Unicode
လွီနင့်ခေါင်းကို ထိန်းကိုင်ထားသည့် လက်မောင်းတစ်စုံက ထုံလာခိုက်မှာ ဝေ့ဒါ ရုတ်တရက် သူ့အိပ်မက်ကနေ နိုးထလာခဲ့သည်။ သူ့မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ အတွေးတွေအားလုံးကို ဖြတ်တောက်ပစ်ကာ ချက်ချင်းပဲ သူ့ခေါင်းကို ငုံ့ကြည့်လိုက်၏။
လွီနင်က အိပ်ရာပေါ်မှာ လှဲလျှက် သူ့ကိုစိုက်ကြည့်နေကာ သူ့မျက်လုံးတွေနှင့်ဆုံမိတော့ လွီနင်က အကြည့်လွှဲလိုက်လေသည်။
လွီနင် အခုထိ သူ့အနားမှာ ရှိနေဆဲပဲ။ ဝေ့ဒါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့အရှေ့က လွီနင်လက်မှာချည်ထားသော ကြိုးကို သေချာစစ်ဆေးကြည့်လိုက်သည်။ ကြိုး၏ တခြားတစ်ဖက်ကိုတော့ ပြတင်းပေါက်အောက်မှာ ချည်ထားလေသည်။
ရေချိုးကာ အိပ်သာသွားတာအပြင် အိပ်ရာပေါ်မှာ လှဲအိပ်လို့ရသည်အထိ ကြိုးက လုံလုံလောက်လောက်ကို ရှည်ပါသည်။
သုံးရက်လောက်ကြာတော့ ကြိုးချည်ခံထားရသည့်နေရာမှာ ပွန်းပဲ့ရာလေးတွေက ရောင်ရမ်းလို့
လာပေမယ့် လွီနင်ခန္ဓာကိုယ်ကတော့ အရင်ကထက် ပိုကောင်းလို့လာခဲ့လေပြီ။
ဝေ့ဒါက ကိုယ်ကိုကြွပြီး လွီနင့်ကို နမ်းလိုက်သည်။
" ကိုကို ဗိုက်ဆာပြီးလား။ ဘာစားချင်လဲ ဟင်။ "
သူ စကားပြောနေစဥ်မှာ လွီနင်ကသူ့ကို တစ်လျှောက်လုံး ကြည့်နေခဲ့ပေမယ့် စကားသံလည်းဆုံးရော လွီနင်က အကြည့်လွှဲသွားပြန်သည်။
ဝေ့ဒါလည်း တိတ်ဆိတ်နေရုံမှတပါး မတတ်နိုင်တော့။ ဖုန်းကိုယူပြီး မှာစားဖို့လုပ်လိုက်ပေမယ့် ပိုက်ဆံမလောက်တော့တာကို တွေ့လိုက်ရ၏။
ပိုက်ဆံရဖို့ ... ဝေ့ဒါ လွီနင့်လက်က ကြိုးကို တစ်ချက်ငဲ့ကြည့်လိုက်ရင်း ပြောလိုက်တယ်။
" ကိုကို ကျွန်တော် စားစရာဝယ်ဖို့ အပြင်ထွက်မလို့ ဘာစားချင်လဲ။ "
"…"
လွီနင် ဘာမှပြန်ဖြေမှာမဟုတ်ဘူးဆိုတာ သူကြိုတင်မှန်းဆထားပြီးသားပင်။ ဝေ့ဒါ သူ့အင်္ကျီကိုကောက်ဝတ်ကာ ဖိနပ်လဲလိုက်သည်။ သူအပြင်ထွက်လိုက်ပြီးနောက် ခဏမျှတုန့်ဆိုင်းရင်း အိမ်ထဲသို့ပြန်ဝင်လာကာ လွီနင်ကို စိုက်ကြည့်လျှက် မေးလိုက်သည်။
" ကိုကို... ထွက်သွားလို့မရဘူးနော်၊ သိတယ်မလား။ "
"…"
လွီနင်က သူ့ကိုနောက်ကျောပေးကာ တစ်ဖက်သို့ လှည့်သွားလေ၏။
ဝေ့ဒါက အဖြေကို ခဏလောက်စောင့်ဆိုင်းနေပြီးမှ သဘောတကျ ရယ်မောလိုက်ချေ၏။
" ဟုတ်သားပဲ... ကျွန်တော် ကိုကို့ကို ကြိုးနဲ့ချည်ထားတာကို၊ ကိုကို ထွက်ပြေးလို့မရနိုင်တော့ဘူး။ "
တံခါးပိတ်သံကို ကြားလိုက်ရတော့ လွီနင် သူ့မျက်လုံးတွေကို အောက်ငုံ့လျှက် သူ့လက်ကောက်ဝတ်မှာ ချည်ထားသော ကြိုးကို သေချာကြည့်လိုက်သည်။
ဝေ့ဒါက အနီးဆုံး ငွေထုတ်စက်ကို အမြန်လေးလျှောက်လာခဲ့သည်။ လွီနင်ကို မမြင်မတွေ့နေရရင် သူ့စိတ်ခံစားချက်တွေက မလုံခြုံသလို အဆင်ပြေမနေပါ။ လွီနင်က ဖျားနေပြီး မထနိုင်တာကြောင့် ဒီအချိန်ကြီး လုံးဝထွက်ပြေးလို့ရမှာ မဟုတ်သေး။
သူကိုယ်တိုင် ကြိုးနဲ့ချည်ထားခဲ့တာတောင် စိတ်မချနိုင်သေးဘူး။
အစကတော့ ဒီလိုမျိုးအထိလုပ်ဖို့မလိုအပ်ခဲ့ပေမယ့် အဲ့ဒီနေ့က သူဆေးရုံကိုသွားတော့ လွီနင်က ပညာတော်သင်အနေနဲ့ နိုင်ငံခြားကို နှစ်နှစ်သွားရမယ်လို့ ကြားခဲ့ရတယ်။
နှစ်နှစ်တောင်…
အကယ်၍ လွီနင်ကိုသာ တစ်ညလောက်တောင်မမြင်ရလျှင် လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သူပြိုလဲသွားခဲ့ပြီးပြီ။
လွီနင်က ပေါ်လွယ်ပျောက်လွယ်တဲ့ လူတစ်ယောက်။ အတိတ်နေ့ရက်တွေကိုသေချာပြန်စဥ်းစားကြည့်လိုက်လျှင် အင်မတန်မှ ရွံရှာစက်ဆုပ်ဖွယ်ရာပင်။
သူတို့နှစ်ယောက်လုံးက ယောကျာ်းတွေ၊ ညီအစ်ကိုတွေပင်။ ဒါ့အပြင် လွီနင်ကလည်း ဒီလိုမျိုးတွေ မလုပ်ချင်ဘူး။ သူကသာ ဒီအခြေအနေကိုရောက်တဲ့အထိ တစ်ဆင့်ပြီးတစ်ဆင့် အတင်းအကျပ် ဖိအားပေးခဲ့တာပင်။
ဒီနေရာကနေသာ လွီနင် ထွက်ခွာသွားကြည့်၊ သူ့ရဲ့နဂိုဘဝဖြစ်တဲ့ ကောင်မလေးတစ်ယောက်ကို ချစ်ပြီး လက်ထပ်ကာ ပျော်ရွှင်တဲ့ ဘဝလေးကို ရသွားလိမ့်မယ်။ ပြီးတော့ သူ(ဝေ့ဒါ)နဲ့အတူ ကျော်ဖြတ်ခဲ့ကြတဲ့ လက်ရှိအချိန်တွေကိုလည်း မေ့ပစ်လိုက်လိမ့်မယ်။
