ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...
By pngon677
264K 24.4K 676
..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More
Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP4(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)
EP5(U+Z)
3.1K 402 17
By pngon677
..EP5 သစ်ခွပန်းအိုးလေး
..သို့သော် သူ့အနားမှာလဲလျောင်းနေသည့်သူကပင်သူ့အား သေခြင်းတရားကို တွန်းလှန်ဖို့
သတ္တိတွေပေးခဲ့သည်။
သူသည် ကျန်းဝမ်ရွှီ၏ လျစ်လျူရှုမှုများကြောင့်အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရသော်လည်းသူတို့နှစ်ယောက် ယခင်လိုအဆင်ပြန်ပြေနိုင်ဦးမလားဆိုသည့်စိတ်နှင့်သူအသက်ရှင်နေထိုင်ဖိူ့ကြိုးစားနေခဲ့သည်။
ထိုအရာကို ချစ်ခြင်းမေတ္တာ ဟုခေါ်ပြီး
မင်းကိူ ထိခိုက်နာကျင်စေနိုင်ပေသည်
သို့သော် ထိုချစ်ခြင်းမေတ္တာကပင်
မင်းရဲ့စိတ်ကိုကယ်တင်နိုင်ပြီး
ရဲစွမ်းသတ္တိကိုလည်း ပေးနိုင်လေသည်။
ဟယ်ကျစ်ရှုသည် ငယ်စဉ်ထဲကပင်
လူချစ်လူခင်ပေါများခဲ့သည်။
သူသည်စာအလွန်တော်သောကြောင့်
ကောင်းမွန်သောပညာရေးဆိုင်ရာ
မှတ်တမ်းများ စွာရရှိခဲ့သည်။
နူးညံ့သိမ်မွေ့ပြီး ချောမောသောအသွင်ကို
ရရှိထားပြီး သူ၏ တောက်ပသောမျက်လုံးလေးများသည်မိန်းကလေးများစွာကို
ဆွဲဆောင်နိုင်ခဲ့သည်။သူကျောင်းသားဘဝတုန်းကပင်မိန်းကလေးများစွာက သူ၏ ပတ်လည်မှာရှိလျက်သိမ်မွေ့ချောမောသောသူ့ပုံစံကိုသဘောကျခဲ့ကြသည်။
သူသည် စာအလွန်တော်ခဲ့သော်လည်း
တက္ကသိုလ်ဆက်မတက်ခဲ့ဘဲအဲဒီအစား
ဇာတိမြို့မှထွက်ခွာကာ ကျန်းဝမ်ရွှီနောက်သို့ လိုက်၍အတူနေထိုင်ခဲ့ကြသည်။
သူအလုပ်လုပ်ချိန်တွင် သူဌေးသမီးများ
ချမ်းသာကြွယ်ဝသောအမျိုးသားများ၊
ယောကျ်ားလေးများနှင့်မိန်းကလေးများအပါအဝင်များစွာသောသူများက
သူ့အားသဘောကျပြီးကမ်းလှမ်းခဲ့ကြသည်။
သို့သော်သူသည် သစ္စာမဖောက်ခဲ့ဘဲ
ကျန်းဝမ်ရွှီအပေါ်ထားသောသူ၏ ချစ်မြတ်နိုးစိတ်များသည်မပြောင်းမလဲဆက်လက်တည်ရှိလျက် ကျန်းဝမ်ရွှီတစ်ယောက်တည်းကိုသာရွေးချယ်ခဲ့သည်။
သူသည်တစ်ချိန်က သူတိူ့၏ စီးပွားရေးလုပ်ငန်းအတွက်သေလုနီးပါးသောက်ခဲ့သည်။စီးပွားရေးပါတနာများနှင့်
