" ဦးငယ္ ေရ ေက်ာင္းသြားပါမယ္ဆို ခုထက္ထိ အခန္းထဲက ထြက္မလာေသးဘူးလား "
မေန့ညက အလုပ္မ်ားတာေျကာင့္ ဒီမနက္အိပ္ယာထေနာက္က်သြားသည္မို့ အဝတ္အစားျမန္ျမန္ဝတ္ကာ အေပၚထပ္ေလးဝတ္ေနရင္းအခန္းေရွ႕ကေန ေအာ္ေနတဲ့ တူေတာ္ေမာင္ေျကာင့္ လက္ဆြဲအိတ္ကိုင္ကာ ျမန္ျမန္ထြက္လာရသည္။
" လာပါျပီ ေပးအိတ္ ဦးငယ္ကို … "
" လာဦးငယ္ ျမန္ျမန္သြားမယ္ … "
သူ့ဦးငယ္လက္ကိုခ်ိတ္ကာေအာက္ထပ္ကိုဆင္းလာေသာ ဟြန္းငယ္ကို
" ဟြန္းငယ္ ကိုယ့္အိတ္ကို ကိုယ့္ဘာသာကိုလြယ္ေလ … "
" ရပါတယ္ မျကီးရယ္ ေယာက္ဖရွင္းေရာ သြားျပီလား … "
" ေအး အလုပ္ေတြမ်ားလို့ဆိုလား ေစာေစာသြားေလရဲ႕ … "
" ဦးငယ္ သြားမယ္ … ေမေမ တာ့တာ "
" ေအးေအး ကားကိုဂရုတစိုက္ေမာင္းသြားျကဦး "
ဘက္ခ္ဟြန္း လည္းတူေတာ္ေမာင္ကို ေက်ာင္းလိုက္ပို့ျပီးတာနဲ႕ Company ကိုတန္းေမာင္းလာလိုက္သည္။
ဟိုေရာက္ေတာ့ အတြင္းေရးမဴးမေလးက အခန္းထဲဧည့္သည္ေရာက္ေနတယ္ဆိုတာေျကာင့္ နည္းနည္းေတာ့စဥ္းစားမိသြားသည္။သူ့ဆီဘယ္သူမ်ားလာတာပါလိမ့္ ။
" ဟို ဘယ္သူ ~~ ဂ်ံဳအင္ !! "
" suprise !!! "
နိုင္ငံျခားမွာအေျခခ်ေနတဲ့ သူက ကိုးရၤိးယားကိုအျပီးျပန္လာတယ္ဆိုေတာ့သူလည္း ေပ်ာ္မိသည္။ရွားရွားပါးပါး သူငယ္ခ်င္းနွစ္ေယာက္ရိွတာ တစ္ေယာက္က နိုင္ငံျခားထြက္သြားတယ္ တစ္ေယာက္ကေတာ့ ဆရာဝန္ဆိုေတာ့ သူ့လူနာေတြနဲ့ အခ်ိန္ကုန္ေနေတာ့ ေတြ႕ေတာင္မေတြ႕ျဖစ္သည္ကခပ္မ်ားမ်ား။
" မင္းကလည္း ျပန္လာမယ္ဆို ေျပာတာမဟုတ္ဘူး လာျကိုမာွေပါ့ "
Company ျကီးကို အုပ္ခ်ဳပ္ေနသူ သူငယ္ခ်င္းျကီးက ေျပာလာေတာ့ဂ်ံဳအင္လည္း ေခါင္းခါျပကာ ေသာက္လက္စေကာ္ဖီခြက္ကို ခံုေပၚျပန္ခ်ရင္း
" မလိုပါဘူးကြာ ညေန ငါတို့သူငယ္ခ်င္းေတြျပန္ဆံုျကတာေပါ့ ခ်န္းေယာလ္လည္း လာမယ္တဲ့ "
" ဟုတ္လား ! ငါခ်ိန္းတုန္းကေတာ့ လူနာေတြရွိေသးလို့ မအားဘူးဆိုတာျကီးဘဲ "
" ငါက ခုမွျပန္ေရာက္တာေလကြာ လိုက္ေလ်ာသင့္တာေပါ့ "
" ဟုတ္ပါျပီ "
" ငါျပန္ေတာ့မယ္ ညေနမွ ထပ္ေတြ႕ျကတာေပါ့ "
ဂ်ံဳအင္ ထြက္သြားတာနဲ့ ဘက္ခ္ဟြန္းလည္း အလုပ္စားပြဲေပၚေခါင္းစိုက္ကာ လက္မွတ္ထိုးရ။စာရင္းေတြျပန္ျကည့္ရေတာ့သည္။ညေနေတာ့ တူေတာ္ေမာင္ကို ျကိုျပီးတာနဲ႕ အိမ္ထဲမဝင္ေတာ္ဘဳ တစ္ခါတည္းတန္းသြားရမည္။
----------
ဆယ္ဟြန္းကေတာ့ ေက်ာင္းေရာက္တာနဲ႕ အခန္းထဲဝင္ထိုင္ျပီး ခံုေပၚေခါင္းခ်ကာ အိပ္လိုက္သည္။ေဘးက ဒိုဘယ္ကေတာ့ သူ့ေဘးနားကို ခံုေရႊ႕လာျပီး စကားေတြလာမ်ားေနသည္။
