ဆေးရုံရောက်တော့ ဟွန်းငယ်ကိုယ်လေးကိုမကာ အရေးပေါ်ခန်းထဲထိဂျုံအင်ပွေ့ချီကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ချန်းယောလ်ကလည်း ဂျုံအင်နောက်ကလိုက်လာကာ တာဝန်ကျဆရာကို မကြည့်ခိုင်းဘဲ သူကိုယ်တိုင်ကြည့်ပေးသည်။
မေ့လဲလို့ နိုးလာတာတောင်မှ ချန်းယောလ်ကိုတောင် ပြန်ရန်တွေ့နိုင်တယ်ဆိုတော့ အားအင်တွေအပြည့်ဖြစ်နေသည်ဖြစ်မည်။
" ဦးဦးချန်းယောလ် … ဦးရောဟင် "
" ဦး ! ဘယ်ဦးကိုပြောတာလဲ "
" ဟင် ! ဘာတစ်ခုလဲ "
" ဟွန်းငယ်ရယ် ~~~ "
-------
" ရှိ ~~ ရှိပါတယ် ကယ်ပါဦးး ~~ "
" အဟင့် ~~ ဦးးး ~~ ဟင်းးး "
***********************************
29 . 7 . 2021
Bubble - Eri 😘😘
ေဆးရုံရောက်တော့ ဟွန်းငယ်ကိုယ်လေးကိုမကာ အရေးပေါ်ခန်းထဲထိဂျုံအင်ပွေ့ချီကာ ကုတင်ပေါ်တင်ပေးလိုက်သည်။ချန်းယောလ်ကလည်း ဂျုံအင်နောက်ကလိုက်လာကာ တာဝန်ကျဆရာက်ို မကြည့်ခိုင်းဘဲ သူကိုယ်တိုင်ကြည့်ပေးသည်။
" ဘယ်လိုဖြစ်တာလဲ ဂျုံအင် "
ချန်းယောလ်မေးတာကိုမဖြေဘဲ ကုတင်ပေါ်က ဟွန်းငယ်ကိုသာ ကြည့်နေပြီး လက်ကိုလည်းမလွှတ်တမ်းဆုပ်ကိုင်ထားကာ သတိလက်လွတ်ဖြစ်နေတဲ့ ဂျုံအင်ကို
" ဂျုံအင် !! ဂင်ဂျုံအင် ငါမေးနေတယ်လေ ဟွန်းငယ်က ဘယ်လြို့ဖစ်တာလဲလို့ ? "
ချန်းယောလ်က အော်မေးလိုက်တာကြောင့် ဘေးနားက သူနာပြုတွေရော လူနာတွေကပါကြည့်လာသည်။ဘေးကအတွင်းရေးမှူးက သူဌေးဆိုကာ ခေါ်တော့မှ မျက်ရည်ဝဲနေတဲ့ မျက်လုံးများဖြင့် ချန်းယောလ်ကိုကြည့်ကာ
" ဓာတ် ~~ ဓာတ်လှေကားထဲမှာမေ့လဲသွားတာ ဟွန်းငယ်တစ်ယောက်တည်း … ငါ အမှားတွေပါ ဟွန်းငယ်ကို တစ်ယောက်တည်းမသွားခိုင်းသင့်ဘူး "
တော်တော်ထိတ်လန့်နေတဲ့ ပုံစံဖြင့်ပြောလာသော ဂျုံအင်ကြောင့် ချန်းယောလ်လည်းသက်ပြင်းချကာ ဟွန်းငယ်ကို အမြန်ကြည့်ရသည်။
ချန်းယောလ်လည်း ဟွန်းငယ်ကို သေချာကြည့်ပြီးတာနဲ့ ဘေးနားက သူနာပြုလေးတစ်ယောက်ကို ဆေးနဲ့ အခန်းသက်သက်ပါလုပ်ပေးဖို့ ပြောလိုက်သည်။ဂျုံအင် အတွင်းရေးမှူးကလည်း အခန်းကိစ္စလုပ်ဖို့ဆိုကာ ထွက်သွားလေသည်။
