ဆယ်နှစ်ထက်မကမင်းကိုပိုပြီးချစ...
By pngon677
262K 24.2K 675
..Myanmar Translation of The Ten Years that I loved You Most COO ..81Chapters +5extras Original Author 无仅死 ... More
Announced(U+Z)
စာမြှားချိတ် (U+Z)
Start To(U+Z)
EP1(U+Z)
EP2(U+Z)
EP3(U+Z)
EP5(U+Z)
EP6(U+Z)
EP7(U+Z)
EP8(U+Z)
EP9(U+Z)
EP10(U+Z)
EP11(U+Z)
EP12(U+Z)
EP13(U+Z)
EP14(U+Z)
EP15(U+Z)
EP16(U+Z)
EP17(U+Z)
EP18(U+Z)
EP19(U+Z)
EP20(U+Z)
EP21(U+Z)
EP22(U+Z)
EP23(U+Z)
EP24(U+Z)
EP25(U+Z)
EP26(U+Z)
EP27(U+Z)
EP28(U+Z)
EP29(U+Z)
EP30(U+Z)
EP31(U+Z)
EP32(U+Z)
EP33(U+Z)
EP34(U+Z)
EP35(U+Z)
EP36(U+Z)
EP37(U+Z)
EP38(U+Z)
EP39(U+Z)
EP40(U+Z)
EP41(U+Z)
EP42(U+Z)
EP43(U+Z)
EP44(U+Z)
EP45(U+Z)
EP46(U+Z)
EP47(U+Z)
EP48(U+Z)
EP49(U+Z)
EP50(U+Z)
EP51(U+Z)
EP52(U+Z)
EP53(U+Z)
EP54(U+Z)
EP55(U+Z)
EP56(U+Z)
EP57(U+Z)
EP58(U+Z)
EP59(U+Z)
EP60(U+Z)
EP61(U+Z)
EP62(Ū+Z)
EP63(U+Z)
EP64(U+Z)
EP65(U+Z)
EP66(U+Z)
EP67(U+Z)
EP68(U+Z)
EP69(U+Z)
EP70(U+Z)
EP71(U+Z)
EP72(U+Z)
EP73(U+Z)
EP74(U+Z)
EP75(U+Z)
EP76(U+Z)
EP77(U+Z)
EP78(U+Z)
EP79(U+Z)
EP80(U+Z)
EP81(U+Z)
EP82(U+Z)
EP83(U+Z)
EP84(U+Z)
EP85(U+Z)
EP86(U+Z)
Thank You (U+Z)
Announce (U+Z)
EP4(U+Z)
3.2K 400 10
By pngon677
...
EP4 ငါတို့အတူရှိနိုင်ပါ့မလား
..ဒီ ၁၄နှစ်ကာလအတွင်း ကျန်းဝမ်ရွှီ၏ နေ့စဉ်နှင့်အမျှ လိမ်လည်နေသော စကားများကို နားထောင်နေရခြင်းကြောင့်
ဟယ်ကျစ်ရှု၏ နှလုံးသားသည်
တစတစပဲ့ကြွေနေသလိုခံစားနေရသည်။
အမြဲလိုပင်သူ့အပေါ်လိမ်လည်ဖို့သာကြိုးစားနေခဲ့သည်မို့ဟယ်ကျစ်ရှုသည်
ထိုစကားများအပေါ်အာရုံစိုက်ပြီး သူ၏ အင်အားကိုဖြုန်းတီးရန်မကြိုးစားတော့ဘဲ အမြဲလိုပင် လျစ်လျူရှုထားလိုက်လေသည်။
ကျန်းဝမ်ရွှီ ရေချိုးနေတုန်းမှာပင်
ဟယ်ကျစ်ရှုသည်အိပ်ပျော်စပင်ပြုနေသည်။
ကျန်းဝမ်ရွှီသည် အိပ်ရာပေါ်တွင်လဲလျောင်းပြီးကျစ်ရှုကို နောက်ကျောကနေ ဆွဲဖက်လိုက်ချိန်တွင်ကျစ်ရှုဟာ သူထင်ထားသည်ထက်အမှန်တကယ်ကို ပိုပြီးပိန်သွားသည်ကိုပင် တွေ့လိုက်ရသည့်အခါသူသည် အရမ်းပင်အံံ့သြ သွားသည် ။သူသည် ကျစ်ရှု၏ အခြေအနေနှင့် ပတ်သက်ပြီးစိုးရိမ်နေခဲ့သော်လည်းစကားအများကြီးမေးရခြင်းကို
တွန့်ဆုတ်နေလျက်
!မင်း ဝိတ်ဘယ်လောက်တောင်ကျသွားတာလဲ!ဟုသာမေးလိုက်သည်။
!ငါအစားအများကြီးမစားလို့ပါ
ပြီးတော့စားချင်စိတ်လဲမရှိလို့ !
