Unicode
လွီနင်သည် လူနာဆောင်အခန်း( ၃၀၉ ) အရှေ့မှာ ရပ်နေမိသည်မှာ အတော်လေးကြာနေပြီ။ တံခါးက ပိတ်ထားပြီး သူ့မှာ တံခါးလက်ကိုင်ကိုကိုင်ဖွင့်ဖို့ရန်ပင် သတ္တိမရှိဘဲ တွန့်ဆုတ်နေမိသည်။
ထိုအချိန်တွင် အခန်းတံခါးကပွင့်သွားပြီး ဆေးရုံဝတ်နှင့်လူနာတစ်ယောက်ထွက်လာသည်။ ထိုလူက လွီနင်ကို ထူးဆန်းသလိုကြည့်လာလေ၏။
" မင်း ဘယ်သူ့ကိုလာရှာတာလဲ။ "
" မရှာပါဘူး "
တံခါးကနေတစ်ဆင့် ကုတင်အစွန်းမှာ အဖြူရောင်စောင်နှင့်လုံးထွေးနေသော လူတစ်ယောက်ကို မြင်နေရသည်။
လွီနင် အတွင်းကမြင်ကွင်းကို မြင်နေရသော်လည်း ရပ်မြဲတိုင်းသာ ရပ်နေမိသည်။
ထိုလူနာက အပြင်ကိုထွက်လာပြီးနောက် တံခါးကိုလှည့်ပိတ်လိုက်၏။
" ကျွန် … ကျွန်တော်က ဝေ့ဒါအစ်ကိုပါ "
ဟု လွီနင်က ပြောလိုက်လေသည်။
" သြော်...မင်းက သူ့အစ်ကိုလား။ "
ထိုလူက တံခါးကို ပြန်ဖွင့်ပေးပြီး
" ဘာလို့ အခုမှသူ့ကို လာတွေ့ရတာလဲ။ သူက သေလုမျောပါး အရိုက်ခံထားရတာ။ အရေးပေါ်ဌာနတောင် ပို့လိုက်ရတယ်လို့ ကြားမိသေးတယ်။ ဝင်သွားလိုက်လေ... ဝေ့ဒါကတော့ အိပ်နေတုန်းရှိသေးတယ်။ "
အစပိုင်းကတော့ သူတို့တွေ တစ်ယောက်နှင့်တစ်ယောက် ဘာကိုမှ ပွင့်ပွင့်လင်းလင်း ဖြေရှင်းဖို့မလိုဟု ထင်ခဲ့သည်။ သို့သော်လည်း သူစိမ်းတစ်ယောက်၏ ဒီလိုဖိတ်ခေါ်တဲ့စကားလေးတစ်ခွန်းကြောင့် လှည့်ပြန်တော့မည့်သူ့ခြေလှမ်းတွေဟာ ဦးတည်ရာပြောင်းလဲခဲ့ရပြီ။
လွီနင်က အမြဲတမ်း အနေတည်ခဲ့သည်။ အလုပ်မှာပဲဖြစ်စေ၊ အချစ်ရေးမှာပဲဖြစ်စေ သူ့ဘက်ကစတဲ့ကိစ္စမျိုးဆိုတာ တစ်ခါမှမရှိခဲ့ပေ။ လျိုကျင်းသည်ပင် သူမဘက်က အရင်ဆုံးစဖွင့်ပြောခဲ့ရသည်။
ဝေ့ဒါအိပ်ပျော်နေတာက သူ့ကို စိတ်သက်သာရာရစေသည်။
လွီနင် လူနာဆောင်အတွင်းသို့ လှမ်းဝင်သွားလိုက်၏။
