Zawgyi
Chapter 133
( အျပစ္ကင္းသူ - ၁ )
ရီက်န္းသည္ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ရဲ့ရာဇဝင္ကို ေကာင္းေကာင္းသိေပသည္... ဒီလက္ေကာက္ရဲ့ပိုင္ရွင္သည္ လင္းက်န္ပင္... ထိုအေၾကာင္းကို ဝတၴုထဲတြင္ ဖန္တစ္ရာထပ္ေအာင္ေရးသားထားခဲ့ေသာေၾကာင့္ျဖစ္၏...
လင္းက်န္ရဲ့မိခင္သည္ အဆင့္အတန္းရိွ စာတတ္ေပတတ္အသိုင္းအဝိုင္းမျွဖစ္သည္... သူမဟာ လုေရွာင္ရန္(လုေပရႊမ္းရဲ့အေဖ)ဆိုေသာလူရႈပ္တစ္ေယာက္ႏွင့္ ေတြ့ရန္ ကံပါလာခဲ့ေလတယ္... ဤသို႔ျဖင့္ ေနာက္ပိုင္းတြင္ေတာ့ သူမသည္ လုေရွာင္ရန္၏စကားလွလွေလးတို႔ထဲတြင္ ေမ်ာသြားခဲ့ၿပီး လင္းက်န္ကို ေမြးဖြားခဲ့၏...
လူရႈပ္လူေပျြဖစ္တဲ့လုေရွာင္ရန္(မသႀကီး)သည္ သူမကို လက္ထပ္ပါ့မည္ကို ကတိတို႔ထပ္ထပ္ေပးခဲ့ေသာ္လည္း သူမ ကြယ္ရာတြင္ မိန္းမရႈပ္ဆဲေပြဆဲပင္... လင္းက်န္ကိုေမြးၿပီးေနာက္မွသာ လုေရွာင္ရန္၏သရုပ္မွန္ကို ျမင္လာခဲ့ေခ်တယ္...
ထိုအခ်ိန္မွစၿပီး သူမသည္ လင္းက်န္ကို သူမ တစ္ေယာက္တည္းသာ ေကြၽးေမြးေစာင့္ေရွာက္ခဲ့၏...
' လင္း 'တို႔ဟာ သူတို႔ရဲ့အေမြပစၥည္းျဖစ္တဲ့ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို မ်ိဳးဆက္တစ္ဆက္ၿပီးတစ္ဆက္ လက္ဆင့္ကမ္းလာခဲ့ျခင္းျဖစ္ေလသည္... လင္းက်န္ရဲ့မိခင္ဟာ ဘယ္ေလာက္ပဲ ဆင္းရဲဒုကၡေရာက္ေနပါေစ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ေပါင္ႏွံျခင္းမျပဳခဲ့ေပ... သူမ ေသဆံုးခါနီးအခ်ိန္မွသာ သူမသားရဲ့လက္ထဲသို႔ ကိုယ္တိုင္ထည့္ေပးရင္း ေက်ာက္စိမ္းလက္ေကာက္အား ကိုယ္တကယ္ခ်စ္ျမတ္ႏိုးတဲ့သူကို ေပးဖို႔မွာခဲ့ေခ်၏... တစ္နည္းဆိုရေသာ္ သူမရဲ့ေခြၽးမကို ေပးလိုက္ဖို႔မွာခဲ့ျခင္းပင္...
ရိုးအီေနၿပီျဖစ္ေသာခ်စ္ဝတၴုတို႔အတိုင္း ဝတၴုထဲတြင္ေတာ့ ဇာတ္လိုက္လင္းက်န္နဲ႔ ဇာတ္လိုက္မ ရီခ်င္းတို႔ လက္ထပ္ခဲ့ၾကၿပီး လင္းက်န္ဟာ ရီခ်င္းကို သူ႔အေမရဲ့အေမြပစၥည္းကို ေပးခဲ့ေလတယ္...
ဝတၴုထဲတြင္ ထိုလက္ေကာက္ကို ရီခ်င္းဝတ္ဆင္ၿပီးေနာက္တြင္ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို လူႀကိဳက္မ်ားလာခဲ့၏... လူႀကိဳက္မ်ားၿပီး ဝယ္လိုအားမ်ားလာတဲ့အျပင္ ရွားပါးၿပီးအဖိုးတန္လြန္းလွတာေၾကာင့္ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ရဲ့တန္ဖိုးဟာ အျမင့္ဆံုးသို႔ ေရာက္သြားခဲ့ေလသည္...
