Zawgyi
Chapter 137
{အမွားအမွန္ကို သိျမင္ျခင္း - ၃ }
အေဖရီသည္ သူ႔မိန္းမေျပာလိုက္တဲ့စကားတို႔ေၾကာင့္ ဆြံ႔အေနခဲ့မိေပတယ္... သူဟာ ဆိုဖာေပၚတြင္ သုန္မႈန္စြာ ထိုင္ေနလ်က္ သက္ျပင္းအႀကိမ္ႀကိမ္ခ်ေနခဲ့ေလသည္...
ထိုအခ်ိန္တြင္ အေဖရီ၏ဖုန္းမွ ဖုန္းျမည္သံထြက္ေပၚလာခဲ့တာေၾကာင့္ အေဖရီဟာ ခ်က္ခ်င္းပဲ ဖုန္းေကာက္ကိုင္လိုက္ေခ်၏။ သူဟာ ဖုန္းထဲမွလူ ေျပာသမ်ွကို တိတိတဆိတ္နားေထာင္ေနခဲ့ၿပီးေနာက္တြင္ ဖုန္းခ်လိုက္ေလတယ္... ထို႔ေနာက္မွာေတာ့ ဆိုဖာေပၚထိုင္လ်က္ ေခါင္းငိုက္စိုက္က်သြားေတာ့၏။
အေမရီသည္ သူ႔ေယာက္်ားရဲ့အမူအရာကို သတိထားမိသြားခဲ့ၿပီး အနည္းငယ္စိတ္ရႈပ္သြားခဲ့ၿပီး " ဘာျဖစ္လို႔လဲ "
" ရင္းႏွီးျမႇဳပ္ႏွံ႔မႈက အရႈံးေပၚလို႔တဲ့...ငါရင္းထားသမ်ွအကုန္ မရိွေတာ့ဘူး... သိပ္မၾကာခင္မွာ ဘဏ္ကေန ငါတို႔ေနတဲ့ဗီလာကို ေရာင္းဖို႔ လူလႊတ္လိုက္မယ္တဲ့... "
အေဖရီရဲ့စကားေၾကာင့္ အေမရီဟာ ေဒါသေထာင္းခနဲထြက္သြားခဲ့ေလတယ္...
" ရွင္ေျပာေတာ့ ရွင့္ပေရာဂ်က္က အက်ိဳးအျမတ္မ်ားမ်ားစားစား ရမွာပါဆို... အခုမွသိေတာ့တယ္ ရွင့္ပေရာဂ်က္မွာ ဘာလို႔ ေငြထည့္တဲ့သူ မရိွရတာလဲဆိုတာကိုေလ... ကြၽန္မ ရွင့္ကို ေျပာခဲ့သားပဲ... ကြၽန္မတို႔ဗီလာကိုေတာ့ မေပါင္ပါနဲ႔လို႔... အခုၾကည့္ ဗီလာကို ေရာင္းလိုက္ရရင္ ဘယ္မွာသြားေနၾကရမွာလဲ... လမ္းေဘးမွာပဲ အိပ္ရမွာလား..."
ကူကယ္ရာမဲ့ေနေသာအေဖရီဟာ " လုေပရႊမ္းဆိုတဲ့ေကာင္က အခုလို ရက္ရက္စက္စက္လုပ္လိမ့္မယ္လို႔ ငါမထင္ထားခဲ့လို႔ေပါ့ဟ!! ဒီပေရာဂ်က္က ႏွစ္ဝက္ေလာက္ၾကာေနတာ...လုေပရႊမ္းဆိုတဲ့ေခြးေကာင္က ငါ့ပေရာဂ်က္မွာ ရင္းႏွီးေငြထည့္ဖို႔ကို လံုးဝမစဥ္းစားခဲ့ဘူး! ငါတို႔အခု သြားၿပီပဲ! အခု ကုမၼဏီတင္မကဘူး... ဗီလာေရာ ကားေရာ အကုန္,ကုန္ၿပီ!! "
ရီတို႔ဟာ အၿမဲဆိုသလို ပတ္ဝန္းက်င္အျမင္ကို အရမ္းဂရုစိုက္တတ္ၾက၏။ သို႔ေသာ္ ယခုတြင္ သူတို႔အတြက္ ဘာမွမက်န္ေတာ့ေခ်...
