အရှင်​မင်းကြီး ​ကောင်းကင်​ဘုံ...

بواسطة Alittlecoin

46.8K 7K 464

Unicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင... المزيد

Prologue 1
Prologue 2
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Announcement !!!
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Announcement !!!
Chapter 29
Chapter 30
Chapter 31
Chapter 32
Announcement !!!
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41.1
Chapter 41.2
Announcement 📣 📣 📣
Chapter 41.3
Chapter 42.1
Chapter 42.2
Chapter 43
Chapter 44
Chapter 45.1
Chapter 45.2
Chapter 46
Chapter 47.1
Chapter 47.2
Chapter 48
Chapter 49
Chapter 50
Chapter 50.1
Chapter 51
Chapter 51.1
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 56.1
Chapter 57

Chapter 9

629 127 3
بواسطة Alittlecoin


"Account ဟက်ခ်ခံလိုက်ရပြီး အရာအားလုံး ခိုးယူခံလိုက်ရခြင်း; အမြီးတုတ်တုတ်ဖမ်းကြမယ်၂"

ထန်းရှောင် က ရိုက်ကူးရေးပြီး
ပြီးချင်း ရှောင်လင် ကို သွားရှာ
လိုက်တယ်။

“ရှောင်လင်ရေ! ငါ..​ခွေးမွေးချင်
လို့။ မူချောင်ရဲ့ခွေး နဲ့ တစ်ပုံစံ
တည်းတူတဲ့ ​ရွှေရောင်အမွှေးပွ​ခွေး
မျိုး​ ​မွေးချင်တယ်”

ရှောင်လင် က မနိုင်ဘူးဆိုတဲ့ပုံစံ
နဲ့ မျက်ဖြူလှန်​ ပြလိုက်ကာ
ထန်းရှောင် ကို ဂုတ်ကနေ ဆွဲခေါ်လိုက်တယ်။

“ဒီနေ့ မနက်တုန်းက နင်စားတဲ့
ပန်ကိတ်ထဲ အဆိပ်ခတ်ခဲ့ရမှာ…။ မူချောင်ရဲ့ဖန်တွေ ကလည်း
ငါ လုပ်ခဲ့တာသာ သိရင် အကုန်
​ကျေးဇူးတင်ကုန်ကြမှာပဲ”

“ဒါဆို လည်း နင် အလုပ်ပြုတ်ပြီ
​လေ”

“….”

ထန်းရှောင် အိမ်ကို ပြန်ရောက်​
​ရောက်ချင်း ဂိမ်းထဲကို ဝင်ပြီး ဖြစ်ပျက်နေတဲ့ အခြေအနေ​တွေ
ကို စစ်ကြည့်လိုက်တယ်။

Screenမှာ မြင်နေရတဲ့
အမျိုးသမီး Enchantress
ကတော့ သူမရဲ့ကိုယ်ပိုင်သီးသန့်​နေရာလေး​တွေ ကို အရှက်လုံရုံ
မျှ ဖုံးဖိထားတဲ့ အဝတ်စ​လေး
နှစ်​စသာ ကိုယ်​မှာ ကပ်နေ​
​လေတယ်။
လက်နက် ပစ္စည်းတွေ နဲ့
အကာအကွယ် ဝတ်ရုံတွေလည်း
တစ်ခုမှ မရှိတော့တဲ့ အပြင်​
သူမရဲ့အကောင့်ကို ဟက်ခ်သွား
တဲ့ မျိုးမစစ်​​လေး က
သူမအတွက် အဖြူရောင်
ဂန္ဓာမာပန်းတွေမှ လွဲ၍
HP Optionလေး နည်းနည်း
​တောင် ချန်မသွားခဲ့ပေ။

{ HP = Hit Points
HPဆိုတာ ဂိမ်းထဲမှာတွေ့နေကျ
စကားလုံးပါ။ သူက ဘာကို
ရည်ညွှန်းတာလဲ ဆိုရင်
ကိုယ် ကိုင်နေတဲ့ Character က
ဘယ်လောက်ထိ သန်မာလဲဆိုတဲ့
ပမာဏစွမ်းအား or Unit
ကို ပြပါတယ်​။ Character
တစ်ခုမှာ HP ပိုပြီး များလေလေ Damageတွေ ကို ပိုပြီး ခုခံနိုင်စွမ်း
မြင့်မားပါတယ်}

ထန်းရှောင်ရဲ့မျက်နှာ က
အီးမှန်တဲ့ အခွက်​လို ရှုံ့တွသွား
ကာ Screenကို ကြည့်ပြီး ​
​ဒေါသတကြီး ​အော်ဟစ်ကျိန်ဆဲ
လိုက်​တော့တယ်။

[လက်ရှိ] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
လး: “ထန်းရှီလေး, မင်းAccount အခြေအနေ ဘယ်လောက်ထိ
ဆိုးလဲ ဆိုတာ မြင်ပြီးသွားပြီ
လား?”

[လက်ရှိ] ထန်းရှီ: “နောက်ဆုံး တစ်ကြိမ်တုန်းက ထက်ကို ပိုဆိုး
​နေတာ။ အဲ့​လောက်ကြီး
ဆိုးလိမ့်မယ် လို့ ထင်တောင်
မထင်ထားဘူး။ ဘယ်မအေ***#$%&%@
​ခွေးဝဲစား @#&%#$***​ လုပ်သွားတာလဲ မသိဘူး”

[လက်ရှိ]​မြေအိုးထဲကရွှေတုံး​လေး: “ဒီအချိန်က အကောင်းဆုံးပဲ!
ဟေး….ငါးကောင်တွေရေ…
လာကြဟေ့…ထန်းရှီလေး ကို
ဝိုင်းတွယ်ကြရအောင်”

[လက်ရှိ] ထန်းရှီ: “……”

MengHu Clanသားတွေ က ဘယ်သူသေသေငတေမာ
ရင်ပြီးရော ဆိုတဲ့
အမျိုး​ကောင်းသားတွေ ဖြစ်ကြ
တာ​ကြောင့် ထန်းရှီလေးကြုံတွေ့
​နေရတဲ့ အခက်အခဲမှန်သမျှ ကို
​သောက်​ဖက် မလုပ်ကြ​လေဘဲ
သူမကို ​တောအုပ်နယ်မြေထဲဆီ ဆွဲခေါ်သွားကာ စတင်ပြီး
ရိုက်နှက်ကြ​လေတယ်။