သို႔ေသာ္လက္ရိွတြင္ အေျခအေနမ်ားစြာ ကြာဟသြားခဲ့သည့္အျပင္ လင္းက်န္နဲ႔ ရီခ်င္းတို႔လည္း လက္မထပ္ခဲ့တာေၾကာင့္ ဒီလက္ေကာက္ကို ပို႔လိုက္သည့္သူမွ လင္းက်န္မွလြဲ၍ တျခားသူမျဖစ္ႏိုင္ေခ်...
ထိုသို႔ဆိုပါလ်ွင္ လင္းက်န္က ဒီလက္ေကာက္ကို ဘာရည္ရြယ္ခ်က္နဲ႔ သူမ(ရီက်န္း)ဆီ ပို႔လိုက္တာလဲ????
" ဒီေက်ာက္စိမ္းလက္ေကာက္က တန္ဖိုးႀကီးလြန္းတယ္ " လုေပရႊမ္းက သူ႔ရဲ့ပံုမွန္အသံျဖင့္ ေျပာလိုက္၏...
ေက်ာက္စိမ္းလက္ေကာက္ကို ထည့္ထားေသာဘူးေလးထဲတြင္ ကတ္ျပားေလးတစ္ခုပါလာေသးသည္... ထိုကတ္ျပားေလးေပၚတြင္ ေရးထားသည္က... " အေမေရာ ကေလးပါ က်န္းမာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ~~~ လင္းက်န္ " ဟုပင္...
ထိုစာတိုေလးကို ျမင္လိုက္ၿပီးခ်င္းမွာပဲ လုေပရႊမ္းရဲ့မ်က္ႏွာဟာ မိုးႀကိဳးပစ္ေတာ့မယ့္တိမ္စိုင္မ်ားလို ေမွာင္မဲလာေတာ့သည္...
သူ႔မ်က္ဝန္းတို႔မွာလည္း မေရးရာမႈတို႔ ျပည့္ႏွက္လာခဲ့ေလတယ္... ထို႔ေနာက္မွာေတာ့ ရီက်န္းလက္ထဲမွ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ၾကည့္ကာ မ်က္ေမွာင္က်ံဳ႔သြားခဲ့ေလသည္...
လုေပရႊမ္းဟာ ရီက်န္းေရ႔ွတြင္ သူ႔ရဲ့ေဒါသတို႔ကို ထုတ္မျပေခ်... သူ႔စိတ္ထဲတြင္ေတာ့ စာတိုကို ဖတ္ၿပီးေနာက္တြင္ ထိုေက်ာက္စိမ္းလက္ေကာက္ကို အစိတ္စိတ္အမႊာမႊာ ဖ်က္စီးကာ အမိႈက္ပံုထဲ ပစ္ထည့္လိုက္ခ်င္ေန၏...
" အေမေရာ ကေလးပါ က်န္းမာပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ ~~~ လင္းက်န္ ??? " ရီက်န္းသည္ စာကို အသံထုတ္ဖတ္လိုက္ရင္း မ်က္ေမွာင္က်ံဳ႔လိုက္မိေလတယ္... " ဒီလက္ေကာက္ကို လင္းက်န္းက ပို႔လိုက္တာ ထင္တယ္ "
" ဟုတ္လား?? " လုေပရႊမ္းက ရီက်န္းကို စမ္းသပ္ခ်င္သည့္အသံျဖင့္ ေမးလိုက္ေလသည္... " လင္းက်န္းနဲ႔ မင္းနဲ႔က လက္ေဆာင္ေပးရတဲ့အထိ ရင္းႏွီးေနၾကတုန္းပဲလား "
ထိုအခါ ရီက်န္းဟာ လက္ေကာက္ကို ဘူးထဲျမန္ျမန္ျပန္ထည့္လိုက္ၿပီး " မဟုတ္ပါဘူး...အဲ့ေန့က ေလယာဥ္ကြင္းမွာ ေတြ့တာေနာက္ဆံုးပဲ... ၿပီးေတာ့ ဒီလက္ေကာက္က သူနဲ႔ရီခ်င္းတို႔တြဲေနတုန္းက သူက ရီခ်င္းကို ေပးတာ ကြၽန္မ တစ္ခါျမင္ဖူးရံုပဲ "
" ဒါဆို သူက ဘာလို႔ ဒီလက္ေကာက္ကို မင္းဆီပို႔လိုက္တာလဲ " ရီက်န္းသည္ သူမေဘးမွ အမ်ိဳးသားကို ဘယ္လိုျပန္ေျဖရမွန္း မသိေတာ့ေခ်...
