Duo Meng《夺梦》// Seizing Dreams...

By _Kanei

35.5K 4.6K 174

• Author : 非天夜翔 ( Fei Tian Ye Xiang ) • 2018 Released • 165 Chapters • Genre : Action, Adventure, Fantasy, R... More

Description
Characters Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24【End of Volume-1】
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Attention Please!
Chapter 53

Chapter 8

524 93 5
By _Kanei

{Unicode}

[Vol-1: The Great Wall]
ကောက်ရသော ငွေသားများ

" တစ်အုပ်ကို ယွမ်၁သိန်း "

ယွီဟောက်က ဟွမ်ထင်ထံသို့ ဆိုလေသည်။

" အားလုံး ၁၂သိန်း "

ယွီဟောက်သည်ကား နွေရာသီပိတ်ရက်များတုန်းက ယွမ်၂သိန်း၄သောင်းဖြင့် မိမိအိမ်ကိုရောင်းချခဲ့၏။ ထို့နောက် အကြွေးတင်ထားသော ဆေးဝါးကုသစရိတ်များအား ဆပ်ရန် ဘဏ်ကိုသွားခဲ့ပြီး လက်ငင်းငွေသားများကို ထုတ်ယူခဲ့ရာ တစ်အုပ်လျှင် ယွမ်၁သိန်း နှုန်းဖြစ်ပြီး ယခုသူတို့အားလုံး ကြည့်နေရသည့် ငွေထုပ်များအတိုင်းပင်။

ကျိုးရှန်းက ဟွမ်ထင်အား ပြောလိုက်လေသည်။

" ဘယ်သူကများ ဒီလောက်ပိုက်ဆံအများကြီးကို ရေလှောင်ကန်ထဲ လာထည့်သွားတာတုန်း? "

ရဲစခန်းတစ်ခုလုံးကား ရုတ်ရုတ်သဲသဲဖြစ်လျက် အားလုံးက သူတို့နှစ်ယောက် ရှာတွေ့ခဲ့သည့် ငွေထုပ်ကြီးကို လာကြည့်နေကြသည်။

ဟွမ်ထင်က မေးလိုက်၏။

" မင်းတို့နှစ်ယောက်က ကျုန်းရှန်းရေလှောင်ကန်ထဲ ဘာဆင်းလုပ်နေကြတာလဲ? "

ယွီဟောက်, "အမ်......"

ကျိုးရှန်းက ဟွမ်ထင်အား ရန်စသလိုအကြည့်ဖြင့် ကြည့်လိုက်ပြီး -

" အဲ့တာ ခင်ဗျားတို့နဲ့ ဘာဆိုင်လို့လဲ? "

" ဆိုင်တာပေါ့ "

ဟွမ်ထင်က ဆိုလေသည်။

" ခုချိန်က ညလယ်ခေါင်းကြီးလေ, ဘာကိစ္စ တက္ကသိုလ်ကျောင်းသားနှစ်ယောက်က ရေလှောင်ကန်နားမှာ ရောက်နေရမှာလဲ? "

" ကျွန်တော် သူ့ကိုရေကူးလေးတောင် သင်ပေးလို့မရဘူးလား? "

ကျိုးရှန်းက ပြန်ပြောလေသည်။

ချန်းယဲ့ခိုင်ကလည်း ဝင်ပြောလာသည်။

" အမှန်တိုင်းပြောစမ်း! ယွီဟောက်, မင်းကိုယ်တိုင် သေချာရှင်းပြ "

ထို့ကြောင့် ယွီဟောက်လည်း အမှန်တိုင်းပြောပြလိုက်ရလေ၏။ အသေအချာပင် မိမိအိမ်မက်ထဲမှ မဟူရာနဂါးအကြောင်းကိုတော့ မပြောခဲ့ပါ။ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်မှ အကြောက်တရားအား ကျော်လွှားနိုင်ရန် နည်းလမ်းများအကြောင်း ဖတ်ရှုခဲ့ဖူးသည်ဟုသာ ပြောလေသည်။ ဟွမ်ထင်က ကျိုးရှန်းကိုတစ်ချက်ကြည့်လိုက်ပြီး ယွီဟောက်ထံ တစ်ချက်ပြန်ကြည့်လေသည်။

" ကျွန်တော်ထင်တာ ဒီပိုက်ဆံတွေက လာဘ်စားတဲ့ အစိုးရဝန်ထမ်းအရာရှိ တစ်ယောက်ယောက်ရဲ့ငွေတွေ ဖြစ်နေလောက်တယ်လို့! "

ကျိုးရှန်းက ဆက်ပြောလေသည်။

" ရေရေရာရာဇစ်မြစ်မရှိတဲ့ ငွေကြေးဥစ္စာပမာဏ အများကြီးကို လက်ဝယ်ပိုင်ဆိုင်တာလေ, သတင်းမှာပါနေကျ အမှုမျိုးတွေမဟုတ်ဘူးလား? ကျားကြီးတစ်ကောင်‌ကောင်တော့ အဖော်ခံရတော့မယ်ဟေး.., ကျွန်တော်တို့နှစ်ယောက်က ဆုချီးမြှင့်ခံရသင့်တဲ့ အကူအညီမျိုး လုပ်ပေးခဲ့တာလေ, ခင်ဗျားတို့က ကျေးဇူးတောင်တင်သင့်တယ်မဟုတ်ဘူးလား? "

[T/N: တရုတ်ပြည်ရဲ့ မှုခင်းပုဒ်မ ၃၉၅အရ, အစိုးရဝန်ထမ်းအရာရှိတွေမှာ တရားဝင်သတ်မှတ်ထားတဲ့ ပိုင်ဆိုင်မှုငွေကြေးဥစ္စာထက် ကျော်လွန်နေရင် ပိုနေတဲ့ပိုင်ဆိုင်မှုရဲ့ မူလဇစ်မြစ်ကို သေချာရှင်းပြရပေးရမှာဖြစ်ပါတယ်၊ မရှင်းပြနိုင်ဘူးဆိုရင် တရားမဝင်ငွေမဲအဖြစ် သတ်မှတ်ခံရပြီး ငါးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကျခံရမှာပါ၊ အမှုအသေးအကြီးပေါ်မူတည်ပြီး ကျတဲ့နှစ် ကွဲပြားသွားမှာဖြစ်ပါတယ် / ကျိုးရှန်းပြောတဲ့ ကျားကြီးတွေဆိုတာကလည်း အဲဒီလာဘ်စားတဲ့ အရာရှိတွေကိုရည်ညွှန်းတာပါ ]

တစ်ခါတစ်ခါ ချန်းယဲ့ခိုင်၏မျက်နှာထက်၌ ကျိုးရှန်းအား "ဆက်မပြောပါနဲ့တော့"ဟု တောင်းပန်နေသည့် အမူအရာမျိုးရှိနေလေ၏။ သို့သည်တိုင် သူမထင်မှတ်ထားခဲ့သည့် ယွီဟောက်ကပါ ဝင်ပြောလာလေသည်။

" ဒါတော်တော်လေးဖြစ်နိုင်တယ်, ဒီကိစ္စကို နှိုက်နှိုက်ချွတ်ချွတ် စစ်ဆေးသင့်တယ် "

" ဒါပေမယ့် ဒီကိစ္စက မင်းတို့နှစ်ယောက်နဲ့ မဆိုင်ဘူး "

ဟွမ်ထင်က သူတို့၏ ထွက်ဆိုချက်များကို မှတ်တမ်းယူပြီးနောက် လက်ပ်တော့ကိုပိတ်လိုက်ပြီး -

" မုန်လာဥဖြူအငံကို စားတဲ့သူအနေနဲ့ ရိုးရိုးမုန်လာဥဖြူအပေါ့က ဘယ်လိုအရသာရှိလဲ မင်းတို့သိစရာမလိုဘူး...... Yo! ရဲမှူးကြီးပါလား? "

[T/N: အဓိပ္ပာယ်က အားယားနေတိုင်း ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စတွေကို လိုက်ပြီးဝင်ရှုပ်ချင်မနေနဲ့လို့ ဆိုလိုတာပါ ]

ရဲမှူးကြီးသည်ကား ဖုန်းလက်ခံရရှိပြီးနောက် ညစာစားနေရင်း တန်းလန်းဖြင့်ပင် အပြေးလာခဲ့ရခြင်းဖြစ်၏။ လူတိုင်းက မတ်တပ်ထလိုက်ပြီး ရဲမှူးကြီးနှင့် လက်ဆွဲနှုတ်ဆက်ကြလေသည်။ ရဲမှူးကြီးက ယွီဟောက်နှင့် ကျိုးရှန်းတို့၏ ပုခုံးများကိုပုတ်ပေးလိုက်ပြီး " လူငယ်တွေအတွက် ဒီလိုဖြား‌ယောင်းဆွဲဆောင်မှုမျိုးကို တောင့်ခံနိုင်ဖို့မလွယ်ဘူး " ဆိုသည့် စကားများဖြင့် တလည်ဆက် ချီးကျူးနေတော့သည်။ ချန်းယဲ့ခိုင်က ရုတ်တရက် အကြံဉာဏ်ကောင်းတစ်ခုရသွားပြီး ကြုံတုန်း ကောင်းကောင်းအသုံးချလိုက်လေသည်။

" ခင်ဗျားတို့ဘက်က ကျောင်းသားယွီဟောက်အတွက် ပိုးသားဂုဏ်ပြုစာတန်းအလံလေး လုပ်ပေးလို့အဆင်ပြေမလားမသိဘူး? "

" အဲ့တာကလေ....... ကျွန်တော်တို့ဘက်က ခုထိပိုင်ရှင်ကို မတွေ့သေးဘူးဆိုတော့.. "

ရဲမှူးကြီးက တွန့်ဆုတ်တွေဝေနေပြီးနောက် -

" ဘယ်သူ့နာမည်အောက်ကနေ သက်သေပြုပြီး ဂုဏ်ပြုချီးမြှင့်ပေးရမလဲ မသိဘူးဗျ, ဒီလိုဆိုရင်ရော..... "

ကျိုးရှန်းက ရုတ်တရက်ဝင်ပြောလေ၏။

" 'ပြည်သူတွေကို သက်သေပြု' ပြီးလုပ်ရမှာပေါ့ဗျ, ပြောရမယ်ဆိုရင်, အစဉ်အလာရ ပြောကြစတမ်းဆို ကောက်ရတဲ့လူက ပိုက်ဆံတွေယူထားတာမျိုး မလုပ်ခဲ့ဘူးဆိုရင် ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ အဲ့လူဆီ ပေးရတယ်မဟုတ်လား? "

[T/N: ' 人民的名义 / In the Name of People က စာရေးဆရာ ကျိုးမိန်စန်း ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ TV seriesတစ်ခုပါ ၊ ဇာတ်လမ်းထဲမှာ အစိုးရရှေ့နေတစ်ယောက်က လာဘ်စားတဲ့အရာရှိတွေကို ဖော်ထုတ်တဲ့အကြောင်းဘဲမလို့ ကျိုးရှန်းက ထည့်သုံးလိုက်တာပါ ]

ရဲမှူးက ချက်ချင်း ပြန်ဖြေတော့လေသည်။

" သေချာပေါက် ဂုဏ်ပြုအလံ ချီးမြှင့်ပေးရမှာပေါ့ဗျာ "

" ကျွန်တော့်ကိုယ်တိုင် စီစဉ်ပြီးလုပ်လိုက်ပါ့မယ် "

ချန်းယဲ့ခိုင်ကလည်း ချက်ချင်း ဆိုလေသည်။

" ရဲစခန်း အမည်အောက် သက်သေထားပြီး လုပ်လည်း အဆင်ပြေပါတယ်ဗျ "

သူကပြောပြီးနောက် ကျိုးရှန်းထံ လှည့်ကာ မြန်မြန်ဆန်ဆန် ထည့်ပြောလိုက်လေသည်။

" မင်းတို့နှစ်ယောက်စလုံး အတူရေးရမယ် "

ဟွမ်ထင်ကလည်း ထပ်မံပေါင်းထည့်၍ ရဲမှူးကြီးထံ ကူရှင်းပြလာ၏။

" ဒီကလေးက လောလောဆယ် မတရားစွတ်စွဲခံထားရလို့ပါဗျ၊ ဂုဏ်ပြုပိုးသားအလံက ကျောင်းကအကြီးအကဲတွေ သူ့အပေါ်မှာထားတဲ့ ထင်မြင်ချက်တွေ ပြောင်းသွားအောင် လုပ်ပေးနိုင်လောက်တယ်၊ ကျောင်းသားယွီဟောက်က ရိုးသားတဲ့ကလေးတစ်ယောက်ပါ..... ဒါပေါ့, ဒီ.... အနီရောင်...... ရွှေရောင်ဆံပင်နဲ့......ကျောင်းသားလည်း အတူတူပါပဲ "

မည်သူကမှ ကျိုးရှန်းအား ရန်မစရဲသလို သူ့ထံမှ ထပ်ပြီးအထေ့အငေါ့ခံရမှာလည်း မလိုလားကြပေ။ ထို့ကြောင့် ဟွမ်ထင်ခမျာ ကျိုးရှန်းအတွက်ပါ စကားထည့်ပေးရလေသည်။

ယွီဟောက်တစ်ယောက် ရုတ်ချည်း ချန်းယဲ့ခိုင်နှင့် ဟွမ်ထင်အတွက် အားရပါးရကို လက်ခုပ်လက်ဝါး တီးပေးချင်စိတ်များ ပေါ်လာရ၏။

ရဲစခန်းမှ ထွက်လာခဲ့ပြီးနောက် ချန်းယဲ့ခိုင်က အငှားကားတစ်စီးခေါ်လိုက်ပြီး ရှေ့ခန်းတွင်ထိုင်လျက် Taobao (OS site) တွင် ရှာနေစဉ် မေးလိုက်လေသည်။

" ဒီကိစ္စကို ကျုန်းရှန်းရဲစခန်းမှာ လာတိုင်ဖို့ ဘာလို့ တွေးမိတာလဲ? "

" ဒီရဲစခန်းလိပ်စာတစ်ခုဘဲ သိလို့လေ "

ကျိုးရှန်းက ပြတင်းပေါက်အပြင်ဘက်ကိုသာ ကြည့်နေလျက် မထူးမခြားနားဖြေလာလေသည်။

" ငါမင်းကို တစ်မှတ်ပေးလိုက်ပြီ "

ချန်းယဲ့ခိုင်က မြို့အတွင်း ပိုးသားအလံ ပြုလုပ်ရောင်းချသော ဆိုင်ကိုရှာတွေ့သွားပြီး မနက်ဖြန်ချက်ချင်းရရန် အမြန်အချောပို့စနစ်ဖြင့် အော်ဒါမှာလိုက်လေ၏။ သူကစကားပြောပြီးနောက် အနောက်သို့လှည့်ကာ ယွီဟောက်ထံကြည့်လိုက်ရင်း -

" မင်းလည်း တော်တယ်, ငွေကြေးက ဖြားယောင်း‌သွေးဆောင်တာတောင် ခံနိုင်လို့ "

" ကျွန်တော် အဲ့လောက်အများကြီး စဉ်းစားမနေပါဘူး "

ယွီဟောက်က ဆိုသည်။

" ကျွန်တော့်ဘဝမှာ ဒီလောက်ပိုက်ဆံတွေအများကြီး ပထမဆုံးမြင်ဖူးတာပဲ၊ ဒါပေမယ့်လည်း ကျွန်တော် ပိုင်တဲ့ဟာမဟုတ်လို့ မယူထားသင့်ဘူးလေ "

ကျိုးရှန်းက လေးလေးနက်နက်ပြောလာခဲ့သည်။

" ချန်းလောင်ရှီး, ဘာလို့သူတို့ကို ဂုဏ်ပြုအလံလုပ်ဖို့ ပြောလိုက်ရတာလဲ? အဲ့လိုလုပ်လိုက်ရင် ရဲစခန်းက ငွေတွေ ကောက်ရထားပါတယ်ဆိုတာကို လူတွေအကုန်မသိသွားဘူးလား? ကျွန်တော်တို့ ဘာမှမပြောဘဲနဲ့ စခန်းမှာဘဲ ဒီအတိုင်း တိုးတိုးတိတ်တိတ် ထားခဲ့သင့်တာ၊ ပြီးရင် တိမ်မျှင်လေးတစ်မျှင်ကိုတောင် မယူ‌ဆောင်သွားဘဲ ဝတ်ရုံလက်ကို ညင်ညင်သာသာလေးခါပြီး သိုသိုသိပ်သိပ်ထွက်လာရမှာ ၊ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ပိုက်ဆံတွေက အကျင့်ပျက်ခြစားနေတဲ့ အထက်အရာရှိတွေ ခိုးထားတဲ့ပိုက်ဆံတွေလေ၊ ကျွန်တော်တို့ အစိုးရကိုအပ်လိုက်ရင် နိုင်ငံ့ဘဏ္ဍာထဲဘဲ ပြန်ဖြည့်သွားပြီး နောက်ဆုံး အဲ့အကျင့်ပျက် အထက်လူကြီးတွေရဲ့ အိတ်ကပ်ထဲဘဲ ထပ်ပြီး ပြန်ရောက်သွားမှာ "

[T/N: ရွှီကျစ်မော်ရဲ့ " 再别康桥/ Goodbye Cambridge " ဆိုတဲ့ ကဗျာထဲက စာသားတွေပါ၊ ကျိုးရှန်းက ရုတ်တရက်ကြီး ရိုမန့်တစ်ကဗျာစာသားတွေ ထရွတ်? LMAO ]

" ဒါပေမယ့်လေ, ရဲစခန်းကသာ ယူထားလိုက်မယ်ဆိုရင် ပြည်သူတွေအတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ ရဲတွေရဲ့ဘ၀တွေ တိုးတက်သွားနိုင်တယ်လေဗျာ......နှစ်ကုန်ရင်လည်း ဘောနပ်စ်လစာအနေနဲ့ ယွမ်းငါးသောင်း ၊ တစ်သိန်းလောက် ရနိုင်သေးတယ်၊ ဒါဆို အကုန်လုံးလည်း ပျော်ရွှင်ရပြီ......."

