Because of love🖤[ Completed ]

By KhaingMyat0

189K 8.1K 142

ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးသာဖစ်သည်။ #Yami✍🏻 #2021 ဇာတ္လမ္းပါအေၾကာင္းအရာမ်ားသည္ စာေရးသူ၏စိတ... More

𝐈𝐧𝐭𝐫𝐨
Because of love🖤(Chapter1)
Because of love🖤(chapter2)
Because of love🖤(Chapter3)
Because of love🖤(Chapter4)
Because of love🖤(Chapter5)
Because of love🖤(Chapter6)
Because of love🖤(Chapter7)
Because of love🖤(Chapter 8)
Because of love🖤(Chapter 9)
Because of love🖤(Chapter10)
Because of love🖤(Chapter11)
Because of love🖤(Chapter12)🌚
Because of love🖤(Chapter13)
Because of love🖤(Chapter14)
Because of love🖤(Chapter 15🚨🚨)
Because of love🖤(Chapter16)
Because of love🖤(Chapter17🚨🚨)
Because of love🖤(Chapter 18)
Because of Love🖤(Chapter 19)
Because of Love🖤(Chapter20)
Because of love🖤(Chapter 21)
Because of love🖤(Chapter 22)
Because of love🖤(Chapter23🚨🚨)
Because of love🖤(Chapter24🚨🚨)
Because of Love🖤(Chapter 25)
Because of Love🖤(Chapter26)
Because of Love🖤(Chapter27)
Because of Love🖤(Chapter28)
Because of Love🖤(Chapter 30)
Because of Love🖤( Chapter31 )
Because of Love🖤(Chapter 32🚨🚨)
Because of Love🖤(Chapter 33)
Because of Love🖤( Chapter 34 )
Because of Love🖤( Chapter35🚨🚨 )
Because of Love🖤( Chapter36 )
Because of Love🖤( Final 👨‍❤️‍👨 )

Because of love🖤(Chapter29)

3.2K 157 0
By KhaingMyat0

Unicode//

အခုဆိုရင် ရှင်းနဲ့ကိုကိုနဲ့ချစ်သူဖစ်တာကို ကိုကို့မေမေရော ကိုကို့ဖေဖေရော တစ်မိသားစုလုံးသိပီးဆိုတော့ ရှင်းစိတ်ထဲကပူပန်နေတဲ့အလုံးကြီးကျသွားပီ..။

ကိုကို့ဖေဖေက ရှင်းကိုသဘောမကျဘူးထင်ထားပေမယ့်လည်း ရှင်းထင်တာနဲ့တခြားစီပင် ရှင်းကိုအိမ်ကိုလည်းခနခနလာလည်ဖို့လည်းခေါ်ပီး ရှင်းကိုလည်း အရမ်းချစ်တယ်လေ..။

ကိုကို့ဖေဖေနဲ့မေမေက အရမ်းဖော်ရွေပီး ရှင်းကိုလည်း အရမ်းချစ်ကြတာ ရှင်းရဲ့မိဘအရင်းတွေလိုပင်..။

ရှင်းကိုလက်ခံပေးရုံတင်တောင်မဟုတ် သားအရင်းတစ်ယောက်လိုလဲ ဂရုစိုက်ပေးတာကြောင့် ရှင်းအရမ်းပျော်ရသလို မိဘတွေကိုတောင် ​ပြန်သတိရမိတယ်..။

ရှင်းကိုကိုနဲ့ချစ်သူတွေဖစ်ရလို့ အရမ်းပျော်တယ်..။ ကိုကိုက ရှင်းကိုချစ်ပေးတဲ့အပြင် ကိုကို့မိသားစုကလည်း မိသားစုလေးထဲကို နွေးနွေးထွေးထွေး ကြိုဆိုတာကြောင့် ရှင်းအရမ်းပျော်တယ် ပြောပြမတတ်အောင်ပေါ့..။

ကိုကိုကတော့ တကယ့်ကိုအကောင်းဆုံးဘဲလေ..။

ရှင်းကိုကိုအလုပ်သွားတဲ့ အချိန်တွေဆိုရင် တရက်တလေ ကိုကို့မိဘတွေရဲ့အိမ်မှာ သွားပီး ကိုကို့မေမေနဲ့တူတူအချိန်ဖြုန်းတတ်သည်..။ ကိုကိုကလည်း ခွင့်ပြုပါတယ် ရှင်းကိုတစ်ယောက်ထဲ ထားခဲ့တာထက်ဆိုင်ရင် mummyတို့နဲ့ ချန်ခဲ့တာက စိတ်ချရတယ်တဲ့လေ..။

အကိုYanကလည်း တစ်ခါတလေဆိုရင် ရှင်းနဲ့တူတူ ကိုကို့မေမေအိမ်မှာ လာဆော့ပေးပါသည်..။ ရှင်းကတော့ ပျော်နေရတာပေါ့..။

Roseကတော့ Jamesကုမ္ပဏီသွားရင် အမြဲတစ်ယောက်ထဲကျန်ခဲတာကြောင့် အပြင်တွေထွက်တတ်ပေမယ့်လည်း ကလေးလာလည်ကတည်းက အပြင်တောင်မသွားတော့ဘဲ ကလေးနဲ့အတူတူ အိမ်မှာဘဲ အချိန်ကုန်ဆုံးကြတာပေါ့..။

Roseကပန်းပင်လေးတွေ စိုက်ရတာကြိုက်ပီး ရှင်းကလည်း ဝိုင်းကူတာကြောင့် နှစ်ယောက်သားကတော့ အတော်လေးကိုအတိုင်အဖောက်ညီကာ အဖော်ဖစ်နေသည်..။

ကလေးက တချို့နေရာတွေမှာဆိုရင် တကယ်ရင့်ကျက်တဲ့ လူငယ်လေးလိုပင်..။ Williamကတော့ တကယ့်ချစ်စရာအကောင်းဆုံးသူလေးကို ပိုင်ဆိုင်ထားတာဘဲ..။

အပင်လေးတွေကို ရေလောင်းကာ ပေါင်းသင်းနေတဲ့ ရှင်းကိုကြည့်ပီး Roseအပြုံးကြီးကြီးပြုံးနေသည်..။ ကလေးက တကယ်ကိုအကုန်တတ်တာပါလေ အိမ်ရှင်မလေးလိုပေါ့..။

ရှင်းနောက်ပိုင်း Roseတို့နဲ့ အတော်လေးရင်းနှီးပီး တကယ့်မိသားစုလိုဖစ်လာတာကြောင့် Roseကိုဆို mummyလို့ခေါ်လာတတ်သည်..။

ကလေးလေးက Roseကို mummyလို့ ခေါ်တဲ့ အချိန်မျိုးမှာဆို Roseမှာ အသည်းတယားယားနဲ့ ချစ်နေရသည်..။

" mummyဒါလေးက ရှင်းဟိုးဘက်ရွေ့လိုက်ရမလား..''

နေရာသိပ်မကျဖစ်နေတဲ့ ပန်းအိုးလေးကိုကိုင်ကာ Roseကိုလှမ်းမေးနေတဲ့ အလှလေး..။

" ရတယ်ကလေး.. mummyနောက်မှ တစ်ယောက်ယောက်ကိုရွေ့ခိုင်းလိုက်မယ် အလေးကြီးမသယ်ပါနဲ့ကလေးလေးရယ်.. ''

ကလေးကို Roseမခိုင်းရက်ပါဘူး..။ ကလေးကလုပ်မယ်ထားအုန်း ကလေးဒီလိုတွေလုပ်နေတယ်သာ Williamသိကြည့်ပါလား နောက်တခါအိမ်ကိုမပို့ဘဲနေအုန်းမှာလေ..။

" ရပါတယ်..ရှင်းက အဲ့လောက်တော့အားရှိပါတယ်..''

" မလုပ်ပါနဲ့ကွယ်.. ကလေးလေးကရပေမယ့် ကလေးရဲ့လူကြီးက mummyတို့ကိုပြောနေပါဦးမယ်..သူ့အချစ်ကလေးကို ဒီလိုတွေခိုင်းနေပါတယ်ဆိုပီး..''

" ဟီး~''

Roseရဲ့အပြောကြောင့် ရှင်းမျက်လုံးလေးမှိတ်တဲ့အထိပြုံးလိုက်သည်..။ ကိုကိုကတော့ အဲ့လိုဘဲလေ.. ရှင်းကိုဘာမှကိုမလုပ်စေချင်ဘဲ အလှဘဲထိုင်ထားခိုင်းတာ..။

ရှင်းကလည်း အဲ့လိုအလှကိုထိုင်မနေတတ်တာ အလုပ်ကိုတစ်ခုမဟုတ်ရင် တစ်ခုကိုလုပ်ချင်နေတယ်လေ..။ လှုပ်လှုပ်ရှားရှားနေရတာက ရှင်းကို စိတ်သက်သာရာရစေတယ်လေ..။

ရှင်းနဲ့Roseတို့တွေ ဆက်ပီး ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်းကာ ဂရုတစိုက်နဲ့ လှလှပပလေးဖစ်အောင် လုပ်နေကြသည်..။

နေရောင်အောက်က အိမ်ရှင်မလေးနှစ်ယောက်ကတော့ ပန်းလေးတွေနဲ့အပြိုင်လှနေကြတာပေါ့..။

" တို့တွေလုပ်တာကြာနေပီးဘဲ.. နားရအောင်လေ.. ကိုယ်လက်သန့်ရှင်းလိုက်ဦးနော် ကလေးလေး..''

" ဟုတ်..''

Roseကိုပြုံးပြကာ အိမ်ထဲပြေးဝင်သွားတဲ့ ကလေးလေး..။

Williamတို့နဲ့မတူဘဲ ကလေးက Roseနဲ့အဖော်ရပီး ရင်းရင်းနှီးနှီးနေတတ်တာကြောင့် Roseအရမ်းကျေနပ်နေတာပေါ့..။ ကလေးအရမ်းချစ်တတ်တဲ့ Roseအတွက်ကတော့  အသက်ကြီးမှ ကလေးလေးတစ်ယောက်ရလိုက်တာဘဲလေ..။

____________________________________

အကိုKanက ရှင်းနဲ့ အားတဲ့အချိန်တိုင်း လာကစားတတ်တာကြောင့် ရှင်းနဲ့အရမ်းကိုရင်းနှီးတဲ့ အဖော်လည်းဖစ်နေတယ်..။ နှစ်ယောက်သားက အတိုင်အဖောက်လည်းညီလွန်းတာကြောင့် စကားပြောလည်းကောင်းတာပေါ့..။

ရှင်းဆီလာရင် တစ်ခါတလေဆိုရင် Kanက ဝိုင်ပုလင်းလေးတွေပါ ယူလာတတ်တာကြောင့် ရှင်းအကြိုက်ပင်..။

ကိုကိုသိရင် ဆူမှာမှန်း ရှင်းသိပေမယ့်လည်း ရှင်းကိုယ်တိုင်ကလည်း အရွယ်​ရောက်ပီးသားနဲ့ အရင်ကလည်း သောက်နေကြဖစ်တာကြောင့် နည်းနည်းလေးတော့ ​သောက်တာပေါ့..။

နည်းနည်းလေးသောက်ရုံနဲ့ ကိုကိုမဆူလောက်ပါဘူးလေ..။

အခုလည်း Kanနဲ့စကားပြောနေရင်းနဲ့ ရှင်းတို့ သောက်နေကြသည်..။ ကိုကိုနဲ့အကိုKanရဲ့ချစ်သူ စိတ်ထားကောင်းတဲ့အကိုကြီးနဲ့က ဘယ်လဲမသိဘူး အတူတူ ထွက်သွားတာကြောင့် ရှင်းကအကိုKanနဲ့နှစ်ယောက်ထဲ ကျန်ခဲ့တယ်လေ..။

" ထူးဆန်းတယ်လို့မထင်ဘူးလား ကလေး..''

ဝိုင်တစ်ခွက်ကိုမော့ချပီးနောက် Kanမှ စကားစလိုက်ခြင်း..။

" ဟင်.. ဘာကိုပြောတာလဲ?''

" အကိုကြီးတို့လေ.. အရင်ကတော့ မတည့်ဘူးလိုလိုနဲ့ အခုကျအပြင်တွေတူတူသွားလို့..''

" အင်း.. ''

Kan​ပြောတာကို ရှင်းခေါင်းလေးဖြေးဖြေးငြိမ့်ကာ ..ပြုံးပြုံးလေးနဲ့ထောက်ခံသည်..။

ကိုကိုတို့ စစတွေ့ချင်းကဆိုရင် ရန်မဖစ်ရုံတမယ်လေးဖစ်တာကြောင့် အဆင်မပြေဖစ်မှာကို စိုးရိမ်လိုက်ရတာ အခုလိုရုတ်တရက်ကြီး တည့်သွားတော့လည်း ထူးဆန်းတာပေါ့..။

ဒါမယ့် တစ်ဖက်ကစဥ်းစားကြည့်ပြန်ရင်လည်း အဲ့ဒါက ကောင်းတာပါဘဲလေ..။ အကိုKanလည်း နှစ်ဖက်ကြား နေရမခက်တော့သလို တစ်မိသားစုတည်းဆိုတော့ ပိုပီးတော့လည်း ရင်းနှီးတာပေါ့..။

Kanလည်း ဝိုင်နောက်တစ်ခွက်ထည့်ကာ သောက်လိုက်ပီး ဟိုတွေးဒီတွေးတွေးရင်း..

" ကိုယ်တို့ကိုဖုံးကွယ်ထားတာများရှိတာလားမသိ.. ''

Kanသံသယ ဝင်လည်း ဝင်ချင်စရာဘဲလေ..။ အဲ့နှစ်ယောက်က အခုတလော ဘယ်သွားမှန်းမသိ အမြဲတမ်းအတူတူလေ..။ Kanတို့ကိုလည်း ဘာမှမပြောကြဘဲ နှစ်ယောက်သားဘာတွေ လုပ်နေကြမှန်းကိုမသိဘူး..။

Kanရဲ့စကားအဆုံး ရှင်းမှာ..

" မဟုတ်လောက်ပါဘူး.. ကိုကိုတို့ရဲ့အလုပ်ကိစ္စဘဲဖစ်မှာပါ.. ကိုကိုတို့ကလုပ်ငန်းကြီးလုပ်နေတော့ ဆွေးနွေးစရာရှိလို့နေမှာပါ..''

သူ့လူကြီးကိုဆို တစ်စက်လေးတောင် သံသယမရှိတတ်တဲ့ ကလေးလေး..။ ကလေးက Kanထက်တောင် ပိုပီး နားလည်ပေးတတ်လွန်းတယ်..။

" ကလေးက အကိုကြီးကို.. အရမ်းယုံကြည်တာဘဲနော်..''