မေနညက ဂိမ္းေဆာ့တာမ်ားျပီး ေခါင္းေနာက္ေနပါတယ္ဆိုမွ ဒီေကာင္ကတစ္မ်ိဳး။
အတန္းထဲ စကားေျပာျပီး တြဲလာတဲ့သူငယ္ခ်င္းဆိုလို့ သူတစ္ေယာက္ဘဲရွိသည္။တစ္ျခားလူေတြနဲ့လည္းသူငယ္ခ်င္းမလုပ္ခ်င္ ဒိုဘယ္က သူ့ကိုအေလ်ာ့ေပးျပီး ေပါင္းတာမို့ သူငယ္ခ်င္းအျဖစ္ဆက္ျမဲေနတာျဖစ္သည္။
" ဆယ္ဟြန္းထေတာ့ ဆရာဝင္လာျပီ "
ဆရာ ဝင္လာေတာ့ စာအုပ္ထုတ္ကာ ဆရာေျပာသမ်ွကိုေသခ်ာလိုက္မွတ္ရသည္။စာကေသခ်ာလိုက္မလုပ္လို႕မရ။ ဒီတစ္ခါအဆင့္တက္ရင္ အေဖက ဂိမ္းစက္အသစ္ထပ္ဝယ္ေပးမယ္တဲ့ ။ ဂိမ္းစက္အသစ္လိုခ်င္ေတာ့ စာျကိုးစားရမွာေပါ့ ဟုတ္ဘူးလား ။
အနားေပးခ်ိန္ေတာင္ မရွိဘဲ ဆရာေတြတစ္ေယာက္ျပီးတစ္ေယာက္ ဝင္လာကာ စာသင္ေနသည္မို့ ေက်ာင္းသားေတြမွာစိတ္ဝင္စားမႈက သိပ္ေတာင္မရွိေတာ့ပါ။
အကုန္လံုးကလည္း နံရံေပၚက နာရီကိုသာတျကည့္ျကည့္နဲ့ပင္။ဆယ္ဟြန္းလည္း စာသင္တာစိတ္မပါေတာ့ပါ ပ်င္းေနျပီျဖစ္သည္။ေဘး ဒိုဘယ္ကေတာ့ စာအုပ္ျကီးေထာင္ျပီး ေခါင္းငိုက္စိုက္ အိပ္ေပ်ာ္ေနတာ ဘယ္နွေရးေတာင္ရေနျပီလဲမသိ။
ေနာက္ဆံုးေတာ့ ဘဲလ္ျကီၤးတီးျပီေလ ။ နားဝင္ခ်ိဳလိုက္တဲ့အသံေလး ဆရာကေတာ့ ႏႈတ္ဆက္ျပီး ထြက္သြားျပီ ဆယ္ဟြန္းလည္း ဒိုဘယ္ကို ႏိႈးကာ ထမင္းစားေဆာင္ကိုလာလိုက္သည္။
ထမင္းစားပြဲယူကာ အတူတူစားျကရင္း ဒိုဘယ္က
" မနက္ျဖန္ ေက်ာင္းပိတ္တာ မင္းဘယ္သြားစရာရွိေသးလဲ "
" မရွိပါဘူး ဘာလို့လဲ "
" မနက္ျဖန္ ခ်ိန္းပြဲရွိတယ္ မင္းလိုက္မလား "
" ok ေလ ငါလိုက္ခဲ့မယ္ "
ထမင္းစားျပီးတာနဲ့ ကြင္းနားက ထိုင္ခံုမွာထိုင္ကာ နွစ္ေယာက္သား အေအးေသာက္ျပီးမွအတန္းထဲျပန္လာျကသည္။
ေက်ာင္းဆင္းေတာ့ ဦးငယ္ကိုေစာင့္ရေသးသည္။အဲ့ဦးငယ္ကေလ ျကာကိုျကာတယ္ အစည္းအေဝးေတြ လုပ္ေနျပန္ျပီလားမသိဘူး။ ေက်ာင္းျပန္ရင္ ကိုယ့္ဘာသာတစ္ေယာက္တည္းျပန္လာပါမယ္ဆိုတာကို ေမေမက လက္မခံ။အေဖကေတာ့ ဘာမွသိပ္မေျပာ။
တစ္ခါက အေဖက လာျကိုဖို့ မအားဘူးဆိုျပၤီးph ဆက္ေျပာလို့ ဒိုဘယ္နဲ့အတူ ေလ်ွာက္လည္ရင္း ph ေပ်ာက္သြားသည္။ေလ်ွာက္လည္ေနတာမို့ အခ်ိန္ကုန္လို့ကုန္မွနး္မသိ အေမကေတာ့ စိတ္ပူျပီး ph ေတြဆက္ေပမယ့္ ph ေပ်ာက္သြားေတာ့သူလည္းမသိ။
ဒိုဘယ္ကအိမ္ထိ လိုက္ပို့ေပးျပီး အိမ္မွာအက်ိဳးအေျကာင္းရွင္းျပမွ အေမက စိတ္ပူတာေလ်ာ့သြားသည္။အဲ့ကစလို့ တစ္ေယာက္တည္းဆိုသိပ္မလႊတ္ေတာ့