ဟွန်းငယ်ကို သီးသန့်အခန်းပြောင်းပြီးသည့်တိုင် ဂျုံအင်က ဟွန်းငယ်ဘေးနားကမခွာပါ။ ကုတင်ပေါ်မှာလှဲနေတဲ့ ဟွန်းငယ်ကို တစ်ချက်ပြန်စစ်ရင်း
" ဟွန်းငယ်က အမှောင်ခန်းတွေ အရမ်းကြောက်တတ်တယ် ငယ်ငယ်တည်းက မှောင်နေတဲ့အခန်း မီးမထွန်းထားတဲ့ အခန်းဆို မဝင်တော့ဘူး မီးပျက်လို့ အခန်းကမှောင်နေရင်တောင် ဓာတ်မီးဖွင့်ဖို့ ကြောက်ပြီး တစ်နေရာတည်းမှာဘဲ မလှုပ်မယှက် နေတတ်တယ် ပြီးရင် အသက်ရှူကျပ်င်္ပြီး မေ့လဲသွားတတ်တယ် "
ချန်းယောလ်စကားပြောနေရင်း ဂျုံအင်ကိုကြည့်နေမိသည်။စကားပြောနေရင်း ဟွန်းငယ်လက်ကို ဆုပ်ကိုင်ထားတဲ့ ဂျုံအင်လက်က ပိုတောင်တင်းကျပ်သွားသလိုပင်။
" မင်းအပြစ်မဟုတ်ပါဘူး ဂျုံအင် အရမ်းလည်းကိုယ့်ကိုကိုယ်အပြစ်တင်မနေနဲ့ "
" မင်းလည်း အိမ်ပြန်တော့မှာမလား ပြန်တော့လေ "
" ရတယ် ခဏနေဟွန်းငယ်နိုးလာလိမ့်မယ် အစ်မဆူဟိုတို့ဆီရော phဆက်ပြီးပြီလား ဘက်ခ်ဟျွန်းကတော့ ပြန်မလာသေးဘူးမလား "
ဒီတော့မှ ဂျုံအင်လည်း ဟွန်းငယ်မိသားစုဆီ ph ဆက်ဖို့သတိရသည်။အကျိုးအကြောင်းတော့ ပြောပြရမယ်မလား ။ အခုလည်း နောက်ကျနေပြီမို့ အိမ်ကစိတ်ပူနေလိမ့်မည်။အခန်းထဲ ချန်းယောလ်ကိုထားခဲ့ကာ ph ဆက်ဖို့ အခန်းပြင်ထွက်ခဲ့လိုက်သည်။အခန်းထဲက မထွက်ခင် ချန်းယောလ်ကတစ်ခုခု ပြောချင်သလိုနဲ့ လှမ်းခေါ်လေသည်။
" ဂျုံအင် ဟို ~~ ဘာမှမဟုတ်တော့ပါဘူး မင်းလည်းတွေ့ရတော့မှာပါ "
" ငါက ဘယ်သူ့ကိုတွေ့ရမှာလဲ "
ခေါင်းခါပြလာကာ ဘာမှမဟုတ်တော့ကြောင်းပြောလာတာမို့ ဂျုံအင်လည်း အပြင်ထွက်ကာ အစ်မဆူဟိုဆီph ဆက်တော့ ph မကိုင်ပါ။ အစ်ကိုရီရှင်းဆီဆက်တော့မှ ကိုင်သည်။အစ်ကိုရီရှင်းက အလုပ်ကနေပြန်လာနေသည်မို့ တစ်ခါတည်းဆေးရုံကို လာခဲ့မယ်ပြောသည်။ ဒါကြောင့် ဂျုံအင် အခန်းနံပါတ်ပါ တစ်ခါတည်းပြောလိုက်သည်။
ph ဆက်ပြီးတာနဲ့ ဆေးရုံက ပန်းခြံလေးမှာခဏထိုင်မိသည်။ဒီနေ့ မနက်ခင်းကိုတော့ ပျော်ရွှင်မှုတွေနဲ စတင်ခဲ့တာမို့ ညအိပ်စက်သည်အထိ ပျော်ရွှင်မယ်လို့ ထင်ခဲ့မိသည်။
