ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

309K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 146+147

3.4K 731 15
By YinLay4

Zawgyi
Chapter 146
{ နင့္အတြက္ အဆင္ေျပမယ့္အက်ႌ မရိွဘူး - ၃ }

ရွန္ေဝ့ရင္းဟာ စိတ္ရႈပ္သြားပံုလည္း မေပၚသလို အခန္းထဲမွ ထြက္သြားရန္လည္း စိတ္မဝင္စားသလိုပင္... သူမဟာ ကိုယ္လံုးေပၚမွန္ေရ႔ွတြင္ ဟိုဘက္လွည့္လိုက္ ဒီဘက္လွည့္လိုက္ျဖင့္ သူမရဲ့ပံုရိပ္ကို ေအးေဆးစြာ ၾကည့္ေနဆဲျဖစ္သည္...
" မစၥလု... ကြၽန္မကို အထင္မလြဲပါနဲ႔... လုမိသားစုက ျမစ္ေလးရဲ့ပထမဆံုး Lunar Birthdayက အရမ္းအေရးႀကီးတယ္လို႔ ကြၽန္မက ေတြးမိလို႔ပါ... အခုလိုမ်ိဳး ျဖစ္သလို လုပ္ထားတာမ်ိဳး မျဖစ္သင့္ဘူးေလ... ကြၽန္မက ကိစၥမရိွေပမယ့္ အျပင္မွာရိွေနတဲ့ဧည့္သည္ေတြ အျမင္မွာ လုမိသားစုက သူတို႔ရဲ့ပထမဆံုးျမစ္ၪီးေလးကို သိပ္ဂရုမစိုက္ဘူးလို႔ ထင္သြားႏိုင္သလို၊ လုေတြက သူတို႔ရဲ့ေျမးေခြၽးမကို သိပ္သေဘာမက်ဘူးဆိုတဲ့အဓိပၸါယ္ျဖစ္သြားႏိုင္တယ္ေလ... "

" လုေတြက ကြၽန္မအေပၚ အရမ္းေကာင္းၾကပါတယ္... မစၥရွန္က ကြၽန္မအတြက္ စိတ္ပူေပးစရာ မလိုပါဘူး... တကယ္လို႔ မစၥရွန္က သူမ်ားကို စိတ္ပူဖို႔ အခ်ိန္အားေနခ်ိန္မွာ မစၥရွန္အတြက္ပိုစဥ္းစားသင့္တယ္ေနာ္... ဥပမာ မစၥေက်ာင္း,ဝမ္းကြဲရဲ့သားကိုေပါ့... ကြၽန္မအထင္ေတာ့ သူနဲ႔မစၥရွန္က အဆင္ေျပေလာက္ပါတယ္... "

" ရွင့္အျမင္မွာ ကြၽန္မနဲ႔ မစၥေက်ာင္း,ဝမ္းကြဲရဲ့သားက အဆင္ေျပတယ္ေပါ့ေလ?.. "

ရီက်န္းသည္ ရွန္ေဝ့ရင္းက ယခုလိုပံုစံမ်ိဳးရိွမည္ကို မထင္ထားေခ်... ရွန္ေဝ့ရင္းဟာ လက္ရိွတြင္ ေခါင္းတြင္ အေပါက္ျဖစ္ေနေသာသူ(ၪီးေနွာက္မရိွေသာသူ)လို ေျပာဆိုေနမည္ဟု ရီက်န္း မေတြးထားခဲ့မိေခ်...

ရွန္တို႔ဟာ ၾသဇာႀကီးၿပီး အက်င့္စရိုက္ေကာင္းသည္ဟု နာမည္ႀကီးသည့္တဲ့မိသားစုႀကီးတစ္ခုပါပဲ... ဒီလိုသာဆို ရွန္ေဝ့ရင္းသည္ ေအာင္ျမင္ေက်ာ္ၾကားၿပီး စိတ္ထားျဖဴစင္တဲ့မိန္းကေလးျဖစ္ေနရမည္ေလ... ရွန္ေဝ့ရင္းက အခုစိတ္ေဖာက္ျပန္သြားသည္လား...

" မစၥရီကို ကြၽန္မ တစ္ခုေျပာျပမယ္... မစၥရီက လုေတြရဲ့အေၾကာင္းကို ဘယ္ေလာက္မ်ားသိေနလို႔လဲ... အဖိုးလုက အိမ္ေထာင္၃ႀကိမ္ျပဳခဲ့တာကိုေရာ သိလား...   " ရွန္ေဝ့ရင္းဟာ ထိုသို႔ေျပာၿပီး ခဏရပ္ကာ ၿပံဳးလိုက္ၿပီးေနာက္ " အဖိုးလုရဲ့ပထမအိမ္ေထာင္နဲ႔ ဒုတိယအိမ္ေထာင္က လုပ္ငန္းအရ လက္ထပ္ခဲ့ရတာပဲ...   တတိယအႀကိမ္ကလည္း သူ႔မိသားစုေကာင္းစားေရးအတြက္ ပဲ... သူခ်စ္တဲ့သူကို လက္မထပ္ခဲ့ဘူး... အဖိုးလုက သူခ်စ္ရတဲ့မိန္းကေလးကို ပစ္ၿပီး ေက်ာ္ၾကားၿပီး ၾသဇာရိွတဲ့အသိုင္းအဝိုင္းထဲက မိန္းကေလးကို သူ႔ရဲ့တတိယဇနီးအျဖစ္လက္ထပ္ခဲ့တာ... ရွင့္ရဲ့ေယာကၡမျဖစ္တဲ့ ေဒၚေလးလုက လင္းမိသားစုကပဲ... လင္းေတြက သူတို႔ မၿပိဳလဲခင္တုန္းက အရမ္းၾသဇာရွီတဲ့အသိုင္းအဝိုင္းကပဲ... "

ထိုအခါ ရီက်န္းသည္ သူမေရ႔ွမွ အမ်ိဳးသမီးကို ၾကည့္လိုက္ၿပီး " ရွင္က ဘာကို ဆိုလိုခ်င္တာလဲ "

" မစၥရီ... ကိုယ္နဲ႔အဆင့္အတန္းတူတဲ့သူကိုပဲ လက္ထပ္သင့္တယ္ဆိုတဲ့စကားရဲ့အဓိပၸါယ္ကို သိလား... မစၥရီအျမင္မွာ ရီေတြက လုေတြနဲ႔ ထိုက္တန္တယ္လို႔ ထင္ေနတာလား "

ရွန္ေဝ့ရင္းဟာ ထိုစကားကို အရွက္အေၾကာက္မရိွ၊ ေနာင္တရျခင္း စက္ေလးမွမရိွဘဲ ေျပာလိုက္ေလ၏။ သူမရဲ့သရုပ္မွန္အတိုင္းေပါ့... ရွန္ေဝ့ရင္းရဲ့အရွက္မဲ့စြာေျပာဆိုလိုက္တဲ့စကားတို႔ကို ၾကားတဲ့အခါ ရီက်န္းရဲ့အၾကည့္တို႔ဟာ ေျပာင္းလဲသြားေတာ့သည္...

