Uni
အလှလေးတို့ မဂ်လာနှစ်ပတ်လည်နေ့..
မိသားစုအားလုံး ပရဟိတ မိဘမဲ့ကျောင်းတစ်ကျောင်းမှာအလှူလုပ်ဖို့ဆုံးဖြတ်လိုက်ကြသည်..။
ပိုတဲ့သူက လိုသူကို လှူရတာပိုမွန်မြတ်တယ်မဟုတ်လား...။
နှစ်နာရီလောက်မောင်းရမယ်နေရာမို့ မနက်၆နာရီခွဲတော့ အကုန်အဆင်သင့်ဖြစ်နေပြီ..။
သားပေါက်နဲ့သမီးပေါက်ကတော့ မျက်နှာသစ် သနပ်ခါး လိမ်းနေတုန်းသာ မျက်လုံးပွင့်လာသည်..။
အက်ျီတွေလဲပြီးကတည်းက ဖအေ နှစ်ယောက်အပေါ်မှာ တစ်ယောက်စီမှောက်အိပ်နေကြတာ ချလို့ပင်မရ..။
သမီးပေါက်က ပခုံးပေါ်မှောက်အိပ်နေရာက ချလို့မရတာကြောင့် ကားမောင်းလို့အဆင်မပြေတော့တာကြောင့် ရိုးမှာကားမမောင်းတော့ပဲခေါင့်ကားနဲ့သာလိုက်ရတော့သည်..။
မနက်၇နာရီထိုးတော့ကားလေးစီး နဲ့စထွက်လာခဲ့ကြ၏..။
ဒယ်ဒီရယ် မာမီရယ်က တစ်စီး..။
အလှလေးတို့အတွဲရယ်..ဖေ မေရယ် ဘွားငယ်ရယ်က ခခရယ်ကတစ်စီး...။
ခေါင်ရယ် ရိုးတို့မိသားစုရယ်မမွန်ရယ်ကတစ်စီး...။
ပစ္စည်းတွေ ဆေးရုံနဲ့စိန်ဆိုင်က ဝန်ထမ်းတချိူ့က ကားတစ်စီး... ။အားလုံးလေးစီး။
အလုံး သားပေါက်စကို ပခုံးပေါ်က ချကာ ရင်ခွင်ပေါ်တင်သိပ်တော့မျက်လုံးပွင့်လာပြီး...
''ပါးပါး...''
''အင်းသားပေါက်...ဘာလို့လဲ...''
''ငြိမ်ငြိမ်နေ...ဇိမ်ပျက်တယ်...''
ပြောပြီးပြန်အိပ်သွားသူကြောင့်အလုံး ကိုယ့်နှူတ်ခမ်းကိုသာကိုက်ထားလိုက်ရသည်..။
ကိုကြီးက သူ့သားခေါင်းလေးပွတ်တော့...
''ဖေ့..မလုပ်မဲ့လို့..အာ့ကြောင့်ပြောတာ....အလှလေးတို့နဲ့လိုက်ရင်...အေးချေးပဲ...ဖေနဲ့ပါးက တအားစ...''
မရတော့ဘူး..သားပေါက်ကိုအလုံးအသည်းယားလာပြီ..။ထို့ကြောင့်ပါးဖောင်းကြီးနဲ့မေးနှစ်ခွကို ကိုက်ဆွဲပစ်လိုက်ပြီး...
''ထလေ အာ့ဆိုလည်း..အလှလေးတို့ဆီသွား...''
''ဟင့်အင်း...မွန်လေး ဗိုက်ထဲက ကလေးလေး ကန်တာကြည့်မို့..ရှေ့ထဲသွားမယ်...မွန်လေးဆီသွားမယ်..''
ပြောပြောဆိုဆို မမွန်ဆီ တက်ခွနေတာမို့အလုံး မနည်းဆွဲလိုက်ရသည်..။
ကားထဲမှာ တစ်ကမ္ဘာနဲ့ အိန္ဒြေကိုမရဘူး..။
''မရဘူးလေသားရယ်..သား သွားရင် ကလေးလေးက နေရတာ ကြပ်နေမှာပေါ့..ထွက်လာမှတူတူဆော့ရအောင်လေ....နော်သား...တာတာ့ကို နိုးပြီးဆော့...''