အကယ်၍ ဒီလိုသာဖြစ်သွားခဲ့ရင် အခုအချိန်ထိ သူကြိုစားအားထုတ်လာခဲ့သမျှအားလုံးဟာ အလကားအချည်းနှီးသာ ဖြစ်သွားရလိမ့်မယ်။
ဝေ့ဒါ ဖြစ်နိုင်ချေတွေကိုစဥ်စားမိလေ ပိုပြီးစိတ်ပျက်အားငယ်လာလေပဲ။
ဝေ့ဒါ ဘဏ်ကိုသွားကာ ငွေထုတ်ပြီး ဆန်အနည်းနည်းဝယ်ကာ ပြန်လာခဲ့၏။ သူ အမြန်ဆုံးသွားလာတာတောင် နာရီဝက်လောက် အချိန်ကုန်သွားလေသည်။
ဝေ့ဒါ သော့ကိုထုတ်လျှက် အပေါ်ထပ်ကိုတက်လာပေမယ့် တံခါးနားကိုရောက်ချိန်မှာ သူအံ့အားသင့်သွားရ၏။
ပုခုံးမှာ ညစ်ပတ်နေသည့် အိတ်တစ်လုံးကို လွယ်ထားသည် သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက်က မတ်တပ်ရပ်ကာ သူ့ကို စူးစိုက်ကြည့်နေလေသည်။
ထိုမိန်းမက ဝေ့ဒါနှင့် ရင်းနှီးပုံပေါ်ပြီး ဝေ့ဒါမျက်နှာကလည်း သူမနှင့် အတော်လေးဆင်သည်။
" ခင်ဗျားက ဒီကို ဘာလို့ရောက်နေတာလဲ။"
" အမေ သားကို လာရှာတာ "
ဖော်ရွှေမှုမရှိတဲ့ သူမသား၏ အကြည့်နှင့် ရင်ဆိုင်လိုက်ရတော့ ယန်မိန့်ချီကြောက်စိတ်မွှန်သွားပြီး သူမအိတ်ထဲက စာအုပ်သေးသေးလေးကို ကတုန်ကယင်ဖြင့် ဆွဲထုတ်လိုက်၏။
" အမေ ပြည်သူ့လုံခြုံရေးဌာနက နေထိုင်ခွင့်ယူလာတာ။ သူတို့က အမေကို ကူပြီး စုံစမ်းပေးလိုက်တယ်။ "
ဝေ့ဒါက သူမကို လျစ်လျူရှုကာ တံခါးဆီသို့သာ ဆက်လျှောက်သွားလိုက်၏။ ယန်မိန့်ချီက ဝေ့ဒါရှေ့မှာ ပိတ်ရပ်လိုက်ပြီး စာအုပ်ကို မြှောက်ပြလိုက်သည်။
" ဝေ့ဒါ... သား အမေကို အသိအမှတ်မပြုဘူးဆိုရင်တောင် အမေတို့က သားအမိတွေ ဖြစ်နေကြတုန်းပဲ။ ကြည့်ပါဦး... ဒီစာအုပ်ထဲမှာ ရေးထားတယ်လေ... ကြည့်လိုက်စမ်းပါ ..."
ဝေ့ဒါက စာအုပ်ကိုဆွဲယူပြီး လွှင့်ပစ်လိုက်သည်။
ယန်မိန့်ချီက အလျင်အမြန်ပဲ တံခါးရှေ့ကိုပြေးကာ ပိတ်ရပ်လိုက်ပြန်၏။
" ဒါဒါ... အမေပြောတာကို နားထောင်ပါဦး။ သားအဖေက အခု ပိုက်ဆံရှိနေပြီ။ အမေနဲ့ ပြန်လိုက်ခဲ့ပါ …"
ဝေ့ဒါက သူမကို တွန်းထုတ်ကာ အော်လိုက်သည်။
" ထွက်သွားစမ်းပါ !"
ယန်မိန့်ချီ သူ့ကြောင့် မြေပေါ်လဲကျသွားတော့ ဝေ့ဒါက ရှေ့ဆက်လျှောက်သွားလေ၏။
" ဝေ့ဒါ အမေနဲ့ ပြန်လိုက်ခဲ့ပါ။ မင်း အမေနဲ့ပြန်မလိုက်ရင် အမေ... အမေ... သေသွားလိမ့်မယ် ! အမေ ပိုက်ဆံလိုနေလို့ပါ … "
ဝေ့ဒါက လုံးဝလျစ်လျူရှုထားတာကိုမြင်တော့ ယန်မိန့်ချီက သူ့ကိုဆွဲဖက်ကာ အော်ဟစ်ငိုယိုတော့သည်။
" နင်က သားမိုက်ပဲ ! နင်က ငါ့ဆီက ဖြစ်လာတဲ့ ငါ့ရဲ့ အသားတစ်စသာသာပဲ။ ငါ နင့်ကို ပြောပြလို့တောင် မရနိုင်တဲ့ ဆင်းရဲဒုက္ခတွေကြားကနေ မွေးခဲ့ရတာ။ နင်ကတော့ နှလုံးသားမရှိတဲ့ အကောင်။ ငါ အသက်ဆက်မရှင်ချင်တော့ဘူး ! ဝေ့ဒါရဲ့ ! "
အနီးအနား ဘယ်ညာက အိမ်နီးချင်းတွေက တံခါးတွေဖွင့်ကာ အကဲခတ်စပ်စုလာကြလေသည်။
ဝေ့ဒါ ပြန်လှည့်လာတာကိုမြင်တော့ ယန်မိန့်ချီက သူ့လက်ကိုဆွဲကိုင်ကာ ရင်ခွင်ထဲသို့ သွင်းလိုက်လေ၏။
" ဝေ့ဒါ ! ဝေ့ဒါ ! သား ဒီလိုလုပ်လို့ မရဘူးလေ ... သား ဘယ်လောက်ပဲ အမေကို အသိအမှတ်မပြုချင်ပါစေ ! ဒီလိုမျိုးကြီးတော့ မလုပ်လိုက်ပါနဲ့ .. အမတို့ အရင်တုန်းက အခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ကြတာကို ပြန်ထောက်ထားပြီး ဒီလိုလျစ်လျူရှုတာမျိုး မလုပ်ပါနဲ့တော့ ! "
ဝေ့ဒါက သူမကို ထပ်ပြီး အရေးမစိုက်တော့ဘဲ တံခါးကိုသာ ဖွင့်လိုက်တော့သည်။
ယန်မိန့်ချီက မျက်နှာမှာမျက်ရည်တွေအပြည့်ဖြင့် ငိုနေရာကနေ ရုတ်ခြည်းပဲ တစ်ခုခုကို သတိရသွားသလို ရေရွတ်လိုက်တယ်။
" ငါ သိပြီ ... ဒါတွေအားလုံးက အဲ့ဒီအယုတ်တမာကောင်လေးကြောင့်ပဲ ! အရင်တုန်းက သား အမေအပေါ် ဒီလိုမျိုး မဆက်ဆံပါဘူး ... သူ သွေးထိုးလိုက်ပဲဖြစ်မယ် ...အားလုံး သူ့ကြောင့် .. သူ့ကြောင့်ပဲ ! "
ဝေ့ဒါက ယန်မိန့်ချီပြောစကားကို သဘောပေါက်တော့ သူမကို ပိုမုန်းတီးသွား၏။
" ကျွန်တော့်အစ်ကိုနဲ့ ဘာမှမဆိုင်ဘူး၊ ထွက်သွားလိုက်တော့ !"
