Zawgyi
{ မိသားစု အေမြအႏွစ္ - ၃ }
" ေပရႊမ္း... " အေဖရီဟာ လုေပရႊမ္းရဲ့လက္ကို ဆြဲလိုက္ကာ နာမည္ေခၚလိုက္ရင္း လုေပရႊမ္းေရ႔ွတြင္ ပိတ္ရပ္လိုက္ၿပီး " အေဖက မန္ေနဂ်ာဆီ သြားေနရင္ အခ်ိန္ေတြ သက္သက္ျဖဳန္းသလို ျဖစ္ေနမွာ... သားကိုယ္တိုင္ ၾကည့္လိုက္တာက ပိုမေကာင္းဘူးလား "
လုေပရႊမ္းရဲ့စိတ္ထဲတြင္ ေဒါသမီးတို႔ ေတာက္ေလာင္လာခဲ့ေလတယ္။ " ကြၽန္ေတာ့္ေရ႔ွမွာ အခုလို ပိတ္ရပ္ေနတာကမွ အခ်ိန္သက္သက္ျဖဳန္းေနတာ မဟုတ္ဘူးလား!! " လုေပရႊမ္းဟာ အေဖရီကို လံုးဝမ်က္ႏွာမလိုက္ေခ်။
" ေပရႊမ္း ဘယ္လိုေျပာလိုက္တာလဲ... " အေဖရီဟာ လုေပရႊမ္းကို အျပစ္တင္သည့္ပံုစံျဖင့္ ၾကည့္ေနေသာ္ျငား ျပင္းျပင္းထန္ထန္ေတာ့ မေျပာရဲေပ။ " အနည္းဆံုးေတာ့ အေဖက သားရဲ့ေယာကၡမပါ... "
" ဟုတ္တယ္... ေယာကၡမသာ မဟုတ္ရင္ ကြၽန္ေတာ္က အခုလို လက္ခံစကားေျပာေပးေနတာ!! မစၥတာရီနဲ႔မစၥရီတို႔ က်န္းက်န္းကို ေတြ့ၿပီးရင္ အခုျပန္ပါေတာ့... "
အေဖရီရဲ့မ်က္ႏွာဟာ ခ်က္ခ်င္းပုတ္သိုးသြားခဲ့ေသာ္လည္း ဘာမွေတာ့ထပ္မေျပာခဲ့ေခ်။ သူဟာ ရီက်န္းရဲ့အခန္းထဲသို႔ ဝင္သြားေသာလုေပရႊမ္းကို ၾကည့္ေနရံုေသာ တတ္ႏိုင္လိုက္သည္။
အခန္းထဲတြင္ေတာ့ ရီက်န္းဟာ ရင္းႏွီးေသာေျခသံၾကားတာေၾကာင့္ လွည့္ၾကည့္လိုက္တဲ့အခါ လုေပရႊမ္းတစ္ေယာက္ အခန္းထဲဝင္လာတာကို ေတြ့လိုက္ေလတယ္။ ထို႔ေနာက္တြင္ " သူတို႔ သြားၿပီလား "
" Omm သြားၿပီ... မင္းကို ဘာေတြေျပာေသးလဲ "
ရီက်န္းဟာ လုေပရႊမ္းရဲ့အကူအညီနဲ႔ ကုတင္ေပၚတြင္ ထိုင္လိုက္ကာ " အက္ေၾကာင္းထပ္ေနတဲ့ကိစၥေတြပဲေပါ့... ပ်င္းစရာႀကီး... "
" မင္းမိသားစုကိစၥေတြမွာ ဝင္မပါနဲ႔ေတာ့... ကိုယ္ေျဖရွင္းေပမယ္ "
" ရွင္က... " ရီက်န္းက လုေပရႊမ္းကို ၾကည့္လိုက္ကာ " ဘယ္လိုေျဖရွင္းမွာလဲ "
" စိတ္မပူပါနဲ႔... ကိုယ့္မွာနည္းလမ္းရိွတယ္ "
