Because of love🖤[ Completed ]

By KhaingMyat0

189K 8.1K 142

ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖစ်သည်။ #Yami✍🏻 #2021 ဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္ စာေရးသူ၏စိတ... More

𝐈𝐧𝐭𝐫𝐨
Because of love🖤(Chapter1)
Because of love🖤(chapter2)
Because of love🖤(Chapter3)
Because of love🖤(Chapter4)
Because of love🖤(Chapter5)
Because of love🖤(Chapter6)
Because of love🖤(Chapter7)
Because of love🖤(Chapter 8)
Because of love🖤(Chapter 9)
Because of love🖤(Chapter10)
Because of love🖤(Chapter11)
Because of love🖤(Chapter12)🌚
Because of love🖤(Chapter13)
Because of love🖤(Chapter14)
Because of love🖤(Chapter 15🚨🚨)
Because of love🖤(Chapter16)
Because of love🖤(Chapter17🚨🚨)
Because of love🖤(Chapter 18)
Because of Love🖤(Chapter 19)
Because of Love🖤(Chapter20)
Because of love🖤(Chapter 21)
Because of love🖤(Chapter 22)
Because of love🖤(Chapter23🚨🚨)
Because of love🖤(Chapter24🚨🚨)
Because of Love🖤(Chapter 25)
Because of Love🖤(Chapter26)
Because of Love🖤(Chapter27)
Because of Love🖤(Chapter28)
Because of love🖤(Chapter29)
Because of Love🖤(Chapter 30)
Because of Love🖤(Chapter 32🚨🚨)
Because of Love🖤(Chapter 33)
Because of Love🖤( Chapter 34 )
Because of Love🖤( Chapter35🚨🚨 )
Because of Love🖤( Chapter36 )
Because of Love🖤( Final 👨‍❤️‍👨 )

Because of Love🖤( Chapter31 )

3.2K 158 0
By KhaingMyat0

Unicode //

ဆောင်းရာသီရဲ့ အေးမြမှုနဲ့အတူ ဖြာကျနေတဲ့ နေရောင်လေးရဲ့နွေးထွေးမှုတို့က လိုက်ဖက်လှပလွန်းသည်..။

လှပတဲ့ ကောင်းကင်ကြီးကိုကြည်လင်နေတဲ့ မှန်ပြတင်းပေါက်ကြီးကနေ ရှင်းငေးကြည့်နေမိသည်..။

ကောင်းကင်ကြီးက ဒီနေ့မှ တော်တော်လေးကိုလှပနေသလိုပင်..။ ပုံမှန်ဆိုရင် ဒီလိုသာယာတဲ့ နေ့လေးမှာ ကောင်းကင်ကြီးကို ကြည့်ပီး ရှင်းပြုံးနေမှာ အမှန်ပင်..။

ဒါမယ့် ရှင်းမပြုံးနိုင်သေးပါ..။ ကိုကိုက ဒီနေ့ထိမပြန်လာသေးပြန်ဘူး..။

ကိုကိုရယ် ဘယ်တွေများရောက်နေတာလဲ.. ရှင်းကိုသတိရောမရဘူးလား? ရှင်းကိုမတွေ့ချင်ဘူးလား? ရှင်းကို ဒီလိုနည်းနဲ့ ခံစားအောင်တမင်များလုပ်နေတာလား ကိုကိုရယ်.. ရှင်းအဲ့လောက်ထိ ခံနိုင်ရည်မရှိဘူးနော်ဒီလိုသာဆို ရှင်းရူးသွားလိမ့်မယ်..

ရှင်းကိုကို့ကို အရမ်း အရမ်း.. အရမ်းကိုလွမ်းနေပီး တွေ့ချင်နေပီး ကိုကိုရယ်..။

ကိုကိုမရှိတော့ ရှင်းရင်ထဲမှာ ဟာတာတာကြီးနဲ့ ရှင်းဘာမှစိတ်မဝင်စားအားတော့ မလုပ်နိုင်တော့..။ တနေကုန် ကိုကို့အကြောင်းတွေကို တွေးပီး ကိုကို့ကို ချက်ခြင်းပွေ့ဖက်ထားချင်တယ်..။

ရှင်းကိုအမြဲတမ်း ပွေ့ဖက်ထားတက်တဲ့ ကိုကို့ရဲ့ နွေးထွေးလွန်းတဲ့ ရင်ခွင်ကျယ်ကြီးကိုလည်း လွမ်းလှပီ..။

ရှင်းရဲ့နှုတ်ခမ်းပါးလေးကို ထိတွေ့တက်တဲ့ ကိုကို့ရဲ့ကြမ်းတမ်းပီး စွဲမက်စရာကောင်းလွန်းတဲ့ အနမ်းလေးတွေ.. ရှင်းကိုထိတွေ့တက်တဲ့ ကိုကို့ရဲ့ လက်ကြီးတွေ.. ရှင်းကိုကြင်ကြင်နာနာကြည့်တက်တဲ့ ကိုကို့ရဲ့အကြည့်တွေ.. ဆွဲဆောင်မှုရှိလှတဲ့ ကိုကို့ရဲ့သြရှရှအသံတွေ..

ရှင်းထပ်ပီး လိုချင်သေးတယ်.. တွေ့ချင်သေးတယ်..ကြားချင်သေးတယ် ကိုကို..။

_

ဒီညလည်း အေးစက်စက်မွေ့ယာခင်းတွေကြားမှာ ရှင်းတစ်ယောက်ထဲအိပ်ရဦးမယ်..။ ရှင်းကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားဖို့အတွက် ကိုကိုမှဒီမှာမရှိဘဲ..။

ရှင်းအိပ်မပျော်တဲ့တူတူ ထိုင်ကာငြိမ်သက်နေပီး ကိုကိုအိပ်နေကြနေရာလေးကို လက်လေးနဲ့ပွတ်သက်နေမိသည်..။

အချိန်တွေက တဖြေးဖြေးနဲ့ ကုန်ဆုံးလာပီး..ညတောင်အတော်လေးနက်လာပီ..။

ရှင်းနာရီလေးကို ကြည့်လိုက်တော့ 12နာရီထိုးမလို့ 15 မိနစ်အလို..။

အချိန်တွေ တစ်မိနစ်ပီးတစ်မိနစ်ကုန်ဆုံးလာပီး ..

* 11:50 *

" ဒေါက်..ဒေါက် ''

12နာရီထိုးမလို့ 10မိနစ်အကြာမှာ ကြားလိုက်ရတဲ့ တံခါးခေါက်သံက ရှင်းထိတ်လန့်သွားစေသည်..။

" ဘယ်.. ဘယ်သူလဲ..''

ရှင်းမှာကြောက်ကြောက်နဲ့ အသံလေးကို အနည်းငယ်မြှင့်ကာ မေးလိုက်သည်..။ ဒီအချိန်ကြီးမှာ ရှင်းတစ်ယောက်ထဲရှိနေတာကို ရှင်းကြောက်တာပေါ့..။

" ဒေါက်.. ဒေါက် ''

" ကို ကိုကိုလား..? "

" ဒေါက်..''

" ကိုကိုလားဟင်.. ''

ရှင်းလန့်နေပေမယ့်လည်း ဘယ်လိုလဲမသိဘူး ရှင်းစိတ်ထဲမှာ တစ်မျိုးလေးဖစ်နေတယ်..။ အရမ်းကြောက်တာလဲမဟုတ်ဘဲ ထိုတံခါးခေါက်တဲ့သူက ကိုကိုဖစ်ဖို့ မျှော်လင့်ချက်လေးက ပိုပီးထက်သန်နေတယ်လေ..။

ရှင်းမေးလည်းမေးပီးရော ကုတင်ပေါ်က ဖြေးဖြေးလေးဆင်းကာ ကြောက်ကလည်ကြောက်တာမို့ အရမ်းကြီးအရဲစွန့်ပီး မသွားရဲဘဲ တံခါးနားကိုတဖြေးဖြေးချင်းကပ်လာပီး အားတင်းကာ တံခါးလက်ကိုင်ကိုကိုင်ပီး အသာလေဖွင့်လိုက်သည်..။

ရှင်းအနည်းငယ်ဖွင့်ပီး အပြင်ကိုချောင်းကြည့်လိုက်တော့ အပြင်မှာက ဘယ်သူမှမရှိ..။ အရိပ်အယောင်လေးတောင်မတွေ့တာကြောင့် ရှင်းလန့်သွားပေမယ့်လည်း မီးအိမ်ရဲ့ဖြာကျနေတဲ့အလင်းရောင်လေးအောက် ကြမ်းပြင်လေးမှာ ခင်းထားတဲ့ ပန်းပွင့်ဖက်လေးတွေက ရှင်းကိုမျှော်လင့်ချက်လေးတွေပေးနိုင်လွန်းသည်..။

" ကိုကို.. ကိုကိုလားဟင်..''

မသေချာမရေရာပေမယ့်လည်း ဒီလိုလုပ်ဖို့ ကိုကိုကလွဲပီး ဘယ်သူဖစ်နိုင်မှာလဲ..။ ရှင်းမျှော်လင့်ချက်လေးတွေနဲ့အတူ ထိုပန်းပွင့်ဖက်လေးတွေခင်းထားတဲ့ လမ်းလေးအတိုင်း မီးအိမ်ရဲ့အလင်းကိုအမှီပြုကာ လျှောက်လမ်းလာလိုက်သည်..။

ဒါက အိမ်မက်လားလက်တွေ့လားတောင် ရှင်းမခွဲခြားနိုင်တော့ဘူး ။

ထိုနှင်းဆီပွင့်ဖက်လေးတွေနဲ့ မီးရောင်အောက်မှာရှိနေတဲ့ ဖြူဥနေတဲ့ ရှင်းလေးနဲ့က လိုက်ဖက်ပီး လှပလွန်းသည်..။ ပွင့်ဖက်လေးတွေက လှေကားကနေတဆင့်အောက်ကို
လမ်းပြနေတာကြောင့် ရှင်းလည်း လှေကားအတိုင်းဖြေးဖြေးလေးဆင်းလာလိုက်သည်..။

လှေကားဘေးနားက နံရံကြီးတွေမှာ ထွန်းထားတဲ့ မီးအိမ်လေးတွေရဲ့ အလင်းရောင်ကြောင့် ရှင်းသတိထားပီး အောက်ကိုတဖြေးဖြေးဆင်းလာလိုက်သည်..။

ရှင်းလှမ်းကြည့်လိုက်တော့ အောက်မှာ လှေကားဘေးနားက မီးအိမ်ရဲ့အလင်းလေးကလွဲရင် အားလုံးက မှောင်မဲလို့ပင်..။

" ကိုကို..''

ရှင်းတစ်ယောက်ထဲရှိနေတာကြောင့် ရှင်းကြောက်ပီး ကိုကို့ကိုသာမျှော်လင့်တကြီးခေါ်နေမိသည်..။ ရှင်းဆင်းလာတယ်ဆိုတာက ကိုကိုများလားဆိုတဲ့ မျှော်လင့်ချက်လေးက ကြောက်စိတ်ကိုအနိုင်ယူထားလို့ပင်..။

ဒါမယ့် ဒီလိုကြီးအိမ်ကြီးကြီးမှာ ရှင်းတစ်ယောက်ထဲဆိုတာကို စဥ်းစားလိုက်ရင် ရှင်းအတွက်ခြောက်ခြားစေသည်..။

" ကိုကို.. ကိုကိုလားဟင်.. ရှင်းကိုမစပါနဲ့နော်.. ကိုကို..''

ရှင်းမှာ ကိုယ့်ရဲ့အကျီ.. စလေးကို လက်လေးနှစ်ဖက်နဲ့ ဆုပ်ကိုင်ကာ ထိုစကားလေးကိုသာပြောပီး ကြောက်နေပေမယ့်လည်း ဖြေးဖြေးချင်း ဆင်းလာလိုက်သည်..။

ရှင်းဆင်းလာတာ လှေကားရဲ့အောက်ဆုံးမရောက်ခင် 10ထစ်လောက်အရောက်...

လှေကားရဲ့ အောက်ဆုံးတစ်နေရာမှာ လင်းလာတဲ့အလင်းရောင်လေးနဲ့အတူ ပွင့်ဖက်လေးတွေရဲ့အလယ်မှာ ရပ်ပီး ရှင်းကိုမော့ကြည့်ပီး ရပ်နေတဲ့ ကိုကိုက ပြုံးလို့ပင်..။

ရှင်းမှာ ရှင်းဘဲအမြင်မှားနေတာလားလို့ လက်လေးနဲ့မျက်လုံးလေးကိုအသာပွတ်ကာ ပြန်ကြည့်လိုက်တော့ ထိုနေရာမှာ ကိုကိုကရပ်လျက်ပင် ရှင်းကိုပြုံးကာကြည့်လို့ပင်..။

" ကိုကို..!''

ရှင်းမှာအံ့သြခြင်းတွေနဲ့အတူ မျက်ရည်လေးတွေပါဝဲပီး ချစ်ရလူကြီးကိုတွေ့ချင်တဲ့ ဇောနဲ့ လှေကားကနေပြေးဆင်းကာ ကိုကို့ရဲ့ရင်ခွင်ကျယ်ကြီးဆီ အပြေးသွားမိသည်..။

ဒါကတကယ်ဘဲလား..? တကယ်ဘဲ ကိုကိုလား?ရှင်းချစ်ရတဲ့ ကိုကိုက ရှင်းဆီပြန်လာတယ် ရှင်းပျော်လိုက်တာ..။

" ကလေးလေး.. ''

Williamမှာ ငိုမဲ့မဲ့လေးနဲ့သူ့ဆီ အပြေးလာတဲ့ ကလေးလေးကို ချော်လဲမှာစိုးနေရပီး.. ရင်ခွင်ထဲတိုးဝင်ကာ Williamကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတဲ့ ကလေးရဲ့ ကိုယ်လုံးသေးသေးလေးကို ပြန်ပီးပွေ့ဖက်ထားလိုက်သည်..။

" ဟင့်.. ကိုကို..''

" အင်း.. ကလေးလေး..''

" ကိုကို.. ကိုကို ကိုကို..ဟင့်..''

" အင်း..ကိုယ်ရှိတယ်ကလေးလေး..''

Williamရဲ့ အကျီ..စလေးကို လွတ်ထွက်သွားမယ့်အလား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ရင်ခွင်ထဲတိုးဝင်ပီး ကိုကိုဆိုတဲ့ ချိုမြိန်လွန်းတဲ့ အခေါ်အဝေါ်လေးကို ထပ်တလဲလဲခေါ်နေတဲ့ ကလေးလေး..။

" ကလေးလေး.. ''

" ဟင့်..''

ရှင်းအတွက် ဒါကအရမ်းရှော့ရစေသည်..။ ကိုကိုက ပျောက်သွားတော့လည်းရုတ်တရက်ကြီး ပေါ်လာတော့လည်း ရုတ်တရက်ကြီးမို့ ရှင်းအရမ်းလန့်သွားတာပေါ့..။

" ကိုယ့်ကိုကြည့်ပါဦး.. ကလေးလေး.. ''

Williamမှာ ရင်ခွင်ထဲက ကလေးလေးကို မျက်နှာလေးမော့စေကာ ကလေးမျက်ဝန်းထဲကျလာတဲ့ မျက်ရည်လေးတွေကို လက်မလေးနဲ့အသာအယာ သုတ်ပေးကာ ချစ်ရသူလေးမျက်နှာလေးကို သေချာလေးကြည့်နေသည်..။

Williamတို့ရဲ့အိမ်က အကျယ်ကြီးဖစ်တာကြောင့် လှေကားရဲ့အရှေ့မှာဆိုရင် ကျယ်ဝန်းပီး အလှဆင်ထားတဲ့နေရာကျယ်ကြီးသာရှိသည်..။

အချိန်တွေက တဖြေးဖြေးနဲ့ နာရီလက်တံအရှည်က 12ကိုကွက်တိထိုးတာနဲ့ Williamတို့ရပ်နေတဲ့နေရာလေးက လင်းထိန်လာပီး အနောက်မှာ ရှင်းရဲ့နာမည်လေးနဲ့ '' Happy birthday my baby '' ဆိုတဲ့စာတန်းလေးနဲ့အတူ ဘူးဖောင်းလှလှလေးတွေနဲ့ ကြယ်လိုမျိုးလင်းနေတဲ့အလက်အလက်လေးတွေနဲ့ အရမ်းကိုလှပစွာ ထင်ပေါ်လာကြသည်..။

Williamကလေးအနားကနေ အနောက်ကိုအနည်းငယ်ဆုပ်ကာ ခုံမြင့်မြင့် လှလှလေးပေါ်မှာ တင်ထားတဲ့ ပန်းစည်းလေးနဲ့ ဘူးလေးတစ်ဘူးကိုယူလိုက်သည်..။

Williamယူပီးတာနဲ့ ပြုံးကာ ချစ်ရတဲ့ကလေးလေးရှေ့ကိုလာလိုက်ပီး ပန်းစည်းလေးကိုကလေးရှေ့လေးထိုးပေးကာ..