ရဲမှူးကြီးမှ အိတ်ကို တောက်တောက်ပပ ဝင်းလက်နေသည့် မျက်လုံးများဖြင့် ဖွင့်ကြည့်နေသော မြင်ကွင်းက ယွီဟောက်စိတ်ထဲ ရုတ်တရက် ပေါ်လာရ၏။

ကျိုးရှန်း, " ကျွန်တော်က နောက်တာပါ, ဟွမ်ထင်ကတော့ ရဲအရာရှိကောင်းတစ်ယောက်ပါပဲ၊ ဒါပေမယ့် ကျွန်တော်တစ်ခုပြောပြမယ် - အဲ့ရဲမှူးကတော့ သတင်းဆိုးဘဲ "

ယွီဟောက်, " ဘာလို့လဲ? "

ကျိုးရှန်း, " ငါလည်း ဘယ်လိုရှင်းပြရမလဲတော့ မသိဘူး, ဘာပဲဖြစ်ဖြစ် အဲ့လူကြီးကတော့ ခြစားနေတဲ့လူကြီးဘဲ၊ ဒီကိစ္စက သိပ်တော့ ကောင်းကောင်းအဆုံးသတ်မှာ မဟုတ်ဘူး "

ချန်းယဲ့ခိုင်မှာမူ ကျိုးရှန်းနှင့် ဘယ်လိုရင်ဆိုင်ရမည်ကို မသိတော့သဖြင့် ပြောစရာစကားများပါ ပျောက်ရှနေရလေ၏။ သူကပြောလိုက်လေသည်။

" အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေစမ်းနဲ့, ၁.၂ မီလီယံ..... ဒီလောက်ပိုက်ဆံလေးက ဘာလုပ်လို့ရမှာမလို့လဲ? ငါတို့ လီရဲမှူးကြီးကို မဖြောင့်မှန်တဲ့ ကြောင်သူတော်ကြွက်သူခိုးလိုမျိုး ပြောမနေနဲ့, ဟုတ်ပြီလား? အခြားစောင့်ကြည့်နေတဲ့ သူတွေလည်း ရှိနေတာပဲကို "

" ဒီလောက်ပိုက်ဆံလေး? ဒီလောက်ပိုက်ဆံလေးတဲ့လား?! "

ကျိုးရှန်းက သူ့ပေါင်သူ တဖြန်းဖြန်းရိုက်ရင်း ပြောလေသည်။

" ကျွန်တော့်မှာသာ ၁.၂မီလီယံလောက်ရှိရင်လေ ဘာလို့ စာလာသင်နေဦးမှာလဲ? "

ချန်းယဲ့ခိုင်က မျက်နှာထားတင်းတင်းဖြင့် ပြောလာလေ၏။

" မင်းဘဝတစ်လျှောက်လုံးမှာ ဒီ၁မီလီယံလောက်လေးဘဲ ပိုက်ဆံရှာနိုင်မှာ မဟုတ်ဘူးလေ၊ မင်း အဲ့လိုသာ တွေးနေရင် မင်းဘ၀တော့ သွားပြီဘဲ၊ ငါသာဆိုလည်း ဒီပိုက်ဆံကို အစိုးရဆီ အပ်လိုက်မှာဘဲ၊ ကျိုးရှန်းရာ... မင်းဘာလို့ ကိုယ်တကယ်မရည်ရွယ်တဲ့ စကားတွေကိုဘဲ ပြောနေရတာလဲ? နဲနဲလေးပိုပြီး စိတ်ရင်းမှန်လို့မရဘူးလား? "

ကျိုးရှန်းကလည်း ပြတ်ပြတ်သားသား ဆိုလာသည်။

" ဒါဆိုကျွန်တော်ပြောမယ်, ကျွန်တော်တို့ ချန်းလောင်ရှီးရဲ့ ပုဝါတစ်ထည်နဲ့တင် ယွမ် နှစ်သောင်းလေးထောင် ကျနေတာကိုး၊ ဒါပေါ့ ခင်ဗျားကတော့ ဒီလောက်ငွေလေးကို သိပ်ပြီးများများစားစား တွေးမနေဘူးပေါ့ဗျာ......."

ယွီဟောက်, "......."

ချန်းယဲ့ခိုင်ခမျာ ကျိုးရှန်းကို ချက်ချင်းကြားဖြတ်ပြောရတော့သည်။

" မင်း ဒီအကြောင်း လုံး၀, လုံး၀ ‌ကောလိပ်မှာပြောလို့မဖြစ်ဘူး! "

ထိုနေ့က ချန်းယဲ့ခိုင်တစ်ယောက် ရွှဲလုံ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ယွီဟောင်နှင့်တွေ့ဆုံရန် သူ့ခမျာ ချက်ချင်းဆေးရုံသို့ ရောက်လာခဲ့ပြီး လည်ပင်းမှပုဝါချွတ်ဖို့ မေ့သွားခဲ့၏။ ကျိုးရှန်းသည်ကား အကင်းပါးလွန်းသဖြင့် တစ်ချက်ကြည့်ရုံနှင့် တွေ့သွားခဲ့ပြီး ဤအကြောင်းကို အသုံးပြု၍ သူ့ထံ တန်ပြန်တိုက်ခိုက်လာလိမ့်မည်ဟု လုံးဝမတွေးမိခဲ့ပါချေ။ ဆရာတစ်ယောက်အနေဖြင့် ဤကဲ့သို့ မိမိ၏ချမ်းသာကြွယ်မှုကို ကြွားလုံးထုတ်ခြင်းကား....... အရှိန်အဝါကောင်းတစ်ခု ဟုတ်မနေခဲ့။

" ၁.၂ မီလီယံ "

တီးတီး(ကားကုမ္ပဏီ)ဒရိုင်ဘာကလည်း ကားစတီယာရင် ဘီးကိုကိုင်ထားရင်း -

" ကျွန်တော်သာ ၁.၂မီလီယံလောက်ရှိရင် ဘာလို့ တီးတီးဒရိုင်ဘာ လုပ်နေဦးမလဲ? "

ချန်းယဲ့ခိုင်, "......"

ကျိုးရှန်းက အာပြဲလျှာပြဲ ထရယ်လာပြီး ရွှတ်နောက်နောက်ဖြင့် စနောက်ဟန် ယွီဟောက်အား သူ့ရင်ခွင်ထဲ ဆွဲဖက်လိုက်စဉ် ချန်းယဲ့ခိုင်ကတော့ ကူကယ်ရာမဲ့‌နေရှာပုံ ပေါ်လျက်။ ကောလိပ်သို့ပြန်ရောက်သောအခါ ချန်းယဲ့ခိုင်က ကျိုးရှန်းအား ပုဝါကိစ္စ လျှောက်မဖွရန် အတန်တန်မှာပြီးမှ သူတို့နှစ်ကောင်အား ပြန်လွှတ်လေ၏။

၁.၂ မီလီယံ....... ယွီဟောက်တစ်ယောက် အရင်ရက်များတုန်းက ဖြစ်ပျက်ခဲ့သမျှကို အကုန်နီးပါး မေ့သွားပြီဖြစ်ပြီး သူ့စိတ်အစဉ်သည်ကား ပိုက်ဆံကောက်ရတုန်းက မြင်ကွင်းများဖြင့်သာ ပြည့်နှက်လျက်။

[ ငါ့တို့ ဘာကိစ္စ ယွမ်တစ်ရာလောက်ဘဲ မကောက်ရမိတာလဲကွာ? ]

ကျိုးရှန်းက QQမှတစ်ဆင့် မက်ဆေ့ချ်ပို့လာသည်။

ယွီဟောက်: [ ငါတို့သာ တကယ် ယွမ်တစ်ရာဘဲကောက်ရခဲ့ရင် ရဲကို အကြောင်းကြားမိမယ် မထင်ဘူး, ဘာလိုပဲဖြစ်ဖြစ် ငါတို့ ပိုင်ရှင်ကိုရှာတွေ့မှာမှ မဟုတ်တာ ]

ကျိုးရှန်း: [ (နှုတ်ခမ်းစေ့ထားလျက်) ယွမ်ငါးဆယ်ဆိုရင်တောင် အဆင်ပြေသေးတယ် ]

ယွီဟောက်: [ တစ်ဆယ်ယွမ်ဆိုလည်း မဆိုးပါဘူး ]

ကျိုးရှန်း: [ တစ်ဆယ်ယွမ်က ဘာဝယ်လို့ရမှာတုန်း?! နောက်ရက်ကျ အလုပ်အတူတူရှာရအောင်. ငါခုမှသတိရလို့, အဲ့ကျောင်းသူမိဘက မင်းကိုကျူတာကြေး မ‌ပေးရသေးဘူးမလား? ]

ယွီဟောက်: [ ငါ့ကိုထောင်ထဲမပို့ရင်ဘဲ ကံကောင်း. ကျူတာကြေးပေးဖို့လည်း မျှော်မနေတော့ပါဘူး ]

ကျိုးရှန်း: [ အဲ့လူကြီးလာရင် မင်းပိုက်ဆံပြန်ရဖို့ ငါကူညီပေးမယ်လေ. ပြီးရင် မင်းကငါ့ကို ပြန်ဝယ်ကျွေးပေါ့. ဘူဖေး, တစ်ယောက်ကို ယွမ်၁၆၀တန်ဟာ ]

ယွီဟောက်: [ ရတယ်လေ ]

ထို့နောက် ယွီဟောက်က ဖုန်းဆက်ပိတ်ထားလိုက်သည်။ ယနေ့သည်ကား သူ့ဘဝ၌ ပထမဆုံးအကြိမ် လူအများကြီးနှင့် ဆက်ဆံဖူးခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် စကားအများကြီး ပြောဖူးခြင်းလည်းဖြစ်၏။ ဒီထက်ပိုပြီး မပင်ပန်းနိုင်ပါတော့ချေ။ ဒီကနေ့တော့ အခန်းဖော်များက အပြင်ထွက် မအိပ်ကြတော့သဖြင့် ဘေးကပ်ရပ်ကုတင်မှာအိပ်သူက ကျယ်ကျယ်လောင်လောင် ဟောက်လျက်ရှိပြီး အပေါ်ထပ်အိပ်စင်ကတော့ ရူးလောက်အောင်ကို လှုပ်ခါနေလေ၏။ ယွီဟောက်က ခြေထောက်ကို ဆန့်ထုတ်လိုက်ပြီး အပေါ်ထပ်ကုတင်သို့ နှစ်ချက်လောက်ကန်လိုက်သည်။ သူသည်ကား အပေါ်ထပ်ကလူကို သိပ်ပြီးဦးစားပေး မနေချင်တော့။

" အိပ်တော့ဟ! "

ယွီဟောက်က စိတ်မရှည်တော့သဖြင့် ယဉ်ယဉ်ကျေးကျေး ပြောမနေတော့ဘဲ အော်လိုက်‌လေသည်။

" ဂွင်းထုချင်ရင် အိမ်သာထဲသွားထု! "

အဆောင်အခန်းအတွင်း၌ အားရပါးရ အော်ရယ်သံများနှင့် ပြည့်နှက်သွား၏။ ယွီဟောက်မှာမူ မိမိသည်ကား ငပျော့တစ်ယောက် မဟုတ်တော့သဖြင့် ကိုယ့်ကိုယ်ကို အနည်းငယ်အံ့အားသင့်သွားရ၏။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အပေါ်ထပ်အိပ်စင်ကတော့ လှုပ်နေတာရပ်သွားပြီး ဖြစ်သည်။ သူက ‌ဟောက်သံများကို ပိတ်ဆို့ရန် နားကြပ်လိုက်ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

သမုဒ္ဒရာရေများ တိုက်စားသွားသည့်အလား ကျယ်လောင်စူးရှလှသော သီချင်းက စတင်ထွက်ပေါ်လာခဲ့ပြီးနောက် ယွီဟောက်မှ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ မိမိမှာ စစ်သည်တော်အုပ်စုကြီး အလယ်၌ ရောက်နေခဲ့၏! မိမိနားရွက်များ,နားတွင် ဒေါသတကြီး အော်ဟစ်နေသော General၏ အသံကို ကြားလိုက်ရလေသည်။

" ငါတို့တိုက်ပွဲအတွင်းကို ဘာကိစ္စ BGM (background music) ကြီးပါ ယူလာရတာတုန်း?! "

" ကျွန်တော်ခုလေးတင်မှ အိပ်ပျော်သွားတာလေ! သီချင်းနားထောင်နေရင်းနဲ့! "

ယွီဟောက်က စစ်သည်တော်တစ်ယောက် မိမိတို့ဆီ ပြေးလာတာကို တွေ့သောအခါ လက်ထဲမှ အဝတ်လှန်းတုတ်ကို ဝှေ့ယမ်းလိုက်လေသည်။ ရန်သူဘက်မှ ဗိုလ်ချုပ်သည်ကား ခေါင်းအစခြေအဆုံး သံချပ်ကာများ ဝတ်ဆင်ထား၏ -- ထိုသူက မိမိဂျူနီယာအထက်တန်းတုန်းက အတန်းပိုင်ဆရာပင်။

" သူ့ကို ချပစ်လိုက်! "

ယွီဟောက်က အော်လေသည်။

Generalက ကြီးမားလှသောဓားကြီးကို လွှဲရမ်းလိုက်ပြီး ပြန်အော်ဟစ်လေသည်။

" ဒါဆိုလည်း တစ်ခုခုလုပ်လေ!! "

အကြားအာရုံများပင် ထုံထိုင်းသွားစေလောက်အောင် ကျယ်လောင်လှသော သီချင်းသံကြီးက အထက်အာကာယံမှထွက်ပေါ်နေလျက် ထိုခမ်းခမ်းနားနား သီချင်းသံကြီးကို နောက်ခံထား၍ ယွီဟောက်က အဝတ်လှန်းတုတ်ကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်ဆောင်ထားလိုက်သည်။ အဝတ်လှန်းတုတ်မှာမူ တစ်ခုခုကို အာရုံခံမိသွားပုံပေါ်ပြီး ရုတ်ချည်း ရွှေအိုရောင် အလင်းတန်းများက ထွက်ပေါ်လာခဲ့ပြီးနောက် တမဟုတ်ချင်း မိုးကြိုးလျှပ်စီးများကလည်း တဂျိမ်းဂျိမ်း ‌နောက်ဆက်တွဲအနေဖြင့် ပစ်ခတ်လာခဲ့သည်။

ယွီဟောက်တစ်ယောက် အလင်းတန်းများထဲ၌ ဝါးမြိုခံလိုက်ရပြီးနောက် မိမိပုံပန်းသွင်ပြင်ကပါ ပြောင်းလဲသွားခဲ့သဖြင့် အံ့ဩမှင်သက်သွားရ၏။ သူသည်ကား ကြယ်သီးများဖြုတ်ထားကာ တင်ပါးအထိရောက်သည့် အပေါ်ဝတ် cardiganအတိုကို ဝတ်ဆင်ထားပြီး ၎င်းက မိမိခန္ဓာကိုယ်ထက်တွင် ရုတ်ချည်း ရုပ်လုံးပေါ်လာခဲ့သည်။ အင်္ကျီဒီဇိုင်းသည်ကား လျှပ်စီးကြောင်း ပုံစံကွက်များဖြင့် အလှဆင်ပြုလုပ်ထားပြီး နန်းတွင်းဝတ် ဝတ်ရုံမျိုးနှင့်ဆင်တူကာ အတွင်းတွင် နှင်းပမာ ဖြူစွတ်သော ရှပ်ကတွဲလျက်ပါရှိလေသည်။

လက်ထဲမှ အဝတ်လှန်းတုတ်ကား ပြိုးပြိုးပျက်ပျက် လင်းလက်လျက် ရွှေရောင်အလင်းတန်းများမှာ အရပ်လေးမျက်နှာသို့ ပစ်ခတ်ထုတ်လွှတ်လျက်ရှိ၏။ ၎င်း၏ ခင်းရင်းခွသဏ္ဌာန် နေရာအစွန်း၌ နှစ်ခြမ်းကွဲသွားရပြီး စီးဆင်းလျှပ်ပြေးနေသည့် အလင်းတန်းက ရှည်လျားသော ကြေးနီရောင်ဓားနှစ်ချောင်းအဖြစ်သို့ ပြန်လည်တည်ဆောက်သွား၏!