မထင်မှတ်ဘဲ ကိုယ့်ကြောင့် ဟွန်းငယ်အနာတရ ဖြစ်လိမ့်မယ်လို့ တွေးတောင်မတွေးခဲ့ဖူးပါ။ သေချာတာတော့ ဒီထက်ပိုပြီး ဂျုံအင် ဟွန်းငယ်ကို ပိုဂရုစိုက်ရမည်။ပန်းခြံလေးမှာထိုင်နေရင်း ချန်းယောလ်ဆီက ဟွန်းငယ်သတိရပြီဖြစ်ကြောင်း ph ဆက်လာသည်။
ဆေးရုံထဲ ပြန်ဝင်ခါနီး အနောက်က တစ်ယောက်ယောက်ခေါ်သံကြားလိုက်သည်မို့ ပြန်လှည့်ကြည့်တော့ ဘယ်သူမှရှိမနေ။ နားကြားမှားတယ်ထင်တာကြောင့် ဆေးရုံထဲသာ ပြေးဝင်လိုက်တော့သည်။
သီးသန့်ခန်းနားရောက်တော့ အပေါက်ဝမှာ သူနာပြုဆရာမလေးထွက်လာသည်နှင့် တိုးတာကြောင့် ဂျုံအင်လည်း ဖယ်ပေးလိုက်သည်။ဟွန်းငယ်ကတော့ ချန်းယောလ်နဲ့စကားပြောနေသည်။
" ဟွန်းငယ်လေး နေလို့အဆင်ပြေတယ်မလား ဘယ်နားနာသေးလဲ "
" နာရအောင် ဟွန်းငယ်ကချော်လဲတာမှ မဟုတ်တာလို့ "
မေ့လဲလို့ နိုးလာတာတောင်မှ ချန်းယောလ်က်ိုတောင် ပြန်ရန်တွေ့နိုင်တယ်ဆိုတော့ အားအင်တွေအပြည့်ဖြစ်နေသည်ဖြစ်မည်။
" ဦးဦးချန်းယောလ် … ဦးရောဟင် "
" ဦး ! ဘယ်ဦးကိုပြောတာလဲ "
" ဦးဂျုံအင်ကို ပြောတာပေါ့ ဟွန်းငယ်ကဘယ်ဦးကိုပြောရမှာလဲ "
" ငါသိပါတယ်ဟ … လာလိမ့်မယ် ph ဆက်ထားတယ် "
ဟွန်းငယ်က ဂျုံအင်ကို မျှော်နေတယ်ဆိုတာသိရတော့ ပျော်မိသည်။တံခါးဖွင့်ကာ အထဲဝင်လိုက်တော့ ချန်းယောလ်က
" ဟိုမှာ လာပါပြီ ဟွန်းငယ်ရဲ့ ဦး "
ဟွန်းငယ်က ပြုံးပြလာကာ ဂျုံအင်ကို လှမ်းခေါ်ကာ လက်နှစ်ဖက်ကို ဆန့်ထုတ်လာပြီး ဖက်လာသည်။ဂျုံအင်လည်း ဟွန်းငယ်ကို ပြန်ဖက်လိုက်သည်။
" နေလို့ကောင်းရဲ့လား ဟွန်းငယ် အဆင်မပြေရင်ပြောနော် "
" ပြေပါတယ်ဦးရဲ့ ဘာမှမဖြစ်ဘူး တစ်ခုဘဲ "
" ဟင် ! ဘာတစ်ခုလဲ "
" ဟွန်းငယ် Bubble - tea လေးသောက်ရတော့ဘူး "
" ဒီလောက်မေ့လဲထားတာတောင် Bubble - tea ကိုတသေးတယ်လား ဟွန်းငယ်ရယ် "
" ဟွန်းငယ်ကပြောပြတဲ့ဟာကို "
ချန်းယောလ်ပြောတာလည်း ဟုတ်နေတာဘဲ ဒီကလေးကတော့ ဘေးကလူတွေစိတ်ပူနေသလောက် သူလေးကတော့ အေးဆေးနေသည်။တကယ်ဘဲ ဘာမှမဖြစ်တာလား မဖြစ်ချင်ယောင်ဆောင်နေတာများလား။
ခဏနေတော့ အစ်ကိုရီရှင်းရောက်လာသည်။ဟွန်းငယ် ကိုဆေးကုန်သည်အထိစောင့်လေသည်။ချန်းယောလ်ကတော့ သူနဲ့အတူပြန်မယ်ဆိုကာ ထိုင်စောင့်ပေးနေသည်။