ထိုအခါမှငြိမ်သွားပြီးသူ့အစ်မလက်ကို ကိုင်ပြီးသူ့ပါးကပ်ကာ မျက်လုံးလေးမှိတ်ပြီး ကြောင်လေးတွေပွတ်သလိုပွတ်သပ်နေသည်..
''မွန်ယေး..''
ရုတ်တရတ်ခေါ်လိူက်တာကြောင့် အလုံး လန့်သွားရသည်..။
အလုံးတို့ခေါ်သလို အလှလေး မွန်လေးလို့ လိုက်ခေါ်တာမို့ ပြင်ပေးလို့မရတော့ ခေါ်တက်သလိုသာခေါ်ခိုင်းရသည်..။
စကားပြောတက်ကာစက အလုံးမှာ သူတို့ရှေ့ဆိုအဓိက ကမ္ဘာ့ရှေ့မှာအပြောအဆိုအခေါ်အဝေါ်ထိန်းခေါ်၊ ထိန်းပြောရသည်..။
တစ်ခါက အလုံးခေါ်သလို ကိုကြီးကိုယောကျ်ားလို့ ခေါ်လို့ရယ်ကြရသေး၏..။
''ရှင့်..သားပေါက်စ..''
''သားသားကို မွန်ယေး ကလေး ပေးမှာလား...''
''ဘာလုပ်ဖို့လဲ သားရဲ့...''
''ယူမလို့လေ...''
''ဟဲ့...''
အလုံး ပါးစပ်ကိုဆွဲပိတ်ပေမယ့် မမှီတော့..။
ဒီကလေးဟာလေ...။
သမီးပေါက်က နိုးလာပြီးသူ့အဖေပခုံးပေါ်ကနေ အလုံးကြားထဲဝင်ထိုင်ကာ သူ့မောင်ဆံပင်တွေဆွဲဖွနေရင်း...
''အံမယ်...ဂျယ်ဂျယ်ကို ယူမှာဆို...မောင်လေး လူမပေါချင်နဲ့...''
အလုံး ဟက်ကနဲ ရယ်လိုက်မိသည်..။
သူ့မောင်ကို လူမရှူပ်ချင်နဲ့ဆိုတဲ့သဘော...မျက်နှာမများနဲ့ပေါ့လေ...။
အဲ့ ဂျယ်ဂျယ်ဆိုတာ သားထက် တစ်နှစ်လောက်ငယ်တဲ့အတန်းက ကြယ်ရောင်စုံလင်း ဆိုတဲ့ကလေးလေး..။
ဟိုအရင်တစ်ခါ သားပြောကတည်းက ကျောင်းပို့ရင်း ကြည့်မိသေးသည်...။
ဟိုကဖြင့် သားပေါက်ကို ချေတာ ချေတာဆိုတာ...။ကိုယ်သွားမိတ်ဆက်တာတောင် ခေါင်းငြိမ့်ရုံသာတုံ့ပြန်သည်...။
ဆရာမတွေပြောပြချက်အရတော့ကမ္ဘာကိုတော့ စကားနည်းနည်းပြန်ပြောသည်ဆိုပဲ..။
မပြောမချင်း သူလိုချင်တဲ့အဖြေမရမချင်းလည်း ကမ္ဘာက အနားသွားပြီးတတွတ်တွတ်နဲ့နားပူနေတက်ပေမယ့် စိတ်ဆိုးပုံသိပ်မပြဘူးတဲ့...။
အလုံးမျက်ခုံးခပ်လှူပ်လှူပ်ရယ်သားက အောက်ပုဂ္ဂိုလ်ဖြစ်ပြီး သမီးဖြစ်သူက လူကြမ်းကြီးဖြစ်မလားမသိ..။
ကိုးနာရီခွဲတော့ မိဘမဲ့ကျောင်းရောက်ပြီ...။
သားပေါက်နဲ့သမီးပေါက်ကတော့ ကလေးတွေကြားထဲပျော်နေလေပြီ..။
အဓိကကတော့ သားပေါက်..။ကလေးတွေဆော့သလို သဲပုံကြားထဲ လူးလိမ့်နေလိုက်တာပေစုတ်လို့..။
အလုံးလည်း နေချင်သလိုသာ နေတော့ဆိုပြီးလွတ်ထားလိုက်သည်...။သမီးပေါက်ကတော့ သူ့မောင်လေးကို အရိပ်ပင်အောက်ကနေထိုင်ကြည့်နေသည်..။
အလုံး ငေးကြည့်ရင်း သမီးလေးရှိရင် သားပေါက်အတွက်စိတ်ချရပါသည်..။
လူကြီးစိတ်ရှိတဲ့သမီးလေး..။
''ဘာတွေငေးနေလဲ..အသက်ရဲ့...''
