...
EP1 ဆေးမှတ်တမ်းလေး တစ်ခု
.ကျစ်ရှုဆေးရုံမှ ထွက်လာချိန်တွင်
နှင်းများ ကျလျက်ရှိနေသည်။
နှုင်းမှုန်လေးများကလေထဲတွင်
ပျံ့လွင့်နေလျက်နှင်းပွင့်မှုန်လေးများက
သူ့ရဲ့ရှည်လျားသောမျက်တောင်လေးများပေါ်တွင်လာရောက်ခိုနားကာတဖြည်းဖြည်း ပင်အရည်ပျော်စေလျက်မျက်တောင်ဖျားလေးမှကျလာခဲ့သည်။ကျစ်ရှု မျက်တောင်လေးများကို ခတ်လျက် ဆောင်းရာသီတောင်ရောက်လာပြီဖြစ်ကြောင်းသူတွေးလိုက်မိသည်။
ပေကျင်း၏ ဆောင်းရာသီက
အလွန်ပင်အေးလှပေသည်။
သို့သော်ဆောင်းရာသီ၏ အအေးဓာတ်ထက်
သူ့နှလုံးသားထဲတွင်ရှိနေသော အအေးဓာတ်ကသာလွန်လျက်ရှိနေခဲ့သည်။
ကျစ်ရှုခေါင်းကိုတစ်ချက်ခါလိုက်ပြီး
လည်ပင်းတွင်အလိုက်သင့်တင်ထားခဲ့သောပဝါကိုလည်ပင်းအားလုံအောင်ရစ်ပတ်လိုက်သည်။သူလက်၌ ချေမွထားဟန်ရှိသောကြောင့်ကြေမွနေသောစာရွက်လေးတစ်ခုကို ကိုင်ထားလျက်ရှိနေခဲ့သည်။ထိုစာရွက်လေးကားဆေးလက်မှတ်လေးတစ်ခုပင်။
သူသည်ဘတ်စ်ကားမှတ်တိုင်သို့သွားလျက်
ကားတစ်စီးစီးလာရန်ကို စောင့်နေခဲ့သည်။
သူ၏ လက်လေးများသည်အလွန်ပင်အေးနေသော်လည်းသူနှင့်ရင်းနှီးကျွမ်းဝင်သော
နံပါတ် တစ်ခုကိုနှိပ်ကာ ဖုန်းခေါ်နေခဲ့သည်။
အချိန်တွေသာကြာသွားခဲ့သည်တိုင်
သူဆက်သွယ်နေသောဖုန်းက
ပြန်လည်ဖြေကြားခြင်းမရှိခဲ့သောကြောင့်
သူအလွန်ပင်စိတ်ပျက်သွားခဲ့သည်။
သူထပ်ကာထပ်ကာဖုန်းခေါ်ခဲ့သော်လည်း
ထိုအရာကအချည်းနှီးသာပင်။
ကျစ်ရှုသည် သူချေမွထားသောစာရွက်အားတစ်ချက်မျှကြည့်ကာစိတ်ပျက်လက်ပျက်ဖြင့်သူ့ဘေးတွင်ရှိသောအမှိုက်ပုံးထဲသိူ့
ပစ်ထည့်လိုက်သည်။နာရီဝက်ခန့်အကြာတွင်
ဘတ်စ်ကားသည် နောက်ဆုံးတွင်ရောက်လာလေသည်။သူသည်ဘတ်စ်ကားပေါ်တက်ပြီး ပြတင်းပေါက်ဘေးထိုင်ခုံတွင် ထိုင်လိုက်သည်။ဘတ်စ်ကားပေါ်မှ တိတ်ဆိတ်လျက်ရှိနေသောလူများစွာသည်လည်းသူရင်ထဲတွင်ရှိနေသော စိုးရိမ်မှုများနှင့်ပူလောင်ခြင်းများကိုဖြေလျော့ပေးနိုင်လိမ့်မည်မဟုတ်ခဲ့။
သူသည်ပြတင်းပေါက်မှန်ကိုနဖူးဖြင့်ထိလျက်မှီကာဖုန်းနံပါတ်တစ်ခုအားထပ်မံခေါ်ဆိုခဲ့ပြန်သည်။ဒီတစ်ခေါက်မှာတော့တစ်ဖက်မှ ဖြေကြားလာလေသည်။
"ဟယ်လို ''
''အခုနှင်းတွေကျနေပြီ ဆောင်းရာသီကိုရောက်ပြီလေ'
ကျစ်ရှုသည်တိုးညှင်းသောအသံဖြင့်
ပြောလျက်ပါးပြင်ပေါ်သိူ့မျက်ရည်များက
စီးကျလာခဲ့လေသည်။
သူတို့အတူတူနေလာခဲ့ကြသည်မှာ
ယခုထိဆို ၁၄နှစ်ပင် ရှိခဲ့လေပြီ။
သို့သော် ခုအခါမှာတော့တစ်ခုခုပြောင်းလဲသွားခဲ့ပြီပင်။
တစ်ဖက်မှာတော့ ချစ်သူအသစ်ကို
ရင်ခွင်ထဲတွင်ပွေ့ဖက်ထားသော
ကျန်းဝမ်ရွှီက သူ့အနားရှိသူကိုတိတ်ဆိတ်စွာနေရန်အချက်ပြရင်းစိတ်မရှည်သည့်အသံဖြင့်ပြန်ပြောလာသည်။
"အဲဒါဘာဖြစ်လဲ ငါရုံးမှာအချိန်ပိုဆင်းနေတုန်းဘဲ''
ကျစ်ရှု ၏ စကားများကို စိတ်ရှုပ်ထွေးဟန်ဖြင့်ပြန်ဖြေရင်း တကယ်တမ်းကျ သူကျစ်ရှု အပေါ်ငြီးငွေ့နေခဲ့သည်ပင်ဖြစ်သည်.
