BELOVED [ Completed ]
By Bubble-Eri
6.7K 956 394
Kaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri 😘😘 More
β™‘ LOVE β™‘
β™‘ 1 β™‘
β™‘ 2 β™‘
β™‘ 3 β™‘
β™‘ 4 β™‘
β™‘ 5 β™‘
β™‘ 7 β™‘
β™‘ 8 β™‘
β™‘ 9 β™‘
β™‘ 10 β™‘
β™‘ 11 β™‘
β™‘ 12 β™‘
β™‘ 13 β™‘
β™‘ 14 β™‘
β™‘ 15 β™‘
β™‘ 16 β™‘
β™‘ Final β™‘
β™‘ Extra β™‘ End
β™‘ 6 β™‘
271 54 29
By Bubble-Eri
တစ်ခြားသူငယ်ချင်းတွေလည်း မပြန်ကြသေးဘဲ အားပေးနေကြတာမို့ ကျောင်းကွင်းမှာ အသံများဆူညံလို့နေသည်။
" Oops ! ဟုတ်သား "
" ဂိုးးး !!!! "
" နည်းနည်းဘဲ မောတာပါဦးရဲ့ …  ဦးက ဘယ်လိုလုပ်ရောက်လာတာလဲ ဟွန်းငယ်က ပွဲပြီးမှ ph တက်မလို့ဟာ "
" ဟားး ဟားး ဟုတ်ပါပြီ"
" ဟုတ်ပြေပါတယ် "
" မရှိ … "
" ဟုတ်ကဲ့ "
" အလုပ်ဘဲ လုပ်နေတာဘဲ "
-----------
" ဟုတ် "
" အဲ့ဒါက ဘာအခန်းလဲဟင် "
" ဟုတ်ကဲ့ပါ အော် အင်းပါ "
" ရတယ်ရတယ် ဟွန်းငယ်ဘဲသွားဝယ်လိုက်မယ် အစ်ကိုကအပေါ်တက်ပြီး ဦးကိုပြောလိုက်နော် ဟွန်းငယ်အောက်ထပ်မှာစောင့်နေမယ်လို့ "
" အင်း ဟုတ်ပြီ "
" နေဦး ဘယ်ဓာတ်လှေကားလဲ "
" ဘာတွေဖြစ်နေတာလဲ!!ဲ "
" သူဌေး … "
" မကောင်းရင်ပြင်လေ "
" ဘာ !!!! "
" ဟုတ်ကဲ့ "
" ဟွန်းငယ် !! ဟွန်းငယ် !! "
***********************************
  28  .  7  .  2021
Bubble - Eri 😘😘
ဒီနေ့တော့ ကျောင်းမှာ ဘောလုံးချိန်းပွဲရှိသည်မို့ ဦးကို နည်းနည်းနောက်ကျပြီးမှ လာကြိုလို့ ph ဆက်ထားသည်။ဆယ်ဟွန်းနဲ့ ဒိုဘယ်တို့ အခန်းက တစ်သင်း သူတို့နောက်ခန်းက တစ်သင်းပြိုင်ကြမှာဖြစ်သည်။
ကျောင်းမှာ ကအမြဲလိုလို အားကစားပွဲတွေကျင်းပနေကြဖြစ်သည်။ ပွဲမစခင် ကိုယ်လက်လေ့ကျင့်ခန်းလေးလုပ်ကြပြီး ပြိုင်ပွဲစကြသည်။
ပွဲစတော့ ဟိုဘက်က အသာစီးရနေသည်။ဆယ်ဟွန်း ကိုယ့်အတန်းက ရှုံးနေတာမို့ အင်တိုက်အားတိုက် တိုးဝင်ကာ ဘောလုံးကို လုတော့သည်။
" အိုဆယ်ဟွန်း မညစ်နဲ့နော် "
" ဘယ်မှာ ညစ်လို့လဲ အရူးရဲ့ "
ဆယ်ဟွန်းက သူမနိုင်တော့ရင် ညစ်တတ်တာကို သူငယ်ချင်းတွေအကုန်သိပြီးသားဖြစ်သည်။ခုလည်းသူရှုံးနေတော့ လူတွေကိုအတင်းတွေဝင်တိုက်ပြီး ညစ်တော့သည်။