ယွီဟောက်က လေချွန်လိုက်လေသည်။ လက်နှစ်ဖက်စလုံးတွင် ဓားတစ်ချောင်းစီ ကိုင်ဆောင်ထားသည်မှာ လက်နက်နှစ်ပါးဆောင် စစ်သည်တော်အလား။ မြေပြင်ထက်ဝယ် ပြန်လည်သက်ဆင်းသောအခါ ကိုယ်ကိုအနည်းငယ်ကိုင်းလျက် ဓားနှစ်ချောင်းကို ရှေ့သို့ထုတ်လိုက်လေသည်။ ဓား၏ထိပ်ဖျားမှ အပြင်သို့ ထွက်ပေါ်လာသော လျှပ်စီးကြောင်းများမှာ ပင်လယ်ဒီ‌ရေလှိုင်းများ တိုက်ခတ်နေပါသကဲ့သို့ - အတောင်ပံတစ်စုံအား ဖြန့်ကျက်ထားလေသည့် နတ်ဘုရားတစ်ပါးနှယ် ရှေ့တန်းတပ် စစ်သည်အင်အားစုကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လေတော့သည်။

Generalကလည်း အကျယ်ကြီးအော်လျက် အားပေးအားမြောက်ပြုကာ ကြီးမားလှသော ဓားကိုလွှဲရမ်းရင်း နောက်မှနီးနီးကပ်ကပ် လိုက်လေ၏။ လျှပ်စီးကြောင်းများနှင့် မိုးကြိုးများမှာလည်း အရပ်လေးမျက်နှာယံမှ တဂျိန်းဂျိန်း ပစ်ခတ်လျက် ရှေ့တူရှုရှိ စစ်သည်တော်များကို တမဟုတ်ချင်း ချေပပစ်တော့သည်။ နှစ်ယောက်သားမှာ အနုစိတ် ဖွဲ့စည်းထားသော စစ်ပွဲအခင်းကျင်းဆီသို့ ဦးတည်ပြေးလျက် နူးညံ့သိမ်မွေ့လှသည့် နောက်ခံသီချင်းသံတီးလုံးအကြား ရန်သူတပ်မများ၏ ဖွဲ့စည်းပုံကို အပေါက်သဏ္ဌာန် အတင်းအကျပ် ပျက်စီးယိုယွင်းသွားစေသည်။ Generalက အော်လေသည်။

" သူတို့ခေါင်းဆောင်ကို ရှင်းထုတ်ပစ်! "

ခန္ဓာကိုယ်တစ်ခုလုံး သံချပ်ကာများအပြည့် ဝတ်ဆင်ထားသည့် ယွီဟောက် ဂျူနီယာအထက်တန်းဆရာ၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်လှသော အမူအရာက ပေါ်လာပြီးနောက် သူတို့နှစ်ဦးထံ ပြေးလာခဲ့၏။ ထိုသူက ဂျန်းမာတောင်ဓားကို ကိုင်ဆောင်ထားလျက် စက္ကန့်ပိုင်းအတွင်း နှစ်ဦးသားရှေ့မှောက်သို့ အပြေးရောက်လာခဲ့လေသည်။ သို့သော်လည်း ပြောနေတာတောင် ကြာဦးမည်- Generalက ဓားကို ရေပြင်ညီအလျားလိုက်သဏ္ဌာန် ကိုင်ဆောင်လိုက်ပြီးဖြစ်ကာ ယွီဟောက်က ဓားအပြားအကျယ်ပေါ် နင်းလျက် လေပေါ်ခုန်တက်သွားပြီး လေထုအလယ် ရှေ့သို့ ကျွမ်းတစ်ချက်ပစ်လိုက်၏။

[T/N: 斬馬刀/ Zhanmadao ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင် မြင်းခုတ်တဲ့ဓားလို့ အဓိပ္ပာယ်ရပါတယ်၊ မြင်းစီးတဲ့ရန်သူကို တိုက်တဲ့နေရာမှာသုံးတဲ့ တရုတ်ရိုးရာ တစ်ဖက်သွား ဓားရှည်ပါ ]

Generalက ဓားကိုပြန်ရုတ်လိုက်ပြီး ဘေးသို့ပြန်လှည့်ကာ တစ်ဖက်ရန်သူဗိုလ်ချုပ် စီးနင်းလာသော စစ်မြင်းကို အားပြင်းပြင်းဖြင့် ဝင်တိုက်လိုက်သည်။ စစ်မြင်းမှာ ရှေ့ခြေထောက်များကို ပင့်မြှောက်လိုက်မိပြီး ကျောမှစီးနင်းလိုက်ပါနေသော ထိုခေါင်းဆောင်မှာလည်း ပင့်မြှောက်သွားရတော့၏။

" သေလိုက်တော့!! "

ယွီဟောက်က လေထုအလယ် နင်းလိုက်ရင်း ဇောက်ထိုးကိုယ်ဟန်အနေအထားဖြင့် တစ်ပြိုင်ထဲ ဓားနှစ်လက်ကို လွှဲရမ်းပစ်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း ရန်သူဗိုလ်ချုပ်၏ ဦးခေါင်းမှာ ပြတ်ထွက်သွားတော့၏။

အနက်ရောင်မီးခိုးငွေ့များ တမဟုတ်ချင်း ထွက်ပေါ်လာပြီး မြင်းတပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြင့် ပြန့်ကျဲသွားရတော့သည်

ယွီဟောက်က မြေပေါ်ဆင်းသက်လိုက်ပြီးနောက် နောက်လှည့်ကာ Generalထံ ကြည့်လာစဉ် Generalက ဘေးဘီဝဲယာကို ဝေ့ဝဲစစ်ဆေးလိုက်သည်။ ထို့နောက် နှစ်ယောက်သား နန်းတော်အနောက်တံခါးမှတစ်ဆင့် အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်လိုက်ကြ၏။

" မင်းမှာမီးရှိလား? "

Generalက မေးလိုက်သည်။

" မရှိဘူး "

ယွီဟောက်က ရိုးရိုးသားသား ပြန်ဖြေလေသည်။

" ကျွန်တော့်အိမ်မက်ထဲ ဘယ်အချိန်‌လောက်က ဝင်လာတာလဲ? "

" မင်းနဲ့အတူတူလောက်ဘဲ "

Generalက အမှောင်ထုအလယ်တွင် ဖြေပေးလာသည်။ သူ၏အသံသည်ကား လမ်းလျှောက်နေစဉ် ထွက်ပေါ်နေသည့် သံချပ်ကာအင်္ကျီ တချွင်ချွင်အသံနှင့်အတူ တွဲဖက်နေလျက်။ သူက ရှင်းပြလာသည်။

" မင်းအိမ်မက်မက်တာ ရပ်သွားရင် အပြင်လူတွေအကုန်လုံးက အိမ်မက်ထဲကနေ အထုတ်ခံရလိမ့်မယ် "

" ကျွန်တော်ထင်နေတာ ခင်ဗျားဒီမှာကျန်‌နေခဲ့ပြီး တစ်ယောက်ထဲ တိုက်နေမယ်ပေါ့ "

ယွီဟောက်က ဆိုလေသည်။

" ခနလေး "

သူက ဓားနှစ်လက်ကို တစ်ခုထဲပြန်ဖြစ်သွားအောင် ကြိုးစားကြည့်‌လေသည်။

Generalလည်း လမ်းလျှောက်နေရာမှ ရပ်တန့်လိုက်ပြီး ဆိုလိုက်သည်။

" အဲ့လိုသာဆို ငါတော့သွားပြီဘဲ "

အမှောင်ယံအလယ်တွင် ယွီဟောက်က မေးလာ၏။

" အိမ်မက်ထဲမှာ သေသွားခဲ့ရင် ဘာဆက်ဖြစ်လာမှာလဲ? "

" မင်းက ဒီအိမ်မက်ရဲ့ ပိုင်ရှင်လေ၊ မင်းသာသေသွားရင် ကိုယ်စားပြုပစ္စည်းရဲ့ သခင်ဆီ ရောက်သွားပြီး မင်းရဲ့စွမ်းအင်တွေ အကုန်လုံးလည်း ဆုံးရှုံးသွားလိမ့်မယ်၊ အဲ့ဒါဆိုရင် မင်းကသူ့လက်အောက်မှာ လုံးဝထိန်းချုပ်ခံလိုက်ရပြီး နယ်စပ်အစွန်းဆီ နှင်ထုတ်ခံရလိမ့်မယ်၊ ပြီးရင် မင်းရဲ့ အသိစိတ်နယ်မြေ အစွန်ဆုံးကနေ မသိစိတ်ထဲကို ပစ်ချခံရပြီး အမှောင်ထုချည်းဘဲရှိတဲ့ နေရာဆီ ရောက်သွားမှာ၊ အပေါ်ကို ဘယ်လိုမှပြန်တက်မလာနိုင်တော့ဘဲ အဲ့ဒီနေရာမှာဘဲ ထာဝရ‌လေလွင့်သွားလိမ့်မယ်၊ အဲ့တာကဘာကို ကိုယ်စားပြုလဲဆိုတော့ မင်းနှလုံးသားထဲမှာရှိတဲ့ မူလ"ကိုယ်" ဆိုတဲ့ အစိတ်အပိုင်းလေးတစ်ခုက အပြီးအပိုင် ကွယ်ပျောက်သွားပြီး အပြင်လောကမှာလည်း......."

Generalက ခနမျှတွေးတောနေလိုက်ပြီး

" မင်းဘဝကို ထပ်ပြီးအဆုံးစီရင်တာမျိုး ဖြစ်နိုင်လောက်မယ်ထင်တယ်? ပြောရတာ ခက်တော့ခက်တယ်, ကိုယ့်အတွက်ကျတော့...... အမ်... ထားလိုက်တော့, အရမ်းကြီးသိချင်မနေနဲ့တော့ "

ယွီဟောက်စိတ်ထဲတွင် အတွေးတစ်ခုက ထွက်ပေါ်လာရ၏။ ဒီစကားတွေအရဆိုရင် Generalရဲ့ ပုံစံအမှန်က........လူများဖြစ်နေနိုင်မလား?

" ခင်ဗျားလည်း အပြင်မှာ သေသွားမှာ, ဟုတ်တယ်မလား? "

ယွီဟောက်က ထပ်မေးလိုက်သည်။

Generalတစ်ယောက် မိမိမပြောသင့်သည့်စကားကို ပြောလိုက်မိကြောင်း သတိရသွားပုံပေါ်ကာ

" ဒါပေမယ့် မင်းရဲ့ အင်အားတော်တော်များများကို ပြန်ရနေပြီဘဲ၊ ကိုယ်တို့ အနိုင်ရမှာပါ "

ဒါဆို ခင်ဗျား Great Wallဆီရောက်လာပြီး ကျွန်တော့်ကိုကယ်တုန်းက ခင်ဗျားကိုယ်ခင်ဗျားလည်း အန္တရာယ်တွင်းထဲ ခုန်ချခဲ့တာပေါ့ - ယွီဟောက်က တွေးမိလိုက်သည် - အဲ့ဒါဆို ခင်ဗျားက တကယ့်လောကမှာ ဘယ်သူများဖြစ်မလဲ? ဖြစ်နိုင်ရင် ကျွန်တော်ခင်ဗျားနဲ့ ရင်းနှီးချင်မိပါရဲ့....

သို့သော်လည်း Generalက ဘယ်သူဘဲဖြစ်နေပါစေ, လူသားတစ်ယောက်ဆိုတာကို အတည်ပြုပြီးသည် နှင့်တပြိုင်နက် နောက်ထပ်အမှန်တရားတစ်ခုပါ သေချာသွားရ၏ - Generalမှာ အိမ်မက်ခရီးသွားခြင်း ပြုလုပ်နိုင်စွမ်းရှိသူ ဖြစ်နေသည်ပင်၊ ၎င်းက သဘာဝလွန် စွမ်းအားမျိုးများလား? ယွီဟောက်တစ်ယောက် ဘာကြောင့် Generalက သူ့အကြောင်းသူ သိပ်ပြီးထုတ်ဖော်မပြောလိုရသလဲ ဆိုတာကို အနည်းနှင့်အများတော့ နားလည်နိုင်လာ၏။ သူက ဤကဲ့သို့စွမ်းရည်မျိုး ပိုင်ဆိုင်နေကြောင်းကို မိမိအား မသိစေလိုခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မေးခွန်းတစ်ခု၏ အဖြေကို ကောက်နုတ်သုံးသပ်ကြည့်လိုက်လျှင်ကား အခြားနှီးနွယ်နေသော မေးခွန်းပေါင်းများစွာကိုပါ ထွက်ပေါ်လာစေသည်ပင်။ အဘယ့်ကြောင့် Generalတွင် ထိုကဲ့သို့စွမ်းအားမျိုး ပိုင်ဆိုင်နေရသနည်း?

ယွီဟောက်က ဓားအတိုနှစ်ချောင်းကို တစ်ခုတည်းဖြစ်အောင် ဆက်လိုက်ပြီးနောက် ၎င်းမှ အလင်းရောင် မှိန်ဖျော့ဖျော့တို့ထွက်လာပြီး အဝတ်လှန်းတုတ်၏ နဂိုအသွင်ကို ပြန်ပြောင်းသွားစေသည်။ သို့သော်လည်း ၎င်းက ယခင် မိမိအဖွားလက်ထဲတုန်းကကဲ့သို့ ရွှေရောင်တောက်တောက် ပစ္စည်းမျိုး မဟုတ်ဘဲ ကွဲပြားကာ ယွီဟောက်လက်ထဲတွင်မူ ရှည်လျားသော ကြေးနီရောင် ပစ္စည်းတစ်ခုအသွင်သို့ ပြောင်းလဲသွားရသည်။

ထိုပစ္စည်း၏ထိပ်ပိုင်းတွင်မူ ကြီးမားလုံးဝန်းလှသော မျက်လုံးများပိုင်ဆိုင်သည့် ချဲ့ကားထားသည့်ဟန် ငှက်အသွင်က ပါရှိပါ၏။

၎င်းပစ္စည်းမှာ လင်းလက်တောက်ပလျက် နှစ်ဦးသား၏ ဘေးပတ်ဝန်းကျင်ရှိ အမှောင်ယံအလယ် မီးအလင်းတို့ ဆောင်ပေးလေသည်။

General, " ဒီဟာက......."