" Happy birthdayပါ..ကိုယ့်အချစ်လေး..''

" ကိုကို..''

ရှင်းကတော့ အံ့သြသလို မျက်ရည်လေးတွေ ဝိုင်းကာ ရှင်းရဲ့လူကြီးကိုအချစ်မျက်ဝန်းလေးတွေနဲ့ ချစ်စဖွယ်ကြည့်နေတော့သည်..။

November 29.. ရှင်းရဲ့မွေးနေ့လေး ရှင်းကိုယ်တိုင်တောင်သတိမထားမိခဲ့တဲ့ နေ့လေးကို ရှင်းချစ်ရတဲ့လူကြီးက မှတ်မိတယ်..?

ရှင်းဆီ ကိုကိုလှမ်းပေးတဲ့ ပန်းစည်းလေးကိုရှင်းလက်လေးနှစ်ဖက်ဆန့်ကာ ယူလိုက်ပီး ကိုကိုပေးတဲ့ပန်းစည်းလေးကိုရင်ခွင်ထဲအသာလေးပွေ့ပိုက်ထားတော့သည်..။

" အချစ်လေး..''

" ဟင်..''

Williamချစ်ရသူလေးကို နူးညံ့ညင်သာစွာခေါ်ကာ အနားကိုကပ်လာပီး ဘူးလေးထဲက လှပတဲ့လည်ဆွဲလေးကိုထုတ်ကာ ကလေးရဲ့လည်တိုင်လှလှလေးမှာ ဆွဲပေးလိုက်သည်..။

စိန်နဲ့ပြုလုပ်ထားတဲ့ လခြမ်းပုံစံလော်ကပ်သေးသေးလေးက ကလေးလည်တိုင်လေးနဲ့လိုက်ဖက်လွန်းသည်..။ လည်ဆွဲလေးကလည်း အရမ်းကြီးမထင်းနေဘဲ ရွှေဖြူလေးနဲ့ပြုလုပ်ထားတာကြောင့် ဖြူဖွေးကျော့ရှင်းတဲ့ ကလေးရဲ့ လည်တိုင်လေးနဲ့ အရမ်းကိုလိုက်ဖက်လွန်းသည်..။

ရှင်းကတော့ ကိုကိုဆွဲပေးတဲ့ လည်ဆွဲလေးကို လက်သေးသေးလေးနဲ့ ကိုင်ကြည့်ကာ မျက်ရည်ဝိုင်းဝိုင်းလေးနဲ့ကြည့်နေတော့သည်..။

" ကြိုက်ရဲ့လားအချစ်လေး.. ကိုယ်ပေးတဲ့လက်ဆောင်လေးကို..''

" အင်း..အင်း.. ''

Williamရဲ့အမေးကို ခေါင်းလေးတသွင်သွင်ငြိမ့်ကာ ဖြေနေတဲ့အချစ်ကလေးက ချစ်စဖွယ်ပင်..။

" ကလေးလေးဘာလိုချင်သေးလဲ.. ကလေးလိုချင်တာရှိရင်ပြောနော်..''

Williamကဒီလိုမွေးနေ့တွေမှာ လက်ဆောင်တွေဘာတွေလည်း တစ်ခါမှကိုယ်တိုင်မရွေးဘူး မပေးဘူးတာကြောင့် Williamရွေးပေးတဲ့လက်ဆောင်လေးကိုကလေးကြိုက်မကြိုက်လည်းမသိဘူးလေ..။

အဲ့ဒါကြောင့် ကလေးလေးလိုချင်တာရှိရင် ကိုယ်ကဘာဖစ်ဖစ်ဖြည့်စည်းပေးမယ်ဆိုတဲ့ အတွေးနဲ့မေးကြည့်ပေမယ့်လည်း ချစ်ရသူလေးက..

" ကိုကို.. ရှင်းကိုမထားသွားပါနဲ့နော်..''

" ကလေးလေး..!''

ချက်ခြင်းပန်းစည်းလေးကိုပစ်ချကာ Williamကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတဲ့ ကလေးလေး..။

ရှင်းမှာ မျက်ရည်လေးတွေ ကျပီး.. ကိုကို့ကို တင်းတင်းကြပ်ကြပ်ဖက်ကာ..

" ရှင်းအတွက်ဒါတွေမလိုပါဘူး.. ဟင်အင်း ရှင်းဘာမှမလိုချင်ဘူး ရှင်းကိုကိုနဲ့ဘဲတူတူရှိနေချင်တယ် အဲ့ဒါကြောင့် ကိုကိုရှင်းကိုမထားသွားပါနဲ့နော်.. ရှင်းကိုကိုပြောတဲ့စကားတွေလည်းနားထောင်ပါ့မယ် ၊ ရှင်းဘယ်သူနဲ့မှလည်းမဆက်သွယ်တော့ပါဘူး ၊ အပြင်လည်းမထွက်တော့ပါဘူး ၊ ကိုကိုနဲ့ဘဲတူတူရှိချင်တယ်.. ကိုကိုနဲ့မခွဲနိုင်ဘူး တောင်းပန်ပါတယ်နော်.. ''

" ကလေးလေး..''

ငိုပီး အဆက်မပြတ်ပြောနေတဲ့ အချစ်ကလေးက Williamထပ်ပီး ထွက်သွားမှာကို ကြောက်နေတာနဲ့တူတယ်..။

ကိုယ်ဒီအချိန်ကြီးလာတာမှားသွားပီးထင်တယ်..။ ကိုယ်က ကိုယ့်ချစ်သူလေးရဲ့မွေးနေ့လေးမှာ ပထမဦးဆုံး မွေးနေ့ဆုတောင်းပေးပီး လက်ဆောင်ပေးတဲ့လူဖစ်ချင်လို့ ဒီလိုအချိန်လေးမှာ ကလေးလေးဆီ လာခဲ့တာပါ..။

" ကလေးလေး.. အားနည်းနေပီး အနားယူရတော့မယ်..''

Williamမှာ တခြားဂရုမစိုက်အားတော့ဘဲ Williamကိုဖက်ကာ ငိုနေတဲ့အချစ်ကလေးကို ပွေ့ချီကာ အပေါ်ထပ်အခန်းဆီတက်လာတော့သည်..။

ကလေးကိုပေးနားမှရတော့မယ်ထင်သည်..။ ကလေးကိုကြည့်ရတာ Williamကိုရုတ်တရက်ကြီးတွေ့လိုက်ရတော့ စိတ်လှုပ်ရှားပီး ရှော့ဖစ်သွားတယ်ထင်တယ်..။

ပီးရင်အချိန်ကလည်း တော်တော်လေးနောက်ကျနေပီး ဖစ်တာကြောင့် ကလေးအနားယူသင့်ပီ..။

" ကလေးလေး နားလိုက်တော့နော်..​ကိုယ်တို့နောက်မှဆက်ပြောရအောင်..''

Williamကလေးကိုပွေ့ချီထားလျက်ပင် မွေ့ယာပေါ်အသာအယာချကာ အနားယူခိုင်းမယ်လုပ်ပေမယ့်လည်း ချစ်ရတဲ့ကလေးလေးက ​ချက်ခြင်းကိုပြန်ထပီး Williamရဲ့လက်ကိုဆွဲကာ..

" မရဘူး..ရှင်းအိပ်လိုက်ရင် ကိုကိုထပ်ပီးထွက်သွားမှာမဟုတ်လား..ရှင်းမအိပ်ချင်ဘူး..''

အိပ်ချင်နေတာကို မအိပ်ဘဲ ဂျီကျနေတဲ့အချစ်လေး..။

ကလေးလေး နဲ့မတွေ့ရတဲ့အချိန်လေးအတွင်းပိန်သွားလိုက်တာ ကလေးရယ် မျက်နှာလေးကလည်းချောင်ကျလို့..။

" ကိုယ်ဘေးနားမှာရှိနေမှာပါ.. ကိုယ်ထွက်မသွားပါဘူး.. ''

" ဟင်အင်း.. ရှင်းကြောက်တယ် ကိုကိုရှင်းကိုထားပီး ထပ်ထွက်သွားမှာကို အရမ်းကြောက်တယ်..''

" ကိုယ်တကယ်မသွားပါဘူး..''

" ဟင်အင်း မရဘူး..''

Williamဘယ်လိုပြောပြော ရစ်တစ်တစ်လုပ်နေတဲ့အချစ်ကလေး..။

ကိုယ်တောင်းပန်ပါတယ် ကလေးလေး..။ ကိုယ်ကလေးကိုဘာမှမပြောဘဲထွက်သွားမိလို့တောင်းပန်ပါတယ်..။ ကိုယ်က ကလေးကိုဘယ်လောက်တောင်ချစ်လဲကလေးလည်းသိတာဘဲရာ ကိုယ်လည်း ဒီအတောအတွင်းကလေးကိုအရမ်းလွမ်းနေတာပေါ့..။

Williamဘယ်လိုမှပြောမရဘူး ဆိုတာ သိတာကြောင့် Williamကို ထိုစကားအထပ်ထပ်ပြောနေတဲ့ ကလေးရဲ့နှုတ်ခမ်းလေးကို Williamနှုတ်ခမ်းနဲ့အနမ်းပေးကာ ပိတ်လိုက်တော့သည်..။

" ပြွတ်..

" အွန်း.. အွင့် ~

Williamနမ်းရင်းနဲ့ ကလေးကို မွေ့ယာပေါ်လှချစေလိုက်ကာ ချစ်ရသူလေးရဲ့ ပါးလေးတစ်ဖက်ကို လက်တစ်ဖက်နဲ့အသာအယာထိန်းကိုင်ပီး တခြားလက်တစ်ဖက်နဲ့ မွေ့ယာကိုထောက်ထားကာ အနမ်းတွေပေးနေတော့သည်..။

ရှင်းလည်း ကိုကို့ရဲ့လည်တိုင်ကို ပြန်လည်ဖက်တွယ်ကာ မျက်ဝန်းထဲကမျက်ရည်လေးတွေမရပ်တန့်သေးပေမယ့်လည်း ကိုကို့ရဲ့အနမ်းတွေကို အလိုက်သင့်လေးပြန်လည်တုံ့ပြန်နေလိုက်သည်..။

" အွင့် အွန်း..''

" ပြွတ်~

" အွန်းး .. ဟ့ ဟ့ ''

Williamဒီထက်အဆင့်မတက်ခင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပီး စိတ်ကိုတင်းကာ ရပ်တန့်ပစ်လိုက်သည်..။ Williamထိတွေ့ချင်ပေမယ့်လည်း ဒီအချိန်မှာတော့ မဖစ်သေး..။

ကလေးရဲ့နှုတ်ခမ်းတစ်ဝိုက်မှာပေနေတဲ့ သားရည်ကွက်လေးကို Williamသုတ်ပေးလိုက်ကာ မျက်ဝန်းထောင့်က မျက်ရည်စလေးတွေကို နမ်းရှိုက်လိုက်ပီး..

" ကိုယ်ကလေးကိုမပြောဘဲထွက်သွားမိလို့တောင်းပန်ပါတယ် ကိုယ်ဂတိပေးပါတယ်.. ကိုယ်ကလေးဘေးက လုံးဝထွက်မသွားတော့ပါဘူး.. ''

" ဒါမယ့်.. ''

" ကိုယ့်ကိုယုံတယ်ဟုတ်..''

Williamယုံကြည်ချက်ရှိရှိနဲ့ ဂတိခိုင်မာစွာပြောနေတဲ့ စကားက ရှင်းရဲ့စိုးရိမ်စိတ်ကို လွမ်းမိုးနိုင်သည်..။

ဒီတစ်ခေါက်သာ ကိုကိုထပ်ထွက်သွားခဲ့ရင် ရှင်းရူးသွားမှာ..။ ရှင်းမျက်လုံးတွေကိုမမှိတ်လိုက်ချင်ဘူး ရှင်းနိုးလာတဲ့အချိန် ကိုကိုမရှိတော့ရင်ရောဆိုတဲ့ ကြောက်စိတ်ကြီးက ရှင်းရဲ့နှလုံးသားလေးကိုနာကျင်စေတယ်..။

ဒါမယ့် ကိုကိုပြောတဲ့ '' ကိုယ့်ကိုယုံတယ်ဟုတ်..'' ဆိုတဲ့ စကားလေးတစ်ခွန်းက ရှင်းကိုလွမ်းမိုးနိုင်သည်..။ ရှင်းကိုကို့ကိုယုံတယ် ကိုကို့ပေါ်ရှင်းတစ်ခါမှ သံသယမရှိဖူးခဲ့ဘူး ရှင်းယုံတယ်..။

ရှင်းကို ကြင်ကြင်နာနာနဲ့ ကြည့်ကာ ဂတိပေးနေတဲ့ ကိုကို့ကို ကြည့်ပီး ရှင်းအနည်းငယ်တွေဝေသွားပေမယ့်လည်း ခေါင်းလေးအသာအယာငြိမ့်ကာ ကိုကိုပြောတဲ့စကားကိုနားထောင်လက်ခံလိုက်သည်..။

" ကိုယ့်အချစ်လေးကလိမ္မာလိုက်တာ.. ကိုယ်တို့အိပ်ရအောင်နော် ''

" ဟုတ်..''