ဦးငယ္ကဘဲ သူကိုေက်ာင္းအျကိဳ႕အပို့လုပ္ေပးမယ္တဲ့ေလ။
" ဟြန္းငယ္ !! … လာ တက္ေတာ့ "
ေရာက္လာပါျပီ အသက္ေတာ့ရွည္ဦးမယ္ ။ ဆယ္ဟြန္းလည္း ကားေပၚတက္ကာ လြယ္အိတ္ကိုေနာက္ခန္းထဲပစ္ထည့္လိုက္ျပီး ခါးပတ္ ္ပတ္လိုက္ျပီး
" ဦးငယ္ကလည္း ေနာက္က်လိုက္တာ သားကေစာင့္ေနတာျကာလွျပီ "
" အလုပ္ေလးေတြ မျပတ္ေသးလို့ပါ… "
အိမ္ေရာက္ေတာ့ သူကဆင္းဖို့ လုပ္ေနေပမယ့္ ဦးငယ္ကကားေပၚကမဆင္းေသးပါ။ခါတိုင္းဆို ေရခ်ိဳးဖို့ ဆိုျပီး သူ့ထက္အရင္ အျမဲတမ္းဆင္းေနျကဟာကို
" ဦးငယ္ မဆင္းဘူးလား "
" မဆင္းေတာ့ဘူး ဦးငယ္ သြားစရာရွိေသးလို့ "
" ဘယ္သြားမွာလဲ သားလည္းလိုက္မယ္ ေနာ္္ ဦးငယ္ သားလည္းလိုက္မယ္ … "
အတင္းလိုက္မယ္ဆိုကာ ကားေပၚကမဆင္းေတာ့ဘဲ ကားေပၚမွာ ေက်ာက္ခ်သလို ထိုင္ေနတဲ့ တူေတာ္ေမာင္ေျကာင့္ ဘယ္လိုလုပ္ရမွန္းကိုပင္မသိေတာ့။
" ဦးငယ္တို့က ေသာက္စားျကဦးမွာ ကေလးေတြ လိုက္ရင္မေကာင္းဘူး အိမ္မွာဘဲေနခဲ့ေနာ္ ဦးငယ္တူေလးက လိမၼာပါတယ္ … "
" မလိမၼာဘူး ! လိုက္မွာဘဲ … ေမေမေရ !! သား ဦးငယ္နဲ့ လိုက္သြားလိုက္ဦးမယ္ … ေမာင္းေလ ဦးငယ္ကလည္း "
ဒီတူတစ္ေယာက္ကိုလည္းဘယ္လိုလုပ္ရမွန္းကိုပင္မသိေတာ့။ဟိုေရာက္ရင္ ျငိမ္ျငိမ္ေနဖို့နဲ႕ဘာမွေလ်ွာက္မလုပ္ဖို့ ေျပာျပရင္း ဂ်ံဳအင္တို့နဲ့ ခ်ိန္းထားတဲ့ေနရာကို ေမာင္းရေတာ့သည္။ ေဘးကေတာ့ သူေျပာလိုက္တိုင္း တဟုတ္ ဟုတ္နဲ့ ဟုတ္ေနေတာ့တာဘဲ ။
အထဲကဂ်ြန္ေျမာင္ကေတာ့ သားေတာ္ေမာင္အသံျကားလို့ေရွ႕ထြက္လာလိုက္ေတာ့ အသံကေပ်ာက္သြားျပီး ကားသာျမင္လိုက္ရေတာ့သည္။တူရီးနွစ္ေယာက္ဘယ္ေတြေျခလိမ့္ျကဦးမလဲမသိ။
----------
ဂ်ံဳအင္ကေတာ့ စားေသာက္ဆိုင္မွာ အခန္းတစ္ခန္းယူကာ ျကိုေစာင့္ေနလိုက္သည္။ခ်န္းေယာလ္ကလည္း လာေနျပီတဲ့။ဘက္ခ္ဟြန္းကေတာ့ သူ့တူကို ေက်ာင္းျကိုျပီးတာနဲ႕ လာမယ္တဲ့ေလ။
ဘက္ခ္ဟြန္း တူေလးက ငယ္ငယ္တုန္းကဆို သူလာတုန္း ဦးဦးဂ်ံဴအင္ဆိုျပီး သူ့နားအျမဲကပ္သည္။ဘက္ခ္ဟြန္းတို့ လာေခၚတာေတာင္မလိုက္ဘဲ သူ့ေပါင္ေပၚမွာ ထိုင္တယ္ သူ့အေဖက ဆူရင္ ဂ်ံဳအင္ကိုျပန္တိုင္တယ္။ဂ်ံဳအင္ကိုဆို အျမဲကပ္လြန္းလို ့ အိမ္ျပန္မယ္ဆိုရင္ေတာင္မျပန္ရ သူေလးကုိ သိပ္ျပီးမွ အိမ္ျပန္လို့ရသည္။
ငယ္ငယ္ကနွပ္ေခ်းတြဲေလာင္းေလးက အခုဆို အထက္တန္းေတာင္ေရာက္ေနျပီတဲ့ေလ။ဘယ္လို ပံုစံေလးျပန္ျဖစ္ေနမလဲဆိုတာ သိေတာ့သိခ်င္သား။ေနာက္မွ ဘက္ခ္ဟြန္းအိမ္ကို သြားလည္ရမည္။ထိုကေလးကေတာ့ သူ့ကိုမွတ္မိပါ့ဦးမလားမသိ။