ယခုတြင္ ရီတို႔ဟာ ကုမၼဏီတင္မက အိမ္ႏွင့္ကားတို႔ကိုပါ ညတြင္းခ်င္း ဆံုးရႈံးသြားခဲ့ရျခင္းျဖစ္တာေၾကာင့္ ေနာက္ပိုင္းတြင္ ၿမိဳ႔ေတာ္အတြင္းမွလူမ်ားကို ဘယ္လိုမ်က္ႏွာျပရမွန္းပင္ မသိေတာ့... အေမရီအေၾကာက္ဆံုးသည္ ထိုအျဖစ္မ်ိဳးပင္ ျဖစ္၏။
" မျဖစ္ဘူး... အခုလုေပရႊမ္းဆို ဖုန္းေခၚ ဒါမွမဟုတ္ ရီက်န္းဆီ ဖုန္းေခၚ... ရီက်န္းက သနားၾကင္နာတတ္တဲ့ကေလးဆိုေတာ့... ကြၽန္မတို႔ကို ကူညီေပးလိမ့္မယ္... ဘာေၾကာင္ၾကည့္ေနတာလဲ ျမန္ျမန္ဖုန္းေခၚေလ... "
" ဖုန္းဆက္ၿပီး ေျပာျပေတာ့ေရာ ဘာထူးမွာလဲ? ဒီေန့ရီက်န္းရဲ့ပံုစံကို မင္းမျမင္ဘူးလား... သူ သနားတတ္တယ္၊ ၾကင္နာတတ္တယ္ဆိုတာ ဟိုးအရင္ကပဲ... မင္း....အေမျဖစ္တဲ့မင္းက သူကို စိတ္ဒဏ္ရာ ခဏခဏေပးခဲ့လို႔ ယခုဆို သူ႔ဆီမွာ ငါတို႔ေတြကို သနားတဲ့စိတ္ မရိွေတာ့ဘူးကြ!! "
" ကြၽန္မတို႔က သူ႔မိဘအရင္းပဲဟာ ကူညီေပးရမွာ သူ႔တာဝန္ပဲ... အနည္းဆံုးေတာ့ ကြၽန္မက သူ႔ကို အသက္နဲ႔ရင္းၿပီး ေမြးခဲ့ရတာပါ... စကားမ်ားမေနနဲ႔ အခု ရီက်န္းဆီ ျမန္ျမန္ဖုန္းေခၚလိုက္ေတာ့! "
အေဖရီသည္ သူ႔မိန္းမကို အေတာ္ၾကာၾကာစိုက္ၾကည့္ေနခဲ့၏။ ထိုအမ်ိဳးသမီးဟာ သူ႔အတြက္ပဲ ၾကည့္တတ္တဲ့တကိုယ္ေကာင္းသမားပဲဟူေသာ အၾကည့္မ်ိဳးႏွင့္ေပါ့...
ထိုခ်ိန္မွာပဲ အေဖရီ၏ဖုန္းဟာ ေနာက္တစ္ႀကိမ္ ထပ္ျမည္လာခဲ့ျပန္တယ္... ဒီတစ္ႀကိမ္တြင္လည္း အေဖရီဟာ ဖုန္းကို ခ်က္ခ်င္းကိုင္လိုက္၏။
ထို႔ေနာက္မွာေတာ့ တစ္ဖက္မွ ေျပာေသာစကားတို႔ကို အေသအခ်ာလိုက္နားေထာင္ၿပီး ေသခ်ာျပန္ေျဖေလေတာ့သည္...
" ဟုတ္... ဟုတ္ကဲ့... ကြၽန္ေတာ္ နားလည္ပါၿပီ... ဟုတ္ကဲ့ပါ... ဟုတ္... ဒါနဲ႔အဲ့သူက ဘယ္သူဆိုတာ...Aww အဲ့လိုလား...ဟုတ္ သိပါၿပီ "
ေခတၲအၾကာမွာေတာ့ အေဖရီက ဖုန္းေျပာလို႔ၿပီးသြားခဲ့ၿပီး သူ႔မိန္းမကို ျပန္လွၫ့္ၾကည့္ရင္း " တစ္ေယာက္ေယာက္က ငါ့ပေရာဂ်က္မွာ ၁၀မီလီယံထည့္လိုက္တယ္တဲ့ "
" ၁၀မီလီယံ?? ရွင့္ပေရာဂ်က္မွာ?? "
အေဖရီက ေခါင္းညိမ့္၍သာ ဟုတ္ေၾကာင္း ေထာက္ခံလိုက္ေလသည္...
အခ်ိန္တိုအတြင္းမွာပဲ အေျခအေနအားလံုးဟာ ပံုမွန္ျပန္ျဖစ္သြားခဲ့ေတာ့တယ္... ရီႏွစ္ၪီးသည္ ေဒဝါလီခံလိုက္ရမည္ကို ေသမတတ္ေၾကာက္ေနခဲ့ၾကျခင္းျဖစ္၏။ အခုေတာ့ သူ႔တို႔ပေရာဂ်က္အတြက္ ရင္းႏွီးေငြရလိုက္ေပၿပီ...
