Nowhere to Go (Myanmar Transl...

By PoneyPeach

196K 25.9K 494

Original Author - Fangua Steamed Bun English Translator - FL AI Robot (38 Chapters) This is my first work. Fu... More

DESCRIPTION
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32.1
Chapter 32.2
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 38 << Final >>
ကျေးဇူးတင်လွှာ
for update 😌

Chapter 37

4K 594 35
By PoneyPeach

Unicode

အနောက်အရပ်သို့ ယွန်းသွားသည့် နေဝင်ဆည်းဆာဟာ လူနာဆောင်အတွင်းမှာ ရောင်ခြည်ဖြာလျှက် အခန်းတစ်ခုလုံးကို လိမ္မော်ရောင်သွေး တောက်ပနေစေသည်။

မျက်နှာသုတ်ပဝါများ၊ သွားတိုက်တံ၊ လဲထားသည့် အဝတ်တွေအားလုံးကို စုပြုံထည့်လိုက်တာတောင် အိတ်ကသေးသေးလေးပင်ရှိသေးသည်။ စွန့်ပစ်ရမည့် ပစ္စည်းတွေကိုလည်း မနက်ကတည်းက ရှင်းလင်းပြီးသားဖြစ်သည်။ လူနာကိုယ်တိုင်က ကုတင်ပေါ်မှာထိုင်နေရမှာဖြစ်ပေမယ့် လူနာစောင့်မရှိတာကြောင့် ဝေ့ဒါကိုယ်တိုင် ဆေးရုံဆင်းဖို့ရန် ပြင်နေခြင်းပါပေ။ ဝေ့ဒါ စာရွက်တစ်ရွက်ကို ကြည့်နေရာမှ အိတ်ထဲသို့ ထိုးချေထည့်လိုက်၏။

သူနာပြုတစ်ယောက်က သူဆီလာစစ်ဆေးကြည့်ရင်း မေးသည်။
" မင်း ဒီနေ့ ဆေးရုံဆင်းရမှာမလား။ ဘာလို့မဆင်းသေးတာလဲ။ "

" ကျွန်တော် လူတစ်ယောက်ကို စောင့်နေတာ "

ထိုအချိန်တွင် သူ့သူငယ်ချင်းဆီက ဖုန်းဝင်လာလေ၏။

" ငါ မင်းအစ်ကိုကို မင်း ဒီနေ့ဆေးရုံဆင်းမယ့်အကြောင်း message ပို့ထားတယ်။ ခုထိ မရောက်သေးဘူးလား။ သူမလာချင်လို့နေမှာပေါ့။ မင်း အကြာကြီးဆေးရုံတက်နေတာတောင် သူက တစ်ခါလေးပဲ လာကြည့်သွားတာလေ။ သူမလာတော့ဘူးလို့ ထင်တာပဲ။ မဟုတ်ရင်လည်း ညကြအပြင်လေးဘာလေးထွက်ပြီး နည်းနည်းပါးပါး ပျော်ကြရအောင်။ မင်းနဲ့ မိတ်ဆက်ပေးဖို့ လူနည်းနည်းလည်း ခေါ်ခဲ့မယ်လေ။ လိုက်ခဲ့စမ်းပါ ။ သောက်ကြစားကြရုံပဲဟာကို.... ဘာ... မလိုဘူးလား... မင်းအစ်ကိုက အလုပ်များနေတယ်ဆိုရင်တောင် အလုပ်ဆင်းရင်တော့ လာသင့်တာပေါ့။ သူ မင်းကို မတွေ့ချင်လို့လေကွာ... မလာမချင်းစောင့်နေရအောင် မင်းက သောက်ရူးလား။ "

ဝေ့ဒါ ဖုန်းချပစ်လိုက်၏။

အချိန်​ကြာလာတာနှင့်အမျှ လိမ္မော်ရောင် အလင်းတန်းတွေဟာ တဖြေးဖြေး မှေးမှိန်ကာ မှောင်ရိပ်သန်းလာတော့သည်။

ဆောင်းဦးရာသီဝင်လာတာကြောင့် နေ့တာကလည်း ပိုပိုတိုလာချေပြီ။

တစ်ခန်းတည်းနေသော လူနာက ပြန်ရောက်လာချိန်တွင် အိပ်ရာပေါ်မှာ ထိုင်နေဆဲဖြစ်သည့် ဝေ့ဒါကိုမြင်တော့ ပြုံးပြကာ စကားဆိုလာသည်။

" မင်းအစ်ကိုကို စောင့်နေတာလား။ တစ်နေကုန်စောင့်နေတာတောင် ပေါ်မလာမှတော့ သူမလာတော့လို့နေမှာပေါ့။ မြန်မြန် အိမ်ပြန်သွားလိုက်တော့လေ။ သူ အိမ်ပြန်ရောက်ချင်ရောက်နေလောက်မှာပေါ့။ "

ဝေ့ဒါ ပြတင်းပေါက်အပြင်ကိုသာ ငေးကြည့်လိုက်မိ၏။ လမ်းဘေးတစ်ချက်ဆီက လမ်းမီးတိုင်တွေဟာ တစ်ခုပြီးတစ်ခု လင်းလက်လို့ လာနေလေပြီ။

ဖြစ်နိုင်လောက်ပါတယ်… သူတကယ်ကို မလာခဲ့ဘူးပဲ။

ဝေ့ဒါ အိပ်ရာပေါ်ကဆင်းပြီး အိတ်ကိုသယ်လိုက်သည်။

ကျွန်တော်အရင်က မှားခဲ့မိတာတွေကို ဘယ်လိုပြန်ကုစားရမလဲဆိုတာ မသိ​တော့ဘူး။

ကိုကိုက ဒီလိုမျိုး အပိုအလုပ်တွေလုပ်ပြီး သူ့မေတ္တာတွေကို မပြတတ်လို့ပါ။ သူမလာရင်တောင် ဒီလုပ်ရပ်က ကျိုးကြောင်းဆီလျော်ပါတယ်လေ။ 

ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက ပျက်စီးသွားခဲ့ပြီးပြီပဲ။

အခုတော့ သူ တခြားမြို့ကို​ပြောင်းပြီး ကို့ကိုကို မေ့ဖို့ ကြိုးစားရတော့မှာပေါ့။

တစ်ယောက်တစ်နေရာ ခွဲခွာကြတာပေါ့။

*****

တက္ကစီမောင်းသမားက ကားစတီယာရင်ကိုပုတ်ကာ ကားနောက်ကြည့်မှန်ကနေတစ်ဆင့် အနောက်ခန်းထဲမှာ ထိုင်နေသည့်လူကို ကြည့်လိုက်၏။

" မင်းက အရမ်းလောတာပဲ။ နေ့တိုင်း ဒီနားက ကားပိတ်နေကြပဲ။ ဘာလို့ အရမ်းတွေ ပူပန်နေရတာလဲ။ ဘာများအရေးကြီး​နေလို့လဲ။ "

တစ်လျှောက်လုံး ဖုန်းကိုပဲ ငုံ့ကြည့်နေခဲ့သည့်လူက နောက်ဆုံးမှာတော့ ခေါင်းမော့လာတော့၏။

" ကျွန်တော့်ညီ ဆေးရုံဆင်းမှာ သွားကြိုရမှာမလို့ "

" ဟေ့ ဘယ်နှနာရီတောင်ရှိနေပြီလဲ။ "

" ကျွန်တော်အလုပ်ဆင်းတာတောင် လူနာတွေကြည့်ပေးနေရတာနဲ့ နောက်ကျသွားလို့။ "

"Oh... ဒီလောက် အရေးကြီးတဲ့ကိစ္စကို မင်းသွားမကြိုနိုင်ရင်လည်း သူ့ကိုအကျိုးအကြောင်း ကြိုပြောလိုက်ပေါ့။ ကြည့်... အခုတော့ အချိန်တွေဖြုန်းနေရပြီ။ ကားလမ်းကလည်း ပိတ်လို့။ "

" ကျွန်တော် ချီတုံချတုံဖြစ်နေလို့ "
ထိုလူက ဖုန်းကိုကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။

" အဆုံးထိ … ကျွန်တော် ကြောက်နေမိတုန်းပဲ .."

သူ့အသံကို အပြင်ဘက်က ကားဟွန်းသံတွေက ဖုံးသွားကာ ကားဆရာက သေချာမကြားလိုက်ရပေ။ 

" ဘာပြောလိုက်တာလဲ။ "

" ဘာမှမဟုတ်တော့ဘူး "

ဖုန်းထဲက စာတွေအတန်းလိုက်က ဖုန်းနံပါတ် တစ်ခုထဲကပဲ ဖြစ်သည်။ အဲ့ဒီနေ့ကစပြီး သူက  "တောင်းပန်ပါတယ် " ဆိုတဲ့ message ကို နေ့တိုင်းပို့​နေခဲ့သည်။

အိုဟောင်းနေပြီဖြစ်သည့် သူ့ဖုန်းက message တွေအများကြီးကို သိမ်းမထားနိုင်တော့ပေ။ အရင်က message တိုတွေကိုလည်း သေချာဂရုတစိုက်ဖြင့် ဖျက်ပစ်မှသာ သုံးလို့ရတော့၏။ ဒါပေမယ့် ဝေ့ဒါပို့တဲ့ message တွေကိုတော့ မရည်ရွယ်ပါဘဲ ချန်ထားခဲ့လေ့ရှိသည်။

မသိစိတ်၏ လုပ်ဆောင်မှုသေးသေးလေးတွေက တစ်ခါတစ်လေ စိတ်ထဲက စိတ်ရင်းလေးသာ။

ကားဟာ အဆုံးမှာတော့ တဖြေးဖြေးချင်း စတင်ရွေ့လျားလာခဲ့ပြီ။ ကားဆရာက ဆိုလေသည်။

" မြို့တော်ဆေးရုံမလား။ ငါ မင်းကို လမ်းကြားလေးတွေကနေ ကွေ့ပတ်ပြီး ပို့ပေးမယ်။ "

လွီနင် ကအပြင်ဘက်ကို ကြည့်လိုက်မိတော့ ကားမှန်တံခါးတွေမှာ ရေတွေစိုနေတာကို တွေ့လိုက်ရ၏။ 

" မိုးရွာနေတာလား "

" ဘာမိုးရမှာလဲ၊ အဲ့ဒါနှင်းတွေ "

လွီနင် ကားပေါ်ကဆင်းလိုက်တော့ မှောင်တောင်မှောင်နေလေပြီ။ လွီနင် အလျင်အမြန်ပဲ ဆေးရုံထဲသို့ ပြေးဝင်လာကာ လူနာဆောင် ၃၀၉ ကတံခါးကို တွန်းဖွင့်လိုက်သည်။  တံခါးကို မဖွင့်ခင် ခဏမျှလည်း ချီတုံချတုံဖြစ်သွားရသေးသည်။ 

" အားနာပါတယ် .. ငါ နောက်ကျသွားတယ် "

အခန်းထဲက လူနာက သူ့ကို အံ့သြတကြီးကြည့်လာပြီးနောက် ချင်ချင်းပဲ မှတ်မိသွားသည်။

" ဘယ်သူများလဲလို့၊ ဝေ့ဒါ ဆေးရုံကဆင်းသွားပြီ။ အစောပိုင်းလေးကတောင် မင်းကိုစောင့်နေသေးတယ်။ ခုလောက်ဆို အိမ်ပြန်ရောက်လောက်ရောပေါ့။ အိမ်အမြန်ပြန်ပြီး ကြည့်လိုက်ဦး။  "

လွီနင်က တံခါးဝမှာရပ်လျှက် အိပ်ရာအလွတ်ကိုသာ ငေးကြည့်နေမိ၏။ 

" သူထွက်သွားတာ ဘယ်လောက်ကြာပြီလဲ "

" တော်တော်လေးကို ကြာနေပြီ "

လွီနင် တွေဝေမှင်သက်သွားပြီး သူ့လက်က နာရီကို ငုံ့ကြည့်လိုက်၏။ နာရီက ၉ နေရာသို့ ညွှန်ပြနေသည်။ လွီနင် ခါးသက်စွာ ပြုံးလိုက်မိပြီး-