" လွီနင် !"
ယန်မိန့်ချီက ဝေ့ဒါကိုတွန်းထုတ်ပြီး အိမ်ထဲကို ပြေးဝင်သွား၏။
" လွီနင် ထွက်ခဲ့စမ်း! နင် ငါ့သားကို ဘာတွေပြောထားတာလဲ။ ငါ့နဲ့ သေချာလာရှင်းစမ်း ! ဘာလို့ ငါ့သားကို ငါ့နောက်ပြန်မလိုက်ခိုင်းတာလဲ။ ငါက သူ့အဖေအိမ်ကို ခေါ်သွားမလို့လေ ! နင့်အဖေ သေခါနီးအဖိုးကြီးက အသက်ကြီးရုံတင်မကဘူး ရုပ်ကလည်းဆိုးသေးတယ်! ဒီလိုအဖိုးကြီးနဲ့ လက်ထပ်ထားတဲ့ငါက အိမ်စုတ်အိမ်ပဲ့တစ်လုံးကို ယူမိတာမှားလား၊ ငါ ဘာပိုက်ဆံမှ နင့်ဆီက မတောင်းချင်တော့ဘူး ! ငါ့သားကိုသာ ငါ့ဆီပြန်ပေး ! "
ဝေ့ဒါက ယန်မိန့်ချီကို လှမ်းဆွဲလိုက်ပေမယ့် မမီလိုက်ပေ။ သူမနောက်ကိုသာ အမြန်ပြေးလိုက်သွားလိုက်၏။
ယန်မိန့်ချီက အိမ်ထဲကို အမှတ်တမဲ့ပြေးဝင်ကာ လှည့်ပတ်ကြည့်လိုက်၏။ အိပ်ရာပေါ်မှာလှဲနေတဲ့ လွီနင်ကိုချက်ချင်းပဲတွေ့သွားပြီး အပြေးအလွှားသွားကာ အော်ဟစ်လိုက်၏။
" လွီနင် ! နင်က အခါတစ်ရာလောက် ကြားထဲဝင်နှောင့်နေတယ်ပေါ့လေ ! နင်က ငါ့သားလေးကိုတောင် ကုန်းချောသွေးထိုးထားသေးတယ်ပေါ့ ! "
ယန်မိန့်ချီက ပြောရင်း စောင်ကို တဖုန်းဖုန်းနဲ့ ထုရိုက်လေသည်။ ဒါပေမယ့် ဝေ့ဒါက ချက်ချင်းပဲ သူမကို တွန်းထုတ်လိုက်လေသည်။
" ကျွန်တော့် ကိုကို့ကို မထိနဲ့ !"
ယန်မိန့်ချီက နောက်ကို ယိုင်ထိုးသွားကာ အကြီးအကျယ် လန့်ဖျန့်သွား၏။ ဝေ့ဒါက သူ့မမျက်စိရှေ့ကို ပိတ်ကာရပ်လိုက်ပေမယ့် အားလုံးကို မြင်လိုက်ရသည်။
အိပ်ရာပေါ်မှာ လဲလျောင်းနေသည့် အမျိုးသားက သူ့လက်ကို ကြိုးဖြင့်အချည်ခံထားရပြီး သူ့ကိုယ်မှာလည်း ပွန်းပဲ့ရာများ၊ ခရမ်းရောင်အမှတ်များဖြင့် ပြည့်နှက်လျှက်ရှိသည်။
ယန်မိန့်ချီက ကြမ်းပြင်ပေါ်မှာ ဖင်ထိုင်လျက် လဲကျနေရာကနေ လွီနင်၏ ကြောက်လန့်စရာလက်ကို လက်ညှိုးထိုးက အထစ်ထစ် အငေါ့ငေါ့နှင့် ဆိုလိုက်၏။
" ဒါ... ဒါဒါ... ဒါက… ဘာတွေဖြစ်နေတာလဲ "
ဝေ့ဒါက လွီနင့်ကို စောင်နှင့်ဆွဲဖုံးပေးလိုက်သည်။ လွီနင်ကလည်း ယန်မိန့်ချီအသံကြောင့် နိုးသွားကာ ကြောက်လန့်ပြီး တဆတ်ဆတ်တုန်နေရှာသည်။ ဝေ့ဒါက သူ့အမေကို ကြောက်စရာကောင်းလောက်အောင် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်ပြီး -
" ခင်ဗျား သေချာမြင်ပြီးပြီပဲ။ ဒါက ကျွန်တော့်အစ်ကိုနဲ့ လုံးဝမဆိုင်ဘူး။ ကျွန်တော်ကသာ သူ့ကိုဖမ်းထားတဲ့သူ !"