အေဖရီသည္ သူ႔ရင္ထဲ၌ ေပ်ာ္ရႊင္မႈတို႔ ျပည့္လ်ွံလို႔လာခဲ့သည္...
" အဲ့၁၀မီလီယံကို ဘယ္သူက ေပးတာတဲ့လဲ?? လုေပရႊမ္းလား?? "
" မဟုတ္ဘူး " အေဖရီက ေခါင္းခါ၍ ဆိုလိုက္ေလ၏။ " ကုမၼဏီက မန္ေနဂ်ာေျပာပံုအရ အဲ့သူက လုေကာ္ပိုေရးရွင္းက မဟုတ္ဘူးတဲ့ "
" အဲ့ဒါဆို ဘယ္သူလဲ? "
" ငါလည္း မသိဘူး... အဲ့လူက မနက္ျဖန္ၾကရင္ ရံုးမွာ ေတြ့ဖို႔ ေျပာတယ္တဲ့ "အေဖရီသည္ ထိုသို႔ဆိုရင္း သူ႔မ်က္ဝန္းတို႔ ပို၍ပို၍ ေတာက္ပလာခဲ့ေလတယ္...
" မိန္းမေရ ငါတို႔ ေဒဝါလီခံစရာ မလိုေတာ့ဘူးကြ "
ထိုအခါ အေမရီ၏မ်က္ႏွာတြင္ ေပ်ာ္ရႊင္မႈတို႔တစ္စ တစ္စ ေပၚလာခဲ့ၿပီ " ဟုတ္တာေပါ့.. ေဒဝါလီမခံရရံုတင္ မဟုတ္ဘူး... လုေပရႊမ္းဆိုတဲ့အေကာင္ကို ရွင့္ပေရာဂ်က္ ဘယ္ေလာက္ ေအာင္ျမင္ၿပီး အက်ိဳးအျမတ္ ဘယ္ေလာက္မ်ားမ်ားရတယ္ဆိုတာပါ ခ်ျပလို႔ရၿပီေလ "
" ဟုတ္တယ္... ငါ့ပေရာဂ်က္ကို အထင္ေသးထားတဲ့လုေပရႊမ္းဆိုတဲ့အေကာင္!! ငါ့ပေရာဂ်က္လို႔ အျမတ္မ်ားမ်ားရတဲ့ရင္းႏွီးမႈကို လက္လႊတ္လိုက္ရလို႔ သူ႔ကိုယ္သူ အျပစ္တင္သြားေစရမယ္ " အေဖရီဟာ သူ႔ရဲ့ေတာက္ပလာေတာ့မယ့္အနာဂါတ္ကို ေတြးရင္း ဘဝင္ခိုက္လို႔ ေနေလတယ္....
💙💙💙💙💙💙
Uuicode
Chapter 137
{အမှားအမှန်ကို သိမြင်ခြင်း - ၃ }
အဖေရီသည် သူ့မိန်းမပြောလိုက်တဲ့စကားတို့ကြောင့် ဆွံ့အနေခဲ့မိပေတယ်... သူဟာ ဆိုဖာပေါ်တွင် သုန်မှုန်စွာ ထိုင်နေလျက် သက်ပြင်းအကြိမ်ကြိမ်ချနေခဲ့လေသည်...
ထိုအချိန်တွင် အဖေရီ၏ဖုန်းမှ ဖုန်းမြည်သံထွက်ပေါ်လာခဲ့တာကြောင့် အဖေရီဟာ ချက်ချင်းပဲ ဖုန်းကောက်ကိုင်လိုက်ချေ၏။ သူဟာ ဖုန်းထဲမှလူ ပြောသမျှကို တိတိတဆိတ်နားထောင်နေခဲ့ပြီးနောက်တွင် ဖုန်းချလိုက်လေတယ်... ထို့နောက်မှာတော့ ဆိုဖာပေါ်ထိုင်လျက် ခေါင်းငိုက်စိုက်ကျသွားတော့၏။
အမေရီသည် သူ့ယောက်ျားရဲ့အမူအရာကို သတိထားမိသွားခဲ့ပြီး အနည်းငယ်စိတ်ရှုပ်သွားခဲ့ပြီး " ဘာဖြစ်လို့လဲ "
" ရင်းနှီးမြှုပ်နှံ့မှုက အရှုံးပေါ်လို့တဲ့...ငါရင်းထားသမျှအကုန် မရှိတော့ဘူး... သိပ်မကြာခင်မှာ ဘဏ်ကနေ ငါတို့နေတဲ့ဗီလာကို ရောင်းဖို့ လူလွှတ်လိုက်မယ်တဲ့... "
အဖေရီရဲ့စကားကြောင့် အမေရီဟာ ဒေါသထောင်းခနဲထွက်သွားခဲ့လေတယ်...