အတူတူအိပ်လျှင်မျှပင် သူ၏ ရည်ရွယ်ချက်များကိုအလွယ်တကူရရှိနိုင်ကြောင်း သိခဲ့သော်လည်းသူသည်ကျန်း၏နောက်ကွယ်၌
ဘယ်တော့မှ မဖောက်ပြန်ခဲ့ပေ။
ထိုအချိန်တွင် ကျန်းမှာ အလုပ်တွေစိတ်ဖိစီးမှုများအလွန်များနေပြီး စိတ်ဓာတ်ကျနေချိန်ဖြစ်သောကြောင့်ကျန်းသည်ကျစ်ရှုအား
လိင်ဆက်ဆံစဉ်တွင်တောင်အမြဲကြမ်းတမ်းစွာဆက်ခံခဲ့သည်။ကျစ်ရှု၏ စိတ်အခြေအနေ
အနေအထားမည်သို့ သက်သာမည်ကို စိုးစဉ်းမျှပင် မတွေးပေးခဲ့ပေ။
ထို့နောက်တွင် သူတိူ့၏ ကုမ္ပဏီ သည် တိုးတက်လာပြီးဈေးကွက်အတွင်းတွင်
ခြေကုပ်ယူနိုင်လာခဲ့သည်။
ကျစ်ရှုကိုလည်း တဖြေးဖြေး
လျစ်လျူူရှုခဲ့သည်။နောက်ပိုင်းတွင်
ကျန်းဝမ်ရွှီသည် ကျစ်ရှုအားအိမ်မှာဘဲ
နေစေလျက်ပြင်ပလူများသူငယ်ချင်းများနှင့်ဆက်သွယ်ခွင့်ကိုပိတ်ပင်ကာလူအများကြားထုတ်ဖော်ပြခြင်းကိုပင်မပြုလာတော့ပေ။သူတိူ့နှစ်ယောက်၏ ဝေးကွာမှုများသည်တစတစ ပိုမိုပင်ဆိုးဝါးလာကာနောက်ဆူံး၌ကျစ်ရှုနှင့်ပင်ရင်းနှီးသောလိင်ဆက်ဆံမှုမှာ
မရှိသလောက်ဖြစ်လာခဲ့လေသည်။
ဟယ်ကျစ်ရှုသည် အိပ်ရာမှတိတ််ဆိတ်စွာ
ထလျက် ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း ဆေးလိပ်ဘူးထဲမှ စီးကရက်
တစ်လိပ်ကို ထုတ်ကာမီးညှိလိုက်သည်။
သူသည် ငယ်ငယ်တုန်းက ကျန်းမာရေးကိူ
အလွန်တန်ဖိုးထားခဲ့သော်လည်း
ဒီဆယ်စုနှစ်အတွင်းတွင် အရက်
ဆေးလိပ်သောက်ခြင်းများကြောင့်
သူ့ကျန်းမာရေးမှာယခုကဲ့သို့ယိုယွင်းလာသည်လည်းဖြစ်ချေမည်။
သူသည် ကျန်းဝမ်ရွှီအတွက် အရာရာကို
ပေးဆပ်ခဲ့သည်။ကျန်းဝမ်ရွှီနှင့်အတူနေချိန်မှစ၍ယခုအချိန်ထိ သူနောင်တလုံးဝမရခဲ့။
သူသည် ကျန်းဝမ်ရွှီအားစိတ်ရောကိုယ်ပါနှစ်၍အကြွင်းမဲ့ချစ်ခဲ့မိပါသည်။
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီကို ၁၄နှစ်ကြာချစ်ခဲ့သည်။ယခုတော့မူ သူ၏ ချစ်ခြင်းမေတ္တာ များသည် သံသယများကြား
တဖြေးဖြေးပျောက်ကွယ်လာခဲ့သည်။
သူသည် ကာလအတော်ကြာစိတ်မသက်မသာဖြစ်ခဲ့သော်လည်း အဆင်ပြေလာမည့်အနာဂတ်တစ်ခုကိုလည်းမျှော်လင့်နေခဲ့ပြန်သည်။အစပိုင်းတွင်မူ သူသည်
ကျန်းဝမ်ရွှီ၏ သစ္စာဖောက်