" sorry ဂ်ံဳအင္ ေစာင့္ေနတာျကာသြားလား "
ခ်န္းေယာလ္က အခန္းထဲဝင္လာကာ လက္ဆြဲအိတ္ကိုေဘးခံုမွာခ် ကုတ္ကို ခ်ိတ္မွာ ခ်ိတ္လိုက္ျပီးသူ့ကိုေမးလာသည္။
" မျကာေသးပါဘူး … ဘက္ခ္ဟြန္းကေတာ့ ျကာဦးမယ္ထင္တယ္ "
" ဘက္ခ္ဟြန္းက လာေနျပီ လမ္းမွာတဲ့ … ေအာ္ ျပီးေတာ့ ဆယ္ဟြန္းေလးလည္းပါလာတယ္တဲ့ ငါ့ကို ph ဆက္ထားတယ္ "
" ဆယ္ဟြန္းေလး ~~ "
ခ်န္းေယာလ္ရဲ႕စကားမွာ ပါလာတဲ့ ဆယ္ဟြန္းေလး ဆိုတဲ့ နာမည္ေလးကို သံေယာင္လိုက္ကာ ေမးလိုက္ေတာ့ ခ်န္းေယာလ္က မ်က္ခံုးတစ္ခ်က္ပင့္ကာ ရိီလာေလသည္။
" ဘက္ခ္ဟြန္း တူေလးေလကြာ အိုဆယ္ဟြန္းေလ … ဘာလဲ နိုင္ငံျခားေလး ခဏသြားလိုက္တာ အတိတ္ေတြအကုန္ေမ့
့ကုန္ျပီလား … "
" မေမ့ပါဘူးကြာ မင္းကလည္း ရုတ္တရက္မို့ပါ … "
" ေအးေအး ငါ သန့္စင္ခန္းသြားလိုက္ဦးမယ္ "
" မင္းမလဲ ေနာက္ဆံုးက်ဒါဘဲ ျကြ ျကြ "
ဘယ္လိုေကာင္လဲမသိဘူး တစ္ေနကုန္ ဒီ ေသးဘဲေပါက္ေနတာ ေဆးရံုမွာ လူနာေတြကို ဘယ္လိုကုလာလဲမသိဘူး။
မွာထားတဲ့ စားစရာ ေတြေရာက္လာသည္မို့ စားပြဲထ္ု္ိးေလးကေနရာခ်ေနရင္း အခန္းတံခါးကို ဆြဲဖြင့္ကာ အသံက်ယ္က်ယ္နွင့္ ေကာင္ေလးတစ္ေယာက္ဝင္လာေလသည္။
" ဦးဦး ခ်န္းေယာလ္ေရ ဟြန္းငယ္ လာတယ္ !! "
ဦးငယ္က ကားပါကင္မွာကားရပ္ဖို့ ေနရာရွာေနျပီးေနာက္ကလိုက္လာခဲ့မယ္ဆိုကာ အခန္းနံပါတ္ေျပာျပီး ဆယ္ဟြန္းကိုအရင္လႊတ္လိုက္သည္။
ကားေပၚမွာ ဦးဦးခ်န္းေယာလ္နဲ့စကားေျပာေနတာျကားတာမို့ ေရာက္နွင့္ေနတာသိျပီးသား။ခုလည္း အရင္တုန္းက ေတြ႕ေနက်အတိုင္းေအာ္ေခၚလိုက္ေပမယ့္ အခန္းထဲမွာမသိတဲ့ လူျကီးတစ္ေယာက္က ထိုင္ေနသည္။
လူျကီးလို့သာေျပာတာ ေျကြခ်င္စရာျကီး ဟီးးးး … အသားကလည္းညိဳညိဳေလး ရင္အုပ္ျကီးကလည္း ဝါးးး အက်ယ္ျကီးဘဲ … အရပ္လည္း ရွည္မယ္ပံုဘဲ … ငါထက္လည္းအသက္ျကီးမယ္ထင္တယ္ ဦးေလးအရြယ္ေလာက္ရွိမလားမသိ ဒါနဲ့ ငါေလး အခန္းမ်ားမွားလာတာလား ? …
ထိုလူျကၤီးကလည္းေျကာင္ျကည့္ေနတာဆိုေတာ့ အခန္းမွားျပန္ျပီထင္တယ္ ။ ျပန္ထြက္မယ္ လုပ္ကာ
လွည့္လိုက္ေတာ့…
" ဟြန္းငယ္လား ~~ "
အို႕ ! ငါ့နာမည္ သိေနတယ္ဟ…
***********************************
12 . 7 . 2021
Bubble - Eri 😘😘
ဒါေလးကေလ ေအးေအးေလးဘဲသြားမွာ အပိုင္းကလည္းသိပ္မမ်ားေလာက္ဘူး။
ဖတ္ေပးတဲ့တစ္ေယာက္စီတိုင္းကိုေက်းဇူးတင္ပါတယ္။