" အဲ့ေတာ့ ဘာျဖစ္လဲ... ကြၽန္မနဲ႔ ထိုက္တန္သည္ျဖစ္ေစ... မထိုက္တန္သည္ျဖစ္ေစ... အခုဆိုရင္ ကြၽန္မက ေပရႊမ္းရဲ့ဇနီးျဖစ္ၿပီးေတာ့ သူ႔ရဲ့သားကို ေမြးထားေပးခဲ့ၿပီးသား... " ထို႔ေနာက္တြင္ ရီက်န္းဟာ သူမရဲ့စကားကို ေခတၲရပ္လိုက္ၿပီး ရွန္ေဝ့ရင္းအား ေခါင္းစေျခဆံုးျပန္ၾကည့္လိုက္ကာ " မစၥရွန္က မိသားစုေကာင္းတစ္ခုကပါ... သူမ်ား လင္မယားၾကားထဲကို ဘာလို႔ ဝင္ခ်င္ေနရတာလဲ... "

"OH... မစၥရီ ကြၽန္မကို အထင္မလြဲပါနဲ႔... ကြၽန္မက ရွင့္ကို သတိေပးရံုပါ... လုေတြက ၾသဇာရိွၿပီး ခ်မ္းသာတဲ့မိသားစုေလ... ရီေတြလို မေန့တစ္ေန့ကမွ ခ်မ္းသာလာတာမ်ိဳး မဟုတ္ဘူးရွင့္... အဖိုးလုရဲ့ဘိုးဘြားပိုင္အိမ္မွာ သူ႔ရဲ့သားေတြ ရိွေနေသးတယ္ေနာ္... သာၾသဇာရိွၿပီးခ်မ္းသာတဲ့မိသားစုေတြက တစ္ေယာက္ကို တစ္ေယာက္ ရရင္ရသလို လွည့္စားခ်င္ေနၾကတာခ်ည္းပဲ... ေပရႊမ္းငယ္ငယ္တုန္းကေတာင္ အႀကိမ္ေပါင္းမ်ားစြာ ျပန္ေပးဆြဲခံခဲ့ရဖူးတယ္... ရွင့္ေယာကၡမက သူ႔မိသားစုတစ္ခုလံုး ၿပိဳလဲသြားေတာ့ သူ႔ေယာက်္ားမ်က္ႏွာကိုပဲ ၾကည့္ၿပီးေနေနခဲ့ရတာ... သူမကို ေထာက္ပံ့ေပးမယ့္သူလည္း မရိွခဲ့ဘူး... သူမ လုပ္ႏိုင္တာဆိုလို႔ လုေတြၾကားမွ ႀကိတ္မိွတ္သည္းခံၿပီး ေနရံုပဲေလ... ဒီလိုၾသဇာရိွၿပီး ခ်မ္းသာတဲ့မိသားစုၾကားထဲမွာ အသက္ရႈေခ်ာင္မယ္လို႔ ထင္ေနတာလား မစၥရီ... "

ထို႔ေနာက္တြင္ ရွန္ေဝ့ရင္းဟာ ရယ္ေမာလိုက္ၿပီး " ေပရႊမ္းက ရွင့္ကို စိတ္ကုန္သြားတဲ့တစ္ေန့ၾကရင္ ရွင့္ရဲ့ခ်မ္းသာလာခါစ အေျခမခိုင္တဲ့မိသားစုေလးက ရွင္နဲ႔ရွင့္သားကို ကာကြယ္ေပးႏိုင္လိမ့္မယ္လို႔ ထင္ေနတာလား... "

ဒါဟာ တည့္တိုးၿခိမ္းေျခာက္မႈပင္...

ရီက်န္းသည္ ရွန္ေဝ့ရင္းကို တိတ္တဆိတ္သာ စိုက္ၾကည့္ရင္း တစ္ခုခုကို စဥ္းစားေနခဲ့ေလတယ္... ေခတၲအၾကာတြင္ေတာ့ သူမဟာ အံ့ဆြဲထဲတြင္ တစ္ခုခုရွာေဖြေတာ့သည္... ေနာက္ဆံုးတြင္ေတာ့ သူမ ရွာေနသည့္ကတ္ေၾကးအေသးေလးကို ေတြ့သြားေတာ့သည္...

ထို႔ေနာက္တြင္ေတာ့ ထိုကတ္ေၾကးေလးကို ကိုင္ကာ ရွန္ေဝ့ရင္းဆီသို႔ ေလ်ွာက္သြားခဲ့ေလသည္... စကၠန္႔ပိုင္းမ်ွအၾကာတြင္ ရီက်န္းဟာ ရွန္ေဝ့ရင္းကို ၿပံဳးျပလိုက္ၿပီး ရွန္ေဝ့ရင္းဝတ္ထားေသာဂါဝန္ကို ရင္ဘက္ေအာက္ပိုင္းမွစၿပီး အဆံုးထိ အစိတ္စိတ္အမႊာမႊာျဖစ္သြားေအာင္ ၫွပ္ပစ္လိုက္ေတာ့သည္...

" Sorryေနာ္ မစၥရွန္... ကြၽန္မဆီမွာ ရွင္နဲ႔ သင့္ေတာ္မယ့္အက်ႌ မရိွဘူး "
💖💖💖💖💖💖💖💖💖
Chapter 147
{ ဝူရန္က်ူး - ၁ }

ရီက်န္းသည္ ငပ်င္းမေလးျဖစ္တာေၾကာင့္ သူမကို ရန္လာမစပါက သူမဘက္ကလည္း စတင္ တိုက္ခိုက္တတ္သူ မဟုတ္ေခ်... ဒါ​ျပင္ အေမလုကိုယ္တိုင္ကလည္း ဒီေန့ဟာ အိမ္ရွင္ျဖစ္တာေၾကာင့္ မ်က္ႏွာမပ်က္ေစနဲ႔ဟု မွာလိုက္ေသာေၾကာင့္လည္း သူမဟာ သည္းခံေနခဲ့ျခင္းျဖစ္၏...