တစ်ခြားသူငယ်ချင်းတွေလည်း မပြန်ကြသေးဘဲ အားပေးနေကြတာမို့ ကျောင်းကွင်းမှာ အသံများဆူညံလိ်ု့နေသည်။
ကျောင်းသားတွေကြားထဲ Suit အပြည့်ဝတ်ထားတဲ့ လူကလည်း ကွင်းထဲက တစ်ဦးတည်းသောကောင်လေးရဲ့ ကစားပုံ ညစ်တတ်တတ် လုပ်ပုံလေးတွေကြည့်ကာပြုံးနေတတ်သေးသည်။ဓာတ်ပုံများလည်း ရိုက်ကာ သိမ်းဆည်းထားနေလေသည်။
" အချိန် ဘယ်လောက်မှမကျန်တော့ဘူးနော် မြန်မြန်ဆော့ကြ "
အားကစားဆရာက လှမ်းအော်နေပြီမို့ ဆယ်ဟွန်းနဲ့ ဒိုဘယ်တို့ သူငယ်ချင်းတွေပေါင်းကာ တိုက်ကွက်အသစ်တွေထုတ်ရတော့မည်။ အခုက သရေဖြစ်နေပြီမလား ။
နိုင်အောင်လုပ်ရမယ် မနိုင်ရင် အိမ်မပြန်ဘူး။ဦးလာခေါ်မှ ပြန်မယ် အိုဆယ်ဟွန်းတဲ့နော် တစ်ဟွန်းဘဲရှိတယ် နှစ်ဟွန်းရှိရင် ဦးကိုယူပလိုက်မယ်။
အချိန်လည်း သိပ်မကျန်တော့သည်မို့ ဘောလုံးကို ဟိုဘက်ကလုလိုက် ဒီဘက်ကလုလိုက်နှင့် ဂိုးပေါက်နားကိုမရောက်နိုင်ပါ။ရုတ်တရက်ဆိုသလို ဆယ်ဟွန်းနားဘောလုံးရောက်တော့ ဆယ်ဟွန်းလည်း ခြေထောက်နှင့်ကန်ကာ အနောက်ကဂိုးပေါက်ထဲသွင်းခါနီး ဒိုဘယ်က
" အိုဆယ်ရေ အဲ့တာ ငါတို့ဘက်ဟ !!! "
" Oops ! ဟုတ်သား "
ဒိုဘယ်အော်သံကြောင့် ကွင်းထဲရယ်သံများဖုံးလွှမ်းသွားသည်။ဆယ်ဟွန်းလည်း အယောင်ယောင်အမှားမှား ဖြစ်ကာ ဘောလုံးကို ဘယ်သူမှမပေးဘဲ လက်တွေနဲ့တွန်းကာ ဂိုးပေါက်နား လှိမ့်ကာ သွင်းလိုက်သည်။
" ဂိုးးး !!!! "
အချိန်လည်းစေ့ ဂိုးလည်းဂိုးတာမို့ ဆယ်ဟွန်းတို့ အတန်းသားတွေကတော့ သူတို့နိုင်ပြီဆိုကာ ထအော်ကြလေသည်။ ဆယ်ဟွန်းကိုလည်း တစ်ခြားသူငယ်ချင်းတွေက ချီကာလေထဲမြှောက်ကြသည်။
ဆယ်ဟွန်းလည်း သူငယ်ချင်းတွေနဲ့ အတူအော်ရင်း Suit အပြည့်နှင့်စမတ်ကျကျ ထိုင်နေသော ဦးကိုတွေ့လိုက်ရသည်မို့ ပိုတောင်ပျော်သွားသည်။
ပွဲပြီးတာနဲ့ ဦးကို ခဏစောင့်ဖို့ ပြောခဲ့ကာ သန့်စင်ခန်းထဲပြန်ဝင် အင်္ကျီလဲကာ ဖင်ကပ်ဘဲကျန်တော့တဲ့ ရေမွှေးကို မရမက အင်္ကျီပေါ်မှာ ဖြန်းကာ အပြင်ထွက်လာလိုက်သည်။
" ချွေးတွေရွှဲနေတာဘဲ မောသွားပြီလားဟွန်းငယ် "
wet tissue လေးနဲ့ သူ့မျက်နှာက်ို ဖွဖွလေးသုတ်ပေးတဲ့ ဦးရယ်ပါလေ။ဒီလူကြီး ကြာလေကြာလေ ပိုချစိဖို့ကောင်းလာတယ်။