မှုများကို နက်ရှိုင်းစွာချစ်သောစိတ်ဖြင့်
ခွင့်လွှတ်ပေးခဲ့သော်လည်း၎င်းသည်
ကျန်းဝမ်ရွှီအတွက်မူအလေ့အထတစ်ခုကဲ့သို့ ဖြစ်ကာပိုမိုသာသူ့အပေါ်ဆိုးဝါးလာခဲ့သည်။
ထို့ကြောင့်သူတစ်ခုခုကို ဆုံးဖြတ်မှဖြစ်ပေတော့မည်။သူပြတ်သားရမည်လား။
ထိုသူအားချန်ထားခဲ့ပြီး သူ့ရဲ့လက်ကျန်အချိန်များအားတခြားတစ်နေရာတွင် အေးချမ်းစွာဖြတ်သန်းသင့်သည်
မဟုတ်လား ။သူလုပ်နိုင်ပါ့မလား။ကျန်းဝမ်ရွှီမရှိဘဲသူရပ်တည်နိုင်ပါ့မလား ငေးမောစွာစဉ်းစားနေရင်းစီးကရက်များသာ တလိပ်ပြီးတလိပ် ပြာကျနေလျက်။
ဟယ်ကျစ်ရှုသည် ဆိုဖာပေါ်တွင်ထိုင်လျက်
တမှေးမျှအိပ်ပျော်သွားပြီးနောက်
မနက်စောစောပြန်နိုးလာသည်။နိုးလာချိန်တွင် သူသည်အဖျားတက်နေသည်ကို
သတိထားမိပြီး ဆေးအချို့ကိုအပြေးအလွှားယူကာလက်ဖဝါးထဲသို့ ထည့်ရင်း
ရေနွေးဆူလာချိန်ကို စောင့်နေလိုက်သည်။
!ဘာလို့အစောကြီးထတာလဲ
ငါနိုးလာလာတော့ မင်းအိပ်ယာထဲမှာ
မရှိတော့ စိတ်ထင့်သွားတာ!
ကျန်းဝမ်ရွှီသည် မီးဖိုခန်းတံခါးကိူဖွင့်ရင်း
ကလေးဆန်စွာပြောလာသည်။
ထိုသူ၏ ဆံပင်များမဖြီးရသေးပုံသည်
သူ့အားလက်ရှိအသက်ထက်ပို
ငယ်ရွယ်ပုံရနေလေသည်။
!ငါစောစောထဖို့လေ့ကျင့်နေတာ
ငါမနက်စာဘာမှလုပ်မထားဘူး
အဲ့တော့ မင်းသွားရင်း
အပြင်မှာသာစားလိုက်တော့!
ဟယ်ကျစ်ရှုသည် ရေခွက်ထဲသို့ ရေနွေးပူပူကိုထည့်ရင်းထိုသူ့အားစိတ်မဝင်စားသောအသံဖြင့်ပြောလိုက်သည်။ပြီးနောက်ဆေးလက်တဆုပ်စာအားရေနွေးနှင့်အတူ မျိုချလိုက်သည်။
ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှု၏
မူမမှန်သောစကားသံများနှင့်လျစ်လျူရှုမှုများကြောင့်စိတ်မသက်မသာဖြစ်လျက်ဒေါသများထွက်လာကာဟယ်ကျစ်ရှုဆေးသောက်နေသည်ကိုမြင်နေလျက်နှင့်ပင်
!မင်းကြည့်ရတာဖြူဖျော့နေတယ် ယမင်းဖျားနေတာလား!
ဟုမေးလာသည်။
ဟယ်ကျစ်ရှုကပြုံးပြလျက်
!အအေးမိသွားတာပါ အရမ်းအရေးမကြီးပါဘူးမင်းဒီနေ့ ကုမ္ပဏီ မသွားဘူးလား!
ဟုမေးလိုက်သည်။
ကျန်းဝမ်ရွှီက ဟယ်ကျစ်ရှုသည် သူ့အား
ရွဲ့ပြောနေသောအသံဖြင့်
ပြောနေသည်ဟု ထင်လာသည်။
သူ့ကိုယ်သူလည်း အပြစ်ရှိနေသလို
ခံစားနေရသည်မို့ခေါင်းတချက်ညိတ်ရင်း
!မသွားဘူး ဒီနေ့ မင်းနဲ့အတူ အိမ်မှာဘဲနေမှာ!