"မင်းအိမ်မှာမရှိတာ အတော်ကြာပြီလေ
ဒီညနေတော့ ပြန်လာမယ်မဟုတ်လားဟင်''
ကျစ်ရှုသည် တောင်းပန်ခယသောအသံဖြင့်
တုန်ယင်လျက်ပြောနေရင်း လက်ယာလက်ညှိုးတွင်ဝတ်ဆင်ထားသောငွေရောင်ကွင်းလေးကို ထပ်ခါထပ်ခါပွတ်သပ်ရင်းမျက်ရည်များက ထိန်းလို့မရအောင်စီးကျလာခဲ့သည်။
မျက်ရည်များက ပိုမို၍သာစီးကျလာရင်း သူ၏ မျက်နှာမှတစ်ဆင့် သူ့လက်ပေါ် ရှိ
ငွေရောင်ကွင်းလေးဆီသို့ကျဆင်းလျက်
ရှိနေခဲ့သည်.
ဝမ်ရွှီသည်ကျစ်ရှု နှင့်ပတ်သက်ပြီးအရိုးထဲထိ အေးခဲသောခံစားချက်တစ်ခုက ရင်ထဲသို့တိုးဝင်လာပြီး နောက်
"မင်း ဘာဖြစ်နေတာလဲ '
ကျစ်ရှု က သူ့မေးခွန်းတွေကိုမဖြေဘဲ
"မင်းဒီည ပြန်လာနိုင်မလားဟင်
ငါတို့ မွေးရပ်မြေမှာ
နှင်းတွေစကျတဲ့အချိန်ဆို ငါတို့အမြဲ ဖက်ထုပ်တွေ စားခဲ့ကြတယ်လေ
ငါမင်းကို လုပ်ကျွေးမယ်လေ ''
(TNဒီီနေရာလေးမှာ မူရင်း novelမှာက
Jiozi လို့ရေးထားလို့ဖက်ထုပ်လို့ဘာသာလေးပြန်ထားပါတယ်နော်)
''မလိုဘူး ငါအခုအလုပ်ရှုပ်နေတယ်
အိမ်မှာဘဲနေ ဘာမှအပိုတွေလုပ်မနေနဲ့
ငါလက်ထောက် Song ကို မင်းဆီဖက်ထုပ်တွေပို့ခိုင်းလိုက်မယ် ဟုတ်ပြီလား
ဒါဘဲ ငါအလုပ်ဆက်လုပ်လိုက်ဦးမယ်''
သူက ပြောပြီး နောက်ချက်ခြင်းပင် သူ့ဘက်က စကားပြောခွင့်တောင်မပေးဘဲ ဖုန်းချသွားလေသည်။
ကျစ်ရှု၏ နှလုံးသားသည် နာကျင်နေလျက်ပင်ကျန်း၏ အိမ်မပြန်လာခြင်းများစွာကို လက်ခံရန်ကြိုးစားနေခဲ့သည်။
ထို့နောက် ဖုန်းလေးအား အကျီအိတ်တွင်း ဖြေးညှင်းစွာထည့်လိုက်ရင်းပင် လူသေတစ်ဦးပမာ ခံစားချက်များကင်းမဲ့ပုံဖြင့်
လမ်းမများပေါ်မှာလှမ်းလျှောက်နေသော
လူများအားငေးကြည့်ရင်းဖြင့် ။
ဝမ်ရွှီသည် ကုမ္ပဏီဥက္ကဌ တစ်ယောက်သူသည် ဘယ်လောက်ပင်အလုပ်များသည်ပင်ဆိုပါစေကျစ်ရှုနှင့်အတူ ညစာတောင်မစားနိုင်အိမ်တောင်ပြန်မအိပ်နိုင်အောင်ပင်
အလုပ်တွေအရမ်းများနေလို့လား ။
သို့တည်းမဟုတ် ။
အမှန်တကယ်တော့ ကျန်းဟာအပြင်မှာ
ချစ်သူအသစ်တစ်ယောက်ရှိနေခဲ့သည်
သာပင်။
ကျစ်ရှုကအလွန်ပါးနပ်ပြီး ထက်မြက်သူမိူ့လွန်ခဲ့တဲ့ ၄နှစ်ကစပြီးကျန်းအပြင်မှာ ဖောက်ပြန်နေခဲ့သည်ကို သိရှိနေခဲ့သည်။သို့သော် သူဘက်မှမျက်လုံးစုံမှိတ်ပြီးအရာရာကိုမသိဟန်ဆောင်ကာနေခဲ့သည်။လုံးဝဂရုမစိုက်လိုခြင်းကြောင့်တော့
မဟုတ်ပေမယ့်ဒီအကြောင်းအရာများနှင့်စကားပြောပြီးအစဖော်လိုက်မိပါကသူတိူ့
တည်ဆောက်ခဲ့သည့်နှစ်ပေါင်းများစွာသော တည်ရှိမှုလေးသည်လုံးဝကို အပြီးအပြတ် အဆုံးသတ်သွားမည်ကိုစိုးရိမ်သောကြောင့် သူမည်မျှပင်ရင်နင့်အောင်ခံစားနေရပါစေ
ဒီတည်ရှိမှုလေးဟာ ကောက်ရိုးတမျှင်ပင်
ဖြစ်သည်ဆိုဦး သူလက်တွေ သွေးစိမ်းရှင်ရှင်
ထွက်ပါစေဦး သူမလွှတ်တမ်း ဖမ်းဆွဲနေမည်သာဖြစ်ပေသည်။
သူဒီသူကို အရမ်းချစ်ပါသည်။
သူဒီလူကိူ ချစ်ခဲ့သည်မှာ
ဆယ်နှစ်ထက်မက ရှိခဲ့လေပြီ။
ထိုသူက သူ့အား စွန့်ခွာသွားခြင်းသည်ထက်
သူ့အပေါ် သစ္စာဖောက်ခြင်းကို