ထိုအချိန်မှာပဲ MengHu Clanတစ်ခုလုံးက ကျန်တဲ့လူတွေ
ကလည်း စုဝေးလာကြကာ တောအုပ်နယ်မြေ ထဲမှာ
​မြော့နေအောင် အရိုက်ခံနေရတဲ့ ဘီကီနီလေး နဲ့ ထန်းရှောင် ကို
​တွေ့သွားကြတယ်။

ပြီးနောက်မှာတော့ သူတို့ ပါ
သူမကို ဝင်ရိုက်ကြတော့တယ်။

သူတို့ က သူမရဲ့ဗိုက်ပေါ် ကို
တက်နင်းတယ်။​
​ကျောကုန်းကို လိမ့်ကန်တယ်
ပြီးတာ နဲ့ သူမတစ်ကိုယ်လုံး ကို ခေါက်ဆွဲလုပ်ဖို့ ဂျုံမုန့်နယ်သလို
မျိုး ဆွဲတယ်။ ဆန့်တယ်။
လိမ့်တယ်။ ရိုက်တယ်။
Master Chief စားဖိုမှူးတွေ
ကြက်ကို ပယ်ပယ်နှယ်နှယ် ပုံသွင်း
ပြီး မီနူးအမျိုးမျိုး တီထွင် ဆန်းသစ်ကြသလို သူမ ကိုလည်း
ပုံစံအမျိုးမျိုး အပြင် မမြင်ဖူးတဲ့ ပုံစံအသစ်အဆန်းတွေ နဲ့ပါ
အ​သေဝိုင်းကြိတ်​ကြတယ်။

[လက်ရှိ] မြေအိုးထဲကရွှေတုံး
​လေး: “F*ck, ဒါကရုပ်ရှင်ကား
ထဲက ဇာတ်ဝင်ခန်း အတိုင်းပဲ။ ခံစားချက်ကတော့ So ဂွတ်”

[လက်ရှိ] ထန်းရှီ: “မင်းတို့တွေ
ငါ့ကို ​သေအောင်ရိုက်နိုင်တယ်။
ဒါပေမဲ့​​ ​ကျေးဇူးပြုပြီး ငါ့ကို
အနည်းဆုံး​တော့ လူသားချင်း
စာနာ ​ထောက်ထားမှုလေး ထားပေးကြပါ”

[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်က မင်းရဲ့ဘိုးအေကြီး: “ဘယ်သူ က မင်းကို လူသားချင်း
မစာနာဘဲ ​နေလို့လဲ။ လာဟေ့…နောက်တစ်ယောက်
ဘယ်သူလဲ! မြန်မြန်လုပ်!”

MengHu Clanက လူတွေရဲ့ ဂိမ်းLevelတွေ က အမြင့်ဆုံးမှာ
​ရောက်နေကြပြီး သူတို့ ရဲ့
လက်နက် ပစ္စည်းတွေကလည်း
သိပ်ပြီး အကျွမ်းတဝင်နဲ့
အသုံးချရမဲ့​ ​နေရာမရှိသလို
ဘဝမှာလည်း မယ်မယ်ရရလုပ်ရ
မဲ့ ရည်မှန်းချက်မျိုး မရှိဘဲ လမ်းပျောက်နေကြတယ်။
သူတို့အတွက်တော့ အရမ်း ကို
စိတ်လှုပ်ရှားစရာ​ကောင်းပြီး
စိတ်အား ထက်သန်ရတဲ့ အရာမျိုး တစ်ခုမှ မရှိခဲ့ဖူးဘူး။

ဒါ​ပေမဲ့ ထန်းရှီလေး ကို
အုပ်စုလိုက် ​ပေါင်းတွယ်လိုက်တဲ့
အခါမှာတော့ သူတို့တွေ အလွန်​ကို လန်းဆန်း တက်ကြွသွားကြတယ်။

ထန်းရှောင် က လူတော်တော်များ
များကို ဖင်လိုက်​မီး​မွှေး တဲ့
အခါတိုင်း သူတို့အနေ နဲ့ လုံးဝ
မကြိုက်​ပေမဲ့လည်း သူမနဲ့ ဖက်ပြီး
ကိုက်​ဖို့ အခွင့်က မသာခဲ့ပေ။
ထို့ကြောင့် သူမရဲ့နောက်လိုက်
အပေါင်းအပါကြီးတွေ ကိုယ်တိုင်
က သူမကို ဝိုင်းရိုက်​​နေကြတာ
မြင်တဲ့ အခါမှာတော့ ​
​မျောက်အုန်းသီး ရသလိုမျိုး
ကျန်တဲ့ Clanတစ်ခုလုံး ကပါ
ဝမ်းသာအားရ နဲ့ တစ်ပြုံကြီး
ပါလာကြတော့တယ်။

ထန်းရှီ ကို ရိုက်တယ်ဆိုတာက သူတို့ရဲ့စိတ်ပျော်ရွှင်မှုတွေ ကို
ဖန်တီးချင်ရုံ သက်သက်ပါ လို့ MengHu Clanက အစကတည်း
က ပြောထားပြီးသားပါ။

ထို့ကြောင့် သူမကို ဝိုင်းပြီး
အမဲဖြတ်​နေကြတုန်း ပရိတ်​သတ်​
ကြီး အ​နေ နဲ့ ဘယ်​ဘက်​ ကို
ကြည့်ရင်​​​တော့ ဒဏ်​ရာ​တွေကို
ကုသ​ပေး​နေတဲ့​ ​မြေအိုးထဲက
​ရွှေတုံး​လေး ကို​ ​တွေ့ရမှာဖြစ်​ပြီး
ညာဘက်​ ကို ကြည့်ရင်​​တော့
လက်နက် အသစ်အဆန်းတွေ နဲ့
ဆက်တိုက် ခုတ်ထစ်​နေကြတဲ့
လူအုပ်​ကြီး ကို​ ​တွေ့ရမှာ
ဖြစ်​ပါတယ်​။

ဒီနည်းလမ်းဟာ ဆိုရင် အချိန်ကို
အကျိုးရှိရှိ နဲ့ အသုံးချတာဖြစ်ပြီး လူတိုင်း ကိုလည်း ​ပျော်ရွှင်စေ
​လေတယ်။

[လက်ရှိ]ဘောင်းဘီပေါ်ကအမွှေး
တစ်မျှင်​လေး:“မြန်မြန်….နှစ်ခါ
​လောက်​ ​အော်ငိုပြစမ်းပါ!
မဟုတ်ရင် ငါ စိတ်အားထက်သန်
မှာမဟုတ်တော့ဘူး”