Williamအပြင်ကနေအခုမှပြန်လာတာကြောင့် အဝတ်အစားလဲမယ်လုပ်ပေမယ့်လည်း Williamထသွားရင် ကလေးက မအိပ်ဘဲနေမှာသိတာကြောင့် Williamမလဲတော့ဘဲ ကလေးနဲ့အတူတူအနားယူလိုက်သည်..။

Williamထွက်သွားမှာကြောက်တယ်ထင်သည် ကလေးလေးက အိပ်နေတာတောင် ရင်ခွင်ထဲတိုးဝင်ပီး တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ အချစ်ကလေး..။

Williamလည်း ရင်ခွင်ထဲက ကလေးငယ်လေးရဲ့ ဆံပင်လေးတွေကိုအနမ်းပေးကာ ကိုယ်လုံးလေးကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ပီး အိပ်စက်အနားယူတော့သည်..။

🌙~

Emmaတို့ဆီက ကလေးလေးက Williamမရှိတော့ တော်တော်လေးခံစားနေရတယ်ကြားတော့ Williamလည်းရင်ထဲမကောင်းဖစ်ရတယ်..။

Williamလည်း ရုတ်တရက်ကြီးမထွက်သွားချင်ပါဘူး ဒါမယ့် ကလေးကိုသဝန်တိုတဲ့စိတ်ကြောင့် တစ်ခါလောက်တော့ ခြိမ်းခြောက်မယ်လို့စဥ်းစားထားခဲ့သည်..။ ဒီနည်းကအလုပ်ဖစ်သွားတယ်ထင်ပါတယ် ။

ကလေးက Williamပေါ် မပွင့်မလင်းနဲ့ အမြဲတမ်း အားနာကာ ကြောက်စိတ်တွေနဲ့တံတိုင်းကြီးခံထားတာကို Williamမကြိုက်..။ ချစ်သူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းတော့ရှိရမယ်လေ..။ ဒါကို ကလေးက သူစိမ်းဆန်ဆန်လုပ်နေတော့ Williamဒေါသထွက်မိတယ်..။

ကလေးအကြောင်းတွေဆိုလည်း Williamကိုယ်တိုင် စုံစမ်းပီးမှ သိရှိခဲ့ရတာကြီးပင်..။ ကလေးက တစ်ခြားသူတွေနဲ့ဆိုရင် ကြောက်လည်းမကြောက်ဘဲ ရင်းနှီးလွန်းတယ် ဒါမယ့် ဘာလို့ ကိုယ့်အပေါ်ဘဲအဲ့လိုဖစ်နေရလဲ ကိုယ်နားမလည်နိုင်ဘူး ကလေးရယ်..။

William ထွက်မသွားခင်တုန်းက ဖစ်ခဲ့တဲ့ပြဿနာမှာ Williamသဝန်တိုစိတ်ကြောင့် ကလေးကို ဒေါသထွက်မိခဲ့တာ..။ အဲ့ သူငယ်ချင်းဆိုတဲ့ အကောင်နဲ့ကျ ရင်းရင်းနှီးနှီးစကားတွေပြောနေပီး ကိုယ်နဲ့စကားပြောရင်တော့ ခေါင်းငြိမ့်တာမဟုတ်ရင် ခေါင်းခါတာ ကြောက်နေတာ အဲ့ဒါတွေကို ကိုယ်မကြိုက်တာ..။

ဒါမယ့် ကိုယ်က တစ်ဖက်လူအကြောင်းကိုသေချာမကြည့်ဘဲ မစွတ်စွဲပါဘူး..။ သေချာတာပေါ့ ကိုယ်ထွက်သွီားတယ်ဆိုတာ ကလေးနဲ့စကားပြောခဲ့တဲ့ အဲ့ဖုန်းထဲကကောင်ကို ရှာပီး မျက်နှာချင်းဆိုင်ဖြေရှင်းနေတာ..။

ကိုယ်တို့နှစ်ယောက်ရဲ့ ကြားထဲ ဝင်လာတဲ့ ဘယ်သူ့ကိုမဆို ​ကိုယ်ရှင်းသင့်ရင်ရှင်းရမှာဘဲ..။ ကိုယ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို တစ်စုံတစ်ယောက်ကြောင့်နဲ့တော့ အပြောင်းအလဲမခံနိုင်ဘူး..။

ကိုယ့်ဘဝမှာ ကလေးက အရေးအပါဆုံး၊အရေးအကြီးဆုံး ဦးစားပေးဖစ်သလို ကလေးရဲ့ဘဝထဲမှာလည်း ကိုယ်ကဦးစားပေးဖစ်ရမယ်..။ ကိုယ်အတ္တကြီးတယ်လို့ညကလေးထင်ရင် ဟုတ်တယ် အဲ့ဒါကလေးကိုချစ်တဲ့စိတ်ကြောင့် ဖြစ်လာတဲ့ ကိုယ့်ရဲ့လောဘနဲ့အတ္တဘဲ..။

___________________________________

" ဟင်.. ကိုကို! ''

ရှင်းနိုးတာနဲ့ မျက်လုံးဖွင့်ကာကြည့်လိုက်တော့ ရှင်းရဲ့အရှေ့မှာ ကိုကိုကမရှိတာကြောင့် ချက်ခြင်းထထိုင်လိုက်သည်..။

ညတုန်းကအိမ်မက်များလား ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှင်းလည်ပင်းလေးကိုထိကြည့်လိုက်တော့ အိမ်မက်မဟုတ်ဘူးဆိုတဲ့ သက်သေအဖစ် လည်ဆွဲလေးက လည်တိုင်မှာနေရာယူထားတာကြောင့် ရှင်းသက်ပြင်းချကာ စိတ်အေးရသည်..။

Williamညတုန်းက ရေမချိုးလိုက်ရတာကြောင့် မနက်နိုးနိုးချင်း ကလေးမနိုးအောင်လို့ သတိထားပီးထကာ ရေမိုးချိုးသန့်စင်နေခြင်း..။

အချိန်ကလည်း အနည်းငယ်စောသေးတာကြောင့် ​Williamလည်း ကလေးမနိုးသေးလောက်ဘူးအထင်နဲ့ အေးဆေးလေးလုပ်နေတာပေါ့..။

Williamပြန်ထွက်လာတော့ အချစ်ကလေးက နိုးတောင်နိုးနေပီ..။

" ကလေးလေး..''

" ကိုကို ''

ရှင်းကိုကို့ကို သွားရှာမလို့ဘဲ ကြံရသေး ရေချိုးခန်းထဲကနေ ထွက်လာတဲ့ ချစ်ရလူကြီးကိုတွေ့လိုက်ရမှဘဲ ရှင်းပြုံးနိုင်တော့သည်..။

" ကလေးလေး.. အိပ်ရေးဝရဲ့လား ထပ်အိပ်လိုက်ပါဦး..''

Williamမှာ ကလေးရဲ့ပင်ပန်းတဲ့ ပုံပေါက်နေတဲ့ မျက်နှာလေးကိုကြည့်ပီး နူးနူးညံ့ညံ့ကိုင်ကာ ထပ်နားစေချင်တာကြောင့် ပြောလိုက်သည်..။

ရှင်းထပ်မအိပ်ချင်တော့ဘူး ရှင်းအိပ်သွားရင် ​ကိုကိုကထွက်သွားချင်ထွက်သွားမှာလေ..။

" ဟင်အင်း .. ကိုကိုဘယ်သွားမလို့လဲဟင် ''

" ကိုယ်ခနသွားစရာလေးရှိလို့ပါ.. ကလေးလေးခနလောက်ထပ်အိပ်လိုက်ပါလား ''

" ဟင်အင်း.. ကိုကိုဘယ်သွားမလို့လဲ ရှင်းကိုထပ်ပီးထားသွားမှာမဟုတ်လား ''

Williamရဲ့စကားလည်းကြားရော ငိုမဲ့မဲ့မျက်နှာလေးနဲ့ Williamရဲ့လက်ကိုဆွဲကာ စိုးရိမ်တကြီးပြောနေတဲ့အချစ်လေး..။

" ကိုယ်ကလေးကိုမထားခဲ့ပါဘူးကွာ.. ကိုယ်ဒီတိုင်း ကိစ္စလေးရှိလို့..''

" ဟင်အင်း မရဘူး.. ''

Williamဘယ်လို စိတ်အေးအောင်ပြောပြော လက်မခံတဲ့အချစ်လေး..။

" ကိုယ်နဲ့တူတူလိုက်ချင်လား.. ''

" အင်း.. ''

Williamဘယ်လို ပြောပြောမရမှန်းသိတာကြောင့် ကလေးလေးစိတ်အေးအောင်လို့ အတူလိုက်ခဲ့ချင်လားမေးတော့ ချက်ခြင်းခေါင်းငြိမ့်တဲ့ အချစ်လေး..။

ကိုကို့ကို ရှင်းစိတ်မချဘူး ကိုကိုဘယ်သွားမလဲမသိပေမယ့် ကိုကိုဘယ်သွားသွား ရှင်းလိုက်မှာ..။ အခုကစပီး ရှင်းကိုကို့ကို မလွတ်တမ်းတွယ်ကပ်ထားမှာ ကိုကို့နားမှာဘဲ အမြဲတမ်းနေချင်တယ် ကိုကိုရှိရင် ရှင်းအတွက်လုံခြုံတယ်.. ။

ရှင်းကိုကို့ကို အရမ်းလောဘကြီးနေမိပီး ကိုကိုရယ်..။ ရှင်းကိုအဲ့လိုဖြစ်အောင် လုပ်တာလည်း ကိုကိုမို့လို့ ကိုကိုတာဝန်ယူရမယ်..။

_

Williamအမှန်ဆိုရင် သွားနေတဲ့ နေရာကို ကလေးကိုမခေါ်သွားချင်ပေမယ့်လည်း ကလေးကိုလည်း ငိုအောင်မလုပ်ချင်တာကြောင့် ခေါ်လာလိုက်သည်..။

အတူတူလိုက်လာတာတောင် ဘာတွေစိတ်မချဖစ်နေလဲမသိ ကားမောင်းနေတဲ့Williamကို တစ်ချက်တစ်ချက်လှမ်းလှမ်းကြည့်တတ်တဲ့ကလေးလေး ။

အချစ်လေးက တအားအတွေးလွန်တတ်တာ အခုဘဲကြည့် Williamကိုကြည့်ပီး ဘာတွေတွေးနေပြန်ပီးလဲမသိ မျက်နှာလေးကလည်းငိုမဲ့မဲ့လေးနဲ့ လက်သီးသေးသေးလေးကိုလည်း ဆုပ်ထားလို့ပင်..။

ကလေးကို တစ်ခါလေး ပစ်ထားမိတာနဲ့ ကလေးဒီလောက်ထိ စိတ်ထိခိုက်သွားမယ်လို့ Williamတကယ်မထင်မိခဲ့..။ ကလေးက ဒီလိုခြိမ်းခြောက်တာမျိုးနဲ့ဆို အမြဲအလုပ်ဖစ်တယ်လေ..။

William လက်တစ်ဖက်နဲ့ကား steering wheelကိုကိုင်ထားပီး ကျန်လက်တစ်ဖက်နဲ့ ကလေးရဲ့လက်ကလေးကို လှမ်းကိုင်ကာ အနမ်းပေးလိုက်သည်..။

ရှင်းရဲ့လက်ကလေးကို ရုတ်တရက်လာကိုင်တဲ့ ကိုကိုကြောင့် ရှင်းအံ့သြသွားပေမယ့်လည်း ရှင်းရဲ့လက်ကလေးကိုထိထားတဲ့ ကိုကို့ရဲ့ထိတွေ့မှုကို ရှင်းတကယ်သဘောကျသည်..။

ရှင်းကိုကို့ကို ပြန်ကြည့်တော့လည်း ကိုကိုက ကားကိုသာဂရုတစိုက်မောင်းနေပီး ရှင်းလက်ကလေးကိုတော့ ကိုင်ထားစမြဲပင်..။

တစ်ခါတလေ စကားနဲ့မဟုတ်ဘဲ အလုပ်နဲ့ စကားပြောတဲ့ကိုကို..။ ကိုကို့ရဲ့အပြုအမူလေးက ရှင်းကို စိတ်ထဲပူပန်မှုအနည်းငယ်လျော့နည်းစေပီး ပြုံးစေတာအမှန်ပင်..။

_

Williamတို့ နောက်ဆုံးတော့ လာတဲ့နေရာဆီကို ရောက်လာခဲ့ပီ..။

ကားရပ်လိုက်တာနဲ့ Williamအရင်ဆုံးဆင်းလိုက်တော့ Williamလာခေါ်မှာကိုတောင် မစောင့်ဘဲ ချက်ခြင်းကိုလိုက်ဆင်းလာတဲ့ အသည်းလေး..။

အမြဲတမ်း Williamခေါ်မှ လာတတ်တဲ့ ကလေးလေးက အခုတော့ Williamတောင်မပြောရသေး အလိုက်တသိလေးနဲ့ လက်လေးလာချိတ်တာကြောင့် Williamစိတ်ထဲ ကျေနပ်မိတယ်..။

" ကိုယ်တို့သွားရအောင်..''

" ဟုတ်..''

ကလေးရဲ့ လက်လေးကို ဆုပ်ကိုင်ကာ Williamချိန်းထားတဲ့ နေရာဆီဝင်လာခဲ့သည်..။

ရှင်း ကိုကိုဘယ်သွားတာလဲ ဘာလုပ်မှာလဲ တစ်ခွန်းမှမမေး..။ ရှင်းဖစ်ချင်တာက ကိုကိုသွားတဲ့ ဘယ်နေရာမဆို ရှင်းလိုက်ချင်တာ ကိုကိုနဲ့မခွဲဘဲရှိချင်တာ.. ။

Williamတို့လာတဲ့နေရာက ကွန်ဒိုတိုက်ခန်းဖစ်ပီး အဆင့်အတန်းမြင့်ကာ လှပလွန်းတဲ့နေရာမျိုးပင်..။

ရှင်းဒီလိုနေရာတွေ အများကြီးရောက်ခဲ့ဘူးတာကြောင့် အရမ်းမလန့်ပေမယ့်လည်း ရှင်းအနည်းငယ်တော့ရှိန်မိတာအမှန်ပင်..။ ဒါမယ့် ဘာစိတ်ပူစရာရှိလဲ ကိုကိုဘေးနားမှာရှိနေတာဘဲရာ..။

ရှင်းတို့ကို ကြည့်နေတဲ့ အကြည့်တွေကို လစ်လျှူရှုကာ ရှင်းကိုကို့လက်ကို ယုံကြည်ချက်ရှိရှိဆုပ်ကိုင်ပီးဝင်လာလိုက်သည်..။

ကိုကိုက ရှင်းအပိုင်လေ..။

ခါတိုင်းထက် ယုံကြည်မှုရှိကာ ရင့်ကျက်တဲ့ လူကြီးလေးလိုလုပ်နေတဲ့ အချစ်လေးက Williamရဲ့အသည်းနှလုံးကို လှုပ်ခါစေလွန်းသည်..။ ဟုတ်တယ်ကလေးလေး ကိုယ်ကလေးအပိုင်ဘဲ ကိုယ်ရှိနေရင် ဘာကိုမှဂရုမစိုက်လို့ရတယ် ။

ကိုယ့်ကိုဘဲကြည့်ပီး ကိုယ့်ကိုဘဲယုံလိုက်..။

_

တစ်ထပ်ပီးတစ်ထပ် ဖြတ်ကျော်ခဲ့ပီးနောက် နောက်ဆုံးတော့ ချိန်ထားတဲ့နေရာဆီ Williamတို့ရောက်လာခဲ့သည်..။

ဧည့်ခန်းကျယ်ကြီးရဲ့ ဆိုဖာပေါ်မှာ တစ်ယောက်ထဲထိုင်နေတဲ့ထိုလူ..။ ထိုလူက Williamတို့ဝင်လာတာတွေ့တာနဲ့ ထကာ ..

" ရောက်လာပီးလား.. ရှင်း ''

" ဟင် ဘယ်သူ.. ''

ရှင်းရဲ့နာမည်ကို ခေါ်နေတဲ့ထိုလူကို အမှန်အတိုင်းပြောရရင်ရှင်းမမှတ်မိ..။

" ကိုယ်တို့ထိုင်ရအောင်.. ''

" ဟုတ် ''

ရှင်းလည်း အူကြောင်ကြောင်လေးနဲ့ ကိုကိုပြောတဲ့အတိုင်း ကိုကိုနဲ့ကပ်လျက်ပင် ထိုလူအရှေ့မှာထိုင်လိုက်သည်..။

ရှင်းဘယ်လောက်ကြည့်ကြည့်ထိုလူကို ရှင်းမမှတ်မိ...။

" ကလေးလေး သူငယ်ချင်းကိုမမှတ်မိဘူးလား ''

" ဟင် သူငယ်ချင်း?''

သူငယ်ချင်း ဘယ်သူငယ်ချင်းလဲ ရှင်းမှာသူငယ်ချင်းဆိုလို့.. ယံယံ ဟုတ်သားဘဲ ယံယံဘဲ ရှင်းရုတ်တရက်မို့လို့ မမှတ်မိတာ အခုမှ သေချာကြည့်မိတယ် ..။

' ယံယံ '

' အင်း ရှင်းမှတ်မိလို့တော်ပါသေးတယ် '

" အဟမ်း~''

ရှင်းတို့ နှုတ်ဆက်နေတုန်း ရုတ်တရက်ကြားလိုက်ရတဲ့ ကိုကို့ရဲ့အသံသြသြက ရှင်းကိုသတိပေးနေသလိုပင်..။

ရှင်းထပ်ပီး အမှားလုပ်မိပြန်ပီလားဟင်..။

Williamစိတ်ဆိုးမှာစိုးပီး မျက်ဝန်းလှလှလေးနဲ့လှည့်ကြည့်တဲ့အချစ်ကလေး..

" YanYan ''

" ဟုတ်ကဲ့ပါ Boss''

Williamအချက်ပေးလိုက်တာနဲ့ YanYanက ရှင်းကိုကြည်ကြာ ပြုံးပြပီး အိတ်ထဲက ဖိုင်တစ်ခုကို Williamရှေ့ကို လှမ်းပေးလိုက်သည်..။

Williamလည်း ယံယံပေးတဲ့ ဖိုင်ကိုယူကာ ကလေးအရှေ့လေးကိုပေးလိုက်သည်..။

" ကလေးလေး.. ''

Williamပေးတဲ့ ဖိုင်လေးကို အူတူတူလေးနဲ့ ရှင်းလှမ်းကာ ယူလိုက်ပီး နားမလည်တဲ့ အသံလေးဖြင့်..

