ အဲ့လောက်တောင် စိတ်ပူနေရတာလဲ "
အဖိုးလုရဲ့စကားကို သခင်ကြီးရှန်က " ကျုပ် တစ်ချက်လောက် သွားကြည့်လိုက်ပါအုံးမယ်ဗျာ " ပြုံးလျက်ဆိုလိုက်လေသည်...
သခင်ကြီးရှန်မှာလည်း အဖိုးလုကဲ့သို့ အိုမင်းဖြစ်သော်ငြား လုပေရွှမ်းဟာ ကူတွဲပေးဖို့ စိတ်မဝင်စားချေ... သူဟာ အနီးနားရှိ အစေခံတစ်ယောက်ကို ခေါ်လိုက်ပြီး သခင်ကြီးရှန်အား ကားပါကင်သို့ လိုက်ပို့ပေးရန်သာ ခိုင်းလိုက်၏...
ရှန်ဝေ့ရင်းသည် ကားထဲတွင် သုန်မှုန်စွာ ထိုင်နေလေတယ်... သူမသည် လူတော်တော်များများ၏စိတ်ကူးထဲမှချစ်သူမိန်းကလေးပုံစံအဖြစ်ရှိနေခဲ့တာကြောင့် လူလယ်တွင် သရုပ်ပျက်သွား၍ မဖြစ်ပေ...
သခင်ကြီးရှန်တစ်ယောက် ကားထဲသို့ ဝင်လိုက်ချိန်၌ ရှန်ဝေ့ရင်းရဲ့မျက်လုံးတို့နီမြန်းနေခြင်းကို မြင်လိုက်တာကြောင့် " ဘာဖြစ်တာလဲ... အဖိုးရဲ့မြေးကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ... အဖိုးကိုပြော... "
ထိုအခါ ရှန်ဝေ့ရင်းဟာ သူမ အဖိုးရဲ့ဆန့်ကျင်ဘက်ကို လှည့်လိုက်ကာ မျက်ရည်တို့ကို သုတ်လိုက်လေတယ်... ပြီးနောက်တွင် အားခဲကာ ပြုံးလိုက်ရင်း "ဘာမှမဖြစ်ပါဘူး အဖိုး... "
" ဘာမှမဖြစ်ဘူးဆိုရင် ဘာလို့အခုလိုပုံစံဖြစ်နေရတာလဲ... အဖိုးကိုပြော... ဘယ်သူအနိုင်ကျင့်လိုက်တာလဲ... ပေရွှမ်းလား...ဘယ်သူလဲ... "
ရှန်တို့ဟာ လုတို့လို မိသားစုဝင်များများစားစား မရှိချေ... မျိုးဆက်၃ဆက်လုံးတွင် ကလေးတစ်ယောက်သာ ရှိလေသည်... ဒါကြောင့်လည်း ရှန်ဝေ့ရင်းဟာ ညီအစ်ကိုမောင်နှမဟူ၍ မရှိပေ... သူမသည် သူမကို တယုတယထားကြသောလူများကြားတွေသာ ကြီးပြင်းခဲ့ကြလေတယ်...
သခင်ကြီးရှန်ဟာ သက်ပြင်းတစ်ချက်ချလိုက်ပြီး " အဖိုးက မြေးကို အရမ်းခက်ခဲတာ လုပ်ခိုင်းမိလို့လား... "
ရှန်ဝေ့ရင်းက တိတ်ဆိတ်နေဆဲပင်...
" အဖိုးက မြေးကို ခက်ခဲတာခိုင်းမိတယ်ဆိုတာ အဖိုးသိပါတယ်... မြေးမှာသာ ညီအစ်ကိုမောင်နှမ ရှိရင် အဖိုးတို့ ဒီလိုခက်ခဲမှာ မဟုတ်ဘူးကွယ်... "
သခင်ကြီးရှန်ရဲ့ဝမ်းနည်းသံကြီးကို ကြားလိုက်ရချိန်မှာတော့ ရှန်ဝေ့ရင်းဟာ သူမကိုယ်သူမ အားခဲကာ ပြုံးလိုက်ရင်း " အဖိုး စိတ်မပူပါနဲ့... သမီး နည်းလမ်းရှာကြည့်ပါ့မယ်... "
" ဝေ့ရင်း... အဖိုး တောင်းပန်ပါတယ်...လုတွေရဲ့လုပ်ပိုင်ခွင့်က လုပေရွှမ်းဆီမှာသာ မရှိဘူးဆိုရင် အဖိုးက မြေးကို လုပေရွှမ်းနားကို ကပ်ခိုင်းမှာ မဟုတ်ပါဘူးကွယ်... "
ရှန်ဝေ့ရင်းသည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး " စိတ်မပူပါနဲ့... သမီး ကြိုးစားပြီးအဖြေရှာကြည့်လိုက်ပါ့မယ်..."