သူရအောင်သည်းခံရမည်သာပင်။
ဒီနှစ်တွေအတွင်း မည်မျှပင်လျစ်လျူရှုပါစေ
ရက်စက်ပါစေ ထိုသူ့အပေါ်
အပြစ်ဟူ၍ မမြင်ခဲ့ဘဲ အချစ်တွေကိုသာ
သူတိုး၍ ပေးကာသည်းခံခဲ့ပါသည်။
ထို့ကြောင့်ပင် လွန်ခဲ့သော ၄နှစ်ကစပြီး
ထိုသူ၏ ကိုယ်ပေါ်မှ ပါလာလေ့ရှိသော
အမျိုးသမီးသုံးရေမွှေးနံ့များ
ကော်လာပေါ်ရှိ ပေစွန်းနေသော
နှုတ်ခမ်းနီများ သူ့ရှေ့တွင်ဘယ်ကမှန်းမသိသောဖုန်းစိမ်းများနှင့် ထိုသူ၏ မဆီလျော်သော အပ်ကြောင်းထပ်လာသော ဆင်ခြေများကိုလျစ်လျူရှုရန် အတတ်နိုင်ဆုံး သူကြိုးစားပေးခဲ့ရသည်။
သူတို့ဟာတစ်ယောက်နှင့်တစ်ယောက် အလွန်ကိုချစ်ခဲ့ကြပြီး နှစ်ပေါင်းများစွာ လောကဓံ၏ အခက်အခဲပေါင်းများစွာကို
ပြုံးတလှည့်ငိုတလှည့်ဖြင့်
ကြုံခဲ့ကျော်ဖြတ်ခဲ့ကြသည်။
ခုတော့မူ အဘယ်ကြောင့်များ
တစ်ဦးနှင့်တစ်ဦး ကွဲကွာစေဖို့
ဖြစ်လာစေခဲ့ပါသနည်း။
သူတွေးနေရင်းပင် ဘတ်စ်ကားသည်သူဆင်းမည့်နေရာကိုရောက်ရှိလာလေသည်။
ကျစ်ရှုသည် နီရဲမို့မောက်နေသောမျက်လုံးများနှင့်အတူ မျက်နှာမှာဖြူလျော်နေခဲ့သော်လည်းသူသည် ဝမ်းနည်းမှုများကို
နူးညံ့စွာဖုံးကွယ်ရင်းသူဘာမှမခံစားရသလို ဆက်ပြီးဟန်ဆောင်နေရဦးမည်သာဖြစ်သည်။
ကျစ်ရှု သည် ဘာအစားအစာမှ မဝယ်ခဲ့ဘဲ
အိမ်သို့သာပြန်လာခဲ့လေသည်။
အဘယ့်ကြောင့်ဆိုသော်
ဝမ်ရွှီ၏ ဖုန်းထဲကစကားသံများကို
ပြန်လည်ကြားယောင်နေရပြီး
သူတောင့်တ မျှော်လင့်မှုများသည်လည်း
အလုံးစုံကျပျောက်ခံရခြင်းကြောင့်
ပင်ဖြစ်သည်။
နောင်နှစ်နှင်းတွေကျချိန်တွင်
သူတို့နှစ်ယောက်သည်
ဖက်ထုပ်အတူတူစားနိုင်မည့်
အခွင့်အရေးသည် ကား လုံးဝရှိနိုင်တော့
မည်မဟုတ်ပေ။သေမင်းသည် သူ၏ နောက်ကျောအားနီးကပ်လာချိန်တွင်သူ၏ ချစ်ရသော အိမ်ထောင်ဖက်ကမူ သူ့အားအဝေးကြီးကို တွန်းထုတ်လျက် ကျန်ရှိနေသောအချိန်လေးအနည်းငယ်ကိုပင်သူ့ဘေးနားရှိနေပေးရန်ငြင်းဆန်ခဲ့ချေသည်။
အချိန်ကြာပြီးနောက်
ဝမ်ရွှီ ၏ လက်ထောက်ဖြစ်သော
စုန့်သည် လက်ထဲတွင် နေ့လည်စာမုန့်ဘူးတစ်ခုနှင့်အတူ သူ့ဆီသို့ အလျင်အမြန်ရောက်လာခဲ့သည်။စုန့်၏ အဝတ်များသည် မီးပူရာတောင်ခေါက်ရိုးကျိုးနေလေသည်။
ထိုသူက လူခေါ်ဘဲလ်ကို နှိပ်ကာ ကျစ်ရှု တံခါးလာဖွင့်မည့်အချိန်ကို စောင့်နေသည်။
မကြာမီပင် !ဟိုင်း စုန့် !
ဟုသူကနှုတ်ဆက်ရင်း
တံခါးဖွင့်ပေးလိုက်သည်။
စုန့်ကသူ့အားနေ့လည်စာမုန့်ဘူးတစ်ခုကိုပေးပြီးလေးစားစွာဖြင့် ဖြူဖျော့နေပုံရသော
သူ့ကိူ ကြည့်ကာနှုတ်ဆက်လာလေသည်။
"မစ္စတာ ရှု အဆင်ပြေရဲ့လား''
ကျစ်ရှုကခေါင်းညိတ်ပြကာပြုံးပြရင်း
"အားနာပါတယ် မင်းအလုပ်ရှုပ်သွားပြီ
နောက်ဆိူသူ့ကိစ္စတွေ မလူပ်ပေးပါနဲ့
မင်းမှာလဲအလူပ်တွေ ရှိသေးတယ်မလား''
စုန့်က သူ့အားပြန်ပြုံးပြရင်း
!ကျွန်တော့်တာဝန်က သူဌေးအဆင်ပြေဖို့ပါ
သူက ကျွန်တော့်အပေါ်အမြဲတမ်းကောင်းပေးတာမို့ဒီလောက်လေးတော့ လုပ်ပေးသင့်ပါတယ်!
ဟုပြောလာခဲသည်.