" ဘာကြီးလဲဟင် ''

" ဖွင့်ကြည့်လေ.. ကလေးလေးအတွက် မွေးနေ့လက်ဆောင် ''

" လက်ဆောင်?''

ရှင်းပြန်မေးတာကို ခေါင်းငြိမ့်တဲ့ကိုကို..။ ရှင်းလည်း ဘာများလဲဆိုတဲ့ အတွေးလေးနဲ့ စာအိတ်ကို ဖွင့်ကာ ဖတ်ကြည့်တော့ အရမ်းအံ့သြသွားရသည်..။

" ကိုကို ဒါက ''

" ကလေးအတွက်မွေးနေ့လက်ဆောင်လေးလေ.. ကလေးသဘောကျရဲ့လား ''

" အင်း.. အရမ်းဘဲ ဒါမယ့် ကိုကိုကဘယ်လိုလုပ် ''

" ကိုယ်ကလေးအတွက်ဆိုရင် အားလုံးမရရအောင်ဖြည့်ဆည်းပေးမယ်လို့ ပြောထားတယ်လေ..''

ကိုကို့ရဲ့ စကားကြောင့် ရှင်းမျက်ရည်လေးပါဝဲရသည်..။

" ကိုကို့ကိုချစ်တယ် ''

ရှက်တတ်လွန်းတဲ့ ကလေးလေးက သူငယ်ချင်းအရင်းကြီးရှေ့မှာ ကိုယ့်ကိုချစ်တယ်ပြောပီး ဖက်လိုက် တာကြောင့် Williamစိတ်ထဲမှာ အရမ်းကျေနပ်သည်..။ အနိုင်ရတဲ့သူလိုပေါ့ ။

" ကိုယ်လည်းချစ်တယ်.. ''

ချစ်သူနှစ်ဦးသား တီတာနေတဲ့အချိန် သူငယ်ချင်းကြီးကတော့ အရှေ့မှာ ငြိမ်သက်ကာ ပြုံးလို့ပေါ့..။

_

ကိုကို့ရဲ့ခွင့်ပြုချက်နဲ့ ရှင်းသူငယ်ချင်းနဲ့ စကားအေးဆေးပြောဖို့ အချိန်ရလိုက်သည်..။ ကိုကိုက ရှင်းသူငယ်ချင်းနဲ့တွေ့တာဘာမှမပြောတာကြောင့် အခြေအနေက ထင်ထားသလိုမဆိုးတာမို့ တော်ပါသေးတယ်..။

' ယံယံ တကယ်ယံယံလား.. '

ရှင်းအံ့သြခြင်းများစွာနဲ့ တဖန်ထပ်မေးလိုက်ခြင်း..။ ယံယံဟုတ်ပေမယ့်လည်း ယံယံမဟုတ်သလိုပင်..။ ယံယံအရမ်းကိုပြောင်းလဲသွားပီး လူကြီးရုပ်ပေါက်လာပီမို့ ရှင်းမမှတ်မိတာမဆန်းဘူးလေ..။

' အင်းလေ ငါ့ကိုတောင်မမှတ်မိတော့ဘူးဘဲ '

' တောင်းပန်ပါတယ် ရုတ်တရက်ဆိုတော့ .. ယံယံကအရမ်းပြောင်းလဲသွားတယ်လေ '

ရှင်းရဲ့ပုံလေးနဲ့ အပြောလေးကြောင့် ယံယံရီမိသည်..။ သူကသာပြောင်းလဲသွားတာပါ သူငယ်ချင်းလေးကတော့ ဘာမှလည်းမပြောင်းလဲဘဲ အရင်တုန်းကလိုဘဲ ဖြူဖြူသေးသေးလေးပင်..။

ရှင်းကတော့တကယ် ဘယ်အချိန်ကြည့်ကြည့်ကလေးလေးဘဲလေ..။

သူငယ်ချင်းလေးရဲ့ အပြောလေးကို ယံယံခေါင်းငြိမ့်ကာ..

' အင်း အဲ့ဒါလည်းမှန်ပါတယ်.. ရှင်းကတော့ မပြောင်းလဲဘူးနော် ငယ်ငယ်လေးကအတိုင်းဘဲ သေးသေးလေး.. '

' အင်း ..ဒါနဲ့ယံယံက ကိုကိုနဲ့ဘယ်လိုသိတာလဲ '

' Bossက ငါ့ရဲ့အလုပ်ရှင်လေ.. ငါက LKရဲ့ကုမ္ပဏီခွဲမှာ ကိုယ်စားလှယ်အဖြစ်လုပ်နေတာ '

' အာ~ ဒါမယ့် ကိုကိုက ဘယ်လိုလုပ်အိမ်ကိစ္စကို.. ပီးရင်ယံယံက ကိုကိုနဲ့ရှင်းကိုတွေ့တာလည်း မအံ့သြတော့လေ '

' ငါလည်းတကယ်လန့်သွားတာသိလား လွန်ခဲ့တဲ့ရက်ပိုင်းတွေတုန်းက bossကငါ့ကိုရုတ်တရက်ကြီး ဆက်သွယ်ပီး လူချင်းတွေ့ပီးစကားပြောချင်တယ်တဲ့လေ '

' ကိုကိုက ?'

ယံယံနဲ့ ရှင်းနဲ့က သူငယ်ချင်းအရင်းကြီးဆိုတော့ စကားကိုလည်း ပေါ့ပေါ့ပါးပါးဘဲ ရင်းနှီးနှီးပြောကြသည်..။ အဆက်အသွယ်ပြတ်ထားတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးထားပေမယ့်လည်း ဖုန်းနဲ့ဆက်သွယ်ဖစ်ခဲ့တာကြောင့် ပြန်ပီးရင်းနှီးနေကြတာပေါ့..။

ယံယံနဲ့ ဖုန်းပြောတုန်းက ရှင်းက ချစ်သူကောင်လေးရှိတယ်ပြောထားပေမယ့်လည်း ကိုကို့ရဲ့ အကြောင်းတွေကိုမပြောထားဖစ်ခဲ့ဘူးလေ..။ အဲ့ဒါကြောင့် ရှင်းသိချင်နေတာပေယ့ ကိုကိုနဲ့ ရှင်းတို့ရဲ့ ပတ်သက်မှုကို ယံယံက ဘယ်လိုသိသွားလည်းဆိုတာကိုပေါ့..။

' အင်း.. ငါBossနဲ့တွေ့တော့ မင်းအကြောင်းတွေကြားတယ်ရှင်း အဲ့မှာငါသိသွားတာ ပီးရင် မင်းနဲ့ငါနဲ့ဆက်သွယ်ပီးပြောတဲ့အကြောင်းတွေရော အားလုံးကို အသေးစိတ်မေးတာ ငါတောင်တော်တော်လေးကို အံ့သြသွားတာင်လား .. အဲ့ဒါကြောင့်ဘဲ bossကမင်းရဲ့အိမ်လေးကို ရှာပေးပီး မင်းလက်ထဲထည့်ပေးတာပေါ့..'

ကိုကိုအိမ်ပြန်မလာတာက ဒါကြောင့်ဘဲထင်တယ်..။ ​ရှင်းလူကြီးရဲ့ အပြုအမူနဲ့ ယံယံပြန်ပြောပြတာတွေကို နားထောင်လေ ကိုကို့ကို ရှင်းပိုပီးစွဲလမ်းမိလာလေဘဲ..။

ကိုကိုက အမြဲတမ်းအပြောထက် အလုပ်နဲ့ဘဲ သက်သေပြတတ်တယ်..။ ရှင်းကို အဲ့လောက်တောင်ချစ်တာလား ကိုကိုရယ်..။

ယံယံနဲ့ ရှင်း စကားတွေပြောနေကြပီး မတွေ့တဲ့အချိန်အတွင်းက မပြောဖြစ်ခဲ့တာလေးတွေကို ပြန်ပြောနေကြသည်..။

' တော်သေးတာပေါ့ '

ထိုစကားကိုပြောလိုက်သူကတော့ ယံယံပင်..။

' ဟင်'

' ရှင်းလူကောင်းနဲ့တွေ့လို့တော်သေးတာပေါ့.. bossကတကယ်လူကောင်းပါ ငါသိတယ် ရှင်းကိုလည်းအရမ်းချစ်မှာသေချာတယ်.. ရှင်းငါ့ကို ချစ်သူကောင်လေးရှိတယ်ပြောတုန်းက ငါတကယ်စိတ်ပူသွားခဲ့တာ ရှင်းက လူတွေအရမ်းကြောက်တတ်ပီး ရှက်တတ်တာလေ မကောင်းတဲ့သူတွေနဲ့တွေ့သွားရင်ဘယ်လိုလုပ်မလဲ.. ဒါမယ့် အခုအဲ့သူက bossမှန်းသိလိုက်ရလို့ စိတ်အေးရပါပီ '

' အင်း .. '

ရှင်းပေါ်အမြဲတမ်းနားလည်ပေးတဲ့ သူငယ်ချင်လေး..။ ရှင်းတကယ်ဝမ်းသာမိတယ် ဒီလိုသူငယ်ချင်းမျိုးရှိနေတာကိုပေါ့..။

' ကျေးဇူးဘဲ ယံယံ'

' ဘာကိုလဲ '

' ဒီတိုင်း.. မင်းကငါ့ကိုအမြဲတမ်းကူညီပေးပီး ငါ့ကိုသူငယ်ချင်းအဖစ်သတ်မှတ်ပေးလို့ပါ '

' ကျေးဇူးတင်ဖို့မလိုပါဘူး.. ငါတို့က သူငယ်ချင်းတွေဘဲလေ '

' အင်း '

____________________________________

ဒီနေ့ ရှင်းမွေးနေ့မှန်းသိလို့ ယံယံက ရှင်းကိုလက်ဆောင်လေးတောင်ပေးလိုက်သေးတယ်လေ ။ တကယ်ပါဘဲ ယံယံကတော့ ရှင်းအတွက် အကောင်းဆုံးသူငယ်ချက်းဘဲလေ ။

သူငယ်ချင်းနဲ့ တွေ့လိုက်ရလို့ ကလေးလေးက ပျော်သွားတယ်ထင်သည် မျက်နှာလေးတောင်ပြန်ပြုံးကာ ဝင်းလာလို့..။

ကလေးပျော်ရင် ရပါပီ..။ Williamအခုလိုစိတ်မဆိုးတာကလည်း ထိုသူငယ်ချင်းအရှေ့မှာ ကလေးကကိုယ့်ကို ချစ်တယ်လို့တောင်ပြောခဲ့တာလေ ကျေနပ်တာပေါ့..။

Williamတို့အိမ်ပြန်လာပီး အိမ်ထဲအဝင်..။

ဖောက်*

" Happy birthdayကလေးလေး..''

" ဟင် ''

ကိတ်မုန့်လေးကို ကိုင်ထားတဲ့ Kanနဲ့ အတူ Williamရဲ့မိဘတွေအပြင် David၊ Yanနဲ့ Lucasတောင်ပါပီး အားလုံးက ရှင်းမွေးနေ့လေးအတွက် လာပီး ဆုတောင်းပေးကြခြင်းပေ..။

ရှင်းကတော့ ရုတ်တရက်ဆိုတော့ အရမ်းအံ့သြသွားကာ အားလုံးကိုကြောင်တောင်တောင်လေး ကြည့်နေတာပေါ့..။

" ကလေးလေး ဖယောင်းတိုင်မှုတ်လိုက်လေ..''

" ဟုတ် ''

" တစ်ခုခုဆုတောင်းလိုက်နော် ကလေးလေး..''

" ဟုတ် ''

အကိုKanပြောသလိုဘဲ ရှင်းလက်အုပ်လေးချီကာ ဖယောင်းတိုင်မမှုတ်ခင် ဆုလေးတစ်ခုတောင်းလိုက်သည်..။

ရှင်းစိတ်လေးထဲမှာဆုတောင်းပီးနောက် ပြုံးလိုက်ကာ ဖယောင်းတိုင်လေးကို မှုတ်လိုက်တော့သည်..။

ရှားရှားပါးပါး ရှင်းရဲ့မွေးနေ့မှာမှ စုံလင်တဲ့မိသားစုလေး..။ Davidကလည်း Williamတို့ရဲ့မိဘတွေနဲ့ ဆုံတဲ့ ပထမဦးဆုံးအကြိမ်ပေါ့..။

မိသားစုတွေကလည်း ဘာပြဿနာမှလည်းမရှိဘဲ လက်ခံတာကြောင့် အားလုံးကလည်း အဆင်ပြေကာ အပြုံးကိုယ်စီနဲ့ဖစ်ပီး ပျော်ရွှင်နေကြတာပေါ့..။

ထိုထဲမှာ အပျော်ရွှင်ဆုံးကတော့ ရှင်းဖစ်မှာသေချာပါသည်..။

❤❤❤❤❤❤❤❤❤❤❤❤❤

အ မှန် တ ကယ် ဆို ရင် မွေး နေ့ ရက် လေး ကို မ ထည့် လို့ ရ ပေ မယ့် သာသာ က သာသာ့ ဇာတ် ကောင် လေး တွေ ကို အ ပြင် က သက် ရှိ လေး တွေ အ ဖြစ် နဲ့ စိတ် ကူး ပုံ ဖော် ထား တာ မို့ သူ တို့ လေး တွေ ရဲ့ မွေး နေ့ ရက် လေး ကို သတ် မှတ် ပီး ထည့် ပေး လိုက် တာ ပါ နော် ။

[𝚅𝚘𝚝𝚎/𝙲𝚘𝚖❤✨]

#𝚈𝚊𝚖𝚒
#2021

စ ကား မ စပ် ရှင်း ရဲ့ မွေး နေ့ လေး က

𝙔𝙪𝙧𝙞 𝙊𝙣 𝙄𝙘𝙚 ဆို တဲ့ (𝙱𝚘𝚢 𝙻𝚘𝚟𝚎 𝙰𝚗𝚒𝚖𝚎 )လေး ထဲ က 𝚈𝚞𝚞𝚛𝚒 𝙺𝚊𝚝𝚜𝚞𝚔𝚒 လေး ရဲ့ မွေး နေ့ လေး နဲ့ ရက် တူ ပါ တယ် နော် ❣

>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi //

ေဆာင္းရာသီရဲ႕ ေအးျမမႈနဲ႕အတူ ျဖာက်ေနတဲ့ ေနေရာင္ေလးရဲ႕ႏြေးေထြးမႈတို႔က လိုက္ဖက္လွပလြန္းသည္..။

လွပတဲ့ ေကာင္းကင္ႀကီးကိုၾကည္လင္ေနတဲ့ မွန္ျပတင္းေပါက္ႀကီးကေန ရွင္းေငးၾကည့္ေနမိသည္..။

ေကာင္းကင္ႀကီးက ဒီေန႕မွ ေတာ္ေတာ္ေလးကိုလွပေနသလိုပင္..။ ပုံမွန္ဆိုရင္ ဒီလိုသာယာတဲ့ ေန႕ေလးမွာ ေကာင္းကင္ႀကီးကို ၾကည့္ပီး ရွင္းၿပဳံးေနမွာ အမွန္ပင္..။

ဒါမယ့္ ရွင္းမၿပဳံးနိုင္ေသးပါ..။ ကိုကိုက ဒီေန႕ထိမျပန္လာေသးျပန္ဘူး..။

ကိုကိုရယ္ ဘယ္ေတြမ်ားေရာက္ေနတာလဲ.. ရွင္းကိုသတိေရာမရဘူးလား? ရွင္းကိုမေတြ႕ခ်င္ဘူးလား? ရွင္းကို ဒီလိုနည္းနဲ႕ ခံစားေအာင္တမင္မ်ားလုပ္ေနတာလား ကိုကိုရယ္.. ရွင္းအဲ့ေလာက္ထိ ခံနိုင္ရည္မရွိဘူးေနာ္ဒီလိုသာဆို ရွင္း႐ူးသြားလိမ့္မယ္..