ဒီအခန်းက နှစ်ယောက်ခန်းဖြစ်သည်။ အစောပိုင်းက တွေ့ခဲ့သည့် လူနာတစ်ယောက်က အပြင်ထွက်သွားတာကြောင့် အခုတော့ သူတို့နှစ်ယောက်သာ အခန်းအတွင်းမှာ ကျန်နေခဲ့၏။ ဝေ့ဒါက အိပ်မောကျနေပြီး သူ့ခေါင်းမှာ ပတ်တီးထူထူတွေစီးထားကာ မျက်နှာတွင်လည်း ဒဏ်ရာတွေအပြည့်နှင့်။ အမြဲတမ်း လွီနင့်ကို စိတ်ဖီးစီးစေသည့် မျက်လုံးတစ်စုံကလည်း တင်းကျပ်စွာ မှိတ်ထားလျှက်သား။
လွီနင် ကုတင်ဘေးမှာရပ်လျှက် သူ့ညီအိပ်ပျော်နေတာကို ငုံ့ကြည့်နေမိသည်။ ခဏလောက်ကြာတော့ သူ့ညီ၏ မျက်ခွံတွေက မသိမသာ လှုပ်ရှားလာလေသည်။
" နိုးလာပြီလား "
လွီနင် မေးလိုက်မိ၏။
ဝေ့ဒါမျက်လုံးအစုံက ပွင့်လာခဲ့သည်။
လွီနင် ထိုမျက်လုံးစူးစူးတွေနှင့် နောက်တစ်ကြိမ်ပြန်ဆုံမိတော့ အသက်ရှူရပ်မတတ်ပင်။
" ကိုကို "
ဝေ့ဒါက ရုတ်ခြည်းပဲ ထထိုင်ကာ အိပ်ရာခေါင်းရင်းကို မှီလျှက် သူ့ကို စေ့စေ့စပ်စပ်ကြည့်လာ၏။
" ကျွန်တော်နိုးနေတာကြာပြီ ... ကျွန်တော်နိုးလာတာမြင်ရင် ကိုကိုထွက်သွားမှာကြောက်လို့... "
ဝေ့ဒါစကားကြောင့် လွီနင့်ရင်ထဲ စို့နင့်သွားရ၏။
လွီနင် အချိန်ခဏလောက် ကြောင်အနေပြီးမှ -
" ငါ မင်းသူငယ်ချင်းနဲ့ အပြင်မှာဆုံတာနဲ့ မင်းကို လာကြည့်တာ။ "
လွီနင် တစ်ချက်ပြုံးလိုက်ရင်း-
" ငါ အလောတကြီးလာတာမဟုတ်ဘဲ ဒီအတိုင်း လမ်းကြုံလို့ ဝင်နှုတ်ဆက်ရုံပဲ။ အလည်အပတ်သဘောမျိုးဆိုပေမယ့် ငါဘာမှ မဝယ်ခဲ့မိဘူး။ "
" ဘာမှမလိုပါဘူး ကိုကို ကျွန်တော်ဆီလာပေးတာနဲ့တင် လုံလောက်နေပါပြီ။ "
" အင်း... "
ဒီစကားတစ်ခွန်းနှင့်တင် သူကိုယ်တိုင် တမင်တကာ ခြားထားတဲ့ အကွာအဝေးတစ်ခုက ချိုးဖျက်ခံလိုက်ရ၏။ လွီနင် ခဏလောက်တိတ်ဆိတ်နေမိပြီကာမှ မေးမြန်းလိုက်၏။
" မင်းကိုယ်က နေထိုင်ကောင်းရဲ့လား။ "
" ကောင်းပါတယ် နောက်ရက်နည်းနည်းလောက်နေရင် ဆေးရုံကဆင်းလို့ရပြီတဲ့။ "
" နောက်ဆက်တွဲ ရောဂါတွေတော့ မရှိဘူးမလား။ "
" မရှိပါဘူး လုံးဝကို နေကောင်းနေပြီ။ ဆေးရုံကနေ မြန်နိုင်သမျှ မြန်မြန်ဆင်းချင်တယ်။ ကျွန်တော်လက်ခံထားတဲ့ အလုပ်တစ်ခုရှိသေးတယ်။ အစကနေပြန်စရမှာဆိုတော့ အမှားသေးသေးလေးတောင်ဖြစ်ဖို့ အချိန်မရှိတော့ဘူး။ "