" ဟုတ်တာပေါ့၊ ခဏလေးမှမဟုတ်တာ။ သူထွက်သွားသင့်ပါတယ်။ "

ရာသီဥတုက အေးလာပြီဖြစ်၍ ဆေးရုံအပြင်ဘက်မှာ လူသူတစ်ယောက်မှ ရှိမနေတော့။ နှင်းပွင့်လေးတွေဟာလည်း အရည်ပျော်ပြီး မြေပြင်ပေါ်သို့ အရည်ပျော်ကျဆင်းလို့နေလေသည်။ 

သူ ထွက်သွားပြီ။

ဆီးနှင်းရည်တွေနှင့် စိုစွတ်နေသော မြေပြင်ပေါ်လို့ လွီနင့်ခြေလှမ်းတွေ နင်းဖြတ်လာရင်း ခံစားချက်တွေ ရှုပ်ထွေးလာသည်။

လွီနင် ဆေးရုံဂိတ်ပေါက်ဆီသို့ ​ဖြေးညှင်းစွာ လျှောက်လာရင်း လမ်းမပေါ်က ကားတွေကိုသာ ဗလာကျင်းနေသော မျက်ဝန်းတစ်စုံဖြင့် လိုက်ကြည့်နေမိသည်။

သတ္တိအပြည့်မွေးပြီး လာခဲ့ပေမယ့် နောက်ဆုံးမှာတော့  ဝေ့ဒါက ထွက်သွားခဲ့ပြီ။

သူတို့တွေ တစ်ယောက်တစ်လမ်းဆီ လမ်းခွဲကာ ဆက်လက်လျှောက်လှမ်းခဲ့ကြပေမယ့် ရုတ်တရက် လမ်းနှစ်သွယ်ဟာ အရှေ့မှာ ပေါင်းဆုံလို့သွားတာကို တွေ့လိုက်ရသည်။

ဒီလို ကပေါက်တိ ကပေါက်ချာဖြစ်ရပ်မျိုး ဘယ်မှာရှိလို့လဲ။ လွီနင် သူ့မျက်လုံးတွေကို အုပ်လိုက်ကာ ခပ်ဖွဖွ လှောင်ရယ်လိုက်မိသည်။ 

သူပြုံးရယ်နေပေမယ့် သူ့ရင်ထဲကတော့ နာကျင်နေပါသည်။

ရုတ်တရက် သူ့အနောက်ကနေ အသံတစ်သံကို ကြားလိုက်ရ၏။

" ကိုကိုလား။ "

လွီနင် ကြောင်အသွားပြီး လှည့်ကြည့်လိုက်၏။ လူတစ်ယောက်က ဆေးရုံဝင်ပေါက်အရှေ့မှာ ဆောင့်ကြောင့်လေး ထိုင်နေလေသည်။

ထိုလူက ခေါင်းမော့ကာ သူ့မျက်ဝန်းနက်နက်​တွေနှင့် လွီနင်ကို သေချာကြည့်နေလေသည်။

ထိုအခိုက်အတန့်မှာ အချိန်နာရီတွေအားလုံး ရပ်တန့်သွားရ၏။

သစ်ပင်အကိုင်းအခက်တွေပေါ်မှာ အဝါရောင်သစ်ရွက်များဟာ တွဲလွဲခိုလို့နေဆဲပင်။ ဆီးနှင်းပွင့်တွေကတော့ လွီနင့်ကော်လံထိပ်ကို လေအေးတွေအဖြစ်ပြောင်းလဲကာ တိုက်ခတ်လို့သွား၏။ .

" ကျွန်တော် အစက ထွက်သွားချင်နေခဲ့တာ။ ဆေးရုံပေါက်ကိုရောက်မှ မဖြစ်နိုင်ဘူးဆိုတာ နားလည်လိုက်ရတယ်။ ကျွန်တော့် ကိုကို့ကို လက်မလွှတ်နိုင်ဘူး။ "

ဝေ့ဒါက နာကျင်စွာပြုံးလိုက်ပြီးနောက် ခေါင်းငုံ့သွား၏။

" တကယ်တော့ ကိုကို သတိမထားမိခင်ကတည်းက ကျွန်တော် ကိုကို့ကို စောင့်ကြည့်နေခဲ့တာ။ ကိုကို့မှာ သူငယ်ချင်းတွေ အများကြီးရှိတယ်။ တွေ့လိုက်တိုင်းလည်း ဘေးမှာ ယောကျာ်းတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အမြဲတမ်းပါတယ်။ ကျွန်တော်အမြဲတမ်းတွေးနေခဲ့တာ သိရဲ့လား။ အဲ့ဒီမိန်းကလေးသာ ကိုကို့ကောင်မလေးဖြစ်နေရင်ဆိုပြီးတော့လေ။ တွေးမိတိုင်းလည်း ရူးမတတ်ပဲ။ "

" ကျွန်တော်က လူယုတ်မာဆိုတာ ကိုယ်ကိုယ့်ကိုလည်း သိပါတယ်။ "

လွီနင့်အရှေ့ကလူက အံကိုတင်းတင်းကြိတ်ထား၏။ သူက အမြဲတိုင်း လွီနင်ရှေ့မှာဆို သန်မာတဲ့ပုံစံမျိုး ပြလေ့ရှိပေမယ့် သူ့ခံစားချက်တွေက အားနည်းတာကို လွီနင်သိပါသည်။

" ကိုကို ဒီလိုအခြေအနေမျိုးဖြစ်သွားခဲ့တာတောင် ကိုကို့ကို လက်မလွှတ်ပေးနိုင်ဘူး။ ကျွန်တော်နဲ့သာ အတူရှိမနေပေးခဲ့ရင် ကိုကို့အနာဂတ်က ပိုကောင်းမယ်ဆိုတာသိပေမယ့် ကျွန်တော်မလုပ်ပေးနိုင်ဘူး။ ကိုကိုနဲ့ပတ်သတ်ခဲ့သမျှတစ်လျှောက်လုံး ကျွန်တော် တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ်။  ကိုကိုကလွဲပြီး ဘယ်သူမှလည်း သည်းခံပေးနိုင်မှာမဟုတ်ဘူး။ "

"…ကျွန်တော့်အတွက် မလွယ်ကူခဲ့ပါဘူး.... ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေက ခြားနားလွန်းတယ်။  အရင်က ကျွန်တော်က လမ်းပေါ်မှာ နေခဲ့ဖူးတယ်။ သူခိုးတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်။ ရဲစခန်းလည်းရောက်ခဲ့ဖူးတယ်။ အကျင့်မကောင်းတဲ့ အမေတစ်ယောက်လည်းရှိသေးတယ်။ ကျောင်းလည်း ပြီးအောင် မနေခဲ့ရဘူး။ ဒါတွေအားလုံးကို ဖျောက်ဖျက်ပစ်လိုက်လို့မရဘူးလေ။ ကျွန်တော် ပြောင်းလဲလိုက်ရင်တောင် လူတွေက ကျွန်တော့်အတိတ်ကို ပြန်ဖော်ကြဦးမှာပဲ။ "

ဝေ့ဒါက ခနဲ့သလို ရယ်လိုက်၏။
" ကိုကိုကတော့ ကျွန်တော်နဲ့ မတူဘူး။ ကျွန်တော်နဲ့ ဟိုးအဝေးကြီးမှာ။ ကျွန်တော် ကိုကို့ကိုဖမ်းထားခဲ့တဲ့နေ့က တခြားလူတစ်ယောက်က ကိုကို့ကို လုယူသွားမှာကြောက်နေခဲ့တာ။ "

လိမ်ညာလှည့်စားခြင်းနှင့် အတင်းအကျပ် အနိုင်ကျင့်ခြင်းတွေဟာ အောက်တန်းကျသော လုပ်ရပ်တွေသာ။

ဆုံးရှုံးရမှာကို ကြောက်တဲ့စိတ်က သူ့အရိုးထဲထိတိုင် စွဲကပ်နေခဲ့သည်။

အစကနေ အဆုံးအထိ အားနည်းလှတဲ့ သူ့ခံစားချက်တွေဟာ ရက်စက်လှတဲ့ သူ့လုပ်ရပ်တွေအနောက်မှာ ပုန်းခိိုလို့နေခဲ့၏။

" ကိုကို.... ကျွန်တော်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ "

ဝေ့ဒါက အအေးဒဏ်ကြောင့် နှာဖျားလေးတွေနီရဲနေသည့် လွီနင့်ကို မော့ကြည့်လာသည်။

" ကျွန်တော့်ကို နောက်ထပ်အခွင့်အရေးပေးပါ့လား။ ကိုကို့ကို နာကျင်အောင် ထပ်မလုပ်တော့ပါဘူး။ ဒီတစ်ခါ သေချာပေါက် ပိုချစ်ပေးပါ့မယ်။ "

အဆုံးမှာတော့ လိုက်ဖမ်းသူရော ထွက်ပြေးတဲ့လူပါ နှစ်ယောက်လုံးက သူရဲဘောကြောင်တဲ့ ငကြောက်တွေကြည့်ပဲ။

ရာသီဥတုက ပိုအေးလာတာကြောင့် သူတို့နှစ်ယောက်လုံး စတင်တုန်ယင်လာကြသည်။

လွီနင်က ထိုနေရာမှာပဲ ရပ်လျှက် သူ့ညီကိုသာ ကြည့်နေမိသည်။

ဝေ့ဒါကို ပြန်လက်ခံဖို့ ကြိုးစားရမလား၊ ဒါမှမဟုတ် တန်းပဲငြင်းလိုက်ရမလား။

" ကိုကို ကျွန်တော့်ကို ပြန်မချစ်နိုင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော်ကတော့ အရှုံးမပေးဘူးနော်။ ကိုကိုလက်ခံတဲ့အချိန်ထိ ကျွန်တော်စောင့်နေမှာ။ "

လွီနင်က မီးတိုင်ကိုကျောပေးပြီး ရပ်နေတာကြောင့် သူ့မျက်နှာအမူအရာကို ဝေ့ဒါ မမြင်ရပေ။ လွီနင်နောက်က လမ်းမကြီးပေါ်မှာ ကားတွေတစ်စီးပြီးတစ်စီး ဆူညံစွာ မောင်းနှင်သွားကြပေမယ့် လွီနင်ဆီကတော့ ဘာစကားသံမှ မကြားရသေးချေ။

ဝေ့ဒါက စိတ်ထဲမပါဘဲ တခစ်ခစ်နှင့်ရယ်ရင်း ခေါင်းကိုငုံ့လျှက် အကြည့်လွှဲကာ ပြောလိုက်သည်။

" ရပါတယ် ကိုကို လက်မခံနိုင် …"

လွီနင်က ရုတ်တရက် ရှေ့တိုးလာပြီး ဝေ့ဒါလက်ကိုဆွဲကာ ခေါ်သွားလေ၏။

လွီနင်အရေပြားက အေးစက်နေပြီး သူ့လက်ပေါ်မှာ သူ့အစ်ကို လက်ချောင်းတွေက တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကို ခံစားမိ​နေလေသည်။ ဝေ့ဒါ၏ လက်ဖမိုးပေါ်က သွေးကြောတွေက ပေါက်ထွက်မတတ် တောင့်တင်းသွားရ၏။

" ကိုကို …"

ဆေးရုံနားမှာ ဟိုတယ်တွေ အများအပြားရှိသည်။ လွီနင်က ဝေ့ဒါကို အနီးဆုံးဟိုတယ်သို့ ဆွဲခေါ်လာခဲ့၏။

ဝေ့ဒါက မိမိကိုယ်ကို စိတ်တည်ငြိမ်အောင်ကြိုးစားနေပေမယ့် သူ့အသံက တုန်ယင်နေသည်။

" ကိုကို ဘာလုပ်မလို့လဲ "