အမွန္တကယ္လည္းပဲ သူမသည္ လင္းက်န္ကို ေလယာဥ္ကြင္းမွာ ေနာက္ဆံုးေတြ့ခဲ့ျခင္းျဖစ္ အဆက္အသြယ္လည္း လံုးဝမရိွခဲ့ေပ...
ရီက်န္းသည္ ခဏေလာက္စဥ္းစားလိုက္ၿပီး " ကြၽန္မ တကယ္ မသိတာပါ "
သူမရဲ့အၾကည့္တို႔မွာ အျပစ္ကင္းေၾကာင္း သက္ေသျပလို႔ေန၏...
ထိုအခါ လုေပရႊမ္းသည္ စာတိုေရးထားေသာကတ္ျပားကို လံုးေခ်လိုက္ၿပီး ဘူးထဲျပန္ထည့္လိုက္ကာ ကုတင္ေဘးမွ အံ့ဆြဲထဲသို႔ ပစ္ထည့္လိုက္ၿပီးေနာက္ အခန္းထဲမွ ထြက္သြားေလတယ္...
ဗီလိန္ႀကီး အခန္းထဲမွ ထြက္သြားမွသာ ရီက်န္းသည္ အသက္ေျဖာင့္ေျဖာင့္ရႈႏိုင္ေတာ့သည္...
လင္းက်န္တစ္ေယာက္ ဘာလုပ္ဖို႔ႀကံစည္ေနသည္ကို သူမ မသိေတာ့ေပ... သူ႔အသက္နီးပါးေလာက္ အဖိုးတန္သည့္သူ႔အေမရဲ့အေမြပစၥည္းကို ဘာေၾကာင့္မ်ား သူမဆီ ပို႔လိုက္ရတာလဲ???
ဘာပဲျဖစ္ျဖစ္ လင္းက်န္ႏွင့္ လုေပရႊမ္းတို႔ဟာ အေဖတူ အေမကြဲ ညီအစ္ကိုေတာ္စပ္ေနေသးသည္... သူတို႔ႏွစ္ၪီးရဲ့အေျခအေနအားလံုးသည္ ေမြးလာတည္းက ဆန္႔က်င္ဘက္ပင္... လက္ရိွ သူမဟာ လုေပရႊမ္း၏ဇနီးျဖစ္ေနခ်ိန္၌ လင္းက်န္းဆီမွ အခုလိုအဓိပၸါယ္မလြတ္ကင္းသည့္လက္ေဆာင္မ်ိဳး ရရိွသည္က အက်ိဳးအေၾကာင္းေတာ့ မသင့္... သူမႏွင့္လင္းက်န္တို႔ၾကားတြင္ ဘာမွမရိွပါဘူးဟု ဘယ္သူကမွ ယံုၾကည္မည္ မဟုတ္...
တကယ္လို႔ သူမနဲ႔ကေလးအတြက္ က်န္းမာေစေၾကာင္း ဆုေတာင္းရင္း လက္ေဆာင္ေပးခ်င္သည္ဆိုပါက တျခားေပးစရာမ်ားစြာရိွေပ၏...
ဘာေၾကာင့္မ်ား ဒီလက္ေကာက္ကိုမွ ေပးရသည္လဲ???
ရီက်န္းသည္ အေတြးရင္းျဖင့္ပင္ ေခါင္းမူးလာသလို ခံစားလိုက္ရသည္...
ဘာပဲျဖစ္ျဖစ္ သူမက အျပစ္ကင္းသူပင္...