ယွီဟောက်, " ကျွန်တော်လည်း ဘာလို့မှန်းမသိဘူး...... ဒါပေမယ့် ကြည့်ရတာ ကျွန်တော်က မွေးရာပါ မှော်အတတ်သုံးနိုင်တဲ့သူ ထင်ပါရဲ့ "

သူသည်ကား ခန္ဓာကိုယ်အတွင်း သွေးကြောမျှင်များတစ်လျှောက် တသွင်သွင်စီးဆင်းလာသည့် အဆုံးမဲ့လှသော စွမ်းအင်စီး‌ကြောင်းများကို ခံစားနိုင်ပါ၏။ သူက စွမ်းအားများကို ထိုလက်နက်ပစ္စည်းထံ တစ်ချက်ဖြည့်သွင်းလိုက်သည်နှင့် ၎င်းက တောက်တောက်ပပကို လင်းထိန်လာတော့သည်။

" ဒါက မင်းရဲ့ကမ္ဘာမလို့ မင်းမှော်ပညာသုံးနိုင်တယ်ဆိုတာ သဘာဝဘဲ၊ ကိုယ်သိချင်တာက ဒီငှက်ဘဲ...... "

Generalက တစ်ဖက်လှည့်လိုက်ပြီး လက်ကို‌မြှောက်ကာ ခေါင်းစွတ်ကိုချွတ်၍ အနီးကပ်ကြည့်,ကြည့်ချင်သည့်အလား ပြုလိုက်သော်လည်း နောက်ဆုံး မလုပ်တော့ဘဲ စူးစမ်းချင်စိတ်ကို ပြန်ထိန်းချုပ်လိုက်လေ၏။

ယွီဟောက်က ဆိုလေသည်။

" ဘာလို့ ဒီပစ္စည်းကို အရင်ကတစ်ခါမှ မမြင်ဖူးဘူးလို့ ခံစားနေရပါလိမ့်? ဒါပေမယ့်လည်း ပြီးကျ မြင်ဖူးနေပြီးသားပေမယ့် မမြင်ဖူးဘူးဘဲ ထင်နေတဲ့ အရာတွေကလည်း အများကြီးရှိနေပြန်ရော "

" မင်း စန်းရှင်းတွေး ကိုရောက်ဖူးလား? "

Generalက သူ၏ လက်ချောင်းလေးဖြင့် ငှက်ရုပ်ပေါ်သို့ ဆက်ခနဲတောက်လိုက်ရင်း မေးလာ၏။

[T/N: 三星堆/ Sanxingdui ဆိုတာက ရှေး‌ဟောင်းသုတေသနတွေ ထိန်းသိမ်းထားရှိတဲ့ နေရာဖြစ်ပြီး တရုတ်ပြည် စစ်ချွမ်းစီရင်စု ကွမ်ဟန့်မြို့မှာ ထွန်းကားခဲ့တဲ့ ကြေးခေတ် အနုပညာယဉ်ကျေးမှုတွေ အဓိကရှိတဲ့နေရာပါ။ ယွီဟောက် လက်နက်ပေါ်က ငှက်ပုံစံက ဒီလိုပုံမျိုးဖြစ်နိုင်ပါတယ် ]

ယွီဟောက်က ဤကဲ့သို့ အမေးခံလိုက်ရသောအခါ ရုတ်တရက် ပြန်မှတ်မိသွားရပြီး -

" မဂ္ဂဇင်းမှာတွေ့ဖူးတာဘဲ !! <<တရုတ်ပြည် အမွေအနှစ်>> ထဲမှာ ! ကျွန်တော့်မိသားစုက အဲ့ဒီမဂ္ဂဇင်းကို အရင်က အော်ဒါမှာဖူးတယ်၊ ဒါပေမယ့် အဲ့ဒါက စန်းရှင်းတွေးနဲ့ ဘာဆိုင်လို့လဲ? "

Generalက လက်ကိုသာ ဝေ့ရမ်းပြလိုက်ပြီး ဆိုသည်။

" သွားရအောင် "

ယွီဟောက်က ထိုပစ္စည်းကို ပင့်မြှောက်ကိုင်ထားရင်း စင်္ကြံလမ်းကို မီးအလင်းပြပေးသည်။ နှစ်ယောက်သားမှာ ရှုပ်ထွေးပွေလီလှသည့် ဝင်္ကပါသဖွယ် မြေအောက်လမ်းကြောင်းများဖြင့် ဖွဲ့စည်းထားသော နန်းတော်ထဲတွင် လျှောက်လှမ်းနေကြလျက်။ ယွီဟောက်မှာမူ မိမိစိတ်၏ အလိုအလျောက် ခန့်မှန်းချက်အပေါ်သာ အခြေခံရင်း နေရာအနေအထားကို စူးစမ်းရသည်-- သူ့ထံတွင်ကား ဤနေရာသို့ အရင်က ရောက်ဖူးပြီးသားဟူသည့် တလည်ဆက်ဖြစ်ပေါ်နေသော စိတ်ခံစားချက်တို့က ရှိနေသောကြောင့် များပြားရှုပ်ထွေးလှသော လှေကားထစ်များနှင့် လမ်းကြောင်းများက ဤနေရာတွင် တည်ရှိနေသည့်တိုင် လမ်းမှန်ကိုသာ အမြဲ ရှာဖွေနိုင်လေသည်။

" ကျွန်တော် ကိုယ်စားပြုပစ္စည်းကို အာရုံခံမိတယ် "

ယွီဟောက်က ဆိုသည်။

သိပ်မဝေးသော နေရာတစ်နေရာတွင် တစ်စုံတစ်ခုက မိမိအား အားကောင်းလှစွာ အချက်ပြခေါ်ဆောင်နေသည့်အလား။

Generalသည်ကား စန်းရှင်းတွေး ကြေးနီငှက်ရုပ်ကို မြင်ကတည်းက တိတ်ဆိတ်နေပါ၏။ ယွီဟောက်က သူ့ကို ထပ်ခေါ်လိုက်လေသည်။

" General? "

" အင်း......"

ယွီဟောက်က ဆိုလေသည်။

" ကိုယ်စားပြုပစ္စည်းဆီသွားတဲ့ ဒီနောက်ဆုံးလမ်းကိုတော့ ကျွန်တော် တစ်ယောက်ထဲ သွားပါရစေ "

Generalက တစ်ချက်ကလေးတောင် တုန့်ဆိုင်းမနေဘဲ-

" မသွားရဘူး "

ယွီဟောက်က Generalကို ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလာသည်။

" ဒါက ကျွန်တော်ကိုယ်တိုင်ဘဲ တိုက်သင့်တဲ့ တိုက်ပွဲတစ်ခုပါ "

Generalက ပြန်ဆိုလေသည်။

" တစ်ယောက်ယောက်က မင်းအတွက် မျက်မြင်ကိုယ်‌တွေ့ကြည့်ပေးတာ မလိုချင်ဘူးလား? "

ယွီဟောက်တစ်ယောက် ထိုမေးခွန်းကို ချက်ချင်းမဖြေနိုင်ခဲ့ပေ။ သူသည်ကား Generalအား အတူလိုက်လာပါက အန္တရာယ်ဖြစ်စေမည်ကို စိုးနေခဲ့သည်ပင်။ မိမိထံ၌ ဘာအကြောင်းဘဲ ဖုံးကွယ်ထားပါစေ, အခြားတစ်ယောက်၏ အိမ်မက်ထဲတွင် သေဆုံးသွားမည့်အ‌ရေးမှာမူ ပေါ့ပေါ့တန်တန်တွေးရမည့် ပြဿနာမျိုး ဟုတ်မနေခဲ့။ စိုးရိမ်ဖွယ်ရာ အကျိုးဆက်တို့ ဖြစ်လာဖို့ရာ သိပ်များလွန်း‌နေသည်။ အကယ်၍ Generalသာ လူသားဖြစ်နေပါက မိမိအား ဤအခြေအနေထိရောက်အောင် အဖော်ပြုပေးခဲ့သည်ကပင် လိုအပ်တာထက် ပိုလှပြီ ဖြစ်၏။

" ကိုယ်ဘာမှမလုပ်ဘူးလေ , ဘေးနားကနေဘဲ ရပ်ကြည့်နေပေးမယ် "

Generalက ဆိုလေသည်။

" မင်းလည်း အခြားသူရဲ့ ကောင်းစေချင်တဲ့ စေတနာကို ဘယ်လိုလက်ခံပေးရမလဲဆိုတာ သင်ယူသင့်နေပြီ၊ အမြဲတမ်း သူများဆီ အကြွေးတင်နေတယ်လို့ တွေးမနေနဲ့ "

ယွီဟောက်က ဝမ်းနည်းညိုးငယ်စွာ ပြုံးလိုက်ရင်း-

" ဒါပေမယ့် ကျွန်တော်တကယ် အဲ့လိုခံစားရတာ "

Generalက ယွီဟောက်ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး ရှေ့သို့ဆက်သွားရန် အချက်ပြသည့်အနေနှင့် အနည်းငယ်မျှ အသာအယာ တွန်းပေးလိုက်သည်။

" ဘဝမှာ မင်းလက်မလွှတ်နိုင်ဆုံး အရာတစ်ခုလောက် ပြောကြည့် "

Generalက ပြောလေသည်။

" အဲ့တာက ဘယ်လောက်အရေးကြီးကြီး ဒါမှမဟုတ် ဘယ်လောက်ထိအရေးမပါတဲ့ အရာလေးဘဲ ဖြစ်နေပါစေ ပြောလို့ရတယ် "

" ကျွန်တော် လက်မလွှတ်နိုင်ဆုံးအရာကိုတောင် လက်လွှတ်ခဲ့ဖူးပြီးပြီဘဲ "

ယွီဟောက်က ဆိုလေသည်။

" တစ်ခုဘဲလား? "

Generalက ထပ်မေးလာသည်။

ယွီဟောက်က မိမိဂျူနီယာအထက်တန်းတုန်း တတိယနှစ်က ဖြစ်ပျက်ခဲ့ဖူးသမျှကို အကျဉ်းချုံး၍ အကြမ်းဖျင်းရှင်းပြနေစဉ် Generalက ငြိမ်ငြိမ်လေးသာ နားထောင်ပေးသည်။

သူက ရှင်းပြရင်း လှေကားတစ်လျှောက် အပေါ်သို့ လျှောက်လှမ်းနေလျက်။ လှေကားထစ်များပေါ်တွင် ခြေလှမ်းအနည်းငယ်လောက် တက်လျှောက်ပြီးနောက် ရုတ်တရက် မျက်စိကျိန်းလောက်သော အလင်းရောင်က နှစ်ဦးသားရှေ့ ပေါ်လာခဲ့၏။ နေရာကျယ်ပြောလှသော စင်္ကြံလမ်းတစ်ခုက ပေါ်ထွက်လာခဲ့ပြီး ဘေးတစ်ဖက်တစ်ချပ်စီတွင် ရွှေသားအတိဖြင့် ထွင်းထုထားသော ကြီးမားလှသည့် ရုပ်ထုများက နေရာယူလျက်။ စင်္ကြံလမ်းအဆုံးတွင်မူ ဧရာမတံခါးပေါက်ကြီး နှစ်ချပ်ကရှိပြီး ထိုတံခါးများအရှေ့တွင် သူရဲကောင်းတစ်ဦးက မတ်တပ်ရပ်လျက်ရှိသည်။ ယွီဟောက်က ထိုသူ၏ရုပ်ရည်ကို မေ့‌လျော့သွားခဲ့သည်မှာ အချိန်ကြာပြီဟု ထင်မှတ်ထားခဲ့သည်တိုင် ထိုသူရဲကောင်း၏ မျက်နှာမှာ နှိုင်းယှဉ်တုပ၍မရလောက်အောင် ထင်ရှားပြတ်သားလှပါ၏။

" သူကဘယ်သူလဲ? "

Generalက ဓားရှည်ကို ကျောနောက်မှ ယူလိုက်သည်။

" ကျွန်တော့်.......သူငယ်ချင်း "

ယွီဟောက်က ဖြေပေးလေ၏။

" သူ့နာမည်က လျိုဖုန်းရွှမ်. ဖုန်းရွှမ် မတွေ့ရတာတောင် ကြာပြီ "

ထိုသူသည်ကား ဂျူနီယာအထက်တန်းတူက အတူထိုင်သူ ဖြစ်သည်။ ဟွားလွင်၏ ပိုက်ဆံအိတ်ကို ခိုးယူကာ နောက်ဆုံး မိမိအဖွားအား တစ်ကျောင်းလုံးရှေ့တွင် ဒူးထောက်ရအောင် လုပ်ခဲ့သူဖြစ်သည်။ ယွီဟောက်က ဆိုလိုက်သည်။

" ငါတကယ်ကြီး ဒီနေရာကိုစောင့်မယ့်သူကို ဟွားလွင်လို့ ထင်ထားခဲ့တာ, မင်းဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး "

" မင်း စောက်ခြောက်ကောင် "

ထိုသူရဲကောင်းသည်ကား သွယ်လှသောမျက်နှာနှင့် အတွင်းသို့ ချိုင့်ဝင်နေပါသည့် မျက်ဝန်းအိမ်များ ပိုင်ဆိုင်ပါ၏။ ထိုသူက ရှည်လျားသော တုတ်ချောင်းကို လက်ထဲတွင် ကိုင်ဆောင်ထားကာ -

" မင်းက ကိုယ့်သူငယ်ချင်းကိုတောင် ရောင်းစားတဲ့ ရွံစရာစောက်ရူးကောင်ဘဲ, ငါမင်းကိုသတ်ပစ်မယ်! "

Generalက ဒေါသတကြီးဖြင့် ပြန်အော်လေသည်။

" ပါးစပ်ပိတ်ထားစမ်း! "

ယွီဟောက်ခမျာ မိမိ၏ အထိခိုက်မခံနိုင်ဆုံးနှင့် အားအနည်းဆုံးဖြစ်သည့် လျှို့ဝှက်ချက်လေးက အဖော်ထုတ်ခံလိုက်ရသောအခါ တမဟုတ်ချင်း ပြောစရာစကားတို့ ပျောက်ရှသွားရ၏။ သို့သော်လည်း General၏ ‌ဒေါသတကြီး အော်ဟစ်သံက သူ့အား ကယ်တင်ပေးလိုက်သည့် အလား။

General၏ ကျယ်လောင်လှသော အော်သံကမူ ပေါက်ကွဲထွက်လျက်-

" မင်းဘာမှမလုပ်ဘူးဆိုရင်, ငါ မင်းအတွက် အဲ့ကောင်ကို ကောင်းကောင်းဆုံးမပေးမယ်! "

ယွီဟောက်, "......"