ဟယ်ကျစ်ရှုသည် အေးဆေးသောအသံဖြင့်
ပြန်ပြောနေသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ စိတ်ထိခိုက်မှုဖြင့် ပြည့်နှက်နေလျက် မျက်ရည်များစွာဝေ့သီနေခဲ့သည်။
ကျန်းဝမ်ရွှီကမူ ဟယ်ကျစ်ရှု၏
မျက်နှာရှိခံစားမှုကိုသတိမပြုမိပေ။
ကျန်းဝမ်ရွှီ သည် သူ၏ လည်ပင်း ပခုံးနှင့်
နောက်ကျောဖက်နေရာများအား
ဖွဖွညင်သာစွာနမ်းရှုံ့လာလေသည်။
ထိုမှတစ်ဆင့် လက်များမှာ ကျစ်ရှုကို တင်းကြပ်စွာပွေ့ဖက်လာလျက် ကိုယ်လက်နှီးနှောရန်အစပျိုးစွာဖြင့်ပွတ်သပ်လာခဲ့သည်။
တစတစမြူဆွယ်သောအနမ်းများဖြင့်တိုးကပ်လျက် သူနှင့်လိင်ဆက်ဆံရန် ကြိုးပမ်းလာလေသည်။
!ငါအရမ်း ပင်ပန်းနေတယ် အဲဒါကြောင့်
ငါဘာမှမလုပ်ချင်ဘူး!
ကျစ်ရှုသည် ကျန်းဘက်သို့လှည့်ပြီး
ကျန်းဝမ်ရွှီအား သူနှင့် ဝေးဝေးသို့ ခပ်ဖွဖွတွန်းရင်းငြင်းဆန်လိုက်လေသည်။
ကျန်းဝမ်ရွှီသည် အမှန်တကယ်တော့ အခုအချိန်တွင်ဆက်ဆံရန် မရည်ရွယ်ခဲ့ပေ။
အကြောင်းမှာသူသည် ယခင်ရက်တွေကပင်
သူ့ချစ်သူအသစ်ဖြင့် များစွာဆက်ဆံထားပြီးသောကြောင့်ဖြစ်သည်။သို့သော် သူ့သဘောအတိုင်းသာအမြဲလိုက်နာလေ့ရှိပြီး အလွန်နှစ်သက်ဖွယ်ကောင်းသော
ကျစ်ရှုသည် သူ့အား စကားမပြောဘဲ
တဖက်လှည့်ကာအိပ်နေသောကြောင့်
ပြန်လည်နွေးထွေးစေရန် အတွက်သာဖြစ်သည်။သို့သော် ကျစ်ရှု၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသောအခါအလွန်ပင်စိတ်ပျက်သွားလျက်
!မင်း ဒီရက်တွေမှာ ငါ့ကို နည်းနည်းလေးတောင်မလွမ်းဘူးလား!