အလုံး ခေါင်းကဆံပင်လေးအုပ်ကိုင်ကာ ဆွဲဖွပြီး မေးလာသူကို သားနဲ့သမီး ရှိရာ မေးဆတ်ပြလိုက်ပြီး...
''သမီးပေါက်က သားပေါက်လေးကိုသိပ်ချစ်ရှာတာ...အသက် သားလေးကို စိတ်ချတယ်..သမီးလေးက လူအေးသလောက်စဥ်းစားတက်တယ်...သားပေါက်က ကလေးစိတ်ရှိသေး...''
''သားသားက စိတ်ဓာတ်မာသူပါ...အသက် လုံးဝစိတ်ချလို့ရတယ်...ကိုယ်တို့ရှေ့သာချွဲပေမယ့် သူအမှားလုပ်တာ ဘယ်တုန်းကတွေ့ရလဲ...လုပ်သင့်တာမလုပ်သင့်တာ စဥ်းစားတက်တယ်...မဟုတ်မခံစိတ်နဲ့စွာတေးလန်လို့သာ ခဏခဏပြဿနာတက်တာပါ...ကဲပါ..ကလေးတွေက ငယ်သေးတယ်..ကိုယ်တို့တွေ အချိန်ရှိပါသေးတယ်...''
ခပ်အေးအေး လေသံနဲ့ရှင်းပြနေသူကို အလုံးမော့ကြည့်ပြီး မေးနှစ်ခွရှိတဲ့နေရာလေးကို ခြေဖျားထောက်လှမ်းနမ်းလိုက်၏။
''ကိုကြီးကိုလေ..အသက်က သိပ်လေးစားတာသိလား...အိမ်ထောင်စကျခါစက ကိုကြီးကိုစိတ်နုတယ်ထင်နေတာ...ဒါပေမယ့်အရေးကြုံလာရင် သတ္တိရှိတယ်....ဆုံးဖြတ်နိုင်တယ်...အလုံးရှေ့က ရပ်တည်ပေးတယ်...အဲ့ဒါတွေပြန်တွေးမိတိုင်း ကြည်နူးတယ် ကျေနပ်တယ် ပိုချစ်တယ်ကိုကြီး နောက်ဘဝ မှာလည်း ကိုကြီး နဲ့ပဲ ချစ်ခွင့်ရချင်တယ်...''
''ဒါပေါ့ ချစ်ခွင့်ရမှာပေါ့...ကိုကြီးတို့က ဘယ်ဘဝရောက်ရောက် ဖူးစာရေစက် မပြတ်ပဲ အသက်ကြီးတဲ့အထိ နေသွားကြမှာ...အသက် ဘယ်ရောက်ရောက် ကိုကြီးက ရောက်အောင်လာမှာမို့....အသက်က စောင့်နေပေးနော်...''
''အင်း..ချစ်တယ်ကိုကြီး...''
ဒေါ်ပိုးစံထား သားဖြစ်သူနဲ့သမက်ဖြစ်သူကို ပြုံးကြည့်ရင်းခင်ပွန်းဖြစ်သူအားပြောလိုက်၏။
''ကို...ပိုး အပူတွေကင်းသွားပြီ...သေမယ်ဆိုရင်လည်းသေပျော်ပြီ...အခုချိန်ကျတော့လည်း အရင်က ငိုခဲ့ဖူးတဲ့မျက်ရည်တွေက ဘာမှမဟုတ်တော့သလိုပဲ...''
''ဒါပေါ့ပိုးရဲ့...ဒါပေမယ့်ကိုယ်တို့တွေ သေလို့မဖြစ်သေးဘူး..မြေးတွေကို ပျိူးထောင်ရအုံးမယ်လေ...''
''အင်း...အင်း..ဟုတ်တယ်..''