စုန့်၏ စကားကြောင့် ကျစ်ရှု၏အားနာမှုတို့
အတန်ငယ်သက်သာသွားစေလျက် စုန့်
မပြန်ခင်ချိနိထိ ခဏမျှစကားပြောဆိုနေခဲ့ကြသည်။
စုန့်ပြန်သွားချိန်တွင် ကျစ်ရှုတံခါးပိတ်လိုက်ပြီး စားပွဲခုံနားရှ် ထိုင်ခုံတွင်ထိုင်ချလိုက်ကာ စားပွဲပေါ်တွင်ရှိနေသောဖက်ထုပ်များဖြင့်ပြည့်နေသည့် နေ့လည်စာဘူးလေးအား အကူအညီမဲ့ခြင်းများစွာနှင့်အတူ
ဝမ်းနည်းစွာဖြင့်ဆို့နစ်စွာကြည့်နေလျက်
မျက်ဝန်းမှ မျက်ရည်များက
ပူနွေးစွာ စီးကျလာခဲ့သည်။
သူတို့အတူနေထိုင်ခဲ့သည့် ပထမ
ဆယ်နှစ်တာကာလများတွင် နှစ်စဉ်နှစ်တိုင်း
နှင်းစကျတဲ့နေ့ရဲ့ညတွေမှာ သူတို့နှစ်ယောက်
အတူတူရှိခဲ့ကြတယ်။နှစ်ယောက်အတူ စားပွဲမှာထိုင်ပြီး ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အတူတူပျော်ရွှင်စွာ ဖက်ထုပ်တွေလုပ်ခဲ့ကြတယ်။အရမ်းပျော်ပြီးအရမ်းကိုချစ်ခဲ့ကြတဲ့အချိန်တွေပေါ့။တစ်ခါက ဝမ်ရွှီသည် ဖက်ထုပ်လေးတွေထဲမှာ သကြားလုံးလေးတွေ ဒင်္ဂါလေးတွေကိုထည့်ထားပြီးကံကောင်းတဲ့ဖက်ထုပ်ကို ရွေးချယ်ခဲ့ကြတယ်။
ကျစ်ရှု က ကံကောင်းဖက်ထုပ်လေးများကိုသာအမြဲရခဲ့ပြီး သူကတော့ တခါမှမရခဲ့ဘူး.
ဒါကြောင့်မို့ ကျစ်ရှု သည် သူ့ဆီမှ ကံကောင်းဖက်ထုပ်လေးတွေကို ဝမ်ရွှီရဲ့ပန်းကန်ထဲကို
အမြဲခွဲထည့်ပေးနေခဲ့ဖူးသည်။
ကျစ်ရှု အမှတ်တရများမှနိုးထလာပြီး
သူနှာဖျားတွင်ပူနွေးလာတဲ့ အသိကြောင့်
သူ၏ နှာခေါင်းမှာသွေးများစီးကျလာသည်ကို သူသိလိုက်သည်။ဤ လများတွင် နှာခေါင်းသွေးယို ခြင်းသည်မကြာခဏဖြစ်လေ့ဖြစ်ထရှိနေသောကြောင့်သူနှင့်ပင်အကျွမ်းတဝင်ဖြစ်လာနေပြီဖြစ်သည်။
ကျစ်ရှုသည် စီးကျလာသော
သွေးစအချို့အား တစ်ရှုးနှင့်သုတ်ပြီး
"ငါဘာကြောင့်ဒီရောဂါရခဲ့တာလဲ
ဘာလို့ငါ့မှာမှ လာဖြစ်ရတာလဲ
ငါ့ရဲ့ကံကောင်းမှုတွေအားလုံး
ကျန်းဝမ်ရွှီကိုပေးခဲ့ပြီးပြီဘဲ
အခုတော့ ငါကံမကောင်းနိုင်တော့ဘူးပေါ့"
နောက်ဆုံး၌ သူသည် ဖက်ထုပ်၄ခုသာစားပြီး
အိပ်ရာဝင်ခဲ့သည်။
လေးရာသီ။ ဖက်ထုပ်လေးခု ။
လွန်ခဲ့သော နှစ်တွေက ငြိမ်းချမ်းမှုတွေကပင်
သူ့အတွက်လုံလောက်ခဲ့ပြီထင်ပါရဲ့။
ဟုတ်တယ် လုံလောက်ပါတယ် ။
ဘာဘဲ ဖြစ်ဖြစ် သူပျော်ခဲ့ရတာဘဲလေ
သူ့အတွက် လုံလောက်ကောင်းပါရဲ့။
ကျစ်ရှု အိပ်ရာထဲတွင် လဲလျောင်းနေရင်းအနည်းငယ်ဖျားနေခြင်းကလည်းသူ့ကိုအလွန်ပင်ပင်ပန်းနွမ်းနယ်လာစေသည်။
သူ၏ ဝမ်းနည်းမှု ပူဆွေးမှုများကို
မေ့ပျောက်စေရန်အတွက် ကောင်းစွာအိပ်စက်ဖို့တော့အချိန်တစ်ခုလိုအပ်နေပေသည်။မနက်ဖြန် သို့ နောက်ရက်တွေအတွက်ပေါ့။
သူ့အိမ်ယာဘေးတွင်လစ်လပ်နေသောနေရာရှိခေါင်းအုံးဖြူလေးအား ဆို့နင့်စွာကြည့်ရင်း
လက်ဖြင့်ညင်သာစွာဖွဖွလေး ပုတ်လျက်
!Good nightပါ ချစ်ရသော ကျန်းဝမ်ရွှီရေ!
ရေရွှတ်လိုက်ရင်း သူမျက်လုံးများကိုမှိတ်ပစ်လိုက်သည်.
(T/N....ယခင်ပထမပုံစံထက်
စာသားလေးတွေကို ထပ်မံ၍
Edit ထားပါကြောင်း)
...........
Zawgyi
...
