ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

675K 70.6K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
197 + 198
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211

44

6.7K 805 9
By Fiendyy

《Unicode》


အခန်း ၄၄ ) ​မြေခွေးမလေး .. ဟန်ကျိုးလီ တိုးတိုးဖွဖွရယ်သွမ်း

လုမန် မျက်လွှာပင့်ပစ်လိုက်ကာ
“ ပြီးခဲ့တဲ့တစ်ခေါက်မှာ သခင်လေးဟန်ပြောသွားတာတွေက အများကြီးပဲ။ ကျွန်မ တကယ် မမှတ်မိတော့ဘူး ”

ပြောပြီးပြီးချင်း ခြေတစ်လှမ်းဆုတ်ပစ်လိုက်ကာ သွက်သွက်ရှေ့ဆက်သွားလိုက်သည်။

သူ့ကိုပေးသွားတဲ့ အကြည့်ကလည်း မရိုးမသားနဲ့လေ...

မြေခွေးမလေးလို့ စိတ်ထဲကနေ ခေါ်ဆိုပစ်ရင်း ဟန်ကျိုးလီက တိုးတိုးဖွဖွ ရယ်သွမ်းပစ်ကာ သူမနောက်ကို ခြေလှမ်းကျဲတွေနှင့် လိုက်သွားလိုက်သည်။

ရှချင်းဝေက ခွဲစိတ်ကုသဖို့တန်းလန်းမို့ တခြားကိစ္စတွေကို လုမန် ဂရုမစိုက်နိုင်..

ထို့ကြောင့်ပဲ ဟန်ကျိုးလီကလည်း မဆိုင်တာတွေပြောပြီး ထပ်မံနှောင့်ယှက်ခြင်း မပြု..

ထိုစဥ် သူတို့အနောက်မှ ပါလာသည့် ထန်းကျိက လုမန်နဲ့ဟန်ကျိုးလီကို တစ်လှည့်စီ ကြည့်လိုက်ပေမယ့် သပွတ်အူလိုက်နေတုန်းဖြစ်၏။
အဲ့ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ ?

လုမန်က ဟန်ကျိုးလီနဲ့ ဘယ်တုန်းက ရင်းနှီးသွားရတာလဲ ?

ကြွားတာမဟုတ်ပေမယ့် သူက လုမန်နဲ့ ရင်းနှီးတယ်ဆိုတဲ့ ဆက်ဆံရေးမှာ.. သူ့ကို ဖုံးထားတာလည်းမရှိ..

ဆိုတော့ ဟန်ကျိုးလီနဲ့ အခြေအ​နေက ဘယ်လိုကြီးလဲ။

ထန်းကျိက သတင်းထောက်ဖြစ်လို့ ဟန်ကျိုးလီကို သိသည်။

ပြောစရာမလိုအောင် သာမန်လူတွေထဲမှာလည်း ဟန်ကျိုးလီကို မသိသည့်လူက ရှား၏။

ဟန်ကျိုးလီက ဟန်ကော်ပိုရေးရှင်းကို စီမံသည်။ ဟန်ကော်ပိုရေးရှင်းဆိုသည်က အနုပညာလုပ်ငန်းကို စိုးမိုးခြယ်လှယ်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်ကာ ပြည်တွင်းရုပ်ရှင်တွေနှင့် တီဗွီရှိုးတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ထုတ်လုပ်နေတာဖြစ်သည်။ ကျန်ရှိနေသော ၃၀ ရာခိုင်နှုန်းမှာလည်း ဟန်ကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံမှုပြုထားလေ၏။

ထို့ပြင် ထိပ်တန်းအဆင့် အနုပညာရှင် ၉၀ ရာခိုင်နှုန်းလောက်က ဟန်ကော်ပိုရေးရှင်းနှင့် လက်တွဲထားကြကာ ကျန် ၁၀ ရာခိုင်နှုန်းတွင်မူ တချို့က ကိုယ်ပိုင်ကုမ္ပဏီတွေ စတူဒီယိုတွေတည်ထောင်ထားပေမယ့် ဟန်ကော်ပိုရေးရှင်းကိုတော့ မယှဥ်နိုင်ပေ။