" နည်းနည်းဘဲ မောတာပါဦးရဲ့ …  ဦးက ဘယ်လိုလုပ်ရောက်လာတာလဲ ဟွန်းငယ်က ပွဲပြီးမှ ph တက်မလို့ဟာ "
ဦးက ရေဘူးလေးဖွင့်ပေးလာတာမို့ ယူသောက်လိုက်သည်။
" လာဖမ်းတာလေ … ဟွန်းငယ်က အိမ်မှာလိမ်ပြီး ဂိမ်းသွားသွားဆော့နေကြဆိုတော့ အခုလည်းဦးကို လိမ်ပြောတာလားလို့ … "
" ဦးနော် ဟွန်းငယ်က လိမ်မာနေပါပြီနော် ဂိမ်းဆိုင်လည်းမသွားတော့ပါဘူးနော် "
" ဟားး ဟားး ဟုတ်ပါပြီ"
" ဆယ်ဟွန်းရေ ငါတို့မုန့်စားကြဦးမှာ လိုက်ဦးမလား "
" မလိုက်တော့ဘူး မင်းတို့ဘဲစားတော့ "
ဂျုံအင်လည်း ဟွန်းငယ်ကို မုန်စားမလားမေးတော့ အိမ်ပြနိပြီးရေချိုးချင်နေပါပြီတဲ့လေ။အိမ်ကိုဘဲ အရင်ပို့ပေးလိုက်တော့ သူ့ကို မပြန်ခိုင်းသေးဘဲ အိမ်မှာဘဲနေခိုင်းသည်။
" ဂျုံအင်ရော အလုပ်တွေအဆင်ပြေရဲ့လား "
" ဟုတ်ပြေပါတယ် "
" ဟွန်းငယ် နဲ့ အပြင်သွားစရာရှိလို့လား မရှိရင် ထမင်းပါစားသွားလေဂျုံအင် "
" မရှိ … "
" မေမေ ဦးနဲ့ ဦးငယ်အတွက် ထမင်းခူးလိုက်တော့ ဟွန်းငယ်ဗိုက်ဆာနေပြီ "
" အေးအေး အခုခူးလိုက်မယ် "
" လာဦး ထမင်းထမင်းသွားစားကြမယ် "
ဂျုံအင်ကို ထမင်းစားခန်းထဲထိဆွဲခေါ်သွားသော ဟွန်းငယ်ပါလေ။ဟိုရောက်တော့လည်း ဟွန်းငယ်ကသူကိုယ်တိုင်ဟင်းတွေထည့်ပေး သည်။အစ်မဆူဟိုကတော့ ဘေးကနေ ငါးကိုနွှင်ပေးနေကာ တစ်ခါတစ်ခါ မှသာစကားဝင်ပြောသည်။
" အချိုလေး တည်း ဦး… ဂျုံအင် "
" ဟုတ်ကဲ့ "
" ဦး နက်ဖြန် ဘာလုပ်မှာလဲဟင်? "
" နက်ဖြန်အလုပ်သွားရမယ်လေ "
" အလုပ်ဘဲ လုပ်နေတာဘဲ "
ပျင်းရီရီဖြင့်ပြောလာသော ဟွန်းငယ်က တစ်ခုခုအလိုမကျသည်ဆို မျက်ခုံးကတွန့်ကာ နေတတ်သည်။အခုလည်း ဘာတွေအလိုမကျပြန်လဲမသိ။
"  ဟုတ်ပြီ နက်ဖြန် ကျောင်းဆင်းရင် ဦးCompany ကို လိုက်ခဲ့မယ်နော် "
" ဦး Company မှာကြည့်စရာဘာရှိလို့လဲ ဟွန်းငယ်ရဲ့ "
" ရှိရှိမရှိရှိ လိုက်မှာဘဲ "
" ဟုတ်ပါပြီ ဦးလာခေါ်မယ် ဟုတ်ပြီလား "
-----------
ဒီနေ့ အလုပ်ကိုဟွန်းငယ်က လိုက်ကြည့်မယ်ဆိုတာကြောင့် ဂျုံအင်မှာမနက်တည်းက အလုပ်တွေတောင်သိပ်မလုပ်တော့ဘဲ အတွင်းရေးမှူးကိုလွှဲထားရသည်။
ရုံးခန်းကို သန့်ရှင်းရေးပြန်လုပ်ကာ အခန်းထဲမှာလည်း ဟွန်းငယ်အကြိုက် မုန့်လေးတွေထား ထားလိုက်သည်။ညနေရောက်တော့ ဟွန်းငယ်ကို ထုံးစံအတိုင်းကျောင်းမှာသွားကြိုလိုက်သည်။