" ဟုတ်.. ''

Kanမေးတာကို စဥ်းတောင်မစဥ်းစားဘဲ ချက်ခြင်းကို ခေါင်းငြိမ့်ပီး ဖြေတဲ့ အသေးလေးကပြုံးပြုံးလေးနှင့်..။

အကိုကြီးချစ်တာလဲ မပြောနဲ့တော့လေ..။

" အင်းပါ.. အကိုကြီးကတော့ တကယ့်ကိုကံကောင်းတာဘဲ..''

" ဟီး~''

Kanရဲ့စကားကိုကြားတော့ ​ချစ်စရာကောင်းအောင်ရီတဲ့ကလေးလေး..။ ကလေးကချစ်စရာကောင်းလွန်းလို့ Kanတို့တောင်ချစ်တာ အကိုကြီးကတော့ သဲသဲလှုပ်နေမှာသေချာပါတယ်..။

Kanကတော့ ကလေးလိုမျိုး သဘောထားမကြီးနိုင်ပါ..။ တခြားကိစ္စထားဦး Bossကိုတခြားသူတွေနဲ့ တွဲမြင်ရင်တောင် Kanသဝန်တိုတာ..။ အရင်ကတော့ အဲ့လောက်မဟုတ်ပေမယ့်လည်း ချစ်လွန်းတော့လည်း ကိုယ့်လူကို ကိုယ့်တစ်ယောက်ထဲဘဲ ပိုင်ဆိုင်ချင်တာဘဲလေ..။

တချို့လူတွေက ပိုင်ရှင်ရှိမှန်းသိတာတောင် လုယူချင်နေကြတာလေ..။ လူကြီးလိုမျိုးပြီးပြည့်စုံတဲ့ လူကြီးကိုဆိုရင် ငမ်းငမ်းတက်ဖစ်နေမယ့် သူတွေကမနည်းဖစ်နေတာကိုယ့်လူကိုယ် စိတ်မချတာတော့ ဖစ်သင့်ပါတယ်..။

ဒါမယ့်လည်း ကလေးလိုမျိုး ချစ်ရသူအပေါ် လုံးဝယုံကြည်ပေးတာကတော့ ကောင်းပါတယ်..။ ဒီလိုစိတ်ထားမျိုးကိုတော့ ကလေးသာထားနိုင်တာ တခြားဒီလိုလူမျိုးကို Kanမတွေ့ဖူးခဲ့ဘူး..။

ကလေးကတော့လေ တကယ့်အဖိုးတန်လေးပါဆို..။

Kanသူ့အရှေ့က အသေးလေးကို ပြုံးကာကြည့်ပီး ချီးကျူးနေတော့သည်..။

____________________________________

ရှင်းအရင်ဦးဆုံး ရေချိုးပီးတာနဲ့ အဝတ်အစားတွေလဲလိုက်ပီး ညအိပ်ဝတ်စုံလေးကို သပ်သပ်ရပ်ရပ်ဝတ်စားလိုက်သည်..။

ရှင်းလည်း အဝတ်လဲပီးတာနဲ့ ကိုကို့ကိုစောင့်နေမယ်ဆိုပီး မွှေ့ယာပေါ်မှာ ထိုင်မလားလို့ ကုတင်ပေါ်အလာ..

တီတီ..

ရှင်းသွားနေတုန်း စားပွဲပေါ်တင်ထားတဲ့ ဖုန်းရဲ့အသံလေးကြားတာနဲ့ ရှင်းလည်း သွားနေတာကို ပြန်လှည့်ကာ စားပွဲပေါ်က ဖုန်းလေးဆီဦးတည်သွားလိုက်သည်..။

​ဖုန်းဝင်တာက ရှင်းရဲ့ဖုန်းဆီက ဖြစ်တာကြောင့် ရှင်းလည်း ရှင်းမိတ်ဆွေတွေထဲက ဆက်လာတာလားလို့ အထင်နဲ့ တတီတီမြည်နေတဲ့ ဖုန်းလေးကို ကောက်ကိုင်ကာ ကြည့်လိုက်တော့ ရှင်းတစ်ခါမှမမြင်ဖူးတဲ့ နံပါတ်လေးတစ်ခု..။

ရှင်းဖုန်းနံပါတ်ကို သေချာလေးကြည့်ကာ ကိုင်သင့်မကိုင်သင့်စဥ်းစားနေသည်..။

တတီတီမြည်နေတဲ့ ဖုန်းလေးကိုကြည့်ပီး ရှင်းသေချာစဥ်းစားလိုက်ပီးနောက်..

" hello..''

ဘယ်သူမှန်းမသိပေမယ့်လည်း ရှင်းဆီကို လာတဲ့ဖုန်းဖစ်ပီး ရှင်းနဲ့သိတဲ့ တစ်စုံတစ်ယောက်လည်း ဖစ်နိုင်တာကြောင့် ပြန်ပီးဖြေကြားလိုက်သည်..။ တကယ်လို့ သူစိမ်းဆိုရင်လည်း ရှင်းတစ်ခုခုရှင်းပြပီး ချပစ်လိုက်လို့လည်းရတယ်လေ..။

' ရှင်း.. မင်းက ရှင်းရှင်း မဟုတ်လား..''

' ဟင်.. ဟုတ်ကဲ့.. ဘယ်သူများလဲမသိ..'

တစ်ဖက်က ကောင်လေးတစ်ယောက်ရဲ့အသံဖစ်ပီး ရှင်းရဲ့အရင်အိမ်နာမည်ကိုပြောနေတာကြောင့် ရှင်းလည်း တစ်ဖက်က လူကိုဘယ်သူလဲလို့မေးလိုက်ရသည်..။

အဓိက ကတော့ ​ထိုကောင်လေးက မြန်မာလိုပြောနေတာကြောင့် ရှင်းအသိတွေထဲက ဘယ်သူများလဲလို့ ရှင်းသိချင်နေသည်..။

' ရှင်း..ငါ့ကိုမမှတ်မိဘူးလား..ငါလေ ယံယံလင်းလေ..'

' ဟင်..ယံယံလား!'

တစ်ဖက်က သူရဲ့နာမည်ကြားတာနဲ့ ရှင်းမယုံနိုင်လောက်အောင်ကို အံ့သြသွားရသလို တစ်ချိန်ထဲမှာဘဲ အရမ်းပျော်သွားသည်..။

ရှင်းရဲ့ အံ့သြစွာ ရင်းရင်းနှီးနှီးခေါ်သံလေး အဆုံး.. တစ်ဖက်ကကောင်လေးကလည်း..

' အင်းး.. ရှင်းမှတ်မိလို့တော်ပါသေးတယ်.. စကားပြောလို့ရမလား ရှင်း..အချိန်ရလား..'

' အင်းရတယ်..'

တခြားတစ်ယောက်နဲ့ ဖုန်းပြောတာကို ကိုကိုသာသိရင် စိတ်ဆိုးမှာအသေအချာပင်..။

ရှင်းလည်း မဆက်သွယ်တာကြာတဲ့ သူငယ်ချင်းနဲ့ ဆက်သွယ်နေတာဖစ်တာကြောင့် စကားပြောချင်တာတော့အမှန်..။ ကိုကိုကလည်း အခုမှအထဲဝင်သွားတာကြောင့် ခနလောက်တော့ အချိန်ရှိပါတယ်..။

ရှင်းလည်း ယံယံနဲ့ အေးဆေးစကားပြောလို့ရအောင် အပြင်ထွက်လာလိုက်ပီး ခြံထဲကိုဆင်းလာလိုက်သည်..။

ရှင်းအထဲမှာ မပြောတာကလည်း ကိုကိုရုတ်တရက်ထွက်လာရင် ရှင်းတစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတာကိုသာသိရင် စိတ်တိုမှာသိတယ်လေ..။

ရှင်းဖုံးကွယ်ချင်လို့ လားဆိုရင် မဟုတ်ပါ..။ ရှင်းက ဒီတိုင်းကိုကို့ကို စိတ်မဆိုးစေချင်ရုံပါဘဲ..။

ရှင်းသိပ်ပီးမတွေးတော့ဘဲ ဖုန်းအေးဆေးပြောရအောင် ခြံထဲထွက်လာလိုက်သည်..။

' ရှင်း..မင်းNew Yorkကိုထွက်သွားတယ်ဆို..

' အင်း..'

' ငါမင်းအရင်အိမ်မှာသွားရှာတာမင်းမရှိတော့လို့ ငါဘယ်လောက်တောင်ရှာလိုက်ရလဲသိလား..'

ယံယံလင်းက ရှင်းရဲ့ငယ်သူငယ်ချင်းဖစ်ပီး ငယ်ငယ်ကတည်းက အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းအရင်းကြီးပင်..။

ယံယံလင်းနဲ့ ရှင်းနဲ့က သေးသေးလေးကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့သူငယ်ချင်းအရင်းကြီးဖစ်ပီး ရှင်းအတွက်တကယ်ကို အားကိုးခဲ့ရတဲ့ ရှင်းရဲ့သူရဲကောင်းသူငယ်ချင်းကြီးပေါ့..။

သူက အထက်တန်းကတည်းက ကိုးရီးယားကိုပြောင်းသွားပီး အဲ့အထိက အဆက်အသွယ်ရှိသေးပေမယ့်လည်း ရှင်းရဲ့မေမေတို့ဆုံးသွားကတည်းက ရှင်းအရမ်းစိတ်ထိခိုက်ပီး သူကလည်း တစ်နေရာပီးတစ်နေရာပြောင်းနေတာနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ အခုနဲ့ဆိုရင် လေးနှစ်ကျော်ငါးနှစ်လောက်တောင်ရှိခဲ့ပီ..။

သူက ရှင်းပေါ်တကယ်သူငယ်ချင်းကောင်းပီသတဲ့ တစ်ဦးတည်းသောသူပင်..။ မိဘချင်းကလည်း ရင်းနှီးပီး ငယ်ပေါင်းဆိုတော့ ရှင်းနဲ့လည်းအရမ်းခင်သည်..။

ရှင်းက ရှင်းရဲ့ဘဝအတွက် ရုန်းကန်နေတာနဲ့တင် သူနဲ့အဆက်အသွယ်ပြတ်ပီး သူကလည်း သူ့အလုပ်နဲ့သူဆိုတော့ ရှင်းမဆက်သွယ်မိခဲ့..။

အခုတော့ သူ့ဘက်က ရုတ်တရက်ကြီးဆက်သွယ်လာတာကြောင့် ရှင်းဝမ်းသာသည်..။ သူက ရှင်းကိုမမေ့သေးတဲ့ မွေးရပ်မြေက တစ်ဦးထဲသော ရှင်းချစ်ရတဲ့​သူငယ်ချင်းလေ..။

' ရှင်း.. မင်းအခုအဆင်ရောပြေရဲ့လား..ငါလွန်ခဲ့တဲ့တစ်လကမြန်မာပြည်ကိုပြန်ရောက်တာ မင်းအရင်အိမ်ကိုသွားရှာတာမတွေ့လို့..ပီးရင်မင်းရဲ့အရင်ဖုန်းနံပါတ်ကလည်း ဆက်လို့မရဘူး..'

' အင်း.. ငါဘွဲ့ရပီးတာနဲ့ New Yorkမှာ အလုပ်လာလုပ်နေတာလေ..အလုပ်တွေရှုပ်နေလို့ မင်းကိုမဆက်သွယ်မိတာပါ..'

' ဟူး~ထားပါ..အခုရောအဆင်ပြေရဲ့လား..ငါမင်းမိဘတွေအကြောင်းလဲကြားတယ်..ငါအဲ့တုန်းကပြန်လာမယ်လုပ်တာဘဲ..ဒါမယ့်..'

ယံယံစိတ်မကောင်းဖစ်မှာရှင်းသိပါတယ်..။ ယံယံမိဘတွေနဲ့ ရှင်းမိဘတွေကလည်း အရမ်းခင်ပီး တစ်အိမ်နဲ့တစ်အိမ်ကလည်း မိသားစုအရင်းတွေလိုဖစ်တာကြောင့် ယံယံလည်း စိတ်မကောင်းဖစ်နေမှာအမှန်ဘဲလေ..။

ရှင်းမေမေတို့က အရမ်းအလုပ်များတော့ အားနည်းပီး ကြောက်တတ်တဲ့ ရှင်းကို သူငယ်ချင်းဖစ်တဲ့ယံယံလင်းဆီအကူအညီတောင်းကာ အမြဲအပ်ထားတတ်တယ်..။

ယံယံက ရှင်းအတွက်တော့ အဖိုးအတန်ဆုံး သူငယ်ချင်းပါ..။

' ယံယံ..! အဲ့ဒါကရုတ်တရက်ဆိုတာငါသိပါတယ်.. ငါ့အတွက်စဥ်းစားပေးလို့လည်းကျေးဇူးတင်ပါတယ်..ဒါမယ့်မင်းတောင်းပန်စကားမပြောရင်ကောင်းမယ်..ပီးရင်အဲ့ဒါကအတိတ်မှာ ဖစ်ပီးခဲ့ပီးလေ..'

ရှင်းကိုဆို အမြဲတမ်း ကြည့်ပေးတတ်တဲ့သူငယ်ချင်းက ဘာပြောတော့မလဲဆိုတာ ရှင်းသိတာကြောင့် သူမပြောခင်တားလိုက်သည်..။

အတိတ်မှာ ဖစ်ပျက်ပီးခဲ့တဲ့ ကိစ္စတွေကို အပစ်မရှိတဲ့ ယံယံက တောင်းပန်ရင် ရှင်းကိုနေရခက်စေမှာအမှန်ပင်..။ ရှင်းကိုမမေ့ပျောက်ဘဲ နားလည်ပေးတာနဲ့တင် ရှင်းကျေးဇူးတင်နေပါပီး..။

ယံယံနဲ့မဆက်သွယ်ရတာကြာပီး ဖစ်တာကြောင့် ရှင်းလည်း သူ့ရဲ့အကြောင်းအနည်းငယ်နဲ့ ယံယံလင်းအကြောင်းတွေကိုမေးပီး စကားအနည်းငယ်ရှည်သွားသည်..။

ရှင်းမှာ မွေးရပ်မြေက ခင်မင်တဲ့သူဆိုလို့ ယံလင်းတစ်ယောက်ဘဲရှိတာကြောင့် အရမ်းခင်ပီးသံယောဇဥ်လည်း ရှိတယ်လေ..။

ရှင်း စကားကောင်းနေတာနဲ့တင် အချိန်ကိုမေ့သွားပီး အပြင်မှာဘဲ ရပ်ကာ ရီမောပီး သူငယ်ချင်းဖစ်သူနဲ့ စကားတွေပြောနေတော့တာပေါ့..။

_

" ကလေး..''