" ဟွန်းငယ်က ကြံ့ခိုင်တဲ့ကလေးပါ ဂျုံအင်လည်း စိတ်ပူမနေနဲ့ "
" ဟုတ်ကဲ့ အစ်ကိုရီရှင်း "
ဆေးကုန်တော့ ဟွန်းငယ်ကလည်းဆေးရုံမှာမနေချင်တော့တာကြောင့် ဆေးရုံစရိတ်ရှင်းပြီးတာနဲ့ အစ်ကိုရီရှင်းကားပေါ်တက်သွားကာ ပြန်တော့လေသည်။
ကားထွက်သွားသည်အထိ ကြည့်နေရင်းမှ ကားက ရုတ်တရက်ရပ်သွားကာ ဟွန်းငယ်က သူ့ဆီပြေးလာလေသည်။ပြေးလာကာ သူ့ရင်ခွင်ထဲတန်းဝင်ကာ ခါးနားကိုဖက်ရင်း
" ဦးအပြစ်မဟုတ်ဘူးနော် သိလား ကိုယ့်ကိုကိုယ် အရမ်းအပြစ်တွေမတင်နဲ့နော် … ဟွန်းငယ်က နည်းနည်းလေးနမော်နမဲ့နိုင်သွားတာပါ … "
" ဟွန်းငယ်ရယ် ~~~ "
ဂျုံအင်လည်း ဟွန်းငယ်ကို ပြန်ဖက်ထားပေးမိကာ နာမည်ကိုသာရေရွတ်မိတော့သည်။ ဟွန်းငယ်ကသူ့ထက်တောင်ရင့်ကျက်လွန်းသည်။
နောက်တော့ သူ့ကိုလည်းတာ့တာပြရင်း ဘေးကချန်းယောလ်ကိုပါတာ့တာပြပြီး သူ့အဖေကားပေါ်တက်သွားလေသည်။
ဂျုံအင်တို့ အဖြစ်အပျက်ကို တစ်စုံတစ်ယောက်က အဝေးကနေကြည့်လို့နေသည်။ဂျုံအင်ကတော့ မသိပေမယ့် ချန်းယောလ်ကတော့ အမှတ်တမဲ့ မြင်သွားလေသည်။
-------
ဦးရဲ့ Company က တကယ့်ကိုအကြီးကြီး။ အခန်းတွေလည်းအများကြီးနဲ့ မိုက်မှမိုက်။Company မှာ Bubble - tea လည်းရသေးတယ်။ဒီအအေးက ဟွန်းငယ်ဝယ်ရင် အခမဲ့တဲ့လေ ပိုက်ဆံပေးစရာမလိုဘူးတဲ့။
အထက်တန်းဝတ်စုံနဲ့ ကျောင်းသားလေးက ဒီမှာ Bubbleb- tea လာဝယ်ရင် ပိုက်ဆံမတောင်းဘဲပေးလိုက်ပါလို့ဘဦးကပြောထားတယ်တဲ့လေ ဘယ်လောက်မိုက်လဲ နောက်ဆို ဦး Company ကိုခဏခဏလာပြီး အအေးလာသောက်ရမယ် ။ အလကားသောက်ရလည်း နည်းလား ဟီးဟီး။
ဟိုဟိုဒီဒီလျောက်ကြည့်ရင်း အချိန်ကြာလာသည် ဦးကတော့ခုထက်ထိဆင်းမလာသေးဘူး အလုပ်တွေများနေတယ်ထင်တယ်။အပေါ်ဆုံးအထပ်ကို မကြည့်ရသေးတာကြောင့် ဓာတ်လှေကားနဲ့ အပေါ်ဆုံးအထပ်ကို တက်ဖို့ ဓာတ်လှေကားထဲဝင်လိုက်သည်။