💙💙💙💙💙💙
မနက္ျဖန္ကစၿပီး အားလံုးကို ပံုမွန္အတိုင္း
ျပန္တင္ေပးႏိုင္ေအာင္လုပ္ေပးပါ့မယ္ေနာ္
အမွန္ေတာ့ မေန့က ျပန္တင္မလို႔ပါပဲ
ဒါေပမယ့္ မေန့ကပဲ V့ရဲ့အဖိုး ဆံုးသြားခဲ့ပါတယ္...
Vလည္း ေနမေကာင္းေရာ အဲ့ကိစၥေၾကာင့္ေရာ မူးေမ့လဲမတတ္ပါဘဲ...
😭😭😭😭😭
Unicode
Chapter 133
( အပြစ်ကင်းသူ - ၁ )
ရီကျန်းသည် သွေးနီရောင်ကျောက်စိမ်းလက်ကောက်ရဲ့ရာဇဝင်ကို ကောင်းကောင်းသိပေသည်... ဒီလက်ကောက်ရဲ့ပိုင်ရှင်သည် လင်းကျန်ပင်... ထိုအကြောင်းကို ဝတ္ထုထဲတွင် ဖန်တစ်ရာထပ်အောင်ရေးသားထားခဲ့သောကြောင့်ဖြစ်၏...
လင်းကျန်ရဲ့မိခင်သည် အဆင့်အတန်းရှိ စာတတ်ပေတတ်အသိုင်းအဝိုင်းမှဖြစ်သည်... သူမဟာ လုရှောင်ရန်(လုပေရွှမ်းရဲ့အဖေ)ဆိုသောလူရှုပ်တစ်ယောက်နှင့် တွေ့ရန် ကံပါလာခဲ့လေတယ်... ဤသို့ဖြင့် နောက်ပိုင်းတွင်တော့ သူမသည် လုရှောင်ရန်၏စကားလှလှလေးတို့ထဲတွင် မျောသွားခဲ့ပြီး လင်းကျန်ကို မွေးဖွားခဲ့၏...
လူရှုပ်လူပွေဖြစ်တဲ့လုရှောင်ရန်(မသကြီး)သည် သူမကို လက်ထပ်ပါ့မည်ကို ကတိတို့ထပ်ထပ်ပေးခဲ့သော်လည်း သူမ ကွယ်ရာတွင် မိန်းမရှုပ်ဆဲပွေဆဲပင်... လင်းကျန်ကိုမွေးပြီးနောက်မှသာ လုရှောင်ရန်၏သရုပ်မှန်ကို မြင်လာခဲ့ချေတယ်...
ထိုအချိန်မှစပြီး သူမသည် လင်းကျန်ကို သူမ တစ်ယောက်တည်းသာ ကျွေးမွေးစောင့်ရှောက်ခဲ့၏...
' လင်း 'တို့ဟာ သူတို့ရဲ့အမွေပစ္စည်းဖြစ်တဲ့သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်လေသည်... လင်းကျန်ရဲ့မိခင်ဟာ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခရောက်နေပါစေ သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ပေါင်နှံခြင်းမပြုခဲ့ပေ... သူမ သေဆုံးခါနီးအချိန်မှသာ သူမသားရဲ့လက်ထဲသို့ ကိုယ်တိုင်ထည့်ပေးရင်း ကျောက်စိမ်းလက်ကောက်အား ကိုယ်တကယ်ချစ်မြတ်နိုးတဲ့သူကို ပေးဖို့မှာခဲ့ချေ၏... တစ်နည်းဆိုရသော် သူမရဲ့ချွေးမကို ပေးလိုက်ဖို့မှာခဲ့ခြင်းပင်...
ရိုးအီနေပြီဖြစ်သောချစ်ဝတ္ထုတို့အတိုင်း ဝတ္ထုထဲတွင်တော့ ဇာတ်လိုက်လင်းကျန်နဲ့ ဇာတ်လိုက်မ ရီချင်းတို့ လက်ထပ်ခဲ့ကြပြီး လင်းကျန်ဟာ ရီချင်းကို သူ့အမေရဲ့အမွေပစ္စည်းကို ပေးခဲ့လေတယ်...