" ... ''

" ကလေးလေး..''

" ... ''

Williamခေါ်နေတာ ဘယ်နှကြိမ်တောင်ရှိနေမှန်းမသိ ပြန်ထူးတဲ့အသံသေးသေးလေးတောင်မကြားရ..။

ရေအရင်ချိုးပီးလို့ ကိုကို့ကို စောင့်နေမယ်ပြောပီး ကလေးလေးက အခုဘယ်ပျောက်လို့ပျောက်မှန်းမသိ..။

ကလေးကခါတိုင်းဆိုရင် William ခေါ်ရင်လည်း သုံးခွန်းမြောက်က အလွန်ဆုံးဘဲ ပြန်ထူးတတ်သည်..။ အခုတော့ အချစ်ရဆုံးလေးဆီက တုံ့ပြန်သံသေးသေးလေးတောင်မကြားတာကြောင့် Williamစိတ်ပူနေရသည်..။

ကလေးက Williamကိုစဖို့ ပုန်းတက်တာတို့ရှိပေမယ့်လည်း အခုကမတူ...။

" ကလေး..!''

Williamမှာအပေါ်ထပ်တစ်ခုလုံး နှံ့နေအောင်ရှာပီးတာနဲ့ အောက်ထပ်ကိုအပြေးဆင်းလာကာ ချစ်ရဆုံးလေးကို ရှာတော့သည်..။

" ကလေး..!''

ဧည့်ခန်းထဲမှာ ကာတွန်းကားများကြည့်နေတာလားဆိုတဲ့ စိတ်နဲ့ကြည့်ပေမယ့်လည်း မတွေ့ပြန်..။ Williamအောက်ထပ်မှာရှိတဲ့ ကလေးပုန်းနေကျအခန်းလေးတွေနဲ့ ထမင်းစားခန်းအထိပါ ရှာပေမယ့်လည်း ကလေးလေးရဲ့အရိပ်လေးတောင်မတွေ့ရ..။

ရှင်းအိမ်ပြင်ထွက်သွားတယ်ဆိုတာကိုတော့ Williamသတိမထားမိ..။ ဘာလို့လဲဆိုရင် ဆောင်းတွင်းကရောက်လာတာကြောင့် ကလေးကို ညပိုင်းဆိုရင် Williamအပြင်ပေးမထွက်ဘူးလေ..။

ကလေးက နည်းနည်းအအေးမိတာနဲ့ ဖျားတာကြောင့် Williamသေချာလေးဂရုစိုက်နေရတာပေါ့..။ အချစ်လေးက သူ့စကားကို ဆန့်ကျင်ပီး ထွက်သွားမယ်လို့လဲ Williamမထင်ထားဘူးလေ..။

" Emma..''

" ... ''

" Emma! ဘယ်တွေရောက်ကုန်ပီးလဲ..''

Williamမှာ ကလေးကိုရှာမတွေ့တာကြောင့် ဒေါသတွေက အလိုလိုထွက်လာပီး သူခေါ်တာကိုတောင် ဘယ်သူမှပြန်မထူးတာကြောင့် အသံကမာသထက်မာလာတော့သည်..။

" ဟုတ်ကဲ့.. boss''

Williamရဲ့ဒေါသတကြီးအော်သံကြားတာနဲ့ အနောက်ခြံထဲကပြန်လာတဲ့ Emmaတို့မှာလည်း အလန့်တကြားနဲ့ သူတို့bossရဲ့ဒေါသကိုသိတာကြောင့် အမြန်ရောက်လာတော့သည်..။

" ကလေးရော.. ''

Emmaအနောက်ခြံမသွားခင်က အိမ်ပေါ်ထပ်ကနေပြေးဆင်းလာပီး ခြံထဲဆင်းသွားတဲ့ ရှင်းကို သတိထားမိလိုက်တာကြောင့် ​Williamကိုပြောမလို့ပြင်လိုက်သည်..။

Emmaတောင် သခင်လေးကိုတားမလို့ပါဘဲ ဒါမယ့် ညစာကလည်းပြင်လက်စဆိုတော့ ရုတ်တရက် သတိလက်လွတ်ဖစ်သွားခဲ့ရသည်..။ Bossသာသိရင်တော့ မလွယ်လောက်ဘူး..။

Emmaလည်း ​ ဖြေသင့်မဖြေသင့်စဥ်းစားပီးနောက် Bossကိုကြည့်တော့လည်း ဘယ်ချိန်ထပေါက်မလဲမသိတဲ့ ဗုံးလိုဖစ်နေတာ​ကြောင့် မြင်တဲ့အတိုင်းပြောမလို့ပြင်လိုက်သည်..။

" သခင်လေးက ခြံ.. ''

" ကိုကို..''

Emmaဖြေတာတောင်မပီးသေး အနောက်ကနေကုပ်ကုပ်လေးနဲ့ ရောက်လာတဲ့ Williamရဲ့အချစ်ကလေး..။

ကလေးရဲ့ အသံသေးသေးလေးကြားတာနဲ့ Williamမှာ ချက်ခြင်းကို အနောက်လှည့်ပီး ချစ်ရသူလေးဆီ တန်းသွားကာ..

" ကလေးဘယ်တွေသွားနေတာလဲ? ဘာလို့ကိုယ့်ကိုဘာမှမပြောသွားတာလဲ?ကိုယ်ဘယ်လောက်တောင်စိတ်ပူနေလဲသိလား..?''

ဘယ်တွေရောက်နေမှန်းမသိဘဲ အခုမှ ​အပြင်ကနေပြန်ရောက်လာတဲ့ ချစ်သူကိုWilliamမှာ ဘယ်လောက်တောင် စိုးရိမ်နေရလဲ..။

ကလေးက ဘာမှလည်းမပြောဘဲ ထွက်သွားတာကြောင့် စိတ်တွေတိုကာ ကလေးရဲ့ပုခုံးကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ မေးခွန်းတွေများနေတော့သည်..။

ရှင်းကို စိုးရိမ်ကာ စိတ်တိုတိုနဲ့မေးနေတဲ့ ကိုကို့ရဲ့ မေးခွန်းတွေကိုဘရှင်းဘယ်ကစဖြေရမလဲတောင်မသိ..။ ရှင်းစကားပြောမှားရင်တော့ ကိုကိုစိတ်တိုမှာ သေချာတယ်..။

ဒီလိုဆိုတိုင်လည်း ရှင်းညာပြောမယ်လို့ မဆိုလိုပါ..။

" ရှင်းကဒီတိုင်း.. သူငယ်ချင်းတစ်ယောက်ဆီကဖုန်းရလို့အပြင်မှာလေကောင်းလေသန့်ရှုရင်းနဲ့ စကားခနလောက် ပြောနေတာပါ..''

" ကိုယ့်ကိုမညာနဲ့နော်..''

" ရှင်းမညာပါဘူး..''

ကလေးပြောနေတဲ့ပုံလေးက ညာနေတယ် မထင်ရပေမယ့်လည်း Williamစိတ်ထဲမှာတော့ တစ်မျိုးပင်..။

ကလေးဖုန်းပြောတာကို အပစ်မပြောပေမယ့်လည်း ဘာလို့ Williamမသိအောင် အပြင်မှာသွားပြောတာလဲဆိုတာကို Williamစိတ်ထဲအလိုမကျ..။

ကလေးကိုကြည့်ရသလောက်တော့လည်း Williamကိုအမှန်အတိုင်းပြောနေတယ့်အတိုင်းပင်..။ Williamကိုကလေးက ညာရင်တောင် Williamချက်ခြင်း ကလေးညာရင် ချက်​ခြင်း ရိပ်မိသေးသည်..။ အခုက သိပ်ပီး တစ်ခုခုကို Williamစိတ်ထဲအလိုမကျဖစ်နေသည်.။

ကလေးကို သံသယမဝင်ချင်ပေမယ့်လည်း ကိုယ်ဘယ်လိုလုပ်ရမလဲဆိုတာတောင်မသိတော့ဘူး..။ ဘာမှဖုံးကွယ်ထားစရာမရှိရင် ဘာလို့ ကိုယ့်ကိုရှောင်ပီး ထွက်သွားရတာလဲကွာ..။

ကိုယ့်ကို လှိမ့်ပီး စကားလွှဲကြောင်းလွှဲလောက်တဲ့အထိ အဲ့ကောင်ကအရေးကြီးလားကလေး.. ကလေးနဲ့စကားပြောတဲ့ ကောင်ကို ကိုယ်သိချင်တယ်..။ ဘယ်လောက်တောင် အရေးကြီးလို့ ကိုယ့်ကိုတောင် ရှောင်ပီး ကိုယ့်စကားကိုလွန်ဆန်ပီး ကိုယ်မသိအောင်ပြောရတာလဲကွာ..။

ဘာတွေပြောနေလို အကြာကြီးအချိန်ယူနေရတာလဲ ၊ ဘာတွေအရေးကြီး ကိစ္စရှိနေလို့လဲ ကိုယ့်သိချင်တယ် ကလေးရာ..။

" ကိုကို..''

ရှင်းခေါ်နေတာ သုံးခွန်းမြောက်မှာမှ သတိပြန်ဝင်လာတဲ့ ကိုကို..။

ကလေးညာရင်တောင် Williamဖော်ထုတ်လို့ရသေးတယ်..။ အခုက ကလေးသွားတာက Williamရေချိုးခန်းထဲဝင်ပီး ကလေးကိုပြန်ရှာတဲ့အချိန်နဲ့ဆိုရင် နာရီဝက်လောက်ရှိတယ်..။

ပီးရင် အပြင်မှာလည်းဒီလောက်တောင်အေးနေတာကို အချစ်ကလေးက အပြင်ခံပါးပါးလေးဝတ်ထားတာကြောင့် ကလေးဖျားနာမှာစိုးနေရတယ်လေ..။

ကလေးက အကြောင်းမရှိဘဲနဲ့တော့ ဒီလိုလုပ်မှာ မဟုတ်လောက်..။ သေချာပေါက် Williamကိုဖုံးကွယ်ထားတာရှိကိုရှိရမယ်..။

Williamမှာ စိတ်ထဲအလိုမကျဘဲ စိတ်တိုနေပေမယ့်လည်း စိတ်ကိုအတက်နိုင်ဆုံးထိန်းကာ..

" ကလေးလေး..အထဲမှာဘဲစကားပြောလို့ရပါတယ်..အပြင်မှာလည်းအရမ်းအေးနေတာကို အနွေးထည်တောင်မဝတ်ထားဘဲနဲ့အပြင်ထွက်သွားတာ.. ကလေးဖျားရင်ဘယ်လိုလုပ်မလဲ..''

" ရှင်းကမဖျား..ဟက်ချို! ..''

ကလေးက နဂိုကတည်းက ခန္ဓာကိုယ်အားနည်းတာ အပြင်မှာ လေစိမ်းတိုက်ပီး ရာသီဥတုအေးပုံနဲ့ဆို ကလေးဖျားနာမှာ သေချာနေပီးလေ..။

" Emmaဆန်ပြုတ်ပြုတ်ထား.. ''

" ဟုတ်ကဲ့boss..''

William ဘေးနားမှာရပ်နေတဲ့ Emmaကိုအမိန့်ပေးပီးနောက် အရှေ့မှာ ကျုံ့ကျုံ့လေးရပ်နေတဲ့ ကလေးရဲ့ကိုယ်လုံးလေးကိုဆွဲပွေ့လိုက်သည်..။

" ကိုကိုရှင်းလမ်းလျောက်နိုင်ပါတယ်..''

" ငြိမ်ငြိမ်လေးနေ..''

Williamစိတ်တိုနေတာကြောင့် အသံက ပုံမှန်မဟုတ်ပေမယ့်လည်း ချစ်ရသူလေးကိုပြောတာဖစ်တာကြောင့် မအော်မိအောင်ထိန်းထားရပီး အေးစက်စက်ဖစ်နေသည်..။

Williamအရင်ကစိတ်အတိုင်းဆိုရင် ဒေါသတွေထွက်ကာ ပေါက်ကွဲပစ်လိုက်အမှန်..။ ဒါမယ့် Williamမလုပ်ပါ Williamအဲ့လိုလုပ်ရင် ကလေးက ကြောက်ပီး Williamကို ဘာမှပြောတော့မှာမဟုတ်မှန်း Williamသိတယ်..။

အဲ့ဒါကြောင့် စိတ်ကို အတက်နိုင်ဆုံးလျော့ပီး ချစ်ရသူလေးကို ပြောရတာပေါ့..။ ဒါမယ့်လည်း Williamက နဂိုကတည်းက စိတ်ကိုထိန်းချုပ်ရခက်တဲ့ လူစားမျိုးဖစ်တာကြောင့် အနည်းငယ်တော့ အေးစက်စက်ဖစ်နေသည်..။

ရှင်းသိလိုက်ပါသည်.. ကိုကိုရှင်းကို စိတ်တိုတော့မှာ သေချာနေပီးလေ..။ ကိုကိုက ရှင်းကို ညပိုင်းအပြင်မထွက်ဖို့သေချာမှာထားတာကို ရှင်းလည်း စကားပြောချင်ဇောနဲ့ဆိုတော့ ရုတ်တရက်သတိမထားမိလိုက်ဘူး..။

အစကတော့ ကိုကိုစိတ်ဆိုးမယ်ဆိုတာရှင်းသိလို့ အကြာကြီးမပြောဘူးလုပ်ပေမယ့်လည်း..တစ်ဖက်ကလည်း မဆက်သွယ်ရတာကြာပီးဖြစ်တဲ့ သူငယ်ချင်းဆိုတော့ စကားကောင်းပီး ရှင်းအချိန်ကိုသတိမထားမိဘူးလေ..။

ရှင်းကိုကို့ကိုလည်း မညာပါဘူး..။ ရှင်းတကယ် သူငယ်ချင်းနဲ့​ပြောနေလို့ အမှန်အတိုင်းဘဲပြောတာလေ..။ ဒါမယ့်ကိုကိုက ရှင်းကိုစိတ်ဆိုးသွားပီး ထင်ပါရဲ့..။

ရှင်းအပြင်မှာနေတာကြာသွားလို့ထင်သည်..တကိုယ်လုံးတောင် အေးစက်နေသည်..။ ဆောင်းရာသီကလည်းရောက်နေပီးဆိုတော့ ဒီမှာက အတော်လေးတော့အေးပီး ရုတ်တရက်ဆိုတော့ ရှင်းအပြင်ခံ ပါးပါးလေးဘဲဝတ်သွားခဲ့ရသည်..။

ကိုကိုက ရှင်းက်ိုစိတ်ဆိုးနေပေမယ့်လည်း ဂရုတော့စိုက်ပါတယ်..။

" ရှင်းကိုကို့ကိုမပြောဘဲ ထွက်သွားလို့တောင်းပန်ပါတယ်.. ကိုကိုစိတ်ဆိုးသွားလားဟင်..''