[လက်ရှိ]
ထန်းရှီ: “...ဒါက မင်းအပိုင်းလေ။
ငါ ကတော့ မငိုပြနိုင်ဘူးပဲ....
ဗက်ဟက်ဟက်”

ထန်းရှောင် တစ်ကိုယ်လုံး
​ဖောက်ခွဲခံလိုက်ရတယ်။

[Systemမှအသိပေးချက်]
သင့်ကို Hongren Guan Clan
မှ မြစ်ဝါရေ​လေးတစ်သွင်သွင်
ရဲ့ သတ်ဖြတ်တာခံလိုက်ရပါပြီ။

လှုပ်ရွနေကြတဲ့ တစ်သိုက်​လုံး
ဗြုန်းစားကြီး ငြိမ်ကျသွားတယ်။

Screenရဲ့အလယ်မှာတော့
ထန်းရှီရဲ့ အလောင်းရှိရာ ဆီကို ဒိုင်းထူကြီးလွယ်ကာ အိပဲ့အိပဲ့ နဲ့
လျှောက်လှမ်းလာတဲ့
ဓားသူရဲကောင်း Knight
တစ်ယောက် ကို ​တွေ့လိုက်​
ကြရတယ်။

[လက်ရှိ] ဘောင်းဘီပေါ်ကအမွှေး
တစ်မျှင်လေး: “ဘဒို,မင်းလက်များ
​ချော်သွားတာလား”

[လက်ရှိ]
မြစ်ဝါရေလေးတစ်သွင်သွင်:
“ဘာလဲ, မင်းတို့ကောင်တွေ ပဲ
ထန်းရှီ ကို သတ်လို့ ရပြီး
ငါကျတော့ မရဘူးလား?
အရင်တုန်းက ထန်းရှီက
ငါ့ဇနီးကို လိုက်ကြောင်ခဲ့တဲ့ အပြင် ငါ့ကိုလည်း တစ်ပတ်လုံးလုံး
​နောက်ကနေ လိုက်သတ်နေခဲ့တာ”

[လက်ရှိ] မြေအိုးထဲကရွှေတုံး​
​လေး: “အို့…အဲဒါက သူ့ဘာသာ ယားတာ​လေ။ ဒါပေမဲ့ ဒီမှာ
အစ်ကိုကြီး…ငါ မင်းကို
​ပြောဖို့ မေ့နေတာ ရှိတယ်”

မြေအိုးထဲကရွှေတုံးလေး စကားဆုံးအောင်တောင်
မပြောလိုက်ရသေးခင် ကျန်တဲ့
တစ်အုပ်စုလုံး က သူတို့ရဲ့
လက်နက်တွေ အကုန်လုံး
ထုတ်လိုက်ကြကာ
မြစ်ဝါရေ​လေးတစ်သွင်သွင်
ကို ဝိုင်းရိုက်ကြတော့တယ်။

Knightတွေမှာ သူတို့ရဲ့ပထမ
ဦးစားပေး စွမ်းရည် က ခုခံကာကွယ်နိုင်စွမ်း ဆိုပေမဲ့
လည်း ဘယ်လောက်ပဲ ခုခံ
ကာကွယ်နိုင်စွမ်း က မြင့်မြင့် ရူးသွပ်နေကြတဲ့ အုပ်စုကြီး ရဲ့
ကမူးကရှူး တိုက်ခိုက်မှုတွေကို
​တော့ တောင့်ပြီး မခံနိုင်ပေ။
ထိုKnight က ​မြေကြီးပေါ်
လဲကျသွားကာ သူနဲ့ တူတူ
ထန်းရှီပါ​ ကြမ်းပြင်​နဲ့ စခန်းသွား
လိုက်​ရတယ်​။

[လက်ရှိ] မြေအိုးထဲကရွှေတုံး
​လေး: “ထန်းရှီလေး က သူ့ဘာသူ
သရမ်းပြီး ကမြင်း​ကြော လိုက်​ထ
တယ်ဆိုရင်တောင် ငါတို့တွေ ကပဲ
သူ့ကို အနိုင်ကျင့်လို့ရတယ်။
ငါတို့ MengHu Clan က
ကိုယ့်လူကိုယ် ကာကွယ်​ပေး
ထားတယ်ဆိုတာ မသိဘူးလား?
ဒီတော့ အခု...မင်း နားလည်သွား
ပြီလား…သူရဲကောင်းကြီး?”

[လက်ရှိ]
မြစ်ဝါရေ​လေးတစ်သွင်သွင်: “မင်းတို့ကောင်တွေ‌…စောင့်နေ!”

မြေပြင်မှာ ရှိနေတဲ့ အလောင်း
​ကောင် က အဝါရောင် အလင်း
တန်း နဲ့ အတူ ရုတ်တရုတ် ပျောက်ကွယ်သွားတယ်။

ထန်းရှောင် Screenပေါ် က
လူအုပ်ကြီး ကို ကြည့်ပြီး မမျှော်လင့်ထားစွာ မျက်ရည်ဝဲ
မတက် ခံစားသွားရတယ်။

[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: “ကောင်းပြီဟေ့! အခု ငါတို့နဲ့ အတူ ထန်းရှီလေးကို လုပြီး သတ်မဲ့
​ကောင်လည်း မရှိတော့ဘူး
ဆိုတော့ ​စောနက ဝိုင်းနွှာနေတာ​
လေးကို ဆက်လိုက်ကြရအောင်”

ထန်းရှောင်:…..&#@#$%
ချီးကို ခံစားသွားရတာလား!!

သူတို့တွေ သူမကို အကြာကြီး
မနွှာလိုက်ရသေးခင်
Hongren Guan Clan က လူအုပ်ကြီးကို ဦးဆောင်ပြီး
သူတို့ ဆီကို ချီတက်လာတယ်။

​စော​စောကတင် ​သေသွားပြန်တဲ့ ထန်းရှောင်လည်း ထိုလူအုပ်ကြီး
ကို စပ်စုဖို့ အတွက် သေရာ
ပက်လက်ကနေ မတ်တပ်ထရပ်
ကြည့် လိုက်တယ်။

[Systemမှအသိပေးချက်] Hongren Guan Clanမှ MengHu Clanကို Battleချင်း
တိုက်ဖို့ ရာအတွက် ကမ်းလှမ်း
လိုက်ပါတယ်။ MengHu Clan
မှ လက်ခံပါမည်လား?