ဒါေၾကာင့္ သူမသည္ ရွန္ေဝ့ရင္းေျပာသမ်ွစကားအားလံုးကို ဒီဘက္နားရြက္ကဝင္ ဟိုဘက္နားရြက္မွ ျပန္ထုတ္ေနေလတယ္... သူမသည္ သူမေရ႔ွမွ အက်င့္စရိုက္ မေကာင္း၊ ၪီးေနွာက္ မေကာင္း၊ လူ႔က်င့္ဝတ္ကို ေဖာက္ဖ်က္ခ်င္ေနသည့္မိန္းမမ်ိဳးကို ဂရုစိုက္ေနမည္ မဟုတ္...

ရီက်န္းသည္ သူမကို ရွန္ေဝ့ရင္းက သူမကို ဘြင္းဘြင္းရွင္းရွင္း မၿခိမ္းေျခာက္ခင္အထိ သည္းခံေနခဲ့ေပသည္...

သူမ ၫွပ္လိုက္ေသာ ရွန္ေဝ့ရင္း ဝတ္ထားသည့္ဂါဝန္ဟာ အစိတ္စိတ္အမႊာမႊာျဖစ္သြားတာေၾကာင့္ ေနာက္ထပ္ျပန္ဝတ္ရန္ပင္ မျဖစ္ႏိုင္ေတာ့ေခ်... ဂါဝန္ကို သူမစိတ္ႀကိဳက္ၫွပ္ၿပီးေနာက္တြင္ေတာ့ ရီက်န္းသည္ ရွန္ေဝ့ရင္းကို ၿပံဳးလ်က္ၾကည့္လိုက္ကာ " Sorryေနာ္ မစၥရွန္... ကြၽန္မဆီမွာ ရွင္နဲ႔ သင့္ေတာ္မယ့္အက်ႌ မရိွဘူး "

ရွန္ေဝ့ရင္းသည္ ရီက်န္း၏လုပ္ရပ္ေၾကာင့္ အေတာ္ေလး ဆြံ႔အသြားခဲ့ေလတယ္... သူမသည္ ရီက်န္းလက္ထဲမွ ကတ္ေၾကးကို ၾကည့္လိုက္၊ အစိတ္စိတ္အမႊာမႊာျဖစ္သြားခဲ့ေသာဂါဝန္ကို ျပန္ငံု႔ၾကည့္လိုက္ လုပ္ေနခဲ့မိ၏...

ရွန္ေဝ့ရင္းသည္ သူမကိုယ္သူမ ရီက်န္းရဲ့အေၾကာင္းကို သိလွၿပီဟု ထင္ေနခဲ့သူျဖစ္သည္... သူမအျမင္တြင္ ရီက်န္းသည္ မ်ိဳသိပ္ထားတတ္သူျဖစ္ၿပီး သူမ ေျပာလိုက္ေသာစကားတို႔ေၾကာင့္ ရီက်န္းက ရွက္ရြံ႔ကာ စိတ္ဓါတ္က်သြားမည္ဟုပင္... ရွန္ေဝ့ရင္းဟာ ေဖ်ာ္ေျဖေရးေလာကတြင္လည္း ရီက်န္းကဲ့သို႔ လူမ်ိဳးကို မ်ားစြာျမင္ဖူးေပတယ္... သူမအေတြးထဲတြင္ ရီက်န္းဟာ သူမကဲ့သို႔ေအာင္ျမင္ေက်ာ္ၾကားသည့္အမ်ိဳးသမီးတစ္ေယာက္ရဲ့ေရ႔ွတြင္ စိတ္အားငယ္သြားမည္ေပါ့... ယခုတြင္ေတာ့ သူမအေတြးႏွင့္ တက္တက္စင္ေအာင္ လြဲေခ်ာ္သြားရံုတင္မက သူမကပဲ ေဒါသထြက္ေနရေတာ့သည္... သူမရဲ့ေဒါသကို ထုတ္မျပေသာလည္း ေဒါသမီးတို႔ဟာ သူမရဲ့ႏွလံုးသားထဲတြင္ ေတာက္ေလာင္လို႔ေနေလတယ္... ရွန္ေဝ့ရင္းသည္ သူမရဲ့စကားတို႔က ရီက်န္းရဲ့ရင္ထဲသို႔ ဆူးမ်ားသဖြယ္ နစ္ဝင္သြားေစခ်င္ခဲ့၏... ထိုသို႔သာျဖစ္သြားပါလ်ွင္ သူမသည္ ေပရႊမ္းႏွင့္ ရီက်န္းတို႔ႏွစ္ၪီးၾကားမွ ပဋိပကၡကို ထိုင္ေစာင့္ေနရံုပင္ျဖစ္သည္...

ေပရႊမ္းလိုေယာက်္ားမ်ိဳးက ရီက်န္းရဲ့စြပ္စြဲမႈေတြကို ဘယ္လိုမွသည္းခံေနႏိုင္မည္မဟုတ္ဟု ရွန္ေဝ့ရင္းက ႀကိဳတြက္ထားခဲ့ပံုပင္...

ဘယ္ေလာက္ပဲေကာင္းမြန္တဲ့ relationshipတစ္ခုျဖစ္ေနပါေစ... ယံုၾကည္မႈတစ္ခ်က္ကေလး ပ်က္စီးသြားသည္ႏွင့္ အရာရာၿပိဳကြဲသြားႏိုင္သည္မဟုတ္လား...

သို႔ေသာ္ ရီက်န္းက သူမ ေတြးထားသည္ႏွင့္ ဆန္႔က်င္ဘက္ျဖစ္ေနခဲ့ေလတယ္...

" ရီက်န္း!!! နင္...ဘာလုပ္လိုက္တာလဲ!!! " ရွန္ေဝ့ရင္းဟာ ေဒါသထြက္စြာနဲ႔ ရီက်န္းကို စိုက္ၾကည့္လိုက္ေခ်သည္... သူမ ေဒါသဘယ္ေလာက္ထြက္ေနသည္ကို သူမရဲ့မ်က္ႏွာကို ၾကည့္ရံုႏွင့္ပင္ သိႏိုင္ေပတယ္... ထို႔ေနာက္တြင္ေတာ့ ရွန္ေဝ့ရင္းဟာ သူမကိုယ္သူမ သတိထားမိသြားၿပီး " ရွင္ ရူးေနၿပီလား မစၥရီ... ေပရႊမ္းက ရွင့္လိုမိန္းမမ်ိဳးကို ဘာေၾကာင့္မ်ား လက္ထပ္ခဲ့ပါလိမ့္... "