ဝတ္ထုထဲတွင် ထိုလက်ကောက်ကို ရီချင်းဝတ်ဆင်ပြီးနောက်တွင် သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို လူကြိုက်များလာခဲ့၏... လူကြိုက်များပြီး ဝယ်လိုအားများလာတဲ့အပြင် ရှားပါးပြီးအဖိုးတန်လွန်းလှတာကြောင့် သွေးနီရောင်ကျောက်စိမ်းလက်ကောက်ရဲ့တန်ဖိုးဟာ အမြင့်ဆုံးသို့ ရောက်သွားခဲ့လေသည်...
သို့သော်လက်ရှိတွင် အခြေအနေများစွာ ကွာဟသွားခဲ့သည့်အပြင် လင်းကျန်နဲ့ ရီချင်းတို့လည်း လက်မထပ်ခဲ့တာကြောင့် ဒီလက်ကောက်ကို ပို့လိုက်သည့်သူမှ လင်းကျန်မှလွဲ၍ တခြားသူမဖြစ်နိုင်ချေ...
ထိုသို့ဆိုပါလျှင် လင်းကျန်က ဒီလက်ကောက်ကို ဘာရည်ရွယ်ချက်နဲ့ သူမ(ရီကျန်း)ဆီ ပို့လိုက်တာလဲ????
" ဒီကျောက်စိမ်းလက်ကောက်က တန်ဖိုးကြီးလွန်းတယ် " လုပေရွှမ်းက သူ့ရဲ့ပုံမှန်အသံဖြင့် ပြောလိုက်၏...
ကျောက်စိမ်းလက်ကောက်ကို ထည့်ထားသောဘူးလေးထဲတွင် ကတ်ပြားလေးတစ်ခုပါလာသေးသည်... ထိုကတ်ပြားလေးပေါ်တွင် ရေးထားသည်က... " အမေရော ကလေးပါ ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ~~~ လင်းကျန် " ဟုပင်...
ထိုစာတိုလေးကို မြင်လိုက်ပြီးချင်းမှာပဲ လုပေရွှမ်းရဲ့မျက်နှာဟာ မိုးကြိုးပစ်တော့မယ့်တိမ်စိုင်များလို မှောင်မဲလာတော့သည်...
သူ့မျက်ဝန်းတို့မှာလည်း မရေးရာမှုတို့ ပြည့်နှက်လာခဲ့လေတယ်... ထို့နောက်မှာတော့ ရီကျန်းလက်ထဲမှ သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို ကြည့်ကာ မျက်မှောင်ကျုံ့သွားခဲ့လေသည်...
လုပေရွှမ်းဟာ ရီကျန်းရှေ့တွင် သူ့ရဲ့ဒေါသတို့ကို ထုတ်မပြချေ... သူ့စိတ်ထဲတွင်တော့ စာတိုကို ဖတ်ပြီးနောက်တွင် ထိုကျောက်စိမ်းလက်ကောက်ကို အစိတ်စိတ်အမွှာမွှာ ဖျက်စီးကာ အမှိုက်ပုံထဲ ပစ်ထည့်လိုက်ချင်နေ၏...
" အမေရော ကလေးပါ ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ~~~ လင်းကျန် ??? " ရီကျန်းသည် စာကို အသံထုတ်ဖတ်လိုက်ရင်း မျက်မှောင်ကျုံ့လိုက်မိလေတယ်... " ဒီလက်ကောက်ကို လင်းကျန်းက ပို့လိုက်တာ ထင်တယ် "
" ဟုတ်လား?? " လုပေရွှမ်းက ရီကျန်းကို စမ်းသပ်ချင်သည့်အသံဖြင့် မေးလိုက်လေသည်... " လင်းကျန်းနဲ့ မင်းနဲ့က လက်ဆောင်ပေးရတဲ့အထိ ရင်းနှီးနေကြတုန်းပဲလား "
ထိုအခါ ရီကျန်းဟာ လက်ကောက်ကို ဘူးထဲမြန်မြန်ပြန်ထည့်လိုက်ပြီး " မဟုတ်ပါဘူး...အဲ့နေ့က လေယာဥ်ကွင်းမှာ တွေ့တာနောက်ဆုံးပဲ... ပြီးတော့ ဒီလက်ကောက်က သူနဲ့ရီချင်းတို့တွဲနေတုန်းက သူက ရီချင်းကို ပေးတာ ကျွန်မ တစ်ခါမြင်ဖူးရုံပဲ "
" ဒါဆို သူက ဘာလို့ ဒီလက်ကောက်ကို မင်းဆီပို့လိုက်တာလဲ " ရီကျန်းသည် သူမဘေးမှ အမျိုးသားကို ဘယ်လိုပြန်ဖြေရမှန်း မသိတော့ချေ...