ခပ်မြူးမြူးလေးပြုံးကာ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ထားကြသည်..။
ဦးကြင်နာသောတစ်ယောက် မိဘမဲ့ကျောင်းဆောင်ရဲ့ အပေါ်ဆုံးထပ်ဝရံတာကနေ ကျောင်းရှေ့မှာ ဆော့နေတဲ့ မြစ်နှစ်ယောက် မြေးနှစ်ယောက် သမီးနဲ့ သမက်ဖြစ်သူတွေကို ငေးကြည့်ရင်း မျက်ရည်တွေဝဲလာရသည်..။
''ဟော...ယောကျ်ားရဲ့အလှလေးက ဘာလို့ငိုနေတာလဲ....ပျော်နေရမယ့်အချိန်လေကွာ...''
လက်ကိုင်ပဝါဖြူလေးနဲ့ တို့ကာ မျက်ရည်တွေသုတ်ပေးလာတဲ့ မျက်နှာ ကိုမော့ကြည့်လိုက်ပြီး ရင်ခွင်ထဲဝင်ကာ တအင့်အင့် ငိုချလိုက်မိတော့သည်..။
ကောင်းမွန်ပြီးပြည့်စုံတဲ့ လိင်တူမိသားစုတစ်ခုကို မြင်နေရတာ ကျေနပ်မိလို့ သူငိုမိခြင်းပင်....။
ဘယ်သူတွေ ပြောကြအုံးမလဲ...။လိင်တူတွေက ကြာရှည်မမြဲနိုင်ဘူးလို့...။
စိတ်ဆိုးစိတ်ကောက်လို့ လမ်းခွဲဖို့တွေးမိကြရင် ပျော်ရွှင်ခဲ့ဖူးကြတာကို ပြန်တွေးကြဖို့လိုမယ်လေ....။
ရွှေရောင်မှိန်သွားတဲ့ ရွှေထည်ပစ္စည်းတစ်ခုကို အရောင်ပြန်တင်သလိုပဲပေါ့...။
''အလှလေး ရေ...''
အောက်နားဆီက ခေါ်သံကြောင့် ငုံ့ကြည့်လိုက်တော့ အလုံးလေးတို့ သားအဖတစ်တွေ က လက်ယမ်းကာ ဆင်းလာဖို့ခေါ်နေသည်..။
''အလှယေး..ဆင်းခဲ့..တားတား တို့နဲ့ ချလပ် လုပ်မယ်...''
''ဟုတ်ပါပြီဗျာ...''
အောက်ထပ်ရောက်သည်နှင့် အတွဲပုံ မိသားစုပုံစသည်ဖြင့်စုံအောင်ဓာတ်ပုံရိုက်ကြ၏...။
ကြင်နာသောရဲ့ဆန္ဒတွေကိုဉာဏ်ပြည့်တစ်ယောက်ကပဲဖြည့်ဆည်းပေးနိုင်သလိုတစ်သက်လုံးရိုးမြေကျ အတူနေသွားဖို့ကလည်း ဘယ်ဗေဒင်ဆရာကိုမှ မေးနေစရာမလိုတော့ပေ..။
ချစ်တယ်လို့ ခဏခဏပြောဖို့ထက် ချစ်ပြဖို့ပဲလိုအပ်တာမို့ စကားနဲ့သက်သေမပြပဲ ယုံကြည်မှူ နားလည်မှူ တို့နဲ့အုတ်မြစ်ချပြီးသံသယနဲ့ချူပ်ချယ်မှူ့ဆိုတဲ့ငြမ်းကိုဆင်ကာဖေးမကာကွယ်မှူ့ဆိုတဲ့တံခါးခိုင်ခိုင်နဲ့ပြည့်စုံတဲ့အချစ်အိမ်လေးဆောက်နိုင်ကြပါစေလို့ ဆုတောင်းရင်း...
The End
kwaypu
Edit...11.4.22
Zaw
အလွေလးတို႔ မဂ္လာႏွစ္ပတ္လည္ေန့..