" ေပရႊမ္းက ကြၽန္မကို ဘာေၾကာင့္ပဲ လက္ထပ္ခဲ့ လက္ထပ္ခဲ့... ရွင္နဲ႔ ဘာမွမဆိုင္ပါဘူး မစၥရွန္... ကြၽန္မက အခုခ်ိန္မွာ မစၥလုျဖစ္ေနၿပီ... ဒီအခန္းထဲမွာ ရိွတာမွန္သမ်ွကို ကြၽန္မပိုင္တယ္... ရွင္ဝတ္ထားတဲ့ဂါဝန္အပါအဝင္ေပါ့... ဒါတင္မကဘူး အခုမစၥရွန္ေရာက္နတာ ကြၽန္မရဲ့အိမ္ပါ... ဒါေတြထားပါေတာ့ေလ... အခု ကြၽန္မရဲ့ဂါဝန္ကို ျပန္ခြၽတ္ေပးပါ... အဆင္မေျပျဖစ္သြားလို႔ စိတ္မေကာင္းပါဘူး မစၥရွန္ "

ရွန္ေဝ့ရင္းသည္ မိသားစုေကာင္းေကာင္းမွ စိတ္ထားျဖဴစင္သည့္ၾကာပန္းျဖဴေလးအသြင္ရိွေသာ္ျငား အမွန္တကယ္ေတာ့ ထိုသို႔ဟုတ္မေနေပ...

ရီက်န္းက ရွန္ေဝ့ရင္းဟာ သူမရဲ့ဂါဝန္ကို ျပန္ေပးဖို႔ ေျပာလိုက္ျခင္းဟာ ရွန္ေဝ့ရင္းရဲ့မ်က္ႏွာကို ျဖတ္ရိုက္ကာ အရွက္ခြဲလိုက္သည္ႏွင့္ မျခားနားေခ်... ရွန္ေဝ့ရင္းသည္ ဒီႏွစ္ေတြမွာ ထိုကဲ့သို႔ တစ္ခါမွ အဆက္ဆံမခံခဲ့ရဖူးေပ...

ရွန္ေဝ့ရင္းရဲ့မ်က္ႏွာဟာ စကၠူစလို ျဖဴစုတ္လာခဲ့ေတာ့သည္... ရွန္ေဝ့ရင္းသည္ ရီက်န္းရဲ့မ်က္ဝန္းတို႔ထဲမွရက္စက္မႈတို႔ကို အထင္သားျမင္ေတြ့ေနရ၏... ရီက်န္းဟာ ေနာက္စကၠန္႔အနည္းငယ္အတြင္းမွာ သူမ(ရွန္ေဝ့ရင္း)ဝတ္ထားေသာဂါဝန္ကို စုတ္ၿဖဲပစ္ေတာ့မည္ဟုပင္ ခံစားေနမိသည္...

သို႔ေသာ္ သူမဟာ သူမကိုယ္သူမ ျပန္တည္ၿငိမ္ေအာင္ လုပ္လိုက္ၿပီး  " ဒါဆိုမစၥရီကလည္း ပါးနပ္တဲ့မိန္းမတစ္ေယာက္ပဲေပါ့... ကြၽန္မက ေလ်ာ့တြက္မိသြားတယ္... ရွင္လည္း ေပရႊမ္းကို လက္ထပ္ႏိုင္ဖို႔ အေတာ္ေလးႀကိဳးစားခဲ့ရမွာပဲေလ... "

ဟုတ္တာေပါ့... သူမ(ရီက်န္း) ေတာ္ေတာ္ႀကီးကို ႀကိဳးစားခဲ့ရတယ္ေလ... ဒီဗီလိန္အႀကီးစားႀကီးဆီက ထြက္ေျပးဖို႔ကိုေလ... သူမက လုေပရႊမ္းဆီက လြတ္ရန္ နည္းလမ္းမ်ိဳးစံု သံုးခဲ့ေသာ္လည္း ဒီဗီလိန္ႀကီးက သူမကို လံုးဝအလြတ္မေပးခဲ့ဘူးေလ... ေနာက္ဆံုးမွာ လုေပရႊမ္းဟာ သူမကို ကေလးတစ္ေယာက္ႏွင့္ ခ်ည္ေနွာင္လိုက္ၿပီး သူမတြင္ လြတ္လမ္းမရိွေတာ့ေခ်...

" ဒါေပမယ့္ ေပရႊမ္းရဲ့စိတ္ဝင္စားမႈက ရွင့္ဆီမွာ ဘယ္ေလာက္ၾကာၾကာရိွေနႏိုင္မွာမို႔လို႔လဲ... ရွင့္မွာ ေနာက္ခံေကာင္းေကာင္းလည္း မရိွေတာ့ ရွင္က ေပရႊမ္းရဲ့အႀကိဳက္ မဟုတ္... "

ထိုစကားတို႔ရဲ့အဓိပၸါယ္ဟာ တစ္ခုတည္းပင္... ရီက်န္းဟာ မၾကာခင္တြင္ လုေတြဆီကေန ကန္ထုတ္ခံရမည္ဟူေသာအဓိပၸါယ္ပင္ျဖစ္သည္...

" ကြၽန္မအတြက္ မစၥရွန္ စိတ္ပူေပးစရာမလိုပါဘူး... အခ်ိန္က ေျပာျပသြားပါလိမ့္မယ္... ကြၽန္မနဲ႔ ေပရႊမ္းက ဘယ္ေလာက္ၾကာၾကာအထိ တူတူရိွေနၾကမလဲဆိုတာကိုေပါ့... ၿပီးေတာ့ မစၥရွန္က ကြၽန္မတို႔လင္မယားႏွစ္ေယာက္ၾကားထဲကို တတိယလူအျဖစ္ ဝင္မလာဖို႔ ေမ်ွာ္လင့္ပါတယ္... အဲ့ဒါက လူက်င့္ဝတ္နဲ႔လည္း မကိုက္သလို၊ ရွင့္ရဲ့ပရိတ္သတ္ေတြကလည္း ရွင့္ကို အဲ့လိုပံုစံမ်ိဳးနဲ႔ ျမင္ခ်င္ၾကမွာ မဟုတ္ဘူးေလ... "

" အခု ၿခိမ္းေျခာက္ေနတာလား... "

" ကြၽန္မအေပၚ  မစၥရွန္က ရန္လာမစရင္ ကြၽန္မကလည္း ျပန္တိုက္ခိုက္မွာ မဟုတ္ပါဘူး... မစၥရွန္ အခုရထားတဲ့ ေအာင္ျမင္မႈေတြ နာမည္ေကာင္း ဂုဏ္သတင္းေကာင္းေတြကိုဟရဖို႔ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ေပးဆပ္ခဲ့ရတယ္မလား... အဲ့ဒါေတြကို မျဖဳန္းတီးပစ္ခ်င္ပါနဲ႔ရွင္... ရွင္လည္း ပါးနပ္တဲ့မိန္းမပဲဆိုေတာ့ ကြၽန္မ ေျပာခ်င္တာကို နားလည္မွာပါ... "