ထိုအခါ သခင်ကြီးရှန်ဟာ သူ့သစ်သားလက်ထောက်ကို ကျစ်ကျစ်ဆုပ်ထားလိုက်ပြီး ခေါင်းညိမ့်ပြလိုက်လေတယ်...
💙💜💙💜💙💜💙💜💙💜
Chapter 149
{ ဝူရန်ကျူး - ၃ }
ဧည့်သည်များဟာ လုဗီလာထဲသို့ ဝင်လိုက်ထွက်လိုက်ဖြင့် အလုပ်ရှုပ်လို့နေလေသည်... ဂုဏ်ပြုစကားသံတို့မှာလည်း မရပ်တံ့သေးချေ... ထိုချိန်တွင် အဖိုးလုဆီသို့ အိမ်တော်ထိန်းအိုကြီးရောက်လာပြီး တစ်ခုခုကို ခပ်တိုးတိုးလာပြောလေ၏...
" သခင်ကြီး... သူ ပြန်ရောက်ပါပြီ... "
အိမ်တော်ထိန်းအိုကြီးပြောလိုက်သည်က စကားလုံးအချို့သာ ဖြစ်သော်လည်း အဖိုးလုဟာ ရုတ်တရက် ထရပ်လိုက်ကာ စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်လေတယ်...
" အဲ့လူလိမ်ကောင် ပြန်ရောက်ပြီပေါ့လေ... "
" ဟုတ်ပါတယ်... ဗီလာအပြင်မှာ ရောက်နေပါပြီ... သခင်ကြီးက သူ့ကို ရိုက်မှာစိုးလို့ မဝင်ရဲလို့ပါတဲ့... " ထိုအခါ အဖိုးလုက သရော်ပြုံး ပြုံးလိုက်ရင်း " အဲ့လူလိမ်ကောင်က ဒါကိုတော့ ကြောက်တယ်ပေါ့ "
အိမ်တော်ထိန်းအိုကြီးသည် သူ့သခင်ကြီးလုက နစ်နာစေလိုသောရည်ရွယ်ချက်ဖြင့် ပြောခြင်း မဟုတ်မှန်းသိတာကြောင့် ပြုံးသာပြုံးကြလိုက်ပြီး ဘာမျှဝင်မပြောချေ...
အဖိုးလုက ထိုသို့ပြောပြီးနောက် ပြန်ထိုင်လိုက်ကာ အသံအနည်းငယ်မြှင့်လိုက်ပြီး " ပေရွှမ်း... မင်းရဲ့ဦးလေးကို သွားခေါ်လိုက်... ငါအဲ့ကောင်ကို ကောင်းကောင်းဆုံးမမှရတော့မယ်... "
အသံမြှင့်ပြောလိုက်သော်ငြား အဖိုးလုရဲ့မျက်နှာတွင် ဒေါသထွက်နေသည့်ပုံစံ ရှိမနေချေ...
လုပေရွှမ်းရဲ့မျက်နှာပေါ်မှတင်းမာမှုတို့သည်လည်း ပြေလျော့သွားခဲ့ကာ ပြုံးရိပ်သန်းလာခဲ့လေတယ်... " ဟုတ်... ကျွန်တော် သွားခေါ်လိုက်ပါ့မယ် အဖိုး "
အဖိုးလုက အသံမြှင့်ပြောလိုက်တာကြောင့် ခန်းမရဲ့တစ်ဖက်တွင် ရှိနေသောရီကျန်းသည်လည်း ကြားသွားခဲ့လေသည်... ရီကျန်းဟာ အမေလုနားသို့ တိုးကပ်လိုက်ပြီး " အမေ... သူက ဘယ်သူလဲဟင်... " ထိုအခါ အမေလုဟာ ရီကျန်းအား ခပ်တိုးတိုး ပြန်ဖြေလေတယ်... " ပေရွှမ်းရဲ့ဦးလေးလေ... သမီးလည်း သူ့ကို သွားတွေ့သင့်တယ်..."