" နင် ... နင်က ယောကျာ်းတွေကို ကြိုက်တာလား။ "
ဝေ့ဒါက ဘာမှပြန်ဖြေမလာပေမယ့် လွီနင်ကို ဂရုတစိုက် ပွေ့ဖက်ထားတဲ့ သူ့ပုံစံက အားလုံးကို ရှင်းပြပြီးသားဖြစ်လို့နေပြီ။
ယန်မိန့်ချီက ကြောင်အနေရာကနေ နောက်တစ်ဖန် ထပ်ငိုပြန်တယ်။
" ဝေ့ဒါ... နင့်အဖေက သူ့မိသားစုနာမည်ကို အမွေဆက်ခံဖို့ နင့်ကို စောင့်နေတာ! ဘာလို့များ နင်က ယောကျာ်းတွေကို ကြိုက်နိုင်ရတာလဲ ! လွီနင် နင်က လူကောင်းမဟုတ်ဘူးဆိုတာ ငါသိနေပြီးသား ! နင် … "
ဝေ့ဒါ ဆက်ပြီးသည်းမခံနိုင်တော့ဘဲ ယန်မိန့်ချီကို လက်မောင်းကနေဆွဲပြီး အပြင်ဘက်တွန်းထုတ်လိုက်တော့၏။
ယန်မိန့်ချီက အသည်းအသန် ရုန်းကန်ရင်း-
" ဒါဒါ... အရေးမကြီးပါဘူး ! သား ယောကျာ်းတွေကိုကြိုက်တာ ဘာမှမဖြစ်ဘူး။ သားသာ အမေနဲ့လိုက်ခဲ့၊ သားအဖေက ချမ်းသာတယ်။ သား ယောကျာ်းပဲကြိုက်ကြိုက်၊ မိန်းမပဲကြိုက်ကြိုက် အရေးမကြီးပါဘူးကွယ်။ ဝေ့ဒါ အမေ့စကားကို နားထောင်နော် ... "
ဝေ့ဒါက ယန်မိန့်ချီကို တံခါးအပြင်တွန်းထုတ်လိုက်ပြီး တံခါးကိုပိတ်လုဆဲဆဲမှာပဲ ယန်မိန့်ချီက တံခါးဘောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်၏။
" ဝေ့ဒါ ! သားအမေ ဒီလိုပုံစံဖြစ်နေတာကို သားတကယ်ပဲ ကြည့်ရက်တယ်လား။ "
ဝေ့ဒါက ဒေါသတကြီးဖြင့် သူ့လက်သီးကိုဆုပ်ကာ မြှောက်လိုက်၏။
ယန်မိန့်ချီက မျက်လုံးစုံမှိတ်လျှက် အော်ပြောလိုက်သည်။
" အိမ်ရောင်းလို့ရတဲ့ငွေတွေ သူ့ကို ပြန်ပေးလိုက်မယ် !"
ဝေ့ဒါလက်သီးက လေထဲမှာတင်တန့်သွားပြီး ယန်မိန့်ချီက သူမမျက်လုံးတွေကို အချိန်ခဏလောက်ကြာမှ မဝံ့မရဲဖြင့် ဖွင့်ကြည့်လာလေ၏။
ခဏလောက်ကြာတော့ ဝေ့ဒါက ခေါင်းငုံ့ကာ နက်ရှိုင်းလှသည့် မျက်ဝန်းတစ်စုံဖြင့် သူ့အမေကို စိုက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်တွေက သရော်ပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး-
" ကျွန်တော်က ခင်ဗျားကို ယုံရမှာလား။ ပိုက်ဆံတွေအားလုံး ဟိုးအရင်ကတည်းက ခင်ဗျားသုံးပစ်လိုက်ပြီလေ။ ."
" တကယ် ငါ့မှာ ပိုက်ဆံရှိပါတယ်။ အမေ သားကို မလိမ်ပါဘူး !"
ယန်မိန့်ချီက အလောတကြီးဆိုတယ်။
" အမေက အနာဂတ်မှာ သားဇနီးကိုလက်ထပ်ဖို့အတွက် စုထားချင်ခဲ့တာ။ အမေ အမြဲတမ်း အိမ်ရောင်းရတဲ့ငွေတွေကို သိမ်းထားခဲ့တာပါ။ "
ဝေ့ဒါ ယန်မိန့်ချီကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ကြည့်လိုက်၏။ ယန်မိန့်ချီက ဝေ့ဒါမျက်နှာကို လှမ်းကိုင်လိုက်ရင်း-
" ဒါဒါ... ငါက မင်းအမေပါ။ ဒီကမ္ဘာပေါ်မှာ သူတို့သားသမီးကို မချစ်တဲ့ အမေဆိုတာ မရှိပါဘူး။ "
[ T/N: LOL ... Drama Queen ]
ဝေ့ဒါက သူမလက်ကောက်ဝတ်ကို အကြမ်းပတမ်းဆွဲကာ ဘေးဖယ်ထုတ်လိုက်ပြန်၏။
ယန်မိန့်ချီက ဝေ့ဒါ သူ့ကိုမယုံသေးတာကိုမြင်တော့ အိတ်ကို ကပျာကယာဖွင့်ကာ အထဲကိုမွှေနှောက်ရှာဖွေလေသည်။
" အမေ့မှာ တကယ်ပိုက်ဆံရှိပါတယ်။ သားကို မလိမ်ပါဘူး "
ထို့နောက် ယန်မိန့်ချီက စာရွက်အနည်းငယ်ထုတ်ကာ ဝေ့ဒါရှေ့ကိုဖြန့်ပြလိုက်သည်။
" ဒါဒါ... ခုချိန်ဆို ဘဏ်က ပိတ်သွားလောက်ပြီ၊ ငွေထုတ်စက်ကလည်း ငွေသားအများကြီးထုတ်လို့မရဘူး။ အမေကို တစ်ရက်ပဲပေးနေပါ။ မနက်ဖြန် သားအတွက် ပိုက်ဆံသွားထုတ်ပြီး ပေးပါ့မယ်... နော်... "
ဝေ့ဒါက ယန်မိန့်ချီကို အကဲခတ်လိုက်သည်။
" သားအစ်ကိုကို သဘောမကျဘူးလား၊ သူ့ကိုသာ ဒီပိုက်ဆံတွေပြန်ပေးလိုက်ရင် သူလည်း မင်းကို သေချာပေါက်အမြင်ကြည်လာမှပါ။ "
ယန်မိန့်ချီက ဆက်ပြောသည်။
" ငါက မင်းအမေပါ။ အခုထိ အမေ့ကို မယုံသေးဘူးလား။ "
[ T/N: စာလုံးရေများလို့ နှစ်ပိုင်းခွဲလိုက်မယ်နော်၊ တစ်ဝက်အရင် ဖတ်ထားပေး (ʘᴗʘ✿) ]
-----------------------------------------------------------------------
Zawgyi