" အဲ့စကားေတြကို မစၥရီလည္း မွတ္ထားလိုက္ပါအံုး... ရွင္လည္း ဘယ္လိုအေတြးနဲ႔မ်ား ကိုယ့္အစ္မအရင္းရဲ့ေယာက်္ားကို ခိုးခဲ့ပါလိမ့္ေနာ္... "

ထိုအခါ ရီက်န္းသည္ မ်က္ခံုးတစ္ဖက္ပင့္ကာ ရွန္ေဝ့ရင္းကို ၾကည့္လိုက္ၿပီး  " အဲ့အေၾကာင္းေတြကို ရီခ်င္းက ေျပာျပတာလား "

ရီခ်င္းကို ခ်က္ခ်င္း သံသယဝင္သြားသည့္ရီက်န္းကို အျပစ္ေတာ့ေျပာ၍မရေပ... အခုခ်ိန္တြင္ သံသယအဝင္သင့္ဆံုးက ရီခ်င္းအျပင္ တစ္ျခားသူ မရိွဘူးေလ... ရီခ်င္းက ေကာလဟာလေတြကို ေပါက္ေပါက္ေဖာက္သလို လိုက္ေျပာတတ္သူပဲမလား...
💘💘💘💘💘💘💘💘💘💘

Unicode
Chapter 146
{ နင့်အတွက် အဆင်ပြေမယ့်အင်္ကျီ မရှိဘူး - ၃ }

ရှန်ဝေ့ရင်းဟာ စိတ်ရှုပ်သွားပုံလည်း မပေါ်သလို အခန်းထဲမှ ထွက်သွားရန်လည်း စိတ်မဝင်စားသလိုပင်... သူမဟာ ကိုယ်လုံးပေါ်မှန်ရှေ့တွင် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် သူမရဲ့ပုံရိပ်ကို အေးဆေးစွာ ကြည့်နေဆဲဖြစ်သည်...
" မစ္စလု... ကျွန်မကို အထင်မလွဲပါနဲ့... လုမိသားစုက မြစ်လေးရဲ့ပထမဆုံး Lunar Birthdayက အရမ်းအရေးကြီးတယ်လို့ ကျွန်မက တွေးမိလို့ပါ... အခုလိုမျိုး ဖြစ်သလို လုပ်ထားတာမျိုး မဖြစ်သင့်ဘူးလေ... ကျွန်မက ကိစ္စမရှိပေမယ့် အပြင်မှာရှိနေတဲ့ဧည့်သည်တွေ အမြင်မှာ လုမိသားစုက သူတို့ရဲ့ပထမဆုံးမြစ်ဦးလေးကို သိပ်ဂရုမစိုက်ဘူးလို့ ထင်သွားနိုင်သလို၊ လုတွေက သူတို့ရဲ့မြေးချွေးမကို သိပ်သဘောမကျဘူးဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားနိုင်တယ်လေ... "

" လုတွေက ကျွန်မအပေါ် အရမ်းကောင်းကြပါတယ်... မစ္စရှန်က ကျွန်မအတွက် စိတ်ပူပေးစရာ မလိုပါဘူး... တကယ်လို့ မစ္စရှန်က သူများကို စိတ်ပူဖို့ အချိန်အားနေချိန်မှာ မစ္စရှန်အတွက်ပိုစဥ်းစားသင့်တယ်နော်... ဥပမာ မစ္စကျောင်း,ဝမ်းကွဲရဲ့သားကိုပေါ့... ကျွန်မအထင်တော့ သူနဲ့မစ္စရှန်က အဆင်ပြေလောက်ပါတယ်... "

" ရှင့်အမြင်မှာ ကျွန်မနဲ့ မစ္စကျောင်း,ဝမ်းကွဲရဲ့သားက အဆင်ပြေတယ်ပေါ့လေ?.. "

ရီကျန်းသည် ရှန်ဝေ့ရင်းက ယခုလိုပုံစံမျိုးရှိမည်ကို မထင်ထားချေ... ရှန်ဝေ့ရင်းဟာ လက်ရှိတွင် ခေါင်းတွင် အပေါက်ဖြစ်နေသောသူ(ဦးနှောက်မရှိသောသူ)လို ပြောဆိုနေမည်ဟု ရီကျန်း မတွေးထားခဲ့မိချေ...

ရှန်တို့ဟာ သြဇာကြီးပြီး အကျင့်စရိုက်ကောင်းသည်ဟု နာမည်ကြီးသည့်တဲ့မိသားစုကြီးတစ်ခုပါပဲ... ဒီလိုသာဆို ရှန်ဝေ့ရင်းသည် အောင်မြင်ကျော်ကြားပြီး စိတ်ထားဖြူစင်တဲ့မိန်းကလေးဖြစ်နေရမည်လေ... ရှန်ဝေ့ရင်းက အခုစိတ်ဖောက်ပြန်သွားသည်လား...

" မစ္စရီကို ကျွန်မ တစ်ခုပြောပြမယ်... မစ္စရီက လုတွေရဲ့အကြောင်းကို ဘယ်လောက်များသိနေလို့လဲ... အဖိုးလုက အိမ်ထောင်၃ကြိမ်ပြုခဲ့တာကိုရော သိလား...   " ရှန်ဝေ့ရင်းဟာ ထိုသို့ပြောပြီး ခဏရပ်ကာ ပြုံးလိုက်ပြီးနောက် " အဖိုးလုရဲ့ပထမအိမ်ထောင်နဲ့ ဒုတိယအိမ်ထောင်က လုပ်ငန်းအရ လက်ထပ်ခဲ့ရတာပဲ...   တတိယအကြိမ်ကလည်း သူ့မိသားစုကောင်းစားရေးအတွက် ပဲ... သူချစ်တဲ့သူကို လက်မထပ်ခဲ့ဘူး... အဖိုးလုက သူချစ်ရတဲ့မိန်းကလေးကို ပစ်ပြီး ကျော်ကြားပြီး သြဇာရှိတဲ့အသိုင်းအဝိုင်းထဲက မိန်းကလေးကို သူ့ရဲ့တတိယဇနီးအဖြစ်လက်ထပ်ခဲ့တာ... ရှင့်ရဲ့ယောက္ခမဖြစ်တဲ့ ဒေါ်လေးလုက လင်းမိသားစုကပဲ... လင်းတွေက သူတို့ မပြိုလဲခင်တုန်းက အရမ်းသြဇာရှီတဲ့အသိုင်းအဝိုင်းကပဲ... "