Photo Credit.

~~~~~

{Zawgyi}

[Vol-1: The Great Wall]
ေကာက္ရေသာ ေငြသားမ်ား


"

တစ္အုပ္ကို ယြမ္၁သိန္း "

ယြီေဟာက္က ဟြမ္ထင္ထံသို႔ ဆိုေလသည္။

" အားလုံး ၁၂သိန္း "

ယြီေဟာက္သည္ကား ေႏြရာသီပိတ္ရက္မ်ားတုန္းက ယြမ္၂သိန္း၄ေသာင္းျဖင့္ မိမိအိမ္ကိုေရာင္းခ်ခဲ့၏။ ထို႔ေနာက္ အေႂကြးတင္ထားေသာ ေဆးဝါးကုသစရိတ္မ်ားအား ဆပ္ရန္ ဘဏ္ကိုသြားခဲ့ၿပီး လက္ငင္းေငြသားမ်ားကို ထုတ္ယူခဲ့ရာ တစ္အုပ္လွ်င္ ယြမ္၁သိန္း ႏႈန္းျဖစ္ၿပီး ယခုသူတို႔အားလုံး ၾကည့္ေနရသည့္ ေငြထုပ္မ်ားအတိုင္းပင္။

က်ိဳး႐ွန္းက ဟြမ္ထင္အား ေျပာလိုက္ေလသည္။

" ဘယ္သူကမ်ား ဒီေလာက္ပိုက္ဆံအမ်ားႀကီးကို ေရေလွာင္ကန္ထဲ လာထည့္သြားတာတုန္း? "

ရဲစခန္းတစ္ခုလုံးကား ႐ုတ္႐ုတ္သဲသဲျဖစ္လ်က္ အားလုံးက သူတို႔ႏွစ္ေယာက္ ႐ွာေတြ႕ခဲ့သည့္ ေငြထုပ္ႀကီးကို လာၾကည့္ေနၾကသည္။

ဟြမ္ထင္က ေမးလိုက္၏။

" မင္းတို႔ႏွစ္ေယာက္က က်ဳန္း႐ွန္းေရေလွာင္ကန္ထဲ ဘာဆင္းလုပ္ေနၾကတာလဲ? "

ယြီေဟာက္, "အမ္......"

က်ိဳး႐ွန္းက ဟြမ္ထင္အား ရန္စသလိုအၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး -

" အဲ့တာ ခင္ဗ်ားတို႔နဲ႔ ဘာဆိုင္လို႔လဲ? "

" ဆိုင္တာေပါ့ "

ဟြမ္ထင္က ဆိုေလသည္။

" ခုခ်ိန္က ညလယ္ေခါင္းႀကီးေလ, ဘာကိစၥ တကၠသိုလ္ေက်ာင္းသားႏွစ္ေယာက္က ေရေလွာင္ကန္နားမွာ ေရာက္ေနရမွာလဲ? "

" ကြၽန္ေတာ္ သူ႕ကိုေရကူးေလးေတာင္ သင္ေပးလို႔မရဘူးလား? "

က်ိဳး႐ွန္းက ျပန္ေျပာေလသည္။

ခ်န္းယဲ့ခိုင္ကလည္း ၀င္ေျပာလာသည္။

" အမွန္တိုင္းေျပာစမ္း! ယြီေဟာက္, မင္းကိုယ္တိုင္ ေသခ်ာ႐ွင္းျပ "

ထို႔ေၾကာင့္ ယြီေဟာက္လည္း အမွန္တိုင္းေျပာျပလိုက္ရေလ၏။ အေသအခ်ာပင္ မိမိအိမ္မက္ထဲမွ မဟူရာနဂါးအေၾကာင္းကိုေတာ့ မေျပာခဲ့ပါ။ သင္႐ိုးၫႊန္းတမ္းဖတ္စာအုပ္မွ အေၾကာက္တရားအား ေက်ာ္လႊားႏိုင္ရန္ နည္းလမ္းမ်ားအေၾကာင္း ဖတ္႐ႈခဲ့ဖူးသည္ဟုသာ ေျပာေလသည္။ ဟြမ္ထင္က က်ိဳး႐ွန္းကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ယြီေဟာက္ထံ တစ္ခ်က္ျပန္ၾကည့္ေလသည္။

" ကြၽန္ေတာ္ထင္တာ ဒီပိုက္ဆံေတြက လာဘ္စားတဲ့ အစိုးရ၀န္ထမ္းအရာ႐ွိ တစ္ေယာက္ေယာက္ရဲ႕ေငြေတြ ျဖစ္ေနေလာက္တယ္လို႔! "

က်ိဳး႐ွန္းက ဆက္ေျပာေလသည္။

" ေရေရရာရာဇစ္ျမစ္မ႐ွိတဲ့ ေငြေၾကးဥစၥာပမာဏ အမ်ားႀကီးကို လက္၀ယ္ပိုင္ဆိုင္တာေလ, သတင္းမွာပါေနက် အမႈမ်ိဳးေတြမဟုတ္ဘူးလား? က်ားႀကီးတစ္ေကာင္‌ေကာင္ေတာ့ အေဖာ္ခံရေတာ့မယ္ေဟး.., ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ဆုခ်ီးျမႇင့္ခံရသင့္တဲ့ အကူအညီမ်ိဳး လုပ္ေပးခဲ့တာေလ, ခင္ဗ်ားတို႔က ေက်းဇူးေတာင္တင္သင့္တယ္မဟုတ္ဘူးလား? "

[T/N: တ႐ုတ္ျပည္ရဲ႕ မႈခင္းပုဒ္မ ၃၉၅အရ, အစိုးရ၀န္ထမ္းအရာ႐ွိေတြမွာ တရား၀င္သတ္မွတ္ထားတဲ့ ပိုင္ဆိုင္မႈေငြေၾကးဥစၥာထက္ ေက်ာ္လြန္ေနရင္ ပိုေနတဲ့ပိုင္ဆိုင္မႈရဲ႕ မူလဇစ္ျမစ္ကို ေသခ်ာ႐ွင္းျပရေပးရမွာျဖစ္ပါတယ္၊ မ႐ွင္းျပႏိုင္ဘူးဆိုရင္ တရားမ၀င္ေငြမဲအျဖစ္ သတ္မွတ္ခံရၿပီး ငါးႏွစ္ထက္မပိုတဲ့ ေထာင္ဒဏ္က်ခံရမွာပါ၊ အမႈအေသးအႀကီးေပၚမူတည္ၿပီး က်တဲ့ႏွစ္ ကြဲျပားသြားမွာျဖစ္ပါတယ္ / က်ိဳး႐ွန္းေျပာတဲ့ က်ားႀကီးေတြဆိုတာကလည္း အဲဒီလာဘ္စားတဲ့ အရာ႐ွိေတြကိုရည္ၫႊန္းတာပါ ]

တစ္ခါတစ္ခါ ခ်န္းယဲ့ခိုင္၏မ်က္ႏွာထက္၌ က်ိဳး႐ွန္းအား "ဆက္မေျပာပါနဲ႔ေတာ့"ဟု ေတာင္းပန္ေနသည့္ အမူအရာမ်ိဳး႐ွိေနေလ၏။ သို႔သည္တိုင္ သူမထင္မွတ္ထားခဲ့သည့္ ယြီေဟာက္ကပါ ၀င္ေျပာလာေလသည္။

" ဒါေတာ္ေတာ္ေလးျဖစ္ႏိုင္တယ္, ဒီကိစၥကို ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္ စစ္ေဆးသင့္တယ္ "

" ဒါေပမယ့္ ဒီကိစၥက မင္းတို႔ႏွစ္ေယာက္နဲ႔ မဆိုင္ဘူး "

ဟြမ္ထင္က သူတို႔၏ ထြက္ဆိုခ်က္မ်ားကို မွတ္တမ္းယူၿပီးေနာက္ လက္ပ္ေတာ့ကိုပိတ္လိုက္ၿပီး -

" မုန္လာဥျဖဴအငံကို စားတဲ့သူအေနနဲ႔ ႐ိုး႐ိုးမုန္လာဥျဖဴအေပါ့က ဘယ္လိုအရသာ႐ွိလဲ မင္းတို႔သိစရာမလိုဘူး...... Yo! ရဲမႉးႀကီးပါလား? "

[T/N: အဓိပၸာယ္က အားယားေနတိုင္း ကိုယ္နဲ႔မဆိုင္တဲ့ ကိစၥေတြကို လိုက္ၿပီး၀င္႐ႈပ္ခ်င္မေနနဲ႔လို႔ ဆိုလိုတာပါ ]

ရဲမႉးႀကီးသည္ကား ဖုန္းလက္ခံရ႐ွိၿပီးေနာက္ ညစာစားေနရင္း တန္းလန္းျဖင့္ပင္ အေျပးလာခဲ့ရျခင္းျဖစ္၏။ လူတိုင္းက မတ္တပ္ထလိုက္ၿပီး ရဲမႉးႀကီးႏွင့္ လက္ဆြဲႏႈတ္ဆက္ၾကေလသည္။ ရဲမႉးႀကီးက ယြီေဟာက္ႏွင့္ က်ိဳး႐ွန္းတို႔၏ ပုခုံးမ်ားကိုပုတ္ေပးလိုက္ၿပီး " လူငယ္ေတြအတြက္ ဒီလိုုျဖား‌ေယာင္းဆြဲေဆာင္မႈမ်ိဳးကို ေတာင့္ခံႏိုင္ဖို႔မလြယ္ဘူး " ဆိုသည့္ စကားမ်ားျဖင့္ တလည္ဆက္ ခ်ီးက်ဴးေနေတာ့သည္။ ခ်န္းယဲ့ခိုင္က ႐ုတ္တရက္ အၾကံဉာဏ္ေကာင္းတစ္ခုရသြားၿပီး ၾကဳံတုန္း ေကာင္းေကာင္းအသုံးခ်လိုက္ေလသည္။

" ခင္ဗ်ားတို႔ဘက္က ေက်ာင္းသားယြီေဟာက္အတြက္ ပိုးသားဂုဏ္ျပဳစာတန္းအလံေလး လုပ္ေပးလို႔အဆင္ေျပမလားမသိဘူး? "

" အဲ့တာကေလ....... ကြၽန္ေတာ္တို႔ဘက္က ခုထိပိုင္႐ွင္ကို မေတြ႕ေသးဘူးဆိုေတာ့.. "

ရဲမႉးႀကီးက တြန္႔ဆုတ္ေတြေဝေနၿပီးေနာက္ -

" ဘယ္သူ႕နာမည္ေအာက္ကေန သက္ေသျပဳၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ေပးရမလဲ မသိဘူးဗ်, ဒီလိုဆိုရင္ေရာ..... "

က်ိဳး႐ွန္းက ႐ုတ္တရက္၀င္ေျပာေလ၏။

" 'ျပည္သူေတြကို သက္ေသျပဳ' ၿပီးလုပ္ရမွာေပါ့ဗ်, ေျပာရမယ္ဆိုရင္, အစဥ္အလာရ ေျပာၾကစတမ္းဆို ေကာက္ရတဲ့လူက ပိုက္ဆံေတြယူထားတာမ်ိဳး မလုပ္ခဲ့ဘူးဆိုရင္ ေငြရဲ႕ ဆယ္ရာခိုင္ႏႈန္းကို ေက်းဇူးဆပ္တဲ့အေနနဲ႔ အဲ့လူဆီ ေပးရတယ္မဟုတ္လား? "

[T/N: ' 人民的名义 / In the Name of People က စာေရးဆရာ က်ိဳးမိန္စန္း ရဲ႕ ၀တၳဳကို အေျခခံထားတဲ့ TV seriesတစ္ခုပါ ၊ ဇာတ္လမ္းထဲမွာ အစိုးရေ႐ွ႕ေနတစ္ေယာက္က လာဘ္စားတဲ့အရာ႐ွိေတြကို ေဖာ္ထုတ္တဲ့အေၾကာင္းဘဲ မလို႔ က်ိဳး႐ွန္းက ထည့္သုံးလိုက္တာပါ ]

ရဲမႉးက ခ်က္ခ်င္း ျပန္ေျဖေတာ့ေလသည္။

" ေသခ်ာေပါက္ ဂုဏ္ျပဳအလံ ခ်ီးျမႇင့္ေပးရမွာေပါ့ဗ်ာ "

" ကြၽန္ေတာ့္ကိုယ္တိုင္ စီစဥ္ၿပီးလုပ္လိုက္ပါ့မယ္ "

ခ်န္းယဲ့ခိုင္ကလည္း ခ်က္ခ်င္း ဆိုေလသည္။

" ရဲစခန္း အမည္ေအာက္ သက္ေသထားၿပီး လုပ္လည္း အဆင္ေျပပါတယ္ဗ် "

သူကေျပာၿပီးေနာက္ က်ိဳး႐ွန္းထံ လွည့္ကာ ျမန္ျမန္ဆန္ဆန္ ထည့္ေျပာလိုက္ေလသည္။

" မင္းတို႔ႏွစ္ေယာက္စလုံး အတူေရးရမယ္ "

ဟြမ္ထင္ကလည္း ထပ္မံေပါင္းထည့္၍ ရဲမႉးႀကီးထံ ကူ႐ွင္းျပလာ၏။

" ဒီကေလးက ေလာေလာဆယ္ မတရားစြတ္စြဲခံထားရလို႔ပါဗ်၊ ဂုဏ္ျပဳပိုးသားအလံက ေက်ာင္းကအႀကီးအကဲေတြ သူ႕အေပၚမွာထားတဲ့ ထင္ျမင္ခ်က္ေတြ ေျပာင္းသြားေအာင္ လုပ္ေပးႏိုင္ေလာက္တယ္၊ ေက်ာင္းသားယြီေဟာက္က ႐ိုးသားတဲ့ကေလးတစ္ေယာက္ပါ..... ဒါေပါ့, ဒီ.... အနီေရာင္...... ေ႐ႊေရာင္ဆံပင္နဲ႔......ေက်ာင္းသားလည္း အတူတူပါပဲ "

မည္သူကမွ က်ိဳး႐ွန္းအား ရန္မစရဲသလို သူ႕ထံမွ ထပ္ၿပီးအေထ့အေငါ့ခံရမွာလည္း မလိုလားၾကေပ။ ထို႔ေၾကာင့္ ဟြမ္ထင္ခမ်ာ က်ိဳး႐ွန္းအတြက္ပါ စကားထည့္ေပးရေလသည္။

ယြီေဟာက္တစ္ေယာက္ ႐ုတ္ခ်ည္း ခ်န္းယဲ့ခိုင္ႏွင့္ ဟြမ္ထင္အတြက္ အားရပါးရကို လက္ခုပ္လက္ဝါး တီးေပးခ်င္စိတ္မ်ား ေပၚလာရ၏။

ရဲစခန္းမွ ထြက္လာခဲ့ၿပီးေနာက္ ခ်န္းယဲ့ခိုင္က အငွားကားတစ္စီးေခၚလိုက္ၿပီး ေ႐ွ႕ခန္းတြင္ထိုင္လ်က္ Taobao (OS site) တြင္ ႐ွာေနစဥ္ ေမးလိုက္ေလသည္။

" ဒီကိစၥကို က်ဳန္း႐ွန္းရဲစခန္းမွာ လာတိုင္ဖို႔ ဘာလို႔ ေတြးမိတာလဲ? "

" ဒီရဲစခန္းလိပ္စာတစ္ခုဘဲ သိလို႔ေလ "

က်ိဳး႐ွန္းက ျပတင္းေပါက္အျပင္ဘက္ကိုသာ ၾကည့္ေနလ်က္ မထူးမျခားနားေျဖလာေလသည္။

" ငါမင္းကို တစ္မွတ္ေပးလိုက္ၿပီ "

ခ်န္းယဲ့ခိုင္က ၿမိဳ႕အတြင္း ပိုးသားအလံ ျပဳလုပ္ေရာင္းခ်ေသာ ဆိုင္ကို႐ွာေတြ႕သြားၿပီး မနက္ျဖန္ခ်က္ခ်င္းရရန္ အျမန္အေခ်ာပို႔စနစ္ျဖင့္ ေအာ္ဒါမွာလိုက္ေလ၏။ သူကစကားေျပာၿပီးေနာက္ အေနာက္သို႔လွည့္ကာ ယြီေဟာက္ထံၾကည့္လိုက္ရင္း -

" မင္းလည္း ေတာ္တယ္, ေငြေၾကးက ျဖားေယာင္း‌ေသြးေဆာင္တာေတာင္ ခံႏိုင္လို႔ "

" ကြၽန္ေတာ္ အဲ့ေလာက္အမ်ားႀကီး စဥ္းစားမေနပါဘူး "

ယြီေဟာက္က ဆိုသည္။

" ကြၽန္ေတာ့္ဘ၀မွာ ဒီေလာက္ပိုက္ဆံေတြအမ်ားႀကီး ပထမဆုံးျမင္ဖူးတာပဲ၊ ဒါေပမယ့္လည္း ကြၽန္ေတာ္ ပိုင္တဲ့ဟာမဟုတ္လို႔ မယူထားသင့္ဘူးေလ "

က်ိဳး႐ွန္းက ေလးေလးနက္နက္ေျပာလာခဲ့သည္။