ရုံးမှာအလုပ် လုပ်တဲ့ မမတွေက သူ့ကိုမြင်တော့ ပြုံးပြလ်ုက် တိုးတိုး တိုးတိုးနဲ့ ကပ်ပြီးစကားတွေပြောလိုက်နဲ့ ဘာတွေပြောနေကြမှန်းလဲ မသိဘူး။ အတင်းတုပ်လည်း အိုဆယ် တို့ကမမှုပါဘူးနော် လူတွေဘဲ အတင်းတုပ်မှာပေါ့ ။Bubble - tea လေးဘဲအေးဆေးသောက်နေတာကောင်းတယ်။
တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဓာတ်လှေကားထဲ ဝင်လိုက်ထွက်လိုက်နဲ့ နောက်ဆုံး ဆယ်ဟွန်းသာကျန်ခဲ့သည်။အအေးသောက်နေရင်း ဓာတ်လှေကား မီးကတဖျက်ဖျက်ဖြစ်လာသည်။ ခဏလောက်တဖျက်ဖျက်ဖြစ်ပြီး ပြန်ကောင်းသွားတာမို့ အမှုမဲ့အမှတ်မဲ့သာနေလိုက်သည်။
နောက်တော့ ဂျိန်းး ဆိုကာ ရပ်သွားပြီး မီးကလည်းပျက်သွားကာ ဓာတ်လှေကားကလည်းဆက်မတက်တော့ပါ။ အရေးပေါ်မီးကလည်းမှိန်ပျပျသာ လင်းသည်မို့ ဆယ်ဟွန်းအအေးဘူးလေးကို လက်နှစ်ဖက်နဲ့သာကိုင်ပြီး ထောင့်ကပ်နေမိသည်။
ph ကိုထုတ်ပြီး ဦးဆီခေါ်ဖို့ပြင်ပေမယ့် ဓာတ်လှေကားထဲမှာမို့ လိုင်းကလည်းမမိပါ။ ဒီထဲတစ်ယောက်တည်းဆိုတဲ့ အသိကဝင်လာတာမို့ ပိုကြောက်လာသည်။ူပိတ်မိနေတာကို ဘယ်သူမှမသိဘူးလား။
" အထဲမှာ လူရှိလားး ထပ်ပြောပါမယ် အထဲမှာလူရှိလား "
" ရှိ ~~ ရှိပါတယ် ကယ်ပါဦးး ~~ "
" ဟုတ်ကဲ့ ခဏလေးပါ ကျွန်တော်တို့ ပြင်ပေးဖို့ လူတွေလွှတ်လိုက်ပါမယ် "
အရေးပေါ်ခလုတ်က ကြားရတဲ့ အသံကြောင့် နည်းနည်းစ်ိတ်အေးသွားပေမယ့် ဓာတ်လှေကားက လှုပ်လာကာ အောက်ကိုတစ်ဆင့် နိမ့်သွားသည်။ မီးကလည်း ပျက်သွားကာလုံးဝကိုမှောင်သွားသည်။
အအေးဘူးကသာအေးနေပေမယ့် ဆယ်ဟွန်းကတော့ ပူလောင်ကာ ချွေးတွေလည်းထွက်လို့နေသည်။ခုချိန် ဘယ်သူမှလာမခေါ်ရင် ဘယ်လိုလုပ်မလဲ ။ အဟင့် ဦးက သူ့ကိုမေ့များမေ့သွားပြီလား ။ လက်လေးနဲ့ စမ်းကာ ထောင့်လေးမှာ ထိုင်ချရင်း ဟွန်းငယ်ကို အမြန်ဆုံးတွေ့ပါစေလို့သာဆုတောင်းမိသည်။
ငယ်ငယ်တုန်းကဆို ခုလိုမီးပျက်ရင် ဖေဖေနဲဦးငယ်က ဟွန်းငယ်ရေ ဆိုုပြီးလာခေါ်နေကြ ။အခုလည်း ဟွန်းငယ်ကို အဲ့လိုလာခေါ်ကြမှာ ဟွန်းငယ်သိတယ်။
ဦး လည်း လာခေါ်မှာ ဦင်္းရေ ဟွန်းငယ်ကိုမြန်မြန်လာခေါ်ပါတော့ ဟွန်းငယ်ကြောက်နေပြီ။
ပါးပြင်ထက်မျက်ရည်များဖြင့် ရွှဲစိုနေပြီဖြစ်သည်။အသက်ကိုပြင်းပြင်းရှူနေရင်း အသက်ရှူမဝ ဖြစ်လာရသည်။ အအေးဘူး ကိုင်ထားတဲ့ လက်ကလည်းတုန်လာသည်မို့ အအေးဘူးလည်းလွတ်ကျသွားသည်။