အမှန်တကယ်လည်းပဲ သူမသည် လင်းကျန်ကို လေယာဥ်ကွင်းမှာ နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ် အဆက်အသွယ်လည်း လုံးဝမရှိခဲဲ့ပေ...
ရီကျန်းသည် ခဏလောက်စဥ်းစားလိုက်ပြီး " ကျွန်မ တကယ် မသိတာပါ "
သူမရဲ့အကြည့်တို့မှာ အပြစ်ကင်းကြောင်း သက်သေပြလို့နေ၏...
ထိုအခါ လုပေရွှမ်းသည် စာတိုရေးထားသောကတ်ပြားကို လုံးချေလိုက်ပြီး ဘူးထဲပြန်ထည့်လိုက်ကာ ကုတင်ဘေးမှ အံ့ဆွဲထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အခန်းထဲမှ ထွက်သွားလေတယ်...
ဗီလိန်ကြီး အခန်းထဲမှ ထွက်သွားမှသာ ရီကျန်းသည် အသက်ဖြောင့်ဖြောင့်ရှုနိုင်တော့သည်...
လင်းကျန်တစ်ယောက် ဘာလုပ်ဖို့ကြံစည်နေသည်ကို သူမ မသိတော့ပေ... သူ့အသက်နီးပါးလောက် အဖိုးတန်သည့်သူ့အမေရဲ့အမွေပစ္စည်းကို ဘာကြောင့်များ သူမဆီ ပို့လိုက်ရတာလဲ???
ဘာပဲဖြစ်ဖြစ် လင်းကျန်နှင့် လုပေရွှမ်းတို့ဟာ အဖေတူ အမေကွဲ ညီအစ်ကိုတော်စပ်နေသေးသည်... သူတို့နှစ်ဦးရဲ့အခြေအနေအားလုံးသည် မွေးလာတည်းက ဆန့်ကျင်ဘက်ပင်... လက်ရှိ သူမဟာ လုပေရွှမ်း၏ဇနီးဖြစ်နေချိန်၌ လင်းကျန်းဆီမှ အခုလိုအဓိပ္ပါယ်မလွတ်ကင်းသည့်လက်ဆောင်မျိုး ရရှိသည်က အကျိုးအကြောင်းတော့ မသင့်... သူမနှင့်လင်းကျန်တို့ကြားတွင် ဘာမှမရှိပါဘူးဟု ဘယ်သူကမှ ယုံကြည်မည် မဟုတ်...
တကယ်လို့ သူမနဲ့ကလေးအတွက် ကျန်းမာစေကြောင်း ဆုတောင်းရင်း လက်ဆောင်ပေးချင်သည်ဆိုပါက တခြားပေးစရာများစွာရှိပေ၏...
ဘာကြောင့်များ ဒီလက်ကောက်ကိုမှ ပေးရသည်လဲ???
ရီကျန်းသည် အတွေးရင်းဖြင့်ပင် ခေါင်းမူးလာသလို ခံစားလိုက်ရသည်...
ဘာပဲဖြစ်ဖြစ် သူမက အပြစ်ကင်းသူပင်...
💙💙💙💙💙💙
မနက်ဖြန်ကစပြီး အားလုံးကို ပုံမှန်အတိုင်း
ပြန်တင်ပေးနိုင်အောင်လုပ်ပေးပါ့မယ်နော်
အမှန်တော့ မနေ့က ပြန်တင်မလို့ပါပဲ
ဒါပေမယ့် မနေ့ကပဲ V့ရဲ့အဖိုး ဆုံးသွားခဲ့ပါတယ်...
Vလည်း နေမကောင်းရော အဲ့ကိစ္စကြောင့်ရော မူးမေ့လဲမတတ်ပါဘဲ...
😭😭😭😭😭