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး က တစ်ချက်လေးတောင်
မတွန့်သွားဘဲ Accept ကို
နှိပ်လိုက်တယ်။

တူနှစ်ချောင်းတောင် နိုင်အောင်
မ မနိုင်တဲ့ ကောင်တွေ ကများ
သူတို့ နဲ့ တိုက်ချင်သေးတယ်ပေါ့
​လေ?

[လက်ရှိ] မြစ်ဝါရေလေးတစ်သွင်
သွင်: “MengHu Clan​သား​တွေ ​သေချာနားထောင်! မင်းတို့တွေ
ထန်းရှီ ကို ငါတို့လက်ထဲ လွှဲပေး
ရင် ဒီတိုက်ပွဲကို တိုက်မှာမဟုတ်
​တော့ဘူး”

[လက်ရှိ] ဒီအရှင်မင်းကြီးက
ထပ်ပြီးမရူး​တော့ဘူးကွယ်:“နေပါအုံး, အခု ဘာတွေဖြစ်နေကြတာလဲ? ထန်းရှီလေး တစ်ယောက်ယောက်
ကို ပြဿနာရှာလိုက် ပြန်ပြီလား?”

[လက်ရှိ] မိန်းမလှငါးရာဝန်းရံနေ
တဲ့နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး: “ဘာမှမဟုတ်ပါဘူး။ ထန်းရှီလေး
က သူ့Genderကို မပြောင်းခင်
တုန်းက ဟိုဘက်Clan က ​ကောင်
ရဲ့ မိန်းမ ကို သွားကြူတာလေ”

[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: “ပြီးတာ နဲ့ လက်ရှိယောက်ျားကြီး
ကို နောက်ကနေ တစ်ပတ်လုံးလုံး
လိုက်သတ်ခဲ့​သေးတယ်​”

[လက်ရှိ] ဒီအရှင်မင်းကြီးကထပ်
ပြီးမရူးတော့ဘူးကွယ်: "...."

“ဂျိုပဲဟ...​တော်​​တော်​ဂျိုကြွတဲ့​
​ကောင်​”

[လက်ရှိ] မြစ်ဝါရေလေးတစ်သွင်
သွင်: “ထန်းရှီကို ​တောင်းပန်ခိုင်း
လိုက် မဟုတ်ရင်တော့ ငါတို့ရဲ့
ဓားတွေနဲ့ ပဲ​ ​ပြောကြတာပေါ့”

[လက်ရှိ] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး: “ရွှေတုံးလေး ​ပြောပြပြီး
ပြီ မဟုတ်လား။ ငါတို့လူ ကို
ငါတို့ကာကွယ်​ပေး ထားတယ်
ဆိုတာလေ။ ဒီတော့ပေါက်ကရ
​ပြော​နေတာတွေ ရပ်ပြီး အခုပဲ
တိုက်ကြစို့”

MengHu Clanသားတွေ က “တိုက်ကြစို့” ဆိုတဲ့ စကား ကို
ကြားပြီး စိတ်လှုပ်ရှားလာကြ
တယ်။

ထန်းရှီလေး နဲ့ စုမူကျိ တို့
နှစ်ယောက် လက်မထပ်ခင်တုန်း
ကဆို RanZhi Clan နဲ့
MengHu Clan နှစ်ခု က နေ့တိုင်းနီးပါးကို တိုက်ပွဲတွေ
ဖြစ်ခဲ့ကြတာ။
ဒါ​ပေမဲ့လည်း ထိုနှစ်ယောက်
လက်ထပ်ပြီး ​နောက်ပိုင်း နေရင်းထိုင်ရင်း ခမည်းခမက်တွေ
ဖြစ်သွားကြတဲ့ Clanနှစ်ခု လည်း
ငြိမ်းချမ်းရေး ယူလိုက်ကြပြီး
အလုပ်မရှိ တိုက်ပွဲမရှိ နဲ့ ပျင်းရိလာကြတယ်။

ထို့​ကြောင့် တိုက်​ကြစို့ ဆိုတဲ့
တိုက်​ပွဲ​ခေါ်သံကို ကြားလိုက်​ရပြီး​
နောက်​ သူတို့ရဲ့ဒီအ​တောအတွင်း မြိုသိပ်​ထားခဲ့ ရတဲ့ စွမ်းအင်​​တွေ
အကုန်​လုံးက ​​ပေါက်​ကွဲ ထွက်​သွား
ကာ Clanနှစ်ခု မှာ စကားဆုံး​
​အောင်​​​ထိ မစောင့်ကြတော့ဘဲ  အသေအကြေ သတ်ဖြတ်ကြ
​တော့တယ်။

ထိုအချိန်​မှာ​တော့ Hongren
Guan Clanသား​တွေ ရဲ့
ရန်မှ တစ်ပါး တစ်အုပ်စုလုံး ရဲ့ ကာကွယ်ပေးခြင်း ကို ခံထားရတဲ့
VIP ပုဂ္ဂိုလ်ထူး ထန်းရှောင် က
​တော့ ပွဲကြည့်ပရိတ်သတ်
လုပ်ဖို့ရာ အတွက် ထောင့်နားဆီ
ကို လေးဘက်ထောက်ကာ
တရွေ့ရွေ့​လေး သွားလိုက်တယ်။

ရှည်​လျား ကြာမြင့်လာတဲ့
တိုက်​ပွဲ​ကြောင့် ထန်းရှောင် ရဲ့
Clanအဖွဲ့သား​တွေ က
တိုက်ခိုက်ရာ မှ ပင်ပန်းလာ
ကြတဲ့အခါ မှာ သူမ ရှိရာ ဆီကို
လာအနားယူကြပြီး စကား​ဖောင်​ဖွဲ့​ပြောကြတယ်။
သူတို့တွေ က စကားပြောနေရင်း ပြောနေရင်း ကနေမှ မနေနိုင်​
​တော့ဘဲ ထန်းရှောင် ကို
ထရိုက်​ကုန်​ကြတယ်။

[လက်ရှိ] ထန်းရှီ: “……”

[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည် က မင်းရဲ့ဘိုးအေကြီး:
“ငါ မင်းကို ရိုက်လိုက်တဲ့ အခိုက်
အတန့်မှာ တင်​ ငါ့ရဲ့ခါးနာတာတွေ
နဲ့ ခြေထောက်နာတာတွေ
အကုန်လုံး ယူပစ်လိုက်သလိုကို ပျောက်သွားတာ။ အခုချိန်မှာ
ငါ တစ်ချက်တည်း နဲ့ KO
ဖြစ်သွားရင်တောင် ဝမ်းနည်းမှာ
မဟုတ်တော့ဘူး”