" ဦးငယ် ရေ ကျောင်းသွားပါမယ်ဆို ခုထက်ထိ အခန်းထဲက ထွက်မလာသေးဘူးလား "
မနေ့ညက အလုပ်များတာကြောင့် ဒီမနက်အိပ်ယာထနောက်ကျသွားသည်မို့ အဝတ်အစားမြန်မြန်ဝတ်ကာ အပေါ်ထပ်လေးဝတ်နေရင်းအခန်းရှေ့ကနေ အော်နေတဲ့ တူတော်မောင်ကြောင့် လက်ဆွဲအိတ်ကိုင်ကာ မြန်မြန်ထွက်လာရသည်။
" လာပါပြီ ပေးအိတ် ဦးငယ်ကို … "
" လာဦးငယ် မြန်မြန်သွားမယ် … "
သူ့ဦးငယ်လက်ကိုချိတ်ကာအောက်ထပ်ကိုဆင်းလာသော ဟွန်းငယ်ကို
" ဟွန်းငယ် ကိုယ့်အိတ်ကို ကိုယ့်ဘာသာကိုလွယ်လေ … "
" ရပါတယ် မကြီးရယ် ယောက်ဖရှင်းရော သွားပြီလား … "
" အေး အလုပ်တွေများလို့ဆိုလား စောစောသွားလေရဲ့ … "
" ဦးငယ် သွားမယ် … မေမေ တာ့တာ "
" အေးအေး ကားကိုဂရုတစိုက်မောင်းသွားကြဦး "
ဘက်ခ်ဟွန်း လည်းတူတော်မောင်ကို ကျောင်းလိုက်ပို့ပြီးတာနဲ့ Company ကိုတန်းမောင်းလာလိုက်သည်။
ဟိုရောက်တော့ အတွင်းရေးမူးမလေးက အခန်းထဲဧည့်သည်ရောက်နေတယ်ဆိုတာကြောင့် နည်းနည်းတော့စဉ်းစားမိသွားသည်။သူ့ဆီဘယ်သူများလာတာပါလိမ့် ။
" ဟို ဘယ်သူ ~~ ဂျုံအင် !! "
" suprise !!! "
နိုင်ငံခြားမှာအခြေချနေတဲ့ သူက ကိုးင်္ရိးယားကိုအပြီးပြန်လာတယ်ဆိုတော့သူလည်း ပျော်မိသည်။ရှားရှားပါးပါး သူငယ်ချင်းနှစ်ယောက်ရှိတာ တစ်ယောက်က နိုင်ငံခြားထွက်သွားတယ် တစ်ယောက်ကတော့ ဆရာဝန်ဆိုတော့ သူ့လူနာတွေနဲ့ အချိန်ကုန်နေတော့ တွေ့တောင်မတွေ့ဖြစ်သည်ကခပ်များများ။
" မင်းကလည်း ပြန်လာမယ်ဆို ပြောတာမဟုတ်ဘူး လာကြိုမှာပေါ့ "
Company ကြီးကို အုပ်ချုပ်နေသူ သူငယ်ချင်းကြီးက ပြောလာတော့ဂျုံအင်လည်း ခေါင်းခါပြကာ သောက်လက်စကော်ဖီခွက်ကို ခုံပေါ်ပြန်ချရင်း
" မလိုပါဘူးကွာ ညနေ ငါတို့သူငယ်ချင်းတွေပြန်ဆုံကြတာပေါ့ ချန်းယောလ်လည်း လာမယ်တဲ့ "
" ဟုတ်လား ! ငါချိန်းတုန်းကတော့ လူနာတွေရှိသေးလို့ မအားဘူးဆိုတာကြီးဘဲ "
" ငါက ခုမှပြန်ရောက်တာလေကွာ လိုက်လျောသင့်တာပေါ့ "
" ဟုတ်ပါပြီ "
" ငါပြန်တော့မယ် ညနေမှ ထပ်တွေ့ကြတာပေါ့ "
ဂျုံအင် ထွက်သွားတာနဲ့ ဘက်ခ်ဟွန်းလည်း အလုပ်စားပွဲပေါ်ခေါင်းစိုက်ကာ လက်မှတ်ထိုးရ။စာရင်းတွေပြန်ကြည့်ရတော့သည်။ညနေတော့ တူတော်မောင်ကို ကြိုပြီးတာနဲ့ အိမ်ထဲမဝင်တော်ဘု တစ်ခါတည်းတန်းသွားရမည်။
----------
ဆယ်ဟွန်းကတော့ ကျောင်းရောက်တာနဲ့ အခန်းထဲဝင်ထိုင်ပြီး ခုံပေါ်ခေါင်းချကာ အိပ်လိုက်သည်။ဘေးက ဒိုဘယ်ကတော့ သူ့ဘေးနားကို ခုံရွှေ့လာပြီး စကားတွေလာများနေသည်။