ရွင္းကိုကို႔ကို အရမ္း အရမ္း.. အရမ္းကိုလြမ္းေနပီး ေတြ႕ခ်င္ေနပီး ကိုကိုရယ္..။

ကိုကိုမရွိေတာ့ ရွင္းရင္ထဲမွာ ဟာတာတာႀကီးနဲ႕ ရွင္းဘာမွစိတ္မဝင္စားအားေတာ့ မလုပ္နိုင္ေတာ့..။ တေနကုန္ ကိုကို႔အေၾကာင္းေတြကို ေတြးပီး ကိုကို႔ကို ခ်က္ျခင္းေပြ႕ဖက္ထားခ်င္တယ္..။

ရွင္းကိုအၿမဲတမ္း ေပြ႕ဖက္ထားတက္တဲ့ ကိုကို႔ရဲ႕ ႏြေးေထြးလြန္းတဲ့ ရင္ခြင္က်ယ္ႀကီးကိုလည္း လြမ္းလွပီ..။

ရွင္းရဲ႕ႏႈတ္ခမ္းပါးေလးကို ထိေတြ႕တက္တဲ့ ကိုကို႔ရဲ႕ၾကမ္းတမ္းပီး စြဲမက္စရာေကာင္းလြန္းတဲ့ အနမ္းေလးေတြ.. ရွင္းကိုထိေတြ႕တက္တဲ့ ကိုကို႔ရဲ႕ လက္ႀကီးေတြ.. ရွင္းကိုၾကင္ၾကင္နာနာၾကည့္တက္တဲ့ ကိုကို႔ရဲ႕အၾကည့္ေတြ.. ဆြဲေဆာင္မႈရွိလွတဲ့ ကိုကို႔ရဲ႕ၾသရွရွအသံေတြ..

ရွင္းထပ္ပီး လိုခ်င္ေသးတယ္.. ေတြ႕ခ်င္ေသးတယ္..ၾကားခ်င္ေသးတယ္ ကိုကို..။

_

ဒီညလည္း ေအးစက္စက္ေမြ႕ယာခင္းေတြၾကားမွာ ရွင္းတစ္ေယာက္ထဲအိပ္ရဦးမယ္..။ ရွင္းကို ႏြေးႏြေးေထြးေထြး ေပြ႕ဖက္ထားဖို႔အတြက္ ကိုကိုမွဒီမွာမရွိဘဲ..။

ရွင္းအိပ္မေပ်ာ္တဲ့တူတူ ထိုင္ကာၿငိမ္သက္ေနပီး ကိုကိုအိပ္ေနၾကေနရာေလးကို လက္ေလးနဲ႕ပြတ္သက္ေနမိသည္..။

အခ်ိန္ေတြက တေျဖးေျဖးနဲ႕ ကုန္ဆုံးလာပီး..ညေတာင္အေတာ္ေလးနက္လာပီ..။

ရွင္းနာရီေလးကို ၾကည့္လိုက္ေတာ့ 12နာရီထိုးမလို႔ 15 မိနစ္အလို..။

အခ်ိန္ေတြ တစ္မိနစ္ပီးတစ္မိနစ္ကုန္ဆုံးလာပီး ..

* 11:50 *

" ေဒါက္..ေဒါက္ ''

12နာရီထိုးမလို႔ 10မိနစ္အၾကာမွာ ၾကားလိုက္ရတဲ့ တံခါးေခါက္သံက ရွင္းထိတ္လန့္သြားေစသည္..။

" ဘယ္.. ဘယ္သူလဲ..''

ရွင္းမွာေၾကာက္ေၾကာက္နဲ႕ အသံေလးကို အနည္းငယ္ျမႇင့္ကာ ေမးလိုက္သည္..။ ဒီအခ်ိန္ႀကီးမွာ ရွင္းတစ္ေယာက္ထဲရွိေနတာကို ရွင္းေၾကာက္တာေပါ့..။

" ေဒါက္.. ေဒါက္ ''

" ကို ကိုကိုလား..? "

" ေဒါက္..''

" ကိုကိုလားဟင္.. ''

ရွင္းလန့္ေနေပမယ့္လည္း ဘယ္လိုလဲမသိဘူး ရွင္းစိတ္ထဲမွာ တစ္မ်ိဳးေလးဖစ္ေနတယ္..။ အရမ္းေၾကာက္တာလဲမဟုတ္ဘဲ ထိုတံခါးေခါက္တဲ့သူက ကိုကိုဖစ္ဖို႔ ေမွ်ာ္လင့္ခ်က္ေလးက ပိုပီးထက္သန္ေနတယ္ေလ..။

ရွင္းေမးလည္းေမးပီးေရာ ကုတင္ေပၚက ေျဖးေျဖးေလးဆင္းကာ ေၾကာက္ကလည္ေၾကာက္တာမို႔ အရမ္းႀကီးအရဲစြန့္ပီး မသြားရဲဘဲ တံခါးနားကိုတေျဖးေျဖးခ်င္းကပ္လာပီး အားတင္းကာ တံခါးလက္ကိုင္ကိုကိုင္ပီး အသာေလဖြင့္လိုက္သည္..။

ရွင္းအနည္းငယ္ဖြင့္ပီး အျပင္ကိုေခ်ာင္းၾကည့္လိုက္ေတာ့ အျပင္မွာက ဘယ္သူမွမရွိ..။ အရိပ္အေယာင္ေလးေတာင္မေတြ႕တာေၾကာင့္ ရွင္းလန့္သြားေပမယ့္လည္း မီးအိမ္ရဲ႕ျဖာက်ေနတဲ့အလင္းေရာင္ေလးေအာက္ ၾကမ္းျပင္ေလးမွာ ခင္းထားတဲ့ ပန္းပြင့္ဖက္ေလးေတြက ရွင္းကိုေမွ်ာ္လင့္ခ်က္ေလးေတြေပးနိုင္လြန္းသည္..။

" ကိုကို.. ကိုကိုလားဟင္..''

မေသခ်ာမေရရာေပမယ့္လည္း ဒီလိုလုပ္ဖို႔ ကိုကိုကလြဲပီး ဘယ္သူဖစ္နိုင္မွာလဲ..။ ရွင္းေမွ်ာ္လင့္ခ်က္ေလးေတြနဲ႕အတူ ထိုပန္းပြင့္ဖက္ေလးေတြခင္းထားတဲ့ လမ္းေလးအတိုင္း မီးအိမ္ရဲ႕အလင္းကိုအမွီျပဳကာ ေလွ်ာက္လမ္းလာလိုက္သည္..။

ဒါက အိမ္မက္လားလက္ေတြ႕လားေတာင္ ရွင္းမခြဲျခားနိုင္ေတာ့ဘူး ။

ထိုႏွင္းဆီပြင့္ဖက္ေလးေတြနဲ႕ မီးေရာင္ေအာက္မွာရွိေနတဲ့ ျဖဴဥေနတဲ့ ရွင္းေလးနဲ႕က လိုက္ဖက္ပီး လွပလြန္းသည္..။ ပြင့္ဖက္ေလးေတြက ေလွကားကေနတဆင့္ေအာက္ကို
လမ္းျပေနတာေၾကာင့္ ရွင္းလည္း ေလွကားအတိုင္းေျဖးေျဖးေလးဆင္းလာလိုက္သည္..။

ေလွကားေဘးနားက နံရံႀကီးေတြမွာ ထြန္းထားတဲ့ မီးအိမ္ေလးေတြရဲ႕ အလင္းေရာင္ေၾကာင့္ ရွင္းသတိထားပီး ေအာက္ကိုတေျဖးေျဖးဆင္းလာလိုက္သည္..။

ရွင္းလွမ္းၾကည့္လိုက္ေတာ့ ေအာက္မွာ ေလွကားေဘးနားက မီးအိမ္ရဲ႕အလင္းေလးကလြဲရင္ အားလုံးက ေမွာင္မဲလို႔ပင္..။

" ကိုကို..''

ရွင္းတစ္ေယာက္ထဲရွိေနတာေၾကာင့္ ရွင္းေၾကာက္ပီး ကိုကို႔ကိုသာေမွ်ာ္လင့္တႀကီးေခၚေနမိသည္..။ ရွင္းဆင္းလာတယ္ဆိုတာက ကိုကိုမ်ားလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးက ေၾကာက္စိတ္ကိုအနိုင္ယူထားလို႔ပင္..။

ဒါမယ့္ ဒီလိုႀကီးအိမ္ႀကီးႀကီးမွာ ရွင္းတစ္ေယာက္ထဲဆိုတာကို စဥ္းစားလိုက္ရင္ ရွင္းအတြက္ေျခာက္ျခားေစသည္..။

" ကိုကို.. ကိုကိုလားဟင္.. ရွင္းကိုမစပါနဲ႕ေနာ္.. ကိုကို..''

ရွင္းမွာ ကိုယ့္ရဲ႕အက်ီ.. စေလးကို လက္ေလးႏွစ္ဖက္နဲ႕ ဆုပ္ကိုင္ကာ ထိုစကားေလးကိုသာေျပာပီး ေၾကာက္ေနေပမယ့္လည္း ေျဖးေျဖးခ်င္း ဆင္းလာလိုက္သည္..။

ရွင္းဆင္းလာတာ ေလွကားရဲ႕ေအာက္ဆုံးမေရာက္ခင္ 10ထစ္ေလာက္အေရာက္...

ေလွကားရဲ႕ ေအာက္ဆုံးတစ္ေနရာမွာ လင္းလာတဲ့အလင္းေရာင္ေလးနဲ႕အတူ ပြင့္ဖက္ေလးေတြရဲ႕အလယ္မွာ ရပ္ပီး ရွင္းကိုေမာ့ၾကည့္ပီး ရပ္ေနတဲ့ ကိုကိုက ၿပဳံးလို႔ပင္..။

ရွင္းမွာ ရွင္းဘဲအျမင္မွားေနတာလားလို႔ လက္ေလးနဲ႕မ်က္လုံးေလးကိုအသာပြတ္ကာ ျပန္ၾကည့္လိုက္ေတာ့ ထိုေနရာမွာ ကိုကိုကရပ္လ်က္ပင္ ရွင္းကိုၿပဳံးကာၾကည့္လို႔ပင္..။

" ကိုကို..!''

ရွင္းမွာအံ့ၾသျခင္းေတြနဲ႕အတူ မ်က္ရည္ေလးေတြပါဝဲပီး ခ်စ္ရလူႀကီးကိုေတြ႕ခ်င္တဲ့ ေဇာနဲ႕ ေလွကားကေနေျပးဆင္းကာ ကိုကို႔ရဲ႕ရင္ခြင္က်ယ္ႀကီးဆီ အေျပးသြားမိသည္..။

ဒါကတကယ္ဘဲလား..? တကယ္ဘဲ ကိုကိုလား?ရွင္းခ်စ္ရတဲ့ ကိုကိုက ရွင္းဆီျပန္လာတယ္ ရွင္းေပ်ာ္လိုက္တာ..။

" ကေလးေလး.. ''

Williamမွာ ငိုမဲ့မဲ့ေလးနဲ႕သူ႕ဆီ အေျပးလာတဲ့ ကေလးေလးကို ေခ်ာ္လဲမွာစိုးေနရပီး.. ရင္ခြင္ထဲတိုးဝင္ကာ Williamကိုတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္ထားတဲ့ ကေလးရဲ႕ ကိုယ္လုံးေသးေသးေလးကို ျပန္ပီးေပြ႕ဖက္ထားလိုက္သည္..။

" ဟင့္.. ကိုကို..''

" အင္း.. ကေလးေလး..''

" ကိုကို.. ကိုကို ကိုကို..ဟင့္..''

" အင္း..ကိုယ္ရွိတယ္ကေလးေလး..''

Williamရဲ႕ အက်ီ..စေလးကို လြတ္ထြက္သြားမယ့္အလား တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ ရင္ခြင္ထဲတိုးဝင္ပီး ကိုကိုဆိုတဲ့ ခ်ိဳၿမိန္လြန္းတဲ့ အေခၚအေဝၚေလးကို ထပ္တလဲလဲေခၚေနတဲ့ ကေလးေလး..။

" ကေလးေလး.. ''

" ဟင့္..''

ရွင္းအတြက္ ဒါကအရမ္းေရွာ့ရေစသည္..။ ကိုကိုက ေပ်ာက္သြားေတာ့လည္း႐ုတ္တရက္ႀကီး ေပၚလာေတာ့လည္း ႐ုတ္တရက္ႀကီးမို႔ ရွင္းအရမ္းလန့္သြားတာေပါ့..။

" ကိုယ့္ကိုၾကည့္ပါဦး.. ကေလးေလး.. ''

Williamမွာ ရင္ခြင္ထဲက ကေလးေလးကို မ်က္ႏွာေလးေမာ့ေစကာ ကေလးမ်က္ဝန္းထဲက်လာတဲ့ မ်က္ရည္ေလးေတြကို လက္မေလးနဲ႕အသာအယာ သုတ္ေပးကာ ခ်စ္ရသူေလးမ်က္ႏွာေလးကို ေသခ်ာေလးၾကည့္ေနသည္..။

Williamတို႔ရဲ႕အိမ္က အက်ယ္ႀကီးဖစ္တာေၾကာင့္ ေလွကားရဲ႕အေရွ႕မွာဆိုရင္ က်ယ္ဝန္းပီး အလွဆင္ထားတဲ့ေနရာက်ယ္ႀကီးသာရွိသည္..။

အခ်ိန္ေတြက တေျဖးေျဖးနဲ႕ နာရီလက္တံအရွည္က 12ကိုကြက္တိထိုးတာနဲ႕ Williamတို႔ရပ္ေနတဲ့ေနရာေလးက လင္းထိန္လာပီး အေနာက္မွာ ရွင္းရဲ႕နာမည္ေလးနဲ႕ '' Happy birthday my baby '' ဆိုတဲ့စာတန္းေလးနဲ႕အတူ ဘူးေဖာင္းလွလွေလးေတြနဲ႕ ၾကယ္လိုမ်ိဳးလင္းေနတဲ့အလက္အလက္ေလးေတြနဲ႕ အရမ္းကိုလွပစြာ ထင္ေပၚလာၾကသည္..။

Williamကေလးအနားကေန အေနာက္ကိုအနည္းငယ္ဆုပ္ကာ ခုံျမင့္ျမင့္ လွလွေလးေပၚမွာ တင္ထားတဲ့ ပန္းစည္းေလးနဲ႕ ဘူးေလးတစ္ဘူးကိုယူလိုက္သည္..။

Williamယူပီးတာနဲ႕ ၿပဳံးကာ ခ်စ္ရတဲ့ကေလးေလးေရွ႕ကိုလာလိုက္ပီး ပန္းစည္းေလးကိုကေလးေရွ႕ေလးထိုးေပးကာ..

" Happy birthdayပါ..ကိုယ့္အခ်စ္ေလး..''

" ကိုကို..''

ရွင္းကေတာ့ အံ့ၾသသလို မ်က္ရည္ေလးေတြ ဝိုင္းကာ ရွင္းရဲ႕လူႀကီးကိုအခ်စ္မ်က္ဝန္းေလးေတြနဲ႕ ခ်စ္စဖြယ္ၾကည့္ေနေတာ့သည္..။

November 29.. ရွင္းရဲ႕ေမြးေန႕ေလး ရွင္းကိုယ္တိုင္ေတာင္သတိမထားမိခဲ့တဲ့ ေန႕ေလးကို ရွင္းခ်စ္ရတဲ့လူႀကီးက မွတ္မိတယ္..?

ရွင္းဆီ ကိုကိုလွမ္းေပးတဲ့ ပန္းစည္းေလးကိုရွင္းလက္ေလးႏွစ္ဖက္ဆန့္ကာ ယူလိုက္ပီး ကိုကိုေပးတဲ့ပန္းစည္းေလးကိုရင္ခြင္ထဲအသာေလးေပြ႕ပိုက္ထားေတာ့သည္..။

" အခ်စ္ေလး..''

" ဟင္..''