အေမရီရဲ့လုပ္ရပ္ေတြေၾကာင့္ ရီက်န္းဟာ အေမရီကို ထပ္ေတြ့ခ်င္မည္မဟုတ္။ အေဖရီၾကျပန္ေတာ့လည္း ရီက်န္းကို ေတြ့တာနဲ႔ ရင္းႏွီးျမႇဳပ္ႏွံ႔မႈကိစၥကိုပဲ အႀကိမ္ႀကိမ္ေျပာေနေခ်တယ္။ ရီက်န္းသာ ရီတို႔နဲ႔ ဆက္ပတ္သက္ေနပါက စိတ္ဖိစီးမႈသာ မ်ားလိမ့္ေပမည္။
ရီက်န္းဟာ ေခတၲမ်ွစဥ္းစားၿပီးေနာက္ " သူတို႔နဲ႔ ပတ္သက္ၿပီး မစိုးရိမ္နဲ႔... ကြၽန္မအေဖမွာ ကုမၼဏီတစ္ခုကို ေကာင္းေကာင္းစီမံႏိုင္ဖို႔ အရည္အခ်င္းမရိွဘူး... ရွင္ သူ႔ကို ရင္းႏွီးျမႇဳပ္ႏွံ႔ဖို႔ ေငြဘယ္ေလာက္ပဲ ပံုေပးေပး အားလံုးက သဲထဲေရသြန္ျဖစ္ေနမွာပဲ... သူ႔ကို ေငြထုတ္ေပးမယ့္အစား မရိွဆင္းရဲသားေတြကို လႉလိုက္တာက ပိုအက်ိဳးရိွတယ္ "
ဝတၴုထဲ၌ အေဖရီတြင္ လင္းက်န္ရဲ့အကူအညီရိွခဲ့ေပ၏။ သို႔ေသာ္ ယခုတြင္ အေဖရီရဲ့ေဘးတြင္ လင္းက်န္ ရိွမေနတာေၾကာင့္ ဘယ္လိုရင္းႏွီးျမႇဳပ္ႏွံ႔မႈကိုပဲ လုပ္လုပ္ အရႈံးေပၚေနအံုးမည္ပင္။
လုေပရႊမ္းဟာ ရီက်န္းရဲ့ဆံပင္ကို နားရြက္ေနာက္သို႔ သပ္လိုက္ရင္း " ဟုတ္ပါၿပီ... ကိုယ္ မင္း ေျပာတာကို နားေထာင္ပါ့မယ္ "
ဤသို႔ျဖင့္ ေခတၲအၾကာတြင္ အခန္းတံခါးေခါက္သံထြက္လာခဲ့ၿပီးေနာက္ သူနာျပဳတစ္ေယာက္ အခန္းထဲသို႔ ဝင္လာခဲ့ေလသည္။
" မစၥလု... မစၥလုရဲ့နာမည္နဲ႔ပါဆယ္ထုပ္ကို လူတစ္ေယာက္ လာပို႔သြားပါတယ္ "
" ကြၽန္မအတြက္?? လာပို႔တာ ဘယ္သူတဲ့လဲ "
သူနာျပဳေလးက ေခါင္းခါျပလိုက္ၿပီး " ကြၽန္မလည္း မသိပါဘူး... အဲ့လူက ပါဆယ္ထုပ္ကို ေကာင္တာေပၚတင္ၿပီးတာနဲ႔ ခ်က္ခ်င္း လွည့္ထြက္သြားခဲ့တာပါ "
ရီက်န္းဟာ ပါဆယ္ထုပ္ကို ယူလိုက္ၿပီးေနာက္ " ဟုတ္ပါၿပီ... ယူလာေပးလို႔ ေက်းဇူးပါ "
" ရပါတယ္ရွင့္ "
ပါဆယ္ထုပ္ရဲ့အရြယ္အစားဟာ အရြယ္ေရာက္ၿပီးသား အမ်ိဳးသားတစ္ေယာက္ရဲ့လက္ဖဝါးႏွစ္ခုစာေလာက္ ရိွ၏။ ပါဆယ္ထုပ္ေပၚတြင္လည္း ဘယ္သူက ပို႔လိုက္သည္ကို မေရးသားထားေပ။
ထိုခ်ိန္၌ ရီက်န္းဟာ လုေပရႊမ္းကို ၾကည့္လိုက္ၿပီး " ဥကၠဌလု၊ ဒါက ရွင္ ကြၽန္မကို Surpriseလုပ္တာလား "