ဟိုတယ်ဝန်ထမ်းဆီက သော့ကိုယူပြီးနောက် လွီနင်က သူ့ညီမေးခွန်းကို လျစ်လျူရှုကာ ဝေ့ဒါကို အခန်းထဲသို့ ထပ်ဆွဲခေါ်လာပြန်သည်။

တံခါးကို တွန်းဖွင့်ပြီးနောက် လော့ပြန်ချကာ လွီနင်က သူ့ညီကိုတွန်းချလိုက်ပြီး အဝတ်အစားတွေကို ချွတ်လေတော့သည်။ သူ့လက်ချောင်းတွေက ရေခဲတမျှအေးစက်နေပြီး ကြယ်သီးဖြုတ်နေစဥ်မှာလည်း တုန်ယင်လို့နေသည်။

သူတို့က လေအေးတွေအောက်မှာ အချိန်အကြာကြီးရပ်နေခဲ့ရတာကြောင့် ကိုယ်အပူချိန်က ကျဆင်းနေ၏။

" ကိုကို ကျွန်တော်မလုပ်ချင်ဘူး။ "

လွီနင် ဘာလို့ဒီလိုတွေလုပ်နေလဲဆိုတာကို မသိပေမယ့် လွီနင့်မျက်နှာပေါ်က ဆုံးဖြတ်ချက်ခိုင်မာနေတဲ့အမူအရာကြောင့် ဝေ့ဒါ ထိတ်လန့်မိလာသည်။

လွီနင်က ဘာမှပြန်မပြောဘဲ ရေချိုးခန်းထဲသို့ ဝင်သွားကာ ဟိုတယ်က ထားပေးထားသည့် ရေချိုးဆပ်ပြာဆီကို ယူလာသည်။ သူ့လက်တွေက တဆတ်ဆတ် တုန်ယင်နေပြီး လှုပ်ရှားမှုတွေကလည်း နည်းနည်းလေးမှ ချော့မွေ့မှုရှိမနေပေ။ 

" ကိုကို …"
ဝေ့ဒါက လွီနင့်လက်ကို ဆွဲလိုက်သည်။

" ပါးစပ်ပိတ်ထား !"
လွီနင်က ဝေ့ဒါကို မော့ကြည့်လိုက်၏။
" ငါ့ကို စကားလာမပြောနဲ့ !"

ဝေ့ဒါ မှင်သက်သွားရ၏။

သူကိုယ်ကိုထိန်းမတ်ဖို့ထောက်ကန်ထားရသည့် လက်က ကြောက်လန့်စိတ်ပိုလာတာကြောင့် ချော်သွားပြီး လွီနင် ဒူးထောက်ရက် လဲကျသွားလေ၏။  

" ငါ သတ္တိမရှိတော့ဘူး။ ငါ့ကို စကားလာမပြောနဲ့တော့ ..."

လွီနင်က ခေါင်းငုံ့ထားလျှက် သူ့အသံက တိုးဖွနေလေသည်။ ဘာကြောင့်ရယ်မှန်းမသိဘဲ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာသည်။

" မင်းကိုလက်ခံဖို့ သတ္တိမွေးရတာ မလွယ်ဘူး ..."

" ဒါကြောင့် ငါ့ကို စကားလာမပြောနဲ့။ မင်း ဆက်ပြီးစကားများနေရင် ငါ့သတ္တိတွေပျောက်သွားလိမ့်မယ်လို့  … "

ခံစားချက်တွေက မတူညီဘဲ ကွဲပြားခြားနားနေကာ အစကနေ ယခုအချိန်ထိ သူတို့ခံစားချက်တွေက တစ်ဖက်သတ်တွေသာ ဖြစ်နေခဲ့ကြသည်။

လွီနင်က ငကြောက်တစ်ယောက်။ သူ့ညီရဲ့ ခံစားချက်တွေကို သိရချိန်မှာ ရှေ့မတိုးသာ နောက်မဆုတ်သာနှင့် တွန့်ဆုတ်နေခဲ့ရသည်။

တမင်တကာ စိတ်လျော့ထားသည့် ခန္ဓာကိုယ်ဟာ ပိုပြီးပျော့ပျောင်းလာသည်။

လွီနင့် လုံးဝကျဆုံးသွားပြီး ထိန်းချုပ်ထားရသည့် သူ့ခံစားချက်တွေဟာလည်း စတင်ပြောင်းလဲလာပြီဖြစ်သော်လည်း ခုခံမှုအနည်းငယ်တော့ ကျန်ရှိနေသေးသည်။

သူ့နှလုံးသားထဲမှာလည်း ဝေ့ဒါကို လက်ခံဖို့ကို ကာဆီးထားသည့် အတားအဆီးတစ်ခုလည်းရှိ​နေသေးသည်။ ထိုအရာက ပုံမှန်ဘဝတစ်ခုကို ရရှိချင်သည့် မျှော်လင့်ချက်ရေးရေးလေးပင်။

" ဝေ့ဒါ "
လွီနင့် နှုတ်ခမ်းပါးတွေဟာ တုန်ယင်နေခဲ့ပါ၏။

သူ့အရှေ့မှာ လမ်းကြောင်းနှစ်သွယ်ကို မြင်နေရသည်။ တစ်လမ်းက သူတစ်ယောက်ထဲအတွက်ဖြစ်သည်။ သူတစ်ယောက်တည်း လျှောက်လှမ်းပြီးလျှင် လုံခြုံစိတ်ချရပြီး ခရီးလမ်းကလည်း ချောမွေ့ပေလိမ့်မည်။ လမ်းအဆုံးက အလင်းတစ်စကိုလည်း သူလှမ်းမြင်နေရပါသည်။  တခြားလမ်းတစ်ခုကတော့ သူတို့နှစ်ယောက် အတူလျှောက်လှမ်းရမှာဖြစ်သည်။ ခရီးဆုံးကိုရောက်ဖို့ အခက်အခဲတွေကို အတူရင်ဆိုင်ကျော်ဖြတ်ရပေလိမ့်မည်။ အဆုံးသတ်ဟာလည်း လေထန်နေသောလမ်းဖြစ်တာကြောင့် မြင်ရမည်မဟုတ်ချေ။

သူ့ကိုယ်ပိုင်လမ်းကြောင်းကို လွီနင်ရွေးချယ်ခဲ့တာကြာပြီ။ အစကတော့ သူ့ကိုယ်သူ အားပေးကာ ရှေ့တက်ခဲ့ပေမယ့် အခုတော့ သူဆက်မလှမ်းနိုင်တော့ပေ။

တစ်ယောက်တည်း ကြိုးစားနေရတာ အထီးကျန်လွန်းတယ်။

အရမ်းလည်း ခက်ခဲလွန်းတယ်။ အနာဂတ်မှာ ဘာတွေဖြစ်ပျက်လာမလဲဆိုတာ သူမသိဘူး။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက်​ ထပ်ပြီးနာကျင်စေကြဦးမှာလား။

အမြဲတမ်း ရှောင်ပြေးနေခဲ့တဲ့ လွီနင်အတွက် ဒီလမ်းကြောင်းကို ရွေးချယ်ဖို့ရန်က အင်မတန်ကို ခက်ခဲလွန်းပါသည်။

သို့ပေမယ့် ဒီတစ်ကြိမ်တော့ သူထွက်မပြေးတော့ဘဲ ဝေ့ဒါကို ခွင့်လွှတ်ပေးဖို့ကြိုးစားကာ ယုံကြည်ကြည့်ချင်သည်။

" ပြန်စရအောင် …"

အိပ်ရာပေါ်က လွီနင့်လက်ချောင်းတွေဟာ လက်သီးဆုပ်အဖြစ်သို့ စုစည်းသွားကြ၏။ သူပြောတဲ့စကားတိုင်းက သူမှာရှိသမျှ အားအင်တွေအကုန်စုပြီး ပြောလိုက်တာတွေသာ။ အခုလည်း ဒီစကားကိုဆိုလိုက်တော့ နှလုံးခုန်နှုန်းတွေမြန်လာရသည်။ သူ့အသံက အတော်လေးကျယ်တယ်လို့ ထင်လိုက်ပေမယ့် တကယ့်တကယ်ထွက်လာချိန်မှာတော့ တိုးဖွဖွသာ ဖြစ်လို့နေမှန်း သဘောပေါက်သွားရ၏။

သို့သော်ငြားလည်း ဝေ့ဒါကတော့ သေသေချာချာကို ကြားလိုက်ရသည်။

ဝေ့ဒါက သူ့အစ်ကိုကို မယုံကြည်နိုင်သလို မျက်လုံးအဝိုင်းသားဖြင့် ကြောင်ကြည့်နေမိ၏။

ဒီလိုဆက်ဆံရေးမျိုးမှာလည်း လွီနင်က သတ္တိကြောင်နေဆဲပါပဲ။ ဒီအချိန်မှာ သူကြောက်နေပေမယ့်လည်း ပထမဆုံးခြေလှမ်းအနေနဲ့ သူ့ဘက်ကနေ ဒီလိုစကားမျိုးကို စပြောလိုက်ခြင်းပါပေ။

" ကိုကို ..."
လွီနင့်ကို ကြောင်ကြည့်နေသည့် ဝေ့ဒါက ရယ်ချင်တာကြောင့် သူ့နှုတ်ခမ်းတွေတွန့်သွားပေမယ့် မရယ်ခဲ့ပါ။

" ကျွန်တော် ကိုကို့ကို ထပ်ပြီး မနာကျင်စေရပါဘူး။ နောင်အနာဂတ်မှာ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ။ "

လွီနင် သူ့ညီကို​မော့ကြည့်လိုက်သည်။ သူတို့စတွေ့ချိန်ကတည်း ဝေ့ဒါငိုတာကို မမြင်ဖူးခဲ့ပေ။ ယခုတော့ ပထမဆုံးအနေဖြင့် မြင်ခဲ့ဖူးပြီ။ 

လွီနင့်စိတ်တွေ ရှုပ်ထွေးနေဆဲပင်။ သူ့ဆုံးဖြတ်ချင်က မှန်လား၊ မှားလားလည်း မသိသေးပေ။

သူကိုယ်တိုင်က အမြဲတမ်း တွန့်ဆုတ်ကာ သတ္တိကြောင်နေပေမယ့် မျှော်လင့်ချက်မဲ့နေတဲ့ သူညီကို ကယ်တင်ပေးခဲ့ပြီး သူ့ညီရဲ့ အလိမ်အညာတွေ၊ တကယ့်စိတ်ရင်းမှန်တွေကို သူမဖော်ထုတ်နိုင်ခဲ့ပေ။

အခုလည်း ဝေ့ဒါကို ခွင့်လွှတ်ပေးပြီး အစကနေပြန်စကြမယ်လို့ ကတိပေးလိုက်ပြန်လေပြီ။ နောက်ပိုင်း ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ လွီနင် မတွေးရဲတော့။

သို့သော်လည်း သူဘာမှမကြိုးစားဘဲ ဆက်ပြီးကြောက်ရွံ့ကာ ဝေ့ဒါကိုငြင်းပယ်လိုက်လို့ လက်လွှတ်လိုက်ပြန်လျှင်လည်း လွီနင် ထာဝရနောင်တရနေလိမ့်မည်။

သူတို့နှစ်ယောက်လုံးက ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ဘေးမှာအကျဥ်းချထားကာ နာကျင်စေခဲ့ကြသည်။ သို့သော်လည်း တစ်ဦးကစကမ်းလှမ်းကာ အလျော့ပေးညှိနှိုင်းရမည့်အစား တခြားသူကို စွန့်ခွာတွန်းထုတ်လိုက်ကြဖို့သာ ရွေးချယ်ခဲ့ကြသည်။

သူတို့နှစ်ယောက်လုံးက အရူးတွေပဲ။

သူလည်း ဝေ့ဒါကိုချစ်တယ်။ ဒါက တကယ်ကို ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် အမှားတွေကိုသာ လုပ်မိခဲ့ကြတယ်။