" ခ်န္းေလာင္႐ွီး, ဘာလို႔သူတို႔ကို ဂုဏ္ျပဳအလံလုပ္ဖို႔ ေျပာလိုက္ရတာလဲ? အဲ့လိုလုပ္လိုက္ရင္ ရဲစခန္းက ေငြေတြ ေကာက္ရထားပါတယ္ဆိုတာကို လူေတြအကုန္မသိသြားဘူးလား? ကြၽန္ေတာ္တို႔ ဘာမွမေျပာဘဲနဲ႔ စခန္းမွာဘဲ ဒီအတိုင္း တိုးတိုးတိတ္တိတ္ ထားခဲ့သင့္တာ၊ ၿပီးရင္ တိမ္မွ်င္ေလးတစ္မွ်င္ကိုေတာင္ မယူ‌ေဆာင္သြားဘဲ ၀တ္႐ုံလက္ကို ညင္ညင္သာသာေလးခါၿပီး သိုသိုသိပ္သိပ္ထြက္လာရမွာ ၊ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ပိုက္ဆံေတြက အက်င့္ပ်က္ျခစားေနတဲ့ အထက္အရာ႐ွိေတြ ခိုးထားတဲ့ပိုက္ဆံေတြေလ၊ ကြၽန္ေတာ္တို႔ အစိုးရကိုအပ္လိုက္ရင္ ႏိုင္ငံ့ဘ႑ာထဲဘဲ ျပန္ျဖည့္သြားၿပီး ေနာက္ဆုံး အဲ့အက်င့္ပ်က္ အထက္လူႀကီးေတြရဲ႕ အိတ္ကပ္ထဲဘဲ ထပ္ၿပီး ျပန္ေရာက္သြားမွာ "

[T/N: ႐ႊီက်စ္ေမာ္ရဲ႕ " 再别康桥/ Goodbye Cambridge " ဆိုတဲ့ ကဗ်ာထဲက စာသားေတြပါ၊ က်ိဳး႐ွန္းက ႐ုတ္တရက္ႀကီး ႐ိုမန္႔တစ္ကဗ်ာစာသားေတြ ထ႐ြတ္? LMAO ]

" ဒါေပမယ့္ေလ, ရဲစခန္းကသာ ယူထားလိုက္မယ္ဆိုရင္ ျပည္သူေတြအတြက္ တာ၀န္ထမ္းေဆာင္ေပးေနတဲ့ ရဲေတြရဲ႕ဘ၀ေတြ တိုးတက္သြားႏိုင္တယ္ေလဗ်ာ......ႏွစ္ကုန္ရင္လည္း ေဘာနပ္စ္လစာအေနနဲ႔ ယြမ္းငါးေသာင္း ၊ တစ္သိန္းေလာက္ ရႏိုင္ေသးတယ္၊ ဒါဆို အကုန္လုံးလည္း ေပ်ာ္႐ႊင္ရၿပီ......."

ရဲမႉးႀကီးမွ အိတ္ကို ေတာက္ေတာက္ပပ ဝင္းလက္ေနသည့္ မ်က္လုံးမ်ားျဖင့္ ဖြင့္ၾကည့္ေနေသာ ျမင္ကြင္းက ယြီေဟာက္စိတ္ထဲ ႐ုတ္တရက္ ေပၚလာရ၏။

က်ိဳး႐ွန္း, " ကြၽန္ေတာ္က ေနာက္တာပါ, ဟြမ္ထင္ကေတာ့ ရဲအရာ႐ွိေကာင္းတစ္ေယာက္ပါပဲ၊ ဒါေပမယ့္ ကြၽန္ေတာ္တစ္ခုေျပာျပမယ္ - အဲ့ရဲမႉးကေတာ့ သတင္းဆိုးဘဲ "

ယြီေဟာက္, " ဘာလို႔လဲ? "

က်ိဳး႐ွန္း, " ငါလည္း ဘယ္လို႐ွင္းျပရမလဲေတာ့ မသိဘူး, ဘာပဲျဖစ္ျဖစ္ အဲ့လူႀကီးကေတာ့ ျခစားေနတဲ့လူႀကီးဘဲ၊ ဒီကိစၥက သိပ္ေတာ့ ေကာင္းေကာင္းအဆုံးသတ္မွာ မဟုတ္ဘူး "

ခ်န္းယဲ့ခိုင္မွာမူ က်ိဳး႐ွန္းႏွင့္ ဘယ္လိုရင္ဆိုင္ရမည္ကို မသိေတာ့သျဖင့္ ေျပာစရာစကားမ်ားပါ ေပ်ာက္႐ွေနရေလ၏။ သူကေျပာလိုက္ေလသည္။

" အဓိပၸာယ္မ႐ွိတာေတြ ေလွ်ာက္ေျပာမေနစမ္းနဲ႔, ၁.၂ မီလီယံ..... ဒီေလာက္ပိုက္ဆံေလးက ဘာလုပ္လို႔ရမွာမလို႔လဲ? ငါတို႔ လီရဲမႉးႀကီးကို မေျဖာင့္မွန္တဲ့ ေၾကာင္သူေတာ္ႂကြက္သူခိုးလိုမ်ိဳး ေျပာမေနနဲ႔, ဟုတ္ၿပီလား? အျခားေစာင့္ၾကည့္ေနတဲ့ သူေတြလည္း ႐ွိေနတာပဲကို "

" ဒီေလာက္ပိုက္ဆံေလး? ဒီေလာက္ပိုက္ဆံေလးတဲ့လား?! "

က်ိဳး႐ွန္းက သူ႕ေပါင္သူ တျဖန္းျဖန္း႐ိုက္ရင္း ေျပာေလသည္။

" ကြၽန္ေတာ့္မွာသာ ၁.၂မီလီယံေလာက္႐ွိရင္ေလ ဘာလို႔ စာလာသင္ေနဦးမွာလဲ? "

ခ်န္းယဲ့ခိုင္က မ်က္ႏွာထားတင္းတင္းျဖင့္ ေျပာလာေလ၏။

" မင္းဘ၀တစ္ေလွ်ာက္လုံးမွာ ဒီ၁မီလီယံေလာက္ေလးဘဲ ပိုက္ဆံ႐ွာႏိုင္မွာ မဟုတ္ဘူးေလ၊ မင္း အဲ့လိုသာ ေတြးေနရင္ မင္းဘ၀ေတာ့ သြားၿပီဘဲ၊ ငါသာဆိုလည္း ဒီပိုက္ဆံကို အစိုးရဆီ အပ္လိုက္မွာဘဲ၊ က်ိဳး႐ွန္းရာ... မင္းဘာလို႔ ကိုယ္တကယ္မရည္႐ြယ္တဲ့ စကားေတြကိုဘဲ ေျပာေနရတာလဲ? နဲနဲေလးပိုၿပီး စိတ္ရင္းမွန္လို႔မရဘူးလား? "

က်ိဳး႐ွန္းကလည္း ျပတ္ျပတ္သားသား ဆိုလာသည္။

" ဒါဆိုကြ်န္ေတာ္္ေျပာမယ္, ကြၽန္ေတာ္တို႔ ခ်န္းေလာင္႐ွီးရဲ႕ ပုဝါတစ္ထည္နဲ႔တင္ ယြမ္ ႏွစ္ေသာင္းေလးေထာင္ က်ေနတာကိုး၊ ဒါေပါ့ ခင္ဗ်ားကေတာ့ ဒီေလာက္ေငြေလးကို သိပ္ၿပီးမ်ားမ်ားစားစား ေတြးမေနဘူးေပါ့ဗ်ာ......."

ယြီေဟာက္, "......."

ခ်န္းယဲ့ခိုင္ခမ်ာ က်ိဳး႐ွန္းကို ခ်က္ခ်င္းၾကားျဖတ္ေျပာရေတာ့သည္။

" မင္း ဒီအေၾကာင္း လုံး၀, လံုး၀ ‌ေကာလိပ္မွာေျပာလို႔မျဖစ္ဘူး! "

ထိုေန႔က ခ်န္းယဲ့ခိုင္တစ္ေယာက္ ႐ႊဲလုံ၏ ဖုန္းေခၚဆိုမႈကို လက္ခံရ႐ွိၿပီးေနာက္ ယြီေဟာင္ႏွင့္ေတြ႕ဆုံရန္ သူ႕ခမ်ာ ခ်က္ခ်င္းေဆး႐ုံသို႔ ေရာက္လာခဲ့ၿပီး လည္ပင္းမွပုဝါခြၽတ္ဖို႔ ေမ့သြားခဲ့၏။ က်ိဳး႐ွန္းသည္ကား အကင္းပါးလြန္းသျဖင့္ တစ္ခ်က္ၾကည့္႐ုံႏွင့္ ေတြ႕သြားခဲ့ၿပီး ဤအေၾကာင္းကို အသုံးျပဳ၍ သူ႕ထံ တန္ျပန္တိုက္ခိုက္လာလိမ့္မည္ဟု လုံး၀မေတြးမိခဲ့ပါေခ်။ ဆရာတစ္ေယာက္အေနျဖင့္ ဤကဲ့သို႔ မိမိ၏ခ်မ္းသာႂကြယ္မႈကို ႂကြားလုံးထုတ္ျခင္းကား....... အ႐ွိန္အဝါေကာင္းတစ္ခု ဟုတ္မေနခဲ့။

" ၁.၂ မီလီယံ "

တီးတီး(ကားကုမၸဏီ)ဒ႐ိုင္ဘာကလည္း ကားစတီယာရင္ ဘီးကိုကိုင္ထားရင္း -

" ကြၽန္ေတာ္သာ ၁.၂မီလီယံေလာက္႐ွိရင္ ဘာလို႔ တီးတီးဒ႐ိုင္ဘာ လုပ္ေနဦးမလဲ? "

ခ်န္းယဲ့ခိုင္, "......"

က်ိဳး႐ွန္းက အာၿပဲလွ်ာၿပဲ ထရယ္လာၿပီး ႐ႊတ္ေနာက္ေနာက္ျဖင့္ စေနာက္ဟန္ ယြီေဟာက္အား သူ႕ရင္ခြင္ထဲ ဆြဲဖက္လိုက္စဥ္ ခ်န္းယဲ့ခိုင္ကေတာ့ ကူကယ္ရာမဲ့‌ေန႐ွာပုံ ေပၚလ်က္။ ေကာလိပ္သို႔ျပန္ေရာက္ေသာအခါ ခ်န္းယဲ့ခိုင္က က်ိဳး႐ွန္းအား ပုဝါကိစၥ ေလွ်ာက္မဖြရန္ အတန္တန္မွာၿပီးမွ သူတို႔ႏွစ္ေကာင္အား ျပန္လႊတ္ေလ၏။

၁.၂ မီလီယံ....... ယြီေဟာက္တစ္ေယာက္ အရင္ရက္မ်ားတုန္းက ျဖစ္ပ်က္ခဲ့သမွ်ကို အကုန္နီးပါး ေမ့သြားၿပီျဖစ္ၿပီး သူ႕စိတ္အစဥ္သည္ကား ပိုက္ဆံေကာက္ရတုန္းက ျမင္ကြင္းမ်ားျဖင့္သာ ျပည့္ႏွက္လ်က္။

[ ငါ့တို႔ ဘာကိစၥ ယြမ္တစ္ရာေလာက္ဘဲ မေကာက္ရမိတာလဲကြာ? ]

က်ိဳး႐ွန္းက QQမွတစ္ဆင့္ မက္ေဆ့ခ်္ပို႔လာသည္။

ယြီေဟာက္: [ ငါတို႔သာ တကယ္ ယြမ္တစ္ရာဘဲေကာက္ရခဲ့ရင္ ရဲကို အေၾကာင္းၾကားမိမယ္ မထင္ဘူး, ဘာလိုပဲျဖစ္ျဖစ္ ငါတို႔ ပိုင္႐ွင္ကို႐ွာေတြ႕မွာမွ မဟုတ္တာ ]

က်ိဳး႐ွန္း: [ (ႏႈတ္ခမ္းေစ့ထားလ်က္) ယြမ္ငါးဆယ္ဆိုရင္ေတာင္ အဆင္ေျပေသးတယ္ ]

ယြီေဟာက္: [ တစ္ဆယ္ယြမ္ဆိုလည္း မဆိုးပါဘူး ]

က်ိဳး႐ွန္း: [ တစ္ဆယ္ယြမ္က ဘာ၀ယ္လို႔ရမွာတုန္း?! ေနာက္ရက္က် အလုပ္အတူတူ႐ွာရေအာင္. ငါခုမွသတိရလို႔, အဲ့ေက်ာင္းသူမိဘက မင္းကိုက်ဴတာေၾကး မ‌ေပးရေသးဘူးမလား? ]

ယြီေဟာက္: [ ငါ့ကိုေထာင္ထဲမပို႔ရင္ဘဲ ကံေကာင္း. က်ဴတာေၾကးေပးဖို႔လည္း ေမွ်ာ္မေနေတာ့ပါဘူး ]

က်ိဳး႐ွန္း: [ အဲ့လူႀကီးလာရင္ မင္းပိုက္ဆံျပန္ရဖို႔ ငါကူညီေပးမယ္ေလ. ၿပီးရင္ မင္းကငါ့ကို ျပန္၀ယ္ေကြၽးေပါ့. ဘူေဖး, တစ္ေယာက္ကို ယြမ္၁၆၀တန္ဟာ ]

ယြီေဟာက္: [ ရတယ္ေလ ]

ထို႔ေနာက္ ယြီေဟာက္က ဖုန္းဆက္ပိတ္ထားလိုက္သည္။ ယေန႔သည္ကား သူ႕ဘ၀၌ ပထမဆုံးအႀကိမ္ လူအမ်ားႀကီးႏွင့္ ဆက္ဆံဖူးျခင္းျဖစ္ၿပီး ပထမဆုံးအႀကိမ္ စကားအမ်ားႀကီး ေျပာဖူးျခင္းလည္းျဖစ္၏။ ဒီထက္ပိုၿပီး မပင္ပန္းႏိုင္ပါေတာ့ေခ်။ ဒီကေန႔ေတာ့ အခန္းေဖာ္မ်ားက အျပင္ထြက္ မအိပ္ၾကေတာ့သျဖင့္ ေဘးကပ္ရပ္ကုတင္မွာအိပ္သူက က်ယ္က်ယ္ေလာင္ေလာင္ ေဟာက္လ်က္႐ွိၿပီး အေပၚထပ္အိပ္စင္ကေတာ့ ႐ူးေလာက္ေအာင္ကို လႈပ္ခါေနေလ၏။ ယြီေဟာက္က ေျခေထာက္ကို ဆန္႔ထုတ္လိုက္ၿပီး အေပၚထပ္ကုတင္သို႔ ႏွစ္ခ်က္ေလာက္ကန္လိုက္သည္။ သူသည္ကား အေပၚထပ္ကလူကို သိပ္ၿပီးဦးစားေပး မေနခ်င္ေတာ့။

" အိပ္ေတာ့ဟ! "

ယြီေဟာက္က စိတ္မ႐ွည္ေတာ့သျဖင့္ ယဥ္ယဥ္ေက်းေက်း ေျပာမေနေတာ့ဘဲ ေအာ္လိုက္‌ေလသည္။

" ဂြင္းထုခ်င္ရင္ အိမ္သာထဲသြားထု! "

အေဆာင္အခန္းအတြင္း၌ အားရပါးရ ေအာ္ရယ္သံမ်ားႏွင့္ ျပည့္ႏွက္သြား၏။ ယြီေဟာက္မွာမူ မိမိသည္ကား ငေပ်ာ့တစ္ေယာက္ မဟုတ္ေတာ့သျဖင့္ ကိုယ့္ကိုယ္ကို အနည္းငယ္အံ့အားသင့္သြားရ၏။ ဘာပဲျဖစ္ျဖစ္ ေနာက္ဆုံးေတာ့ အေပၚထပ္အိပ္စင္ကေတာ့ လႈပ္ေနတာရပ္သြားၿပီး ျဖစ္သည္။ သူက ‌ေဟာက္သံမ်ားကို ပိတ္ဆို႔ရန္ နားၾကပ္လိုက္ၿပီးေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားေတာ့သည္။

သမုဒၵရာေရမ်ား တိုက္စားသြားသည့္အလား က်ယ္ေလာင္စူး႐ွလွေသာ သီခ်င္းက စတင္ထြက္ေပၚလာခဲ့ၿပီးေနာက္ ယြီေဟာက္မွ မ်က္လုံးမ်ားကို ဖြင့္ၾကည့္လိုက္ရာ မိမိမွာ စစ္သည္ေတာ္အုပ္စုႀကီး အလယ္၌ ေရာက္ေနခဲ့၏! မိမိနား႐ြက္မ်ား,နားတြင္ ေဒါသတႀကီး ေအာ္ဟစ္ေနေသာ General၏ အသံကို ၾကားလိုက္ရေလသည္။

" ငါတို႔တိုက္ပြဲအတြင္းကို ဘာကိစၥ BGM (background music) ႀကီးပါ ယူလာရတာတုန္း?! "

" ကြၽန္ေတာ္ခုေလးတင္မွ အိပ္ေပ်ာ္သြားတာေလ! သီခ်င္းနားေထာင္ေနရင္းနဲ႔! "

ယြီေဟာက္က စစ္သည္ေတာ္တစ္ေယာက္ မိမိတို႔ဆီ ေျပးလာတာကို ေတြ႕ေသာအခါ လက္ထဲမွ အ၀တ္လွန္းတုတ္ကို ေဝွ႔ယမ္းလိုက္ေလသည္။ ရန္သူဘက္မွ ဗိုလ္ခ်ဳပ္သည္ကား ေခါင္းအစေျခအဆုံး သံခ်ပ္ကာမ်ား ၀တ္ဆင္ထား၏ -- ထိုသူက မိမိဂ်ဴနီယာအထက္တန္းတုန္းက အတန္းပိုင္ဆရာပင္။

" သူ႕ကို ခ်ပစ္လိုက္! "

ယြီေဟာက္က ေအာ္ေလသည္။

Generalက ႀကီးမားလွေသာဓားႀကီးကို လႊဲရမ္းလိုက္ၿပီး ျပန္ေအာ္ဟစ္ေလသည္။

" ဒါဆိုလည္း တစ္ခုခုလုပ္ေလ!! "

အၾကားအာ႐ုံမ်ားပင္ ထုံထိုင္းသြားေစေလာက္ေအာင္ က်ယ္ေလာင္လွေသာ သီခ်င္းသံႀကီးက အထက္အာကာယံမွထြက္ေပၚေနလ်က္ ထိုခမ္းခမ္းနားနား သီခ်င္းသံႀကီးကို ေနာက္ခံထား၍ ယြီေဟာက္က အ၀တ္လွန္းတုတ္ကို လက္ႏွစ္ဖက္စလုံးျဖင့္ ကိုင္ေဆာင္ထားလိုက္သည္။ အ၀တ္လွန္းတုတ္မွာမူ တစ္ခုခုကို အာ႐ုံခံမိသြားပုံေပၚၿပီး ႐ုတ္ခ်ည္း ေ႐ႊအိုေရာင္ အလင္းတန္းမ်ားက ထြက္ေပၚလာခဲ့ၿပီးေနာက္ တမဟုတ္ခ်င္း မိုးႀကိဳးလွ်ပ္စီးမ်ားကလည္း တဂ်ိမ္းဂ်ိမ္း ‌ေနာက္ဆက္တြဲအေနျဖင့္ ပစ္ခတ္လာခဲ့သည္။