ဟုပြောကာသူ၏ မျက်နှာမှာအလိုမပြည့်မှုများကြောင့်အနည်းငယ်မဲမှောင်လာလေသည်။
ကျစ်ရှုသည် သူ့ကိုကျောခိုင်းကာ တစ်ဖက်သို့ပြန်လှည့်သွားလေသည်။ထိုမှတစ်ဖန် သူ့ဘက်ကို ပြန်လှည့်လာပြီးသူ့ဘေးတွင်ရှိသော မီးအိမ်ကို လှန်းပိတ်ရင်းဖြင့်
ပြန်လည်ကျောခိုင်းသွားလျက်ပင်
!ငါအအေးမိနေတယ် ငါအရမ်းပင်ပန်းပြီးအိပ်ချင်နေတယ်မင်းလည်း အေးဆေးအိပ်တော့ ငါ့ကိုထပ်ပြီးပင်ပန်းအောင်
လာမလုပ်နဲ့!
ကျန်းဝမ်ရွှီသည် ကျစ်ရှု၏ တစ်ခုခုကိုဖုံးကွယ်ထားဟန်ရှိသောပုံမှန်မဟုတ်သည့်အပြုအမူများကြောင့်တကယ်ပင်စိတ်မသက်မသာဖြစ်နေလေသည်။
သို့သော် ဟယ်ကျစ်ရှုသည် ပုံမှန်အတိုင်းဆိုလျှင် လည်းစကားအများကြီးပြောလေ့ရှိသူမဟုတ်သောကြောင့်
ဖြစ်ပြီး သူ၏ ခံစားချက်များကို
တခါတရံမှသာထုတ်ဖော်ပြလေ့ရှိသူဖြစ်သောကြောင့်မှတ်ချက်ချရန်မှာ
လွန်စွာခက်ခဲလျက်ရှိနေသည်။
ထိုမျှမကသေး သူသည် ဒီရက်အတောအတွင်းရက်ပေါင်းများစွာ
အိမ်မှာရှိမနေခဲ့ခြင်းတို့ကြောင့်
ကျစ်ရှုကိုစွပ်စွဲရန်အနေအထားက
သူ့ဖက်တွင်ရှိမနေပေ။ထို့ကြောင့် နောက်ဆုံးတွင် စိတ်မသက်မသာဖြစ်လျက်အိပ်လိုက်ရန်သာ ဆုံးဖြတ်ခဲ့လေသည်။
ဟယ်ကျစ်ရှုမှာမူ အမှောင်ထဲတွင်အိပ်မပျော်သေးဘဲရှိနေသည်။သူသည် ဆယ်ရက်ကျော်ကြာ အိပ်မပျော်မှုများကြောင့် ပင်ယခုတွင် ခေါင်းကိုက်သောဝေဒနာ ကိုခံစားနေရဆဲ ဖြစ်သည်။ကျန်းဝမ်ရွှီ ပြန်လာချိန်တွင် အနည်းငယ်မျှ သက်သာမှုရလိမ့်မည်ဟု မျှော်လင့်မိသည်။သို့သော် ထိုသူသည် သူ့အတွက်သူ၏ စိတ်ကို ညှင်းပန်းနှိပ်စက်သော
အခြေအနေတစ်ခုအဖြစ်သာရောက်ရှိလာခဲ့သည်။
တစ်ချိန်က ကျစ်ရှု၏ မိခင်က
သူတိူ့နှစ်ယောက်၏ ဆက်ဆံရေးသည်
တရားဥပဒေအရ အကာအကွယ်လည်းမရှိ၊
မိဘဆွေမျိုးများနှင့် သူငယ်ချင်းများထံမှ ပေးသောကောင်းချီးလည်းမရှိ၊တစ်ဦးနှင့်တစ်ဦးတွယ်တာစရာသံယောဇဉ်အနေဖြင့် ကလေးဆိုသည်လည်းရှိလာနိုင်မည်မဟူတ်သောကြောင့်သူတိူ့၏ တည်ရှိမှုသည်