" ... ''

ရှင်းမေးတဲ့ မေးခွန်းကို ဘာမှပြန်မဖြေတဲ့ကိုကိုက အေးစက်ပီး ကျောက်ရုပ်ကြီးလိုပင်..။

ရှင်းတောင်းပန်ပါတယ် ကိုကို..။

__________________________________

ရှင်းအိပ်ရာက ထလာတော့ လူက မူးနောက်နောက်..။ ခေါင်းကလည်းအတော်လေးမူးနေပီး ကိုယ်လက်တွေ ​​အနည်းငယ်ကိုက်ခဲနေတာက အတော်လေးနေရထိုင်ရ ခက်ခဲစေသည်..။

ရှင်းအိပ်နေတဲ့ ဘေးက အိပ်ရာခင်းကိုကိုင်ကြည့်တော့လည်း အခင်းကအေးစက်စက်နဲ့ ဖစ်တာကြောင့် ရှင်းစိတ်ထဲမှာကိုကိုရှင်းကိုတကယ်ဘဲ စိတ်ဆိုးသွားတာများလားလို့ ထင်မိပီး စိတ်မကောင်းဖစ်မိသည်..။

ညကရှင်းကိုကို့ကို သေချာတောင်မရှင်းပြလိုက်ရဘဲ အဖျားကြောင့်အိပ်ပျော်သွားခဲ့တယ်..။ ကိုကိုလည်း ရှင်းမေးတဲ့ မေးခွန်းကိုလည်း မဖြေဘူး..။ ကိုကိုကတော့ ရှင်းကိုတကယ့ဘဲ စိတ်ဆိုးသွားပီး ထင်ပါတယ်..။

ကိုကိုက ရှင်းကိုအရမ်းချစ်မှန်းရှင်းသိပါတယ်... အဲ့လိုချစ်ပေမယ့်လည်း ကိုကိုကရှင်းကို သံသယရှိနေတယ်ထင်ပါတယ်..။

ကိုကိုထင်လည်းထင်ချင်စရာပါဘဲလေ ရှင်းက စကားကိုပွင့်ပွင့်လင်းလင်းသိပ်မပြောတတ်တာကြောင့် ကိုကိုရှင်းကို သံသယဝင်တာမဆန်းပါဘူးလေ..။

" ကိုကို..''

ရှင်း မထနိုင်ထနိုင်နဲ့ မရမကထကာ ရှင်းချစ်ရတဲ့လူကြီးကို ရှာနေမိသည်..။

ရှင်းကိုကို အမြဲရှိနေကျ စာကြည့်ခန်းလေးဆီ သွားကြည့်ပေမယ့်လည်း ကိုကို့ရဲ့အရိပ်ကလေးတောင်မတွေ့တာကြောင့် ဝမ်းနည်းမိသည်..။

ရှင်းရှာနေရင်းနဲ့ ခေါင်းတောင် နည်းနည်းမူးပီး တစ်ကိုယ်လုံးလဲ ကိုက်ခဲသလိုတောင် ခံစားနေရသည်..။ ဒါမယ့် အခုချိန်မှာ ရှင်းဂရုမစိုက်အား ရှင်းကိုကို့ကိုတွေ့ရဖို့က အရေးကြီးတယ်လေ..။

" ကိုကို.. ''

ရှင်းရှာတာ အပေါ်ထပ်နှံ့နေပီးဖစ်ပေမယ့်လည်း ကိုကို့ရဲ့အရိပ်လေးတောင်မတွေ့ဘဲ တိတ်ဆိတ်နေသည်..။ ကိုကို ဒီအချိန် ကုမ္ပဏီသွားလောက်တဲ့အချိန်ဖစ်ပေမယ့်လည်း ရှိမလားဆိုတဲ့အတွေးနဲ့ ရှင်းအောက်ထပ်ကိုမြန်မြန်ပြေးဆင်းလာလိုက်သည်..။

" ကိုကို..''

" .. ''

ဧည့်ခန်းထဲမှာလဲမရှိပြန်တာကြောင့် ရှင်းမှာတအိမ်လုံးကိုနှံ့အောင်ရှာနေတော့သည်..။ ရှင်းနေမကောင်းလို့ဘဲလားမသိ လူက စိတ်အားငယ်နေပီး အလိုလိုနေရင်းနဲ့ကို ဝမ်းနည်းနေမိသည်..။

အခုလောလောဆယ်တော့ ရှင်းမှာ ကိုကို့ကိုတွေ့ချင်တဲ့ စိတ်တစ်ခုသာရှိသည်..။

" ကိုကို..''

နောက်ဆုံးတော့ ရှင်းတွေ့လိုက်ရတဲ့ လူကြီးက ရှင်းတစ်ခါမှတောင်မတွေ့ဖူးခဲ့တဲ့နေရာမှာဖစ်တာကြောင့် ရှင်းအံ့သြပီး Williamရဲ့နောက်ကျောဆီ ပြေးဖက်ကာ မျက်ရည်လေးတွေပါဝိုင်းလာသည်..။

" ကလေးလေး..!''

ရုတ်တရက်ကြီး Williamဆီပြေးလာကာ နောက်ကျောကနေဖက်လိုက်တဲ့ကလေးလေးကြောင့် Williamလန့်သွားသည်..။

Williamရဲ့နောက်ကျောကနေ တင်းတင်းကြပ်ကြပ်ဖက်ကာ Williamရဲ့နောက်ကျောကိုခေါင်းလေးမှီကာ နေနေတဲ့ကလေးလေးက မူမမှန်သလိုပင်..။

Williamလည်း စိတ်ပူပူနဲ့ နောက်ကျောကို ဖက်ထားတဲ့ကလေးရဲ့ လက်လေးကိုကိုင်ကာ အရှေ့လှည့်လိုက်ပီး နှဖူးလေးကိုစမ်းကြည့်တော့ အဖျားကမကျသေးဘဲ တကိုယ်လုံးပူကျစ်နေတဲ့ အချစ်ကလေး..။

" ကလေးလေး.. ဘာလို့ဆင်းလာတာလဲကွာ နားနေတာမဟုတ်ဘူး..''

ကလေးရဲ့ လက်ကလေးတွေရော တကိုယ်လုံးကလည်း ပူကျစ်နေပီး ပါးလေးနှစ်ဖက်ပါနီရဲလာတာကြောင့် တစ်ခုခုဖစ်သွားမှာ စိုးရိမ်နေရတာပေါ့..။

" ကိုကို.. ဒီမှာ ဘာလုပ်နေတာလဲဟင်..''

" ကိုယ် ကလေးအတွက် ဆန်ပြုတ်လေးလုပ်ပေးနေတာလေ.. ''

ဒီနေ့မှဘဲ တိုက်တိုက်ဆိုင်ဆိုင် Emmaတို့ကလည်း အရေးကြီးကိစ္စနဲ့အိမ်ပြန်သွားတာကြောင့် အိမ်မှာ ကလေးနဲ့Williamနဲ့ နှစ်ယောက်ထဲသာရှိနေသည်..။

အဲ့ဒါကြောင့်လည်း Williamက အချစ်ကလေးစားဖို့အတွက် ကိုယ်တိုင် မီးဖိုချောင်ဝင်ပီး ပြင်ဆင်ပေးနေရတာပေါ့..။

ရှင်းကိုစိတ်ဆိုးတဲ့ အရိပ်အယောင်မပြဘဲ ပုံမှန်လိုဘဲ ချိုချိုသာသာလေးပြောတဲ့ကိုကို..။ရှင်း အခုမှဘဲ စိတ်အေးသွားရပီး ပြုံးနိုင်တော့သည်..။

" ကလေး..! "

ရှင်းစိတ်လျှော့လိုက်တာနဲ့ နဂိုကတည်းကလည်း နေထိုင်မကောင်းတာကြောင့် ခန္ဓာကိုယ်က ယိုင်သွားပီး ပြုတ်ကျတော့မလိုဖစ်သွားသည်..။

Williamမှာတော့ ကလေးရဲ့လဲကျလုမတတ် ခန္ဓာကိုယ်လေးကို စိတ်ကလည်းပူတာကြောင့် အမြန်ချီလိုက်ပီး အပေါ်ထပ်ဆီပြန်တက်လာတော့သည်..။

" ဘာဖစ်လို့လဲ အချစ်လေး..''

Williamအချစ်လေးကို မွေ့ယာပေါ်ချပေးမယ်လုပ်ပေမယ့်လည်း Williamကိုမလွှတ်ဘဲ တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ ကလေးလေး..။

" ကိုကိုရှင်းကိုစိတ်ဆိုးနေတာလားဟင်..''

" ကိုယ်ကဘာလို့စိတ်ဆိုးရမှာလဲ..''

" ဒါမယ့် ကိုကိုက မနေ့ကရှင်းမေးတာကိုလည်းမဖြေဘူး.. ရှင်းနဲ့တူတူလာမအိပ်ဘူးမလား..''

ကလေးလေးက ဒါကိုစိတ်ခုနေတာကိုး..။ ကလေးက မမှတ်မိဘူးထင်တယ်..။

မနေ့ညက ကလေးဖျားတာကြောင့် Williamဘဲ ဘေးနားမှာ နေကာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးခဲ့သည်..။ ကလေးက အဖျားရှိန်ကတအားပြင်းလွန်းလို့ ဆရာဝန်တောင်ခေါ်ခဲ့ရတာ ကလေးလေးမမှတ်မိဘူးထင်တယ်..။

Williamက တစ်ခုခုကိုစိတ်ခုနေပေမယ့်လည်း ကလေးကိုတော့ အထိခိုက်မခံဘဲ ဂရုစိုက်ပေးတယ်လေ..။

" ကလေးကတစ်ညလုံးအဖျားတတ်နေလို့ ကိုယ်မအိပ်ဘဲထိုင်စောင့်ပေးနေတာလေ.. ကိုယ်အိပ်လိုက်တဲ့အချိန် ကလေးလေးအဖျားတက်ပီးတစ်ခုခုဖစ်သွားရင်ဘယ်လိုလုပ်မလဲ..''

" ဟင်..''

Williamသေချာလေးပြောပြလိုက်တော့ အူကြောင်ကြောင်လေးနဲ့လန့်သွားတဲ့အချစ်လေး..။

" အဲ့ဒါဆို.. ကိုကိုရှင်းကိုစိတ်မဆိုးဘူးပေါ့နော်..''

Williamစိတ်ဆိုးမှာကိုတော့ ကြောက်တတ်တဲ့ကလေးလေး..။ ကလေးလေးက ဘယ်လောက်တောင် ဝမ်းနည်းသွားလဲမသိ မျက်ဝန်းတွင်လည်း မျက်ရည်လေးတွေဝိုင်းနေလို့ပင်..။

ကလေးကို Williamက ဘယ်လောက်တောင်ချစ်ရလဲ စိတ်ဆိုးတယ်ဆိုရင်တောင် ချစ်ရသူလေးကို မပစ်ထားရက်ပါဘူးလေ..။ ပီးရင် ကလေးက ဒီလိုလေးပြောနေတော့ Williamဘယ်လိုလုပ်စိတ်တိုနိုင်မှာလဲ..။

" သေချာတာပေါ့..ပြွတ် ကိုယ်ကလေးကို ဝမ်းနည်းစေမိလို့တောင်းပန်ပါတယ်နော်.. ကိုယ်က ကလေးကိုဘယ်လောက်တောင်ချစ်လဲဆိုတာ သိတယ်ဟုတ်..''

" အင်းး..''

ခရမ်းချဥ်သီးလေးလို နီရဲရဲဖောင်းဖောင်းလေးဖစ်နေတဲ့ ပါးမို့မို့လေးကို William အနမ်းပေးလိုက်ပီးနောက် မျက်ဝန်းထောင့်က မျက်ရည်စတို့ကို လက်မဖြင့် သုတ်ပေးကာ ကလေးကို ချော့မော့ နှစ်သိမ့်ပေးရသည်..။

ကလေးက နေမကောင်းတဲ့ အချိန်တွေဆိုရင် တအားစိတ်အားငယ်တတ်တာ William သိတယ်လေ..။

" ကိုယ်ခနနေရင် ဆန်ပြုတ်နဲ့ဆေးယူလာပေးမှာမလို့ သေချာလေးစားပီးရင်နားလိုက်တော့နော်..''

" ဟုတ်.. ''

တော်ပါသေးရဲ့ ကိုကိုရှင်းကိုစိတ်မဆိုးလို့..။ ကိုကိုစိတ်ဆိုးရင် ရှင်းလုံးဝမနေတတ်တာ အခုမှဘဲ စိတ်အေးရတော့တယ်လေ..။

🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡

[𝚅𝚘𝚝𝚎/𝙲𝚘𝚖🧡✨]

#𝚈𝚊𝚖𝚒
#2021 𝙰𝚞𝚐🧡

>>>>>>>>>>>>>>>>>>>>>>>>>>>>>

Zawgyi //

အခုဆိုရင္ ရွင္းနဲ႕ကိုကိုနဲ႕ခ်စ္သူဖစ္တာကို ကိုကို႔ေမေမေရာ ကိုကို႔ေဖေဖေရာ တစ္မိသားစုလုံးသိပီးဆိုေတာ့ ရွင္းစိတ္ထဲကပူပန္ေနတဲ့အလုံးႀကီးက်သြားပီ..။

ကိုကို႔ေဖေဖက ရွင္းကိုသေဘာမက်ဘဴးထင္ထားေပမယ့္လည္း ရွင္းထင္တာနဲ႕တျခားစီပင္ ရွင္းကိုအိမ္ကိုလည္းခနခနလာလည္ဖို႔လည္းေခၚပီး ရွင္းကိုလည္း အရမ္းခ်စ္တယ္ေလ..။

ကိုကို႔ေဖေဖနဲ႕ေမေမက အရမ္းေဖာ္ေ႐ြပီး ရွင္းကိုလည္း အရမ္းခ်စ္ၾကတာ ရွင္းရဲ႕မိဘအရင္းေတြလိုပင္..။

ရွင္းကိုလက္ခံေပး႐ုံတင္ေတာင္မဟုတ္ သားအရင္းတစ္ေယာက္လိုလဲ ဂ႐ုစိုက္ေပးတာေၾကာင့္ ရွင္းအရမ္းေပ်ာ္ရသလို မိဘေတြကိုေတာင္ ​ျပန္သတိရမိတယ္..။