အဖိုးလုသည် ၃ကြိမ်လက်ထပ်ခဲ့တာကြောင့် လုရှောင်ရန်(လုပေရွှမ်းရဲ့အဖေ)တွင် အဖေတူအမေကွဲများစွာရှိနေပေတယ်... ယခုရောက်လာသောသူသည် လုပေရွှမ်းရဲ့ဦးလေးဖြစ်ပြီး လုရှောင်ရန်ကဲ့သို့ အဖိုးလုရဲ့အသိအမှတ်ပြုခြင်းများစွာ ရရှိခဲ့သူတစ်ဦးပင်...
လုရှောင်ရန်ဟာ အဖိုးလုပထမဇနီးရဲ့သားဖြစ်ပြီး အဖိုးလုသည် သူ့ပထမဆုံးသားကို ချစ်မေတ္တာနှင့် အလိုလိုက်မှုတို့ ရှိခဲ့ပေသည်... ယခုရောက်လာသောအမျိုးသားကတော့ အဖိုးလုအနည်းငယ်နှစ်သက်ခဲ့သောတတိယဇနီး၏သားဖြစ်လေတယ်...
ရီကျန်းသည် လုပေရွှမ်းနားသို့ လျှောက်သွားခဲ့လေသည်... လုပေရွှမ်းက ရှေ့ဂိတ်ဝကို မျှော်လင့်ခြင်းကြီးစွာ ငေးကြည့်နေသည်ကို မြင်တဲ့အခါ သူမဟာ အနည်းငယ် မျက်မှောင်ကျုံ့မိသွားချေတယ်...
သိပ်မကြာလိုက်ခင်မှာပဲ အိမ်တော်ထိန်းအိုကြီးဟာ အမျိုးသားငယ်တစ်ဦးကို လမ်းပြခေါ်ဆောင်လာလေ၏... ထိုအမျိုးသားဟာ ငယ်ရွယ်ပြီး လူအများလယ်တွင် ပြောဆိုဆက်ဆံရေး ညံ့ဖျင်းမည့်ပုံစံပင်... သူ့ရဲ့မျက်နှာမှာ ပြတ်သားသည့်ပုံစံရှိသော်ငြား ပြုံးလိုက်လျှင် အကျင့်စရိုက်မကောင်းသည့်အပျော်အပြတ်သမားတစ်ဦးနှင့် တူသည်ဟု ရီကျန်းက တွေးနေလေတယ်... ထိုအမျိုးသားဟာ သူ့ဘေးမှလူတို့ကို သိပ်အရေးမလုပ်တတ်သည့်ပုံစံရှိပြီး သူ့ကို ကြည့်လိုက်သည့်နှင့် ဇိမ်ခံပစ္စည်းမျိုးစုံဖြင့် နေနေရသူ၏လက္ခဏာမျိုးရှိနေပေသည်... ဒါတွေ အားလုံးဟာ ရီကျန်း တွေးနေသည့်အရာများပင်...
ရီကျန်းက ထိုအမျိုးသားကို ပြောဆိုဆက်ဆံရေးညံ့ဖျင်းသူဟု တွေးနေသော်လည်း အမှန်တော့ ထိုအမျိုးသားဟာ အတွေ့အကြုံများသည့်လူလိမ်လူကောက်တစ်ယောက်သာဖြစ်လေသည်...
ဝတ္ထုထဲတွင် လုပေရွှမ်း ဆိုးဝါးစွာ အဆုံးသတ်သွားရခြင်းသည် ဇာတ်လိုက် လင်းကျန်တစ်ယောက်ထဲကြောင့် မဟုတ်ပေ... ယခုလုပေရွှမ်းဆီသို့ လျှောက်လာနေသောအမျိုးသားကြောင့်လည်းပါ၏...လုပေရွမ်းဟာ သူ့ဦးလေးကို အလွန်ယုံကြည်ခဲ့ရုံတင်မကဘဲ သူ့ဦးလေး ချထားခဲ့သောထောင်ချောက်ထဲသို့ ဆုံးဆုံးနစ်သွားခဲ့တာကြောင့် ဝတ္ထုထဲတွင် လုပေရွှမ်းဟာ အဆိုးဝါးဆုံး အဆုံးသတ်ခဲ့ရခြင်းဖြစ်လေတယ်...