ထိုအခါ ရီကျန်းသည် သူမရှေ့မှ အမျိုးသမီးကို ကြည့်လိုက်ပြီး " ရှင်က ဘာကို ဆိုလိုချင်တာလဲ "

" မစ္စရီ... ကိုယ်နဲ့အဆင့်အတန်းတူတဲ့သူကိုပဲ လက်ထပ်သင့်တယ်ဆိုတဲ့စကားရဲ့အဓိပ္ပါယ်ကို သိလား... မစ္စရီအမြင်မှာ ရီတွေက လုတွေနဲ့ ထိုက်တန်တယ်လို့ ထင်နေတာလား "

ရှန်ဝေ့ရင်းဟာ ထိုစကားကို အရှက်အကြောက်မရှိ၊ နောင်တရခြင်း စက်လေးမှမရှိဘဲ ပြောလိုက်လေ၏။ သူမရဲ့သရုပ်မှန်အတိုင်းပေါ့... ရှန်ဝေ့ရင်းရဲ့အရှက်မဲ့စွာပြောဆိုလိုက်တဲ့စကားတို့ကို ကြားတဲ့အခါ ရီကျန်းရဲ့အကြည့်တို့ဟာ ပြောင်းလဲသွားတော့သည်...

" အဲ့တော့ ဘာဖြစ်လဲ... ကျွန်မနဲ့ ထိုက်တန်သည်ဖြစ်စေ... မထိုက်တန်သည်ဖြစ်စေ... အခုဆိုရင် ကျွန်မက ပေရွှမ်းရဲ့ဇနီးဖြစ်ပြီးတော့ သူ့ရဲ့သားကို မွေးထားပေးခဲ့ပြီးသား... " ထို့နောက်တွင် ရီကျန်းဟာ သူမရဲ့စကားကို ခေတ္တရပ်လိုက်ပြီး ရှန်ဝေ့ရင်းအား ခေါင်းစခြေဆုံးပြန်ကြည့်လိုက်ကာ " မစ္စရှန်က မိသားစုကောင်းတစ်ခုကပါ... သူများ လင်မယားကြားထဲကို ဘာလို့ ဝင်ချင်နေရတာလဲ... "

"OH... မစ္စရီ ကျွန်မကို အထင်မလွဲပါနဲ့... ကျွန်မက ရှင့်ကို သတိပေးရုံပါ... လုတွေက သြဇာရှိပြီး ချမ်းသာတဲ့မိသားစုလေ... ရီတွေလို မနေ့တစ်နေ့ကမှ ချမ်းသာလာတာမျိုး မဟုတ်ဘူးရှင့်... အဖိုးလုရဲ့ဘိုးဘွားပိုင်အိမ်မှာ သူ့ရဲ့သားတွေ ရှိနေသေးတယ်နော်... သာသြဇာရှိပြီးချမ်းသာတဲ့မိသားစုတွေက တစ်ယောက်ကို တစ်ယောက် ရရင်ရသလို လှည့်စားချင်နေကြတာချည်းပဲ... ပေရွှမ်းငယ်ငယ်တုန်းကတောင် အကြိမ်ပေါင်းများစွာ ပြန်ပေးဆွဲခံခဲ့ရဖူးတယ်... ရှင့်ယောက္ခမက သူ့မိသားစုတစ်ခုလုံး ပြိုလဲသွားတော့ သူ့ယောကျ်ားမျက်နှာကိုပဲ ကြည့်ပြီးနေနေခဲ့ရတာ... သူမကို ထောက်ပံ့ပေးမယ့်သူလည်း မရှိခဲ့ဘူး... သူမ လုပ်နိုင်တာဆိုလို့ လုတွေကြားမှ ကြိတ်မှိတ်သည်းခံပြီး နေရုံပဲလေ... ဒီလိုသြဇာရှိပြီး ချမ်းသာတဲ့မိသားစုကြားထဲမှာ အသက်ရှုချောင်မယ်လို့ ထင်နေတာလား မစ္စရီ... "

ထို့နောက်တွင် ရှန်ဝေ့ရင်းဟာ ရယ်မောလိုက်ပြီး " ပေရွှမ်းက ရှင့်ကို စိတ်ကုန်သွားတဲ့တစ်နေ့ကြရင် ရှင့်ရဲ့ချမ်းသာလာခါစ အခြေမခိုင်တဲ့မိသားစုလေးက ရှင်နဲ့ရှင့်သားကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ထင်နေတာလား... "

ဒါဟာ တည့်တိုးခြိမ်းခြောက်မှုပင်...

ရီကျန်းသည် ရှန်ဝေ့ရင်းကို တိတ်တဆိတ်သာ စိုက်ကြည့်ရင်း တစ်ခုခုကို စဥ်းစားနေခဲ့လေတယ်... ခေတ္တအကြာတွင်တော့ သူမဟာ အံ့ဆွဲထဲတွင် တစ်ခုခုရှာဖွေတော့သည်... နောက်ဆုံးတွင်တော့ သူမ ရှာနေသည့်ကတ်ကြေးအသေးလေးကို တွေ့သွားတော့သည်...

ထို့နောက်တွင်တော့ ထိုကတ်ကြေးလေးကို ကိုင်ကာ ရှန်ဝေ့ရင်းဆီသို့ လျှောက်သွားခဲ့လေသည်... စက္ကန့်ပိုင်းမျှအကြာတွင် ရီကျန်းဟာ ရှန်ဝေ့ရင်းကို ပြုံးပြလိုက်ပြီး ရှန်ဝေ့ရင်းဝတ်ထားသောဂါဝန်ကို ရင်ဘက်အောက်ပိုင်းမှစပြီး အဆုံးထိ အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် ညှပ်ပစ်လိုက်တော့သည်...

" Sorryနော် မစ္စရှန်... ကျွန်မဆီမှာ ရှင်နဲ့ သင့်တော်မယ့်အင်္ကျီ မရှိဘူး "
💖💖💖💖💖💖💖💖💖
Chapter 147
{ ဝူရန်ကျူး - ၁ }

ရီကျန်းသည် ငပျင်းမလေးဖြစ်တာကြောင့် သူမကို ရန်လာမစပါက သူမဘက်ကလည်း စတင် တိုက်ခိုက်တတ်သူ မဟုတ်ချေ... ဒါ​ပြင် အမေလုကိုယ်တိုင်ကလည်း ဒီနေ့ဟာ အိမ်ရှင်ဖြစ်တာကြောင့် မျက်နှာမပျက်စေနဲ့ဟု မှာလိုက်သောကြောင့်လည်း သူမဟာ သည်းခံနေခဲ့ခြင်းဖြစ်၏...