ရွင္းကိုကိုနဲ႕ခ်စ္သူေတြဖစ္ရလို႔ အရမ္းေပ်ာ္တယ္..။ ကိုကိုက ရွင္းကိုခ်စ္ေပးတဲ့အျပင္ ကိုကို႔မိသားစုကလည္း မိသားစုေလးထဲကို ႏြေးႏြေးေထြးေထြး ႀကိဳဆိုတာေၾကာင့္ ရွင္းအရမ္းေပ်ာ္တယ္ ေျပာျပမတတ္ေအာင္ေပါ့..။

ကိုကိုကေတာ့ တကယ့္ကိုအေကာင္းဆုံးဘဲေလ..။

ရွင္းကိုကိုအလုပ္သြားတဲ့ အခ်ိန္ေတြဆိုရင္ တရက္တေလ ကိုကို႔မိဘေတြရဲ႕အိမ္မွာ သြားပီး ကိုကို႔ေမေမနဲ႕တူတူအခ်ိန္ျဖဳန္းတတ္သည္..။ ကိုကိုကလည္း ခြင့္ျပဳပါတယ္ ရွင္းကိုတစ္ေယာက္ထဲ ထားခဲ့တာထက္ဆိုင္ရင္ mummyတို႔နဲ႕ ခ်န္ခဲ့တာက စိတ္ခ်ရတယ္တဲ့ေလ..။

အကိုYanကလည္း တစ္ခါတေလဆိုရင္ ရွင္းနဲ႕တူတူ ကိုကို႔ေမေမအိမ္မွာ လာေဆာ့ေပးပါသည္..။ ရွင္းကေတာ့ ေပ်ာ္ေနရတာေပါ့..။

Roseကေတာ့ Jamesကုမၸဏီသြားရင္ အၿမဲတစ္ေယာက္ထဲက်န္ခဲတာေၾကာင့္ အျပင္ေတြထြက္တတ္ေပမယ့္လည္း ကေလးလာလည္ကတည္းက အျပင္ေတာင္မသြားေတာ့ဘဲ ကေလးနဲ႕အတူတူ အိမ္မွာဘဲ အခ်ိန္ကုန္ဆုံးၾကတာေပါ့..။

Roseကပန္းပင္ေလးေတြ စိုက္ရတာႀကိဳက္ပီး ရွင္းကလည္း ဝိုင္းကူတာေၾကာင့္ ႏွစ္ေယာက္သားကေတာ့ အေတာ္ေလးကိုအတိုင္အေဖာက္ညီကာ အေဖာ္ဖစ္ေနသည္..။

ကေလးက တခ်ိဳ႕ေနရာေတြမွာဆိုရင္ တကယ္ရင့္က်က္တဲ့ လူငယ္ေလးလိုပင္..။ Williamကေတာ့ တကယ့္ခ်စ္စရာအေကာင္းဆုံးသူေလးကို ပိုင္ဆိုင္ထားတာဘဲ..။

အပင္ေလးေတြကို ေရေလာင္းကာ ေပါင္းသင္းေနတဲ့ ရွင္းကိုၾကည့္ပီး Roseအၿပဳံးႀကီးႀကီးၿပဳံးေနသည္..။ ကေလးက တကယ္ကိုအကုန္တတ္တာပါေလ အိမ္ရွင္မေလးလိုေပါ့..။

ရွင္းေနာက္ပိုင္း Roseတို႔နဲ႕ အေတာ္ေလးရင္းႏွီးပီး တကယ့္မိသားစုလိုဖစ္လာတာေၾကာင့္ Roseကိုဆို mummyလို႔ေခၚလာတတ္သည္..။

ကေလးေလးက Roseကို mummyလို႔ ေခၚတဲ့ အခ်ိန္မ်ိဳးမွာဆို Roseမွာ အသည္းတယားယားနဲ႕ ခ်စ္ေနရသည္..။

" mummyဒါေလးက ရွင္းဟိုးဘက္ေ႐ြ႕လိုက္ရမလား..''

ေနရာသိပ္မက်ဖစ္ေနတဲ့ ပန္းအိုးေလးကိုကိုင္ကာ Roseကိုလွမ္းေမးေနတဲ့ အလွေလး..။

" ရတယ္ကေလး.. mummyေနာက္မွ တစ္ေယာက္ေယာက္ကိုေ႐ြ႕ခိုင္းလိုက္မယ္ အေလးႀကီးမသယ္ပါနဲ႕ကေလးေလးရယ္.. ''

ကေလးကို Roseမခိုင္းရက္ပါဘူး..။ ကေလးကလုပ္မယ္ထားအုန္း ကေလးဒီလိုေတြလုပ္ေနတယ္သာ Williamသိၾကည့္ပါလား ေနာက္တခါအိမ္ကိုမပို႔ဘဲေနအုန္းမွာေလ..။

" ရပါတယ္..ရွင္းက အဲ့ေလာက္ေတာ့အားရွိပါတယ္..''

" မလုပ္ပါနဲ႕ကြယ္.. ကေလးေလးကရေပမယ့္ ကေလးရဲ႕လူႀကီးက mummyတို႔ကိုေျပာေနပါဦးမယ္..သူ႕အခ်စ္ကေလးကို ဒီလိုေတြခိုင္းေနပါတယ္ဆိုပီး..''

" ဟီး~''

Roseရဲ႕အေျပာေၾကာင့္ ရွင္းမ်က္လုံးေလးမွိတ္တဲ့အထိၿပဳံးလိုက္သည္..။ ကိုကိုကေတာ့ အဲ့လိုဘဲေလ.. ရွင္းကိုဘာမွကိုမလုပ္ေစခ်င္ဘဲ အလွဘဲထိုင္ထားခိုင္းတာ..။

ရွင္းကလည္း အဲ့လိုအလွကိုထိုင္မေနတတ္တာ အလုပ္ကိုတစ္ခုမဟုတ္ရင္ တစ္ခုကိုလုပ္ခ်င္ေနတယ္ေလ..။ လႈပ္လႈပ္ရွားရွားေနရတာက ရွင္းကို စိတ္သက္သာရာရေစတယ္ေလ..။

ရွင္းနဲ႕Roseတို႔ေတြ ဆက္ပီး ပန္းပင္ေလးေတြကို ေရေလာင္းေပါင္းသင္းကာ ဂ႐ုတစိုက္နဲ႕ လွလွပပေလးဖစ္ေအာင္ လုပ္ေနၾကသည္..။

ေနေရာင္ေအာက္က အိမ္ရွင္မေလးႏွစ္ေယာက္ကေတာ့ ပန္းေလးေတြနဲ႕အၿပိဳင္လွေနၾကတာေပါ့..။

" တို႔ေတြလုပ္တာၾကာေနပီးဘဲ.. နားရေအာင္ေလ.. ကိုယ္လက္သန့္ရွင္းလိုက္ဦးေနာ္ ကေလးေလး..''

" ဟုတ္..''

Roseကိုၿပဳံးျပကာ အိမ္ထဲေျပးဝင္သြားတဲ့ ကေလးေလး..။

Williamတို႔နဲ႕မတူဘဲ ကေလးက Roseနဲ႕အေဖာ္ရပီး ရင္းရင္းႏွီးႏွီးေနတတ္တာေၾကာင့္ Roseအရမ္းေက်နပ္ေနတာေပါ့..။ ကေလးအရမ္းခ်စ္တတ္တဲ့ Roseအတြက္ကေတာ့  အသက္ႀကီးမွ ကေလးေလးတစ္ေယာက္ရလိုက္တာဘဲေလ..။

____________________________________

အကိုKanက ရွင္းနဲ႕ အားတဲ့အခ်ိန္တိုင္း လာကစားတတ္တာေၾကာင့္ ရွင္းနဲ႕အရမ္းကိုရင္းႏွီးတဲ့ အေဖာ္လည္းဖစ္ေနတယ္..။ ႏွစ္ေယာက္သားက အတိုင္အေဖာက္လည္းညီလြန္းတာေၾကာင့္ စကားေျပာလည္းေကာင္းတာေပါ့..။

ရွင္းဆီလာရင္ တစ္ခါတေလဆိုရင္ Kanက ဝိုင္ပုလင္းေလးေတြပါ ယူလာတတ္တာေၾကာင့္ ရွင္းအႀကိဳက္ပင္..။

ကိုကိုသိရင္ ဆူမွာမွန္း ရွင္းသိေပမယ့္လည္း ရွင္းကိုယ္တိုင္ကလည္း အ႐ြယ္​ေရာက္ပီးသားနဲ႕ အရင္ကလည္း ေသာက္ေနၾကဖစ္တာေၾကာင့္ နည္းနည္းေလးေတာ့ ​ေသာက္တာေပါ့..။

နည္းနည္းေလးေသာက္႐ုံနဲ႕ ကိုကိုမဆူေလာက္ပါဘူးေလ..။

အခုလည္း Kanနဲ႕စကားေျပာေနရင္းနဲ႕ ရွင္းတို႔ ေသာက္ေနၾကသည္..။ ကိုကိုနဲ႕အကိုKanရဲ႕ခ်စ္သူ စိတ္ထားေကာင္းတဲ့အကိုႀကီးနဲ႕က ဘယ္လဲမသိဘူး အတူတူ ထြက္သြားတာေၾကာင့္ ရွင္းကအကိုKanနဲ႕ႏွစ္ေယာက္ထဲ က်န္ခဲ့တယ္ေလ..။

" ထူးဆန္းတယ္လို႔မထင္ဘူးလား ကေလး..''

ဝိုင္တစ္ခြက္ကိုေမာ့ခ်ပီးေနာက္ Kanမွ စကားစလိုက္ျခင္း..။

" ဟင္.. ဘာကိုေျပာတာလဲ?''

" အကိုႀကီးတို႔ေလ.. အရင္ကေတာ့ မတည့္ဘူးလိုလိုနဲ႕ အခုက်အျပင္ေတြတူတူသြားလို႔..''

" အင္း.. ''

Kan​ေျပာတာကို ရွင္းေခါင္းေလးေျဖးေျဖးၿငိမ့္ကာ ..ၿပဳံးၿပဳံးေလးနဲ႕ေထာက္ခံသည္..။

ကိုကိုတို႔ စစေတြ႕ခ်င္းကဆိုရင္ ရန္မဖစ္႐ုံတမယ္ေလးဖစ္တာေၾကာင့္ အဆင္မေျပဖစ္မွာကို စိုးရိမ္လိုက္ရတာ အခုလို႐ုတ္တရက္ႀကီး တည့္သြားေတာ့လည္း ထူးဆန္းတာေပါ့..။

ဒါမယ့္ တစ္ဖက္ကစဥ္းစားၾကည့္ျပန္ရင္လည္း အဲ့ဒါက ေကာင္းတာပါဘဲေလ..။ အကိုKanလည္း ႏွစ္ဖက္ၾကား ေနရမခက္ေတာ့သလို တစ္မိသားစုတည္းဆိုေတာ့ ပိုပီးေတာ့လည္း ရင္းႏွီးတာေပါ့..။

Kanလည္း ဝိုင္ေနာက္တစ္ခြက္ထည့္ကာ ေသာက္လိုက္ပီး ဟိုေတြးဒီေတြးေတြးရင္း..

" ကိုယ္တို႔ကိုဖုံးကြယ္ထားတာမ်ားရွိတာလားမသိ.. ''

Kanသံသယ ဝင္လည္း ဝင္ခ်င္စရာဘဲေလ..။ အဲ့ႏွစ္ေယာက္က အခုတေလာ ဘယ္သြားမွန္းမသိ အၿမဲတမ္းအတူတူေလ..။ Kanတို႔ကိုလည္း ဘာမွမေျပာၾကဘဲ ႏွစ္ေယာက္သားဘာေတြ လုပ္ေနၾကမွန္းကိုမသိဘူး..။

Kanရဲ႕စကားအဆုံး ရွင္းမွာ..

" မဟုတ္ေလာက္ပါဘူး.. ကိုကိုတို႔ရဲ႕အလုပ္ကိစၥဘဲဖစ္မွာပါ.. ကိုကိုတို႔ကလုပ္ငန္းႀကီးလုပ္ေနေတာ့ ေဆြးႏြေးစရာရွိလို႔ေနမွာပါ..''

သူ႕လူႀကီးကိုဆို တစ္စက္ေလးေတာင္ သံသယမရွိတတ္တဲ့ ကေလးေလး..။ ကေလးက Kanထက္ေတာင္ ပိုပီး နားလည္ေပးတတ္လြန္းတယ္..။

" ကေလးက အကိုႀကီးကို.. အရမ္းယုံၾကည္တာဘဲေနာ္..''

" ဟုတ္.. ''

Kanေမးတာကို စဥ္းေတာင္မစဥ္းစားဘဲ ခ်က္ျခင္းကို ေခါင္းၿငိမ့္ပီး ေျဖတဲ့ အေသးေလးကၿပဳံးၿပဳံးေလးႏွင့္..။

အကိုႀကီးခ်စ္တာလဲ မေျပာနဲ႕ေတာ့ေလ..။

" အင္းပါ.. အကိုႀကီးကေတာ့ တကယ့္ကိုကံေကာင္းတာဘဲ..''

" ဟီး~''

Kanရဲ႕စကားကိုၾကားေတာ့ ​ခ်စ္စရာေကာင္းေအာင္ရီတဲ့ကေလးေလး..။ ကေလးကခ်စ္စရာေကာင္းလြန္းလို႔ Kanတို႔ေတာင္ခ်စ္တာ အကိုႀကီးကေတာ့ သဲသဲလႈပ္ေနမွာေသခ်ာပါတယ္..။

Kanကေတာ့ ကေလးလိုမ်ိဳး သေဘာထားမႀကီးနိုင္ပါ..။ တျခားကိစၥထားဦး Bossကိုတျခားသူေတြနဲ႕ တြဲျမင္ရင္ေတာင္ Kanသဝန္တိုတာ..။ အရင္ကေတာ့ အဲ့ေလာက္မဟုတ္ေပမယ့္လည္း ခ်စ္လြန္းေတာ့လည္း ကိုယ့္လူကို ကိုယ့္တစ္ေယာက္ထဲဘဲ ပိုင္ဆိုင္ခ်င္တာဘဲေလ..။

တခ်ိဳ႕လူေတြက ပိုင္ရွင္ရွိမွန္းသိတာေတာင္ လုယူခ်င္ေနၾကတာေလ..။ လူႀကီးလိုမ်ိဳးၿပီးျပည့္စုံတဲ့ လူႀကီးကိုဆိုရင္ ငမ္းငမ္းတက္ဖစ္ေနမယ့္ သူေတြကမနည္းဖစ္ေနတာကိုယ့္လူကိုယ္ စိတ္မခ်တာေတာ့ ဖစ္သင့္ပါတယ္..။

ဒါမယ့္လည္း ကေလးလိုမ်ိဳး ခ်စ္ရသူအေပၚ လုံးဝယုံၾကည္ေပးတာကေတာ့ ေကာင္းပါတယ္..။ ဒီလိုစိတ္ထားမ်ိဳးကိုေတာ့ ကေလးသာထားနိုင္တာ တျခားဒီလိုလူမ်ိဳးကို Kanမေတြ႕ဖူးခဲ့ဘူး..။

ကေလးကေတာ့ေလ တကယ့္အဖိုးတန္ေလးပါဆို..။

Kanသူ႕အေရွ႕က အေသးေလးကို ၿပဳံးကာၾကည့္ပီး ခ်ီးက်ဴးေနေတာ့သည္..။

____________________________________

ရွင္းအရင္ဦးဆုံး ေရခ်ိဳးပီးတာနဲ႕ အဝတ္အစားေတြလဲလိုက္ပီး ညအိပ္ဝတ္စုံေလးကို သပ္သပ္ရပ္ရပ္ဝတ္စားလိုက္သည္..။

ရွင္းလည္း အဝတ္လဲပီးတာနဲ႕ ကိုကို႔ကိုေစာင့္ေနမယ္ဆိုပီး ေမႊ႕ယာေပၚမွာ ထိုင္မလားလို႔ ကုတင္ေပၚအလာ..