ဟန်ကော်ပိုရေးရှင်းမှာ အနုပညာရှင်များစွာရှိနှင့်ပြီးဖြစ်၍ ကျန်ရှိနေသော ၁၀ ရာခိုင်နှုန်းက သူတို့ကုမ္ပဏီနှင့်လက်တွဲဖြစ်ရင်တောင် ဦးစားပေးခံရမှာတော့ မဟုတ်။

သို့မဟုတ်လျှင် ဘယ်သူက ဟန်ကော်ပိုရေးရှင်းနဲ့ ပြိုင်ပြီး ကိုယ်ပိုင်ကုမ္ပဏီထူထောင်ချင်ပါ့မလဲ။ 

ဒါပေမယ့် ဟန်ကော်ပိုရေးရှင်းက အနုပညာလုပ်ငန်းမှာ အခြေကုပ်ဖြစ်လိုက်တည်းက ဟန်ကျိုးလီတို့မျိုးနွယ်စုသည် လျှို့ဝှက်လွန်းသည့် အခြားသော မျိုးနွယ်စုကြီး ခုနစ်စုနှင့် မတူညီစွာ နာမည်သတင်းကျော်ကြားလာခဲ့သည်။

ဟန်ကျိုးလီက သတင်းမီဒီယာတွေရှေ့မှာ မကြာမကြာ ပေါ်လာတတ်သလို၊ ထန်းကျိဟာလည်း သူ့ဓာတ်ပုံတွေလိုက်ရိုက်ရတာကို ခုံမင်သည့် အုပ်စုကြီးထဲက တစ်ဦးတစ်ယောက် ဖြစ်သည်။

ခြေတစ်ချက်ဆောင့်လိုက်ရုံနဲ့ အနုပညာလောကတစ်ခွင် သိမ့်သိမ့်တုန်သွားစေလောက်အောင် အရေးပါလွန်းသော ပုဂ္ဂိုလ်ကြီးက ဘယ်လိုဖြစ်လို့ လုမန်နဲ့ အရမ်းတွေ ရင်းနှီးသွားတာပါတုံး။

ထန်းကျိ နည်းနည်းတော့ စိုးရိမ်မိသည်။ လုမန် ဟန်ကျိုးလီနဲ့ နီးစပ်သွားရင် နာကျင်ရမလား..

ထိုအချိန်မှာ လုမန်က ခွဲစိတ်ခန်းအပြင်သို့ အပြေးရောက်ရှိသွားပြီ ဖြစ်၏။

အန်တီချိုင်နဲ့ ဝူကျိကော်က ဒေါက်တာနဲ့ ဆွေးနွေးနေကြကာ..
“ ဆရာရယ် တောင်းဆိုပါတယ် အရင်ဆုံး လူနာကို ခွဲစိတ်ပေးပါ ”

“ အဲ့လိုလုပ်လို့မရဘူးလေ..။ လူနာမိသားစုဝင်တစ်ယောက်ရဲ့လက်မှတ်လိုတယ်ဗျ။ မတော်လို့ ခွဲစိတ်ကုသနေစဥ်အတွင်းမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူက တာဝန်ယူမှာလဲ။ နောက်မှ မိသားစုဝင်တွေရောက်လာပြီး ပြဿနာရှာရင် ခင်ဗျားတို့တာဝန်ယူပေးနိုင်မလား ”
ဒေါက်တာက ခေါင်းချည်းခါသည်။ သူတို့ဘာပြောပြော ငြင်းလို့ချည်းနေ၏။

“ သူ့မှာက သမီးတစ်ယောက်ပဲရှိတာပါ။ ပြီးတော့ အပြင်မှာ ပွက်လောရိုက်နေတာတွေကို ဆရာလည်း တွေ့မှာပါ။ အခု သူ့သမီးက ဒီကို ချက်ချင်း လာလို့မရသေးဘူး။ အားလုံးက အကျိုးသင့်အကြောင်းသင့်စဥ်းစားတတ်တဲ့လူတွေမို့လို့ ဘာပြဿနာမှ ရှာမှာမဟုတ်ပါဘူး။ ဆရာ ဒီလိုဆက်ငြင်းနေလို့ ခွဲစိတ်ဖို့နောက်ကျသွားကာမှ တကယ်တစ်ခုခုဖြစ်မှာပါ ဆရာရယ် အဲ့ကျမှ ပြဿနာတက်လိမ့်မယ် ဆရာ ”
အန်တီချိုင်ကလည်း စိုးရိမ်စိတ်ပူလို့ ပျာယာခတ်နေသည်။