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီ၏ စကားများကိုကြားသော်လည်းမည်သည့်စိတ်လှုပ်ရှားမှုကိုမှမပြခဲ့ပေ။ သူသည် အိုးတစ်ခုအား
ဂက်စ်မီးဖိုတွင်တင်ကာ
!အိုကေ ဒါဆိူ ငါမင်းအတွက် ခရမ်းချဉ်သီး
ခေါက်ဆွဲ ပြုတ်လုပ်ပေးမယ်!
ဟုပြန်ပြောသည်။
!ကောင်းပြီ! ကျန်းဝမ်ရွှီသည် စကားတစ်ခွန်းသာပြန်ပြောပြီး လေးတွဲ့စွာဖြင့် ဆိုဖာပေါ်တွင် ထိုင်လျက်သူ၏ မနက်စာကိုစောင့်ဆိုင်းနေခဲ့သည်။
ဟယ်ကျစ်ရှုသည် ခေါက်ဆွဲပြုတ်ပူပူများကို
ပန်းကန်ထဲသို့လောင်းထည့်ပြီးချိန်တွင် ကျန်းဝမ်ရွှီသည်မီးဖိုခန်းထဲသို့ ရောက်လာကာ
!မင်းသစ်ခွပန်းဝယ်ထားတာလား
ငါသိသလောက် မင်းအရင်က ပန်းတွေစိုက်ရတာမကြိုက်ဘူးမလား!
ဟယ်ကျစ်ရှုက ချက်ခြင်းပင်ဖြေလိုက်သည်။
!ငါ့သူငယ်ချင်းက ငါ့ကိုပေးလိုက်တာ
ပြီးတော့ ငါပျော်အောင်လို့!
!ဘယ်အချိန်တုန်းက သူငယ်ချင်း
တစ်ယောက်ရသွားတာလဲ ငါသူ့ကိုသိလား အဲသစ်ခွပန်းက အရမ်းရှားပါးပြီး
ဈေးကြီးတယ် ဒီလို ပစ္စည်းကိုသူက
မင်းပျော်အောင်ပေးတယ်တဲ့လား!
ကျန်းဝမ်ရွှီသည် သူ့အား ဒေါသတကြီးဖြင့်
မေးခွန်းများစွာမေးလာလေသည်။
သူ၏ မနာလိုမှုက ဟယ်ကျစ်ရှုအား များစွာ စိတ်ပျက်စေသည်။ သူကျတော့မူသူ၏
မရေမတွက်နိုင်သော ဇယားများစွာနှင့် ကစားနေခဲ့ပြီး ဟယ်ကျစ်ရှုကိုကျ
ဘယ်လိုတောင်ဒီလိုမျိုးရဲရဲဝံံ့ဝံ့ပြောရဲ
နေပါလိမ့်။
ကျန်းဝမ်ရွှီသည် သူ့မြင်ဖူးသမျှ လူတွေများထဲတွင်အရှက်မရှိဆုံးသောသူဖြစ်သည်။
ဟယ်ကျစ်ရှုသည် သူ၏ မေးခွန်းများကို
ဖြေရန်ပင်ဒေါသအလွန်ထွက်နေကာ
ကျန်းဝမ်ရွှီအားစူးရဲစွာပြန်ကြည့်နေခဲ့သည်။
!ဟယ်ကျစ်ရှု မင်းငါမေးတာကိုဖြေ!
ကျန်းဝမ်ရွှီသည် သူ၏ ပိန်ပါးဖျော့တော့နေသောလက်များအား ကြမ်းတမ်းစွာဆုပ်ကိုင်လာလျက်ဒေါသတကြီး အော်ဟစ်လာသည်။
!မင်းကျတော့ မင်းသူငယ်ချင်းတွေနဲ့
အတူပျော်ပျော်ရွှင်ရွှင် နေလိူ့ရပြီး
ငါကျတော့ဘာလို့မရတာလဲ မင်းကျတော့ အပြင်မှာနေချင်သလိုနေပြီးငါကျတော့ သူငယ်ချင်းတောင်မထားရတော့ဘူးလား !