Williamခ်စ္ရသူေလးကို ႏူးညံ့ညင္သာစြာေခၚကာ အနားကိုကပ္လာပီး ဘူးေလးထဲက လွပတဲ့လည္ဆြဲေလးကိုထုတ္ကာ ကေလးရဲ႕လည္တိုင္လွလွေလးမွာ ဆြဲေပးလိုက္သည္..။

စိန္နဲ႕ျပဳလုပ္ထားတဲ့ လျခမ္းပုံစံေလာ္ကပ္ေသးေသးေလးက ကေလးလည္တိုင္ေလးနဲ႕လိုက္ဖက္လြန္းသည္..။ လည္ဆြဲေလးကလည္း အရမ္းႀကီးမထင္းေနဘဲ ေ႐ႊျဖဴေလးနဲ႕ျပဳလုပ္ထားတာေၾကာင့္ ျဖဴေဖြးေက်ာ့ရွင္းတဲ့ ကေလးရဲ႕ လည္တိုင္ေလးနဲ႕ အရမ္းကိုလိုက္ဖက္လြန္းသည္..။

ရွင္းကေတာ့ ကိုကိုဆြဲေပးတဲ့ လည္ဆြဲေလးကို လက္ေသးေသးေလးနဲ႕ ကိုင္ၾကည့္ကာ မ်က္ရည္ဝိုင္းဝိုင္းေလးနဲ႕ၾကည့္ေနေတာ့သည္..။

" ႀကိဳက္ရဲ႕လားအခ်စ္ေလး.. ကိုယ္ေပးတဲ့လက္ေဆာင္ေလးကို..''

" အင္း..အင္း.. ''

Williamရဲ႕အေမးကို ေခါင္းေလးတသြင္သြင္ၿငိမ့္ကာ ေျဖေနတဲ့အခ်စ္ကေလးက ခ်စ္စဖြယ္ပင္..။

" ကေလးေလးဘာလိုခ်င္ေသးလဲ.. ကေလးလိုခ်င္တာရွိရင္ေျပာေနာ္..''

Williamကဒီလိုေမြးေန႕ေတြမွာ လက္ေဆာင္ေတြဘာေတြလည္း တစ္ခါမွကိုယ္တိုင္မေ႐ြးဘူး မေပးဘူးတာေၾကာင့္ Williamေ႐ြးေပးတဲ့လက္ေဆာင္ေလးကိုကေလးႀကိဳက္မႀကိဳက္လည္းမသိဘူးေလ..။

အဲ့ဒါေၾကာင့္ ကေလးေလးလိုခ်င္တာရွိရင္ ကိုယ္ကဘာဖစ္ဖစ္ျဖည့္စည္းေပးမယ္ဆိုတဲ့ အေတြးနဲ႕ေမးၾကည့္ေပမယ့္လည္း ခ်စ္ရသူေလးက..

" ကိုကို.. ရွင္းကိုမထားသြားပါနဲ႕ေနာ္..''

" ကေလးေလး..!''

ခ်က္ျခင္းပန္းစည္းေလးကိုပစ္ခ်ကာ Williamကိုတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လာတဲ့ ကေလးေလး..။

ရွင္းမွာ မ်က္ရည္ေလးေတြ က်ပီး.. ကိုကို႔ကို တင္းတင္းၾကပ္ၾကပ္ဖက္ကာ..

" ရွင္းအတြက္ဒါေတြမလိုပါဘူး.. ဟင္အင္း ရွင္းဘာမွမလိုခ်င္ဘူး ရွင္းကိုကိုနဲ႕ဘဲတူတူရွိေနခ်င္တယ္ အဲ့ဒါေၾကာင့္ ကိုကိုရွင္းကိုမထားသြားပါနဲ႕ေနာ္.. ရွင္းကိုကိုေျပာတဲ့စကားေတြလည္းနားေထာင္ပါ့မယ္ ၊ ရွင္းဘယ္သူနဲ႕မွလည္းမဆက္သြယ္ေတာ့ပါဘူး ၊ အျပင္လည္းမထြက္ေတာ့ပါဘူး ၊ ကိုကိုနဲ႕ဘဲတူတူရွိခ်င္တယ္.. ကိုကိုနဲ႕မခြဲနိုင္ဘူး ေတာင္းပန္ပါတယ္ေနာ္.. ''

" ကေလးေလး..''

ငိုပီး အဆက္မျပတ္ေျပာေနတဲ့ အခ်စ္ကေလးက Williamထပ္ပီး ထြက္သြားမွာကို ေၾကာက္ေနတာနဲ႕တူတယ္..။

ကိုယ္ဒီအခ်ိန္ႀကီးလာတာမွားသြားပီးထင္တယ္..။ ကိုယ္က ကိုယ့္ခ်စ္သူေလးရဲ႕ေမြးေန႕ေလးမွာ ပထမဦးဆုံး ေမြးေန႕ဆုေတာင္းေပးပီး လက္ေဆာင္ေပးတဲ့လူဖစ္ခ်င္လို႔ ဒီလိုအခ်ိန္ေလးမွာ ကေလးေလးဆီ လာခဲ့တာပါ..။

" ကေလးေလး.. အားနည္းေနပီး အနားယူရေတာ့မယ္..''

Williamမွာ တျခားဂ႐ုမစိုက္အားေတာ့ဘဲ Williamကိုဖက္ကာ ငိုေနတဲ့အခ်စ္ကေလးကို ေပြ႕ခ်ီကာ အေပၚထပ္အခန္းဆီတက္လာေတာ့သည္..။

ကေလးကိုေပးနားမွရေတာ့မယ္ထင္သည္..။ ကေလးကိုၾကည့္ရတာ Williamကို႐ုတ္တရက္ႀကီးေတြ႕လိုက္ရေတာ့ စိတ္လႈပ္ရွားပီး ေရွာ့ဖစ္သြားတယ္ထင္တယ္..။

ပီးရင္အခ်ိန္ကလည္း ေတာ္ေတာ္ေလးေနာက္က်ေနပီး ဖစ္တာေၾကာင့္ ကေလးအနားယူသင့္ပီ..။

" ကေလးေလး နားလိုက္ေတာ့ေနာ္..​ကိုယ္တို႔ေနာက္မွဆက္ေျပာရေအာင္..''

Williamကေလးကိုေပြ႕ခ်ီထားလ်က္ပင္ ေမြ႕ယာေပၚအသာအယာခ်ကာ အနားယူခိုင္းမယ္လုပ္ေပမယ့္လည္း ခ်စ္ရတဲ့ကေလးေလးက ​ခ်က္ျခင္းကိုျပန္ထပီး Williamရဲ႕လက္ကိုဆြဲကာ..

" မရဘူး..ရွင္းအိပ္လိုက္ရင္ ကိုကိုထပ္ပီးထြက္သြားမွာမဟုတ္လား..ရွင္းမအိပ္ခ်င္ဘူး..''

အိပ္ခ်င္ေနတာကို မအိပ္ဘဲ ဂ်ီက်ေနတဲ့အခ်စ္ေလး..။

ကေလးေလး နဲ႕မေတြ႕ရတဲ့အခ်ိန္ေလးအတြင္းပိန္သြားလိုက္တာ ကေလးရယ္ မ်က္ႏွာေလးကလည္းေခ်ာင္က်လိဳ႕..။

" ကိုယ္ေဘးနားမွာရွိေနမွာပါ.. ကိုယ္ထြက္မသြားပါဘူး.. ''

" ဟင္အင္း.. ရွင္းေၾကာက္တယ္ ကိုကိုရွင္းကိုထားပီး ထပ္ထြက္သြားမွာကို အရမ္းေၾကာက္တယ္..''

" ကိုယ္တကယ္မသြားပါဘူး..''

" ဟင္အင္း မရဘူး..''

Williamဘယ္လိုေျပာေျပာ ရစ္တစ္တစ္လုပ္ေနတဲ့အခ်စ္ကေလး..။

ကိုယ္ေတာင္းပန္ပါတယ္ ကေလးေလး..။ ကိုယ္ကေလးကိုဘာမွမေျပာဘဲထြက္သြားမိလို႔ေတာင္းပန္ပါတယ္..။ ကိုယ္က ကေလးကိုဘယ္ေလာက္ေတာင္ခ်စ္လဲကေလးလည္းသိတာဘဲရာ ကိုယ္လည္း ဒီအေတာအတြင္းကေလးကိုအရမ္းလြမ္းေနတာေပါ့..။

Williamဘယ္လိုမွေျပာမရဘူး ဆိုတာ သိတာေၾကာင့္ Williamကို ထိုစကားအထပ္ထပ္ေျပာေနတဲ့ ကေလးရဲ႕ႏႈတ္ခမ္းေလးကို Williamႏႈတ္ခမ္းနဲ႕အနမ္းေပးကာ ပိတ္လိုက္ေတာ့သည္..။

" ႁပြတ္..

" အြန္း.. အြင့္ ~

Williamနမ္းရင္းနဲ႕ ကေလးကို ေမြ႕ယာေပၚလွခ်ေစလိုက္ကာ ခ်စ္ရသူေလးရဲ႕ ပါးေလးတစ္ဖက္ကို လက္တစ္ဖက္နဲ႕အသာအယာထိန္းကိုင္ပီး တျခားလက္တစ္ဖက္နဲ႕ ေမြ႕ယာကိုေထာက္ထားကာ အနမ္းေတြေပးေနေတာ့သည္..။

ရွင္းလည္း ကိုကို႔ရဲ႕လည္တိုင္ကို ျပန္လည္ဖက္တြယ္ကာ မ်က္ဝန္းထဲကမ်က္ရည္ေလးေတြမရပ္တန့္ေသးေပမယ့္လည္း ကိုကို႔ရဲ႕အနမ္းေတြကို အလိုက္သင့္ေလးျပန္လည္တုံ႕ျပန္ေနလိုက္သည္..။

" အြင့္ အြန္း..''

" ႁပြတ္~

" အြန္းး .. ဟ့ ဟ့ ''

Williamဒီထက္အဆင့္မတက္ခင္ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ပီး စိတ္ကိုတင္းကာ ရပ္တန့္ပစ္လိုက္သည္..။ Williamထိေတြ႕ခ်င္ေပမယ့္လည္း ဒီအခ်ိန္မွာေတာ့ မဖစ္ေသး..။

ကေလးရဲ႕ႏႈတ္ခမ္းတစ္ဝိုက္မွာေပေနတဲ့ သားရည္ကြက္ေလးကို Williamသုတ္ေပးလိုက္ကာ မ်က္ဝန္းေထာင့္က မ်က္ရည္စေလးေတြကို နမ္းရွိုက္လိုက္ပီး..

" ကိုယ္ကေလးကိုမေျပာဘဲထြက္သြားမိလို႔ေတာင္းပန္ပါတယ္ ကိုယ္ဂတိေပးပါတယ္.. ကိုယ္ကေလးေဘးက လုံးဝထြက္မသြားေတာ့ပါဘူး.. ''

" ဒါမယ့္.. ''

" ကိုယ့္ကိုယုံတယ္ဟုတ္..''

Williamယုံၾကည္ခ်က္ရွိရွိနဲ႕ ဂတိခိုင္မာစြာေျပာေနတဲ့ စကားက ရွင္းရဲ႕စိုးရိမ္စိတ္ကို လြမ္းမိုးနိုင္သည္..။

ဒီတစ္ေခါက္သာ ကိုကိုထပ္ထြက္သြားခဲ့ရင္ ရွင္း႐ူးသြားမွာ..။ ရွင္းမ်က္လုံးေတြကိုမမွိတ္လိုက္ခ်င္ဘူး ရွင္းနိုးလာတဲ့အခ်ိန္ ကိုကိုမရွိေတာ့ရင္ေရာဆိုတဲ့ ေၾကာက္စိတ္ႀကီးက ရွင္းရဲ႕ႏွလုံးသားေလးကိုနာက်င္ေစတယ္..။

ဒါမယ့္ ကိုကိုေျပာတဲ့ '' ကိုယ့္ကိုယုံတယ္ဟုတ္..'' ဆိုတဲ့ စကားေလးတစ္ခြန္းက ရွင္းကိုလြမ္းမိုးနိုင္သည္..။ ရွင္းကိုကို႔ကိုယုံတယ္ ကိုကို႔ေပၚရွင္းတစ္ခါမွ သံသယမရွိဖူးခဲ့ဘူး ရွင္းယုံတယ္..။

ရွင္းကို ၾကင္ၾကင္နာနာနဲ႕ ၾကည့္ကာ ဂတိေပးေနတဲ့ ကိုကို႔ကို ၾကည့္ပီး ရွင္းအနည္းငယ္ေတြေဝသြားေပမယ့္လည္း ေခါင္းေလးအသာအယာၿငိမ့္ကာ ကိုကိုေျပာတဲ့စကားကိုနားေထာင္လက္ခံလိုက္သည္..။

" ကိုယ့္အခ်စ္ေလးကလိမၼာလိုက္တာ.. ကိုယ္တို႔အိပ္ရေအာင္ေနာ္ ''

" ဟုတ္..''

Williamအျပင္ကေနအခုမွျပန္လာတာေၾကာင့္ အဝတ္အစားလဲမယ္လုပ္ေပမယ့္လည္း Williamထသြားရင္ ကေလးက မအိပ္ဘဲေနမွာသိတာေၾကာင့္ Williamမလဲေတာ့ဘဲ ကေလးနဲ႕အတူတူအနားယူလိုက္သည္..။

Williamထြက္သြားမွာေၾကာက္တယ္ထင္သည္ ကေလးေလးက အိပ္ေနတာေတာင္ ရင္ခြင္ထဲတိုးဝင္ပီး တင္းတင္းၾကပ္ၾကပ္ဖက္ထားတဲ့ အခ်စ္ကေလး..။

Williamလည္း ရင္ခြင္ထဲက ကေလးငယ္ေလးရဲ႕ ဆံပင္ေလးေတြကိုအနမ္းေပးကာ ကိုယ္လုံးေလးကိုတင္းတင္းၾကပ္ၾကပ္ဖက္တြယ္ပီး အိပ္စက္အနားယူေတာ့သည္..။

🌙~

Emmaတို႔ဆီက ကေလးေလးက Williamမရွိေတာ့ ေတာ္ေတာ္ေလးခံစားေနရတယ္ၾကားေတာ့ Williamလည္းရင္ထဲမေကာင္းဖစ္ရတယ္..။

Williamလည္း ႐ုတ္တရက္ႀကီးမထြက္သြားခ်င္ပါဘူး ဒါမယ့္ ကေလးကိုသဝန္တိုတဲ့စိတ္ေၾကာင့္ တစ္ခါေလာက္ေတာ့ ၿခိမ္းေျခာက္မယ္လို႔စဥ္းစားထားခဲ့သည္..။ ဒီနည္းကအလုပ္ဖစ္သြားတယ္ထင္ပါတယ္ ။

ကေလးက Williamေပၚ မပြင့္မလင္းနဲ႕ အၿမဲတမ္း အားနာကာ ေၾကာက္စိတ္ေတြနဲ႕တံတိုင္းႀကီးခံထားတာကို Williamမႀကိဳက္..။ ခ်စ္သူေတြဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္ ပြင့္ပြင့္လင္းလင္းေတာ့ရွိရမယ္ေလ..။ ဒါကို ကေလးက သူစိမ္းဆန္ဆန္လုပ္ေနေတာ့ Williamေဒါသထြက္မိတယ္..။

ကေလးအေၾကာင္းေတြဆိုလည္း Williamကိုယ္တိုင္ စုံစမ္းပီးမွ သိရွိခဲ့ရတာႀကီးပင္..။ ကေလးက တစ္ျခားသူေတြနဲ႕ဆိုရင္ ေၾကာက္လည္းမေၾကာက္ဘဲ ရင္းႏွီးလြန္းတယ္ ဒါမယ့္ ဘာလို႔ ကိုယ့္အေပၚဘဲအဲ့လိုဖစ္ေနရလဲ ကိုယ္နားမလည္နိုင္ဘူး ကေလးရယ္..။

William ထြက္မသြားခင္တုန္းက ဖစ္ခဲ့တဲ့ျပႆနာမွာ Williamသဝန္တိုစိတ္ေၾကာင့္ ကေလးကို ေဒါသထြက္မိခဲ့တာ..။ အဲ့ သူငယ္ခ်င္းဆိုတဲ့ အေကာင္နဲ႕က် ရင္းရင္းႏွီးႏွီးစကားေတြေျပာေနပီး ကိုယ္နဲ႕စကားေျပာရင္ေတာ့ ေခါင္းၿငိမ့္တာမဟုတ္ရင္ ေခါင္းခါတာ ေၾကာက္ေနတာ အဲ့ဒါေတြကို ကိုယ္မႀကိဳက္တာ..။

ဒါမယ့္ ကိုယ္က တစ္ဖက္လူအေၾကာင္းကိုေသခ်ာမၾကည့္ဘဲ မစြတ္စြဲပါဘူး..။ ေသခ်ာတာေပါ့ ကိုယ္ထြက္သြီားတယ္ဆိုတာ ကေလးနဲ႕စကားေျပာခဲ့တဲ့ အဲ့ဖုန္းထဲကေကာင္ကို ရွာပီး မ်က္ႏွာခ်င္းဆိုင္ေျဖရွင္းေနတာ..။

ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ၾကားထဲ ဝင္လာတဲ့ ဘယ္သူ႕ကိုမဆို ​ကိုယ္ရွင္းသင့္ရင္ရွင္းရမွာဘဲ..။ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးကို တစ္စုံတစ္ေယာက္ေၾကာင့္နဲ႕ေတာ့ အေျပာင္းအလဲမခံနိုင္ဘူး..။

ကိုယ့္ဘဝမွာ ကေလးက အေရးအပါဆုံး၊အေရးအႀကီးဆုံး ဦးစားေပးဖစ္သလို ကေလးရဲ႕ဘဝထဲမွာလည္း ကိုယ္ကဦးစားေပးဖစ္ရမယ္..။ ကိုယ္အတၱႀကီးတယ္လို႔ညကေလးထင္ရင္ ဟုတ္တယ္ အဲ့ဒါကေလးကိုခ်စ္တဲ့စိတ္ေၾကာင့္ ျဖစ္လာတဲ့ ကိုယ့္ရဲ႕ေလာဘနဲ႕အတၱဘဲ..။

___________________________________

" ဟင္.. ကိုကို! ''

ရွင္းနိုးတာနဲ႕ မ်က္လုံးဖြင့္ကာၾကည့္လိုက္ေတာ့ ရွင္းရဲ႕အေရွ႕မွာ ကိုကိုကမရွိတာေၾကာင့္ ခ်က္ျခင္းထထိုင္လိုက္သည္..။

ညတုန္းကအိမ္မက္မ်ားလား ဆိုတဲ့ စိုးရိမ္စိတ္နဲ႕ ရွင္းလည္ပင္းေလးကိုထိၾကည့္လိုက္ေတာ့ အိမ္မက္မဟုတ္ဘူးဆိုတဲ့ သက္ေသအဖစ္ လည္ဆြဲေလးက လည္တိုင္မွာေနရာယူထားတာေၾကာင့္ ရွင္းသက္ျပင္းခ်ကာ စိတ္ေအးရသည္..။

Williamညတုန္းက ေရမခ်ိဳးလိုက္ရတာေၾကာင့္ မနက္နိုးနိုးခ်င္း ကေလးမနိုးေအာင္လို႔ သတိထားပီးထကာ ေရမိုးခ်ိဳးသန့္စင္ေနျခင္း..။

အခ်ိန္ကလည္း အနည္းငယ္ေစာေသးတာေၾကာင့္ ​Williamလည္း ကေလးမနိုးေသးေလာက္ဘူးအထင္နဲ႕ ေအးေဆးေလးလုပ္ေနတာေပါ့..။

Williamျပန္ထြက္လာေတာ့ အခ်စ္ကေလးက နိုးေတာင္နိုးေနပီ..။

" ကေလးေလး..''

" ကိုကို ''

ရွင္းကိုကို႔ကို သြားရွာမလို႔ဘဲ ႀကံရေသး ေရခ်ိဳးခန္းထဲကေန ထြက္လာတဲ့ ခ်စ္ရလူႀကီးကိုေတြ႕လိုက္ရမွဘဲ ရွင္းၿပဳံးနိုင္ေတာ့သည္..။

" ကေလးေလး.. အိပ္ေရးဝရဲ႕လား ထပ္အိပ္လိုက္ပါဦး..''

Williamမွာ ကေလးရဲ႕ပင္ပန္းတဲ့ ပုံေပါက္ေနတဲ့ မ်က္ႏွာေလးကိုၾကည့္ပီး ႏူးႏူးညံ့ညံ့ကိုင္ကာ ထပ္နားေစခ်င္တာေၾကာင့္ ေျပာလိုက္သည္..။

ရွင္းထပ္မအိပ္ခ်င္ေတာ့ဘူး ရွင္းအိပ္သြားရင္ ​ကိုကိုကထြက္သြားခ်င္ထြက္သြားမွာေလ..။

" ဟင္အင္း .. ကိုကိုဘယ္သြားမလို႔လဲဟင္ ''

" ကိုယ္ခနသြားစရာေလးရွိလို႔ပါ.. ကေလးေလးခနေလာက္ထပ္အိပ္လိုက္ပါလား ''

" ဟင္အင္း.. ကိုကိုဘယ္သြားမလို႔လဲ ရွင္းကိုထပ္ပီးထားသြားမွာမဟုတ္လား ''

Williamရဲ႕စကားလည္းၾကားေရာ ငိုမဲ့မဲ့မ်က္ႏွာေလးနဲ႕ Williamရဲ႕လက္ကိုဆြဲကာ စိုးရိမ္တႀကီးေျပာေနတဲ့အခ်စ္ေလး..။

" ကိုယ္ကေလးကိုမထားခဲ့ပါဘူးကြာ.. ကိုယ္ဒီတိုင္း ကိစၥေလးရွိလို႔..''

" ဟင္အင္း မရဘူး.. ''

Williamဘယ္လို စိတ္ေအးေအာင္ေျပာေျပာ လက္မခံတဲ့အခ်စ္ေလး..။

" ကိုယ္နဲ႕တူတူလိုက္ခ်င္လား.. ''

" အင္း.. ''

Williamဘယ္လို ေျပာေျပာမရမွန္းသိတာေၾကာင့္ ကေလးေလးစိတ္ေအးေအာင္လို႔ အတူလိုက္ခဲ့ခ်င္လားေမးေတာ့ ခ်က္ျခင္းေခါင္းၿငိမ့္တဲ့ အခ်စ္ေလး..။

ကိုကို႔ကို ရွင္းစိတ္မခ်ဘဴး ကိုကိုဘယ္သြားမလဲမသိေပမယ့္ ကိုကိုဘယ္သြားသြား ရွင္းလိုက္မွာ..။ အခုကစပီး ရွင္းကိုကို႔ကို မလြတ္တမ္းတြယ္ကပ္ထားမွာ ကိုကို႔နားမွာဘဲ အၿမဲတမ္းေနခ်င္တယ္ ကိုကိုရွိရင္ ရွင္းအတြက္လုံၿခဳံတယ္.. ။

ရွင္းကိုကို႔ကို အရမ္းေလာဘႀကီးေနမိပီး ကိုကိုရယ္..။ ရွင္းကိုအဲ့လိုျဖစ္ေအာင္ လုပ္တာလည္း ကိုကိုမို႔လို႔ ကိုကိုတာဝန္ယူရမယ္..။

_

Williamအမွန္ဆိုရင္ သြားေနတဲ့ ေနရာကို ကေလးကိုမေခၚသြားခ်င္ေပမယ့္လည္း ကေလးကိုလည္း ငိုေအာင္မလုပ္ခ်င္တာေၾကာင့္ ေခၚလာလိုက္သည္..။

အတူတူလိုက္လာတာေတာင္ ဘာေတြစိတ္မခ်ဖစ္ေနလဲမသိ ကားေမာင္းေနတဲ့Williamကို တစ္ခ်က္တစ္ခ်က္လွမ္းလွမ္းၾကည့္တတ္တဲ့ကေလးေလး ။

အခ်စ္ေလးက တအားအေတြးလြန္တတ္တာ အခုဘဲၾကည့္ Williamကိုၾကည့္ပီး ဘာေတြေတြးေနျပန္ပီးလဲမသိ မ်က္ႏွာေလးကလည္းငိုမဲ့မဲ့ေလးနဲ႕ လက္သီးေသးေသးေလးကိုလည္း ဆုပ္ထားလို႔ပင္..။

ကေလးကို တစ္ခါေလး ပစ္ထားမိတာနဲ႕ ကေလးဒီေလာက္ထိ စိတ္ထိခိုက္သြားမယ္လို႔ Williamတကယ္မထင္မိခဲ့..။ ကေလးက ဒီလိုၿခိမ္းေျခာက္တာမ်ိဳးနဲ႕ဆို အၿမဲအလုပ္ဖစ္တယ္ေလ..။

William လက္တစ္ဖက္နဲ႕ကား steering wheelကိုကိုင္ထားပီး က်န္လက္တစ္ဖက္နဲ႕ ကေလးရဲ႕လက္ကေလးကို လွမ္းကိုင္ကာ အနမ္းေပးလိုက္သည္..။

ရွင္းရဲ႕လက္ကေလးကို ႐ုတ္တရက္လာကိုင္တဲ့ ကိုကိုေၾကာင့္ ရွင္းအံ့ၾသသြားေပမယ့္လည္း ရွင္းရဲ႕လက္ကေလးကိုထိထားတဲ့ ကိုကို႔ရဲ႕ထိေတြ႕မႈကို ရွင္းတကယ္သေဘာက်သည္..။

ရွင္းကိုကို႔ကို ျပန္ၾကည့္ေတာ့လည္း ကိုကိုက ကားကိုသာဂ႐ုတစိုက္ေမာင္းေနပီး ရွင္းလက္ကေလးကိုေတာ့ ကိုင္ထားစၿမဲပင္..။

တစ္ခါတေလ စကားနဲ႕မဟုတ္ဘဲ အလုပ္နဲ႕ စကားေျပာတဲ့ကိုကို..။ ကိုကို႔ရဲ႕အျပဳအမူေလးက ရွင္းကို စိတ္ထဲပူပန္မႈအနည္းငယ္ေလ်ာ့နည္းေစပီး ၿပဳံးေစတာအမွန္ပင္..။

_

Williamတို႔ ေနာက္ဆုံးေတာ့ လာတဲ့ေနရာဆီကို ေရာက္လာခဲ့ပီ..။

ကားရပ္လိုက္တာနဲ႕ Williamအရင္ဆုံးဆင္းလိုက္ေတာ့ Williamလာေခၚမွာကိုေတာင္ မေစာင့္ဘဲ ခ်က္ျခင္းကိုလိုက္ဆင္းလာတဲ့ အသည္းေလး..။

အၿမဲတမ္း Williamေခၚမွ လာတတ္တဲ့ ကေလးေလးက အခုေတာ့ Williamေတာင္မေျပာရေသး အလိုက္တသိေလးနဲ႕ လက္ေလးလာခ်ိတ္တာေၾကာင့္ Williamစိတ္ထဲ ေက်နပ္မိတယ္..။

" ကိုယ္တို႔သြားရေအာင္..''

" ဟုတ္..''

ကေလးရဲ႕ လက္ေလးကို ဆုပ္ကိုင္ကာ Williamခ်ိန္းထားတဲ့ ေနရာဆီဝင္လာခဲ့သည္..။

ရွင္း ကိုကိုဘယ္သြားတာလဲ ဘာလုပ္မွာလဲ တစ္ခြန္းမွမေမး..။ ရွင္းဖစ္ခ်င္တာက ကိုကိုသြားတဲ့ ဘယ္ေနရာမဆို ရွင္းလိုက္ခ်င္တာ ကိုကိုနဲ႕မခြဲဘဲရွိခ်င္တာ.. ။

Williamတို႔လာတဲ့ေနရာက ကြန္ဒိုတိုက္ခန္းဖစ္ပီး အဆင့္အတန္းျမင့္ကာ လွပလြန္းတဲ့ေနရာမ်ိဳးပင္..။

ရွင္းဒီလိုေနရာေတြ အမ်ားႀကီးေရာက္ခဲ့ဘူးတာေၾကာင့္ အရမ္းမလန့္ေပမယ့္လည္း ရွင္းအနည္းငယ္ေတာ့ရွိန္မိတာအမွန္ပင္..။ ဒါမယ့္ ဘာစိတ္ပူစရာရွိလဲ ကိုကိုေဘးနားမွာရွိေနတာဘဲရာ..။

ရွင္းတို႔ကို ၾကည့္ေနတဲ့ အၾကည့္ေတြကို လစ္လ်ႉရႈကာ ရွင္းကိုကို႔လက္ကို ယုံၾကည္ခ်က္ရွိရွိဆုပ္ကိုင္ပီးဝင္လာလိုက္သည္..။

ကိုကိုက ရွင္းအပိုင္ေလ..။

ခါတိုင္းထက္ ယုံၾကည္မႈရွိကာ ရင့္က်က္တဲ့ လူႀကီးေလးလိုလုပ္ေနတဲ့ အခ်စ္ေလးက Williamရဲ႕အသည္းႏွလုံးကို လႈပ္ခါေစလြန္းသည္..။ ဟုတ္တယ္ကေလးေလး ကိုယ္ကေလးအပိုင္ဘဲ ကိုယ္ရွိေနရင္ ဘာကိုမွဂ႐ုမစိုက္လို႔ရတယ္ ။

ကိုယ့္ကိုဘဲၾကည့္ပီး ကိုယ့္ကိုဘဲယုံလိုက္..။

_

တစ္ထပ္ပီးတစ္ထပ္ ျဖတ္ေက်ာ္ခဲ့ပီးေနာက္ ေနာက္ဆုံးေတာ့ ခ်ိန္ထားတဲ့ေနရာဆီ Williamတို႔ေရာက္လာခဲ့သည္..။

ဧည့္ခန္းက်ယ္ႀကီးရဲ႕ ဆိုဖာေပၚမွာ တစ္ေယာက္ထဲထိုင္ေနတဲ့ထိုလူ..။ ထိုလူက Williamတို႔ဝင္လာတာေတြ႕တာနဲ႕ ထကာ ..

" ေရာက္လာပီးလား.. ရွင္း ''

" ဟင္ ဘယ္သူ.. ''

ရွင္းရဲ႕နာမည္ကို ေခၚေနတဲ့ထိုလူကို အမွန္အတိုင္းေျပာရရင္ရွင္းမမွတ္မိ..။

" ကိုယ္တို႔ထိုင္ရေအာင္.. ''

" ဟုတ္ ''

ရွင္းလည္း အူေၾကာင္ေၾကာင္ေလးနဲ႕ ကိုကိုေျပာတဲ့အတိုင္း ကိုကိုနဲ႕ကပ္လ်က္ပင္ ထိုလူအေရွ႕မွာထိုင္လိုက္သည္..။

ရွင္းဘယ္ေလာက္ၾကည့္ၾကည့္ထိုလူကို ရွင္းမမွတ္မိ...။

" ကေလးေလး သူငယ္ခ်င္းကိုမမွတ္မိဘူးလား ''

" ဟင္ သူငယ္ခ်င္း?''

သူငယ္ခ်င္း ဘယ္သူငယ္ခ်င္းလဲ ရွင္းမွာသူငယ္ခ်င္းဆိုလို႔.. ယံယံ ဟုတ္သားဘဲ ယံယံဘဲ ရွင္း႐ုတ္တရက္မို႔လို႔ မမွတ္မိတာ အခုမွ ေသခ်ာၾကည့္မိတယ္ ..။

' ယံယံ '

' အင္း ရွင္းမွတ္မိလို႔ေတာ္ပါေသးတယ္ '

" အဟမ္း~''

ရွင္းတို႔ ႏႈတ္ဆက္ေနတုန္း ႐ုတ္တရက္ၾကားလိုက္ရတဲ့ ကိုကို႔ရဲ႕အသံၾသၾသက ရွင္းကိုသတိေပးေနသလိုပင္..။

ရွင္းထပ္ပီး အမွားလုပ္မိျပန္ပီလားဟင္..။

Williamစိတ္ဆိုးမွာစိုးပီး မ်က္ဝန္းလွလွေလးနဲ႕လွည့္ၾကည့္တဲ့အခ်စ္ကေလး..

" YanYan ''

" ဟုတ္ကဲ့ပါ Boss''

Williamအခ်က္ေပးလိုက္တာနဲ႕ YanYanက ရွင္းကိုၾကည္ၾကာ ၿပဳံးျပပီး အိတ္ထဲက ဖိုင္တစ္ခုကို Williamေရွ႕ကို လွမ္းေပးလိုက္သည္..။

Williamလည္း ယံယံေပးတဲ့ ဖိုင္ကိုယူကာ ကေလးအေရွ႕ေလးကိုေပးလိုက္သည္..။

" ကေလးေလး.. ''

Williamေပးတဲ့ ဖိုင္ေလးကို အူတူတူေလးနဲ႕ ရွင္းလွမ္းကာ ယူလိုက္ပီး နားမလည္တဲ့ အသံေလးျဖင့္..