EP1 ေဆးမွတ္တမ္းေလး တစ္ခု
.က်စ္ရႈေဆး႐ုံမွ ထြက္လာခ်ိန္တြင္
ႏွင္းမ်ား က်လ်က္ရွိေနသည္။
ႏႈင္းမႈန္ေလးမ်ားကေလထဲတြင္
ပ်ံ့လြင့္ေနလ်က္ႏွင္းပြင့္မႈန္ေလးမ်ားက
သူ႕ရဲ႕ရွည္လ်ားေသာမ်က္ေတာင္ေလးမ်ားေပၚတြင္
လာေရာက္ခိုနားကာတျဖည္းျဖည္း ပင္အရည္ေပ်ာ္ေစ
လ်က္မ်က္ေတာင္ဖ်ားေလးမွက်လာခဲ့သည္။က်စ္ရႈ
မ်က္ေတာင္ေလးမ်ားကို ခတ္လ်က္ ေဆာင္းရာသီ
ေတာင္ေရာက္လာၿပီျဖစ္ေၾကာင္းသူေတြးလိုက္မိသည္။
ေပက်င္း၏ ေဆာင္းရာသီက အလြန္ပင္ေအးလွေပသည္။
သို႔ေသာ္ေဆာင္းရာသီ၏ အေအးဓာတ္ထက္
သူ႕ႏွလုံးသားထဲတြင္ရွိေနေသာ အေအးဓာတ္က
သာလြန္လ်က္ရွိေနခဲ့သည္။
က်စ္ရႈေခါင္းကိုတစ္ခ်က္ခါလိုက္ၿပီးလည္ပင္းတြင္အလိုက္သင့္တင္ထားခဲ့ေသာပဝါကိုလည္ပင္းအားလုံေအာင္
ရစ္ပတ္လိုက္သည္။သူလက္၌ ေခ်မြထားဟန္
ရွိေသာေၾကာင့္ေၾကမြေနေသာစာ႐ြက္ေလးတစ္ခုကို
ကိုင္ထားလ်က္ရွိေနခဲ့သည္။ထိုစာ႐ြက္ေလး
ကားေဆးလက္မွတ္ေလးတစ္ခုပင္။
သူသည္ဘတ္စ္ကားမွတ္တိုင္သို႔သြားလ်က္
ကားတစ္စီးစီးလာရန္ကို ေစာင့္ေနခဲ့သည္။
သူ၏ လက္ေလးမ်ားသည္အလြန္ပင္ေအးေနေသာ္လည္းသူႏွင့္ရင္းႏွီးကြၽမ္းဝင္ေသာနံပါတ္ တစ္ခုကိုႏွိပ္ကာ
ဖုန္းေခၚေနခဲ့သည္။အခ်ိန္ေတြသာၾကာသြားခဲ့သည္တိုင္
သူဆက္သြယ္ေနေသာဖုန္းကျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေသာေၾကာင့္သူအလြန္ပင္စိတ္ပ်က္သြားခဲ့သည္။
သူထပ္ကာထပ္ကာဖုန္းေခၚခဲ့ေသာ္လည္း
ထိုအရာကအခ်ည္းႏွီးသာပင္။
က်စ္ရႈသည္ သူေခ်မြထားေသာစာ႐ြက္အားတစ္ခ်က္
မွ်ၾကည့္ကာစိတ္ပ်က္လက္ပ်က္ျဖင့္သူ႕ေဘးတြင္ရွိေသာအမွိုက္ပုံးထဲသိူ႕ ပစ္ထည့္လိုက္သည္။နာရီဝက္ခန႔္အၾကာတြင္ဘတ္စ္ကားသည္ ေနာက္ဆုံးတြင္ေရာက္လာေလသည္။သူသည္ဘတ္စ္ကားေပၚတက္ၿပီး ျပတင္းေပါက္ေဘးထိုင္ခုံတြင္ ထိုင္လိုက္သည္။ဘတ္စ္ကားေပၚမွ တိတ္ဆိတ္လ်က္ရွိေနေသာလူမ်ားစြာသည္လည္းသူရင္ထဲတြင္
ရွိေနေသာ စိုးရိမ္မႈမ်ားႏွင့္ပူေလာင္ျခင္းမ်ားကိုေျဖေလ်ာ့
ေပးနိုင္လိမ့္မည္မဟုတ္ခဲ့။သူသည္ျပတင္းေပါက္မွန္
ကိုနဖူးျဖင့္ထိလ်က္မွီကာဖုန္းနံပါတ္တစ္ခုအားထပ္မံေခၚဆိုခဲ့ျပန္သည္။ဒီတစ္ေခါက္မွာေတာ့တစ္ဖက္မွ ေျဖၾကားလာေလသည္။
"ဟယ္လို ''
''အခုႏွင္းေတြက်ေနၿပီ ေဆာင္းရာသီကိုေရာက္ၿပီေလ'
က်စ္ရႈသည္တိုးညွင္းေသာအသံျဖင့္
ေျပာလ်က္ပါးျပင္ေပၚသိူ႕မ်က္ရည္မ်ားက
စီးက်လာခဲ့ေလသည္။
သူတို႔အတူတူေနလာခဲ့ၾကသည္မွာ
ယခုထိဆို ၁၄ႏွစ္ပင္ ရွိခဲ့ေလၿပီ။
သို႔ေသာ္ ခုအခါမွာေတာ့တစ္ခုခုေျပာင္းလဲသြားခဲ့ၿပီပင္။
တစ္ဖက္မွာေတာ့ ခ်စ္သူအသစ္ကို ရင္ခြင္ထဲတြင္ေပြ႕ဖက္ထားေသာက်န္းဝမ္႐ႊီက သူ႕အနားရွိသူကိုတိတ္ဆိတ္
စြာေနရန္အခ်က္ျပရင္းစိတ္မရွည္သည့္အသံျဖင့္ျပန္ေျပာလာသည္။
"အဲဒါဘာျဖစ္လဲ ငါ႐ုံးမွာအခ်ိန္ပိုဆင္းေနတုန္းဘဲ''
က်စ္ရႈ ၏ စကားမ်ားကို စိတ္ရႈပ္ေထြးဟန္ျဖင့္ျပန္ေျဖရင္း တကယ္တမ္းက် သူက်စ္ရႈ အေပၚၿငီးေငြ႕ေနခဲ့သည္ပင္ျဖစ္သည္.
"မင္းအိမ္မွာမရွိတာ အေတာ္ၾကာၿပီေလ
ဒီညေနေတာ့ ျပန္လာမယ္မဟုတ္လားဟင္''
က်စ္ရႈသည္ ေတာင္းပန္ခယေသာအသံျဖင့္
တုန္ယင္လ်က္ေျပာေနရင္း လက္ယာလက္ညွိုးတြင္ဝတ္ဆင္ထားေသာေငြေရာင္ကြင္းေလးကို ထပ္ခါထပ္ခါ
ပြတ္သပ္ရင္းမ်က္ရည္မ်ားက ထိန္းလို႔မရေအာင္
စီးက်လာခဲ့သည္။
မ်က္ရည္မ်ားက ပိုမို၍သာစီးက်လာရင္း သူ၏မ်က္ႏွာမွ
တစ္ဆင့္ သူ႕လက္ေပၚ ရွိေငြေရာင္ကြင္းေလးဆီသို႔
က်ဆင္းလ်က္ရွိေနခဲ့သည္.