ဟယ်ကျစ်ရှုသည် ကျန်းဝမ်ရွှီ၏ ဆုပ်ကိုင်ထားမှုမှလက်ကိုကြမ်းတမ်းစွာရုန်းထွက်ရင်း
ပြန်ပြောလိုက်လေသည်။
ထို့နောက်သူသည် ဂက်စ်မီးဖိုကို ပိတ်ကာမီးဖိုခန်းထဲမှ ထွက်သွားဖို့ပြင်လိုက်သည်။
ထိုအခါ ကျန်းဝမ်ရွှီသည် ဒေါသဖြစ်ခြင်းရှက်ရွံ့ခြင်းများနှင့်ဟယ်ကျစ်ရှု၏ လက်ကို ထပ်မံဆွဲကာပြောလာလေသည်။
!မင်းဒါဘာပြောတာလဲ ငါကုမ္ပဏီမှာ
အလုပ်ကြိုးစားလုပ်ပြီးပိုက်ဆံရှာနေတာ
မင်းအတွက်လေ မင်းက ငါ့ကို လူရှုပ်လို့
ထင်နေတာလား မင်းခေါင်းထဲမှာ ဘာစောက်သူံးမကျတဲ့အတွေးတွေဝင်ပြီး ငါ့ကိုခုလိုပုံမျိုးဆက်ဆံနေရတာလဲ!
ဟယ်ကျစ်ရှုသည် လှောင်ပြုံးပြုံးလိုက်ရင်း
!အော် ငါ့အတွက်..
မင်းကငါ့ကို ကလေးမှတ်နေလား
ငါ့ရဲ့ရှယ်ယာတွေအကုန် မင်းကိုပေးထားတယ်။ပြီးတော့ ခုမင်းစီးနေတဲ့ကား
ခုနေနေတဲ့အိမ် က မင်းနဲ့ငါနှစ်ယောက်အတူပိုင်တဲ့အိမ် ငါပိုက်ဆံတွေ သိပ်မက်နေတယ်လို့မင်းထင်နေလား ငါပိုက်ဆံမလိုဘူး
ကျန်းဝမ်ရွှီ!
ဟယ်ကျစ်ရှု၏ စကားများသည် သူ၏ အရှိုက်ကို ထိုးနှက်လိုက်သကဲ့သို့
ခံရခက်စေလျက် စိတ်ရှုပ်ထွေးနေပြီး
ကျစ်ရှု၏ ရုတ်တရက်ထွက်ပေါ်လာသောဒေါသနှင့်မညှာမတာ ပြောဆိုမှုများက
သူ့ကိုအံ့အားသင့်စေသည်။
သို့သော်သူ၏ အမှားကိုဝန်မခံဘဲထပ်၍ပင်
!ဘာလဲ မင်း မသိစေချင်တဲ့မင်းဖုံးကွယ်ထားတဲ့ကိစ္စတွေငါသိမှာ ကြောက်နေတာလား
အဲဒီသစ်ခွ တစ်အိုးရဲ့ အနိမ့်ဆုံးတန်ဖိုးက
အိမ်သစ်တစ်လုံးစာရှိတာ မင်းသိလား ။
မင်းရဲ့ ချစ်သူ အသစ်က မင်းကိုအတော်ချစ်ပြီးအတော့်ကိုရက်ရောတာဘဲ ။ဒါကြောင့်မို့
ငါနဲ့အတူ လိင်ဆက်ဆံဖို့ကို မင်းငြင်းတာ
ဒီကောင့်ကြောင့်ပေါ့ ဒါက အကြောင်းရင်း
မှန်ပေါ့ ဟုတ်လား ဟယ်ကျစ်ရှု!