မနေညက ဂိမ်းဆော့တာများပြီး ခေါင်းနောက်နေပါတယ်ဆိုမှ ဒီကောင်ကတစ်မျိုး။
အတန်းထဲ စကားပြောပြီး တွဲလာတဲ့သူငယ်ချင်းဆိုလို့ သူတစ်ယောက်ဘဲရှိသည်။တစ်ခြားလူတွေနဲ့လည်းသူငယ်ချင်းမလုပ်ချင် ဒိုဘယ်က သူ့ကိုအလျော့ပေးပြီး ပေါင်းတာမို့ သူငယ်ချင်းအဖြစ်ဆက်မြဲနေတာဖြစ်သည်။
" ဆယ်ဟွန်းထတော့ ဆရာဝင်လာပြီ "
ဆရာ ဝင်လာတော့ စာအုပ်ထုတ်ကာ ဆရာပြောသမျှကိုသေချာလိုက်မှတ်ရသည်။စာကသေချာလိုက်မလုပ်လို့မရ။ ဒီတစ်ခါအဆင့်တက်ရင် အဖေက ဂိမ်းစက်အသစ်ထပ်ဝယ်ပေးမယ်တဲ့ ။ ဂိမ်းစက်အသစ်လိုချင်တော့ စာကြိုးစားရမှာပေါ့ ဟုတ်ဘူးလား ။
အနားပေးချိန်တောင် မရှိဘဲ ဆရာတွေတစ်ယောက်ပြီးတစ်ယောက် ဝင်လာကာ စာသင်နေသည်မို့ ကျောင်းသားတွေမှာစိတ်ဝင်စားမှုက သိပ်တောင်မရှိတော့ပါ။
အကုန်လုံးကလည်း နံရံပေါ်က နာရီကိုသာတကြည့်ကြည့်နဲ့ပင်။ဆယ်ဟွန်းလည်း စာသင်တာစိတ်မပါတော့ပါ ပျင်းနေပြီဖြစ်သည်။ဘေး ဒိုဘယ်ကတော့ စာအုပ်ကြီးထောင်ပြီး ခေါင်းငိုက်စိုက် အိပ်ပျော်နေတာ ဘယ်နှရေးတောင်ရနေပြီလဲမသိ။
နောက်ဆုံးတော့ ဘဲလ်ကြီင်္းတီးပြီလေ ။ နားဝင်ချိုလိုက်တဲ့အသံလေး ဆရာကတော့ နှုတ်ဆက်ပြီး ထွက်သွားပြီ ဆယ်ဟွန်းလည်း ဒိုဘယ်ကို နှိုးကာ ထမင်းစားဆောင်ကိုလာလိုက်သည်။
ထမင်းစားပွဲယူကာ အတူတူစားကြရင်း ဒိုဘယ်က
" မနက်ဖြန် ကျောင်းပိတ်တာ မင်းဘယ်သွားစရာရှိသေးလဲ "
" မရှိပါဘူး ဘာလို့လဲ "
" မနက်ဖြန် ချိန်းပွဲရှိတယ် မင်းလိုက်မလား "
" ok လေ ငါလိုက်ခဲ့မယ် "
ထမင်းစားပြီးတာနဲ့ ကွင်းနားက ထိုင်ခုံမှာထိုင်ကာ နှစ်ယောက်သား အအေးသောက်ပြီးမှအတန်းထဲပြန်လာကြသည်။
ကျောင်းဆင်းတော့ ဦးငယ်ကိုစောင့်ရသေးသည်။အဲ့ဦးငယ်ကလေ ကြာကိုကြာတယ် အစည်းအဝေးတွေ လုပ်နေပြန်ပြီလားမသိဘူး။ ကျောင်းပြန်ရင် ကိုယ့်ဘာသာတစ်ယောက်တည်းပြန်လာပါမယ်ဆိုတာကို မေမေက လက်မခံ။အဖေကတော့ ဘာမှသိပ်မပြော။
တစ်ခါက အဖေက လာကြိုဖို့ မအားဘူးဆိုင်္ပြီးph ဆက်ပြောလို့ ဒိုဘယ်နဲ့အတူ လျှောက်လည်ရင်း ph ပျောက်သွားသည်။လျှောက်လည်နေတာမို့ အချိန်ကုန်လို့ကုန်မှန်းမသိ အမေကတော့ စိတ်ပူပြီး ph တွေဆက်ပေမယ့် ph ပျောက်သွားတော့သူလည်းမသိ။
ဒိုဘယ်ကအိမ်ထိ လိုက်ပို့ပေးပြီး အိမ်မှာအကျိုးအကြောင်းရှင်းပြမှ အမေက စိတ်ပူတာလျော့သွားသည်။အဲ့ကစလို့ တစ်ယောက်တည်းဆိုသိပ်မလွှတ်တော့