လြီနင့္ေခါင္းကို ထိန္းကိုင္ထားသည့္ လက္ေမာင္းတစ္စုံက ထုံလာခိုက္မွာ ေဝ့ဒါ ႐ုတ္တရက္ သူ႕အိပ္မက္ကေန နိုးထလာခဲ့သည္။ သူ႕မ်က္လုံးေတြကို ဖြင့္လိုက္ခ်ိန္မွာ အေတြးေတြအားလုံးကို ျဖတ္ေတာက္ပစ္ကာ ခ်က္ခ်င္းပဲ သူ႕ေခါင္းကို ငုံ႕ၾကည့္လိုက္၏။
လြီနင္က အိပ္ရာေပၚမွာ လွဲလွ်က္ သူ႕ကိုစိုက္ၾကည့္ေနကာ သူ႕မ်က္လုံးေတြႏွင့္ဆုံမိေတာ့ လြီနင္က အၾကည့္လႊဲလိုက္ေလသည္။
လြီနင္ အခုထိ သူ႕အနားမွာ ရွိေနဆဲပဲ။ ေဝ့ဒါ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိဳက္ၿပီး သူ႕အေရွ႕က လြီနင္လက္မွာခ်ည္ထားေသာ ႀကိဳးကို ေသခ်ာစစ္ေဆးၾကည့္လိုက္သည္။ ႀကိဳး၏ တျခားတစ္ဖက္ကိုေတာ့ ျပတင္းေပါက္ေအာက္မွာ ခ်ည္ထားေလသည္။
ေရခ်ိဳးကာ အိပ္သာသြားတာအျပင္ အိပ္ရာေပၚမွာ လွဲအိပ္လို႔ရသည္အထိ ႀကိဳးက လုံလုံေလာက္ေလာက္ကို ရွည္ပါသည္။
သုံးရက္ေလာက္ၾကာေတာ့ ႀကိဳးခ်ည္ခံထားရသည့္ေနရာမွာ ပြန္းပဲ့ရာေလးေတြက ေရာင္ရမ္းလို႔
လာေပမယ့္ လြီနင္ခႏၶာကိုယ္ကေတာ့ အရင္ကထက္ ပိုေကာင္းလို႔လာခဲ့ေလၿပီ။
ေဝ့ဒါက ကိုယ္ကိုႂကြၿပီး လြီနင့္ကို နမ္းလိုက္သည္။
" ကိုကို ဗိုက္ဆာၿပီးလား။ ဘာစားခ်င္လဲ ဟင္။ "
သူ စကားေျပာေနစဥ္မွာ လြီနင္ကသူ႕ကို တစ္ေလွ်ာက္လုံး ၾကည့္ေနခဲ့ေပမယ့္ စကားသံလည္းဆုံးေရာ လြီနင္က အၾကည့္လႊဲသြားျပန္သည္။
ေဝ့ဒါလည္း တိတ္ဆိတ္ေန႐ုံမွတပါး မတတ္နိုင္ေတာ့။ ဖုန္းကိုယူၿပီး မွာစားဖို႔လုပ္လိုက္ေပမယ့္ ပိုက္ဆံမေလာက္ေတာ့တာကို ေတြ႕လိုက္ရ၏။
ပိုက္ဆံရဖို႔ ... ေဝ့ဒါ လြီနင့္လက္က ႀကိဳးကို တစ္ခ်က္ငဲ့ၾကည့္လိုက္ရင္း ေျပာလိုက္တယ္။
" ကိုကို ကြၽန္ေတာ္ စားစရာဝယ္ဖို႔ အျပင္ထြက္မလို႔ ဘာစားခ်င္လဲ။ "
"…"
လြီနင္ ဘာမွျပန္ေျဖမွာမဟုတ္ဘူးဆိုတာ သူႀကိဳတင္မွန္းဆထားၿပီးသားပင္။ ေဝ့ဒါ သူ႕အကၤ်ီကိုေကာက္ဝတ္ကာ ဖိနပ္လဲလိုက္သည္။ သူအျပင္ထြက္လိုက္ၿပီးေနာက္ ခဏမွ်တုန့္ဆိုင္းရင္း အိမ္ထဲသို႔ျပန္ဝင္လာကာ လြီနင္ကို စိုက္ၾကည့္လွ်က္ ေမးလိုက္သည္။
" ကိုကို... ထြက္သြားလို႔မရဘူးေနာ္၊ သိတယ္မလား။ "
"…"
လြီနင္က သူ႕ကိုေနာက္ေက်ာေပးကာ တစ္ဖက္သို႔ လွည့္သြားေလ၏။
ေဝ့ဒါက အေျဖကို ခဏေလာက္ေစာင့္ဆိုင္းေနၿပီးမွ သေဘာတက် ရယ္ေမာလိုက္ေခ်၏။
" ဟုတ္သားပဲ... ကြၽန္ေတာ္ ကိုကို႔ကို ႀကိဳးနဲ႕ခ်ည္ထားတာကို၊ ကိုကို ထြက္ေျပးလို႔မရနိုင္ေတာ့ဘူး။ "
တံခါးပိတ္သံကို ၾကားလိုက္ရေတာ့ လြီနင္ သူ႕မ်က္လုံးေတြကို ေအာက္ငုံ႕လွ်က္ သူ႕လက္ေကာက္ဝတ္မွာ ခ်ည္ထားေသာ ႀကိဳးကို ေသခ်ာၾကည့္လိုက္သည္။
ေဝ့ဒါက အနီးဆုံး ေငြထုတ္စက္ကို အျမန္ေလးေလွ်ာက္လာခဲ့သည္။ လြီနင္ကို မျမင္မေတြ႕ေနရရင္ သူ႕စိတ္ခံစားခ်က္ေတြက မလုံၿခဳံသလို အဆင္ေျပမေနပါ။ လြီနင္က ဖ်ားေနၿပီး မထနိုင္တာေၾကာင့္ ဒီအခ်ိန္ႀကီး လုံးဝထြက္ေျပးလို႔ရမွာ မဟုတ္ေသး။
သူကိုယ္တိုင္ ႀကိဳးနဲ႕ခ်ည္ထားခဲ့တာေတာင္ စိတ္မခ်နိဳင္ေသးဘူး။
အစကေတာ့ ဒီလိုမ်ိဳးအထိလုပ္ဖို႔မလိုအပ္ခဲ့ေပမယ့္ အဲ့ဒီေန႕က သူေဆး႐ုံကိုသြားေတာ့ လြီနင္က ပညာေတာ္သင္အေနနဲ႕ နိုင္ငံျခားကို ႏွစ္ႏွစ္သြားရမယ္လို႔ ၾကားခဲ့ရတယ္။
ႏွစ္ႏွစ္ေတာင္…
အကယ္၍ လြီနင္ကိုသာ တစ္ညေလာက္ေတာင္မျမင္ရလွ်င္ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက သူၿပိဳလဲသြားခဲ့ၿပီးၿပီ။
လြီနင္က ေပၚလြယ္ေပ်ာက္လြယ္တဲ့ လူတစ္ေယာက္။ အတိတ္ေန႕ရက္ေတြကိုေသခ်ာျပန္စဥ္းစားၾကည့္လိုက္လွ်င္ အင္မတန္မွ ႐ြံရွာစက္ဆုပ္ဖြယ္ရာပင္။
သူတို႔ႏွစ္ေယာက္လုံးက ေယာက်ာ္းေတြ၊ ညီအစ္ကိုေတြပင္။ ဒါ့အျပင္ လြီနင္ကလည္း ဒီလိုမ်ိဳးေတြ မလုပ္ခ်င္ဘူး။ သူကသာ ဒီအေျခအေနကိုေရာက္တဲ့အထိ တစ္ဆင့္ၿပီးတစ္ဆင့္ အတင္းအက်ပ္ ဖိအားေပးခဲ့တာပင္။
ဒီေနရာကေနသာ လြီနင္ ထြက္ခြာသြားၾကည့္၊ သူ႕ရဲ႕နဂိုဘဝျဖစ္တဲ့ ေကာင္မေလးတစ္ေယာက္ကို ခ်စ္ၿပီး လက္ထပ္ကာ ေပ်ာ္႐ႊင္တဲ့ ဘဝေလးကို ရသြားလိမ့္မယ္။ ၿပီးေတာ့ သူ(ေဝ့ဒါ)နဲ႕အတူ ေက်ာ္ျဖတ္ခဲ့ၾကတဲ့ လက္ရွိအခ်ိန္ေတြကိုလည္း ေမ့ပစ္လိုက္လိမ့္မယ္။