ထာဝရ မတည်တံ့နိုင်ဟုပြောဆိုခဲ့ပေသည်။
ဘယ်လိုကြောင့်များ သူသည် အချစ်ကို
ကိုးကွယ်မှီခိုခဲ့ရပါသလဲ ဆိုတာကို သူပင်
ယခုထိတိုင် အဖြေမထုတ်နိုင်ခဲ့။
ကျန်းဝမ်ရွှီ၏ အနှစ်သက်ဆုံးဆိုသည့်အရာများကိုသာသူ့ဘဝထဲသို့ လွယ်ကူစွာပြောင်းလဲစေခဲ့သည်။အချို့သောလက္ခဏာများသည် သူနှင့်မအပ်စပ်ခဲ့သော်ငြား
ကျန်းဝမ်ရွှီအတွက်မူ သူအကောင်းဆုံးပြောင်းလဲပေးခဲ့သည်။
အကယ်၍ အိမ်ထောင်တစ်ခု သို့မဟုတ်
ဆက်ဆံရေးတစ်ခုတွင် တစ်ဖက်တည်းကသာချစ်ခင်တွယ်တာမှုဖြင့် ဆက်ဆံရေးကိူ ထိန်းသိမ်းရန် မျှော်လင့်နေပါက ထိုချစ်ခြင်းမေတ္တာသည် မကြာမီပင် ပျောက်ကွယ်သွားတော့မည်ဟု လူအများကပြောကြသည်။
သူသည်လည်း ထိုနည်းတူပင် ဖြစ်နေချေပြီး
သူတိူ့၏ ဆက်ဆံရေးသည် သူ့တစ်ဖက်တည်းကမြဲအောင်ဆွဲထားရသည့်အနေအထားတစ်ခုသို့ ရောက်နေလေပြီ။
ကျန်းဆီမှ ထွက်ခွာခြင်းသည် သူ၏ နောက်ဆုံးရွေးချယ်မှု ဖြစ်မည်ဟု သူထင်သည်။သူသည် အိပ်ပျော်နေသော
ကျန်းဝမ်ရွှီအား ညင်သာစွာလှည့်ကြည့်လိုက်သည်။ကျန်းဝမ်ရွှီ၏ အနားသို့ တိုးကပ်သွားပြီးကျန်း၏ ခါးအားဖက်ထားရင်းကျန်းဝမ်ရွှီ၏အိပ်မောကျနေသောမျက်နှာကိုကြည့်ကာ စိတ်ထဲကနေ ပြောနေမိသည်။
!မင်းအနားမှာ ငါနေဖို့ တစ်နှစ်တောင်အချိန်မရှိတော့ပါဘူး။မင်းအပြင်မှာ ချစ်သူတွေ ဘယ်လောက်ထားထားဘယ်လိုနေနေ ငါဘယ်တော့မှအပြစ်မမြင်ခဲ့ဘူး။ဒါပေမယ့်လေ ငါမသေခင်လေးမှာတော့ မင်းအနားမှာ
ငါငြိမ်းငြိမ်းချမ်းချမ်းလေးနေချင်မိတယ်!
ကျန်းဝမ်ရွှီသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော်လည်းမသိစိတ်ကပင်ကျစ်ရှုအား လက်များဖြင့်ပွေ့ဖက်လာလျက် ဟယ်ကျစ်ရှု၏ ပျော့ပျောင်းသောဆံပင်များကိုပွတ်သပ်လိုက်ရင်း
ညီးညူလာလေသည်။
!ရှောင်ရှု ကိုယ့်ရဲ့ရှောင်ရှုလေး!