ပြတင်းပေါက်အပြင်က ကောင်းကင်ဟာ မှောင်မဲလို့လာပြီး နှင်းတွေဟာလည်း ထူသထက်ထူလာလေသည်။

အခန်းတွင်းက အပူချိန်က မြင့်တက်လို့လာပြီး အမှောင်ထဲကနေ ရံဖန်ရံခါဆိုသလို မွတ်သိပ်လှသည့် အသက်ရှူသံပြင်းပြင်းတွေ ထွက်ပေါ်လာသည်။

ဝေ့ဒါက လွီနင့်ကို သူ့အောက်မှာဖိကပ်ကာ အတည်ပြုစစ်ဆေးသည့် အနေဖြင့် နမ်းလိုက်၏။

ပြင်းထန်လှသည့် အခြေအနေအတွင်းမှာ ဝေ့ဒါက နောက်တစ်ဖန် လွီနင်၏ လက်တွေကို ဆုပ်ကိုင်လိုက်ကာ ဒီတစ်ကြိမ်မှာလည်း တင်းကျပ်စွာ ချည်နှောင်လိုက်ပြန်ပါသည်။ ဒီလူသားကို သူ့ရင်ခွင်ထဲကနေ ထွက်သွားခွင့်မရှိအောင် သူ့အချစ်များနှင့် အကျဥ်းချ တုပ်နှောင်ပစ်လိုက်တော့မည်။

*****

မသိလိုက်မသိဖာသာပဲ ရာသီဥတုက ပြောင်းလဲသွားပြန်၏။ ယနေ့မှာတော့ တစ်နေ့တာလုံး နေသာပြီး နေ့တာဟာလည်း ရှည်လျားနေသည်။

" ရှောင်လီ၊ အရင်တစ်ခေါက်က ငါပေးထားတဲ့ program ပြီးသွားပြီလား။ "

" ပြီးသွားပါပြီ။ "

" အင်တာနက်ပေါ် တင်ထားလိုက်၊ ငါနောက်မှကြည့်ထားလိုက်မယ်။ လျိုလန် အရင်တစ်ခါက အားသွင်းစနစ်မှာ ပြဿနာရှိလို့တဲ့။ အခုသွားစစ်ကြည့်လိုက်ဦး။ customer နံပါတ် 137 ရဲ့ လိပ်စာကိုယူပြီး ကိုယ်တိုင်သွားစစ်ဆေးလိုက်။ "

" ဟုတ်တယ် ကျွန်တော်သွားလိုက်ပါ့မယ် "

မနက်ခင်း ရုံးခန်းထဲကို ဝင်လာကတည်းက ထိုလူက မရပ်မနားပဲ အားလုံးကို ညွှန်ကြားပေးနေသည်။ ထိုလူ ထိုင်ခုံပေါ်မှာထိုင်သွားမှ လူတိုင်း အသက်ဖြောင့်ဖြောင့် ရှူနိုင်တော့၏။

ကုမ္ပဏီသေးသေးလေးက ရုံးခန်းတစ်ခု၊ လူငါးယောက်ပဲ ရှိပေမယ့် သူဌေး၏ ဂုဏ်သတင်းနှင့် အဆက်အသွယ်တွေကြောင့် တဖြေးဖြေး တိုးတက်လာခဲ့သည်။ 

" မစ္စတာဝေက အရမ်းချောတာပဲ။ "

အသစ်ဝင်လာတဲ့ စာရေးနှင့် အတွင်းရေးမှူးက ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည့် သူတို့သူဌေးကို ခိုးကြည့်ရင်း မျက်နှာချင်းဆိုင် တွတ်ထိုးနေကြသည်။

" သူက ချောကလည်းချော၊ ပိုက်ဆံလည်းကရှာနိုင်တယ်။ အမြဲတမ်းသာ မှုန်ကုတ်အေးစက်မနေရင် လုံးဝ perfect ပဲ။ "

" ဒီအကြောင်းကို ဆက်မပြောကြနဲ့တော့ "

ဝန်ထမ်းကောင်လေးတစ်ယောက်က ကီးဘုတ်ကိုပုတ်ကာ မထူးဆန်းသလိုအသံဖြင့် ပြောလာသည်။ 

" CEO မှာ ကောင်လေးရှိပြီသား။ "

" အမ် ဘာကြီး …? ? ကောင်လေး ? "!"

ဝေ့ဒါက ထိုင်ခုံကိုမီလျှက် ပြတင်းပေါက်အပြင်ကို ငေးကြည့်နေသည်။

သူတို့ကုမ္ပဏီ၏ မျက်နှာချင်းဆိုင်မှာ ဆေးရုံတစ်ခုရှိသည်။ ဆေးရုံက ဆေးဝန်ထမ်းအများစုက အိမ်ကနေ ဆေးရုံကို လမ်းလျှောက်လာတတ်ကြသည်။

မနက်ခင်းပိုင်းမှာ ဆေးရုံကိုလာကြတဲ့လူတွေအများကြီးရှိတယ်ဆိုပေမယ့် ဝေ့ဒါကတော့ လူတစ်ယောက်ထဲကိုသာ တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ထိုလူက အတော်လေးကို ယဥ်ကျေးသိမ်မွေ့သည်။ ဆေးရုံဂိတ်ပေါက်ကနေ အဓိက အဆောက်အအုံကို ရောက်တဲ့အထိ မိနစ်ပိုင်းအတွင်း သူသိတဲ့လူတွေအများကြီးကို နှုတ်ဆက်သွားလိမ့်မည်။

ထိုလူ သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားမှ ဝေ့ဒါ သူ့ခေါင်းကိုလှည့်လိုက်ရင်း အင်တာနက်ပေါ်က program ကိုစစ်ဖို့ laptop ကို ဆွဲယူလိုက်သည်။

လွီနင် ဆေးရုံဝင်းထဲကို ဝင်လာရင်း သူ့ဖုန်းက ရုတ်တရက် တုန်ခါလာသည်။ ဖုန်းထုတ်ပြီးကြည့်လိုက်တော့ message တစ်စောင်ရောက်နေတာကို မြင်လိုက်ရ၏။

I love you.

သူ ဒီလိုစာတွေကို မြင်တွေ့ကျဆိုပေမယ့် လွီနင် ရှက်ရွံ့နေမိဆဲပဲ။ ဘေးဘီကို တစ်ချက်ခိုးကြည့်ရင်း သူ့ဖုန်းကို အိတ်ကပ်ထဲသို့ ကပျာကယာ ထိုးထည့်လိုက်သည်။

စီနီယာအစ်ကိုက သူ့ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ လူတိုင်းကို ပြောပြနေသည်။ လက်ထပ်ကြတော့မည့် လျိုကျင်းတို့စုံတွဲကိုလည်း ဆေးရုံက လူတွေက လက်ဆောင်တွေပေးကြ၊ ကောင်းချီးပေးကြနှင့် ဆေးရုံတစ်ခုလုံး ချိုမြိန်ကြည်နူးမှုတွေ ပြည့်နှက်လို့နေသည်။ 

လွီနင် ဂျူတီကုတ်အဖြူကိုလဲပြီးနောက် သူ့ဖုန်းကို ပြန်ထုတ်လိုက်သည်။

သူ အခုချိန်ထိ ဒီလိုမျိုးမလုပ်ဖူးတာကြောင့် တစ်လုံးချင်း ဖြေးဖြေးဆီ စာရိုက်လိုက်၏။

" … "

မနက်ခင်း နေရောင်ခြည်က ရုံးခန်းထဲမှာ ဖြာကျနေကာ မော်နီတာမျက်နှာပြင်ကလည်း အရောင်ပြန်လျှက်ရှိသည်။ ဝေ့ဒါ မတ်တပ်ထရပ်လိုက်ရင်း ပြတင်းပေါက်ကို တစ်ဝက်လောက်ဆွဲချလိုက်၏။

တစ်ဝက်လောက်ဖွင့်ထားတာပဲ ကောင်းပါတယ်။

ပူလည်းမပူ အေးလည်းမအေးတော့တာပေါ့။

ရံဖန်ရံခါဆိုသလို ရုံခန်းဘက်က ကီးဘုတ်နှင့် စာရိုက်သံတွေကို ကြားရ၏။ ဝေ့ဒါ ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။

ဖုန်းထဲသို့ စာတစ်စောင်ဝင်လာလေသည်။ ဝေ့ဒါ လက်တစ်ဖက်က ကီဘုတ်ကိုနှိပ်ရင်း ကျန်တစ်ဖက်နှင့် ဖုန်းကိုဖွင့်ကြည့်လိုက်သည်။

ထို့နောက် သူ့၏အနက်ရောင်မျက်ဝန်းတွေက မှေးကျဥ်းသွားပြီး သူ့နှုတ်ခမ်းတွေဟာလည်း ကွေးညွှတ်သွားကာ ပျော်ရွှင်စရာအပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့သည်။

ဖုန်းမျက်နှာပြင်ပေါ်တွင်ကား ရိုးရှင်းလှစွာသော စာလေးတစ်ကြောင်းသာ။

" me too. "

END

----------------------------------------------------------------------------------

Zawgyi

အေနာက္အရပ္သို႔ ယြန္းသြားသည့္ ေနဝင္ဆည္းဆာဟာ လူနာေဆာင္အတြင္းမွာ ေရာင္ျခည္ျဖာလွ်က္ အခန္းတစ္ခုလုံးကို လိေမၼာ္ေရာင္ေသြး ေတာက္ပေနေစသည္။

မ်က္ႏွာသုတ္ပဝါမ်ား၊ သြားတိုက္တံ၊ လဲထားသည့္ အဝတ္ေတြအားလုံးကို စုၿပဳံထည့္လိုက္တာေတာင္ အိတ္ကေသးေသးေလးပင္ရွိေသးသည္။ စြန့္ပစ္ရမည့္ ပစၥည္းေတြကိုလည္း မနက္ကတည္းက ရွင္းလင္းၿပီးသားျဖစ္သည္။ လူနာကိုယ္တိုင္က ကုတင္ေပၚမွာထိုင္ေနရမွာျဖစ္ေပမယ့္ လူနာေစာင့္မရွိတာေၾကာင့္ ေဝ့ဒါကိုယ္တိုင္ ေဆး႐ုံဆင္းဖို႔ရန္ ျပင္ေနျခင္းပါေပ။ ေဝ့ဒါ စာ႐ြက္တစ္႐ြက္ကို ၾကည့္ေနရာမွ အိတ္ထဲသို႔ ထိုးေခ်ထည့္လိုက္၏။

သူနာျပဳတစ္ေယာက္က သူဆီလာစစ္ေဆးၾကည့္ရင္း ေမးသည္။
" မင္း ဒီေန႕ ေဆး႐ုံဆင္းရမွာမလား။ ဘာလို႔မဆင္းေသးတာလဲ။ "

" ကြၽန္ေတာ္ လူတစ္ေယာက္ကို ေစာင့္ေနတာ "

ထိုအခ်ိန္တြင္ သူ႕သူငယ္ခ်င္းဆီက ဖုန္းဝင္လာေလ၏။

" ငါ မင္းအစ္ကိုကို မင္း ဒီေန႕ေဆး႐ုံဆင္းမယ့္အေၾကာင္း message ပို႔ထားတယ္။ ခုထိ မေရာက္ေသးဘူးလား။ သူမလာခ်င္လို႔ေနမွာေပါ့။ မင္း အၾကာႀကီးေဆး႐ုံတက္ေနတာေတာင္ သူက တစ္ခါေလးပဲ လာၾကည့္သြားတာေလ။ သူမလာေတာ့ဘူးလို႔ ထင္တာပဲ။ မဟုတ္ရင္လည္း ညၾကအျပင္ေလးဘာေလးထြက္ၿပီး နည္းနည္းပါးပါး ေပ်ာ္ၾကရေအာင္။ မင္းနဲ႕ မိတ္ဆက္ေပးဖို႔ လူနည္းနည္းလည္း ေခၚခဲ့မယ္ေလ။ လိုက္ခဲ့စမ္းပါ ။ ေသာက္ၾကစားၾက႐ုံပဲဟာကို.... ဘာ... မလိုဘူးလား... မင္းအစ္ကိုက အလုပ္မ်ားေနတယ္ဆိုရင္ေတာင္ အလုပ္ဆင္းရင္ေတာ့ လာသင့္တာေပါ့။ သူ မင္းကို မေတြ႕ခ်င္လို႔ေလကြာ... မလာမခ်င္းေစာင့္ေနရေအာင္ မင္းက ေသာက္႐ူးလား။ "