" ဟိုလူတွေရော မင်းကို လာရှာကြသေးလား။ "
" မလာကြတော့ပါဘူး။ အစ်ကိုဝမ်ကလည်း ပြစ်မှုတစ်ခုကျူးလွန်မိလို့ အဖမ်းခံလိုက်ရတယ်။ "
" ဒါနဲ့ မင်း နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်လို့ ပြောခဲ့တာမလား။ ဘာလို့ …"
ဝေ့ဒါက သူ့ကို စိုက်ကြည့်လာ၏။
" ဘာလို့ဆိုတာ ကိုကိုသိပါတယ်။ "
လွီနင်က ဝေ့ဒါ၏ အကြည့်ကို ရင်မဆိုင်နိုင်တော့ဘဲ အကြည့်လွှဲလိုက်မိသည်။
ဝေ့ဒါကလည်း လွီနင့်ကိုကြည့်နေရာကနေ အကြည့်လွှဲလိုက်ပြီး သူ့မျက်နှာပေါ်က နာကျင်ရိပ်စွန်းထင်းနေသည့် အပြုံးကိုဖုံးကွယ်ဖို့ ခေါင်းကိုသာ ငုံ့လိုက်မိ၏။
" ဒါပေမယ့် အခု ကျွန်တော်ဘယ်လိုခံစားနေရလဲဆိုတာ ကိုကို နားလည်မှာမဟုတ်ဘူး။ အစောပိုင်းကတည်းက ကိုကိုတံခါးဝမှာရပ်ပြီး စကားပြောသံကိုကြားကတည်းက ကျွန်တော့်ရင်တွေခုန်နေခဲ့တာ။ ကျွန်တော့်လက်တွေဆိုတုန်ပြီး အိမ်မက်လို့ပဲ ထင်နေမိတာ။ စိတ်ထဲလည်း ဘာမှမတွေးနိုင် မစဉ်းစားနိုင်နဲ့... "
" .... "
" ကျွန်တော်ဘာတွေပြောနေမိတာပါလိမ့်နော်။ ရှက်ဖို့ကောင်းတာတွေပြောမိသွားပြီ။ "
လွီနင်လည်း သူ့မျက်ခမ်းစပ်တွေက စပ်လာပြီး နှုတ်ဆိတ်ကာသာ ငြိမ်သက်နေမိသည်။
" ကိုကို "
ဝေ့ဒါက သူ့လက်ကို လှမ်းဆွဲလာ၏။ ဝေ့ဒါလက်ချောင်းတွေနှင့် ထိမိသွားသည့် အခိုက်အတန့်လေးမှာ လွီနင်အနောက်ကို ခြေတစ်လှမ်းဆုတ်ကာ ရှောင်ရှားလိုက်ပြီး ဝေ့ဒါကိုတော့ အိပ်ရာပေါ်သို့ တွန်းလိုက်မိ၏။
ဝေ့ဒါက အံကိုတင်းတင်းကြိတ်လျှက် သူ့ကိုမော့ကြည့်လာလေသည်။
" မင်းနေကောင်းပြီဆိုတော့ ကောင်းတာပေါ့။ ဒါဆို ငါ သွားတော့မယ်။ "
လွီနင် ကရောသောပါး မတ်တပ်ထရပ်ကာ တံခါးသို့သာ အပြေးလှမ်းလာတော့သည်။
ကြာကြာဆက်မနေနိုင်ဘူး...နောက်ထပ်တစ်မိနစ်လေးတောင် ဆက်မနေနိုင်တော့ဘူး...