ဝမ္႐ႊီသည္က်စ္ရႈ ႏွင့္ပတ္သက္ၿပီးအရိုးထဲထိ ေအးခဲေသာခံစားခ်က္တစ္ခုက ရင္ထဲသို႔တိုးဝင္လာၿပီး ေနာက္
"မင္း ဘာျဖစ္ေနတာလဲ '
က်စ္ရႈ က သူ႕ေမးခြန္းေတြကိုမေျဖဘဲ
"မင္းဒီည ျပန္လာနိုင္မလားဟင္ငါတို႔ ေမြးရပ္ေျမမွာ
ႏွင္းေတြစက်တဲ့အခ်ိန္ဆို ငါတို႔အၿမဲ ဖက္ထုပ္ေတြစားခဲ့ၾကတယ္ေလ ငါမင္းကို လုပ္ေကြၽးမယ္ေလ ''
(TNဒီီေနရာေလးမွာ မူရင္း novelမွာက
Jiozi လို႔ေရးထားလို႔ဖက္ထုပ္လို႔ဘာသာေလးျပန္ထားပါတယ္ေနာ္)
''မလိုဘူး ငါအခုအလုပ္ရႈပ္ေနတယ္
အိမ္မွာဘဲေန ဘာမွအပိုေတြလုပ္မေနနဲ႕
ငါလက္ေထာက္ Song ကို မင္းဆီဖက္ထုပ္ေတြ
ပို႔ခိုင္းလိုက္မယ္ ဟုတ္ၿပီလား
ဒါဘဲ ငါအလုပ္ဆက္လုပ္လိုက္ဦးမယ္''
သူက ေျပာၿပီး ေနာက္ခ်က္ျခင္းပင္ သူ႕ဘက္က
စကားေျပာခြင့္ေတာင္မေပးဘဲ ဖုန္းခ်သြားေလသည္။
က်စ္ရႈ၏ ႏွလုံးသားသည္ နာက်င္ေနလ်က္ပင္က်န္း၏
အိမ္မျပန္လာျခင္းမ်ားစြာကို လက္ခံရန္ႀကိဳးစားေနခဲ့သည္။
ထို႔ေနာက္ ဖုန္းေလးအား အက်ီအိတ္တြင္း ေျဖးညွင္းစြာ
ထည့္လိုက္ရင္းပင္ လူေသတစ္ဦးပမာ ခံစားခ်က္မ်ားကင္းမဲ့ပုံျဖင့္လမ္းမမ်ားေပၚမွာလွမ္းေလွ်ာက္ေနေသာ
လူမ်ားအားေငးၾကည့္ရင္းျဖင့္ ။
ဝမ္႐ႊီသည္ ကုမၸဏီဥကၠဌ တစ္ေယာက္သူသည္
ဘယ္ေလာက္ပင္အလုပ္မ်ားသည္ပင္ဆိုပါေစက်စ္ရႈႏွင့္အတူ ညစာေတာင္မစားနိုင္အိမ္ေတာင္ျပန္
မအိပ္နိုင္ေအာင္ပင္အလုပ္ေတြအရမ္းမ်ားေနလို႔လား ။
သို႔တည္းမဟုတ္ ။
အမွန္တကယ္ေတာ့ က်န္းဟာအျပင္မွာ
ခ်စ္သူအသစ္တစ္ေယာက္ရွိေနခဲ့သည္သာပင္။
က်စ္ရႈကအလြန္ပါးနပ္ၿပီး ထက္ျမက္သူမိူ႕လြန္ခဲ့တဲ့ ၄ႏွစ္ကစၿပီးက်န္းအျပင္မွာ ေဖာက္ျပန္ေနခဲ့သည္ကို သိရွိေနခဲ့သည္။သို႔ေသာ္ သူဘက္မွမ်က္လုံးစုံမွိတ္ၿပီးအရာရာကိုမသိဟန္ေဆာင္ကာေနခဲ့သည္။လုံးဝဂ႐ုမစိုက္
လိုျခင္းေၾကာင့္ေတာ့ မဟုတ္ေပမယ့္ဒီအေၾကာင္းအရာမ်ားႏွင့္စကားေျပာၿပီးအစေဖာ္လိုက္မိပါကသူတိူ႕
တည္ေဆာက္ခဲ့သည့္ႏွစ္ေပါင္းမ်ားစြာေသာ တည္ရွိမႈေလးသည္လုံးဝကို အၿပီးအျပတ္ အဆုံးသတ္သြားမည္ကို
စိုးရိမ္ေသာေၾကာင့္ သူမည္မွ်ပင္ရင္နင့္ေအာင္ခံစားေနရပါေစဒီတည္ရွိမႈေလးဟာ ေကာက္ရိုးတမွ်င္ပင္
ျဖစ္သည္ဆိုဦး သူလက္ေတြ ေသြးစိမ္းရွင္ရွင္
ထြက္ပါေစဦး သူမလႊတ္တမ္း ဖမ္းဆြဲေနမည္
သာျဖစ္ေပသည္။
သူဒီသူကို အရမ္းခ်စ္ပါသည္။
သူဒီလူကိူ ခ်စ္ခဲ့သည္မွာ
ဆယ္ႏွစ္ထက္မက ရွိခဲ့ေလၿပီ။
ထိုသူက သူ႕အား စြန႔္ခြာသြားျခင္းသည္ထက္
သူ႕အေပၚ သစၥာေဖာက္ျခင္းကို
သူရေအာင္သည္းခံရမည္သာပင္။
ဒီႏွစ္ေတြအတြင္း မည္မွ်ပင္လ်စ္လ်ဴရႈပါေစ
ရက္စက္ပါေစ ထိုသူ႕အေပၚ
အျပစ္ဟူ၍ မျမင္ခဲ့ဘဲ အခ်စ္ေတြကိုသာ
သူတိုး၍ ေပးကာသည္းခံခဲ့ပါသည္။
ထို႔ေၾကာင့္ပင္ လြန္ခဲ့ေသာ ၄ႏွစ္ကစၿပီး