မိသားစုအားလံုး ပရဟိတ မိဘမဲ့ေက်ာင္းတစ္ေက်ာင္းမွာအလႉလုပ္ဖို႔ဆံုးျဖတ္လိုက္ၾကသည္..။
ပိုတဲ့သူက လိုသူကို လႉရတာပိုမြန္ျမတ္တယ္မဟုတ္လား...။
ႏွစ္နာရီေလာက္ေမာင္းရမယ္ေနရာမို႔ မနက္၆နာရီခြဲေတာ့ အကုန္အဆင္သင့္ျဖစ္ေနၿပီ..။
သားေပါက္နဲ႔သမီးေပါက္ကေတာ့ မ်က္ႏွာသစ္ သနပ္ခါး လိမ္းေနတုန္းသာ မ်က္လံုးပြင့္လာသည္..။
အက္်ီေတြလဲၿပီးကတည္းက ဖေအ ႏွစ္ေယာက္အေပၚမွာ တစ္ေယာက္စီေမွာက္အိပ္ေနၾကတာ ခ်လို႔ပင္မရ..။
သမီးေပါက္က ပခံုးေပၚေမွာက္အိပ္ေနရာက ခ်လို႔မရတာေၾကာင့္ ကားေမာင္းလို႔အဆင္မေျပေတာ့တာေၾကာင့္ ရိုးမွာကားမေမာင္းေတာ့ပဲေခါင့္ကားနဲ႔သာလိုက္ရေတာ့သည္..။
မနက္၇နာရီထိုးေတာ့ကားေလးစီး နဲ႔စထြက္လာခဲ့ၾက၏..။
ဒယ္ဒီရယ္ မာမီရယ္က တစ္စီး..။
အလွေလးတို႔အတြဲရယ္..ေဖ ေမရယ္ ဘြားငယ္ရယ္က ခခရယ္ကတစ္စီး...။
ေခါင္ရယ္ ရိုးတို႔မိသားစုရယ္မမြန္ရယ္ကတစ္စီး...။
ပစၥည္းေတြ ေဆးရံုနဲ႔စိန္ဆိုင္က ဝန္ထမ္းတခ်ိူ႔က ကားတစ္စီး... ။အားလံုးေလးစီး။
အလံုး သားေပါက္စကို ပခံုးေပၚက ခ်ကာ ရင္ခြင္ေပၚတင္သိပ္ေတာ့မ်က္လံုးပြင့္လာၿပီး...
''ပါးပါး...''
''အင္းသားေပါက္...ဘာလို႔လဲ...''
''ၿငိမ္ၿငိမ္ေန...ဇိမ္ပ်က္တယ္...''
ေျပာၿပီးျပန္အိပ္သြားသူေၾကာင့္အလံုး ကိုယ့္ႏႉတ္ခမ္းကိုသာကိုက္ထားလိုက္ရသည္..။
ကိုႀကီးက သူ႔သားေခါင္းေလးပြတ္ေတာ့...
''ေဖ့..မလုပ္မဲ့လို႔..အာ့ေၾကာင့္ေျပာတာ....အလွေလးတို႔နဲ႔လိုက္ရင္...ေအးေခ်းပဲ...ေဖနဲ႔ပါးက တအားစ...''
မရေတာ့ဘူး..သားေပါက္ကိုအလံုးအသည္းယားလာၿပီ..။ထို႔ေၾကာင့္ပါးေဖာင္းႀကီးနဲ႔ေမးႏွစ္ခြကို ကိုက္ဆြဲပစ္လိုက္ၿပီး...
''ထေလ အာ့ဆိုလည္း..အလွေလးတို႔ဆီသြား...''
''ဟင့္အင္း...မြန္ေလး ဗိုက္ထဲက ကေလးေလး ကန္တာၾကည့္မို႔..ေရ႔ွထဲသြားမယ္...မြန္ေလးဆီသြားမယ္..''
ေျပာေျပာဆိုဆို မမြန္ဆီ တက္ခြေနတာမို႔အလံုး မနည္းဆြဲလိုက္ရသည္..။
ကားထဲမွာ တစ္ကမ႓ာနဲ႔ အိႁႏၵေကိုမရဘူး..။
''မရဘူးေလသားရယ္..သား သြားရင္ ကေလးေလးက ေနရတာ ၾကပ္ေနမွာေပါ့..ထြက္လာမွတူတူေဆာ့ရေအာင္ေလ....ေနာ္သား...တာတာ့ကို ႏိုးၿပီးေဆာ့...''
ထိုအခါမွၿငိမ္သြားၿပီးသူ႔အစ္မလက္ကို ကိုင္ၿပီးသူ႔ပါးကပ္ကာ မ်က္လံုးေလးမိွတ္ၿပီး ေၾကာင္ေလးေတြပြတ္သလိုပြတ္သပ္ေနသည္..
''မြန္ေယး..''