သူ့ဘဝက အခက်အခဲတွေအများကြီး ကျော်ဖြတ်ပြီးမှ မူလစိတ်ပျက်စရာအခြေနေကနေ အခုလို တည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိခဲ့ရသည်။
သူလိုချင်တာ၊ ဖြစ်ချင်တာတွေကိုလည်း အမှန်တကယ် ပိုင်ဆိုင်နိုင်ခဲ့ပြီ။ ဆေးရုံရဲ့ မြေတောင်မြှောက်ပေးမှုကြောင့် ဒီနှစ်တွေအတွင်းမှာ ငွေကြေးအလုံအလောက်လည်း စုဆောင်းမိနေပြီ။ ပြီးလျှင် ဇနီးတစ်ယောက်နှင့် ပြန်စုံတဲ့ မိသားစုလေးတစ်ခုသာ လိုအပ်တော့သည်။
ဒါက သူ့ရဲ့ နှစ်ရှည်လများ မျှော်လင့်နေခဲ့သည့် ဆန္ဒလေးပင်။ သူ့ဆန္ဒလေးက တစ်ဝက်တစ်ပျက်နှင့် ခရီးလမ်းအလယ်မှာ ဖျက်စီးခံလိုက်ရပေမယ့် အတိတ်ကို အတိတ်မှာသာထားပြီး ပြန်တည်ဆောက်သင့်နေပြီလေ။
ပျော်ရွှင်ကြည်နူးစရာ လှပတဲ့ အနာဂတ်လေးက တစ်စထက်တစ်စ နီးစပ်လာကာ သူ့လက်တစ်ကမ်းမှာ ရောက်ရှိလို့နေခဲ့ပြီ။
လွီနင် တံခါးလက်ကိုင်ကို ကိုင်မိလိုက်ချိန်မှာပဲ သူ့အနောက်က ဝေ့ဒါအသံက ထွက်ပေါ်လာခဲ့သည်။
" ကိုကို သိလား ... လူတစ်ယောက်က သူတို့သေခါနီးအချိန် သူတို့စိတ်ထဲမှာတွေးမိတဲ့လူက သူ့ဘဝအတွက် အရေးအကြီးဆုံးလူတဲ့။ ကျွန်တော် ခွဲစိတ်ခန်းထဲဝင်တော့ ကိုကို ကျွန်တော့်ဆီပြန်လာရင် ကောင်းမယ်လို့ တွေးနေခဲ့တာ။ "
လွီနင့်ခြေလှမ်းတွေ ရပ်တန့်သွားရ၏။
" ကိုကိုကရော အဲ့ဒီအချိန်တုန်းက ဘယ်သူ့အကြောင်းကို တွေးမိလဲ။ "
အခန်းအတွင်းမှာ ဆိတ်ငြိမ်နေသလောက် ဆေးရုံအပြင်ဘက်စင်္ကြံလမ်းက ဆူညံနေသည်။ လွီနင်မှာ ဒီမေးခွန်း၏အဖြေက ရှိနေပြီးသားပင်။ လွီနင့်မှာ နောက်ပြန်လှည့်ပြီး ဝေ့ဒါကိုရင်ဆိုင်ဖို့ သတ္တိမရှိတာကြောင့် အခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။
ဝေ့ဒါက နွံအိုင်တစ်ခုလိုပဲ။ သူနှင့် နီးကပ်လာလေ သူ့(လွီနင်)ဘဝနစ်မြုပ်သွားရလေပဲ။
သူ့ဘဝကို နောက်တစ်ခေါက် အပျက်စီးမခံနိုင်ပေ။
အခု သူ့ရဲ့လက်ရှိဘဝကို အသားကျနေခဲ့ပြီ။ နောက်ထပ်တစ်ဖန် သူ့ဘဝမှာ အလှည့်အပြောင်းတစ်ခုကြုံခဲ့ရရင် ရင်ဆိုင်နိုင်စွမ်းမရှိတော့ဘူး။
စိတ်ခေါ်မှုတွေကို ကြောက်ရွံ့နေမိပြီ။
************
နောက်ထပ် တနင်္ဂနွေနေ့မနက်ခင်းတစ်ခုတွင် လွီနင် အိပ်ရာကနေ စောစောစီးစီး နိုးထလာပေမယ့် အိပ်ခန်းထဲတွင်သာ အချိန်ဖြုန်းနေမိသည်။ ရက်တွေကြာသွားတာတောင် ဝေ့ဒါစကားတွေနှင့် ဝေ့ဒါက သေလုမြောပါးဖြစ်ခဲ့တယ်ဆိုသည့်အကြောင်းတွေကို တွေးမိတိုင်း လွီနင် စိတ်အေးလက်အေးမနေနိုင်ဖြစ်နေခဲ့ရသည်။