ကြောက်သည့်စိတ်က ပိုတိုးလာသည်မို့ တင်းကျပ်နေသည့်ရင်ဘက်ကို လက်နဲ့ ပွတ်ချကာ အသက်ပြင်းပြင်းရှူမိသည်။သို့သော် ခေါင်းမူးလာကာ အသက်ရှူရအဆင်မပြေတော့ပါ။ ခန္ဓာကိုယ် က ကြမ်းပြင်မှာလှဲချဲလိုက်ကာ မှောင်မည်းနေသောပတ်ဝန်းကျင်က ပိုတောင်မှောင်လာသလ်ိုပင်။
မျက်ဝန်းတွေပိတ်ပြီး သတိလက်လွတ်ဖြစ်ခါနီး အဲ့အချိန် ဦးရဲ့အသံကိုကြားလိုက်ရသည်။
" ဒုန်းး ! ဟွန်းငယ်!! ဟွန်းငယ် !! "
" ဟွန်းငယ် !!! ဦးအသံကြားရလား ပြန်ထူးပါဦးကွာ "
နောက်ဆုံးတော့ ဟွန်းငယ်ဆီ ဦးလာပြီ။ဦးက လှမ်းခေါ်ပေမယ့် ဟွန်းငယ်ကမထူးနိုင်ဘူး ။အသံတွေလည်းထွက်မလာဘူး ။
* ဦး ~~ ဟွန်းငယ်အထဲမှာရှိတယ် *
" အဟင့် ~~ ဦးးး ~~ ဟင်းးး "
" ဟွန်းငယ်ကအဖျားမကျသေးဘူးလား ဆူဟို "
ဆူဟိုလည်း ဟွန်းငယ်နဖူးပေါ်က အဝတ်လေးကိုယူကာတစ်ခြားတစ်ခုကိုရေပတ်ဝတ်ပြန်တင်ပေးပြီး
" ဟုတ်တယ်ကို … မနေ့ညတည်းက ဖျားနေတာဖြစ်မယ် ဆေးရုံက ဘာမှမပြောလိုက်ဘူးလားဟင် "
" ဘာမှမပြောလိုက်ဘူး ဆူဟိုသားက ဆေးရုံကပြန်လာတုန်းကတောင်ပျော်ပျော်ရွှင်ရွှင်ပါဘဲ "
မနေ့ညက ဟွန်းငယ်က ဓာတ်လှေကားထဲပိတ်မိပြီး ဆေးရုံကိုရောက်သွားတယ်ဆိုတာကို ဆူဟိုမှာ ကလေးအိမ်ပြန်လာမှသိရသည်။ ဟွန်းငယ်က အေးအေးဆေးဆေးနဲ့ ဘာမှမဖြစ်သလိုနေနေပေယ့် ဆူဟိုမှာတော့အဲ့လိုမထင်။
မနက်အစောကို ဟွန်းငယ်အခန်းထဲဝင်ကြည့်မှ စောင်ထဲတိုးကာ ဖျားနေပြီး ငြီးနေသည်။
" ကိုယ် ယောက်ဖကို လေဆိပ်မှာသွားကြို လိုက်ဦးမယ် "
" အင်းအင်း ဖြေးဖြေးသွားဥင်္ီး "
ရီရှင်းလည်း သားလေးရဲ့ ခြေဖျားလေးတွေကို စောင်နဲ့ လုံခြုံအောင်ပြန်ဖုံးပေးလိုက်ကာ လေဆိပ်ကိုထွက်လာလိုက်သည်။
***********************************
29 . 7 . 2021
Bubble - Eri 😘😘
ဟွန်းငယ်လေးက သိပ်ကံကောင်းတာဘဲ။အချစ်ရေး လည်း ချစ်တတ်လွန်းတဲ့ ဦး ရှိတယ်။မိသားစုတွေကလည်း အရမ်းချစ်ကြတာ။
ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။