ဟုဒေါသတကြီးအော်ဟစ်ပြောဆိူလာခဲ့သည်။
ဟယ်ကျစ်ရှုက ထိုသစ်ခွသည် အဲလောက်အဖိုးတန်ပြီးဈေးကြီးမှန်းသူတကယ်မသိခဲ့။ထိုသို့သာ သိခဲ့ပါကသူလုံးဝ လက်ခံခဲ့မည် မဟုတ်ပေ။သူသည် ဒေါက်တာအိုက်အား ဤမျှ ကြွယ်ဝချမ်းသာပြီးရက်ရောသည်ကိုပင် လုံးဝမထင်ထားခဲ့ပါချေ။
မည်သို့ပင်ဆိူစေ သူသည်တခြားသူတွေနှင့်
မပတ်သက်ခဲ့ပါ။သို့သော် ကျန်းဝမ်ရွှီကတော့ ထိုသို့မဟုတ်ချေ။ထို့ပြင်သူသည်ရောဂါကြောင့်မသက်မသာလည်းခံစားနေရသည်မို့
ဒေါသတကြီးဖြင့်
!မင်းအိမ်အပြင်မှာဘဲနေချင်ရင်နေ
မင်းဘာလုပ်လုပ်ငါဂရုမစိုက်ဘူး
စိတ်လဲမဝင်စားတော့ဘူး
ဒါကြောင့်ခုကစပြီး ငါ့ကိုစိတ်ဒုက္ခပေးမနေနဲ့
ငါ့ကို မနှောင့်ယှက်နဲ့တော့!
ဟုကျန်းဝမ်ရွှီအားပြောလိုက်သည်။
ကျန်းဝမ်ရွှီသည် အလွန်ပင်ဒေါသထွက်သွားပြီးခက်ထန်သောမျက်နှာဖြင့် ကြည့်ကာဟယ်ကျစ်ရှုနားသို့ခြေလှမ်း၂လှမ်းစာမျှ ရှေ့တိုးလာလေသည်။ပြီးနောက် ကျန်းဝမ်ရွှီသည် ဟယ်ကျစ်ရှုလုံးဝမျှော်လင့်မထားသောအရာဖြစ်သောထိုခဏ၌သူ၏လက်ကို မြှောက်လိုက်ကာကျစ်ရှုကို ရိုက်ဖို့ဟန်ပြင်လိုက်ခြင်းဖြစ်သည်။
ဟယ်ကျစ်ရှုသည် မယုံနိုင်သော
မျက်ရည်များဖြင့်ပြည့်နေသောမျက်ဝန်းများဖြင့်နှလုံးသားများသည် ကွဲကြေနေသလိူခံစားနေရလျက်မော့ကြည့်လာရင်း
!မင်း မင်းငါ့ကိုတကယ်ရိုက်ချင်တာလား !
ဟုမေးလာသည်။
ဟယ်ကျစ်ရှု၏ မျက်ရည်များသည်
ကျန်းဝမ်ရွှီအား စိတ်ထိခိုက်ကာတုံ့ဆိုင်းသွားစေလျက် ရွယ်ထားသောလက်ကို
ပြန်ရုတ်ရင်း အကူအညီမဲ့သလိုခံစားနေရသည်မို့
!အပြင်မှာ ယောကျ်ားလေးတွေနဲ့မိန်းကလေးတွေအများကြီးက ငါ့ကိုစောင့်နေကြတယ်
မင်းက ငါ့ရဲ့ အချစ်ကို မလိုချင်ဘူးဆိုတော့
ငါချက်ခြင်း ထွက်သွားမယ် ဟုတ်ပြီလား!
ပြောရင်း မကျေနပ်မှုများစွာဖြင့် သူ့အကျီကို ယူကာ ဟယ်ကျစ်ရှုကိုပင် ပြန်လှည့်မကြည့်ဘဲ အိမ်မှထွက်သွားလေသည်။
ဟယ်ကျစ်ရှုသည် မျက်ရည်များကို သုတ်လျက်ပူနွေးနေဆဲရှိသော ပန်းကန်ထဲရှိ ခေါက်ဆွဲ ပြုတ်များအားတချက်ကြည့်ရင်း စားပွဲတွင်ထိုင်လိုက်သည်။သူသည် အစာစားချင်စိတ်လုံးဝပျောက်နေသော်လည်း
သူ့ရှေ့ရှိ ခေါက်ဆွဲအားမျိုချရန်ကြိုးစားလိုက်သည်။
ခေါက်ဆွဲနှင့် ကျန်းဝမ်ရွှီသည် အခုအခါ
သူအမုန်းဆုံးအရာများဖြစ်သော်လည်း ခေါက်ဆွဲကမူအနည်းဆူံးတော့ သူ့နာကျင်မှုကို သက်သာစေနိုင်သည်။သို့သော် မိနစ်အနည်းငယ်မှာပင် သူစားခဲ့သောအရာများသည် သူ၏ ရောဂါကြောင့်ပြန်အန်ထွက်လာလေသည်။
သူယုံကြည်ခဲ့သောချစ်ခြင်းမေတ္တာသည်
သူ၏ ခံစားချက်ကိုသာမက ခန္ဓာကိုယ်ကိုပါ
ထိခိုက်လာစေသည်မှာ ပို၍ ပို၍ ပင်
ဆိုးရွားလို့လာနေချေပြီတကား။
......