ေဝ့ဒါ ဖုန္းခ်ပစ္လိုက္၏။

အခ်ိန္​ၾကာလာတာႏွင့္အမွ် လိေမၼာ္ေရာင္ အလင္းတန္းေတြဟာ တေျဖးေျဖး ေမွးမွိန္ကာ ေမွာင္ရိပ္သန္းလာေတာ့သည္။

ေဆာင္းဦးရာသီဝင္လာတာေၾကာင့္ ေန႕တာကလည္း ပိုပိုတိုလာေခ်ၿပီ။

တစ္ခန္းတည္းေနေသာ လူနာက ျပန္ေရာက္လာခ်ိန္တြင္ အိပ္ရာေပၚမွာ ထိုင္ေနဆဲျဖစ္သည့္ ေဝ့ဒါကိုျမင္ေတာ့ ၿပဳံးျပကာ စကားဆိုလာသည္။

" မင္းအစ္ကိုကို ေစာင့္ေနတာလား။ တစ္ေနကုန္ေစာင့္ေနတာေတာင္ ေပၚမလာမွေတာ့ သူမလာေတာ့လို႔ေနမွာေပါ့။ ျမန္ျမန္ အိမ္ျပန္သြားလိုက္ေတာ့ေလ။ သူ အိမ္ျပန္ေရာက္ခ်င္ေရာက္ေနေလာက္မွာေပါ့။ "

ေဝ့ဒါ ျပတင္းေပါက္အျပင္ကိုသာ ေငးၾကည့္လိုက္မိ၏။ လမ္းေဘးတစ္ခ်က္ဆီက လမ္းမီးတိုင္ေတြဟာ တစ္ခုၿပီးတစ္ခု လင္းလက္လို႔ လာေနေလၿပီ။

ျဖစ္နိုင္ေလာက္ပါတယ္… သူတကယ္ကို မလာခဲ့ဘူးပဲ။

ေဝ့ဒါ အိပ္ရာေပၚကဆင္းၿပီး အိတ္ကိုသယ္လိုက္သည္။

ကြၽန္ေတာ္အရင္က မွားခဲ့မိတာေတြကို ဘယ္လိုျပန္ကုစားရမလဲဆိုတာ မသိ​ေတာ့ဘူး။

ကိုကိုက ဒီလိုမ်ိဳး အပိုအလုပ္ေတြလုပ္ၿပီး သူ႕ေမတၱာေတြကို မျပတတ္လို႔ပါ။ သူမလာရင္ေတာင္ ဒီလုပ္ရပ္က က်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္ေလ။ 

ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးက ပ်က္စီးသြားခဲ့ၿပီးၿပီပဲ။

အခုေတာ့ သူ တျခားၿမိဳ႕ကို​ေျပာင္းၿပီး ကို႔ကိုကို ေမ့ဖို႔ ႀကိဳးစားရေတာ့မွာေပါ့။

တစ္ေယာက္တစ္ေနရာ ခြဲခြာၾကတာေပါ့။

*****

တကၠစီေမာင္းသမားက ကားစတီယာရင္ကိုပုတ္ကာ ကားေနာက္ၾကည့္မွန္ကေနတစ္ဆင့္ အေနာက္ခန္းထဲမွာ ထိုင္ေနသည့္လူကို ၾကည့္လိုက္၏။

" မင္းက အရမ္းေလာတာပဲ။ ေန႕တိုင္း ဒီနားက ကားပိတ္ေနၾကပဲ။ ဘာလို႔ အရမ္းေတြ ပူပန္ေနရတာလဲ။ ဘာမ်ားအေရးႀကီး​ေနလို႔လဲ။ "

တစ္ေလွ်ာက္လုံး ဖုန္းကိုပဲ ငုံ႕ၾကည့္ေနခဲ့သည့္လူက ေနာက္ဆုံးမွာေတာ့ ေခါင္းေမာ့လာေတာ့၏။

" ကြၽန္ေတာ့္ညီ ေဆး႐ုံဆင္းမွာ သြားႀကိဳရမွာမလို႔ "

" ေဟ့ ဘယ္ႏွနာရီေတာင္ရွိေနၿပီလဲ။ "

" ကြၽန္ေတာ္အလုပ္ဆင္းတာေတာင္ လူနာေတြၾကည့္ေပးေနရတာနဲ႕ ေနာက္က်သြားလို႔။ "

"Oh... ဒီေလာက္ အေရးႀကီးတဲ့ကိစၥကို မင္းသြားမႀကိဳနိုင္ရင္လည္း သူ႕ကိုအက်ိဳးအေၾကာင္း ႀကိဳေျပာလိုက္ေပါ့။ ၾကည့္... အခုေတာ့ အခ်ိန္ေတြျဖဳန္းေနရၿပီ။ ကားလမ္းကလည္း ပိတ္လို႔။ "

" ကြၽန္ေတာ္ ခ်ီတုံခ်တဳံျဖစ္ေနလို႔ "
ထိုလူက ဖုန္းကိုၾကည့္ရင္း ခါးသီးစြာ ၿပဳံးလိုက္မိ၏။

" အဆုံးထိ … ကြၽန္ေတာ္ ေၾကာက္ေနမိတုန္းပဲ .."

သူ႕အသံကို အျပင္ဘက္က ကားဟြန္းသံေတြက ဖုံးသြားကာ ကားဆရာက ေသခ်ာမၾကားလိုက္ရေပ။ 

" ဘာေျပာလိုက္တာလဲ။ "

" ဘာမွမဟုတ္ေတာ့ဘူး "

ဖုန္းထဲက စာေတြအတန္းလိုက္က ဖုန္းနံပါတ္ တစ္ခုထဲကပဲ ျဖစ္သည္။ အဲ့ဒီေန႕ကစၿပီး သူက  "ေတာင္းပန္ပါတယ္ " ဆိုတဲ့ message ကို ေန႕တိုင္းပို႔​ေနခဲ့သည္။

အိုေဟာင္းေနၿပီျဖစ္သည့္ သူ႕ဖုန္းက message ေတြအမ်ားႀကီးကို သိမ္းမထားနိုင္ေတာ့ေပ။ အရင္က message တိုေတြကိုလည္း ေသခ်ာဂ႐ုတစိုက္ျဖင့္ ဖ်က္ပစ္မွသာ သုံးလို႔ရေတာ့၏။ ဒါေပမယ့္ ေဝ့ဒါပို႔တဲ့ message ေတြကိုေတာ့ မရည္႐ြယ္ပါဘဲ ခ်န္ထားခဲ့ေလ့ရွိသည္။

မသိစိတ္၏ လုပ္ေဆာင္မႈေသးေသးေလးေတြက တစ္ခါတစ္ေလ စိတ္ထဲက စိတ္ရင္းေလးသာ။

ကားဟာ အဆုံးမွာေတာ့ တေျဖးေျဖးခ်င္း စတင္ေ႐ြ႕လ်ားလာခဲ့ၿပီ။ ကားဆရာက ဆိုေလသည္။

" ၿမိဳ႕ေတာ္ေဆး႐ုံမလား။ ငါ မင္းကို လမ္းၾကားေလးေတြကေန ေကြ႕ပတ္ၿပီး ပို႔ေပးမယ္။ "

လြီနင္ ကအျပင္ဘက္ကို ၾကည့္လိုက္မိေတာ့ ကားမွန္တံခါးေတြမွာ ေရေတြစိုေနတာကို ေတြ႕လိုက္ရ၏။ 

" မိုး႐ြာေနတာလား "

" ဘာမိုးရမွာလဲ၊ အဲ့ဒါႏွင္းေတြ "

လြီနင္ ကားေပၚကဆင္းလိုက္ေတာ့ ေမွာင္ေတာင္ေမွာင္ေနေလၿပီ။ လြီနင္ အလ်င္အျမန္ပဲ ေဆး႐ုံထဲသို႔ ေျပးဝင္လာကာ လူနာေဆာင္ ၃၀၉ ကတံခါးကို တြန္းဖြင့္လိုက္သည္။  တံခါးကို မဖြင့္ခင္ ခဏမွ်လည္း ခ်ီတုံခ်တဳံျဖစ္သြားရေသးသည္။ 

" အားနာပါတယ္ .. ငါ ေနာက္က်သြားတယ္ "

အခန္းထဲက လူနာက သူ႕ကို အံ့ၾသတႀကီးၾကည့္လာၿပီးေနာက္ ခ်င္ခ်င္းပဲ မွတ္မိသြားသည္။

" ဘယ္သူမ်ားလဲလို႔၊ ေဝ့ဒါ ေဆး႐ုံကဆင္းသြားၿပီ။ အေစာပိုင္းေလးကေတာင္ မင္းကိုေစာင့္ေနေသးတယ္။ ခုေလာက္ဆို အိမ္ျပန္ေရာက္ေလာက္ေရာေပါ့။ အိမ္အျမန္ျပန္ၿပီး ၾကည့္လိုက္ဦး။  "

လြီနင္က တံခါးဝမွာရပ္လွ်က္ အိပ္ရာအလြတ္ကိုသာ ေငးၾကည့္ေနမိ၏။ 

" သူထြက္သြားတာ ဘယ္ေလာက္ၾကာၿပီလဲ "

" ေတာ္ေတာ္ေလးကို ၾကာေနၿပီ "

လြီနင္ ေတြေဝမွင္သက္သြားၿပီး သူ႕လက္က နာရီကို ငုံ႕ၾကည့္လိုက္၏။ နာရီက ၉ ေနရာသို႔ ၫႊန္ျပေနသည္။ လြီနင္ ခါးသက္စြာ ၿပဳံးလိုက္မိၿပီး-

" ဟုတ္တာေပါ့၊ ခဏေလးမွမဟုတ္တာ။ သူထြက္သြားသင့္ပါတယ္။ "

ရာသီဥတုက ေအးလာၿပီျဖစ္၍ ေဆး႐ုံအျပင္ဘက္မွာ လူသူတစ္ေယာက္မွ ရွိမေနေတာ့။ ႏွင္းပြင့္ေလးေတြဟာလည္း အရည္ေပ်ာ္ၿပီး ေျမျပင္ေပၚသို႔ အရည္ေပ်ာ္က်ဆင္းလို႔ေနေလသည္။ 

သူ ထြက္သြားၿပီ။

ဆီးႏွင္းရည္ေတြႏွင့္ စိုစြတ္ေနေသာ ေျမျပင္ေပၚလို႔ လြီနင့္ေျခလွမ္းေတြ နင္းျဖတ္လာရင္း ခံစားခ်က္ေတြ ရႈပ္ေထြးလာသည္။

လြီနင္ ေဆး႐ုံဂိတ္ေပါက္ဆီသို႔ ​ေျဖးညွင္းစြာ ေလွ်ာက္လာရင္း လမ္းမေပၚက ကားေတြကိုသာ ဗလာက်င္းေနေသာ မ်က္ဝန္းတစ္စုံျဖင့္ လိုက္ၾကည့္ေနမိသည္။

သတၱိအျပည့္ေမြးၿပီး လာခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့  ေဝ့ဒါက ထြက္သြားခဲ့ၿပီ။

သူတို႔ေတြ တစ္ေယာက္တစ္လမ္းဆီ လမ္းခြဲကာ ဆက္လက္ေလွ်ာက္လွမ္းခဲ့ၾကေပမယ့္ ႐ုတ္တရက္ လမ္းႏွစ္သြယ္ဟာ အေရွ႕မွာ ေပါင္းဆုံလို႔သြားတာကို ေတြ႕လိုက္ရသည္။

ဒီလို ကေပါက္တိ ကေပါက္ခ်ာျဖစ္ရပ္မ်ိဳး ဘယ္မွာရွိလို႔လဲ။ လြီနင္ သူ႕မ်က္လုံးေတြကို အုပ္လိုက္ကာ ခပ္ဖြဖြ ေလွာင္ရယ္လိုက္မိသည္။ 

သူၿပဳံးရယ္ေနေပမယ့္ သူ႕ရင္ထဲကေတာ့ နာက်င္ေနပါသည္။

႐ုတ္တရက္ သူ႕အေနာက္ကေန အသံတစ္သံကို ၾကားလိုက္ရ၏။

" ကိုကိုလား။ "

လြီနင္ ေၾကာင္အသြားၿပီး လွည့္ၾကည့္လိုက္၏။ လူတစ္ေယာက္က ေဆး႐ုံဝင္ေပါက္အေရွ႕မွာ ေဆာင့္ေၾကာင့္ေလး ထိုင္ေနေလသည္။

ထိုလူက ေခါင္းေမာ့ကာ သူ႕မ်က္ဝန္းနက္နက္​ေတြႏွင့္ လြီနင္ကို ေသခ်ာၾကည့္ေနေလသည္။

ထိုအခိုက္အတန့္မွာ အခ်ိန္နာရီေတြအားလုံး ရပ္တန့္သြားရ၏။

သစ္ပင္အကိုင္းအခက္ေတြေပၚမွာ အဝါေရာင္သစ္႐ြက္မ်ားဟာ တြဲလြဲခိုလို႔ေနဆဲပင္။ ဆီးႏွင္းပြင့္ေတြကေတာ့ လြီနင့္ေကာ္လံထိပ္ကို ေလေအးေတြအျဖစ္ေျပာင္းလဲကာ တိုက္ခတ္လို႔သြား၏။ .