တီတီ..

ရွင္းသြားေနတုန္း စားပြဲေပၚတင္ထားတဲ့ ဖုန္းရဲ႕အသံေလးၾကားတာနဲ႕ ရွင္းလည္း သြားေနတာကို ျပန္လွည့္ကာ စားပြဲေပၚက ဖုန္းေလးဆီဦးတည္သြားလိုက္သည္..။

​ဖုန္းဝင္တာက ရွင္းရဲ႕ဖုန္းဆီက ျဖစ္တာေၾကာင့္ ရွင္းလည္း ရွင္းမိတ္ေဆြေတြထဲက ဆက္လာတာလားလို႔ အထင္နဲ႕ တတီတီျမည္ေနတဲ့ ဖုန္းေလးကို ေကာက္ကိုင္ကာ ၾကည့္လိုက္ေတာ့ ရွင္းတစ္ခါမွမျမင္ဖူးတဲ့ နံပါတ္ေလးတစ္ခု..။

ရွင္းဖုန္းနံပါတ္ကို ေသခ်ာေလးၾကည့္ကာ ကိုင္သင့္မကိုင္သင့္စဥ္းစားေနသည္..။

တတီတီျမည္ေနတဲ့ ဖုန္းေလးကိုၾကည့္ပီး ရွင္းေသခ်ာစဥ္းစားလိုက္ပီးေနာက္..

" hello..''

ဘယ္သူမွန္းမသိေပမယ့္လည္း ရွင္းဆီကို လာတဲ့ဖုန္းဖစ္ပီး ရွင္းနဲ႕သိတဲ့ တစ္စုံတစ္ေယာက္လည္း ဖစ္နိုင္တာေၾကာင့္ ျပန္ပီးေျဖၾကားလိုက္သည္..။ တကယ္လို႔ သူစိမ္းဆိုရင္လည္း ရွင္းတစ္ခုခုရွင္းျပပီး ခ်ပစ္လိုက္လို႔လည္းရတယ္ေလ..။

' ရွင္း.. မင္းက ရွင္းရွင္း မဟုတ္လား..''

' ဟင္.. ဟုတ္ကဲ့.. ဘယ္သူမ်ားလဲမသိ..'

တစ္ဖက္က ေကာင္ေလးတစ္ေယာက္ရဲ႕အသံဖစ္ပီး ရွင္းရဲ႕အရင္အိမ္နာမည္ကိုေျပာေနတာေၾကာင့္ ရွင္းလည္း တစ္ဖက္က လူကိုဘယ္သူလဲလို႔ေမးလိုက္ရသည္..။

အဓိက ကေတာ့ ​ထိုေကာင္ေလးက ျမန္မာလိုေျပာေနတာေၾကာင့္ ရွင္းအသိေတြထဲက ဘယ္သူမ်ားလဲလို႔ ရွင္းသိခ်င္ေနသည္..။

' ရွင္း..ငါ့ကိုမမွတ္မိဘူးလား..ငါေလ ယံယံလင္းေလ..'

' ဟင္..ယံယံလား!'

တစ္ဖက္က သူရဲ႕နာမည္ၾကားတာနဲ႕ ရွင္းမယုံနိုင္ေလာက္ေအာင္ကို အံ့ၾသသြားရသလို တစ္ခ်ိန္ထဲမွာဘဲ အရမ္းေပ်ာ္သြားသည္..။

ရွင္းရဲ႕ အံ့ၾသစြာ ရင္းရင္းႏွီးႏွီးေခၚသံေလး အဆုံး.. တစ္ဖက္ကေကာင္ေလးကလည္း..

' အင္းး.. ရွင္းမွတ္မိလို႔ေတာ္ပါေသးတယ္.. စကားေျပာလို႔ရမလား ရွင္း..အခ်ိန္ရလား..'

' အင္းရတယ္..'

တျခားတစ္ေယာက္နဲ႕ ဖုန္းေျပာတာကို ကိုကိုသာသိရင္ စိတ္ဆိုးမွာအေသအခ်ာပင္..။

ရွင္းလည္း မဆက္သြယ္တာၾကာတဲ့ သူငယ္ခ်င္းနဲ႕ ဆက္သြယ္ေနတာဖစ္တာေၾကာင့္ စကားေျပာခ်င္တာေတာ့အမွန္..။ ကိုကိုကလည္း အခုမွအထဲဝင္သြားတာေၾကာင့္ ခနေလာက္ေတာ့ အခ်ိန္ရွိပါတယ္..။

ရွင္းလည္း ယံယံနဲ႕ ေအးေဆးစကားေျပာလို႔ရေအာင္ အျပင္ထြက္လာလိုက္ပီး ၿခံထဲကိုဆင္းလာလိုက္သည္..။

ရွင္းအထဲမွာ မေျပာတာကလည္း ကိုကို႐ုတ္တရက္ထြက္လာရင္ ရွင္းတစ္ေယာက္ေယာက္နဲ႕ ဖုန္းေျပာေနတာကိုသာသိရင္ စိတ္တိုမွာသိတယ္ေလ..။

ရွင္းဖုံးကြယ္ခ်င္လို႔ လားဆိုရင္ မဟုတ္ပါ..။ ရွင္းက ဒီတိုင္းကိုကို႔ကို စိတ္မဆိုးေစခ်င္႐ုံပါဘဲ..။

ရွင္းသိပ္ပီးမေတြးေတာ့ဘဲ ဖုန္းေအးေဆးေျပာရေအာင္ ၿခံထဲထြက္လာလိုက္သည္..။

' ရွင္း..မင္းNew Yorkကိုထြက္သြားတယ္ဆို..

' အင္း..'

' ငါမင္းအရင္အိမ္မွာသြားရွာတာမင္းမရွိေတာ့လို႔ ငါဘယ္ေလာက္ေတာင္ရွာလိုက္ရလဲသိလား..'

ယံယံလင္းက ရွင္းရဲ႕ငယ္သူငယ္ခ်င္းဖစ္ပီး ငယ္ငယ္ကတည္းက အရမ္းခင္ခဲ့တဲ့ သူငယ္ခ်င္းအရင္းႀကီးပင္..။

ယံယံလင္းနဲ႕ ရွင္းနဲ႕က ေသးေသးေလးကတည္းက လည္ပင္းဖက္ေပါင္းလာတဲ့သူငယ္ခ်င္းအရင္းႀကီးဖစ္ပီး ရွင္းအတြက္တကယ္ကို အားကိုးခဲ့ရတဲ့ ရွင္းရဲ႕သူရဲေကာင္းသူငယ္ခ်င္းႀကီးေပါ့..။

သူက အထက္တန္းကတည္းက ကိုးရီးယားကိုေျပာင္းသြားပီး အဲ့အထိက အဆက္အသြယ္ရွိေသးေပမယ့္လည္း ရွင္းရဲ႕ေမေမတို႔ဆုံးသြားကတည္းက ရွင္းအရမ္းစိတ္ထိခိုက္ပီး သူကလည္း တစ္ေနရာပီးတစ္ေနရာေျပာင္းေနတာနဲ႕ အဆက္အသြယ္ျပတ္သြားခဲ့တာ အခုနဲ႕ဆိုရင္ ေလးႏွစ္ေက်ာ္ငါးႏွစ္ေလာက္ေတာင္ရွိခဲ့ပီ..။

သူက ရွင္းေပၚတကယ္သူငယ္ခ်င္းေကာင္းပီသတဲ့ တစ္ဦးတည္းေသာသူပင္..။ မိဘခ်င္းကလည္း ရင္းႏွီးပီး ငယ္ေပါင္းဆိုေတာ့ ရွင္းနဲ႕လည္းအရမ္းခင္သည္..။

ရွင္းက ရွင္းရဲ႕ဘဝအတြက္ ႐ုန္းကန္ေနတာနဲ႕တင္ သူနဲ႕အဆက္အသြယ္ျပတ္ပီး သူကလည္း သူ႕အလုပ္နဲ႕သူဆိုေတာ့ ရွင္းမဆက္သြယ္မိခဲ့..။

အခုေတာ့ သူ႕ဘက္က ႐ုတ္တရက္ႀကီးဆက္သြယ္လာတာေၾကာင့္ ရွင္းဝမ္းသာသည္..။ သူက ရွင္းကိုမေမ့ေသးတဲ့ ေမြးရပ္ေျမက တစ္ဦးထဲေသာ ရွင္းခ်စ္ရတဲ့​သူငယ္ခ်င္းေလ..။

' ရွင္း.. မင္းအခုအဆင္ေရာေျပရဲ႕လား..ငါလြန္ခဲ့တဲ့တစ္လကျမန္မာျပည္ကိုျပန္ေရာက္တာ မင္းအရင္အိမ္ကိုသြားရွာတာမေတြ႕လို႔..ပီးရင္မင္းရဲ႕အရင္ဖုန္းနံပါတ္ကလည္း ဆက္လို႔မရဘူး..'

' အင္း.. ငါဘြဲ႕ရပီးတာနဲ႕ New Yorkမွာ အလုပ္လာလုပ္ေနတာေလ..အလုပ္ေတြရႈပ္ေနလို႔ မင္းကိုမဆက္သြယ္မိတာပါ..'

' ဟူး~ထားပါ..အခုေရာအဆင္ေျပရဲ႕လား..ငါမင္းမိဘေတြအေၾကာင္းလဲၾကားတယ္..ငါအဲ့တုန္းကျပန္လာမယ္လုပ္တာဘဲ..ဒါမယ့္..'

ယံယံစိတ္မေကာင္းဖစ္မွာရွင္းသိပါတယ္..။ ယံယံမိဘေတြနဲ႕ ရွင္းမိဘေတြကလည္း အရမ္းခင္ပီး တစ္အိမ္နဲ႕တစ္အိမ္ကလည္း မိသားစုအရင္းေတြလိုဖစ္တာေၾကာင့္ ယံယံလည္း စိတ္မေကာင္းဖစ္ေနမွာအမွန္ဘဲေလ..။

ရွင္းေမေမတို႔က အရမ္းအလုပ္မ်ားေတာ့ အားနည္းပီး ေၾကာက္တတ္တဲ့ ရွင္းကို သူငယ္ခ်င္းဖစ္တဲ့ယံယံလင္းဆီအကူအညီေတာင္းကာ အၿမဲအပ္ထားတတ္တယ္..။

ယံယံက ရွင္းအတြက္ေတာ့ အဖိုးအတန္ဆုံး သူငယ္ခ်င္းပါ..။

' ယံယံ..! အဲ့ဒါက႐ုတ္တရက္ဆိုတာငါသိပါတယ္.. ငါ့အတြက္စဥ္းစားေပးလို႔လည္းေက်းဇူးတင္ပါတယ္..ဒါမယ့္မင္းေတာင္းပန္စကားမေျပာရင္ေကာင္းမယ္..ပီးရင္အဲ့ဒါကအတိတ္မွာ ဖစ္ပီးခဲ့ပီးေလ..'

ရွင္းကိုဆို အၿမဲတမ္း ၾကည့္ေပးတတ္တဲ့သူငယ္ခ်င္းက ဘာေျပာေတာ့မလဲဆိုတာ ရွင္းသိတာေၾကာင့္ သူမေျပာခင္တားလိုက္သည္..။

အတိတ္မွာ ဖစ္ပ်က္ပီးခဲ့တဲ့ ကိစၥေတြကို အပစ္မရွိတဲ့ ယံယံက ေတာင္းပန္ရင္ ရွင္းကိုေနရခက္ေစမွာအမွန္ပင္..။ ရွင္းကိုမေမ့ေပ်ာက္ဘဲ နားလည္ေပးတာနဲ႕တင္ ရွင္းေက်းဇူးတင္ေနပါပီး..။

ယံယံနဲ႕မဆက္သြယ္ရတာၾကာပီး ဖစ္တာေၾကာင့္ ရွင္းလည္း သူ႕ရဲ႕အေၾကာင္းအနည္းငယ္နဲ႕ ယံယံလင္းအေၾကာင္းေတြကိုေမးပီး စကားအနည္းငယ္ရွည္သြားသည္..။

ရွင္းမွာ ေမြးရပ္ေျမက ခင္မင္တဲ့သူဆိုလို႔ ယံလင္းတစ္ေယာက္ဘဲရွိတာေၾကာင့္ အရမ္းခင္ပီးသံေယာဇဥ္လည္း ရွိတယ္ေလ..။

ရွင္း စကားေကာင္းေနတာနဲ႕တင္ အခ်ိန္ကိုေမ့သြားပီး အျပင္မွာဘဲ ရပ္ကာ ရီေမာပီး သူငယ္ခ်င္းဖစ္သူနဲ႕ စကားေတြေျပာေနေတာ့တာေပါ့..။

_

" ကေလး..''

" ... ''

" ကေလးေလး..''

" ... ''

Williamေခၚေနတာ ဘယ္ႏွႀကိမ္ေတာင္ရွိေနမွန္းမသိ ျပန္ထူးတဲ့အသံေသးေသးေလးေတာင္မၾကားရ..။

ေရအရင္ခ်ိဳးပီးလို႔ ကိုကို႔ကို ေစာင့္ေနမယ္ေျပာပီး ကေလးေလးက အခုဘယ္ေပ်ာက္လို႔ေပ်ာက္မွန္းမသိ..။

ကေလးကခါတိုင္းဆိုရင္ William ေခၚရင္လည္း သုံးခြန္းေျမာက္က အလြန္ဆုံးဘဲ ျပန္ထူးတတ္သည္..။ အခုေတာ့ အခ်စ္ရဆုံးေလးဆီက တုံ႕ျပန္သံေသးေသးေလးေတာင္မၾကားတာေၾကာင့္ Williamစိတ္ပူေနရသည္..။

ကေလးက Williamကိုစဖို႔ ပုန္းတက္တာတို႔ရွိေပမယ့္လည္း အခုကမတူ...။

" ကေလး..!''