" ရှင်ပြောတော့ ရှင့်ပရောဂျက်က အကျိုးအမြတ်များများစားစား ရမှာပါဆို... အခုမှသိတော့တယ် ရှင့်ပရောဂျက်မှာ ဘာလို့ ငွေထည့်တဲ့သူ မရှိရတာလဲဆိုတာကိုလေ... ကျွန်မ ရှင့်ကို ပြောခဲ့သားပဲ... ကျွန်မတို့ဗီလာကိုတော့ မပေါင်ပါနဲ့လို့... အခုကြည့် ဗီလာကို ရောင်းလိုက်ရရင် ဘယ်မှာသွားနေကြရမှာလဲ... လမ်းဘေးမှာပဲ အိပ်ရမှာလား..."
ကူကယ်ရာမဲ့နေသောအဖေရီဟာ " လုပေရွှမ်းဆိုတဲ့ကောင်က အခုလို ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့ ငါမထင်ထားခဲ့လို့ပေါ့ဟ!! ဒီပရောဂျက်က နှစ်ဝက်လောက်ကြာနေတာ...လုပေရွှမ်းဆိုတဲ့ခွေးကောင်က ငါ့ပရောဂျက်မှာ ရင်းနှီးငွေထည့်ဖို့ကို လုံးဝမစဥ်းစားခဲ့ဘူး! ငါတို့အခု သွားပြီပဲ! အခု ကုမ္မဏီတင်မကဘူး... ဗီလာရော ကားရော အကုန်,ကုန်ပြီ!! "
ရီတို့ဟာ အမြဲဆိုသလို ပတ်ဝန်းကျင်အမြင်ကို အရမ်းဂရုစိုက်တတ်ကြ၏။ သို့သော် ယခုတွင် သူတို့အတွက် ဘာမှမကျန်တော့ချေ...
ယခုတွင် ရီတို့ဟာ ကုမ္မဏီတင်မက အိမ်နှင့်ကားတို့ကိုပါ ညတွင်းချင်း ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်တာကြောင့် နောက်ပိုင်းတွင် မြို့တော်အတွင်းမှလူများကို ဘယ်လိုမျက်နှာပြရမှန်းပင် မသိတော့... အမေရီအကြောက်ဆုံးသည် ထိုအဖြစ်မျိုးပင် ဖြစ်၏။
" မဖြစ်ဘူး... အခုလုပေရွှမ်းဆို ဖုန်းခေါ် ဒါမှမဟုတ် ရီကျန်းဆီ ဖုန်းခေါ်... ရီကျန်းက သနားကြင်နာတတ်တဲ့ကလေးဆိုတော့... ကျွန်မတို့ကို ကူညီပေးလိမ့်မယ်... ဘာကြောင်ကြည့်နေတာလဲ မြန်မြန်ဖုန်းခေါ်လေ... "
" ဖုန်းဆက်ပြီး ပြောပြတော့ရော ဘာထူးမှာလဲ? ဒီနေ့ရီကျန်းရဲ့ပုံစံကို မင်းမမြင်ဘူးလား... သူ သနားတတ်တယ်၊ ကြင်နာတတ်တယ်ဆိုတာ ဟိုးအရင်ကပဲ... မင်း....အမေဖြစ်တဲ့မင်းက သူကို စိတ်ဒဏ်ရာ ခဏခဏပေးခဲ့လို့ ယခုဆို သူ့ဆီမှာ ငါတို့တွေကို သနားတဲ့စိတ် မရှိတော့ဘူးကွ!! "
" ကျွန်မတို့က သူ့မိဘအရင်းပဲဟာ ကူညီပေးရမှာ သူ့တာဝန်ပဲ... အနည်းဆုံးတော့ ကျွန်မက သူ့ကို အသက်နဲ့ရင်းပြီး မွေးခဲ့ရတာပါ... စကားများမနေနဲ့ အခု ရီကျန်းဆီ မြန်မြန်ဖုန်းခေါ်လိုက်တော့! "
အဖေရီသည် သူ့မိန်းမကို အတော်ကြာကြာစိုက်ကြည့်နေခဲ့၏။ ထိုအမျိုးသမီးဟာ သူ့အတွက်ပဲ ကြည့်တတ်တဲ့တကိုယ်ကောင်းသမားပဲဟူသော အကြည့်မျိုးနှင့်ပေါ့...