ရုတ္တရတ္ေခၚလိူက္တာေၾကာင့္ အလံုး လန္႔သြားရသည္..။
အလံုးတို႔ေခၚသလို အလွေလး မြန္ေလးလို႔ လိုက္ေခၚတာမို႔ ျပင္ေပးလို႔မရေတာ့ ေခၚတက္သလိုသာေခၚခိုင္းရသည္..။
စကားေျပာတက္ကာစက အလံုးမွာ သူတို႔ေရ႔ွဆိုအဓိက ကမ႓ာ့ေရ႔ွမွာအေျပာအဆိုအေခၚအေဝၚထိန္းေခၚ၊ ထိန္းေျပာရသည္..။
တစ္ခါက အလံုးေခၚသလို ကိုႀကီးကိုေယာက်္ားလို႔ ေခၚလို႔ရယ္ၾကရေသး၏..။
''ရွင့္..သားေပါက္စ..''
''သားသားကို မြန္ေယး ကေလး ေပးမွာလား...''
''ဘာလုပ္ဖို႔လဲ သားရဲ့...''
''ယူမလို႔ေလ...''
''ဟဲ့...''
အလံုး ပါးစပ္ကိုဆြဲပိတ္ေပမယ့္ မမွီေတာ့..။
ဒီကေလးဟာေလ...။
သမီးေပါက္က ႏိုးလာၿပီးသူ႔အေဖပခံုးေပၚကေန အလံုးၾကားထဲဝင္ထိုင္ကာ သူ႔ေမာင္ဆံပင္ေတြဆြဲဖြေနရင္း...
''အံမယ္...ဂ်ယ္ဂ်ယ္ကို ယူမွာဆို...ေမာင္ေလး လူမေပါခ်င္နဲ႔...''
အလံုး ဟက္ကနဲ ရယ္လိုက္မိသည္..။
သူ႔ေမာင္ကို လူမရႉပ္ခ်င္နဲ႔ဆိုတဲ့သေဘာ...မ်က္ႏွာမမ်ားနဲ႔ေပါ့ေလ...။
အဲ့ ဂ်ယ္ဂ်ယ္ဆိုတာ သားထက္ တစ္ႏွစ္ေလာက္ငယ္တဲ့အတန္းက ၾကယ္ေရာင္စံုလင္း ဆိုတဲ့ကေလးေလး..။
ဟိုအရင္တစ္ခါ သားေျပာကတည္းက ေက်ာင္းပို႔ရင္း ၾကည့္မိေသးသည္...။
ဟိုကျဖင့္ သားေပါက္ကို ေခ်တာ ေခ်တာဆိုတာ...။ကိုယ္သြားမိတ္ဆက္တာေတာင္ ေခါင္းၿငိမ့္ရံုသာတံု႔ျပန္သည္...။
ဆရာမေတြေျပာျပခ်က္အရေတာ့ကမ႓ာကိုေတာ့ စကားနည္းနည္းျပန္ေျပာသည္ဆိုပဲ..။
မေျပာမခ်င္း သူလိုခ်င္တဲ့အေျဖမရမခ်င္းလည္း ကမ႓ာက အနားသြားၿပီးတတြတ္တြတ္နဲ႔နားပူေနတက္ေပမယ့္ စိတ္ဆိုးပံုသိပ္မျပဘူးတဲ့...။
အလံုးမ်က္ခံုးခပ္လႉပ္လႉပ္ရယ္သားက ေအာက္ပုဂၢိုလ္ျဖစ္ၿပီး သမီးျဖစ္သူက လူၾကမ္းႀကီးျဖစ္မလားမသိ..။
ကိုးနာရီခြဲေတာ့ မိဘမဲ့ေက်ာင္းေရာက္ၿပီ...။
သားေပါက္နဲ႔သမီးေပါက္ကေတာ့ ကေလးေတြၾကားထဲေပ်ာ္ေနေလၿပီ..။
အဓိကကေတာ့ သားေပါက္..။ကေလးေတြေဆာ့သလို သဲပံုၾကားထဲ လူးလိမ့္ေနလိုက္တာေပစုတ္လို႔..။
အလံုးလည္း ေနခ်င္သလိုသာ ေနေတာ့ဆိုၿပီးလြတ္ထားလိုက္သည္...။သမီးေပါက္ကေတာ့ သူ႔ေမာင္ေလးကို အရိပ္ပင္ေအာက္ကေနထိုင္ၾကည့္ေနသည္..။
အလံုး ေငးၾကည့္ရင္း သမီးေလးရိွရင္ သားေပါက္အတြက္စိတ္ခ်ရပါသည္..။
လူႀကီးစိတ္ရိွတဲ့သမီးေလး..။
''ဘာေတြေငးေနလဲ..အသက္ရဲ့...''