ဒါကြောင့် သူမသည် ရှန်ဝေ့ရင်းပြောသမျှစကားအားလုံးကို ဒီဘက်နားရွက်ကဝင် ဟိုဘက်နားရွက်မှ ပြန်ထုတ်နေလေတယ်... သူမသည် သူမရှေ့မှ အကျင့်စရိုက် မကောင်း၊ ဦးနှောက် မကောင်း၊ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်ချင်နေသည့်မိန်းမမျိုးကို ဂရုစိုက်နေမည် မဟုတ်...

ရီကျန်းသည် သူမကို ရှန်ဝေ့ရင်းက သူမကို ဘွင်းဘွင်းရှင်းရှင်း မခြိမ်းခြောက်ခင်အထိ သည်းခံနေခဲ့ပေသည်...

သူမ ညှပ်လိုက်သော ရှန်ဝေ့ရင်း ဝတ်ထားသည့်ဂါဝန်ဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားတာကြောင့် နောက်ထပ်ပြန်ဝတ်ရန်ပင် မဖြစ်နိုင်တော့ချေ... ဂါဝန်ကို သူမစိတ်ကြိုက်ညှပ်ပြီးနောက်တွင်တော့ ရီကျန်းသည် ရှန်ဝေ့ရင်းကို ပြုံးလျက်ကြည့်လိုက်ကာ " Sorryနော် မစ္စရှန်... ကျွန်မဆီမှာ ရှင်နဲ့ သင့်တော်မယ့်အင်္ကျီ မရှိဘူး "

ရှန်ဝေ့ရင်းသည် ရီကျန်း၏လုပ်ရပ်ကြောင့် အတော်လေး ဆွံ့အသွားခဲ့လေတယ်... သူမသည် ရီကျန်းလက်ထဲမှ ကတ်ကြေးကို ကြည့်လိုက်၊ အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့သောဂါဝန်ကို ပြန်ငုံ့ကြည့်လိုက် လုပ်နေခဲ့မိ၏...

ရှန်ဝေ့ရင်းသည် သူမကိုယ်သူမ ရီကျန်းရဲ့အကြောင်းကို သိလှပြီဟု ထင်နေခဲ့သူဖြစ်သည်... သူမအမြင်တွင် ရီကျန်းသည် မျိုသိပ်ထားတတ်သူဖြစ်ပြီး သူမ ပြောလိုက်သောစကားတို့ကြောင့် ရီကျန်းက ရှက်ရွံ့ကာ စိတ်ဓါတ်ကျသွားမည်ဟုပင်... ရှန်ဝေ့ရင်းဟာ ဖျော်ဖြေရေးလောကတွင်လည်း ရီကျန်းကဲ့သို့ လူမျိုးကို များစွာမြင်ဖူးပေတယ်... သူမအတွေးထဲတွင် ရီကျန်းဟာ သူမကဲ့သို့အောင်မြင်ကျော်ကြားသည့်အမျိုးသမီးတစ်ယောက်ရဲ့ရှေ့တွင် စိတ်အားငယ်သွားမည်ပေါ့... ယခုတွင်တော့ သူမအတွေးနှင့် တက်တက်စင်အောင် လွဲချော်သွားရုံတင်မက သူမကပဲ ဒေါသထွက်နေရတော့သည်... သူမရဲ့ဒေါသကို ထုတ်မပြသောလည်း ဒေါသမီးတို့ဟာ သူမရဲ့နှလုံးသားထဲတွင် တောက်လောင်လို့နေလေတယ်... ရှန်ဝေ့ရင်းသည် သူမရဲ့စကားတို့က ရီကျန်းရဲ့ရင်ထဲသို့ ဆူးများသဖွယ် နစ်ဝင်သွားစေချင်ခဲ့၏... ထိုသို့သာဖြစ်သွားပါလျှင် သူမသည် ပေရွှမ်းနှင့် ရီကျန်းတို့နှစ်ဦးကြားမှ ပဋိပက္ခကို ထိုင်စောင့်နေရုံပင်ဖြစ်သည်...

ပေရွှမ်းလိုယောကျ်ားမျိုးက ရီကျန်းရဲ့စွပ်စွဲမှုတွေကို ဘယ်လိုမှသည်းခံနေနိုင်မည်မဟုတ်ဟု ရှန်ဝေ့ရင်းက ကြိုတွက်ထားခဲ့ပုံပင်...

ဘယ်လောက်ပဲကောင်းမွန်တဲ့ relationshipတစ်ခုဖြစ်နေပါစေ... ယုံကြည်မှုတစ်ချက်ကလေး ပျက်စီးသွားသည်နှင့် အရာရာပြိုကွဲသွားနိုင်သည်မဟုတ်လား...

သို့သော် ရီကျန်းက သူမ တွေးထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့လေတယ်...

" ရီကျန်း!!! နင်...ဘာလုပ်လိုက်တာလဲ!!! " ရှန်ဝေ့ရင်းဟာ ဒေါသထွက်စွာနဲ့ ရီကျန်းကို စိုက်ကြည့်လိုက်ချေသည်... သူမ ဒေါသဘယ်လောက်ထွက်နေသည်ကို သူမရဲ့မျက်နှာကို ကြည့်ရုံနှင့်ပင် သိနိုင်ပေတယ်... ထို့နောက်တွင်တော့ ရှန်ဝေ့ရင်းဟာ သူမကိုယ်သူမ သတိထားမိသွားပြီး " ရှင် ရူးနေပြီလား မစ္စရီ... ပေရွှမ်းက ရှင့်လိုမိန်းမမျိုးကို ဘာကြောင့်များ လက်ထပ်ခဲ့ပါလိမ့်... "

" ပေရွှမ်းက ကျွန်မကို ဘာကြောင့်ပဲ လက်ထပ်ခဲ့ လက်ထပ်ခဲ့... ရှင်နဲ့ ဘာမှမဆိုင်ပါဘူး မစ္စရှန်... ကျွန်မက အခုချိန်မှာ မစ္စလုဖြစ်နေပြီ... ဒီအခန်းထဲမှာ ရှိတာမှန်သမျှကို ကျွန်မပိုင်တယ်... ရှင်ဝတ်ထားတဲ့ဂါဝန်အပါအဝင်ပေါ့... ဒါတင်မကဘူး အခုမစ္စရှန်ရောက်နတာ ကျွန်မရဲ့အိမ်ပါ... ဒါတွေထားပါတော့လေ... အခု ကျွန်မရဲ့ဂါဝန်ကို ပြန်ချွတ်ပေးပါ... အဆင်မပြေဖြစ်သွားလို့ စိတ်မကောင်းပါဘူး မစ္စရှန် "

ရှန်ဝေ့ရင်းသည် မိသားစုကောင်းကောင်းမှ စိတ်ထားဖြူစင်သည့်ကြာပန်းဖြူလေးအသွင်ရှိသော်ငြား အမှန်တကယ်တော့ ထိုသို့ဟုတ်မနေပေ...