[လက်ရှိ] ထန်းရှီ: “……”

စိတ်ကျေနပ်မှု အပြည့်ရသွား တဲ့ နတ်ပြည်ကဘိုးအေကြီး လည်း တစ်ဖက်Clan ကို ဖင့်ဆောင့်
ကန်ဖို့ ​ပျော်ပျော်ကြီး ထွက်သွား
တယ်။
သိပ်မကြာလိုက်ပေ။ နတ်ပြည်ကဘိုးအေကြီး   မှာ
နတ်သက်ကြွေပြီး မြေပြင်ပေါ်
ကို ဘုတ်ခနဲ ပြုတ်ကျသွားတယ်။
ပြီးတာနဲ့ သူက ထန်းရှီ ဆီကို
ပြန်​ရောက်​လာကာ ​​​နောက်​တစ်​
ကြိမ်​ ထပ်​ရိုက်​ပြန်​​တယ်။

အချိန်နဲ့ အမျှ ထန်းရှီကို လာရိုက်
ကြတဲ့ လူအုပ်ကြီး က တိုးတိုး
လာတယ်။
အဆုံးမှာတော့ ထန်းရှီ ရဲ့သေတဲ့
အကြိမ်အရေအတွက် က တစ်ဖက်Clan က ​သေနှုန်းထက် တောင် မြင့်​နေ​တော့တယ်။

Hongren Guan Clanဘက်
မှ လူအင်အားက များများ
လာကာ နတ်ပြည်ကဘိုးအေကြီး
နဲ့ တခြားသူတွေ မှာ တဖြည်းဖြည်း
ခုခံတိုက်ခိုက်ဖို့ ခဲယဉ်းလာတယ်။

[Clanစကားဝိုင်း] ထန်းရှီ:
“ငါတို့တွေ လိုင်းပေါ် ကနေ ဆင်းပြီး ဂွတ်နိုက်လို့ ပြောလိုက်ကြမလား”

[Clanစကားဝိုင်း]​
​ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေး: “မဖြစ်နိုင်တာ!အခု​နေ လိုင်းပေါ်က သာ ဆင်းလိုက်ရင် ဟိုခွေးသားတွေ က ငါတို့ က
သူတို့ ကို​ ​ကြောက်လို့ ဆင်းသွား
တယ်​ ထင်မှာ”

မြေအိုးထဲကရွှေတုံးလေး က ဘောင်းဘီပေါ်က အမွှေးတစ်
မျှင်လေး ကို ဒဏ်ရာတွေ ကနေ
ကုသပေးလိုက်ပြီး သူ့ရဲ့ခေါင်း
ထက်မှာတော့ သွေးနီရောင်
​တောက်နေ တဲ့ နံမည်တစ်ခု
ရှိနေကာ တိုက်ပွဲ ထဲကို
ပြန်သွား ပြီး တိုက်ခိုက်တော့
တယ်။

ထန်းရှောင် ကတော့ သူမရဲ့မူလ
​နေရာလေးမှာ ပဲ ငုတ်တုတ်ထိုင်
ပြီး ပွဲကြည့်နေတုန်း ရုတ်တရတ် ဆိုသလို ဘယ်ချောင် ကနေ ပစ်
လိုက်မှန်း မသိတဲ့ Alchemist
တစ်ယောက်ရဲ့ မန္တန် က သူမဆီ
ကို ကျရောက်လာကာ အသတ်ခံ
လိုက်ရတယ်။

သူမနဲ့ သိပ်ပြီး မနီးမ​ဝေးမှာ,
စုမူကျိက လတ်ဆတ်ပြီး​
​တောက်​ပ​နေတဲ့ သွေးနီရောင်
နံမည်တစ်ခု နဲ့ ​ပေါ်လာကာ
လက်ထဲမှာ ဓားတစ်ချောင်း ကို
ကိုင်ဆွဲထားတယ်။
သူ့ရဲ့ခန္ဓာကိုယ်​ တစ်ခုလုံး ကို
အဖြူရောင် ဝတ်ရုံရှည်ဖြင့်
ဆင်မြန်းထားပြီး ဆံနွယ်ရှည်
​တွေ ကလည်း လေထဲမှာ
ငြိမ့်ငြိမ့်ညောင်းညောင်းလေး
လွင့်​မြော​နေတယ်။
မြင့်မြတ်တဲ့ မသေမျိုးတွေရဲ့
ကြီးကျယ်​ခမ်းနား တဲ့
အရှိန်အဝါတွေက လွှမ်းခြုံနေကာ လူအုပ်ကြီးထဲမှာ​တော့ သူက
ခပ်မိုက်မိုက် ခပ်​​ချေ​ချေစတိုင် နဲ့ ရပ်နေတယ်။

ထန်းရှောင် သူ့ကို ချက်ချင်းပဲ
ရှာတွေ့သွားတယ်။

[လက်ရှိ] စုမူကျိ:
“မင်း တစ်ကိုယ်လုံး အရှက်လုံရုံ
​လေး ဖုံးဖိထားတယ် ကြားလို့ ဟုတ်မဟုတ် ငါလာကြည့်တာ”

[လက်ရှိ] ထန်းရှီ: “……”

Ranzhi Clanက လူတွေက
တစ်ရိပ်ရိပ် နဲ့ ထွက်ပေါ်လာကြကာ စစ်တပ်ကြီး တစ်ခုလို ညီညီ
ညာညာ နဲ့ လူတိုင်းကို ဝန်းရံ
လိုက်ကြတယ်။
စုမူကျိ၊ ခွဲခွာခြင်းတေးသံ နဲ့
တခြားရင်းနှီးနေတဲ့ မျက်နှာတွေ
အပြင် တခြားအဖွဲ့ထဲက လူတွေ
အများကြီးပါ ​ရောက်နေကြတယ်။

[လက်ရှိ]မိန်းမလှငါးရာဝန်းရံနေတဲ့
နတ်ပြည်ကမင်းရဲ့ဘိုးအေကြီး:
“မင်းတို့ကောင်တွေ ဒီကို ကူဖို့
ရောက်လာတာလား ဒါမှမဟုတ်
သက်သက်မဲ့ လာရှုပ်တာလား?”