အလံုး ေခါင္းကဆံပင္ေလးအုပ္ကိုင္ကာ ဆြဲဖြၿပီး ေမးလာသူကို သားနဲ႔သမီး ရိွရာ ေမးဆတ္ျပလိုက္ၿပီး...
''သမီးေပါက္က သားေပါက္ေလးကိုသိပ္ခ်စ္ရွာတာ...အသက္ သားေလးကို စိတ္ခ်တယ္..သမီးေလးက လူေအးသေလာက္စဥ္းစားတက္တယ္...သားေပါက္က ကေလးစိတ္ရိွေသး...''
''သားသားက စိတ္ဓာတ္မာသူပါ...အသက္ လံုးဝစိတ္ခ်လို႔ရတယ္...ကိုယ္တို႔ေရ႔ွသာခြၽဲေပမယ့္ သူအမွားလုပ္တာ ဘယ္တုန္းကေတြ့ရလဲ...လုပ္သင့္တာမလုပ္သင့္တာ စဥ္းစားတက္တယ္...မဟုတ္မခံစိတ္နဲ႔စြာေတးလန္လို႔သာ ခဏခဏျပႆနာတက္တာပါ...ကဲပါ..ကေလးေတြက ငယ္ေသးတယ္..ကိုယ္တို႔ေတြ အခ်ိန္ရိွပါေသးတယ္...''
ခပ္ေအးေအး ေလသံနဲ႔ရွင္းျပေနသူကို အလံုးေမာ့ၾကည့္ၿပီး ေမးႏွစ္ခြရိွတဲ့ေနရာေလးကို ေျခဖ်ားေထာက္လွမ္းနမ္းလိုက္၏။
''ကိုႀကီးကိုေလ..အသက္က သိပ္ေလးစားတာသိလား...အိမ္ေထာင္စက်ခါစက ကိုႀကီးကိုစိတ္ႏုတယ္ထင္ေနတာ...ဒါေပမယ့္အေရးႀကံဳလာရင္ သတၲိရိွတယ္....ဆံုးျဖတ္ႏိုင္တယ္...အလံုးေရ႔ွက ရပ္တည္ေပးတယ္...အဲ့ဒါေတျြပန္ေတြးမိတိုင္း ၾကည္ႏူးတယ္ ေက်နပ္တယ္ ပိုခ်စ္တယ္ကိုႀကီး ေနာက္ဘဝ မွာလည္း ကိုႀကီး နဲ႔ပဲ ခ်စ္ခြင့္ရခ်င္တယ္...''
''ဒါေပါ့ ခ်စ္ခြင့္ရမွာေပါ့...ကိုႀကီးတို႔က ဘယ္ဘဝေရာက္ေရာက္ ဖူးစာေရစက္ မျပတ္ပဲ အသက္ႀကီးတဲ့အထိ ေနသြားၾကမွာ...အသက္ ဘယ္ေရာက္ေရာက္ ကိုႀကီးက ေရာက္ေအာင္လာမွာမို႔....အသက္က ေစာင့္ေနေပးေနာ္...''
''အင္း..ခ်စ္တယ္ကိုႀကီး...''
ေဒၚပိုးစံထား သားျဖစ္သူနဲ႔သမက္ျဖစ္သူကို ၿပံဳးၾကည့္ရင္းခင္ပြန္းျဖစ္သူအားေျပာလိုက္၏။
''ကို...ပိုး အပူေတြကင္းသြားၿပီ...ေသမယ္ဆိုရင္လည္းေသေပ်ာ္ၿပီ...အခုခ်ိန္က်ေတာ့လည္း အရင္က ငိုခဲ့ဖူးတဲ့မ်က္ရည္ေတြက ဘာမွမဟုတ္ေတာ့သလိုပဲ...''
''ဒါေပါ့ပိုးရဲ့...ဒါေပမယ့္ကိုယ္တို႔ေတြ ေသလို႔မျဖစ္ေသးဘူး..ေျမးေတြကို ပ်ိူးေထာင္ရအံုးမယ္ေလ...''