သို႔ေသာ္ လုေပရႊမ္းဟာ သူမလက္ထဲမွ ပါဆယ္ထုပ္ကို အထူးအဆန္းလို ေသခ်ာစိုက္ၾကည့္ေနဆဲပင္။ အထဲတြင္ ဘာရိွေနမည္ကို သိခ်င္စိတ္ျပင္းျပေနသည့္ပံုစံမ်ိဳးျဖစ္သည္။ ဒါ့ေၾကာင့္ လုေပရႊမ္းက ေပးသည့္ပါဆယ္ထုပ္လည္း မျဖစ္ႏိုင္ေပ။ လုတို႔ဟာ ရီက်န္း ကေလးေမြးၿပီးတဲ့ကိစၥကို ရီႏွစ္ၪီးမွလြဲ၍ ဘယ္သူ႔ကိုမွ မေျပာရေသးေခ်။ ဒီပါဆယ္ထုပ္ဟာ ရီတို႔ဆီမွလည္း မျဖစ္ႏိုင္။ ဤသို႔ဆိုပါေသာ္ ဒီပါဆယ္ထုပ္ကို ဘယ္သူက ပို႔လိုက္သည္လဲ...
ရီက်န္းတစ္ေယာက္ ပါဆယ္ထုပ္ကို ထုပ္ပိုးထားေသာစကၠူတို႔ကို ဖယ္ရွားလိုက္ခ်ိန္တြင္ ရွားပါးၿပီး ေရွးက်ပံုရတဲ့ကတၲီပါ ဘူးေလးကို ေတြ့လိုက္ရေပတယ္။ ထိုကတၲီပါဘူးေလးကို ဖြင့္လိုက္တဲ့အခါမွာေတာ့ အထဲတြင္ ကတၲီပါအဝတ္စေလးရဲ့ေပၚတြင္ လွပစြာရိွေနေသာ ေသြးနီေရာင္ေက်ာက္စိမ္းလက္ေကာက္ကို ေတြ့သြားေတာ့သည္။
' WTF!! ဒါ...ဒါက ဇာတ္လိုက္လင္းက်န္အေမရဲ့အေမြပစၥည္းပဲ!! သူမရဲ့အနာဂတ္ေခြၽးမအတြက္ ျပင္ခဲ့တဲ့အေမြပစၥည္းေလ! '
💓💓💓💓💓💓
Unicode
{ မိသားစု အမွေအနှစ် - ၃ }
" ပေရွှမ်း... " အဖေရီဟာ လုပေရွှမ်းရဲ့လက်ကို ဆွဲလိုက်ကာ နာမည်ခေါ်လိုက်ရင်း လုပေရွှမ်းရှေ့တွင် ပိတ်ရပ်လိုက်ပြီး " အဖေက မန်နေဂျာဆီ သွားနေရင် အချိန်တွေ သက်သက်ဖြုန်းသလို ဖြစ်နေမှာ... သားကိုယ်တိုင် ကြည့်လိုက်တာက ပိုမကောင်းဘူးလား "
လုပေရွှမ်းရဲ့စိတ်ထဲတွင် ဒေါသမီးတို့ တောက်လောင်လာခဲ့လေတယ်။ " ကျွန်တော့်ရှေ့မှာ အခုလို ပိတ်ရပ်နေတာကမှ အချိန်သက်သက်ဖြုန်းနေတာ မဟုတ်ဘူးလား!! " လုပေရွှမ်းဟာ အဖေရီကို လုံးဝမျက်နှာမလိုက်ချေ။
" ပေရွှမ်း ဘယ်လိုပြောလိုက်တာလဲ... " အဖေရီဟာ လုပေရွှမ်းကို အပြစ်တင်သည့်ပုံစံဖြင့် ကြည့်နေသော်ငြား ပြင်းပြင်းထန်ထန်တော့ မပြောရဲပေ။ " အနည်းဆုံးတော့ အဖေက သားရဲ့ယောက္ခမပါ... "
" ဟုတ်တယ်... ယောက္ခမသာ မဟုတ်ရင် ကျွန်တော်က အခုလို လက်ခံစကားပြောပေးနေတာ!! မစ္စတာရီနဲ့မစ္စရီတို့ ကျန်းကျန်းကို တွေ့ပြီးရင် အခုပြန်ပါတော့... "