Zawgyi
..
သည့်စိတ်နှင့်သူအသက်ရှင်နေထိုင်ဖို့ကြိုးစားနေခဲ့သည်။
မင်းကို ထိခိုက်နာကျင်စေနိုင်ပေသည်
ယောက်ျားလေးများနှင့်မိန်းကလေးများအပါအဝင်များစွာသောသူများကသူ့အားသဘောကျပြီးကမ်းလှမ်းခဲ့ကြသည်။
သူသည်တစ်ချိန်က သူတို့၏ စီးပွားရေးလုပ်ငန်း
ခဲ့လေသည်။
ဟယ်ကျစ်ရှုသည် အိပ်ရာမှတိတ်ဆိတ်စွာ
သူသည် ငယ်ငယ်တုန်းက ကျန်းမာရေးကို
ချစ်ခဲ့မိပါသည်။
!ဘာလို့အစောကြီးထတာလဲ
ကျန်းဝမ်ရွှီသည် မီးဖိုခန်းတံခါးကိုဖွင့်ရင်း
ကလေးဆန်စွာပြောလာသည်။
ငယ်ရွယ်ပုံရနေလေသည်။
အဲ့တော့ မင်းသွားရင်း
မျိုချလိုက်သည်။
ဟုမေးလာသည်။
ဟုမေးလိုက်သည်။
ပြောနေသည်ဟု ထင်လာသည်။
!အိုကေ ဒါဆို ငါမင်းအတွက် ခရမ်းချဉ်သီး
ဟုပြန်ပြောသည်။
ငါသိသလောက် မင်းအရင်က
စိတ်ပျက်စေသည်။ သူကျတော့မူသူ၏
ဘယ်လိုတောင်ဒီလိုမျိုးရဲရဲဝံ့ဝံ့ပြောရဲ
နေပါလိမ့်။
အတူပျော်ပျော်ရွှင်ရွှင် နေလို့ရပြီး
ထင်နေတာလား မင်းခေါင်းထဲမှာ ဘာစောက်သုံးမကျတဲ့အတွေးတွေဝင်ပြီး ငါ့ကိုခုလိုပုံမျိုးဆက်ဆံနေရတာလဲ!
ဟုဒေါသတကြီးအော်ဟစ်ပြောဆိုလာခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည်တခြားသူတွေနှင့်
ဒေါသတကြီးဖြင့်
သလိုခံစားနေရလျက်မော့ကြည့်လာရင်း
ဟုမေးလာသည်။
!အပြင်မှာ ယောက်ျားလေးတွေနဲ့မိန်းကလေးတွေ
အိမ်မှထွက်သွားလေသည်။
Continue Reading
You'll Also Like
2.2M 325K 191
Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I don't own anything. This is not for commer...
2.4M 376K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
17.6K 2.3K 19
ကမ္ဘာပျက်ကပ်ကာလမှာ ရေကိုထိန်းချုပ်နိုင်သည့် စွမ်းရည် ပိုင်ဆိုင်ထားခဲ့သည့် အန်းကျင်း ဟာ ကြယ်တာရာခေတ်ကို ဝိဉာဉ်ကူးပြောင်းသွားပြီး စီယောင်ဂြိုလ်ကြီး၏ အင...
625K 51.1K 46
冰山男的猎物 Eng Title : Iceberg Man's Prey Author:乌蒙小燕 (Wumeng Xiaoyan) Status in Original Country: 11 chapters (Complete) Genres: Sadist, BL, Smut, Moder...