ဦးငယ်ကဘဲ သူကိုကျောင်းအကြို့အပို့လုပ်ပေးမယ်တဲ့လေ။
" ဟွန်းငယ် !! … လာ တက်တော့ "
ရောက်လာပါပြီ အသက်တော့ရှည်ဦးမယ် ။ ဆယ်ဟွန်းလည်း ကားပေါ်တက်ကာ လွယ်အိတ်ကိုနောက်ခန်းထဲပစ်ထည့်လိုက်ပြီး ခါးပတ်ပတ်လိုက်ပြီး
" ဦးငယ်ကလည်း နောက်ကျလိုက်တာ သားကစောင့်နေတာကြာလှပြီ "
" အလုပ်လေးတွေ မပြတ်သေးလို့ပါ… "
အိမ်ရောက်တော့ သူကဆင်းဖို့ လုပ်နေပေမယ့် ဦးငယ်ကကားပေါ်ကမဆင်းသေးပါ။ခါတိုင်းဆို ရေချိုးဖို့ ဆိုပြီး သူ့ထက်အရင် အမြဲတမ်းဆင်းနေကြဟာကို
" ဦးငယ် မဆင်းဘူးလား "
" မဆင်းတော့ဘူး ဦးငယ် သွားစရာရှိသေးလို့ "
" ဘယ်သွားမှာလဲ သားလည်းလိုက်မယ် နော် ဦးငယ် သားလည်းလိုက်မယ် … "
အတင်းလိုက်မယ်ဆိုကာ ကားပေါ်ကမဆင်းတော့ဘဲ ကားပေါ်မှာ ကျောက်ချသလို ထိုင်နေတဲ့ တူတော်မောင်ကြောင့် ဘယ်လိုလုပ်ရမှန်းကိုပင်မသိတော့။
" ဦးငယ်တို့က သောက်စားကြဦးမှာ ကလေးတွေ လိုက်ရင်မကောင်းဘူး အိမ်မှာဘဲနေခဲ့နော် ဦးငယ်တူလေးက လိမ္မာပါတယ် … "
" မလိမ္မာဘူး ! လိုက်မှာဘဲ … မေမေရေ !! သား ဦးငယ်နဲ့ လိုက်သွားလိုက်ဦးမယ် … မောင်းလေ ဦးငယ်ကလည်း "
ဒီတူတစ်ယောက်ကိုလည်းဘယ်လိုလုပ်ရမှန်းကိုပင်မသိတော့။ဟိုရောက်ရင် ငြိမ်ငြိမ်နေဖို့နဲ့ဘာမှလျှောက်မလုပ်ဖို့ ပြောပြရင်း ဂျုံအင်တို့နဲ့ ချိန်းထားတဲ့နေရာကို မောင်းရတော့သည်။ ဘေးကတော့ သူပြောလိုက်တိုင်း တဟုတ် ဟုတ်နဲ့ ဟုတ်နေတော့တာဘဲ ။
အထဲကဂျွန်မြောင်ကတော့ သားတော်မောင်အသံကြားလို့ရှေ့ထွက်လာလိုက်တော့ အသံကပျောက်သွားပြီး ကားသာမြင်လိုက်ရတော့သည်။တူရီးနှစ်ယောက်ဘယ်တွေခြေလိမ့်ကြဦးမလဲမသိ။
----------
ဂျုံအင်ကတော့ စားသောက်ဆိုင်မှာ အခန်းတစ်ခန်းယူကာ ကြိုစောင့်နေလိုက်သည်။ချန်းယောလ်ကလည်း လာနေပြီတဲ့။ဘက်ခ်ဟွန်းကတော့ သူ့တူကို ကျောင်းကြိုပြီးတာနဲ့ လာမယ်တဲ့လေ။
ဘက်ခ်ဟွန်း တူလေးက ငယ်ငယ်တုန်းကဆို သူလာတုန်း ဦးဦးဂျူံအင်ဆိုပြီး သူ့နားအမြဲကပ်သည်။ဘက်ခ်ဟွန်းတို့ လာခေါ်တာတောင်မလိုက်ဘဲ သူ့ပေါင်ပေါ်မှာ ထိုင်တယ် သူ့အဖေက ဆူရင် ဂျုံအင်ကိုပြန်တိုင်တယ်။ဂျုံအင်ကိုဆို အမြဲကပ်လွန်းလို့ အိမ်ပြန်မယ်ဆိုရင်တောင်မပြန်ရ သူလေးကို သိပ်ပြီးမှ အိမ်ပြန်လို့ရသည်။
ငယ်ငယ်ကနှပ်ချေးတွဲလောင်းလေးက အခုဆို အထက်တန်းတောင်ရောက်နေပြီတဲ့လေ။ဘယ်လို ပုံစံလေးပြန်ဖြစ်နေမလဲဆိုတာ သိတော့သိချင်သား။နောက်မှ ဘက်ခ်ဟွန်းအိမ်ကို သွားလည်ရမည်။ထိုကလေးကတော့ သူ့ကိုမှတ်မိပါ့ဦးမလားမသိ။