ဟယ်ကျစ်ရှုသည် ကျန်း၏ အိပ်ပျော်နေရင်းမှယောင်နေသော စကားတစ်ခွန်းကတောင်ပင်သူ၏ ချစ်ခြင်းမေတ္တာ ကို ခုခံဖို့ရာခဲယဉ်းနေပေရာသူသည် ဘယ်လိုများဖြင့်
ထိုရက်စက်သောသူ၏ အနားမှထွက်သွားဖို့ကို စဉ်းစားလျက်မျက်ရည်များသာ တွေတွေစီးကျလျက်ရှိနေသည်။
ဟယ်ကျစ်ရှုသည် လွန်ခဲ့သောနှစ်များစွာ
သူတိူ့ဘဝအစမှာပင် အလုပ်များစတင်အခြေတည်ရန်အတွက် လူပေါင်းစုံကြားဝင်ဆံ့အောင်နေခဲ့သည်။
စီးပွားရေးမိတ်ဖက်များနှင့်တွေ့ဆုံခဲ့ပြီး သူတိူ့နှစ်ယောက်၏အနာဂတ်ဘဝအတွက် အကောင်းဆုံးတွေသူပေးခဲ့သည်။
သူတို့၏ စီးပွားရေးလေးစတင်အောင်မြင်လာချိန်မှာကျစ်ရှုသည် ကျန်း၏ စကားကိုနားထောင်ကာအလုပ်ကနေအနားယူပြီး ကျန်းကိုသာဂရုစိုက်ဖို့
အိမ်မှာနေခဲ့သည်။ တကယ်တော့ ကျန်းဝမ်ရွှီသည်ဟယ်ကျစ်ရှုအား တခြားယောကျ်ားတွေနှင့်တွေ့ဆုံတာမျိုးကို မကြိုက်သောကြောင့်ဖြစ်သည်။
ထိုအချိန်မှစ၍ ကျစ်ရှုသည် သူ့ကိုမလုပ်ခိုင်းသော်လည်းအိမ်အလုပ်များနှင့် ချက်ပြုတ်ဖို့တွေကို သူ့ဆန္ဒအလျောက်
သင်ယူကာ ကျန်းဝမ်ရွှီကိူပြုစုလျက်
အိမ်မှာသာနေခဲ့ပြီး သူ၏ ကုမ္ပဏီ ရှယ်ယာများကို ကျန်းဝမ်ရွှီအား ပေးခဲ့သည်။ယခုတွင်မူသူ၏ ကံကြမ္မာနှင့်သူ၏ ချစ်ခြင်းမေတ္တာ များကို ဆုံးရှုံးရတော့မည်ပင်
ဖြစ်နေလေသည်။
ဟယ်ကျစ်ရှုသည် သူ၏ ရှယ်ယာများအား
ကျန်းဝမ်ရွှီကို ပေးထားခဲ့သော်လည်း ငွေကြေးကိုစိတ်ကြိုက်ခြယ်လှယ်သုံးစွဲခွင့်မှာမူကျန်းဝမ်ရွီ၏ တိတ်တိတ်ပုန်း ချစ်သူလောက်ပင် မရခဲ့ပေ။
သူ၏ ရောဂါကုသမှုသည် သူ့အတွက် များစွာသောကုန်ကျမှုတစ်ခုဖြစ်နေသည်။ထို့ကြောင့်ဆရာဝန်ထံတွင် စဉ်းစားရန်အချိန်ပိုတောင်းနေရခြင်း၏
အကြောင်းပြချက်မှာမူ သူ၏ ရောဂါအခြေအနေထက်
ကုန်ကျလာမည့်ငွေကြေးပမာဏကို
သူမတတ်နိုင်သောကြောင့် ပင်ဖြစ်သည်။
!မင်းက ငါ့ကိုရက်စက်ပေမယ့်
ငါမင်းကို မမုန်းရက်ဘူး
မင်းကို ဘယ်တော့မှ ဒေါသမထွက်ခဲ့ဘူး
ဒါပေမယ့် မင်းဒီလိုသာငါ့အပေါ်လုပ်နေရင်တော့မင်းရဲ့ဘဝထဲကနေ ငါပျောက်ကွယ်သွားပြီးဘယ်တော့မှ
ငါပြန်လာမှာမဟုတ်တော့ဘူး!