[လက်ရှိ] စုမူကျိ: “ငါတို့ က တစ်ကိုယ်လုံး အရှက်လုံရုံလေး
ဖုံးဖိထား တဲ့ ထန်းရှီလေး ကို
ဝိုင်းရိုက်ဖို့ ရောက်လာတာ”

ထန်းရှောင်: !!!!!အရှက်လုံရုံလေး
ဖုံးဖိထားတယ် ဆိုတဲ့ ဟာကို ထပ်ခါထပ်ခါ ​ပြောနေဖို့လိုလို့လား
​အ​ဖေရဲ့!!!

သူတို့တွေ က Screenခြားထားပြီး Characterတွေ ကလည်း
အတူတူ ဆိုပေမဲ့ ဒီအထီး စုမူကျိ
စကားပြောလိုက်တဲ့ အခါတိုင်း သူ့ပါးစပ်မှာ လွှတပ်ထားပြီး သောက်ခွက် လာပြောင်နေ
သလိုပဲ။

Hongren Guan Clan က
လူတွေ က စုမူကျိပြောတာ ကို
ကြားလိုက်ရပြီး စိတ်သက်သာရာ
ရသွားကြတယ်။

သူတို့ရဲ့ ရည်ရွယ်ချက် က
အတူတူပဲကို…။

ဒါပေမဲ့လည်း လျှပ်တစ်ပြက်
အတွင်းမှာတင်​ စုမူကျိ က သူတို့ရဲ့လူတွေကို သတ်ဖြတ်​လိုက်
တာကို မြင်​လိုက်ကြရတယ်။

[လက်ရှိ] မြစ်ဝါရေလေးတစ်သွင်
သွင်:“မင်း အခု ဘာလုပ်နေတာ
လဲ?”

[လက်ရှိ] စုမူကျိ:
“လူတွေကို သတ်နေတာလေ”

[လက်ရှိ] မြစ်ဝါရေလေးတစ်သွင်
သွင်: “မင်း ​စောနကတင် ထန်းရှီ
ကို ရိုက်ဖို့ ​ရောက်လာတာ လို့ ပြောလိုက်တာမလား?”

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
“ငါ ထင်တာတော့ မင်း….
စုမူကျိ ရဲ့ ဆိုလိုရင်း ကို
နားလည်မှု လွဲသွားတဲ့ပုံပဲ။ သူပြောတာက ငါတို့တွေ က
ထန်းရှီလေး ကို ရိုက်ဖို့ရောက်
လာတာလို့လေ။
အဲတော့ ​ပြောချင်တာက….
ငါတို့တွေပဲ…အုန်းလီးအက်​စ်​ ငါတို့တွေပဲ ထန်းရှီလေး ကို
ရိုက်ခွင့်ရှိတယ်​။ အင်း…..
ပညာရှိ​ပြောနည်း​ ​ပြောရမယ်
ဆိုရင်တော့
"မယားထိ ဓားကြည့်" ​ပေါ့ကွာ" ​​​

[လက်ရှိ] မြစ်ဝါရေလေးတစ်သွင်
သွင်: “…...”

ထို့နောက်မှာတော့ Clan သုံးခု
စလုံး လုံးထွေးကုန်ကြတယ်။

စုမူကျိ က ထန်းရှီကို ဓားနဲ့​ဖြေးဖြေးလေး ချိန်ရွယ်လိုက်
ကာ ဖြည်းဖြည်းချင်းလေး
သူမရဲ့ကိုယ်ထဲကို ဓားနဲ့ထိုးစိုက်
လိုက်ပြီး ဖြည်းဖြည်းချင်လေး
ဇိမ်ပြေနပြေနဲ့ သူမကို သတ်လိုက်
တယ်။

[လက်ရှိ] ထန်းရှီ:
“မင်းအခု ​ပျော်သွားပြီလား?”

[လက်ရှိ] စုမူကျိ:
“အရမ်းပျော်တယ်”

ထိုအခိုက်​ မြစ်ဝါရေလေး
တစ်သွင်သွင် က ရုတ်ရုတ်သဲနေတဲ့
လူအုပ်ထဲ ကနေ ရုန်းထွက်လာကာ သူတို့နှစ်ယောက် အနီးအနား ဆီ
သို့ ရောက်လာတယ်။ စုမူကျိက
ထိုသူ လာရာ လမ်းကြောင်း တည့်တည့်ဆီ မန္တန်တစ်ခုကို ပစ်လွှတ်လိုက်ပြီး တစ်ဖက်လူရဲ့
Attack Area ကနေ လျှင်မြန်စွာ
​ရှောင်လိုက်တယ်။

ထန်းရှီလေး နဲ့ တစ်ကျက်ကျက်
ကိုက်နေကြ အကျိုးရလဒ်အနေ
နဲ့ တခြားသူတွေကို လှည့်စားပြီး
ဘယ်လိုမျိုး ​ရှောင်ထွက်ရမလဲ
ဆိုတဲ့ သင်ခန်းစာကိုပါ
ဒီအ​တောအတွင်း သူ အများကြီး
သင်ယူထားတယ်​လေ။

Knightတွေရဲ့ အဓိက ကျွမ်း
ကျင်တဲ့ တိုက်ပွဲစွမ်းရည်က
အနီးကပ်တိုက်ခိုက်ခြင်း ဖြစ်ပြီး
သူတို့ ချထားတဲ့ Attack Area အတွင်းမှာ ရန်သူတွေ ကို
ချက်ချင်း အနီးကပ် ဆင့်ခေါ်နိုင်
တဲ့ Skillတစ်မျိုး ကို ပိုင်ဆိုင်ထား
ကြတယ်။

စုမူကျိ လည်း ထိုSkill ရဲ့
သက်ရောက်မှုထဲ ကျရောက်သွား
မှာ စိုးတာကြောင့် မြန်မြန်
ဆန်ဆန် နဲ့ ပညာသားပါပါ
တိမ်းရှောင်လိုက်တယ်။
သူက မန္တန်တွေ ကို တိကျစွာ
တွက်ချက်နိုင်တာကြောင့် မြစ်ဝါရေလေးတစ်သွင်သွင် မှာ ထိုSkill ကို အသုံးမပြုနိုင်ဘဲ
သူ့ရဲ့Attack Area က​နေ ထွက်
ပြီး ရှုပ်ထွေးတဲ့ လမ်းကြောင်း
​တွေဆီ ကနေ ပစ်လွှတ်တော့
တယ်။

[လက်ရှိ] ထန်းရှီ: “ဇနီးလေး,
ကိုယ် ဘာလို့ တစ်ပတ်လုံးလုံး
သူ့ကို လိုက်ဖမ်းပြီး သတ်နေရ တာလဲဆိုတာ အခုသိပြီလား?”