အကယ္၍ ဒီလိုသာျဖစ္သြားခဲ့ရင္ အခုအခ်ိန္ထိ သူႀကိဳစားအားထုတ္လာခဲ့သမွ်အားလုံးဟာ အလကားအခ်ည္းႏွီးသာ ျဖစ္သြားရလိမ့္မယ္။
ေဝ့ဒါ ျဖစ္နိုင္ေခ်ေတြကိုစဥ္စားမိေလ ပိုၿပီးစိတ္ပ်က္အားငယ္လာေလပဲ။
ေဝ့ဒါ ဘဏ္ကိုသြားကာ ေငြထုတ္ၿပီး ဆန္အနည္းနည္းဝယ္ကာ ျပန္လာခဲ့၏။ သူ အျမန္ဆုံးသြားလာတာေတာင္ နာရီဝက္ေလာက္ အခ်ိန္ကုန္သြားေလသည္။
ေဝ့ဒါ ေသာ့ကိုထုတ္လွ်က္ အေပၚထပ္ကိုတက္လာေပမယ့္ တံခါးနားကိုေရာက္ခ်ိန္မွာ သူအံ့အားသင့္သြားရ၏။
ပုခုံးမွာ ညစ္ပတ္ေနသည့္ အိတ္တစ္လုံးကို လြယ္ထားသည္ သက္လတ္ပိုင္းအ႐ြယ္ မိန္းမတစ္ေယာက္က မတ္တပ္ရပ္ကာ သူ႕ကို စူးစိုက္ၾကည့္ေနေလသည္။
ထိုမိန္းမက ေဝ့ဒါႏွင့္ ရင္းႏွီးပုံေပၚၿပီး ေဝ့ဒါမ်က္ႏွာကလည္း သူမႏွင့္ အေတာ္ေလးဆင္သည္။
" ခင္ဗ်ားက ဒီကို ဘာလို႔ေရာက္ေနတာလဲ။"
" အေမ သားကို လာရွာတာ "
ေဖာ္ေ႐ႊမႈမရွိတဲ့ သူမသား၏ အၾကည့္ႏွင့္ ရင္ဆိုင္လိုက္ရေတာ့ ယန္မိန့္ခ်ီေၾကာက္စိတ္မႊန္သြားၿပီး သူမအိတ္ထဲက စာအုပ္ေသးေသးေလးကို ကတုန္ကယင္ျဖင့္ ဆြဲထုတ္လိုက္၏။
" အေမ ျပည္သူ႕လုံၿခဳံေရးဌာနက ေနထိုင္ခြင့္ယူလာတာ။ သူတို႔က အေမကို ကူၿပီး စုံစမ္းေပးလိုက္တယ္။ "
ေဝ့ဒါက သူမကို လ်စ္လ်ဴရႈကာ တံခါးဆီသို႔သာ ဆက္ေလွ်ာက္သြားလိုက္၏။ ယန္မိန့္ခ်ီက ေဝ့ဒါေရွ႕မွာ ပိတ္ရပ္လိုက္ၿပီး စာအုပ္ကို ျမႇောက္ျပလိုက္သည္။
" ေဝ့ဒါ... သား အေမကို အသိအမွတ္မျပဳဘူးဆိုရင္ေတာင္ အေမတို႔က သားအမိေတြ ျဖစ္ေနၾကတုန္းပဲ။ ၾကည့္ပါဦး... ဒီစာအုပ္ထဲမွာ ေရးထားတယ္ေလ... ၾကည့္လိုက္စမ္းပါ ..."
ေဝ့ဒါက စာအုပ္ကိုဆြဲယူၿပီး လႊင့္ပစ္လိုက္သည္။
ယန္မိန့္ခ်ီက အလ်င္အျမန္ပဲ တံခါးေရွ႕ကိုေျပးကာ ပိတ္ရပ္လိုက္ျပန္၏။
" ဒါဒါ... အေမေျပာတာကို နားေထာင္ပါဦး။ သားအေဖက အခု ပိုက္ဆံရွိေနၿပီ။ အေမနဲ႕ ျပန္လိုက္ခဲ့ပါ …"
ေဝ့ဒါက သူမကို တြန္းထုတ္ကာ ေအာ္လိုက္သည္။
" ထြက္သြားစမ္းပါ !"
ယန္မိန့္ခ်ီ သူ႕ေၾကာင့္ ေျမေပၚလဲက်သြားေတာ့ ေဝ့ဒါက ေရွ႕ဆက္ေလွ်ာက္သြားေလ၏။
" ေဝ့ဒါ အေမနဲ႕ ျပန္လိုက္ခဲ့ပါ။ မင္း အေမနဲ႕ျပန္မလိုက္ရင္ အေမ... အေမ... ေသသြားလိမ့္မယ္ ! အေမ ပိုက္ဆံလိုေနလို႔ပါ … "
ေဝ့ဒါက လုံးဝလ်စ္လ်ဴရႈထားတာကိုျမင္ေတာ့ ယန္မိန့္ခ်ီက သူ႕ကိုဆြဲဖက္ကာ ေအာ္ဟစ္ငိုယိုေတာ့သည္။
" နင္က သားမိုက္ပဲ ! နင္က ငါ့ဆီက ျဖစ္လာတဲ့ ငါ့ရဲ႕ အသားတစ္စသာသာပဲ။ ငါ နင့္ကို ေျပာျပလို႔ေတာင္ မရနိုင္တဲ့ ဆင္းရဲဒုကၡေတြၾကားကေန ေမြးခဲ့ရတာ။ နင္ကေတာ့ ႏွလုံးသားမရွိတဲ့ အေကာင္။ ငါ အသက္ဆက္မရွင္ခ်င္ေတာ့ဘူး ! ေဝ့ဒါရဲ႕ ! "
အနီးအနား ဘယ္ညာက အိမ္နီးခ်င္းေတြက တံခါးေတြဖြင့္ကာ အကဲခတ္စပ္စုလာၾကေလသည္။
ေဝ့ဒါ ျပန္လွည့္လာတာကိုျမင္ေတာ့ ယန္မိန့္ခ်ီက သူ႕လက္ကိုဆြဲကိုင္ကာ ရင္ခြင္ထဲသို႔ သြင္းလိုက္ေလ၏။
" ေဝ့ဒါ ! ေဝ့ဒါ ! သား ဒီလိုလုပ္လို႔ မရဘူးေလ ... သား ဘယ္ေလာက္ပဲ အေမကို အသိအမွတ္မျပဳခ်င္ပါေစ ! ဒီလိုမ်ိဳးႀကီးေတာ့ မလုပ္လိုက္ပါနဲ႕ .. အမတို႔ အရင္တုန္းက အခက္အခဲေတြကို အတူရင္ဆိုင္ခဲ့ၾကတာကို ျပန္ေထာက္ထားၿပီး ဒီလိုလ်စ္လ်ဴရႈတာမ်ိဳး မလုပ္ပါနဲ႕ေတာ့ ! "
ေဝ့ဒါက သူမကို ထပ္ၿပီး အေရးမစိုက္ေတာ့ဘဲ တံခါးကိုသာ ဖြင့္လိုက္ေတာ့သည္။
ယန္မိန့္ခ်ီက မ်က္ႏွာမွာမ်က္ရည္ေတြအျပည့္ျဖင့္ ငိုေနရာကေန ႐ုတ္ျခည္းပဲ တစ္ခုခုကို သတိရသြားသလို ေရ႐ြတ္လိုက္တယ္။
" ငါ သိၿပီ ... ဒါေတြအားလုံးက အဲ့ဒီအယုတ္တမာေကာင္ေလးေၾကာင့္ပဲ ! အရင္တုန္းက သား အေမအေပၚ ဒီလိုမ်ိဳး မဆက္ဆံပါဘူး ... သူ ေသြးထိုးလိုက္ပဲျဖစ္မယ္ ...အားလုံး သူ႕ေၾကာင့္ .. သူ႕ေၾကာင့္ပဲ ! "
ေဝ့ဒါက ယန္မိန့္ခ်ီေျပာစကားကို သေဘာေပါက္ေတာ့ သူမကို ပိုမုန္းတီးသြား၏။
" ကြၽန္ေတာ့္အစ္ကိုနဲ႕ ဘာမွမဆိုင္ဘူး၊ ထြက္သြားလိုက္ေတာ့ !"