" ဘာႀကီးလဲဟင္ ''

" ဖြင့္ၾကည့္ေလ.. ကေလးေလးအတြက္ ေမြးေန႕လက္ေဆာင္ ''

" လက္ေဆာင္?''

ရွင္းျပန္ေမးတာကို ေခါင္းၿငိမ့္တဲ့ကိုကို..။ ရွင္းလည္း ဘာမ်ားလဲဆိုတဲ့ အေတြးေလးနဲ႕ စာအိတ္ကို ဖြင့္ကာ ဖတ္ၾကည့္ေတာ့ အရမ္းအံ့ၾသသြားရသည္..။

" ကိုကို ဒါက ''

" ကေလးအတြက္ေမြးေန႕လက္ေဆာင္ေလးေလ.. ကေလးသေဘာက်ရဲ႕လား ''

" အင္း.. အရမ္းဘဲ ဒါမယ့္ ကိုကိုကဘယ္လိုလုပ္ ''

" ကိုယ္ကေလးအတြက္ဆိုရင္ အားလုံးမရရေအာင္ျဖည့္ဆည္းေပးမယ္လို႔ ေျပာထားတယ္ေလ..''

ကိုကို႔ရဲ႕ စကားေၾကာင့္ ရွင္းမ်က္ရည္ေလးပါဝဲရသည္..။

" ကိုကို႔ကိုခ်စ္တယ္ ''

ရွက္တတ္လြန္းတဲ့ ကေလးေလးက သူငယ္ခ်င္းအရင္းႀကီးေရွ႕မွာ ကိုယ့္ကိုခ်စ္တယ္ေျပာပီး ဖက္လိုက္ တာေၾကာင့္ Williamစိတ္ထဲမွာ အရမ္းေက်နပ္သည္..။ အနိုင္ရတဲ့သူလိုေပါ့ ။

" ကိုယ္လည္းခ်စ္တယ္.. ''

ခ်စ္သူႏွစ္ဦးသား တီတာေနတဲ့အခ်ိန္ သူငယ္ခ်င္းႀကီးကေတာ့ အေရွ႕မွာ ၿငိမ္သက္ကာ ၿပဳံးလို႔ေပါ့..။

_

ကိုကို႔ရဲ႕ခြင့္ျပဳခ်က္နဲ႕ ရွင္းသူငယ္ခ်င္းနဲ႕ စကားေအးေဆးေျပာဖို႔ အခ်ိန္ရလိုက္သည္..။ ကိုကိုက ရွင္းသူငယ္ခ်င္းနဲ႕ေတြ႕တာဘာမွမေျပာတာေၾကာင့္ အေျခအေနက ထင္ထားသလိုမဆိုးတာမို႔ ေတာ္ပါေသးတယ္..။

' ယံယံ တကယ္ယံယံလား.. '

ရွင္းအံ့ၾသျခင္းမ်ားစြာနဲ႕ တဖန္ထပ္ေမးလိုက္ျခင္း..။ ယံယံဟုတ္ေပမယ့္လည္း ယံယံမဟုတ္သလိုပင္..။ ယံယံအရမ္းကိုေျပာင္းလဲသြားပီး လူႀကီး႐ုပ္ေပါက္လာပီမို႔ ရွင္းမမွတ္မိတာမဆန္းဘူးေလ..။

' အင္းေလ ငါ့ကိုေတာင္မမွတ္မိေတာ့ဘူးဘဲ '

' ေတာင္းပန္ပါတယ္ ႐ုတ္တရက္ဆိုေတာ့ .. ယံယံကအရမ္းေျပာင္းလဲသြားတယ္ေလ '

ရွင္းရဲ႕ပုံေလးနဲ႕ အေျပာေလးေၾကာင့္ ယံယံရီမိသည္..။ သူကသာေျပာင္းလဲသြားတာပါ သူငယ္ခ်င္းေလးကေတာ့ ဘာမွလည္းမေျပာင္းလဲဘဲ အရင္တုန္းကလိုဘဲ ျဖဴျဖဴေသးေသးေလးပင္..။

ရွင္းကေတာ့တကယ္ ဘယ္အခ်ိန္ၾကည့္ၾကည့္ကေလးေလးဘဲေလ..။

သူငယ္ခ်င္းေလးရဲ႕ အေျပာေလးကို ယံယံေခါင္းၿငိမ့္ကာ..

' အင္း အဲ့ဒါလည္းမွန္ပါတယ္.. ရွင္းကေတာ့ မေျပာင္းလဲဘူးေနာ္ ငယ္ငယ္ေလးကအတိုင္းဘဲ ေသးေသးေလး.. '

' အင္း ..ဒါနဲ႕ယံယံက ကိုကိုနဲ႕ဘယ္လိုသိတာလဲ '

' Bossက ငါ့ရဲ႕အလုပ္ရွင္ေလ.. ငါက LKရဲ႕ကုမၸဏီခြဲမွာ ကိုယ္စားလွယ္အျဖစ္လုပ္ေနတာ '

' အာ~ ဒါမယ့္ ကိုကိုက ဘယ္လိုလုပ္အိမ္ကိစၥကို.. ပီးရင္ယံယံက ကိုကိုနဲ႕ရွင္းကိုေတြ႕တာလည္း မအံ့ၾသေတာ့ေလ '

' ငါလည္းတကယ္လန့္သြားတာသိလား လြန္ခဲ့တဲ့ရက္ပိုင္းေတြတုန္းက bossကငါ့ကို႐ုတ္တရက္ႀကီး ဆက္သြယ္ပီး လူခ်င္းေတြ႕ပီးစကားေျပာခ်င္တယ္တဲ့ေလ '

' ကိုကိုက ?'

ယံယံနဲ႕ ရွင္းနဲ႕က သူငယ္ခ်င္းအရင္းႀကီးဆိုေတာ့ စကားကိုလည္း ေပါ့ေပါ့ပါးပါးဘဲ ရင္းႏွီးႏွီးေျပာၾကသည္..။ အဆက္အသြယ္ျပတ္ထားတာေၾကာင့္ တစ္ေယာက္နဲ႕တစ္ေယာက္ အလွမ္းေဝးထားေပမယ့္လည္း ဖုန္းနဲ႕ဆက္သြယ္ဖစ္ခဲ့တာေၾကာင့္ ျပန္ပီးရင္းႏွီးေနၾကတာေပါ့..။

ယံယံနဲ႕ ဖုန္းေျပာတုန္းက ရွင္းက ခ်စ္သူေကာင္ေလးရွိတယ္ေျပာထားေပမယ့္လည္း ကိုကို႔ရဲ႕ အေၾကာင္းေတြကိုမေျပာထားဖစ္ခဲ့ဘူးေလ..။ အဲ့ဒါေၾကာင့္ ရွင္းသိခ်င္ေနတာေပယ့ ကိုကိုနဲ႕ ရွင္းတို႔ရဲ႕ ပတ္သက္မႈကို ယံယံက ဘယ္လိုသိသြားလည္းဆိုတာကိုေပါ့..။

' အင္း.. ငါBossနဲ႕ေတြ႕ေတာ့ မင္းအေၾကာင္းေတြၾကားတယ္ရွင္း အဲ့မွာငါသိသြားတာ ပီးရင္ မင္းနဲ႕ငါနဲ႕ဆက္သြယ္ပီးေျပာတဲ့အေၾကာင္းေတြေရာ အားလုံးကို အေသးစိတ္ေမးတာ ငါေတာင္ေတာ္ေတာ္ေလးကို အံ့ၾသသြားတာင္လား .. အဲ့ဒါေၾကာင့္ဘဲ bossကမင္းရဲ႕အိမ္ေလးကို ရွာေပးပီး မင္းလက္ထဲထည့္ေပးတာေပါ့..'

ကိုကိုအိမ္ျပန္မလာတာက ဒါေၾကာင့္ဘဲထင္တယ္..။ ​ရွင္းလူႀကီးရဲ႕ အျပဳအမူနဲ႕ ယံယံျပန္ေျပာျပတာေတြကို နားေထာင္ေလ ကိုကို႔ကို ရွင္းပိုပီးစြဲလမ္းမိလာေလဘဲ..။

ကိုကိုက အၿမဲတမ္းအေျပာထက္ အလုပ္နဲ႕ဘဲ သက္ေသျပတတ္တယ္..။ ရွင္းကို အဲ့ေလာက္ေတာင္ခ်စ္တာလား ကိုကိုရယ္..။

ယံယံနဲ႕ ရွင္း စကားေတြေျပာေနၾကပီး မေတြ႕တဲ့အခ်ိန္အတြင္းက မေျပာျဖစ္ခဲ့တာေလးေတြကို ျပန္ေျပာေနၾကသည္..။

' ေတာ္ေသးတာေပါ့ '

ထိုစကားကိုေျပာလိုက္သူကေတာ့ ယံယံပင္..။

' ဟင္'

' ရွင္းလူေကာင္းနဲ႕ေတြ႕လို႔ေတာ္ေသးတာေပါ့.. bossကတကယ္လူေကာင္းပါ ငါသိတယ္ ရွင္းကိုလည္းအရမ္းခ်စ္မွာေသခ်ာတယ္.. ရွင္းငါ့ကို ခ်စ္သူေကာင္ေလးရွိတယ္ေျပာတုန္းက ငါတကယ္စိတ္ပူသြားခဲ့တာ ရွင္းက လူေတြအရမ္းေၾကာက္တတ္ပီး ရွက္တတ္တာေလ မေကာင္းတဲ့သူေတြနဲ႕ေတြ႕သြားရင္ဘယ္လိုလုပ္မလဲ.. ဒါမယ့္ အခုအဲ့သူက bossမွန္းသိလိုက္ရလို႔ စိတ္ေအးရပါပီ '

' အင္း .. '

ရွင္းေပၚအၿမဲတမ္းနားလည္ေပးတဲ့ သူငယ္ခ်င္ေလး..။ ရွင္းတကယ္ဝမ္းသာမိတယ္ ဒီလိုသူငယ္ခ်င္းမ်ိဳးရွိေနတာကိုေပါ့..။

' ေက်းဇူးဘဲ ယံယံ'

' ဘာကိုလဲ '

' ဒီတိုင္း.. မင္းကငါ့ကိုအၿမဲတမ္းကူညီေပးပီး ငါ့ကိုသူငယ္ခ်င္းအဖစ္သတ္မွတ္ေပးလို႔ပါ '

' ေက်းဇူးတင္ဖို႔မလိုပါဘူး.. ငါတို႔က သူငယ္ခ်င္းေတြဘဲေလ '

' အင္း '

____________________________________

ဒီေန႕ ရွင္းေမြးေန႕မွန္းသိလို႔ ယံယံက ရွင္းကိုလက္ေဆာင္ေလးေတာင္ေပးလိုက္ေသးတယ္ေလ ။ တကယ္ပါဘဲ ယံယံကေတာ့ ရွင္းအတြက္ အေကာင္းဆုံးသူငယ္ခ်က္းဘဲေလ ။

သူငယ္ခ်င္းနဲ႕ ေတြ႕လိုက္ရလို႔ ကေလးေလးက ေပ်ာ္သြားတယ္ထင္သည္ မ်က္ႏွာေလးေတာင္ျပန္ၿပဳံးကာ ဝင္းလာလို႔..။

ကေလးေပ်ာ္ရင္ ရပါပီ..။ Williamအခုလိုစိတ္မဆိုးတာကလည္း ထိုသူငယ္ခ်င္းအေရွ႕မွာ ကေလးကကိုယ့္ကို ခ်စ္တယ္လို႔ေတာင္ေျပာခဲ့တာေလ ေက်နပ္တာေပါ့..။

Williamတို႔အိမ္ျပန္လာပီး အိမ္ထဲအဝင္..။

ေဖာက္*

" Happy birthdayကေလးေလး..''

" ဟင္ ''

ကိတ္မုန့္ေလးကို ကိုင္ထားတဲ့ Kanနဲ႕ အတူ Williamရဲ႕မိဘေတြအျပင္ David၊ Yanနဲ႕ Lucasေတာင္ပါပီး အားလုံးက ရွင္းေမြးေန႕ေလးအတြက္ လာပီး ဆုေတာင္းေပးၾကျခင္းေပ..။

ရွင္းကေတာ့ ႐ုတ္တရက္ဆိုေတာ့ အရမ္းအံ့ၾသသြားကာ အားလုံးကိုေၾကာင္ေတာင္ေတာင္ေလး ၾကည့္ေနတာေပါ့..။

" ကေလးေလး ဖေယာင္းတိုင္မႈတ္လိုက္ေလ..''

" ဟုတ္ ''

" တစ္ခုခုဆုေတာင္းလိုက္ေနာ္ ကေလးေလး..''

" ဟုတ္ ''

အကိုKanေျပာသလိုဘဲ ရွင္းလက္အုပ္ေလးခ်ီကာ ဖေယာင္းတိုင္မမႈတ္ခင္ ဆုေလးတစ္ခုေတာင္းလိုက္သည္..။

ရွင္းစိတ္ေလးထဲမွာဆုေတာင္းပီးေနာက္ ၿပဳံးလိုက္ကာ ဖေယာင္းတိုင္ေလးကို မႈတ္လိုက္ေတာ့သည္..။

ရွားရွားပါးပါး ရွင္းရဲ႕ေမြးေန႕မွာမွ စုံလင္တဲ့မိသားစုေလး..။ Davidကလည္း Williamတို႔ရဲ႕မိဘေတြနဲ႕ ဆုံတဲ့ ပထမဦးဆုံးအႀကိမ္ေပါ့..။

မိသားစုေတြကလည္း ဘာျပႆနာမွလည္းမရွိဘဲ လက္ခံတာေၾကာင့္ အားလုံးကလည္း အဆင္ေျပကာ အၿပဳံးကိုယ္စီနဲ႕ဖစ္ပီး ေပ်ာ္႐ႊင္ေနၾကတာေပါ့..။

ထိုထဲမွာ အေပ်ာ္႐ႊင္ဆုံးကေတာ့ ရွင္းဖစ္မွာေသခ်ာပါသည္..။

❤❤❤❤❤❤❤❤❤❤❤❤❤

အ မွန္ တ ကယ္ ဆို ရင္ ေမြး ေန႕ ရက္ ေလး ကို မ ထည့္ လို႔ ရ ေပ မယ့္ သာသာ က သာသာ့ ဇာတ္ ေကာင္ ေလး ေတြ ကို အ ျပင္ က သက္ ရွိ ေလး ေတြ အ ျဖစ္ နဲ႕ စိတ္ ကူး ပုံ ေဖာ္ ထား တာ မို႔ သူ တို႔ ေလး ေတြ ရဲ႕ ေမြး ေန႕ ရက္ ေလး ကို သတ္ မွတ္ ပီး ထည့္ ေပး လိုက္ တာ ပါ ေနာ္ ။

[𝚅𝚘𝚝𝚎/𝙲𝚘𝚖❤✨]

#𝚈𝚊𝚖𝚒
#2021

စ ကား မ စပ္ ရွင္း ရဲ႕ ေမြး ေန႕ ေလး က

𝙔𝙪𝙧𝙞 𝙊𝙣 𝙄𝙘𝙚 ဆို တဲ့ (𝙱𝚘𝚢 𝙻𝚘𝚟𝚎 𝙰𝚗𝚒𝚖𝚎 )ေလး ထဲ က 𝚈𝚞𝚞𝚛𝚒 𝙺𝚊𝚝𝚜𝚞𝚔𝚒 ေလး ရဲ႕ ေမြး ေန႕ ေလး နဲ႕ ရက္ တူ ပါ တယ္ ေနာ္ ❣

>>>>>>>>>>>>>>>>>>>>>>>>>>>>

Continue Reading

You'll Also Like

499K 27.3K 47
𝐒𝐜𝐞𝐧𝐭 𝐎𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ☆|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
656K 38.2K 34
|ROSES AND CIGARETTES Book-I| She was someone who likes to be in her shell and He was someone who likes to break all the shells. °•°•°•°•° "Junoon ba...
665K 34K 33
1ST BOOK OF BRIDE SERIES✨✨ Don't do this, leave my parents, don't ruin my life, I will die. She was begging infront of him joining her both hands. Th...
3M 177K 77
Nobody ever loved him; she was the first who loved him. He did not have a family and then one day she entered into his life and became a world for h...