ရှချင်းဝေသည် ခွဲစိတ်ခန်းထဲတွင် ရှိနေသေးသည်။ အခြေအနေကို မသိရသေးသည့်အပြင် ဆရာဝန်ကပါ လူနာကိုကယ်ဖို့ ဦးစားမပေးဘဲ မိသားစုဝင်ဆီမှ သဘောတူညီမှုလက်မှတ်ကိုချည်း တောင်းလို့နေလေ၏။

လုမန် အဖမ်းခံလိုက်ရရင် ဘယ်လိုလုပ် လာပြီး လက်မှတ်ထိုးနိုင်မှာလဲ ?

“ အဲ့ဒီလိုဆိုရင်တောင် ကျွန်တော့်ဘက်ကတော့ ဘာမှလုပ်ပေးလို့မရပါဘူး။ ဒါက စည်းမျဥ်းစည်းကမ်းတစ်ခုပါ။ နောက်ပြီး ခွဲစိတ်ကုသစရိတ်ကိုလည်း မရှင်းရသေးဘူး။ ကျွန်တော်တို့ဆေးရုံက ဒီလောက်များတဲ့ငွေပမာဏကို တာဝန်မယူပေးနိုင်ပါဘူးခင်ဗျာ ”

ကနဦး၌ ရှချင်းဝေက ဘယ်နည်းနဲ့ဖြစ်ဖြစ် နှလုံးခွဲစိတ်ကုသရမည် ဖြစ်ကာ နောက်လဝက်နေရင် ခွဲစိတ်ဖို့စီစဥ်ထားကြပေမယ့် ဒီနေ့မှာတော့ အခြေအနေက ဒီလိုတွေဖြစ်ကုန်သည်။

ပြီးတော့ ခွဲစိတ်ကုသနေစဥ်အတွင်းမှာ လူနာတစ်ခုခုဖြစ်သွားခဲ့ရင် ခွဲစိတ်ကုသစရိတ်ကိုလည်း ရမည် မဟုတ်ပေ။

ထိုသို့ဖြစ်လာခဲ့ပါက ဆရာဝန်က တာဝန်ယူရမည် ဖြစ်၏။ 

“ အန်တီချိုင် ဦးလေးဝူ ”
လုမန်က အပြေးရောက်ချလာ၏။
“ နှစ်ယောက်လုံးကို ကျေးဇူးအများကြီးတင်ပါတယ် ”

“ ရတယ် သမီး။ အခုချိန်မှာ အရေးကြီးဆုံးက သမီးမေမေပဲ။ သူ အခု ခွဲစိတ်ခန်းထဲမှာပဲ ရှိနေသေးတယ်။ ဘာခွဲစိတ်မှုမှ မစတင်ရသေးဘူး ”
အန်တီချိုင်က ပြောပြသည်။

====================================

《Zawgyi》


အခန္း ၄၄ ) ​ေျမေခြးမေလး .. ဟန္က်ိဳးလီ တိုးတိုးဖြဖြရယ္သြမ္း

လုမန္ မ်က္လႊာပင့္ပစ္လိုက္ကာ
“ ၿပီးခဲ့တဲ့တစ္ေခါက္မွာ သခင္ေလးဟန္ေျပာသြားတာေတြက အမ်ားႀကီးပဲ။ ကြၽန္မ တကယ္ မမွတ္မိေတာ့ဘူး ”

ေျပာၿပီးၿပီးခ်င္း ေျခတစ္လွမ္းဆုတ္ပစ္လိုက္ကာ သြက္သြက္ေရ႔ွဆက္သြားလိုက္သည္။

သူ႔ကိုေပးသြားတဲ့ အၾကည့္ကလည္း မရိုးမသားနဲ႔ေလ...