" ဦး Company ကိုလိုက်မယ်နော် "
" အင်းပါ အခုသွားမယ်နော် "
ဟွန်းငယ်ကတော့ ပျော်နေသည်။ဟွန်းငယ်ပျော်နေတာမြင်တော့ ဂျုံအင်လည်းပြောသည်။ ညနေတိုင်း ဟွန်းငယ်ကိုကျောင်းကြိုပြီး ဟွန်းငယ်နဲ့အတူမုန့်စားရတာလည်း ပျော်သည်။ ဒီပုံတိုင်းဆျု ဘက်ခ်ဟျွန်းကိုတောင် နည်းနည်းကြာမ ပြန်လာစေချင်သည်။
" ဝါးးး ဦး Company က အကြီးကြီးဘဲနော် ဦးငယ်နဲ့ ဖေဖေ Company အတိုင်းဘဲ "
ဂျုံအင် ကားရပ်တော့ ဟွန်းငယ်က ကားပေါ်ကဆင်းကာ Company ကိုမော့ကြည့်နေသည်။
" လမ်းပျောက်မယ် ဦးလက်ကို ကိုင်ထား"
" ဟုတ် "
ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်ဖြင့် စပ်စုနေတာမို့ ဟိုမမြင်ဒီမမြင်တိုက်မိမှာဆိုးတာကြောင့် ဂျုံအင်ဘဲဟွန်းငယ်လက်ကိုကိုင်ကာ ရုံးခန်းကို ခေါ်သွားရသည်။
အလုပ်မဆင်းကျသေးတာမို့ လူတွေကလည်း သူနဲ့ဟွန်းငယ်ကို ခိုးကြောင်ခိုးဝှက်တစ်မျိုး ပေါ်တင်လည်းကြည့်ကြသည်။ဘေးက ဟွနိးငယ်ကတော့ တွေ့သမျှလူတိုင်းကို ပြုံးပြကာနှုတ်ဆက်နေလေရဲ့။
" ဦးအခန်းက ဇာတ်ကားတွေထဲက အတိုင်းဘဲနော်မိုက်တယ် "
" ဒီကိုလာထိုင်လေ ဦးမုန့်တွေမှာပေးထားတယ် "
ဟွန်းငယ် မုန့်စားတာကိုဘေးကနေ စောင့်ကြည့်ပေးနေရင်း အလုပ်လေးတစ်ချို့ပေါ်လာတာကြောင့် ခုံမှာထိုင်ကာ ခဏသွားပြန်လုပ်ရသည်။
ဆယ်ဟွန်းလည်း ဦးအလုပ်ပြီးသည်အထိစောင့်ပေးနေပေမယ့် ကြာတော့ပျင်းလာသည်။ပတ်ကြည့်ချင်သေးတာကြောင့် ဦးကိုခွင့်တောင်းကာ ပတ်ရမည်။
" ဦး ဟွန်းငယ် ဟိုနားဒီနားပတ်ကြည့်ချင်တယ် "
" ဦးကအလုပ်မပြီးသေးဘူးလေ "
" ရတယ် ဟွန်းငယ်ဘာ့သာပတ်လိုက်မယ် ဦးကအလုပ်ပြီးရင်လိုက်ခဲ့လေ "
ဂျုံအင်လည်း ဟွန်းငယ်ကိုတစ်ယောက်တည်းမလွှတ်ချင်ပါ။သို့သော်အလုပ်ကမပြီးသေး။ ဒါပေမယ့်လည်း ဟွန်းငယ်သွားရအဆင်ပြေအောင် အတွင်းရေးမှူးကိုပါ ထည့်ပေးလိုက်သည်။ ဘာမှန်းမသိပေမယ့် စိတ်ထဲတော့လေးနေသည်။
" အဲ့ဒါက ဘာအခန်းလဲဟင် "
" အစည်းအဝေးခန်းပါခင်ဗျ "
" ဟွန်းငယ်က ငယ်ပါသေးတယ် အရမ်းကြီးရိုရိုသေသေမပြောပါနဲ့နော် "
" ဟုတ်ကဲ့ပါ အော် အင်းပါ "