" လြီနင္ !"
ယန္မိန့္ခ်ီက ေဝ့ဒါကိုတြန္းထုတ္ၿပီး အိမ္ထဲကို ေျပးဝင္သြား၏။
" လြီနင္ ထြက္ခဲ့စမ္း! နင္ ငါ့သားကို ဘာေတြေျပာထားတာလဲ။ ငါ့နဲ႕ ေသခ်ာလာရွင္းစမ္း ! ဘာလို႔ ငါ့သားကို ငါ့ေနာက္ျပန္မလိုက္ခိုင္းတာလဲ။ ငါက သူ႕အေဖအိမ္ကို ေခၚသြားမလို႔ေလ ! နင့္အေဖ ေသခါနီးအဖိုးႀကီးက အသက္ႀကီး႐ုံတင္မကဘူး ႐ုပ္ကလည္းဆိုးေသးတယ္! ဒီလိုအဖိုးႀကီးနဲ႕ လက္ထပ္ထားတဲ့ငါက အိမ္စုတ္အိမ္ပဲ့တစ္လုံးကို ယူမိတာမွားလား၊ ငါ ဘာပိုက္ဆံမွ နင့္ဆီက မေတာင္းခ်င္ေတာ့ဘူး ! ငါ့သားကိုသာ ငါ့ဆီျပန္ေပး ! "
ေဝ့ဒါက ယန္မိန့္ခ်ီကို လွမ္းဆြဲလိုက္ေပမယ့္ မမီလိုက္ေပ။ သူမေနာက္ကိုသာ အျမန္ေျပးလိုက္သြားလိုက္၏။
ယန္မိန့္ခ်ီက အိမ္ထဲကို အမွတ္တမဲ့ေျပးဝင္ကာ လွည့္ပတ္ၾကည့္လိုက္၏။ အိပ္ရာေပၚမွာလွဲေနတဲ့ လြီနင္ကိုခ်က္ခ်င္းပဲေတြ႕သြားၿပီး အေျပးအလႊားသြားကာ ေအာ္ဟစ္လိုက္၏။
" လြီနင္ ! နင္က အခါတစ္ရာေလာက္ ၾကားထဲဝင္ေႏွာင့္ေနတယ္ေပါ့ေလ ! နင္က ငါ့သားေလးကိုေတာင္ ကုန္းေခ်ာေသြးထိုးထားေသးတယ္ေပါ့ ! "
ယန္မိန့္ခ်ီက ေျပာရင္း ေစာင္ကို တဖုန္းဖုန္းနဲ႕ ထုရိုက္ေလသည္။ ဒါေပမယ့္ ေဝ့ဒါက ခ်က္ခ်င္းပဲ သူမကို တြန္းထုတ္လိုက္ေလသည္။
" ကြၽန္ေတာ့္ ကိုကို႔ကို မထိနဲ႕ !"
ယန္မိန့္ခ်ီက ေနာက္ကို ယိုင္ထိုးသြားကာ အႀကီးအက်ယ္ လန့္ဖ်န့္သြား၏။ ေဝ့ဒါက သူ႕မမ်က္စိေရွ႕ကို ပိတ္ကာရပ္လိုက္ေပမယ့္ အားလုံးကို ျမင္လိုက္ရသည္။
အိပ္ရာေပၚမွာ လဲေလ်ာင္းေနသည့္ အမ်ိဳးသားက သူ႕လက္ကို ႀကိဳးျဖင့္အခ်ည္ခံထားရၿပီး သူ႕ကိုယ္မွာလည္း ပြန္းပဲ့ရာမ်ား၊ ခရမ္းေရာင္အမွတ္မ်ားျဖင့္ ျပည့္ႏွက္လွ်က္ရွိသည္။
ယန္မိန့္ခ်ီက ၾကမ္းျပင္ေပၚမွာ ဖင္ထိုင္လ်က္ လဲက်ေနရာကေန လြီနင္၏ ေၾကာက္လန့္စရာလက္ကို လက္ညွိုးထိုးက အထစ္ထစ္ အေငါ့ေငါ့ႏွင့္ ဆိုလိုက္၏။
" ဒါ... ဒါဒါ... ဒါက… ဘာေတြျဖစ္ေနတာလဲ "
ေဝ့ဒါက လြီနင့္ကို ေစာင္ႏွင့္ဆြဲဖုံးေပးလိုက္သည္။ လြီနင္ကလည္း ယန္မိန့္ခ်ီအသံေၾကာင့္ နိုးသြားကာ ေၾကာက္လန့္ၿပီး တဆတ္ဆတ္တုန္ေနရွာသည္။ ေဝ့ဒါက သူ႕အေမကို ေၾကာက္စရာေကာင္းေလာက္ေအာင္ စိမ္းစိမ္းဝါးဝါးစိုက္ၾကည့္လိုက္ၿပီး -
" ခင္ဗ်ား ေသခ်ာျမင္ၿပီးၿပီပဲ။ ဒါက ကြၽန္ေတာ့္အစ္ကိုနဲ႕ လုံးဝမဆိုင္ဘူး။ ကြၽန္ေတာ္ကသာ သူ႕ကိုဖမ္းထားတဲ့သူ !"