" sorry ဂျုံအင် စောင့်နေတာကြာသွားလား "
ချန်းယောလ်က အခန်းထဲဝင်လာကာ လက်ဆွဲအိတ်ကိုဘေးခုံမှာချ ကုတ်ကို ချိတ်မှာ ချိတ်လိုက်ပြီးသူ့ကိုမေးလာသည်။
" မကြာသေးပါဘူး … ဘက်ခ်ဟွန်းကတော့ ကြာဦးမယ်ထင်တယ် "
" ဘက်ခ်ဟွန်းက လာနေပြီ လမ်းမှာတဲ့ … အော် ပြီးတော့ ဆယ်ဟွန်းလေးလည်းပါလာတယ်တဲ့ ငါ့ကို ph ဆက်ထားတယ် "
" ဆယ်ဟွန်းလေး ~~ "
ချန်းယောလ်ရဲ့စကားမှာ ပါလာတဲ့ ဆယ်ဟွန်းလေး ဆိုတဲ့ နာမည်လေးကို သံယောင်လိုက်ကာ မေးလိုက်တော့ ချန်းယောလ်က မျက်ခုံးတစ်ချက်ပင့်ကာ ရီလာလေသည်။
" ဘက်ခ်ဟွန်း တူလေးလေကွာ အိုဆယ်ဟွန်းလေ … ဘာလဲ နိုင်ငံခြားလေး ခဏသွားလိုက်တာ အတိတ်တွေအကုန်မေ့
့ကုန်ပြီလား … "
" မမေ့ပါဘူးကွာ မင်းကလည်း ရုတ်တရက်မို့ပါ … "
" အေးအေး ငါ သန့်စင်ခန်းသွားလိုက်ဦးမယ် "
" မင်းမလဲ နောက်ဆုံးကျဒါဘဲ ကြွ ကြွ "
ဘယ်လိုကောင်လဲမသိဘူး တစ်နေကုန် ဒီ သေးဘဲပေါက်နေတာ ဆေးရုံမှာ လူနာတွေကို ဘယ်လိုကုလာလဲမသိဘူး။
မှာထားတဲ့ စားစရာ တွေရောက်လာသည်မို့ စားပွဲထ်ုိးလေးကနေရာချနေရင်း အခန်းတံခါးကို ဆွဲဖွင့်ကာ အသံကျယ်ကျယ်နှင့် ကောင်လေးတစ်ယောက်ဝင်လာလေသည်။
" ဦးဦး ချန်းယောလ်ရေ ဟွန်းငယ် လာတယ် !! "
ဦးငယ်က ကားပါကင်မှာကားရပ်ဖို့ နေရာရှာနေပြီးနောက်ကလိုက်လာခဲ့မယ်ဆိုကာ အခန်းနံပါတ်ပြောပြီး ဆယ်ဟွန်းကိုအရင်လွှတ်လိုက်သည်။
ကားပေါ်မှာ ဦးဦးချန်းယောလ်နဲ့စကားပြောနေတာကြားတာမို့ ရောက်နှင့်နေတာသိပြီးသား။ခုလည်း အရင်တုန်းက တွေ့နေကျအတိုင်းအော်ခေါ်လိုက်ပေမယ့် အခန်းထဲမှာမသိတဲ့ လူကြီးတစ်ယောက်က ထိုင်နေသည်။
လူကြီးလို့သာပြောတာ ကြွေချင်စရာကြီး ဟီးးးး … အသားကလည်းညိုညိုလေး ရင်အုပ်ကြီးကလည်း ဝါးးး အကျယ်ကြီးဘဲ … အရပ်လည်း ရှည်မယ်ပုံဘဲ … ငါထက်လည်းအသက်ကြီးမယ်ထင်တယ် ဦးလေးအရွယ်လောက်ရှိမလားမသိ ဒါနဲ့ ငါလေး အခန်းများမှားလာတာလား ? …
ထိုလူင်္ကြီးကလည်းကြောင်ကြည့်နေတာဆိုတော့ အခန်းမှားပြန်ပြီထင်တယ် ။ ပြန်ထွက်မယ် လုပ်ကာ
လှည့်လိုက်တော့…
" ဟွန်းငယ်လား ~~ "
အို့ ! ငါ့နာမည် သိနေတယ်ဟ…
***********************************
12 . 7 . 2021
Bubble - Eri 😘😘
ဒါလေးကလေ အေးအေးလေးဘဲသွားမှာ အပိုင်းကလည်းသိပ်မများလောက်ဘူး။
ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။