ထိုသူ၏ ကိုယ္ေပၚမွ ပါလာေလ့ရွိေသာ
အမ်ိဳးသမီးသုံးေရေမႊးနံ႕မ်ား
ေကာ္လာေပၚရွိ ေပစြန္းေနေသာ
ႏႈတ္ခမ္းနီမ်ား သူ႕ေရွ႕တြင္ဘယ္ကမွန္းမသိေသာ
ဖုန္းစိမ္းမ်ားႏွင့္ ထိုသူ၏ မဆီေလ်ာ္ေသာ အပ္ေၾကာင္း
ထပ္လာေသာ ဆင္ေျခမ်ားကိုလ်စ္လ်ဴရႈရန္ အတတ္နိုင္ဆုံး သူႀကိဳးစားေပးခဲ့ရသည္။
သူတို႔ဟာတစ္ေယာက္ႏွင့္တစ္ေယာက္ အလြန္ကိုခ်စ္ခဲ့ၾကၿပီး ႏွစ္ေပါင္းမ်ားစြာ ေလာကဓံ၏ အခက္အခဲေပါင္းမ်ားစြာကို ၿပဳံးတလွည့္ငိုတလွည့္ျဖင့္ႀကဳံခဲ့ေက်ာ္ျဖတ္ခဲ့ၾက
သည္။
ခုေတာ့မူ အဘယ္ေၾကာင့္မ်ား
တစ္ဦးႏွင့္တစ္ဦး ကြဲကြာေစဖို႔
ျဖစ္လာေစခဲ့ပါသနည္း။
သူေတြးေနရင္းပင္ ဘတ္စ္ကားသည္သူဆင္းမည့္ေနရာကိုေရာက္ရွိလာေလသည္။
က်စ္ရႈသည္ နီရဲမို႔ေမာက္ေနေသာမ်က္လုံးမ်ားႏွင့္အတူ
မ်က္ႏွာမွာျဖဴေလ်ာ္ေနခဲ့ေသာ္လည္းသူသည္ ဝမ္းနည္းမႈမ်ားကို ႏူးညံ့စြာဖုံးကြယ္ရင္းသူဘာမွမခံစားရသလို
ဆက္ၿပီးဟန္ေဆာင္ေနရဦးမည္သာျဖစ္သည္။
က်စ္ရႈ သည္ ဘာအစားအစာမွ မဝယ္ခဲ့ဘဲ
အိမ္သို႔သာျပန္လာခဲ့ေလသည္။
အဘယ့္ေၾကာင့္ဆိုေသာ္
ဝမ္႐ႊီ၏ ဖုန္းထဲကစကားသံမ်ားကို
ျပန္လည္ၾကားေယာင္ေနရၿပီး
သူေတာင့္တ ေမွ်ာ္လင့္မႈမ်ားသည္လည္း
အလုံးစုံက်ေပ်ာက္ခံရျခင္းေၾကာင့္
ပင္ျဖစ္သည္။
ေနာင္ႏွစ္ႏွင္းေတြက်ခ်ိန္တြင္
သူတို႔ႏွစ္ေယာက္သည္
ဖက္ထုပ္အတူတူစားနိုင္မည့္
အခြင့္အေရးသည္ ကား လုံးဝရွိနိုင္ေတာ့
မည္မဟုတ္ေပ။ေသမင္းသည္ သူ၏ ေနာက္ေက်ာအားနီးကပ္လာခ်ိန္တြင္သူ၏ ခ်စ္ရေသာ အိမ္ေထာင္ဖက္ကမူ သူ႕အားအေဝးႀကီးကို တြန္းထုတ္လ်က္ က်န္ရွိေနေသာ
အခ်ိန္ေလးအနည္းငယ္ကိုပင္သူ႕ေဘးနားရွိေနေပးရန္ျငင္းဆန္ခဲ့ေခ်သည္။
အခ်ိန္ၾကာၿပီးေနာက္ဝမ္႐ႊီ ၏ လက္ေထာက္ျဖစ္ေသာ
စုန့္သည္ လက္ထဲတြင္ ေန႕လည္စာမုန႔္ဘူးတစ္ခုႏွင့္အတူ သူ႕ဆီသို႔ အလ်င္အျမန္ေရာက္လာခဲ့သည္။စုန့္၏ အဝတ္မ်ားသည္ မီးပူရာေတာင္ေခါက္ရိုးက်ိဳးေနေလသည္။
ထိုသူက လူေခၚဘဲလ္ကို ႏွိပ္ကာ က်စ္ရႈ
တံခါးလာဖြင့္မည့္အခ်ိန္ကို ေစာင့္ေနသည္။
မၾကာမီပင္ !ဟိုင္း စုန့္ !
ဟုသူကႏႈတ္ဆက္ရင္း
တံခါးဖြင့္ေပးလိုက္သည္။
စုန့္ကသူ႕အားေန႕လည္စာမုန႔္ဘူးတစ္ခု
ကိုေပးၿပီးေလးစားစြာျဖင့္ ျဖဴေဖ်ာ့ေနပုံရေသာ
သူ႕ကိူ ၾကည့္ကာႏႈတ္ဆက္လာေလသည္။
"မစၥတာ ရႈ အဆင္ေျပရဲ႕လား''
က်စ္ရႈကေခါင္းညိတ္ျပကာၿပဳံးျပရင္း
"အားနာပါတယ္ မင္းအလုပ္ရႈပ္သြားၿပီ
ေနာက္ဆိူသူ႕ကိစၥေတြ မလူပ္ေပးပါနဲ႕
မင္းမွာလဲအလူပ္ေတြ ရွိေသးတယ္မလား''
စုန့္က သူ႕အားျပန္ၿပဳံးျပရင္း
!ကြၽန္ေတာ့္တာဝန္က သူေဌးအဆင္ေျပဖို႔ပါ
သူက ကြၽန္ေတာ့္အေပၚအၿမဲတမ္းေကာင္းေပးတာ
မို႔ဒီေလာက္ေလးေတာ့ လုပ္ေပးသင့္ပါတယ္!
ဟုေျပာလာခဲ့သည္.