Williamမွာအေပၚထပ္တစ္ခုလုံး ႏွံ႕ေနေအာင္ရွာပီးတာနဲ႕ ေအာက္ထပ္ကိုအေျပးဆင္းလာကာ ခ်စ္ရဆုံးေလးကို ရွာေတာ့သည္..။

" ကေလး..!''

ဧည့္ခန္းထဲမွာ ကာတြန္းကားမ်ားၾကည့္ေနတာလားဆိုတဲ့ စိတ္နဲ႕ၾကည့္ေပမယ့္လည္း မေတြ႕ျပန္..။ Williamေအာက္ထပ္မွာရွိတဲ့ ကေလးပုန္းေနက်အခန္းေလးေတြနဲ႕ ထမင္းစားခန္းအထိပါ ရွာေပမယ့္လည္း ကေလးေလးရဲ႕အရိပ္ေလးေတာင္မေတြ႕ရ..။

ရွင္းအိမ္ျပင္ထြက္သြားတယ္ဆိုတာကိုေတာ့ Williamသတိမထားမိ..။ ဘာလို႔လဲဆိုရင္ ေဆာင္းတြင္းကေရာက္လာတာေၾကာင့္ ကေလးကို ညပိုင္းဆိုရင္ Williamအျပင္ေပးမထြက္ဘူးေလ..။

ကေလးက နည္းနည္းအေအးမိတာနဲ႕ ဖ်ားတာေၾကာင့္ Williamေသခ်ာေလးဂ႐ုစိုက္ေနရတာေပါ့..။ အခ်စ္ေလးက သူ႕စကားကို ဆန့္က်င္ပီး ထြက္သြားမယ္လို႔လဲ Williamမထင္ထားဘူးေလ..။

" Emma..''

" ... ''

" Emma! ဘယ္ေတြေရာက္ကုန္ပီးလဲ..''

Williamမွာ ကေလးကိုရွာမေတြ႕တာေၾကာင့္ ေဒါသေတြက အလိုလိုထြက္လာပီး သူေခၚတာကိုေတာင္ ဘယ္သူမွျပန္မထူးတာေၾကာင့္ အသံကမာသထက္မာလာေတာ့သည္..။

" ဟုတ္ကဲ့.. boss''

Williamရဲ႕ေဒါသတႀကီးေအာ္သံၾကားတာနဲ႕ အေနာက္ၿခံထဲကျပန္လာတဲ့ Emmaတို႔မွာလည္း အလန့္တၾကားနဲ႕ သူတို႔bossရဲ႕ေဒါသကိုသိတာေၾကာင့္ အျမန္ေရာက္လာေတာ့သည္..။

" ကေလးေရာ.. ''

Emmaအေနာက္ၿခံမသြားခင္က အိမ္ေပၚထပ္ကေနေျပးဆင္းလာပီး ၿခံထဲဆင္းသြားတဲ့ ရွင္းကို သတိထားမိလိုက္တာေၾကာင့္ ​Williamကိုေျပာမလို႔ျပင္လိုက္သည္..။

Emmaေတာင္ သခင္ေလးကိုတားမလို႔ပါဘဲ ဒါမယ့္ ညစာကလည္းျပင္လက္စဆိုေတာ့ ႐ုတ္တရက္ သတိလက္လြတ္ဖစ္သြားခဲ့ရသည္..။ Bossသာသိရင္ေတာ့ မလြယ္ေလာက္ဘူး..။

Emmaလည္း ​ ေျဖသင့္မေျဖသင့္စဥ္းစားပီးေနာက္ Bossကိုၾကည့္ေတာ့လည္း ဘယ္ခ်ိန္ထေပါက္မလဲမသိတဲ့ ဗုံးလိုဖစ္ေနတာ​ေၾကာင့္ ျမင္တဲ့အတိုင္းေျပာမလို႔ျပင္လိုက္သည္..။

" သခင္ေလးက ၿခံ.. ''

" ကိုကို..''

Emmaေျဖတာေတာင္မပီးေသး အေနာက္ကေနကုပ္ကုပ္ေလးနဲ႕ ေရာက္လာတဲ့ Williamရဲ႕အခ်စ္ကေလး..။

ကေလးရဲ႕ အသံေသးေသးေလးၾကားတာနဲ႕ Williamမွာ ခ်က္ျခင္းကို အေနာက္လွည့္ပီး ခ်စ္ရသူေလးဆီ တန္းသြားကာ..

" ကေလးဘယ္ေတြသြားေနတာလဲ? ဘာလို႔ကိုယ့္ကိုဘာမွမေျပာသြားတာလဲ?ကိုယ္ဘယ္ေလာက္ေတာင္စိတ္ပူေနလဲသိလား..?''

ဘယ္ေတြေရာက္ေနမွန္းမသိဘဲ အခုမွ ​အျပင္ကေနျပန္ေရာက္လာတဲ့ ခ်စ္သူကိုWilliamမွာ ဘယ္ေလာက္ေတာင္ စိုးရိမ္ေနရလဲ..။

ကေလးက ဘာမွလည္းမေျပာဘဲ ထြက္သြားတာေၾကာင့္ စိတ္ေတြတိုကာ ကေလးရဲ႕ပုခုံးကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ကာ ေမးခြန္းေတြမ်ားေနေတာ့သည္..။

ရွင္းကို စိုးရိမ္ကာ စိတ္တိုတိုနဲ႕ေမးေနတဲ့ ကိုကို႔ရဲ႕ ေမးခြန္းေတြကိုဘရွင္းဘယ္ကစေျဖရမလဲေတာင္မသိ..။ ရွင္းစကားေျပာမွားရင္ေတာ့ ကိုကိုစိတ္တိုမွာ ေသခ်ာတယ္..။

ဒီလိုဆိုတိုင္လည္း ရွင္းညာေျပာမယ္လို႔ မဆိုလိုပါ..။

" ရွင္းကဒီတိုင္း.. သူငယ္ခ်င္းတစ္ေယာက္ဆီကဖုန္းရလို႔အျပင္မွာေလေကာင္းေလသန့္ရႈရင္းနဲ႕ စကားခနေလာက္ ေျပာေနတာပါ..''

" ကိုယ့္ကိုမညာနဲ႕ေနာ္..''

" ရွင္းမညာပါဘူး..''

ကေလးေျပာေနတဲ့ပုံေလးက ညာေနတယ္ မထင္ရေပမယ့္လည္း Williamစိတ္ထဲမွာေတာ့ တစ္မ်ိဳးပင္..။

ကေလးဖုန္းေျပာတာကို အပစ္မေျပာေပမယ့္လည္း ဘာလို႔ Williamမသိေအာင္ အျပင္မွာသြားေျပာတာလဲဆိုတာကို Williamစိတ္ထဲအလိုမက်..။

ကေလးကိုၾကည့္ရသေလာက္ေတာ့လည္း Williamကိုအမွန္အတိုင္းေျပာေနတယ့္အတိုင္းပင္..။ Williamကိုကေလးက ညာရင္ေတာင္ Williamခ်က္ျခင္း ကေလးညာရင္ ခ်က္​ျခင္း ရိပ္မိေသးသည္..။ အခုက သိပ္ပီး တစ္ခုခုကို Williamစိတ္ထဲအလိုမက်ဖစ္ေနသည္.။

ကေလးကို သံသယမဝင္ခ်င္ေပမယ့္လည္း ကိုယ္ဘယ္လိုလုပ္ရမလဲဆိုတာေတာင္မသိေတာ့ဘူး..။ ဘာမွဖုံးကြယ္ထားစရာမရွိရင္ ဘာလို႔ ကိုယ့္ကိုေရွာင္ပီး ထြက္သြားရတာလဲကြာ..။

ကိုယ့္ကို လွိမ့္ပီး စကားလႊဲေၾကာင္းလႊဲေလာက္တဲ့အထိ အဲ့ေကာင္ကအေရးႀကီးလားကေလး.. ကေလးနဲ႕စကားေျပာတဲ့ ေကာင္ကို ကိုယ္သိခ်င္တယ္..။ ဘယ္ေလာက္ေတာင္ အေရးႀကီးလို႔ ကိုယ့္ကိုေတာင္ ေရွာင္ပီး ကိုယ့္စကားကိုလြန္ဆန္ပီး ကိုယ္မသိေအာင္ေျပာရတာလဲကြာ..။

ဘာေတြေျပာေနလို အၾကာႀကီးအခ်ိန္ယူေနရတာလဲ ၊ ဘာေတြအေရးႀကီး ကိစၥရွိေနလို႔လဲ ကိုယ့္သိခ်င္တယ္ ကေလးရာ..။

" ကိုကို..''

ရွင္းေခၚေနတာ သုံးခြန္းေျမာက္မွာမွ သတိျပန္ဝင္လာတဲ့ ကိုကို..။

ကေလးညာရင္ေတာင္ Williamေဖာ္ထုတ္လို႔ရေသးတယ္..။ အခုက ကေလးသြားတာက Williamေရခ်ိဳးခန္းထဲဝင္ပီး ကေလးကိုျပန္ရွာတဲ့အခ်ိန္နဲ႕ဆိုရင္ နာရီဝက္ေလာက္ရွိတယ္..။

ပီးရင္ အျပင္မွာလည္းဒီေလာက္ေတာင္ေအးေနတာကို အခ်စ္ကေလးက အျပင္ခံပါးပါးေလးဝတ္ထားတာေၾကာင့္ ကေလးဖ်ားနာမွာစိုးေနရတယ္ေလ..။

ကေလးက အေၾကာင္းမရွိဘဲနဲ႕ေတာ့ ဒီလိုလုပ္မွာ မဟုတ္ေလာက္..။ ေသခ်ာေပါက္ Williamကိုဖုံးကြယ္ထားတာရွိကိုရွိရမယ္..။

Williamမွာ စိတ္ထဲအလိုမက်ဘဲ စိတ္တိုေနေပမယ့္လည္း စိတ္ကိုအတက္နိုင္ဆုံးထိန္းကာ..

" ကေလးေလး..အထဲမွာဘဲစကားေျပာလို႔ရပါတယ္..အျပင္မွာလည္းအရမ္းေအးေနတာကို အႏြေးထည္ေတာင္မဝတ္ထားဘဲနဲ႕အျပင္ထြက္သြားတာ.. ကေလးဖ်ားရင္ဘယ္လိုလုပ္မလဲ..''

" ရွင္းကမဖ်ား..ဟက္ခ်ိဳ! ..''

ကေလးက နဂိုကတည္းက ခႏၶာကိုယ္အားနည္းတာ အျပင္မွာ ေလစိမ္းတိုက္ပီး ရာသီဥတုေအးပုံနဲ႕ဆို ကေလးဖ်ားနာမွာ ေသခ်ာေနပီးေလ..။

" Emmaဆန္ျပဳတ္ျပဳတ္ထား.. ''

" ဟုတ္ကဲ့boss..''

William ေဘးနားမွာရပ္ေနတဲ့ Emmaကိုအမိန့္ေပးပီးေနာက္ အေရွ႕မွာ က်ဳံ႕က်ဳံ႕ေလးရပ္ေနတဲ့ ကေလးရဲ႕ကိုယ္လုံးေလးကိုဆြဲေပြ႕လိုက္သည္..။

" ကိုကိုရွင္းလမ္းေလ်ာက္နိုင္ပါတယ္..''

" ၿငိမ္ၿငိမ္ေလးေန..''

Williamစိတ္တိုေနတာေၾကာင့္ အသံက ပုံမွန္မဟုတ္ေပမယ့္လည္း ခ်စ္ရသူေလးကိုေျပာတာဖစ္တာေၾကာင့္ မေအာ္မိေအာင္ထိန္းထားရပီး ေအးစက္စက္ဖစ္ေနသည္..။

Williamအရင္ကစိတ္အတိုင္းဆိုရင္ ေဒါသေတြထြက္ကာ ေပါက္ကြဲပစ္လိုက္အမွန္..။ ဒါမယ့္ Williamမလုပ္ပါ Williamအဲ့လိုလုပ္ရင္ ကေလးက ေၾကာက္ပီး Williamကို ဘာမွေျပာေတာ့မွာမဟုတ္မွန္း Williamသိတယ္..။

အဲ့ဒါေၾကာင့္ စိတ္ကို အတက္နိုင္ဆုံးေလ်ာ့ပီး ခ်စ္ရသူေလးကို ေျပာရတာေပါ့..။ ဒါမယ့္လည္း Williamက နဂိုကတည္းက စိတ္ကိုထိန္းခ်ဳပ္ရခက္တဲ့ လူစားမ်ိဳးဖစ္တာေၾကာင့္ အနည္းငယ္ေတာ့ ေအးစက္စက္ဖစ္ေနသည္..။

ရွင္းသိလိုက္ပါသည္.. ကိုကိုရွင္းကို စိတ္တိုေတာ့မွာ ေသခ်ာေနပီးေလ..။ ကိုကိုက ရွင္းကို ညပိုင္းအျပင္မထြက္ဖို႔ေသခ်ာမွာထားတာကို ရွင္းလည္း စကားေျပာခ်င္ေဇာနဲ႕ဆိုေတာ့ ႐ုတ္တရက္သတိမထားမိလိုက္ဘူး..။

အစကေတာ့ ကိုကိုစိတ္ဆိုးမယ္ဆိုတာရွင္းသိလို႔ အၾကာႀကီးမေျပာဘူးလုပ္ေပမယ့္လည္း..တစ္ဖက္ကလည္း မဆက္သြယ္ရတာၾကာပီးျဖစ္တဲ့ သူငယ္ခ်င္းဆိုေတာ့ စကားေကာင္းပီး ရွင္းအခ်ိန္ကိုသတိမထားမိဘူးေလ..။

ရွင္းကိုကို႔ကိုလည္း မညာပါဘူး..။ ရွင္းတကယ္ သူငယ္ခ်င္းနဲ႕​ေျပာေနလို႔ အမွန္အတိုင္းဘဲေျပာတာေလ..။ ဒါမယ့္ကိုကိုက ရွင္းကိုစိတ္ဆိုးသြားပီး ထင္ပါရဲ႕..။

ရွင္းအျပင္မွာေနတာၾကာသြားလို႔ထင္သည္..တကိုယ္လုံးေတာင္ ေအးစက္ေနသည္..။ ေဆာင္းရာသီကလည္းေရာက္ေနပီးဆိုေတာ့ ဒီမွာက အေတာ္ေလးေတာ့ေအးပီး ႐ုတ္တရက္ဆိုေတာ့ ရွင္းအျပင္ခံ ပါးပါးေလးဘဲဝတ္သြားခဲ့ရသည္..။

ကိုကိုက ရွင္းက္ိုစိတ္ဆိုးေနေပမယ့္လည္း ဂ႐ုေတာ့စိုက္ပါတယ္..။

" ရွင္းကိုကို႔ကိုမေျပာဘဲ ထြက္သြားလို႔ေတာင္းပန္ပါတယ္.. ကိုကိုစိတ္ဆိုးသြားလားဟင္..''