လွီနင် သူ့အဝတ်အစားတွေကို ပြင်ဆင်ရင်း အပြင်ထွက်ကာ စီးပွားရေးလမ်းကြောင်းက ဘတ်စ်ကားကို စီးလိုက်သည်။
ဆောင်းဦးရာသီဖြစ်တာကြောင့် ဈေးဝယ်စင်တာတွေကလည်း ဒီနှစ်အတွက် ဈေးသက်သာသောအထည်တွေကို စရောင်းနေပြီ။ ဒီနှစ်က အရင်ကထက် လူတွေပိုများနေသလိုပင်။ အိတ်ကြီးအိတ်ငယ်သယ်ပြီး သွားလာနေကြတဲ့လူများ၊ ကျောင်းသားကျောင်းသူများ၊ ပစ္စည်းသယ်ပိုးပေးနေကြသည့် အလုပ်သများ ...
လွီနင် သူ့ကိုယ်သူ ဘာတွေဖြစ်နေလဲဆိုတာ နားမလည်နိုင်တော့။ လူအုပ်ကြီး၏ စကားသံတွေ၊ ကားသံဆိုင်ကယ်သံတွေက သာမန်အသံတွေမျှသာဖြစ်ပေမယ့်လည်း ဒါတွေက သူ့ကို အတော်လေးစိတ်အနှောင့်အယှက်ပေးနေသည်။
လွီနင် အလုပ်များနေတဲ့ မင်္ဂလာဆောင်ဓာတ်ပုံစတူဒီယိုတစ်ခုရှေ့ကနေ ဖြတ်လျှောက်မိသည်။ ဆိုင်အရှေ့မှာ နေကာထီးလှလှလေးတွေ ဖွင့်ထားပြီး ထိုထီးအောက်မှာတော့ ကျောင်းသားလေးတစ်ယောက်က လက်ကမ်းစာစောင်တွေကို ဝေနေလေသည်။
ဝေ့ဒါက ထိုဆိုင်ကို အမှတ်တမဲ့ ကြည့်မိသွားတာ ဖြစ်ပေမယ့် မထင်မှတ်ဘဲ သူ့အသိတစ်ယောက်ကို တွေ့လိုက်ရ၏။
ထိုအသိက လျိုကျင်းနှင့် ဆေးရုံက လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ယောက်ပင်။
သူတို့နှစ်ယောက်က ဆိုင်က အလုပ်သမားလေး၏ အလုပ်အကြောင်းရှင်းပြချက်တွေကို ဆွေးနွေးပြီး ပြန်ထွက်လာချင်းမှာပဲ လွီနင်ကို တွေ့သွားကြ၏။
" အားယား... တိုက်ဆိုင်လိုက်တာ "
လျိုကျင်းက အပြုံးလေးနှင့် နှုတ်ဆက်လာ၏။ လွီနင်လည်း ပြန်နှုတ်ဆက်ရန် ပြင်နေချိန်မှာပဲ လျိုကျင်းနှင့် အဖော်ပါလာသူက အလိုက်တသိနှင့် ရှောင်ပေးသွားသည်။
လမ်းတစ်လျှောက်က ဆူညံ့နေတာကြောင့် သူတို့နှစ်ယောက်လည်း အနားက ကော်ဖီဆိုင်တစ်ဆိုင်သို့ ဝင်လိုက်ကြသည်။
လျိုကျင်းက ဒီနားအနီးတစ်ဝိုက်က ဆိုင်တွေကို သဘောကျသည်။ သူ မကြာခဏ လျိုကျင်းဈေးဝယ်တာကို အဖော်လိုက်ပေးတိုင်း ဒီကော်ဖီဆိုင်မှာ ထိုင်နားလေ့ရှိတတ်သည်။
" ဈေးဝယ်ထွက်လာတာလား။ ဒါမှမဟုတ် လမ်းလျှောက်ရုံပဲလား။ "
လျိုကျင်းက ကော်ဖီခွက်ကို ဇွန်းနှင့်မွှေရင်း ဆိုလာသည်။
လွီနင် လျိုကျင်းလက်မှာ လက်စွပ်ကို ကြည့်ရင်း-
" လက်ထပ်တော့မှာလား။ "
" အင်း "
"Congratulations."