သူသည် ကျန်းဝမ်ရွှီအားဖက်လျက် မျက်ရည်များဖြင့်
ပြောနေမိသည် ။
ထိုသို့ပြောပြီးတဲ့နောက်မှာပင်
သူ့ဘဝကြီးသည် မည်မျှပင် ပျော်စရာကောင်းလာမည်ကို
သဘောပေါက်လာခဲ့သည်။သူသည်
ကျန်းဝမ်ရွှီအစားအခြားဘဝလမ်းကြောင်းကို ရွေးချယ်ခဲ့ပါကသူ၏ ဘဝသည် လုံးဝပြောင်းလဲသွားလိမ့်ပေမည်။
သူ့မှာ သူငယ်ချင်းတွေရှိလာမည် သူသည်မိသားစုနှင့်သူငယ်ချင်းများထံမှ ကောင်းချီးပေးမှုများခံစားရမည်ဖြစ်ပြီး
သူ့ကိူ စစ်မှန်စွာချစ်တဲ့ချစ်ခြင်းမေတ္တာလဲရှိလာပေဦးမည်။
သူသည် သာမန်လူတစ်ဦးကဲ့သို့ ပင်
လွတ်လပ်ပေါ့ပါးကာ ပျော်ရွှင်ရမည်မှာ
အသေအချာပင် ဖြစ်သည်။
......
...
တွန့်ဆုတ်နေလျက်
ဟုသာမေးလိုက်သည်။
ငါဘာမှမလုပ်ချင်ဘူး!
လာမလုပ်နဲ့!
သာရောက်ရှိလာခဲ့သည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည်
ဟူတ်သောကြောင့်သူတို့၏ တည်ရှိမှုသည်
သည်။
တွယ်တာမှုဖြင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် မျှော်လင့်
သူတို့၏ ဆက်ဆံရေးသည် သူ့တစ်ဖက်တည်းကမြဲ
နေလေပြီ။
သူတို့ဘဝအစမှာပင် အလုပ်များစတင်အခြေတည်ရန်အတွက် လူပေါင်းစုံကြားဝင်ဆံ့အောင်နေခဲ့သည်။
သည်ဟယ်ကျစ်ရှုအား တခြားယောက်ျားတွေနှင့်တွေ့ဆုံတာမျိုးကို မကြိုက်သောကြောင့်ဖြစ်သည်။
ထိုအချိန်မှစ၍ ကျစ်ရှုသည် သူ့ကိုမလုပ်ခိုင်းသော်လည်းအိမ်အလုပ်များနှင့် ချက်ပြုတ်ဖို့တွေကို သူ့ဆန္ဒအလျောက် သင်ယူကာ ကျန်းဝမ်ရွှီကိုပြုစုလျက် အိမ်မှာသာနေခဲ့ပြီး သူ၏ ကုမ္ပဏီ ရှယ်ယာများကို ကျန်းဝမ်ရွှီအား ပေးခဲ့
...........
Continue Reading
You'll Also Like
18.6K 1.7K 25
လူဆိုတာ မွေးဖွားကြီးပြင်းသည့်နေရာကို ရွေးချယ်ခွင့်မရကြပေ။ တချို့က ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်သည်နှင့် ကိုယ်ဖြစ်ချင်သည့် အနေထားကို ရအောင် ကြိုးစားခွ...
618K 84.2K 61
Name _-_ Marked by a tyrant after transmigrating Author_-_Chi Ling Total Chapter_-_ 59 chapter + 1 extra This is Just for fun translation. Start date...
1.1M 57.5K 48
282K 10.2K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...