သူဌေးရဲ့ ဧည့်သည်မို့ ယဉ်ယဉ်ကျေးကျေးပြောပြနေပေမယ့်လည်း အထက်တန်းကျောင်းသားလေးမို့ သူကိုတရင်းတနှီးသာပြောလာသည် သူဌေးကတော့ကံကောင်းလိုက်တာ။
" ဒီမှာအအေးမရောင်းဘူးလားဟင် ဟွန်းငယ်သောက်ချင်လို့ "
" အာ အအေးကအောက်ဆုံးထပ်မှာဘဲရှိတာ ညီလေးစောင့်နေလေ အစ်ကိုသွားဝယ်လိုက်မယ် "
" ရတယ်ရတယ် ဟွန်းငယ်ဘဲသွားဝယ်လိုက်မယ် အစ်ကိုကအပေါ်တက်ပြီး ဦးကိုပြောလိုက်နော် ဟွန်းငယ်အောက်ထပ်မှာစောင့်နေမယ်လို့ "
" အင်း ဟုတ်ပြီ "
သူဌေးရဲ့ ဧည့်သည် က ဓာတ်လှေကားထဲဝင်သွားပြီးမှ သူလည်း တစ်ခြားဓာတ်လှေကားနှင့် အပေါ်ဆုံးအထပ်ကိုတက်ခဲ့လိုက်သည်။သူဌေးပြောပြပြီးတော့ အပြင်ဘက်မှာကျန်နေတဲ့ အလုပ်ကို လုပ်နေရင်း
" အတွင်းရေးမှူး သူဌေးအလုပ်ဆင်းတော့မှာလား "
" အင်းဆင်းတော့မယ်ထင်တယ် ဘာဖြစ်လို့လဲ "
" ဓာတ်လှေကား တစ်ခုပျက်နေလို့ အဲ့ဒါ "
" နေဦး ဘယ်ဓာတ်လှေကားလဲ "
" B ပါ အထဲမှာလူပိတ်နေတယ်ထင်တယ် "
" ဟာဗျာ ဒုက္ခဘဲ မြန်မြန်သွားဖွင့် အထဲမှာကောင်လေးတစ်ယောက်ရှိတယ် "
" ဘာတွေဖြစ်နေတာလဲ!!ဲ "
" သူဌေး … "
သွားပြီငါတော့ သေနေ့စေ့ပြီထင်တယ်။ဒီချိန်မှ သူဌေးကလည်း လွယ်အိတ်ကိုလက်ကကိုင်ပြီးထွက်လာရတယ်လို့ ။
" ဟိုသူဌေး ဓာတ်လှေကား တစ်ခုမကောင်းလို့ပါ "
" မကောင်းရင်ပြင်လေ "
" ဓာတ်လှေကားထဲ သူဌေးရဲ့ ဧည့်သည်ကောင်လေးလည်း ပိတ်မိနေတယ်ထင်တယ် "
" ဘာ !!!! "
ဟွန်းငယ်က ပိတ်မိနေတယ်တဲ့လား။ဂျုံအင်မှာ ဟွန်းငယ်ဆီ ph ဆက်တော့လည်း ph မကိုင် တာမို့ စိတ်ပူလာရသည်။
" ဘယ်နှထပ်မှာ ရပ်သွားတာလဲ ? "
အထပ်ကိုမေးကာ အရေးပေါ်လှေကားကနေပြေးဆင်းလာရသည်။ ဓာတ်လှေကားရပ်ရာ အထပ်ကိုရောက်တော့ ဓာတ်လှေကားနားရပ်ကာ ဟွန်းငယ်ဆီ ph ခေါ်ကြည့်တော့ အသံကြားရသည်။
" ဒုန်းး ! ဟွန်းငယ်!!  ဟွန်းငယ် !! "
တံခါးကိုထုကာ အော်ခေါ်နေပေမယ့် ဘာသံမှမကြားရ။အထဲမှာ ဟွန်းငယ်အရမ်းကြောက်နေလားမသိဘူး။ဂျုံအင်အမှားတွေပါ ကလေးကို တစ်ယောက်တည်းမလွှတ်လိုက်သင့်ဘူး။
" ဟွန်းငယ် !!! ဦးအသံကြားရလား ပြန်ထူးပါဦးကွာ "
" သူဌေး ပြင်မယ့်သူတွေရောက်လာပါပြီ "
" မြန်မြန်ဖွင့် ကြားလား !! "
" ဟုတ်ကဲ့ "