ယြီေဟာက္တစ္ေယာက္ အလင္းတန္းမ်ားထဲ၌ ဝါးၿမိဳခံလိုက္ရၿပီးေနာက္ မိမိပုံပန္းသြင္ျပင္ကပါ ေျပာင္းလဲသြားခဲ့သျဖင့္ အံ့ဩမွင္သက္သြားရ၏။ သူသည္ကား ၾကယ္သီးမ်ားျဖဳတ္ထားကာ တင္ပါးအထိေရာက္သည့္ အေပၚ၀တ္ cardiganအတိုကို ၀တ္ဆင္ထားၿပီး ၎က မိမိခႏၶာကိုယ္ထက္တြင္ ႐ုတ္ခ်ည္း ႐ုပ္လုံးေပၚလာခဲ့သည္။ အက်ႌဒီဇိုင္းသည္ကား လွ်ပ္စီးေၾကာင္း ပုံစံကြက္မ်ားျဖင့္ အလွဆင္ျပဳလုပ္ထားၿပီး နန္းတြင္း၀တ္ ၀တ္႐ုံမ်ိဳးႏွင့္ဆင္တူကာ အတြင္းတြင္ ႏွင္းပမာ ျဖဴစြတ္ေသာ ႐ွပ္ကတြဲလ်က္ပါ႐ွိေလသည္။

လက္ထဲမွ အ၀တ္လွန္းတုတ္ကား ၿပိဳးၿပိဳးပ်က္ပ်က္ လင္းလက္လ်က္ ေ႐ႊေရာင္အလင္းတန္းမ်ားမွာ အရပ္ေလးမ်က္ႏွာသို႔ ပစ္ခတ္ထုတ္လႊတ္လ်က္႐ွိ၏။ ၎၏ ခင္းရင္းခြသဏၭာန္ ေနရာအစြန္း၌ ႏွစ္ျခမ္းကြဲသြားရၿပီး စီးဆင္းလွ်ပ္ေျပးေနသည့္ အလင္းတန္းက ႐ွည္လ်ားေသာ ေၾကးနီေရာင္ဓားႏွစ္ေခ်ာင္းအျဖစ္သို႔ ျပန္လည္တည္ေဆာက္သြား၏!

ယြီေဟာက္က ေလခြၽန္လိုက္ေလသည္။ လက္ႏွစ္ဖက္စလုံးတြင္ ဓားတစ္ေခ်ာင္းစီ ကိုင္ေဆာင္ထားသည္မွာ လက္နက္ႏွစ္ပါးေဆာင္ စစ္သည္ေတာ္အလား။ ေျမျပင္ထက္၀ယ္ ျပန္လည္သက္ဆင္းေသာအခါ ကိုယ္ကိုအနည္းငယ္ကိုင္းလ်က္ ဓားႏွစ္ေခ်ာင္းကို ေ႐ွ႕သို႔ထုတ္လိုက္ေလသည္။ ဓား၏ထိပ္ဖ်ားမွ အျပင္သို႔ ထြက္ေပၚလာေသာ လွ်ပ္စီးေၾကာင္းမ်ားမွာ ပင္လယ္ဒီ‌ေရလိႈင္းမ်ား တိုက္ခတ္ေနပါသကဲ့သို႔ - အေတာင္ပံတစ္စုံအား ျဖန္႔က်က္ထားေလသည့္ နတ္ဘုရားတစ္ပါးႏွယ္ ေ႐ွ႕တန္းတပ္ စစ္သည္အင္အားစုႀကီးႏွင့္ ထိပ္တိုက္ရင္ဆိုင္ေလေတာ့သည္။

Generalကလည္း အက်ယ္ႀကီးေအာ္လ်က္ အားေပးအားေျမာက္ျပဳကာ ႀကီးမားလွေသာ ဓားကိုလႊဲရမ္းရင္း ေနာက္မွနီးနီးကပ္ကပ္ လိုက္ေလ၏။ လွ်ပ္စီးေၾကာင္းမ်ားႏွင့္ မိုးႀကိဳးမ်ားမွာလည္း အရပ္ေလးမ်က္ႏွာယံမွ တဂ်ိန္းဂ်ိန္း ပစ္ခတ္လ်က္ ေ႐ွ႕တူ႐ႈ႐ွိ စစ္သည္ေတာ္မ်ားကို တမဟုတ္ခ်င္း ေခ်ပပစ္ေတာ့သည္။ ႏွစ္ေယာက္သားမွာ အႏုစိတ္ ဖြဲ႕စည္းထားေသာ စစ္ပြဲအခင္းက်င္းဆီသို႔ ဦးတည္ေျပးလ်က္ ႏူးညံ့သိမ္ေမြ႕လွသည့္ ေနာက္ခံသီခ်င္းသံတီးလုံးအၾကား ရန္သူတပ္မမ်ား၏ ဖြဲ႕စည္းပုံကို အေပါက္သဏၭာန္ အတင္းအက်ပ္ ပ်က္စီးယိုယြင္းသြားေစသည္။ Generalက ေအာ္ေလသည္။

" သူတို႔ေခါင္းေဆာင္ကို ႐ွင္းထုတ္ပစ္! "

ခႏၶာကိုယ္တစ္ခုလုံး သံခ်ပ္ကာမ်ားအျပည့္ ၀တ္ဆင္ထားသည့္ ယြီေဟာက္ ဂ်ဴနီယာအထက္တန္းဆရာ၏ မ်က္ႏွာထက္တြင္ ရက္စက္ၾကမ္းၾကဳတ္လွေသာ အမူအရာက ေပၚလာၿပီးေနာက္ သူတို႔ႏွစ္ဦးထံ ေျပးလာခဲ့၏။ ထိုသူက ဂ်န္းမာေတာင္ဓားကို ကိုင္ေဆာင္ထားလ်က္ စကၠန္႔ပိုင္းအတြင္း ႏွစ္ဦးသားေ႐ွ႕ေမွာက္သို႔ အေျပးေရာက္လာခဲ့ေလသည္။ သို႔ေသာ္လည္း ေျပာေနတာေတာင္ ၾကာဦးမည္- Generalက ဓားကို ေရျပင္ညီအလ်ားလိုက္သဏၭာန္ ကိုင္ေဆာင္လိုက္ၿပီးျဖစ္ကာ ယြီေဟာက္က ဓားအျပားအက်ယ္ေပၚ နင္းလ်က္ ေလေပၚခုန္တက္သြားၿပီး ေလထုအလယ္ ေ႐ွ႕သို႔ ကြၽမ္းတစ္ခ်က္ပစ္လိုက္၏။

[T/N: 斬馬刀/ Zhanmadao ဆိုတာ တိုက္႐ိုက္ဘာသာျပန္ရင္ ျမင္းခုတ္တဲ့ဓားလို႔ အဓိပၸာယ္ရပါတယ္၊ ျမင္းစီးတဲ့ရန္သူကို တိုက္တဲ့ေနရာမွာသုံးတဲ့ တ႐ုတ္႐ိုးရာ တစ္ဖက္သြား ဓား႐ွည္ပါ ]

Generalက ဓားကိုျပန္႐ုတ္လိုက္ၿပီး ေဘးသို႔ျပန္လွည့္ကာ တစ္ဖက္ရန္သူဗိုလ္ခ်ဳပ္ စီးနင္းလာေသာ စစ္ျမင္းကို အားျပင္းျပင္းျဖင့္ ၀င္တိုက္လိုက္သည္။ စစ္ျမင္းမွာ ေ႐ွ႕ေျခေထာက္မ်ားကို ပင့္ေျမႇာက္လိုက္မိၿပီး ေက်ာမွစီးနင္းလိုက္ပါေနေသာ ထိုေခါင္းေဆာင္မွာလည္း ပင့္ေျမႇာက္သြားရေတာ့၏။

" ေသလိုက္ေတာ့!! "

ယြီေဟာက္က ေလထုအလယ္ နင္းလိုက္ရင္း ေဇာက္ထိုးကိုယ္ဟန္အေနအထားျဖင့္ တစ္ၿပိဳင္ထဲ ဓားႏွစ္လက္ကို လႊဲရမ္းပစ္လိုက္ေလသည္။ မ်က္စိတစ္မွိတ္အတြင္း ရန္သူဗိုလ္ခ်ဳပ္၏ ဦးေခါင္းမွာ ျပတ္ထြက္သြားေတာ့၏။

အနက္ေရာင္မီးခိုးေငြ႕မ်ား တမဟုတ္ခ်င္း ထြက္ေပၚလာၿပီး ျမင္းတပ္ႀကီးမွာ ႐ုတ္႐ုတ္သဲသဲျဖင့္ ျပန္႔က်ဲသြားရေတာ့သည္

ယြီေဟာက္က ေျမေပၚဆင္းသက္လိုက္ၿပီးေနာက္ ေနာက္လွည့္ကာ Generalထံ ၾကည့္လာစဥ္ Generalက ေဘးဘီဝဲယာကို ေဝ့ဝဲစစ္ေဆးလိုက္သည္။ ထို႔ေနာက္ ႏွစ္ေယာက္သား နန္းေတာ္အေနာက္တံခါးမွတစ္ဆင့္ အတြင္းသို႔ ခိုးေၾကာင္ခိုးဝွက္ ၀င္လိုက္ၾက၏။

" မင္းမွာမီး႐ွိလား? "

Generalက ေမးလိုက္သည္။

" မ႐ွိဘူး "

ယြီေဟာက္က ႐ိုး႐ိုးသားသား ျပန္ေျဖေလသည္။

" ကြၽန္ေတာ့္အိမ္မက္ထဲ ဘယ္အခ်ိန္‌ေလာက္က ၀င္လာတာလဲ? "

" မင္းနဲ႔အတူတူေလာက္ဘဲ "

Generalက အေမွာင္ထုအလယ္တြင္ ေျဖေပးလာသည္။ သူ၏အသံသည္ကား လမ္းေလွ်ာက္ေနစဥ္ ထြက္ေပၚေနသည့္ သံခ်ပ္ကာအက်ႌ တခြၽင္ခြၽင္အသံႏွင့္အတူ တြဲဖက္ေနလ်က္။ သူက ႐ွင္းျပလာသည္။

" မင္းအိမ္မက္မက္တာ ရပ္သြားရင္ အျပင္လူေတြအကုန္လုံးက အိမ္မက္ထဲကေန အထုတ္ခံရလိမ့္မယ္ "

" ကြၽန္ေတာ္ထင္ေနတာ ခင္ဗ်ားဒီမွာက်န္‌ေနခဲ့ၿပီး တစ္ေယာက္ထဲ တိုက္ေနမယ္ေပါ့ "

ယြီေဟာက္က ဆိုေလသည္။

" ခနေလး "

သူက ဓားႏွစ္လက္ကို တစ္ခုထဲျပန္ျဖစ္သြားေအာင္ ႀကိဳးစားၾကည့္‌ေလသည္။

Generalလည္း လမ္းေလွ်ာက္ေနရာမွ ရပ္တန္႔လိုက္ၿပီး ဆိုလိုက္သည္။

" အဲ့လိုသာဆို ငါေတာ့သြားၿပီဘဲ "

အေမွာင္ယံအလယ္တြင္ ယြီေဟာက္က ေမးလာ၏။

" အိမ္မက္ထဲမွာ ေသသြားခဲ့ရင္ ဘာဆက္ျဖစ္လာမွာလဲ? "

" မင္းက ဒီအိမ္မက္ရဲ႕ ပိုင္႐ွင္ေလ၊ မင္းသာေသသြားရင္ ကိုယ္စားျပဳပစၥည္းရဲ႕ သခင္ဆီ ေရာက္သြားၿပီး မင္းရဲ႕စြမ္းအင္ေတြ အကုန္လုံးလည္း ဆုံး႐ႈံးသြားလိမ့္မယ္၊ အဲ့ဒါဆိုရင္ မင္းကသူ႕လက္ေအာက္မွာ လုံး၀ထိန္းခ်ဳပ္ခံလိုက္ရၿပီး နယ္စပ္အစြန္းဆီ ႏွင္ထုတ္ခံရလိမ့္မယ္၊ ၿပီးရင္ မင္းရဲ႕ အသိစိတ္နယ္ေျမ အစြန္ဆုံးကေန မသိစိတ္ထဲကို ပစ္ခ်ခံရၿပီး အေမွာင္ထုခ်ည္းဘဲ႐ွိတဲ့ ေနရာဆီ ေရာက္သြားမွာ၊ အေပၚကို ဘယ္လိုမွျပန္တက္မလာႏိုင္ေတာ့ဘဲ အဲ့ဒီေနရာမွာဘဲ ထာ၀ရ‌ေလလြင့္သြားလိမ့္မယ္၊ အဲ့တာကဘာကို ကိုယ္စားျပဳလဲဆိုေတာ့ မင္းႏွလုံးသားထဲမွာ႐ွိတဲ့ မူလ"ကိုယ္" ဆိုတဲ့ အစိတ္အပိုင္းေလးတစ္ခုက အၿပီးအပိုင္ ကြယ္ေပ်ာက္သြားၿပီး အျပင္ေလာကမွာလည္း......."

Generalက ခနမွ်ေတြးေတာေနလိုက္ၿပီး

" မင္းဘ၀ကို ထပ္ၿပီးအဆုံးစီရင္တာမ်ိဳး ျဖစ္ႏိုင္ေလာက္မယ္ထင္တယ္? ေျပာရတာ ခက္ေတာ့ခက္တယ္, ကိုယ့္အတြက္က်ေတာ့...... အမ္... ထားလိုက္ေတာ့, အရမ္းႀကီးသိခ်င္မေနနဲ႔ေတာ့ "

ယြီေဟာက္စိတ္ထဲတြင္ အေတြးတစ္ခုက ထြက္ေပၚလာရ၏။ ဒီစကားေတြအရဆိုရင္ Generalရဲ႕ ပုံစံအမွန္က........လူမ်ားျဖစ္ေနႏိုင္မလား?

" ခင္ဗ်ားလည္း အျပင္မွာ ေသသြားမွာ, ဟုတ္တယ္မလား? "

ယြီေဟာက္က ထပ္ေမးလိုက္သည္။

Generalတစ္ေယာက္ မိမိမေျပာသင့္သည့္စကားကို ေျပာလိုက္မိေၾကာင္း သတိရသြားပုံေပၚကာ

" ဒါေပမယ့္ မင္းရဲ႕ အင္အားေတာ္ေတာ္မ်ားမ်ားကို ျပန္ရေနၿပီဘဲ၊ ကိုယ္တို႔ အႏိုင္ရမွာပါ "

ဒါဆို ခင္ဗ်ား Great Wallဆီေရာက္လာၿပီး ကြၽန္ေတာ့္ကိုကယ္တုန္းက ခင္ဗ်ားကိုယ္ခင္ဗ်ားလည္း အႏၲရာယ္တြင္းထဲ ခုန္ခ်ခဲ့တာေပါ့ - ယြီေဟာက္က ေတြးမိလိုက္သည္ - အဲ့ဒါဆို ခင္ဗ်ားက တကယ့္ေလာကမွာ ဘယ္သူမ်ားျဖစ္မလဲ? ျဖစ္ႏိုင္ရင္ ကြၽန္ေတာ္ခင္ဗ်ားနဲ႔ ရင္းႏွီးခ်င္မိပါရဲ႕....

သို႔ေသာ္လည္း Generalက ဘယ္သူဘဲျဖစ္ေနပါေစ, လူသားတစ္ေယာက္ဆိုတာကို အတည္ျပဳၿပီးသည္ ႏွင့္တၿပိဳင္နက္ ေနာက္ထပ္အမွန္တရားတစ္ခုပါ ေသခ်ာသြားရ၏ - Generalမွာ အိမ္မက္ခရီးသြားျခင္း ျပဳလုပ္ႏိုင္စြမ္း႐ွိသူ ျဖစ္ေနသည္ပင္၊ ၎က သဘာ၀လြန္ စြမ္းအားမ်ိဳးမ်ားလား? ယြီေဟာက္တစ္ေယာက္ ဘာေၾကာင့္ Generalက သူ႕အေၾကာင္းသူ သိပ္ၿပီးထုတ္ေဖာ္မေျပာလိုရသလဲ ဆိုတာကို အနည္းႏွင့္အမ်ားေတာ့ နားလည္ႏိုင္လာ၏။ သူက ဤကဲ့သို႔စြမ္းရည္မ်ိဳး ပိုင္ဆိုင္ေနေၾကာင္းကို မိမိအား မသိေစလိုျခင္းေၾကာင့္ ျဖစ္ေကာင္းျဖစ္ႏိုင္ပါသည္။

ေမးခြန္းတစ္ခု၏ အေျဖကို ေကာက္ႏုတ္သုံးသပ္ၾကည့္လိုက္လွ်င္ကား အျခားႏွီးႏြယ္ေနေသာ ေမးခြန္းေပါင္းမ်ားစြာကိုပါ ထြက္ေပၚလာေစသည္ပင္။ အဘယ့္ေၾကာင့္ Generalတြင္ ထိုကဲ့သို႔စြမ္းအားမ်ိဳး ပိုင္ဆိုင္ေနရသနည္း?

ယြီေဟာက္က ဓားအတိုႏွစ္ေခ်ာင္းကို တစ္ခုတည္းျဖစ္ေအာင္ ဆက္လိုက္ၿပီးေနာက္ ၎မွ အလင္းေရာင္ မွိန္ေဖ်ာ့ေဖ်ာ့တို႔ထြက္လာၿပီး အ၀တ္လွန္းတုတ္၏ နဂိုအသြင္ကို ျပန္ေျပာင္းသြားေစသည္။ သို႔ေသာ္လည္း ၎က ယခင္ မိမိအဖြားလက္ထဲတုန္းကကဲ့သို႔ ေ႐ႊေရာင္ေတာက္ေတာက္ ပစၥည္းမ်ိဳး မဟုတ္ဘဲ ကြဲျပားကာ ယြီေဟာက္လက္ထဲတြင္မူ ႐ွည္လ်ားေသာ ေၾကးနီေရာင္ ပစၥည္းတစ္ခုအသြင္သို႔ ေျပာင္းလဲသြားရသည္။