ေျမေခြးမေလးလို႔ စိတ္ထဲကေန ေခၚဆိုပစ္ရင္း ဟန္က်ိဳးလီက တိုးတိုးဖြဖြ ရယ္သြမ္းပစ္ကာ သူမေနာက္ကို ေျခလွမ္းက်ဲေတြႏွင့္ လိုက္သြားလိုက္သည္။

ရွခ်င္းေဝက ခြဲစိတ္ကုသဖို႔တန္းလန္းမို႔ တျခားကိစၥေတြကို လုမန္ ဂရုမစိုက္ႏိုင္..

ထို႔ေၾကာင့္ပဲ ဟန္က်ိဳးလီကလည္း မဆိုင္တာေတြေျပာၿပီး ထပ္မံေနွာင့္ယွက္ျခင္း မျပဳ..

ထိုစဥ္ သူတို႔အေနာက္မွ ပါလာသည့္ ထန္းက်ိက လုမန္နဲ႔ဟန္က်ိဳးလီကို တစ္လွည့္စီ ၾကည့္လိုက္ေပမယ့္ သပြတ္အူလိုက္ေနတုန္းျဖစ္၏။
အဲ့ဒီႏွစ္ေယာက္ရဲ့ဆက္ဆံေရးက ဘာလဲ ?

လုမန္က ဟန္က်ိဳးလီနဲ႔ ဘယ္တုန္းက ရင္းႏွီးသြားရတာလဲ ?

ႂကြားတာမဟုတ္ေပမယ့္ သူက လုမန္နဲ႔ ရင္းႏွီးတယ္ဆိုတဲ့ ဆက္ဆံေရးမွာ.. သူ႔ကို ဖံုးထားတာလည္းမရိွ..

ဆိုေတာ့ ဟန္က်ိဳးလီနဲ႔ အေျခအ​ေနက ဘယ္လိုႀကီးလဲ။

ထန္းက်ိက သတင္းေထာက္ျဖစ္လို႔ ဟန္က်ိဳးလီကို သိသည္။

ေျပာစရာမလိုေအာင္ သာမန္လူေတြထဲမွာလည္း ဟန္က်ိဳးလီကို မသိသည့္လူက ရွား၏။

ဟန္က်ိဳးလီက ဟန္ေကာ္ပိုေရးရွင္းကို စီမံသည္။ ဟန္ေကာ္ပိုေရးရွင္းဆိုသည္က အႏုပညာလုပ္ငန္းကို စိုးမိုးျခယ္လွယ္ေနေသာ ကုမၸဏီႀကီးတစ္ခုျဖစ္ကာ ျပည္တြင္းရုပ္ရွင္ေတြႏွင့္ တီဗြီရိႈးေတြရဲ့ ၇၀ ရာခိုင္ႏႈန္းေလာက္ကို ထုတ္လုပ္ေနတာျဖစ္သည္။ က်န္ရိွေနေသာ ၃၀ ရာခိုင္ႏႈန္းမွာလည္း ဟန္ေကာ္ပိုေရးရွင္းက ရင္းႏွီးျမႇဳပ္ႏွံမႈျပဳထားေလ၏။

ထို႔ျပင္ ထိပ္တန္းအဆင့္ အႏုပညာရွင္ ၉၀ ရာခိုင္ႏႈန္းေလာက္က ဟန္ေကာ္ပိုေရးရွင္းႏွင့္ လက္တြဲထားၾကကာ က်န္ ၁၀ ရာခိုင္ႏႈန္းတြင္မူ တခ်ိဳ႕က ကိုယ္ပိုင္ကုမၸဏီေတြ စတူဒီယိုေတြတည္ေထာင္ထားေပမယ့္ ဟန္ေကာ္ပိုေရးရွင္းကိုေတာ့ မယွဥ္ႏိုင္ေပ။

ဟန္ေကာ္ပိုေရးရွင္းမွာ အႏုပညာရွင္မ်ားစြာရိွႏွင့္ၿပီးျဖစ္၍ က်န္ရိွေနေသာ ၁၀ ရာခိုင္ႏႈန္းက သူတို႔ကုမၸဏီႏွင့္လက္တြဲျဖစ္ရင္ေတာင္ ဦးစားေပးခံရမွာေတာ့ မဟုတ္။