''အင္း...အင္း..ဟုတ္တယ္..''
ခပ္ျမဴးျမဴးေလးၿပံဳးကာ တစ္ေယာက္ကိုတစ္ေယာက္ဖက္တြယ္ထားၾကသည္..။
ၪီးၾကင္နာေသာတစ္ေယာက္ မိဘမဲ့ေက်ာင္းေဆာင္ရဲ့ အေပၚဆံုးထပ္ဝရံတာကေန ေက်ာင္းေရ႔ွမွာ ေဆာ့ေနတဲ့ ျမစ္ႏွစ္ေယာက္ ေျမးႏွစ္ေယာက္ သမီးနဲ႔ သမက္ျဖစ္သူေတြကို ေငးၾကည့္ရင္း မ်က္ရည္ေတြဝဲလာရသည္..။
''ေဟာ...ေယာက်္ားရဲ့အလွေလးက ဘာလို႔ငိုေနတာလဲ....ေပ်ာ္ေနရမယ့္အခ်ိန္ေလကြာ...''
လက္ကိုင္ပဝါျဖဴေလးနဲ႔ တို႔ကာ မ်က္ရည္ေတြသုတ္ေပးလာတဲ့ မ်က္ႏွာ ကိုေမာ့ၾကည့္လိုက္ၿပီး ရင္ခြင္ထဲဝင္ကာ တအင့္အင့္ ငိုခ်လိုက္မိေတာ့သည္..။
ေကာင္းမြန္ၿပီးျပည့္စံုတဲ့ လိင္တူမိသားစုတစ္ခုကို ျမင္ေနရတာ ေက်နပ္မိလို႔ သူငိုမိျခင္းပင္....။
ဘယ္သူေတြ ေျပာၾကအံုးမလဲ...။လိင္တူေတြက ၾကာရွည္မၿမဲႏိုင္ဘူးလို႔...။
စိတ္ဆိုးစိတ္ေကာက္လို႔ လမ္းခြဲဖို႔ေတြးမိၾကရင္ ေပ်ာ္ရႊင္ခဲ့ဖူးၾကတာကို ျပန္ေတြးၾကဖို႔လိုမယ္ေလ....။
ေရႊေရာင္မိွန္သြားတဲ့ ေရႊထည္ပစၥည္းတစ္ခုကို အေရာင္ျပန္တင္သလိုပဲေပါ့...။
''အလွေလး ေရ...''
ေအာက္နားဆီက ေခၚသံေၾကာင့္ ငံု႔ၾကည့္လိုက္ေတာ့ အလံုးေလးတို႔ သားအဖတစ္ေတြ က လက္ယမ္းကာ ဆင္းလာဖို႔ေခၚေနသည္..။
''အလွေယး..ဆင္းခဲ့..တားတား တို႔နဲ႔ ခ်လပ္ လုပ္မယ္...''
''ဟုတ္ပါၿပီဗ်ာ...''
ေအာက္ထပ္ေရာက္သည္ႏွင့္ အတြဲပံု မိသားစုပံုစသည္ျဖင့္စံုေအာင္ဓာတ္ပံုရိုက္ၾက၏...။
ၾကင္နာေသာရဲ့ဆႏၵေတြကိုဉာဏ္ျပည့္တစ္ေယာက္ကပဲျဖည့္ဆည္းေပးႏိုင္သလိုတစ္သက္လံုးရိုးေျမက် အတူေနသြားဖို႔ကလည္း ဘယ္ေဗဒင္ဆရာကိုမွ ေမးေနစရာမလိုေတာ့ေပ..။
ခ်စ္တယ္လို႔ ခဏခဏေျပာဖို႔ထက္ ခ်စ္ျပဖို႔ပဲလိုအပ္တာမို႔ စကားနဲ႔သက္ေသမျပပဲ ယံုၾကည္မွဴ နားလည္မွဴ တို႔နဲ႔အုတ္ျမစ္ခ်ၿပီးသံသယနဲ႔ခ်ူပ္ခ်ယ္မွဴ့ဆိုတဲ့ျငမ္းကိုဆင္ကာေဖးမကာကြယ္မွဴ့ဆိုတဲ့တံခါးခိုင္ခိုင္နဲ႔ျပည့္စံုတဲ့အခ်စ္အိမ္ေလးေဆာက္ႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း...
The End
kwaypu
Edit...11.4.22