အဖေရီရဲ့မျက်နှာဟာ ချက်ချင်းပုတ်သိုးသွားခဲ့သော်လည်း ဘာမှတော့ထပ်မပြောခဲ့ချေ။ သူဟာ ရီကျန်းရဲ့အခန်းထဲသို့ ဝင်သွားသောလုပေရွှမ်းကို ကြည့်နေရုံသော တတ်နိုင်လိုက်သည်။
အခန်းထဲတွင်တော့ ရီကျန်းဟာ ရင်းနှီးသောခြေသံကြားတာကြောင့် လှည့်ကြည့်လိုက်တဲ့အခါ လုပေရွှမ်းတစ်ယောက် အခန်းထဲဝင်လာတာကို တွေ့လိုက်လေတယ်။ ထို့နောက်တွင် " သူတို့ သွားပြီလား "
" Omm သွားပြီ... မင်းကို ဘာတွေပြောသေးလဲ "
ရီကျန်းဟာ လုပေရွှမ်းရဲ့အကူအညီနဲ့ ကုတင်ပေါ်တွင် ထိုင်လိုက်ကာ " အက်ကြောင်းထပ်နေတဲ့ကိစ္စတွေပဲပေါ့... ပျင်းစရာကြီး... "
" မင်းမိသားစုကိစ္စတွေမှာ ဝင်မပါနဲ့တော့... ကိုယ်ဖြေရှင်းပေမယ် "
" ရှင်က... " ရီကျန်းက လုပေရွှမ်းကို ကြည့်လိုက်ကာ " ဘယ်လိုဖြေရှင်းမှာလဲ "
" စိတ်မပူပါနဲ့... ကိုယ့်မှာနည်းလမ်းရှိတယ် "
အမေရီရဲ့လုပ်ရပ်တွေကြောင့် ရီကျန်းဟာ အမေရီကို ထပ်တွေ့ချင်မည်မဟုတ်။ အဖေရီကြပြန်တော့လည်း ရီကျန်းကို တွေ့တာနဲ့ ရင်းနှီးမြှုပ်နှံ့မှုကိစ္စကိုပဲ အကြိမ်ကြိမ်ပြောနေချေတယ်။ ရီကျန်းသာ ရီတို့နဲ့ ဆက်ပတ်သက်နေပါက စိတ်ဖိစီးမှုသာ များလိမ့်ပေမည်။
ရီကျန်းဟာ ခေတ္တမျှစဥ်းစားပြီးနောက် " သူတို့နဲ့ ပတ်သက်ပြီး မစိုးရိမ်နဲ့... ကျွန်မအဖေမှာ ကုမ္မဏီတစ်ခုကို ကောင်းကောင်းစီမံနိုင်ဖို့ အရည်အချင်းမရှိဘူး... ရှင် သူ့ကို ရင်းနှီးမြှုပ်နှံ့ဖို့ ငွေဘယ်လောက်ပဲ ပုံပေးပေး အားလုံးက သဲထဲရေသွန်ဖြစ်နေမှာပဲ... သူ့ကို ငွေထုတ်ပေးမယ့်အစား မရှိဆင်းရဲသားတွေကို လှူလိုက်တာက ပိုအကျိုးရှိတယ် "
ဝတ္ထုထဲ၌ အဖေရီတွင် လင်းကျန်ရဲ့အကူအညီရှိခဲ့ပေ၏။ သို့သော် ယခုတွင် အဖေရီရဲ့ဘေးတွင် လင်းကျန် ရှိမနေတာကြောင့် ဘယ်လိုရင်းနှီးမြှုပ်နှံ့မှုကိုပဲ လုပ်လုပ် အရှုံးပေါ်နေအုံးမည်ပင်။
လုပေရွှမ်းဟာ ရီကျန်းရဲ့ဆံပင်ကို နားရွက်နောက်သို့ သပ်လိုက်ရင်း " ဟုတ်ပါပြီ... ကိုယ် မင်း ပြောတာကို နားထောင်ပါ့မယ် "