" သူက ကိုယ့်ဦးလေးလေ... ကိုယ်တို့နှစ်ယောက် ငယ်ငယ်တုန်းက တူတူပြန်ပေးဆွဲခံခဲ့ရတာ... ပြီးတော့ သူကပဲ ကိုယ့်ကို ရအောင် ပြန်ကယ်ခဲ့တာ... " လုပေရွှမ်းဟာ သူတို့နှစ်ဦးနားသို့ သူ့ဦးလေးဖြစ်သူ မရောက်သေးခင်၌ ရီကျန်းကို ထိုသို့အရင်ပြောပြထားလိုက်၏...
ထိုအခါ ရီကျန်းဟာ လုပေရွှမ်းရဲ့လက်ကို ချိတ်လိုက်ရင်း ခပ်တိုးတိုးပြန်ပြောလိုက်လေသည်... " သူက ရှင့်ကို ကယ်ခဲ့တယ်ဆိုတာ သေချာလို့လား "
လုပေရွှမ်းဟာ ရီကျန်းရဲ့စကားကို နားမလည်တာကြောင့် သူမကို လှည့်ကြည့်လိုက်ချေတယ်...
ရီကျန်းသည် သူမကို သဘောထားသေးသိမ်တဲ့မိန်းမလို့ မမြင်စေချင်တာကြောင့် စကားလုံး သေချာရွေးချယ်ကာ ထပ်ပြောလေ၏...
" ရှင်တို့က ငယ်ငယ်လေးပဲရှိသေးတယ်လို့ ရှင်ပဲပြောတာလေ... ရှင်တို့နှစ်ယောက်လုံးက ကလေးတွေပဲရှိသေးတယ်ဆိုရင် သူက ရှင့်ကို ဘယ်လိုကယ်လိုက်တာလဲ... "
လုပေရွှမ်းဟာ ရီကျန်း ဆိုလိုချင်သည်ကို သဘောပေါက်သွားတာကြောင့် " စိတ်မပူပါနဲ့... သူက လူကောင်းပါ... သူက စကားပြောအရမ်းပြေပြစ်တော့ တစ်ခါတစ်ရံ သူ့ကို လူတော်တော်များများက လူလိမ်လို့ ထင်တတ်ကြသေးတယ်... နောက်ပိုင်း သူနဲ့ စကားပြောရင်း နားလည်လာပါလိမ့်မယ်... လာ... ကိုယ့် မင်းကို သူနဲ့မိတ်ဆက်ပေးမယ်... "
ထိုသို့ပြောပြီးနောက်တွင် သူတွေ့လိုက်ရသောမြင်ကွင်းကြောင့် လုပေရွှမ်းဟာ သူ့ပါးသူပြန်ရိုက်လိုက်သည့်ခံစားချက်မျိုး ခံစားလိုက်ရလေတယ်...
လုပေရွှမ်းသည် သူကိုယ်တိုင် လူကောင်းပါဟု ထောက်ခံထားသောသူ့ဦးလေး၏နောက်တွင် လင်းကျန်ကို တွေ့လိုက်သောကြောင့်ပင်...
လုပေရွှမ်းဟာ သူ့ဦးလေးနှင့်အတူပါလာသောလင်းကျန်ကို စိုက်ကြည့်နေခဲ့ချေသည်...
ထိုအမျိုးသားနှစ်ဦးက လုပေရွှမ်းဆီသို့ ရောက်လာခဲ့ပြီးနောက် ပထမဆုံးလုပ်လိုက်သည့်လှုပ်ရှားမှုဟာ လုပေရွှမ်းကို နှုတ်ဆက်ခြင်း မဟုတ်ခဲ့ချေ... ထိုသို့နှုတ်ဆက်မည့်အစား လုပေရွှမ်းဘေးမှ ရီကျန်းကို ကြည့်ရင်း " ကျွန်တော်ထင်တာ မမှားရင် ပေရွှမ်းဇနီး ဟုတ်တယ်မလား... " ထိုသို့ပြောကာ သူ့မျက်လုံးတို့ကျဥ်းမြောင်းသွားက နှုတ်ခမ်းပါးက ကွေးတက်သွားခဲ့ပြီး ပြုံးလိုက်ချေ၏...
" ဒါက ကျွန်တော်တို့ ပထမဆုံးတွေ့တာဆိုတော့ ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါ့မယ်... ကျွန်တော့်နာမည်က လုရှောင်ယန်ပါ... လုရှောင်ယန်က နာမည်အရင်းပေါ့လေ... အဲ့နာမည်ကို ခေါ်ရတာအဆင်မပြေရင် ဝူရန်ကျူးလို့ခေါ်ပါ..."
❣️❣️❣️❣️❣️❣️❣️❣️