" ... ''

ရွင္းေမးတဲ့ ေမးခြန္းကို ဘာမွျပန္မေျဖတဲ့ကိုကိုက ေအးစက္ပီး ေက်ာက္႐ုပ္ႀကီးလိုပင္..။

ရွင္းေတာင္းပန္ပါတယ္ ကိုကို..။

__________________________________

ရွင္းအိပ္ရာက ထလာေတာ့ လူက မူးေနာက္ေနာက္..။ ေခါင္းကလည္းအေတာ္ေလးမူးေနပီး ကိုယ္လက္ေတြ ​​အနည္းငယ္ကိုက္ခဲေနတာက အေတာ္ေလးေနရထိုင္ရ ခက္ခဲေစသည္..။

ရွင္းအိပ္ေနတဲ့ ေဘးက အိပ္ရာခင္းကိုကိုင္ၾကည့္ေတာ့လည္း အခင္းကေအးစက္စက္နဲ႕ ဖစ္တာေၾကာင့္ ရွင္းစိတ္ထဲမွာကိုကိုရွင္းကိုတကယ္ဘဲ စိတ္ဆိုးသြားတာမ်ားလားလို႔ ထင္မိပီး စိတ္မေကာင္းဖစ္မိသည္..။

ညကရွင္းကိုကို႔ကို ေသခ်ာေတာင္မရွင္းျပလိုက္ရဘဲ အဖ်ားေၾကာင့္အိပ္ေပ်ာ္သြားခဲ့တယ္..။ ကိုကိုလည္း ရွင္းေမးတဲ့ ေမးခြန္းကိုလည္း မေျဖဘူး..။ ကိုကိုကေတာ့ ရွင္းကိုတကယ့ဘဲ စိတ္ဆိုးသြားပီး ထင္ပါတယ္..။

ကိုကိုက ရွင္းကိုအရမ္းခ်စ္မွန္းရွင္းသိပါတယ္... အဲ့လိုခ်စ္ေပမယ့္လည္း ကိုကိုကရွင္းကို သံသယရွိေနတယ္ထင္ပါတယ္..။

ကိုကိုထင္လည္းထင္ခ်င္စရာပါဘဲေလ ရွင္းက စကားကိုပြင့္ပြင့္လင္းလင္းသိပ္မေျပာတတ္တာေၾကာင့္ ကိုကိုရွင္းကို သံသယဝင္တာမဆန္းပါဘူးေလ..။

" ကိုကို..''

ရွင္း မထနိုင္ထနိုင္နဲ႕ မရမကထကာ ရွင္းခ်စ္ရတဲ့လူႀကီးကို ရွာေနမိသည္..။

ရွင္းကိုကို အၿမဲရွိေနက် စာၾကည့္ခန္းေလးဆီ သြားၾကည့္ေပမယ့္လည္း ကိုကို႔ရဲ႕အရိပ္ကေလးေတာင္မေတြ႕တာေၾကာင့္ ဝမ္းနည္းမိသည္..။

ရွင္းရွာေနရင္းနဲ႕ ေခါင္းေတာင္ နည္းနည္းမူးပီး တစ္ကိုယ္လုံးလဲ ကိုက္ခဲသလိုေတာင္ ခံစားေနရသည္..။ ဒါမယ့္ အခုခ်ိန္မွာ ရွင္းဂ႐ုမစိုက္အား ရွင္းကိုကို႔ကိုေတြ႕ရဖို႔က အေရးႀကီးတယ္ေလ..။

" ကိုကို.. ''

ရွင္းရွာတာ အေပၚထပ္ႏွံ႕ေနပီးဖစ္ေပမယ့္လည္း ကိုကို႔ရဲ႕အရိပ္ေလးေတာင္မေတြ႕ဘဲ တိတ္ဆိတ္ေနသည္..။ ကိုကို ဒီအခ်ိန္ ကုမၸဏီသြားေလာက္တဲ့အခ်ိန္ဖစ္ေပမယ့္လည္း ရွိမလားဆိုတဲ့အေတြးနဲ႕ ရွင္းေအာက္ထပ္ကိုျမန္ျမန္ေျပးဆင္းလာလိုက္သည္..။

" ကိုကို..''

" .. ''

ဧည့္ခန္းထဲမွာလဲမရွိျပန္တာေၾကာင့္ ရွင္းမွာတအိမ္လုံးကိုႏွံ႕ေအာင္ရွာေနေတာ့သည္..။ ရွင္းေနမေကာင္းလို႔ဘဲလားမသိ လူက စိတ္အားငယ္ေနပီး အလိုလိုေနရင္းနဲ႕ကို ဝမ္းနည္းေနမိသည္..။

အခုေလာေလာဆယ္ေတာ့ ရွင္းမွာ ကိုကို႔ကိုေတြ႕ခ်င္တဲ့ စိတ္တစ္ခုသာရွိသည္..။

" ကိုကို..''

ေနာက္ဆုံးေတာ့ ရွင္းေတြ႕လိုက္ရတဲ့ လူႀကီးက ရွင္းတစ္ခါမွေတာင္မေတြ႕ဖူးခဲ့တဲ့ေနရာမွာဖစ္တာေၾကာင့္ ရွင္းအံ့ၾသပီး Williamရဲ႕ေနာက္ေက်ာဆီ ေျပးဖက္ကာ မ်က္ရည္ေလးေတြပါဝိုင္းလာသည္..။

" ကေလးေလး..!''

႐ုတ္တရက္ႀကီး Williamဆီေျပးလာကာ ေနာက္ေက်ာကေနဖက္လိုက္တဲ့ကေလးေလးေၾကာင့္ Williamလန့္သြားသည္..။

Williamရဲ႕ေနာက္ေက်ာကေန တင္းတင္းၾကပ္ၾကပ္ဖက္ကာ Williamရဲ႕ေနာက္ေက်ာကိုေခါင္းေလးမွီကာ ေနေနတဲ့ကေလးေလးက မူမမွန္သလိုပင္..။

Williamလည္း စိတ္ပူပူနဲ႕ ေနာက္ေက်ာကို ဖက္ထားတဲ့ကေလးရဲ႕ လက္ေလးကိုကိုင္ကာ အေရွ႕လွည့္လိုက္ပီး ႏွဖူးေလးကိုစမ္းၾကည့္ေတာ့ အဖ်ားကမက်ေသးဘဲ တကိုယ္လုံးပူက်စ္ေနတဲ့ အခ်စ္ကေလး..။

" ကေလးေလး.. ဘာလို႔ဆင္းလာတာလဲကြာ နားေနတာမဟုတ္ဘူး..''

ကေလးရဲ႕ လက္ကေလးေတြေရာ တကိုယ္လုံးကလည္း ပူက်စ္ေနပီး ပါးေလးႏွစ္ဖက္ပါနီရဲလာတာေၾကာင့္ တစ္ခုခုဖစ္သြားမွာ စိုးရိမ္ေနရတာေပါ့..။

" ကိုကို.. ဒီမွာ ဘာလုပ္ေနတာလဲဟင္..''

" ကိုယ္ ကေလးအတြက္ ဆန္ျပဳတ္ေလးလုပ္ေပးေနတာေလ.. ''

ဒီေန႕မွဘဲ တိုက္တိုက္ဆိုင္ဆိုင္ Emmaတို႔ကလည္း အေရးႀကီးကိစၥနဲ႕အိမ္ျပန္သြားတာေၾကာင့္ အိမ္မွာ ကေလးနဲ႕Williamနဲ႕ ႏွစ္ေယာက္ထဲသာရွိေနသည္..။

အဲ့ဒါေၾကာင့္လည္း Williamက အခ်စ္ကေလးစားဖို႔အတြက္ ကိုယ္တိုင္ မီးဖိုေခ်ာင္ဝင္ပီး ျပင္ဆင္ေပးေနရတာေပါ့..။

ရွင္းကိုစိတ္ဆိုးတဲ့ အရိပ္အေယာင္မျပဘဲ ပုံမွန္လိုဘဲ ခ်ိဳခ်ိဳသာသာေလးေျပာတဲ့ကိုကို..။ရွင္း အခုမွဘဲ စိတ္ေအးသြားရပီး ၿပဳံးနိုင္ေတာ့သည္..။

" ကေလး..! "

ရွင္းစိတ္ေလွ်ာ့လိုက္တာနဲ႕ နဂိုကတည္းကလည္း ေနထိုင္မေကာင္းတာေၾကာင့္ ခႏၶာကိုယ္က ယိုင္သြားပီး ျပဳတ္က်ေတာ့မလိုဖစ္သြားသည္..။

Williamမွာေတာ့ ကေလးရဲ႕လဲက်လဳမတတ္ ခႏၶာကိုယ္ေလးကို စိတ္ကလည္းပူတာေၾကာင့္ အျမန္ခ်ီလိုက္ပီး အေပၚထပ္ဆီျပန္တက္လာေတာ့သည္..။

" ဘာဖစ္လို႔လဲ အခ်စ္ေလး..''

Williamအခ်စ္ေလးကို ေမြ႕ယာေပၚခ်ေပးမယ္လုပ္ေပမယ့္လည္း Williamကိုမလႊတ္ဘဲ တင္းတင္းၾကပ္ၾကပ္ဖက္ထားတဲ့ ကေလးေလး..။

" ကိုကိုရွင္းကိုစိတ္ဆိုးေနတာလားဟင္..''

" ကိုယ္ကဘာလို႔စိတ္ဆိုးရမွာလဲ..''

" ဒါမယ့္ ကိုကိုက မေန႕ကရွင္းေမးတာကိုလည္းမေျဖဘူး.. ရွင္းနဲ႕တူတူလာမအိပ္ဘူးမလား..''

ကေလးေလးက ဒါကိုစိတ္ခုေနတာကိုး..။ ကေလးက မမွတ္မိဘူးထင္တယ္..။

မေန႕ညက ကေလးဖ်ားတာေၾကာင့္ Williamဘဲ ေဘးနားမွာ ေနကာ အရိပ္တၾကည့္ၾကည့္နဲ႕ ဂ႐ုစိုက္ေပးခဲ့သည္..။ ကေလးက အဖ်ားရွိန္ကတအားျပင္းလြန္းလို႔ ဆရာဝန္ေတာင္ေခၚခဲ့ရတာ ကေလးေလးမမွတ္မိဘူးထင္တယ္..။

Williamက တစ္ခုခုကိုစိတ္ခုေနေပမယ့္လည္း ကေလးကိုေတာ့ အထိခိုက္မခံဘဲ ဂ႐ုစိုက္ေပးတယ္ေလ..။

" ကေလးကတစ္ညလုံးအဖ်ားတတ္ေနလို႔ ကိုယ္မအိပ္ဘဲထိုင္ေစာင့္ေပးေနတာေလ.. ကိုယ္အိပ္လိုက္တဲ့အခ်ိန္ ကေလးေလးအဖ်ားတက္ပီးတစ္ခုခုဖစ္သြားရင္ဘယ္လိုလုပ္မလဲ..''

" ဟင္..''

Williamေသခ်ာေလးေျပာျပလိုက္ေတာ့ အူေၾကာင္ေၾကာင္ေလးနဲ႕လန့္သြားတဲ့အခ်စ္ေလး..။

" အဲ့ဒါဆို.. ကိုကိုရွင္းကိုစိတ္မဆိုးဘူးေပါ့ေနာ္..''

Williamစိတ္ဆိုးမွာကိုေတာ့ ေၾကာက္တတ္တဲ့ကေလးေလး..။ ကေလးေလးက ဘယ္ေလာက္ေတာင္ ဝမ္းနည္းသြားလဲမသိ မ်က္ဝန္းတြင္လည္း မ်က္ရည္ေလးေတြဝိုင္းေနလို႔ပင္..။

ကေလးကို Williamက ဘယ္ေလာက္ေတာင္ခ်စ္ရလဲ စိတ္ဆိုးတယ္ဆိုရင္ေတာင္ ခ်စ္ရသူေလးကို မပစ္ထားရက္ပါဘူးေလ..။ ပီးရင္ ကေလးက ဒီလိုေလးေျပာေနေတာ့ Williamဘယ္လိုလုပ္စိတ္တိုနိုင္မွာလဲ..။

" ေသခ်ာတာေပါ့..ႁပြတ္ ကိုယ္ကေလးကို ဝမ္းနည္းေစမိလို႔ေတာင္းပန္ပါတယ္ေနာ္.. ကိုယ္က ကေလးကိုဘယ္ေလာက္ေတာင္ခ်စ္လဲဆိုတာ သိတယ္ဟုတ္..''

" အင္းး..''

ခရမ္းခ်ဥ္သီးေလးလို နီရဲရဲေဖာင္းေဖာင္းေလးဖစ္ေနတဲ့ ပါးမို႔မို႔ေလးကို William အနမ္းေပးလိုက္ပီးေနာက္ မ်က္ဝန္းေထာင့္က မ်က္ရည္စတို႔ကို လက္မျဖင့္ သုတ္ေပးကာ ကေလးကို ေခ်ာ့ေမာ့ ႏွစ္သိမ့္ေပးရသည္..။

ကေလးက ေနမေကာင္းတဲ့ အခ်ိန္ေတြဆိုရင္ တအားစိတ္အားငယ္တတ္တာ William သိတယ္ေလ..။

" ကိုယ္ခနေနရင္ ဆန္ျပဳတ္နဲ႕ေဆးယူလာေပးမွာမလို႔ ေသခ်ာေလးစားပီးရင္နားလိုက္ေတာ့ေနာ္..''

" ဟုတ္.. ''

ေတာ္ပါေသးရဲ႕ ကိုကိုရွင္းကိုစိတ္မဆိုးလို႔..။ ကိုကိုစိတ္ဆိုးရင္ ရွင္းလုံးဝမေနတတ္တာ အခုမွဘဲ စိတ္ေအးရေတာ့တယ္ေလ..။

🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡🧡

[𝚅𝚘𝚝𝚎/𝙲𝚘𝚖🧡✨]

#𝚈𝚊𝚖𝚒
#2021 𝙰𝚞𝚐🧡

>>>>>>>>>>>>>>>>>>>>>>>>>>>>>

Continue Reading

You'll Also Like

3.2M 133K 59
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
367K 31.5K 15
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
1.6M 89.7K 86
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.1M 146K 82
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...