[လက်ရှိ] စုမူကျိ: “….”

[လက်ရှိ] ထန်းရှီ: “ဘာလို့လဲဆို
​တော့ သူက Alchemistဖြစ်ချင်
​နေတဲ့ စိတ်ပျက်စရာ လဒကြီးမို့ပဲ။ အဲ့ကောင်က လူတွေကို
လိုက်ဆွဲတဲ့ အဲ့စကေးကိုတောင် ဖင်ပူအောင် သင်ခဲ့တာမဟုတ်ဘူး! သူ့သွေးကလည်း ထင်သလောက်
မပျစ်ဘူး! သူ က Attack Skill
​တွေ အကုန်လုံးကို ​ငွေပေးပြီး
ဝယ်ခဲ့တဲ့ ဆန်ကုန်မြေလေး!!
မင်း အဲ့မှာရပ်ပြီး သူ့ကို
ခပ်နာနာလေး ရိုက်လိုက်စမ်း!”

[လက်ရှိ] စုမူကျိ: “….”

အသက်တစ်ဝက်ပဲရှိတဲ့ Knight
တစ်ယောက် အနေနဲ့ မြစ်ဝါရေလေးတစ်သွင်သွင် က
သူ့ရဲ့အချိန် နဲ့ အင်အားတွေ
အကုန်လုံး ကို  Alchemist
တစ်ယောက် ဖြစ်လာဖို့ နေရာမှာ
ပဲ ရင်းနှီးမြုပ်နှံ့ထားလေတယ်။

စုမူကျိ က ထွက်ပြေးတိမ်းရှောင်
​နေရာမှ ရပ်လိုက်ပြီး အကောင်း
ဆုံးဖြစ်မဲ့ ​နေရာတစ်ခု ကို ရှာတွေ့
သွားတယ်။
သူ့လက်ချောင်းရှည်တွေ က ကီးဘုတ်ပေါ် မှာ လျင်မြန်စွာ
​ပြေးလွှာနေကာ မြစ်ဝါရေလေး
တစ်သွင်သွင် မှာ မကြာခင်မှာပဲ ပထဝီမြေကြီး နဲ့ ခေါင်းနဲ့
မိတ်ဆက်လိုက် ရ​တော့တယ်။

ထန်းရှောင် က ချက်ချင်းပဲ
သူမရဲ့အိတ်ထဲ ကနေ
ဂန္ဓာမာပန်းပွင့်​လေးနှစ်ပွင့် ကို ထုတ်လိုက်ပြီး သူ့အပေါ် ကို
လှမ်းကြဲပေးလိုက်တယ်။

[လက်ရှိ] ထန်းရှီ:
“ငါ မင်းကို ​ပြောခဲ့သားပဲ။
မင်း တကယ့်ကို Alchemist တစ်ယောက် ဖြစ်ချင်တယ် ဆိုရင် အချက်နှစ်ချက်ပဲ ရှိတယ်။
ပထမတစ်ချက်☝!
မင်းရဲ့Knightတို့ ရဲ့
သံချပ်ကာ အကျီကြီး ကို
အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်။
ဒုတိယတစ်ချက်✌!
Alchemist Account သစ်
တစ်ခုကို ဖွင့်လိုက်။
ဒီမှာ ငါမင်း အတွက် နံမည်
​တောင် စဉ်းစားပြီးသွားပြီ_
​​နေ့ခင်း​ကြောင်​​တောင်​
အဝတ်​ဗလာ​ကောင်​!”

[လက်ရှိ] စုမူကျိ: “….”

[လက်ရှိ] မြစ်ဝါရေလေးတစ်သွင်
သွင်: “….”

မြစ်ဝါရေလေး တစ်သွင်သွင် ကို ငရဲပြည်ဆီ ပို့ပြီး ​နောက်မှာတော့ စုမူကျိပါ ထန်းရှီ ဘေးနားမှာ
ဝင်ထိုင်ချလိုက် ပြီး ပျားပန်းခတ်
​နေတဲ့ Clanနှစ်ခု ကိုက်ပွဲ ကို
အတူကြည့်နေလိုက်တယ်။

ထိုစဉ်​ ခွဲခွာခြင်းတေးသံ က ခွေးလိုက်သလို ​ပြေးလာကာ
သူ့​ခေါင်းထိပ်​က နံမည်ကလည်း ကြောက်မက်ဖွယ်​ ​ကောင်းလှ
စွာ ​သွေးနီရောင်ဖြင့် ရဲရဲတောက်
​နေပြီး မလှမ်းမကမ်း ကနေ
​မန္တန်တစ်ခု နဲ့ လှမ်းပစ်​ကာ
ထန်းရှီကို သတ်​လိုက်​လေတယ်။

[လက်ရှိ] ခွဲခွာခြင်းတေးသံ:
“အ? ရွှေတုံးလေး…
မင်းပြောတာ မှန်လိုက်တာကွာ။ ထန်းရှီလေး ကို သတ်လိုက်တာနဲ့ ငါ့ခန္ဓာကိုယ်တစ်ခုလုံးက စွမ်းအင်
​တွေ ဝုန်းခနဲ တက်သွားပြီး
လန်းဆန်းသွားတာပဲ”

[လက်ရှိ] မြေအိုးထဲကရွှေတုံလေး:
“ငါ မင်းကို ​ပြောသားပဲ။ ဒါက
ဗီတာမင်စီ ​သောက်လိုက်တာ ထက်ကို ပိုကောင်းပါတယ်လို့။ ​​ဟေ့..​ဟေ့...​ဟေ့...ငါ့လည်း
နည်းနည်း​လောက် ကူညီပါအုံး။ ငါလည်း စွမ်းအင်တွေ အပြည့်
ဖြစ်စေဖို့ ထန်းရှီလေး ကို
သတ်ဖို့ လိုအပ်နေပြီ”

[လက်ရှိ] ထန်းရှီ: “….”

[လက်ရှိ] မြေအိုးထဲကရွှေတုံး​
​လေး: “ဒါ့အပြင် ငါက စုမူကျိကို​
​တော့ မရိုက်နိုင်ဘူးလေ…
ဒီတော့ သူ့မိန်းမကို ပဲ ​သေအောင်
ရိုက်သတ်​ ရတာပေါ့။ မဝှက်ကွယ် စတမ်းပြောရမယ် ဆိုရင် ငါသူ့ကို ရိုက်နေတဲ့ အချိန်တိုင်း
Ranzhi Clanရဲ့ နတ်ဘုရားမ
မျက်​ခွက်​ပဲ ဆိုပြီး စိတ်မှန်း နဲ့
ဗြင်း​နေတာ”

[လက်ရှိ] စုမူကျိ: “….”