သို႔မဟုတ္လ်ွင္ ဘယ္သူက ဟန္ေကာ္ပိုေရးရွင္းနဲ႔ ၿပိဳင္ၿပီး ကိုယ္ပိုင္ကုမၸဏီထူေထာင္ခ်င္ပါ့မလဲ။ 

ဒါေပမယ့္ ဟန္ေကာ္ပိုေရးရွင္းက အႏုပညာလုပ္ငန္းမွာ အေျခကုပ္ျဖစ္လိုက္တည္းက ဟန္က်ိဳးလီတို႔မ်ိဳးႏြယ္စုသည္ လ်ိႈ႔ဝွက္လြန္းသည့္ အျခားေသာ မ်ိဳးႏြယ္စုႀကီး ခုနစ္စုႏွင့္ မတူညီစြာ နာမည္သတင္းေက်ာ္ၾကားလာခဲ့သည္။

ဟန္က်ိဳးလီက သတင္းမီဒီယာေတြေရ႔ွမွာ မၾကာမၾကာ ေပၚလာတတ္သလို၊ ထန္းက်ိဟာလည္း သူ႔ဓာတ္ပံုေတြလိုက္ရိုက္ရတာကို ခံုမင္သည့္ အုပ္စုႀကီးထဲက တစ္ဦးတစ္ေယာက္ ျဖစ္သည္။

ေျခတစ္ခ်က္ေဆာင့္လိုက္ရံုနဲ႔ အႏုပညာေလာကတစ္ခြင္ သိမ့္သိမ့္တုန္သြားေစေလာက္ေအာင္ အေရးပါလြန္းေသာ ပုဂၢိုလ္ႀကီးက ဘယ္လိုျဖစ္လို႔ လုမန္နဲ႔ အရမ္းေတြ ရင္းႏွီးသြားတာပါတံုး။

ထန္းက်ိ နည္းနည္းေတာ့ စိုးရိမ္မိသည္။ လုမန္ ဟန္က်ိဳးလီနဲ႔ နီးစပ္သြားရင္ နာက်င္ရမလား..

ထိုအခ်ိန္မွာ လုမန္က ခြဲစိတ္ခန္းအျပင္သို႔ အေျပးေရာက္ရိွသြားၿပီ ျဖစ္၏။

အန္တီခ်ိဳင္နဲ႔ ဝူက်ိေကာ္က ေဒါက္တာနဲ႔ ေဆြးေနြးေနၾကကာ..
“ ဆရာရယ္ ေတာင္းဆိုပါတယ္ အရင္ဆံုး လူနာကို ခြဲစိတ္ေပးပါ ”

“ အဲ့လိုလုပ္လို႔မရဘူးေလ..။ လူနာမိသားစုဝင္တစ္ေယာက္ရဲ့လက္မွတ္လိုတယ္ဗ်။ မေတာ္လို႔ ခြဲစိတ္ကုသေနစဥ္အတြင္းမွာ တစ္ခုခုျဖစ္သြားခဲ့ရင္ ဘယ္သူက တာဝန္ယူမွာလဲ။ ေနာက္မွ မိသားစုဝင္ေတြေရာက္လာၿပီး ျပႆနာရွာရင္ ခင္ဗ်ားတို႔တာဝန္ယူေပးႏိုင္မလား ”
ေဒါက္တာက ေခါင္းခ်ည္းခါသည္။ သူတို႔ဘာေျပာေျပာ ျငင္းလို႔ခ်ည္းေန၏။

“ သူ႔မွာက သမီးတစ္ေယာက္ပဲရိွတာပါ။ ၿပီးေတာ့ အျပင္မွာ ပြက္ေလာရိုက္ေနတာေတြကို ဆရာလည္း ေတြ့မွာပါ။ အခု သူ႔သမီးက ဒီကို ခ်က္ခ်င္း လာလို႔မရေသးဘူး။ အားလံုးက အက်ိဳးသင့္အေၾကာင္းသင့္စဥ္းစားတတ္တဲ့လူေတြမို႔လို႔ ဘာျပႆနာမွ ရွာမွာမဟုတ္ပါဘူး။ ဆရာ ဒီလိုဆက္ျငင္းေနလို႔ ခြဲစိတ္ဖို႔ေနာက္က်သြားကာမွ တကယ္တစ္ခုခုျဖစ္မွာပါ ဆရာရယ္ အဲ့က်မွ ျပႆနာတက္လိမ့္မယ္ ဆရာ ”
အန္တီခ်ိဳင္ကလည္း စိုးရိမ္စိတ္ပူလို႔ ပ်ာယာခတ္ေနသည္။