ဂျုံအင်လည်း အထဲကိုဆက်တိုက်အသံတွေပေးနေပေမယ့် ဘာသံမှမကြားရပါ။ ပြင်နေတဲ့ သူတွေက အချိန်ကြာနေပြီမို့ ဖြစ်နိုင်ရင် တံခါးကိုတစ်ခုခုနဲ့သာ ဆောင့်ထိုးပြီးဖြစ်ဖြစ် ဖျက်လိုက်ချင်သည်။
" ဟွန်းငယ် !! ဟွန်းငယ် !! "
" သူဌေး ဖွင့်လို့ရပါပြီ "
စက်ပြင်သူတွေ ရဲ့ ပစ္စည်းတွေကိုကျော်ခွကာ ဂျုံအင်တံခါးကို အားနဲ့တွန်းလိုက်တော့ ဓာတ်လှေကားထဲ Bubble - tea ဘူးလေးက မှောက်ကျကာ ဟွန်းငယ်ကမေ့လဲနေသည်။ မေ့လဲနေတဲ့ ဟွန်းငယ်ကို ချီခေါ်ကာ အပြင်ထုတ်လာလိုက်ပြီး
" ဟွန်းငယ် ! ကလေး ဦးခေါ်တာကြားရဲ့လား ဟွန်းငယ်သတိထားပါဦး "
ဂျုံအင်ဘယ်လိုခေါ်ခေါ် ကလေးကမထူးပါ။ဘေးကအတွင်းရေးမှူးက ဆေးရုံသွားဖို့ ကားအဆင့်သင့်ပြင်ထားကြောင်းပြောလာတော့မှ ဂျုံအင်လည်း ဟွန်းငယ်ကို ချီကာ သွားရသည်။
ကားပေါ်ရောက်တော့ အတွင်းရေးမှူးကမောင်းပြီး ဂျုံအင်လည်း ချန်းယောလ်ဆီph ဆက်ရသည်။
" ချန်းယောလ် ဆေးရုံမှာမလား "
" အမ် ! ငါဂျူတီ off ပြီကွ ဘာကိစ္စရှိလို့လဲ "
" ဟွန်းငယ်မေ့လဲသွားလို့ ငါအခုဆေးရုံကိုလာမလို့ "
" ဟုတ်လား အေးအေး လာခဲ့ ငါစောင့်နေမယ် "
ဂျုံအင်လည်း ဟွန်းငယ်ကိုယ်လေးကိုဖက်ထားမိသည်။ဟွန်းငယ်နဖူးပေါ်မှာလည်း ချွေးတွေဆိုတာများလိုက်တာ ကလေးကဘယ်လောက်တောက်ကြောက်နေလိုက်မလဲ။
***********************************
  28  .  7  .  2021
Bubble - Eri 😘😘
Vote လေးတွေပေးသွားကြဦးနော်။ FB လေးလည်းပေးကြဦး။ ROSE လေးလည်း stream ကြမယ်နော် ။
ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။
Continue Reading
You'll Also Like
10.7M 248K 60
𝐅𝐫𝐨𝐦 π„π§πžπ¦π’πžπ¬ 𝐭𝐨 π‹π¨π―πžπ«π¬ Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
432K 12.4K 21
You were forced to marry a cold and cruel but hot guy name Kim Taehyung in order to keep both yours and his families companies alive. How will it tur...
9.9K 1.2K 5
[ COMPLETED] α€˜α€¬α€α€½α€±α€•α€²α€–α€Όα€…α€Ία€–α€Όα€…α€Ί ပထမဆုဢးကမင်း α€’α€―α€α€­α€šα€€α€™α€„α€Ία€Έ α€α€α€­α€šα€€α€™α€„α€Ία€Έ ထရာရာကမင်းပဲ Oh Sehun x Kim Jongin
684K 57.2K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...