စုန့္၏ စကားေၾကာင့္ က်စ္ရႈ၏အားနာမႈတို႔
အတန္ငယ္သက္သာသြားေစလ်က္ စုန့္
မျပန္ခင္ခ်ိနိထိ ခဏမွ်စကားေျပာဆိုေနခဲ့ၾကသည္။
စုန့္ျပန္သြားခ်ိန္တြင္ က်စ္ရႈတံခါးပိတ္လိုက္ၿပီး စားပြဲခုံနားရွ္ ထိုင္ခုံတြင္ထိုင္ခ်လိဳက္ကာ စားပြဲေပၚတြင္ရွိေနေသာဖက္ထုပ္မ်ားျဖင့္ျပည့္ေနသည့္ ေန႕လည္စာဘူးေလးအား အကူအညီမဲ့ျခင္းမ်ားစြာႏွင့္အတူ ဝမ္းနည္းစြာျဖင့္ဆို႔နစ္စြာၾကည့္ေနလ်က္မ်က္ဝန္းမွ မ်က္ရည္မ်ားက ပူေႏြးစြာ
စီးက်လာခဲ့သည္။
သူတို႔အတူေနထိုင္ခဲ့သည့္ ပထမ
ဆယ္ႏွစ္တာကာလမ်ားတြင္ ႏွစ္စဥ္ႏွစ္တိုင္း
ႏွင္းစက်တဲ့ေန႕ရဲ႕ညေတြမွာ သူတို႔ႏွစ္ေယာက္
အတူတူရွိခဲ့ၾကတယ္။ႏွစ္ေယာက္အတူ စားပြဲမွာထိုင္ၿပီး
ဟင္းခတ္အေမႊးအႀကိဳင္ေတြနဲ႕ အတူတူေပ်ာ္႐ႊင္စြာ ဖက္ထုပ္ေတြလုပ္ခဲ့ၾကတယ္။အရမ္းေပ်ာ္ၿပီးအရမ္းကိုခ်စ္ခဲ့ၾကတဲ့အခ်ိန္ေတြေပါ့။တစ္ခါက ဝမ္႐ႊီသည္ ဖက္ထုပ္ေလးေတြထဲမွာ သၾကားလုံးေလးေတြ ဒဂၤါေလးေတြကိုထည့္ထားၿပီးကံေကာင္းတဲ့ဖက္ထုပ္ကို ေ႐ြးခ်ယ္ခဲ့ၾကတယ္။
က်စ္ရႈ က ကံေကာင္းဖက္ထုပ္ေလးမ်ားကိုသာအၿမဲရခဲ့ၿပီး သူကေတာ့ တခါမွမရခဲ့ဘူး.ဒါေၾကာင့္မို႔ က်စ္ရႈ သည္ သူ႕ဆီမွ ကံေကာင္းဖက္ထုပ္ေလးေတြကို ဝမ္႐ႊီရဲ႕ပန္းကန္ထဲကိုအၿမဲခြဲထည့္ေပးေနခဲ့ဖူးသည္။
က်စ္ရႈ အမွတ္တရမ်ားမွနိုးထလာၿပီး
သူႏွာဖ်ားတြင္ပူႏြေးလာတဲ့ အသိေၾကာင့္
သူ၏ ႏွာေခါင္းမွာေသြးမ်ားစီးက်လာသည္ကို
သူသိလိုက္သည္။ဤ လမ်ားတြင္ ႏွာေခါင္းေသြးယို ျခင္းသည္မၾကာခဏျဖစ္ေလ့ျဖစ္ထရွိေနေသာေၾကာင့္
သူႏွင့္ပင္အကြၽမ္းတဝင္ျဖစ္လာေနၿပီျဖစ္သည္။
က်စ္ရႈသည္ စီးက်လာေသာ
ေသြးစအခ်ိဳ႕အား တစ္ရႈးႏွင့္သုတ္ၿပီး
"ငါဘာေၾကာင့္ဒီေရာဂါရခဲ့တာလဲ
ဘာလို႔ငါ့မွာမွ လာျဖစ္ရတာလဲ
ငါ့ရဲ႕ကံေကာင္းမႈေတြအားလုံး
က်န္းဝမ္႐ႊီကိုေပးခဲ့ၿပီးၿပီဘဲ
အခုေတာ့ ငါကံမေကာင္းနိုင္ေတာ့ဘူးေပါ့"
ေနာက္ဆုံး၌ သူသည္ ဖက္ထုပ္၄ခုသာစားၿပီး
အိပ္ရာဝင္ခဲ့သည္။
ေလးရာသီ။ ဖက္ထုပ္ေလးခု ။
လြန္ခဲ့ေသာ ႏွစ္ေတြက ၿငိမ္းခ်မ္းမႈေတြကပင္
သူ႕အတြက္လုံေလာက္ခဲ့ၿပီထင္ပါရဲ႕။
ဟုတ္တယ္ လုံေလာက္ပါတယ္ ။
ဘာဘဲ ျဖစ္ျဖစ္ သူေပ်ာ္ခဲ့ရတာဘဲေလ
သူ႕အတြက္ လုံေလာက္ေကာင္းပါရဲ႕။
က်စ္ရႈ အိပ္ရာထဲတြင္ လဲေလ်ာင္းေနရင္းအနည္းငယ္ဖ်ားေနျခင္းကလည္းသူ႕ကိုအလြန္ပင္ပင္ပန္းႏြမ္းနယ္လာေစသည္။
သူ၏ ဝမ္းနည္းမႈ ပူေဆြးမႈမ်ားကို ေမ့ေပ်ာက္ေစရန္
အတြက္ ေကာင္းစြာအိပ္စက္ဖို႔ေတာ့အခ်ိန္တစ္ခုလို
အပ္ေနေပသည္။မနက္ျဖန္ သို႔ ေနာက္ရက္ေတြ
အတြက္ေပါ့။
သူ႕အိမ္ယာေဘးတြင္လစ္လပ္ေနေသာေနရာရွိေခါင္းအုံးျဖဴေလးအား ဆို႔နင့္စြာၾကည့္ရင္း
လက္ျဖင့္ညင္သာစြာဖြဖြေလး ပုတ္လ်က္
!Good nightပါ ခ်စ္ရေသာ က်န္းဝမ္႐ႊီေရ!
ေရ႐ႊတ္လိုက္ရင္း သူမ်က္လုံးမ်ားကိုမွိတ္ပစ္လိုက္သည္.
(T/N....ယခင္ပထမပုံစံထက္စာသားေလးေတြကို ထပ္မံ၍ Edit ထားပါေၾကာင္း)
...........