ဤသို့ဖြင့် ခေတ္တအကြာတွင် အခန်းတံခါးခေါက်သံထွက်လာခဲ့ပြီးနောက် သူနာပြုတစ်ယောက် အခန်းထဲသို့ ဝင်လာခဲ့လေသည်။
" မစ္စလု... မစ္စလုရဲ့နာမည်နဲ့ပါဆယ်ထုပ်ကို လူတစ်ယောက် လာပို့သွားပါတယ် "
" ကျွန်မအတွက်?? လာပို့တာ ဘယ်သူတဲ့လဲ "
သူနာပြုလေးက ခေါင်းခါပြလိုက်ပြီး " ကျွန်မလည်း မသိပါဘူး... အဲ့လူက ပါဆယ်ထုပ်ကို ကောင်တာပေါ်တင်ပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားခဲ့တာပါ "
ရီကျန်းဟာ ပါဆယ်ထုပ်ကို ယူလိုက်ပြီးနောက် " ဟုတ်ပါပြီ... ယူလာပေးလို့ ကျေးဇူးပါ "
" ရပါတယ်ရှင့် "
ပါဆယ်ထုပ်ရဲ့အရွယ်အစားဟာ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ရဲ့လက်ဖဝါးနှစ်ခုစာလောက် ရှိ၏။ ပါဆယ်ထုပ်ပေါ်တွင်လည်း ဘယ်သူက ပို့လိုက်သည်ကို မရေးသားထားပေ။
ထိုချိန်၌ ရီကျန်းဟာ လုပေရွှမ်းကို ကြည့်လိုက်ပြီး " ဥက္ကဌလု၊ ဒါက ရှင် ကျွန်မကို Surpriseလုပ်တာလား "
သို့သော် လုပေရွှမ်းဟာ သူမလက်ထဲမှ ပါဆယ်ထုပ်ကို အထူးအဆန်းလို သေချာစိုက်ကြည့်နေဆဲပင်။ အထဲတွင် ဘာရှိနေမည်ကို သိချင်စိတ်ပြင်းပြနေသည့်ပုံစံမျိုးဖြစ်သည်။ ဒါ့ကြောင့် လုပေရွှမ်းက ပေးသည့်ပါဆယ်ထုပ်လည်း မဖြစ်နိုင်ပေ။ လုတို့ဟာ ရီကျန်း ကလေးမွေးပြီးတဲ့ကိစ္စကို ရီနှစ်ဦးမှလွဲ၍ ဘယ်သူ့ကိုမှ မပြောရသေးချေ။ ဒီပါဆယ်ထုပ်ဟာ ရီတို့ဆီမှလည်း မဖြစ်နိုင်။ ဤသို့ဆိုပါသော် ဒီပါဆယ်ထုပ်ကို ဘယ်သူက ပို့လိုက်သည်လဲ...
ရီကျန်းတစ်ယောက် ပါဆယ်ထုပ်ကို ထုပ်ပိုးထားသောစက္ကူတို့ကို ဖယ်ရှားလိုက်ချိန်တွင် ရှားပါးပြီး ရှေးကျပုံရတဲ့ကတ္တီပါ ဘူးလေးကို တွေ့လိုက်ရပေတယ်။ ထိုကတ္တီပါဘူးလေးကို ဖွင့်လိုက်တဲ့အခါမှာတော့ အထဲတွင် ကတ္တီပါအဝတ်စလေးရဲ့ပေါ်တွင် လှပစွာရှိနေသော သွေးနီရောင်ကျောက်စိမ်းလက်ကောက်ကို တွေ့သွားတော့သည်။
' WTF!! ဒါ...ဒါက ဇာတ်လိုက်လင်းကျန်အမေရဲ့အမွေပစ္စည်းပဲ!! သူမရဲ့အနာဂတ်ချွေးမအတွက် ပြင်ခဲ့တဲ့အမွေပစ္စည်းလေ! '
💓💓💓💓💓💓