ထိုပစၥည္း၏ထိပ္ပိုင္းတြင္မူ ႀကီးမားလုံး၀န္းလွေသာ မ်က္လုံးမ်ားပိုင္ဆိုင္သည့္ ခ်ဲ႕ကားထားသည့္ဟန္ ငွက္အသြင္က ပါ႐ွိပါ၏။

၎ပစၥည္းမွာ လင္းလက္ေတာက္ပလ်က္ ႏွစ္ဦးသား၏ ေဘးပတ္၀န္းက်င္႐ွိ အေမွာင္ယံအလယ္ မီးအလင္းတို႔ ေဆာင္ေပးေလသည္။

General, " ဒီဟာက......."

ယြီေဟာက္, " ကြၽန္ေတာ္လည္း ဘာလို႔မွန္းမသိဘူး...... ဒါေပမယ့္ ၾကည့္ရတာ ကြၽန္ေတာ္က ေမြးရာပါ ေမွာ္အတတ္သုံးႏိုင္တဲ့သူ ထင္ပါရဲ႕ "

သူသည္ကား ခႏၶာကိုယ္အတြင္း ေသြးေၾကာမွ်င္မ်ားတစ္ေလွ်ာက္ တသြင္သြင္စီးဆင္းလာသည့္ အဆုံးမဲ့လွေသာ စြမ္းအင္စီး‌ေၾကာင္းမ်ားကို ခံစားႏိုင္ပါ၏။ သူက စြမ္းအားမ်ားကို ထိုလက္နက္ပစၥည္းထံ တစ္ခ်က္ျဖည့္သြင္းလိုက္သည္ႏွင့္ ၎က ေတာက္ေတာက္ပပကို လင္းထိန္လာေတာ့သည္။

" ဒါက မင္းရဲ႕ကမ႓ာမလို႔ မင္းေမွာ္ပညာသုံးႏိုင္တယ္ဆိုတာ သဘာ၀ဘဲ၊ ကိုယ္သိခ်င္တာက ဒီငွက္ဘဲ...... "

Generalက တစ္ဖက္လွည့္လိုက္ၿပီး လက္ကို‌ေျမႇာက္ကာ ေခါင္းစြတ္ကိုခြၽတ္၍ အနီးကပ္ၾကည့္,ၾကည့္ခ်င္သည့္အလား ျပဳလိုက္ေသာ္လည္း ေနာက္ဆုံး မလုပ္ေတာ့ဘဲ စူးစမ္းခ်င္စိတ္ကို ျပန္ထိန္းခ်ဳပ္လိုက္ေလ၏။

ယြီေဟာက္က ဆိုေလသည္။

" ဘာလို႔ ဒီပစၥည္းကို အရင္ကတစ္ခါမွ မျမင္ဖူးဘူးလို႔ ခံစားေနရပါလိမ့္? ဒါေပမယ့္လည္း ၿပီးက် ျမင္ဖူးေနၿပီးသားေပမယ့္ မျမင္ဖူးဘူးဘဲ ထင္ေနတဲ့ အရာေတြကလည္း အမ်ားႀကီး႐ွိေနျပန္ေရာ "

" မင္း စန္း႐ွင္းေတြး ကိုေရာက္ဖူးလား? "

Generalက သူ၏ လက္ေခ်ာင္းေလးျဖင့္ ငွက္႐ုပ္ေပၚသို႔ ဆက္ခနဲေတာက္လိုက္ရင္း ေမးလာ၏။

[T/N: 三星堆/ Sanxingdui ဆိုတာက ေ႐ွး‌ေဟာင္းသုေတသနေတြ ထိန္းသိမ္းထား႐ွိတဲ့ ေနရာျဖစ္ၿပီး တ႐ုတ္ျပည္ စစ္ခြၽမ္းစီရင္စု ကြမ္ဟန္႔ၿမိဳ႕မွာ ထြန္းကားခဲ့တဲ့ ေၾကးေခတ္ အႏုပညာယဥ္ေက်းမႈေတြ အဓိက႐ွိတဲ့ေနရာပါ။ ယြီေဟာက္ လက္နတ္ေပၚက ငွက္ပုံစံက ဒီလိုပုံမ်ိဳးျဖစ္ႏိုင္ပါတယ္ ]

ယြီေဟာက္က ဤကဲ့သို႔ အေမးခံလိုက္ရေသာအခါ ႐ုတ္တရက္ ျပန္မွတ္မိသြားရၿပီး -

" မဂၢဇင္းမွာေတြ႕ဖူးတာဘဲ !! <<တ႐ုတ္ျပည္ အေမြအႏွစ္>> ထဲမွာ ! ကြၽန္ေတာ့္မိသားစုက အဲ့ဒီမဂၢဇင္းကို အရင္က ေအာ္ဒါမွာဖူးတယ္၊ ဒါေပမယ့္ အဲ့ဒါက စန္း႐ွင္းေတြးနဲ႔ ဘာဆိုင္လို႔လဲ? "

Generalက လက္ကိုသာ ေဝ့ရမ္းျပလိုက္ၿပီး ဆိုသည္။

" သြားရေအာင္ "

ယြီေဟာက္က ထိုပစၥည္းကို ပင့္ေျမႇာက္ကိုင္ထားရင္း စႀကႍလမ္းကို မီးအလင္းျပေပးသည္။ ႏွစ္ေယာက္သားမွာ ႐ႈပ္ေထြးေပြလီလွသည့္ ၀ကၤပါသဖြယ္ ေျမေအာက္လမ္းေၾကာင္းမ်ားျဖင့္ ဖြဲ႕စည္းထားေသာ နန္းေတာ္ထဲတြင္ ေလွ်ာက္လွမ္းေနၾကလ်က္။ ယြီေဟာက္မွာမူ မိမိစိတ္၏ အလိုအေလ်ာက္ ခန္႔မွန္းခ်က္အေပၚသာ အေျခခံရင္း ေနရာအေနအထားကို စူးစမ္းရသည္-- သူ႕ထံတြင္ကား ဤေနရာသို႔ အရင္က ေရာက္ဖူးၿပီးသားဟူသည့္ တလည္ဆက္ျဖစ္ေပၚေနေသာ စိတ္ခံစားခ်က္တို႔က ႐ွိေနေသာေၾကာင့္ မ်ားျပား႐ႈပ္ေထြးလွေသာ ေလွကားထစ္မ်ားႏွင့္ လမ္းေၾကာင္းမ်ားက ဤေနရာတြင္ တည္႐ွိေနသည့္တိုင္ လမ္းမွန္ကိုသာ အၿမဲ ႐ွာေဖြႏိုင္ေလသည္။

" ကြၽန္ေတာ္ ကိုယ္စားျပဳပစၥည္းကို အာ႐ုံခံမိတယ္ "

ယြီေဟာက္က ဆိုသည္။

သိပ္မေဝးေသာ ေနရာတစ္ေနရာတြင္ တစ္စုံတစ္ခုက မိမိအား အားေကာင္းလွစြာ အခ်က္ျပေခၚေဆာင္ေနသည့္အလား။

Generalသည္ကား စန္း႐ွင္းေတြး ေၾကးနီငွက္႐ုပ္ကို ျမင္ကတည္းက တိတ္ဆိတ္ေနပါ၏။ ယြီေဟာက္က သူ႕ကို ထပ္ေခၚလိုက္ေလသည္။

" General? "

" အင္း......"

ယြီေဟာက္က ဆိုေလသည္။

" ကိုယ္စားျပဳပစၥည္းဆီသြားတဲ့ ဒီေနာက္ဆုံးလမ္းကိုေတာ့ ကြၽန္ေတာ္ တစ္ေယာက္ထဲ သြားပါရေစ "

Generalက တစ္ခ်က္ကေလးေတာင္ တုန္႔ဆိုင္းမေနဘဲ-

" မသြားရဘူး "

ယြီေဟာက္က Generalကို ၾကည့္လိုက္ၿပီး ေလးေလးနက္နက္ေျပာလာသည္။

" ဒါက ကြၽန္ေတာ္ကိုယ္တိုင္ဘဲ တိုက္သင့္တဲ့ တိုက္ပြဲတစ္ခုပါ "

Generalက ျပန္ဆိုေလသည္။

" တစ္ေယာက္ေယာက္က မင္းအတြက္ မ်က္ျမင္ကိုယ္‌ေတြ႕ၾကည့္ေပးတာ မလိုခ်င္ဘူးလား? "

ယြီေဟာက္တစ္ေယာက္ ထိုေမးခြန္းကို ခ်က္ခ်င္းမေျဖႏိုင္ခဲ့ေပ။ သူသည္ကား Generalအား အတူလိုက္လာပါက အႏၲရာယ္ျဖစ္ေစမည္ကို စိုးေနခဲ့သည္ပင္။ မိမိထံ၌ ဘာအေၾကာင္းဘဲ ဖုံးကြယ္ထားပါေစ, အျခားတစ္ေယာက္၏ အိမ္မက္ထဲတြင္ ေသဆုံးသြားမည့္အ‌ေရးမွာမူ ေပါ့ေပါ့တန္တန္ေတြးရမည့္ ျပႆနာမ်ိဳး ဟုတ္မေနခဲ့။ စိုးရိမ္ဖြယ္ရာ အက်ိဳးဆက္တို႔ ျဖစ္လာဖို႔ရာ သိပ္မ်ားလြန္း‌ေနသည္။ အကယ္၍ Generalသာ လူသားျဖစ္ေနပါက မိမိအား ဤအေျခအေနထိေရာက္ေအာင္ အေဖာ္ျပဳေပးခဲ့သည္ကပင္ လိုအပ္တာထက္ ပိုလွၿပီ ျဖစ္၏။

" ကိုယ္ဘာမွမလုပ္ဘူးေလ , ေဘးနားကေနဘဲ ရပ္ၾကည့္ေနေပးမယ္ "

Generalက ဆိုေလသည္။

" မင္းလည္း အျခားသူရဲ႕ ေကာင္းေစခ်င္တဲ့ ေစတနာကို ဘယ္လိုလက္ခံေပးရမလဲဆိုတာ သင္ယူသင့္ေနၿပီ၊ အၿမဲတမ္း သူမ်ားဆီ အေႂကြးတင္ေနတယ္လို႔ ေတြးမေနနဲ႔ "

ယြီေဟာက္က ၀မ္းနည္းညိဳးငယ္စြာ ျပဳံးလိုက္ရင္း-

" ဒါေပမယ့္ ကြၽန္ေတာ္တကယ္ အဲ့လိုခံစားရတာ "

Generalက ယြီေဟာက္ပုခုံးေပၚသို႔ လက္တင္လိုက္ၿပီး ေ႐ွ႕သို႔ဆက္သြားရန္ အခ်က္ျပသည့္အေနႏွင့္ အနည္းငယ္မွ် အသာအယာ တြန္းေပးလိုက္သည္။

" ဘ၀မွာ မင္းလက္မလႊတ္ႏိုင္ဆုံး အရာတစ္ခုေလာက္ ေျပာၾကည့္ "

Generalက ေျပာေလသည္။

" အဲ့တာက ဘယ္ေလာက္အေရးႀကီးႀကီး ဒါမွမဟုတ္ ဘယ္ေလာက္ထိအေရးမပါတဲ့ အရာေလးဘဲ ျဖစ္ေနပါေစ ေျပာလို႔ရတယ္ "

" ကြၽန္ေတာ္ လက္မလႊတ္ႏိုင္ဆုံးအရာကိုေတာင္ လက္လႊတ္ခဲ့ဖူးၿပီးၿပီဘဲ "

ယြီေဟာက္က ဆိုေလသည္။

" တစ္ခုဘဲလား? "

Generalက ထပ္ေမးလာသည္။

ယြီေဟာက္က မိမိဂ်ဴနီယာအထက္တန္းတုန္း တတိယႏွစ္က ျဖစ္ပ်က္ခဲ့ဖူးသမွ်ကို အက်ဥ္းခ်ံဳး၍ အၾကမ္းဖ်င္း႐ွင္းျပေနစဥ္ Generalက ၿငိမ္ၿငိမ္ေလးသာ နားေထာင္ေပးသည္။

သူက ႐ွင္းျပရင္း ေလွကားတစ္ေလွ်ာက္ အေပၚသို႔ ေလွ်ာက္လွမ္းေနလ်က္။ ေလွကားထစ္မ်ားေပၚတြင္ ေျခလွမ္းအနည္းငယ္ေလာက္ တက္ေလွ်ာက္ၿပီးေနာက္ ႐ုတ္တရက္ မ်က္စိက်ိန္းေလာက္ေသာ အလင္းေရာင္က ႏွစ္ဦးသားေ႐ွ႕ ေပၚလာခဲ့၏။ ေနရာက်ယ္ေျပာလွေသာ စႀကႍလမ္းတစ္ခုက ေပၚထြက္လာခဲ့ၿပီး ေဘးတစ္ဖက္တစ္ခ်ပ္စီတြင္ ေ႐ႊသားအတိျဖင့္ ထြင္းထုထားေသာ ႀကီးမားလွသည့္ ႐ုပ္ထုမ်ားက ေနရာယူလ်က္။ စႀကႍလမ္းအဆုံးတြင္မူ ဧရာမတံခါးေပါက္ႀကီး ႏွစ္ခ်ပ္က႐ွိၿပီး ထိုတံခါးမ်ားအေ႐ွ႕တြင္ သူရဲေကာင္းတစ္ဦးက မတ္တပ္ရပ္လ်က္႐ွိသည္။ ယြီေဟာက္က ထိုသူ၏႐ုပ္ရည္ကို ေမ့‌ေလ်ာ့သြားခဲ့သည္မွာ အခ်ိန္ၾကာၿပီဟု ထင္မွတ္ထားခဲ့သည္တိုင္ ထိုသူရဲေကာင္း၏ မ်က္ႏွာမွာ ႏိႈင္းယွဥ္တုပ၍မရေလာက္ေအာင္ ထင္႐ွားျပတ္သားလွပါ၏။

" သူကဘယ္သူလဲ? "

Generalက ဓား႐ွည္ကို ေက်ာေနာက္မွ ယူလိုက္သည္။

" ကြၽန္ေတာ့္.......သူငယ္ခ်င္း "

ယြီေဟာက္က ေျဖေပးေလ၏။

" သူ႕နာမည္က လ်ိဳဖုန္း႐ႊမ္. ဖုန္း႐ႊမ္ မေတြ႕ရတာေတာင္ ၾကာၿပီ "

ထိုသူသည္ကား ဂ်ဴနီယာအထက္တန္းတူက အတူထိုင္သူ ျဖစ္သည္။ ဟြားလြင္၏ ပိုက္ဆံအိတ္ကို ခိုးယူကာ ေနာက္ဆုံး မိမိအဖြားအား တစ္ေက်ာင္းလုံးေ႐ွ႕တြင္ ဒူးေထာက္ရေအာင္ လုပ္ခဲ့သူျဖစ္သည္။ ယြီေဟာက္က ဆိုလိုက္သည္။

" ငါတကယ္ႀကီး ဒီေနရာကိုေစာင့္မယ့္သူကို ဟြားလြင္လို႔ ထင္ထားခဲ့တာ, မင္းျဖစ္ေနလိမ့္မယ္လို႔ မထင္ထားဘူး "

" မင္း ေစာက္ေျခာက္ေကာင္ "

ထိုသူရဲေကာင္းသည္ကား သြယ္လွေသာမ်က္ႏွာႏွင့္ အတြင္းသို႔ ခ်ိဳင့္၀င္ေနပါသည့္ မ်က္၀န္းအိမ္မ်ား ပိုင္ဆိုင္ပါ၏။ ထိုသူက ႐ွည္လ်ားေသာ တုတ္ေခ်ာင္းကို လက္ထဲတြင္ ကိုင္ေဆာင္ထားကာ -

" မင္းက ကိုယ့္သူငယ္ခ်င္းကိုေတာင္ ေရာင္းစားတဲ့ ႐ြံစရာေစာက္႐ူးေကာင္ဘဲ, ငါမင္းကိုသတ္ပစ္မယ္! "

Generalက ေဒါသတႀကီးျဖင့္ ျပန္ေအာ္ေလသည္။

" ပါးစပ္ပိတ္ထားစမ္း! "

ယြီေဟာက္ခမ်ာ မိမိ၏ အထိခိုက္မခံႏိုင္ဆုံးႏွင့္ အားအနည္းဆုံးျဖစ္သည့္ လွ်ိဳ႕ဝွက္ခ်က္ေလးက အေဖာ္ထုတ္ခံလိုက္ရေသာအခါ တမဟုတ္ခ်င္း ေျပာစရာစကားတို႔ ေပ်ာက္႐ွသြားရ၏။ သို႔ေသာ္လည္း General၏ ‌ေဒါသတႀကီး ေအာ္ဟစ္သံက သူ႕အား ကယ္တင္ေပးလိုက္သည့္ အလား။

General၏ က်ယ္ေလာင္လွေသာ ေအာ္သံကမူ ေပါက္ကြဲထြက္လ်က္-

" မင္းဘာမွမလုပ္ဘူးဆိုရင္, ငါ မင္းအတြက္ အဲ့ေကာင္ကို ေကာင္းေကာင္းဆုံးမေပးမယ္! "

ယြီေဟာက္, "......"

Photo Credit.

Continue Reading

You'll Also Like

381K 27K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
646K 71.5K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
2.7M 74.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...