ထိုချိန်မှာပဲ အဖေရီ၏ဖုန်းဟာ နောက်တစ်ကြိမ် ထပ်မြည်လာခဲ့ပြန်တယ်... ဒီတစ်ကြိမ်တွင်လည်း အဖေရီဟာ ဖုန်းကို ချက်ချင်းကိုင်လိုက်၏။
ထို့နောက်မှာတော့ တစ်ဖက်မှ ပြောသောစကားတို့ကို အသေအချာလိုက်နားထောင်ပြီး သေချာပြန်ဖြေလေတော့သည်...
" ဟုတ်... ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ... ဟုတ်ကဲ့ပါ... ဟုတ်... ဒါနဲ့အဲ့သူက ဘယ်သူဆိုတာ...Aww အဲ့လိုလား...ဟုတ် သိပါပြီ "
ခေတ္တအကြာမှာတော့ အဖေရီက ဖုန်းပြောလို့ပြီးသွားခဲ့ပြီး သူ့မိန်းမကို ပြန်လှည့်ကြည့်ရင်း " တစ်ယောက်ယောက်က ငါ့ပရောဂျက်မှာ ၁၀မီလီယံထည့်လိုက်တယ်တဲ့ "
" ၁၀မီလီယံ?? ရှင့်ပရောဂျက်မှာ?? "
အဖေရီက ခေါင်းညိမ့်၍သာ ဟုတ်ကြောင်း ထောက်ခံလိုက်လေသည်...
အချိန်တိုအတွင်းမှာပဲ အခြေအနေအားလုံးဟာ ပုံမှန်ပြန်ဖြစ်သွားခဲ့တော့တယ်... ရီနှစ်ဦးသည် ဒေဝါလီခံလိုက်ရမည်ကို သေမတတ်ကြောက်နေခဲ့ကြခြင်းဖြစ်၏။ အခုတော့ သူ့တို့ပရောဂျက်အတွက် ရင်းနှီးငွေရလိုက်ပေပြီ...
အဖေရီသည် သူ့ရင်ထဲ၌ ပျော်ရွှင်မှုတို့ ပြည့်လျှံလို့လာခဲ့သည်...
" အဲ့၁၀မီလီယံကို ဘယ်သူက ပေးတာတဲ့လဲ?? လုပေရွှမ်းလား?? "
" မဟုတ်ဘူး " အဖေရီက ခေါင်းခါ၍ ဆိုလိုက်လေ၏။ " ကုမ္မဏီက မန်နေဂျာပြောပုံအရ အဲ့သူက လုကော်ပိုရေးရှင်းက မဟုတ်ဘူးတဲ့ "
" အဲ့ဒါဆို ဘယ်သူလဲ? "
" ငါလည်း မသိဘူး... အဲ့လူက မနက်ဖြန်ကြရင် ရုံးမှာ တွေ့ဖို့ ပြောတယ်တဲ့ "အဖေရီသည် ထိုသို့ဆိုရင်း သူ့မျက်ဝန်းတို့ ပို၍ပို၍ တောက်ပလာခဲ့လေတယ်...
" မိန်းမရေ ငါတို့ ဒေဝါလီခံစရာ မလိုတော့ဘူးကွ "
ထိုအခါ အမေရီ၏မျက်နှာတွင် ပျော်ရွှင်မှုတို့တစ်စ တစ်စ ပေါ်လာခဲ့ပြီ " ဟုတ်တာပေါ့.. ဒေဝါလီမခံရရုံတင် မဟုတ်ဘူး... လုပေရွှမ်းဆိုတဲ့အကောင်ကို ရှင့်ပရောဂျက် ဘယ်လောက် အောင်မြင်ပြီး အကျိုးအမြတ် ဘယ်လောက်များများရတယ်ဆိုတာပါ ချပြလို့ရပြီလေ "
" ဟုတ်တယ်... ငါ့ပရောဂျက်ကို အထင်သေးထားတဲ့လုပေရွှမ်းဆိုတဲ့အကောင်!! ငါ့ပရောဂျက်လို့ အမြတ်များများရတဲ့ရင်းနှီးမှုကို လက်လွှတ်လိုက်ရလို့ သူ့ကိုယ်သူ အပြစ်တင်သွားစေရမယ် " အဖေရီဟာ သူ့ရဲ့တောက်ပလာတော့မယ့်အနာဂါတ်ကို တွေးရင်း ဘဝင်ခိုက်လို့ နေလေတယ်....
💙💙💙💙💙💙