" ကြၽန္ေတာ္ အစက ထြက္သြားခ်င္ေနခဲ့တာ။ ေဆး႐ုံေပါက္ကိုေရာက္မွ မျဖစ္နိုင္ဘူးဆိုတာ နားလည္လိုက္ရတယ္။ ကြၽန္ေတာ့္ ကိုကို႔ကို လက္မလႊတ္နိုင္ဘူး။ "

ေဝ့ဒါက နာက်င္စြာၿပဳံးလိုက္ၿပီးေနာက္ ေခါင္းငုံ႕သြား၏။

" တကယ္ေတာ့ ကိုကို သတိမထားမိခင္ကတည္းက ကြၽန္ေတာ္ ကိုကို႔ကို ေစာင့္ၾကည့္ေနခဲ့တာ။ ကိုကို႔မွာ သူငယ္ခ်င္းေတြ အမ်ားႀကီးရွိတယ္။ ေတြ႕လိုက္တိုင္းလည္း ေဘးမွာ ေယာက်ာ္းတစ္ေယာက္နဲ႕ မိန္းကေလးတစ္ေယာက္ အၿမဲတမ္းပါတယ္။ ကြၽန္ေတာ္အၿမဲတမ္းေတြးေနခဲ့တာ သိရဲ႕လား။ အဲ့ဒီမိန္းကေလးသာ ကိုကို႔ေကာင္မေလးျဖစ္ေနရင္ဆိုၿပီးေတာ့ေလ။ ေတြးမိတိုင္းလည္း ႐ူးမတတ္ပဲ။ "

" ကြၽန္ေတာ္က လူယုတ္မာဆိုတာ ကိုယ္ကိုယ့္ကိုလည္း သိပါတယ္။ "

လြီနင့္အေရွ႕ကလူက အံကိုတင္းတင္းႀကိတ္ထား၏။ သူက အၿမဲတိုင္း လြီနင္ေရွ႕မွာဆို သန္မာတဲ့ပုံစံမ်ိဳး ျပေလ့ရွိေပမယ့္ သူ႕ခံစားခ်က္ေတြက အားနည္းတာကို လြီနင္သိပါသည္။

" ကိုကို ဒီလိုအေျခအေနမ်ိဳးျဖစ္သြားခဲ့တာေတာင္ ကိုကို႔ကို လက္မလႊတ္ေပးနိုင္ဘူး။ ကြၽန္ေတာ္နဲ႕သာ အတူရွိမေနေပးခဲ့ရင္ ကိုကို႔အနာဂတ္က ပိုေကာင္းမယ္ဆိုတာသိေပမယ့္ ကြၽန္ေတာ္မလုပ္ေပးနိုင္ဘူး။ ကိုကိုနဲ႕ပတ္သတ္ခဲ့သမွ်တစ္ေလွ်ာက္လုံး ကြၽန္ေတာ္ တစ္ကိုယ္ေကာင္းဆန္ခဲ့မိတယ္။  ကိုကိုကလြဲၿပီး ဘယ္သူမွလည္း သည္းခံေပးနိုင္မွာမဟုတ္ဘူး။ "

"…ကြၽန္ေတာ့္အတြက္ မလြယ္ကူခဲ့ပါဘူး.... ကြၽန္ေတာ္တို႔ရဲ႕ ပတ္ဝန္းက်င္ေတြက ျခားနားလြန္းတယ္။  အရင္က ကြၽန္ေတာ္က လမ္းေပၚမွာ ေနခဲ့ဖူးတယ္။ သူခိုးတစ္ေယာက္လည္း ျဖစ္ခဲ့ဖူးတယ္။ ရဲစခန္းလည္းေရာက္ခဲ့ဖူးတယ္။ အက်င့္မေကာင္းတဲ့ အေမတစ္ေယာက္လည္းရွိေသးတယ္။ ေက်ာင္းလည္း ၿပီးေအာင္ မေနခဲ့ရဘူး။ ဒါေတြအားလုံးကို ေဖ်ာက္ဖ်က္ပစ္လိုက္လို႔မရဘူးေလ။ ကြၽန္ေတာ္ ေျပာင္းလဲလိုက္ရင္ေတာင္ လူေတြက ကြၽန္ေတာ့္အတိတ္ကို ျပန္ေဖာ္ၾကဦးမွာပဲ။ "

ေဝ့ဒါက ခနဲ႕သလို ရယ္လိုက္၏။
" ကိုကိုကေတာ့ ကြၽန္ေတာ္နဲ႕ မတူဘူး။ ကြၽန္ေတာ္နဲ႕ ဟိုးအေဝးႀကီးမွာ။ ကြၽန္ေတာ္ ကိုကို႔ကိုဖမ္းထားခဲ့တဲ့ေန႕က တျခားလူတစ္ေယာက္က ကိုကို႔ကို လုယူသြားမွာေၾကာက္ေနခဲ့တာ။ "

လိမ္ညာလွည့္စားျခင္းႏွင့္ အတင္းအက်ပ္ အနိုင္က်င့္ျခင္းေတြဟာ ေအာက္တန္းက်ေသာ လုပ္ရပ္ေတြသာ။

ဆုံးရႈံးရမွာကို ေၾကာက္တဲ့စိတ္က သူ႕အရိုးထဲထိတိုင္ စြဲကပ္ေနခဲ့သည္။

အစကေန အဆုံးအထိ အားနည္းလွတဲ့ သူ႕ခံစားခ်က္ေတြဟာ ရက္စက္လွတဲ့ သူ႕လုပ္ရပ္ေတြအေနာက္မွာ ပုန္းခိိုလို႔ေနခဲ့၏။

" ကိုကို.... ကြၽန္ေတာ္မွားခဲ့တာေတြအတြက္ ေတာင္းပန္ပါတယ္။ "

ေဝ့ဒါက အေအးဒဏ္ေၾကာင့္ ႏွာဖ်ားေလးေတြနီရဲေနသည့္ လြီနင့္ကို ေမာ့ၾကည့္လာသည္။

" ကြၽန္ေတာ့္ကို ေနာက္ထပ္အခြင့္အေရးေပးပါ့လား။ ကိုကို႔ကို နာက်င္ေအာင္ ထပ္မလုပ္ေတာ့ပါဘူး။ ဒီတစ္ခါ ေသခ်ာေပါက္ ပိုခ်စ္ေပးပါ့မယ္။ "

အဆုံးမွာေတာ့ လိုက္ဖမ္းသူေရာ ထြက္ေျပးတဲ့လူပါ ႏွစ္ေယာက္လုံးက သူရဲေဘာေၾကာင္တဲ့ ငေၾကာက္ေတြၾကည့္ပဲ။

ရာသီဥတုက ပိုေအးလာတာေၾကာင့္ သူတို႔ႏွစ္ေယာက္လုံး စတင္တုန္ယင္လာၾကသည္။

လြီနင္က ထိုေနရာမွာပဲ ရပ္လွ်က္ သူ႕ညီကိုသာ ၾကည့္ေနမိသည္။

ေဝ့ဒါကို ျပန္လက္ခံဖို႔ ႀကိဳးစားရမလား၊ ဒါမွမဟုတ္ တန္းပဲျငင္းလိုက္ရမလား။

" ကိုကို ကြၽန္ေတာ့္ကို ျပန္မခ်စ္နိုင္လည္း ကိစၥမရွိပါဘူး။ ကြၽန္ေတာ္ကေတာ့ အရႈံးမေပးဘူးေနာ္။ ကိုကိုလက္ခံတဲ့အခ်ိန္ထိ ကြၽန္ေတာ္ေစာင့္ေနမွာ။ "

လြီနင္က မီးတိုင္ကိုေက်ာေပးၿပီး ရပ္ေနတာေၾကာင့္ သူ႕မ်က္ႏွာအမူအရာကို ေဝ့ဒါ မျမင္ရေပ။ လြီနင္ေနာက္က လမ္းမႀကီးေပၚမွာ ကားေတြတစ္စီးၿပီးတစ္စီး ဆူညံစြာ ေမာင္းႏွင္သြားၾကေပမယ့္ လြီနင္ဆီကေတာ့ ဘာစကားသံမွ မၾကားရေသးေခ်။

ေဝ့ဒါက စိတ္ထဲမပါဘဲ တခစ္ခစ္ႏွင့္ရယ္ရင္း ေခါင္းကိုငုံ႕လွ်က္ အၾကည့္လႊဲကာ ေျပာလိုက္သည္။

" ရပါတယ္ ကိုကို လက္မခံနိုင္ …"

လြီနင္က ႐ုတ္တရက္ ေရွ႕တိုးလာၿပီး ေဝ့ဒါလက္ကိုဆြဲကာ ေခၚသြားေလ၏။

လြီနင္အေရျပားက ေအးစက္ေနၿပီး သူ႕လက္ေပၚမွာ သူ႕အစ္ကို လက္ေခ်ာင္းေတြက တင္းက်ပ္စြာ ဆုပ္ကိုင္ထားတာကို ခံစားမိ​ေနေလသည္။ ေဝ့ဒါ၏ လက္ဖမိုးေပၚက ေသြးေၾကာေတြက ေပါက္ထြက္မတတ္ ေတာင့္တင္းသြားရ၏။

" ကိုကို …"

ေဆး႐ုံနားမွာ ဟိုတယ္ေတြ အမ်ားအျပားရွိသည္။ လြီနင္က ေဝ့ဒါကို အနီးဆုံးဟိုတယ္သို႔ ဆြဲေခၚလာခဲ့၏။

ေဝ့ဒါက မိမိကိုယ္ကို စိတ္တည္ၿငိမ္ေအာင္ႀကိဳးစားေနေပမယ့္ သူ႕အသံက တုန္ယင္ေနသည္။

" ကိုကို ဘာလုပ္မလို႔လဲ "

ဟိုတယ္ဝန္ထမ္းဆီက ေသာ့ကိုယူၿပီးေနာက္ လြီနင္က သူ႕ညီေမးခြန္းကို လ်စ္လ်ဴရႈကာ ေဝ့ဒါကို အခန္းထဲသို႔ ထပ္ဆြဲေခၚလာျပန္သည္။

တံခါးကို တြန္းဖြင့္ၿပီးေနာက္ ေလာ့ျပန္ခ်ကာ လြီနင္က သူ႕ညီကိုတြန္းခ်လိဳက္ၿပီး အဝတ္အစားေတြကို ခြၽတ္ေလေတာ့သည္။ သူ႕လက္ေခ်ာင္းေတြက ေရခဲတမွ်ေအးစက္ေနၿပီး ၾကယ္သီးျဖဳတ္ေနစဥ္မွာလည္း တုန္ယင္လို႔ေနသည္။

သူတို႔က ေလေအးေတြေအာက္မွာ အခ်ိန္အၾကာႀကီးရပ္ေနခဲ့ရတာေၾကာင့္ ကိုယ္အပူခ်ိန္က က်ဆင္းေန၏။

" ကိုကို ကြၽန္ေတာ္မလုပ္ခ်င္ဘူး။ "

လြီနင္ ဘာလို႔ဒီလိုေတြလုပ္ေနလဲဆိုတာကို မသိေပမယ့္ လြီနင့္မ်က္ႏွာေပၚက ဆုံးျဖတ္ခ်က္ခိုင္မာေနတဲ့အမူအရာေၾကာင့္ ေဝ့ဒါ ထိတ္လန့္မိလာသည္။

လြီနင္က ဘာမွျပန္မေျပာဘဲ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားကာ ဟိုတယ္က ထားေပးထားသည့္ ေရခ်ိဳးဆပ္ျပာဆီကို ယူလာသည္။ သူ႕လက္ေတြက တဆတ္ဆတ္ တုန္ယင္ေနၿပီး လႈပ္ရွားမႈေတြကလည္း နည္းနည္းေလးမွ ေခ်ာ့ေမြ႕မႈရွိမေနေပ။ 

" ကိုကို …"
ေဝ့ဒါက လြီနင့္လက္ကို ဆြဲလိုက္သည္။

" ပါးစပ္ပိတ္ထား !"
လြီနင္က ေဝ့ဒါကို ေမာ့ၾကည့္လိုက္၏။
" ငါ့ကို စကားလာမေျပာနဲ႕ !"