" နင္ ... နင္က ေယာက်ာ္းေတြကို ႀကိဳက္တာလား။ "
ေဝ့ဒါက ဘာမွျပန္ေျဖမလာေပမယ့္ လြီနင္ကို ဂ႐ုတစိုက္ ေပြ႕ဖက္ထားတဲ့ သူ႕ပုံစံက အားလုံးကို ရွင္းျပၿပီးသားျဖစ္လို႔ေနၿပီ။
ယန္မိန့္ခ်ီက ေၾကာင္အေနရာကေန ေနာက္တစ္ဖန္ ထပ္ငိုျပန္တယ္။
" ေဝ့ဒါ... နင့္အေဖက သူ႕မိသားစုနာမည္ကို အေမြဆက္ခံဖို႔ နင့္ကို ေစာင့္ေနတာ! ဘာလို႔မ်ား နင္က ေယာက်ာ္းေတြကို ႀကိဳက္နိုင္ရတာလဲ ! လြီနင္ နင္က လူေကာင္းမဟုတ္ဘူးဆိုတာ ငါသိေနၿပီးသား ! နင္ … "
ေဝ့ဒါ ဆက္ၿပီးသည္းမခံနိုင္ေတာ့ဘဲ ယန္မိန့္ခ်ီကို လက္ေမာင္းကေနဆြဲၿပီး အျပင္ဘက္တြန္းထုတ္လိုက္ေတာ့၏။
ယန္မိန့္ခ်ီက အသည္းအသန္ ႐ုန္းကန္ရင္း-
" ဒါဒါ... အေရးမႀကီးပါဘူး ! သား ေယာက်ာ္းေတြကိုႀကိဳက္တာ ဘာမွမျဖစ္ဘူး။ သားသာ အေမနဲ႕လိုက္ခဲ့၊ သားအေဖက ခ်မ္းသာတယ္။ သား ေယာက်ာ္းပဲႀကိဳက္ႀကိဳက္၊ မိန္းမပဲႀကိဳက္ႀကိဳက္ အေရးမႀကီးပါဘူးကြယ္။ ေဝ့ဒါ အေမ့စကားကို နားေထာင္ေနာ္ ... "
ေဝ့ဒါက ယန္မိန့္ခ်ီကို တံခါးအျပင္တြန္းထုတ္လိုက္ၿပီး တံခါးကိုပိတ္လုဆဲဆဲမွာပဲ ယန္မိန့္ခ်ီက တံခါးေဘာင္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္၏။
" ေဝ့ဒါ ! သားအေမ ဒီလိုပုံစံျဖစ္ေနတာကို သားတကယ္ပဲ ၾကည့္ရက္တယ္လား။ "
ေဝ့ဒါက ေဒါသတႀကီးျဖင့္ သူ႕လက္သီးကိုဆုပ္ကာ ျမႇောက္လိုက္၏။
ယန္မိန့္ခ်ီက မ်က္လုံးစုံမွိတ္လွ်က္ ေအာ္ေျပာလိုက္သည္။
" အိမ္ေရာင္းလို႔ရတဲ့ေငြေတြ သူ႕ကို ျပန္ေပးလိုက္မယ္ !"
ေဝ့ဒါလက္သီးက ေလထဲမွာတင္တန့္သြားၿပီး ယန္မိန့္ခ်ီက သူမမ်က္လုံးေတြကို အခ်ိန္ခဏေလာက္ၾကာမွ မဝံ့မရဲျဖင့္ ဖြင့္ၾကည့္လာေလ၏။
ခဏေလာက္ၾကာေတာ့ ေဝ့ဒါက ေခါင္းငုံ႕ကာ နက္ရွိုင္းလွသည့္ မ်က္ဝန္းတစ္စုံျဖင့္ သူ႕အေမကို စိုက္ၾကည့္လိုက္သည္။ သူ႕ႏႈတ္ခမ္းေထာင့္ေတြက သေရာ္ၿပဳံးတစ္ခုအျဖစ္ ေကြးၫြတ္သြားၿပီး-
" ကြၽန္ေတာ္က ခင္ဗ်ားကို ယုံရမွာလား။ ပိုက္ဆံေတြအားလုံး ဟိုးအရင္ကတည္းက ခင္ဗ်ားသုံးပစ္လိုက္ၿပီေလ။ ."
" တကယ္ ငါ့မွာ ပိုက္ဆံရွိပါတယ္။ အေမ သားကို မလိမ္ပါဘူး !"
ယန္မိန့္ခ်ီက အေလာတႀကီးဆိုတယ္။
" အေမက အနာဂတ္မွာ သားဇနီးကိုလက္ထပ္ဖို႔အတြက္ စုထားခ်င္ခဲ့တာ။ အေမ အၿမဲတမ္း အိမ္ေရာင္းရတဲ့ေငြေတြကို သိမ္းထားခဲ့တာပါ။ "
ေဝ့ဒါ ယန္မိန့္ခ်ီကို ယုံတစ္ဝက္ မယုံတစ္ဝက္ျဖင့္ ၾကည့္လိုက္၏။ ယန္မိန့္ခ်ီက ေဝ့ဒါမ်က္ႏွာကို လွမ္းကိုင္လိုက္ရင္း-
" ဒါဒါ... ငါက မင္းအေမပါ။ ဒီကမာၻေပၚမွာ သူတို႔သားသမီးကို မခ်စ္တဲ့ အေမဆိုတာ မရွိပါဘူး။ "
[ T/N: LOL ... Drama Queen ]
ေဝ့ဒါက သူမလက္ေကာက္ဝတ္ကို အၾကမ္းပတမ္းဆြဲကာ ေဘးဖယ္ထုတ္လိုက္ျပန္၏။
ယန္မိန့္ခ်ီက ေဝ့ဒါ သူ႕ကိုမယုံေသးတာကိုျမင္ေတာ့ အိတ္ကို ကပ်ာကယာဖြင့္ကာ အထဲကိုေမႊေႏွာက္ရွာေဖြေလသည္။
" အေမ့မွာ တကယ္ပိုက္ဆံရွိပါတယ္။ သားကို မလိမ္ပါဘူး "
ထို႔ေနာက္ ယန္မိန့္ခ်ီက စာ႐ြက္အနည္းငယ္ထုတ္ကာ ေဝ့ဒါေရွ႕ကိုျဖန့္ျပလိုက္သည္။
" ဒါဒါ... ခုခ်ိန္ဆို ဘဏ္က ပိတ္သြားေလာက္ၿပီ၊ ေငြထုတ္စက္ကလည္း ေငြသားအမ်ားႀကီးထုတ္လို႔မရဘူး။ အေမကို တစ္ရက္ပဲေပးေနပါ။ မနက္ျဖန္ သားအတြက္ ပိုက္ဆံသြားထုတ္ၿပီး ေပးပါ့မယ္... ေနာ္... "
ေဝ့ဒါက ယန္မိန့္ခ်ီကို အကဲခတ္လိုက္သည္။
" သားအစ္ကိုကို သေဘာမက်ဘဴးလား၊ သူ႕ကိုသာ ဒီပိုက္ဆံေတြျပန္ေပးလိုက္ရင္ သူလည္း မင္းကို ေသခ်ာေပါက္အျမင္ၾကည္လာမွပါ။ "
ယန္မိန့္ခ်ီက ဆက္ေျပာသည္။
" ငါက မင္းအေမပါ။ အခုထိ အေမ့ကို မယုံေသးဘူးလား။ "
[ T/N: စာလုံးေရမ်ားလို႔ ႏွစ္ပိုင္းခြဲလိုက္မယ္ေနာ္၊ တစ္ဝက္အရင္ ဖတ္ထားေပး (ʘᴗʘ✿) ]