[လက်ရှိ] ထန်းရှီ: “….”

ထန်းရှောင်…ဒီထက် ပိုပြီး
ဒီကမာ္ဘလောကကြီး မှာ
အသက် ဆက်ရှင်ချင်စိတ်
မရှိတော့ဘူး။

မြေအိုးထဲကရွှေတုံးလေး
ထွက်သွားတာ နဲ့ ဘောင်းဘီပေါ်က
အမွှေးတစ်မျှင်လေး ရောက်လာ
တယ်။

[လက်ရှိ] ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး: “လာစမ်းပါ…ထန်းရှီလေး နည်းနည်းလောက် ​လေးတော့ အော်ငိုပြစမ်းပါ! မဟုတ်ရင် စိတ်လှုပ်ရှားစရာ ကောင်းမှာ
မဟုတ်တော့ဘူး။ ဒါက လူသေ
​ကောင် ကို အနိုင်​ကျင့်​နေမှန်း
သိပေမဲ့ မင်း အသံသာကြားရင်
ဟိုကောင်တွေ စိတ်တွေ
တက်ကြွလာပြီး ပြန်တိုက်ကြမှာ!
အဝတ်မပါတဲ့ မိန်းမလှလေး
တစ်ယောက် ကို မြေပြင်မှာ
​အော်ငိုပြီး လူးလိမ့်နေရ​အောင် ဖိအားပေး​ ​ပြောရတာမျိုး
ငါ သဘောကျလိုက်တာ!”

အဲဒီ​နောက်​မှာ​တော့ စုမူကျိက
သူ့ကို မရဏသိုင်းကွက်​​
တစ်​ကွက်​ ​ကျွေးလိုက်​တယ်။
သူက ဓားကို​ ​မြှောက်​လိုက်ပြီး ဘောင်းဘီပေါ်က အမွှေးတစ်မျှင်
​လေး မြေပြင်ပေါ် လဲကျသွားတဲ့
အချိန်မှာ သူ့ရဲ့အကျီလက် က ​
လေထဲမှာ တလူလူနဲ့ လွင့်ပျံနေ
တယ်။

[လက်ရှိ] ဘောင်းဘီပေါ်က
အမွှေးတစ်မျှင်လေး: "​ရွှေတုံး​လေး
က ထန်းရှီကို ရိုက်​တာ​တော့
အဆင်​​ပြေပြီး ဘာလို့ ငါ့ကျ​တော့
မရတာလဲ"

[လက်ရှိ] စုမူကျိ: “မင်းက
အရမ်းကို နှာဘူးထလွန်းတယ်​”

[လက်ရှိ] ထန်းရှီ: “ဟုတ်တယ်။ မှန်မှမှန်”

[လက်ရှိ] မြေအိုးထဲကရွှေတုံးလေး: “မင်းသူ့ကို ရိုက်ချင်ရင် ဒီအတိုင်း
သာရိုက်လိုက်။ဘာလို့ မဟုတ်
တမ်းတရား ဖိအားပေးတာတွေ
လူးလိမ့်တာတွေ ဘာတွေညာတွေ
နဲ့ နှာကျတဲ့ဟာတွေ ​လျှောက်ပြော
​နေတာလဲ။ မင်းက အဲ့လို သောက်ကြောက်ကောင် မှန်း ငါမသိခဲ့ဘူး!
*လျှာကို လိပ်​လိုက်​ရင်း*

[လက်ရှိ] ဘောင်းဘီပေါ်က
အမွှေးတစ်မျှင်လေး:!!!!

#4257 words
#Ive Latte (mm)

Weekly: 9:00Pm
Monday & Thursday
------------------------------------------
MM TL Note:

ဒီတစ်​ပိုင်းလုံးမှာ သနားစရာ
အ​ကောင်းဆုံးက MCပဲ။
သူဘယ်​​လောက်​​တောင်​ဂြိုဟ်​​မွှေ
ပြီး ပြသာနာရှာထားလဲ​တော့ မသိဘူး....အကုန်​လုံး ကလည်း
အခွင့်အ​ရေးရတာ နဲ့
ထန်း​ရှောင်​ကို ဝိုင်းရိုက်​ကြမယ်​
ဆိုတာချည်းပဲ ဟ...ဟ...😂😂😂
တစ်​ခု တူ​တာ​တော့ ရှိတယ်​။
ထန်း​ရှောင်​​ရော သူမရဲ့Clan
တစ်​ဖွဲ့လုံး​ရော အကုန်​လုံး က
မျက်​ခွက်​​ပြောင်​ကြတဲ့ လူ​စား​တွေ
ချည်းပဲ။

#မမ​က​ ​ခွေး​မွေး​ပါမယ်​တဲ့​​နော်​
မူ​ချောင်​ရဲ့​ခွေးလို​
​ရွှေ​ရောင်​အ​မွှေးပွ​လေး

***********************

واصل القراءة

ستعجبك أيضاً

211K 33.1K 81
Title : Villain in the Kindergarten Author : Mù Zhī Chū (慕之初) Total Chapters : 76 + 1 extra (77) Genre : Comedy, Shounen Ai, Slice of Life English Tr...
1M 73.4K 48
"ဟျောင့် မင်းအဲ့လောက်တောင်ငါ့အိမ်ကဟင်းတွေကြိုက်နေရင်ငါ့ကိုလင်တော်လိုက်ပါလား" "အဟွတ်အဟွတ် ဘာပြောတယ်မင်းကိုလင်တော်မဲ့အစားဟိုဘက်ရွာကအခြောက်နှစ်ယောက်ကိုပ...
152K 7.3K 199
အမြွှာအစ်ကိုဖြစ်သူ Lu Yining ပျောက်နေတဲ့ကိစ္စကိုကူရှာပေးဖို့ ပြင်သစ်ကနေ တရုတ်ကို ပြန်ရောက်လာတဲ့ Lu NingNing က ယောက်ျားလေးဝတ်စုံဝတ်ထားတာ တွေ့လိုက်ရတဲ့...
753K 61K 49
DaddyZ စာနှစ်ကြောင်း ပေါက်ကရ ဝတ္ထုတိုများ စုစည်းမှု