ေဝ့ဒါ မွင္သက္သြားရ၏။

သူကိုယ္ကိုထိန္းမတ္ဖို႔ေထာက္ကန္ထားရသည့္ လက္က ေၾကာက္လန့္စိတ္ပိုလာတာေၾကာင့္ ေခ်ာ္သြားၿပီး လြီနင္ ဒူးေထာက္ရက္ လဲက်သြားေလ၏။  

" ငါ သတၱိမရွိေတာ့ဘူး။ ငါ့ကို စကားလာမေျပာနဲ႕ေတာ့ ..."

လြီနင္က ေခါင္းငုံ႕ထားလွ်က္ သူ႕အသံက တိုးဖြေနေလသည္။ ဘာေၾကာင့္ရယ္မွန္းမသိဘဲ သူ႕မ်က္လုံးထဲကေန မ်က္ရည္ေတြစီးက်လာသည္။

" မင္းကိုလက္ခံဖို႔ သတၱိေမြးရတာ မလြယ္ဘူး ..."

" ဒါေၾကာင့္ ငါ့ကို စကားလာမေျပာနဲ႕။ မင္း ဆက္ၿပီးစကားမ်ားေနရင္ ငါ့သတၱိေတြေပ်ာက္သြားလိမ့္မယ္လို႔  … "

ခံစားခ်က္ေတြက မတူညီဘဲ ကြဲျပားျခားနားေနကာ အစကေန ယခုအခ်ိန္ထိ သူတို႔ခံစားခ်က္ေတြက တစ္ဖက္သတ္ေတြသာ ျဖစ္ေနခဲ့ၾကသည္။

လြီနင္က ငေၾကာက္တစ္ေယာက္။ သူ႕ညီရဲ႕ ခံစားခ်က္ေတြကို သိရခ်ိန္မွာ ေရွ႕မတိုးသာ ေနာက္မဆုတ္သာႏွင့္ တြန့္ဆုတ္ေနခဲ့ရသည္။

တမင္တကာ စိတ္ေလ်ာ့ထားသည့္ ခႏၶာကိုယ္ဟာ ပိုၿပီးေပ်ာ့ေပ်ာင္းလာသည္။

လြီနင့္ လုံးဝက်ဆဳံးသြားၿပီး ထိန္းခ်ဳပ္ထားရသည့္ သူ႕ခံစားခ်က္ေတြဟာလည္း စတင္ေျပာင္းလဲလာၿပီျဖစ္ေသာ္လည္း ခုခံမႈအနည္းငယ္ေတာ့ က်န္ရွိေနေသးသည္။

သူ႕ႏွလုံးသားထဲမွာလည္း ေဝ့ဒါကို လက္ခံဖို႔ကို ကာဆီးထားသည့္ အတားအဆီးတစ္ခုလည္းရွိ​ေနေသးသည္။ ထိုအရာက ပုံမွန္ဘဝတစ္ခုကို ရရွိခ်င္သည့္ ေမွ်ာ္လင့္ခ်က္ေရးေရးေလးပင္။

" ေဝ့ဒါ "
လြီနင့္ ႏႈတ္ခမ္းပါးေတြဟာ တုန္ယင္ေနခဲ့ပါ၏။

သူ႕အေရွ႕မွာ လမ္းေၾကာင္းႏွစ္သြယ္ကို ျမင္ေနရသည္။ တစ္လမ္းက သူတစ္ေယာက္ထဲအတြက္ျဖစ္သည္။ သူတစ္ေယာက္တည္း ေလွ်ာက္လွမ္းၿပီးလွ်င္ လုံၿခဳံစိတ္ခ်ရၿပီး ခရီးလမ္းကလည္း ေခ်ာေမြ႕ေပလိမ့္မည္။ လမ္းအဆုံးက အလင္းတစ္စကိုလည္း သူလွမ္းျမင္ေနရပါသည္။  တျခားလမ္းတစ္ခုကေတာ့ သူတို႔ႏွစ္ေယာက္ အတူေလွ်ာက္လွမ္းရမွာျဖစ္သည္။ ခရီးဆုံးကိုေရာက္ဖို႔ အခက္အခဲေတြကို အတူရင္ဆိုင္ေက်ာ္ျဖတ္ရေပလိမ့္မည္။ အဆုံးသတ္ဟာလည္း ေလထန္ေနေသာလမ္းျဖစ္တာေၾကာင့္ ျမင္ရမည္မဟုတ္ေခ်။

သူ႕ကိုယ္ပိုင္လမ္းေၾကာင္းကို လြီနင္ေ႐ြးခ်ယ္ခဲ့တာၾကာၿပီ။ အစကေတာ့ သူ႕ကိုယ္သူ အားေပးကာ ေရွ႕တက္ခဲ့ေပမယ့္ အခုေတာ့ သူဆက္မလွမ္းနိုင္ေတာ့ေပ။

တစ္ေယာက္တည္း ႀကိဳးစားေနရတာ အထီးက်န္လြန္းတယ္။

အရမ္းလည္း ခက္ခဲလြန္းတယ္။ အနာဂတ္မွာ ဘာေတြျဖစ္ပ်က္လာမလဲဆိုတာ သူမသိဘူး။ သူတို႔ေတြ တစ္ေယာက္ကိုတစ္ေယာက္​ ထပ္ၿပီးနာက်င္ေစၾကဦးမွာလား။

အၿမဲတမ္း ေရွာင္ေျပးေနခဲ့တဲ့ လြီနင္အတြက္ ဒီလမ္းေၾကာင္းကို ေ႐ြးခ်ယ္ဖို႔ရန္က အင္မတန္ကို ခက္ခဲလြန္းပါသည္။

သို႔ေပမယ့္ ဒီတစ္ႀကိမ္ေတာ့ သူထြက္မေျပးေတာ့ဘဲ ေဝ့ဒါကို ခြင့္လႊတ္ေပးဖို႔ႀကိဳးစားကာ ယုံၾကည္ၾကည့္ခ်င္သည္။

" ျပန္စရေအာင္ …"

အိပ္ရာေပၚက လြီနင့္လက္ေခ်ာင္းေတြဟာ လက္သီးဆုပ္အျဖစ္သို႔ စုစည္းသြားၾက၏။ သူေျပာတဲ့စကားတိုင္းက သူမွာရွိသမွ် အားအင္ေတြအကုန္စုၿပီး ေျပာလိုက္တာေတြသာ။ အခုလည္း ဒီစကားကိုဆိုလိုက္ေတာ့ ႏွလုံးခုန္ႏႈန္းေတြျမန္လာရသည္။ သူ႕အသံက အေတာ္ေလးက်ယ္တယ္လို႔ ထင္လိုက္ေပမယ့္ တကယ့္တကယ္ထြက္လာခ်ိန္မွာေတာ့ တိုးဖြဖြသာ ျဖစ္လို႔ေနမွန္း သေဘာေပါက္သြားရ၏။

သို႔ေသာ္ျငားလည္း ေဝ့ဒါကေတာ့ ေသေသခ်ာခ်ာကို ၾကားလိုက္ရသည္။

ေဝ့ဒါက သူ႕အစ္ကိုကို မယုံၾကည္နိုင္သလို မ်က္လုံးအဝိုင္းသားျဖင့္ ေၾကာင္ၾကည့္ေနမိ၏။

ဒီလိုဆက္ဆံေရးမ်ိဳးမွာလည္း လြီနင္က သတၱိေၾကာင္ေနဆဲပါပဲ။ ဒီအခ်ိန္မွာ သူေၾကာက္ေနေပမယ့္လည္း ပထမဆုံးေျခလွမ္းအေနနဲ႕ သူ႕ဘက္ကေန ဒီလိုစကားမ်ိဳးကို စေျပာလိုက္ျခင္းပါေပ။

" ကိုကို ..."
လြီနင့္ကို ေၾကာင္ၾကည့္ေနသည့္ ေဝ့ဒါက ရယ္ခ်င္တာေၾကာင့္ သူ႕ႏႈတ္ခမ္းေတြတြန့္သြားေပမယ့္ မရယ္ခဲ့ပါ။

" ကြၽန္ေတာ္ ကိုကို႔ကို ထပ္ၿပီး မနာက်င္ေစရပါဘူး။ ေနာင္အနာဂတ္မွာ ကြၽန္ေတာ္ ေသခ်ာေပါက္ ႀကိဳးစားမွာပါ။ "

လြီနင္ သူ႕ညီကို​ေမာ့ၾကည့္လိုက္သည္။ သူတို႔စေတြ႕ခ်ိန္ကတည္း ေဝ့ဒါငိုတာကို မျမင္ဖူးခဲ့ေပ။ ယခုေတာ့ ပထမဆုံးအေနျဖင့္ ျမင္ခဲ့ဖူးၿပီ။ 

လြီနင့္စိတ္ေတြ ရႈပ္ေထြးေနဆဲပင္။ သူ႕ဆုံးျဖတ္ခ်င္က မွန္လား၊ မွားလားလည္း မသိေသးေပ။

သူကိုယ္တိုင္က အၿမဲတမ္း တြန့္ဆုတ္ကာ သတၱိေၾကာင္ေနေပမယ့္ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ သူညီကို ကယ္တင္ေပးခဲ့ၿပီး သူ႕ညီရဲ႕ အလိမ္အညာေတြ၊ တကယ့္စိတ္ရင္းမွန္ေတြကို သူမေဖာ္ထုတ္နိုင္ခဲ့ေပ။

အခုလည္း ေဝ့ဒါကို ခြင့္လႊတ္ေပးၿပီး အစကေနျပန္စၾကမယ္လို႔ ကတိေပးလိုက္ျပန္ေလၿပီ။ ေနာက္ပိုင္း ဘာေတြဆက္ျဖစ္လာဦးမလဲဆိုတာ လြီနင္ မေတြးရဲေတာ့။

သို႔ေသာ္လည္း သူဘာမွမႀကိဳးစားဘဲ ဆက္ၿပီးေၾကာက္႐ြံ႕ကာ ေဝ့ဒါကိုျငင္းပယ္လိုက္လို႔ လက္လႊတ္လိုက္ျပန္လွ်င္လည္း လြီနင္ ထာဝရေနာင္တရေနလိမ့္မည္။