ရွခ်င္းေဝသည္ ခြဲစိတ္ခန္းထဲတြင္ ရိွေနေသးသည္။ အေျခအေနကို မသိရေသးသည့္အျပင္ ဆရာဝန္ကပါ လူနာကိုကယ္ဖို႔ ဦးစားမေပးဘဲ မိသားစုဝင္ဆီမွ သေဘာတူညီမႈလက္မွတ္ကိုခ်ည္း ေတာင္းလို႔ေနေလ၏။

လုမန္ အဖမ္းခံလိုက္ရရင္ ဘယ္လိုလုပ္ လာၿပီး လက္မွတ္ထိုးႏိုင္မွာလဲ ?

“ အဲ့ဒီလိုဆိုရင္ေတာင္ ကြၽန္ေတာ့္ဘက္ကေတာ့ ဘာမွလုပ္ေပးလို႔မရပါဘူး။ ဒါက စည္းမ်ဥ္းစည္းကမ္းတစ္ခုပါ။ ေနာက္ၿပီး ခြဲစိတ္ကုသစရိတ္ကိုလည္း မရွင္းရေသးဘူး။ ကြၽန္ေတာ္တို႔ေဆးရံုက ဒီေလာက္မ်ားတဲ့ေငြပမာဏကို တာဝန္မယူေပးႏိုင္ပါဘူးခင္ဗ်ာ ”

ကနဦး၌ ရွခ်င္းေဝက ဘယ္နည္းနဲ႔ျဖစ္ျဖစ္ ႏွလံုးခြဲစိတ္ကုသရမည္ ျဖစ္ကာ ေနာက္လဝက္ေနရင္ ခြဲစိတ္ဖို႔စီစဥ္ထားၾကေပမယ့္ ဒီေန့မွာေတာ့ အေျခအေနက ဒီလိုေတျြဖစ္ကုန္သည္။

ၿပီးေတာ့ ခြဲစိတ္ကုသေနစဥ္အတြင္းမွာ လူနာတစ္ခုခုျဖစ္သြားခဲ့ရင္ ခြဲစိတ္ကုသစရိတ္ကိုလည္း ရမည္ မဟုတ္ေပ။

ထိုသို႔ျဖစ္လာခဲ့ပါက ဆရာဝန္က တာဝန္ယူရမည္ ျဖစ္၏။ 

“ အန္တီခ်ိဳင္ ဦးေလးဝူ ”
လုမန္က အေျပးေရာက္ခ်လာ၏။
“ ႏွစ္ေယာက္လံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ”

“ ရတယ္ သမီး။ အခုခ်ိန္မွာ အေရးႀကီးဆံုးက သမီးေမေမပဲ။ သူ အခု ခြဲစိတ္ခန္းထဲမွာပဲ ရိွေနေသးတယ္။ ဘာခြဲစိတ္မႈမွ မစတင္ရေသးဘူး ”
အန္တီခ်ိဳင္က ေျပာျပသည္။

====================================

Continue Reading

You'll Also Like

297K 592 23
Enjoy the smuts...and if you get horny😏...help yourself💀💦
232K 14K 64
𝐓𝐨 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 𝐰𝐡𝐨 𝐭𝐡𝐢𝐧𝐤𝐬 𝐭𝐡𝐞𝐲 𝐚𝐧𝐝 𝐭𝐡𝐞𝐢𝐫 𝐜𝐫𝐮𝐬𝐡 𝐚𝐫𝐞 𝐧𝐨𝐭 𝐦𝐞𝐚𝐧 𝐭𝐨 𝐛𝐞 𝐭𝐨𝐠𝐞𝐭𝐡𝐞𝐫. ...
3.4M 38.8K 31
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
120K 15.8K 34
#Book-3 Last book of Hidden Marriage Series. 🔥❤️ This book is the continuation of the first and second book "Hidden Marriage - Amazing Husband." If...