ရီကျန်းက ရှန်ဝေ့ရင်းဟာ သူမရဲ့ဂါဝန်ကို ပြန်ပေးဖို့ ပြောလိုက်ခြင်းဟာ ရှန်ဝေ့ရင်းရဲ့မျက်နှာကို ဖြတ်ရိုက်ကာ အရှက်ခွဲလိုက်သည်နှင့် မခြားနားချေ... ရှန်ဝေ့ရင်းသည် ဒီနှစ်တွေမှာ ထိုကဲ့သို့ တစ်ခါမှ အဆက်ဆံမခံခဲ့ရဖူးပေ...

ရှန်ဝေ့ရင်းရဲ့မျက်နှာဟာ စက္ကူစလို ဖြူစုတ်လာခဲ့တော့သည်... ရှန်ဝေ့ရင်းသည် ရီကျန်းရဲ့မျက်ဝန်းတို့ထဲမှရက်စက်မှုတို့ကို အထင်သားမြင်တွေ့နေရ၏... ရီကျန်းဟာ နောက်စက္ကန့်အနည်းငယ်အတွင်းမှာ သူမ(ရှန်ဝေ့ရင်း)ဝတ်ထားသောဂါဝန်ကို စုတ်ဖြဲပစ်တော့မည်ဟုပင် ခံစားနေမိသည်...

သို့သော် သူမဟာ သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် လုပ်လိုက်ပြီး  " ဒါဆိုမစ္စရီကလည်း ပါးနပ်တဲ့မိန်းမတစ်ယောက်ပဲပေါ့... ကျွန်မက လျော့တွက်မိသွားတယ်... ရှင်လည်း ပေရွှမ်းကို လက်ထပ်နိုင်ဖို့ အတော်လေးကြိုးစားခဲ့ရမှာပဲလေ... "

ဟုတ်တာပေါ့... သူမ(ရီကျန်း) တော်တော်ကြီးကို ကြိုးစားခဲ့ရတယ်လေ... ဒီဗီလိန်အကြီးစားကြီးဆီက ထွက်ပြေးဖို့ကိုလေ... သူမက လုပေရွှမ်းဆီက လွတ်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့သော်လည်း ဒီဗီလိန်ကြီးက သူမကို လုံးဝအလွတ်မပေးခဲ့ဘူးလေ... နောက်ဆုံးမှာ လုပေရွှမ်းဟာ သူမကို ကလေးတစ်ယောက်နှင့် ချည်နှောင်လိုက်ပြီး သူမတွင် လွတ်လမ်းမရှိတော့ချေ...

" ဒါပေမယ့် ပေရွှမ်းရဲ့စိတ်ဝင်စားမှုက ရှင့်ဆီမှာ ဘယ်လောက်ကြာကြာရှိနေနိုင်မှာမို့လို့လဲ... ရှင့်မှာ နောက်ခံကောင်းကောင်းလည်း မရှိတော့ ရှင်က ပေရွှမ်းရဲ့အကြိုက် မဟုတ်... "

ထိုစကားတို့ရဲ့အဓိပ္ပါယ်ဟာ တစ်ခုတည်းပင်... ရီကျန်းဟာ မကြာခင်တွင် လုတွေဆီကနေ ကန်ထုတ်ခံရမည်ဟူသောအဓိပ္ပါယ်ပင်ဖြစ်သည်...

" ကျွန်မအတွက် မစ္စရှန် စိတ်ပူပေးစရာမလိုပါဘူး... အချိန်က ပြောပြသွားပါလိမ့်မယ်... ကျွန်မနဲ့ ပေရွှမ်းက ဘယ်လောက်ကြာကြာအထိ တူတူရှိနေကြမလဲဆိုတာကိုပေါ့... ပြီးတော့ မစ္စရှန်က ကျွန်မတို့လင်မယားနှစ်ယောက်ကြားထဲကို တတိယလူအဖြစ် ဝင်မလာဖို့ မျှော်လင့်ပါတယ်... အဲ့ဒါက လူကျင့်ဝတ်နဲ့လည်း မကိုက်သလို၊ ရှင့်ရဲ့ပရိတ်သတ်တွေကလည်း ရှင့်ကို အဲ့လိုပုံစံမျိုးနဲ့ မြင်ချင်ကြမှာ မဟုတ်ဘူးလေ... "

" အခု ခြိမ်းခြောက်နေတာလား... "

" ကျွန်မအပေါ်  မစ္စရှန်က ရန်လာမစရင် ကျွန်မကလည်း ပြန်တိုက်ခိုက်မှာ မဟုတ်ပါဘူး... မစ္စရှန် အခုရထားတဲ့ အောင်မြင်မှုတွေ နာမည်ကောင်း ဂုဏ်သတင်းကောင်းတွေကိုဟရဖို့ အချိန်တော်တော်များများ ပေးဆပ်ခဲ့ရတယ်မလား... အဲ့ဒါတွေကို မဖြုန်းတီးပစ်ချင်ပါနဲ့ရှင်... ရှင်လည်း ပါးနပ်တဲ့မိန်းမပဲဆိုတော့ ကျွန်မ ပြောချင်တာကို နားလည်မှာပါ... "

" အဲ့စကားတွေကို မစ္စရီလည်း မှတ်ထားလိုက်ပါအုံး... ရှင်လည်း ဘယ်လိုအတွေးနဲ့များ ကိုယ့်အစ်မအရင်းရဲ့ယောကျ်ားကို ခိုးခဲ့ပါလိမ့်နော်... "

ထိုအခါ ရီကျန်းသည် မျက်ခုံးတစ်ဖက်ပင့်ကာ ရှန်ဝေ့ရင်းကို ကြည့်လိုက်ပြီး  " အဲ့အကြောင်းတွေကို ရီချင်းက ပြောပြတာလား "

ရီချင်းကို ချက်ချင်း သံသယဝင်သွားသည့်ရီကျန်းကို အပြစ်တော့ပြော၍မရပေ... အခုချိန်တွင် သံသယအဝင်သင့်ဆုံးက ရီချင်းအပြင် တစ်ခြားသူ မရှိဘူးလေ... ရီချင်းက ကောလဟာလတွေကို ပေါက်ပေါက်ဖောက်သလို လိုက်ပြောတတ်သူပဲမလား...
💘💘💘💘💘💘💘💘💘💘

Continue Reading

You'll Also Like

202K 34.1K 92
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
1.3M 45.2K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
252K 6.2K 73
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1M 54.4K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...