သူတို႔ႏွစ္ေယာက္လုံးက ဆုံးျဖတ္ခ်က္ခိုင္မာစြာျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ ေဘးမွာအက်ဥ္းခ်ထားကာ နာက်င္ေစခဲ့ၾကသည္။ သို႔ေသာ္လည္း တစ္ဦးကစကမ္းလွမ္းကာ အေလ်ာ့ေပးညွိႏွိုင္းရမည့္အစား တျခားသူကို စြန့္ခြာတြန္းထုတ္လိုက္ၾကဖို႔သာ ေ႐ြးခ်ယ္ခဲ့ၾကသည္။

သူတို႔ႏွစ္ေယာက္လုံးက အ႐ူးေတြပဲ။

သူလည္း ေဝ့ဒါကိုခ်စ္တယ္။ ဒါက တကယ္ကို ရိုးရိုးရွင္းရွင္းေလးဆိုေပမယ့္ အမွားေတြကိုသာ လုပ္မိခဲ့ၾကတယ္။

ျပတင္းေပါက္အျပင္က ေကာင္းကင္ဟာ ေမွာင္မဲလို႔လာၿပီး ႏွင္းေတြဟာလည္း ထူသထက္ထူလာေလသည္။

အခန္းတြင္းက အပူခ်ိန္က ျမင့္တက္လို႔လာၿပီး အေမွာင္ထဲကေန ရံဖန္ရံခါဆိုသလို မြတ္သိပ္လွသည့္ အသက္ရႉသံျပင္းျပင္းေတြ ထြက္ေပၚလာသည္။

ေဝ့ဒါက လြီနင့္ကို သူ႕ေအာက္မွာဖိကပ္ကာ အတည္ျပဳစစ္ေဆးသည့္ အေနျဖင့္ နမ္းလိုက္၏။

ျပင္းထန္လွသည့္ အေျခအေနအတြင္းမွာ ေဝ့ဒါက ေနာက္တစ္ဖန္ လြီနင္၏ လက္ေတြကို ဆုပ္ကိုင္လိုက္ကာ ဒီတစ္ႀကိမ္မွာလည္း တင္းက်ပ္စြာ ခ်ည္ေႏွာင္လိုက္ျပန္ပါသည္။ ဒီလူသားကို သူ႕ရင္ခြင္ထဲကေန ထြက္သြားခြင့္မရွိေအာင္ သူ႕အခ်စ္မ်ားႏွင့္ အက်ဥ္းခ် တုပ္ေႏွာင္ပစ္လိုက္ေတာ့မည္။

*****

မသိလိုက္မသိဖာသာပဲ ရာသီဥတုက ေျပာင္းလဲသြားျပန္၏။ ယေန႕မွာေတာ့ တစ္ေန႕တာလုံး ေနသာၿပီး ေန႕တာဟာလည္း ရွည္လ်ားေနသည္။

" ေရွာင္လီ၊ အရင္တစ္ေခါက္က ငါေပးထားတဲ့ program ၿပီးသြားၿပီလား။ "

" ၿပီးသြားပါၿပီ။ "

" အင္တာနက္ေပၚ တင္ထားလိုက္၊ ငါေနာက္မွၾကည့္ထားလိုက္မယ္။ လ်ိဳလန္ အရင္တစ္ခါက အားသြင္းစနစ္မွာ ျပႆနာရွိလို႔တဲ့။ အခုသြားစစ္ၾကည့္လိုက္ဦး။ customer နံပါတ္ 137 ရဲ႕ လိပ္စာကိုယူၿပီး ကိုယ္တိုင္သြားစစ္ေဆးလိုက္။ "

" ဟုတ္တယ္ ကြၽန္ေတာ္သြားလိုက္ပါ့မယ္ "

မနက္ခင္း ႐ုံးခန္းထဲကို ဝင္လာကတည္းက ထိုလူက မရပ္မနားပဲ အားလုံးကို ၫႊန္ၾကားေပးေနသည္။ ထိုလူ ထိုင္ခုံေပၚမွာထိုင္သြားမွ လူတိုင္း အသက္ေျဖာင့္ေျဖာင့္ ရႉနိုင္ေတာ့၏။

ကုမၸဏီေသးေသးေလးက ႐ုံးခန္းတစ္ခု၊ လူငါးေယာက္ပဲ ရွိေပမယ့္ သူေဌး၏ ဂုဏ္သတင္းႏွင့္ အဆက္အသြယ္ေတြေၾကာင့္ တေျဖးေျဖး တိုးတက္လာခဲ့သည္။ 

" မစၥတာေဝက အရမ္းေခ်ာတာပဲ။ "

အသစ္ဝင္လာတဲ့ စာေရးႏွင့္ အတြင္းေရးမႉးက ျပတင္းေပါက္အျပင္ကို ေငးၾကည့္ေနသည့္ သူတို႔သူေဌးကို ခိုးၾကည့္ရင္း မ်က္ႏွာခ်င္းဆိုင္ တြတ္ထိုးေနၾကသည္။

" သူက ေခ်ာကလည္းေခ်ာ၊ ပိုက္ဆံလည္းကရွာနိုင္တယ္။ အၿမဲတမ္းသာ မႈန္ကုတ္ေအးစက္မေနရင္ လုံးဝ perfect ပဲ။ "

" ဒီအေၾကာင္းကို ဆက္မေျပာၾကနဲ႕ေတာ့ "

ဝန္ထမ္းေကာင္ေလးတစ္ေယာက္က ကီးဘုတ္ကိုပုတ္ကာ မထူးဆန္းသလိုအသံျဖင့္ ေျပာလာသည္။ 

" CEO မွာ ေကာင္ေလးရွိၿပီသား။ "

" အမ္ ဘာႀကီး …? ? ေကာင္ေလး ? "!"

ေဝ့ဒါက ထိုင္ခုံကိုမီလွ်က္ ျပတင္းေပါက္အျပင္ကို ေငးၾကည့္ေနသည္။

သူတို႔ကုမၸဏီ၏ မ်က္ႏွာခ်င္းဆိုင္မွာ ေဆး႐ုံတစ္ခုရွိသည္။ ေဆး႐ုံက ေဆးဝန္ထမ္းအမ်ားစုက အိမ္ကေန ေဆး႐ုံကို လမ္းေလွ်ာက္လာတတ္ၾကသည္။

မနက္ခင္းပိုင္းမွာ ေဆး႐ုံကိုလာၾကတဲ့လူေတြအမ်ားႀကီးရွိတယ္ဆိုေပမယ့္ ေဝ့ဒါကေတာ့ လူတစ္ေယာက္ထဲကိုသာ တစ္ခ်က္ၾကည့္႐ုံႏွင့္ သိနိုင္သည္။

ထိုလူက အေတာ္ေလးကို ယဥ္ေက်းသိမ္ေမြ႕သည္။ ေဆး႐ုံဂိတ္ေပါက္ကေန အဓိက အေဆာက္အအုံကို ေရာက္တဲ့အထိ မိနစ္ပိုင္းအတြင္း သူသိတဲ့လူေတြအမ်ားႀကီးကို ႏႈတ္ဆက္သြားလိမ့္မည္။

ထိုလူ သူ႕ျမင္ကြင္းထဲကေန ေပ်ာက္ကြယ္သြားမွ ေဝ့ဒါ သူ႕ေခါင္းကိုလွည့္လိုက္ရင္း အင္တာနက္ေပၚက program ကိုစစ္ဖို႔ laptop ကို ဆြဲယူလိုက္သည္။

လြီနင္ ေဆး႐ုံဝင္းထဲကို ဝင္လာရင္း သူ႕ဖုန္းက ႐ုတ္တရက္ တုန္ခါလာသည္။ ဖုန္းထုတ္ၿပီးၾကည့္လိုက္ေတာ့ message တစ္ေစာင္ေရာက္ေနတာကို ျမင္လိုက္ရ၏။

I love you.

သူ ဒီလိုစာေတြကို ျမင္ေတြ႕က်ဆိဳေပမယ့္ လြီနင္ ရွက္႐ြံ႕ေနမိဆဲပဲ။ ေဘးဘီကို တစ္ခ်က္ခိုးၾကည့္ရင္း သူ႕ဖုန္းကို အိတ္ကပ္ထဲသို႔ ကပ်ာကယာ ထိုးထည့္လိုက္သည္။

စီနီယာအစ္ကိုက သူ႕ကေလးကို စကားေျပာတတ္ေအာင္ ဘယ္လိုသင္ေပးခဲ့ေၾကာင္း ဂုဏ္ယူဝင့္ႂကြားစြာ လူတိုင္းကို ေျပာျပေနသည္။ လက္ထပ္ၾကေတာ့မည့္ လ်ိဳက်င္းတို႔စုံတြဲကိုလည္း ေဆး႐ုံက လူေတြက လက္ေဆာင္ေတြေပးၾက၊ ေကာင္းခ်ီးေပးၾကႏွင့္ ေဆး႐ုံတစ္ခုလုံး ခ်ိဳၿမိန္ၾကည္ႏူးမႈေတြ ျပည့္ႏွက္လို႔ေနသည္။ 

လြီနင္ ဂ်ဴတီကုတ္အျဖဴကိုလဲၿပီးေနာက္ သူ႕ဖုန္းကို ျပန္ထုတ္လိုက္သည္။

သူ အခုခ်ိန္ထိ ဒီလိုမ်ိဳးမလုပ္ဖူးတာေၾကာင့္ တစ္လုံးခ်င္း ေျဖးေျဖးဆီ စာရိုက္လိုက္၏။

" … "

မနက္ခင္း ေနေရာင္ျခည္က ႐ုံးခန္းထဲမွာ ျဖာက်ေနကာ ေမာ္နီတာမ်က္ႏွာျပင္ကလည္း အေရာင္ျပန္လွ်က္ရွိသည္။ ေဝ့ဒါ မတ္တပ္ထရပ္လိုက္ရင္း ျပတင္းေပါက္ကို တစ္ဝက္ေလာက္ဆြဲခ်လိဳက္၏။

တစ္ဝက္ေလာက္ဖြင့္ထားတာပဲ ေကာင္းပါတယ္။

ပူလည္းမပူ ေအးလည္းမေအးေတာ့တာေပါ့။

ရံဖန္ရံခါဆိုသလို ႐ုံခန္းဘက္က ကီးဘုတ္ႏွင့္ စာရိုက္သံေတြကို ၾကားရ၏။ ေဝ့ဒါ ထိုင္ခုံေပၚ ျပန္ထိုင္လိုက္သည္။

ဖုန္းထဲသို႔ စာတစ္ေစာင္ဝင္လာေလသည္။ ေဝ့ဒါ လက္တစ္ဖက္က ကီဘုတ္ကိုႏွိပ္ရင္း က်န္တစ္ဖက္ႏွင့္ ဖုန္းကိုဖြင့္ၾကည့္လိုက္သည္။

ထို႔ေနာက္ သူ႕၏အနက္ေရာင္မ်က္ဝန္းေတြက ေမွးက်ဥ္းသြားၿပီး သူ႕ႏႈတ္ခမ္းေတြဟာလည္း ေကြးၫႊတ္သြားကာ ေပ်ာ္႐ႊင္စရာအၿပဳံးတစ္ပြင့္ ျဖစ္တည္လာခဲ့သည္။

ဖုန္းမ်က္ႏွာျပင္ေပၚတြင္ကား ရိုးရွင္းလွစြာေသာ စာေလးတစ္ေၾကာင္းသာ။

" me too. "

END

Continue Reading

You'll Also Like

9.8K 581 7
ကြ်န္ေတာ့္ရဲ႕ဘ၀မွာ တဦးတည္းေသာ တေယာက္တည္းေသာ မိသားစု၀င္အထိ ခ်စ္ရတဲ့ ခ်စ္သူတေယာက္ရွိခဲ့တယ္။ သူ႕ကို ရင္ထဲနင့္ေအာင္ ဘာေႀကာင့္ခ်စ္တယ္ဆိုတာ ဒီမွာ ေဖာ္ျပနိ...
396K 39.9K 42
Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapters - 132 Gong -瞿末予 (Qú Mò Yǔ ) / ချွီမေ...
64K 9.5K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
324K 34.5K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...