"…"
လျိုကျင်းက ရုတ်ခြည်းပဲ သူ့ကို မော့ကြည့်လာ၏။
" နင်သာ ငါ့ကို လက်ထပ်ချင်တယ်လို့ပြောလိုက် ငါ သူ့ကိုမယူဘူး။ နင် ငါ့ကို ယုံလား။ "
လွီနင် တိတ်ဆိတ်သွားရပြီးမှာ တီးတိုးပြောလိုက်သည်။
" တောင်းပန်ပါတယ် "
လျိုကျင်က သဘောတကျနှင့် တခစ်ခစ်ရယ်လေ၏။
" ငါပြောတာကို အတည်ကြီးထင်နေတာလား။ နင်က တကယ်လို့ လိမ်ရလွယ်တာပဲ။ ဒါပေမယ့် ချက်ချင်းကြီးငြင်းလိုက်တာက ငါ့ကို နည်းနည်းလေးနာကျင်သွားစေတယ်။ ငါက စွဲဆောင်မှုမရှိတော့လို့လား။ "
" နင် ဘယ်လိုတောင် အပြောင်အပျက်ပြောနိုင်ရတာလဲ။ "
လွီနင့်မှာ စိတ်သက်သာရာရကာ သက်ပြင်းချရင်း ပြုံးကာ ပြောလိုက်သည်။ ထိုအချိန်တွင် သူ့အိတ်ကပ်ထဲရှိဖုန်းက တုန်ခါလာလေသည်။ လွီနင် ဖုန်းကိုယူက နံပါတ်ကိုကြည့်လိုက်ပြီးနောက် ချက်ချင်းပဲ ချပစ်လိုက်၏။
ဖုန်းမျက်နှာပြင်က အပ်ကွဲနေလျှက်။ ဒီလိုဖုန်းမျိုးကို ဖုန်းအဟောင်းဆိုင်မှာ ဈေးပေါပေါနှင့်သွားရောင်းလျှင်တောင် လိုချင်သူရှိမည်မဟုတ်။
" ဒီလောက်နှစ်တွေကြာနေတာတောင် ဒီဖုန်းကြီးကို သုံးနေတုန်းလား။ "
လွီနင်က ဝင်လာတဲ့ Message တွေကို မဖတ်ဘဲ ဖုန်းကိုသာ လက်ထဲမှာကိုင်ထားရင်း ဖျစ်ညှစ်ပြုံးလိုက်သည်။
" ဟုတ်တယ် "
" ဖုန်းအသံက တော်တော်ကြီး ဆိုးနေပြီမဟုတ်လား။."
" သုံးလို့ရပါသေးတယ်။ "
"…"
" တကယ်တော့ .... ငါ ... သိနေပြီးသား။ "
" ဘာကိုလဲ "
" နင်နဲ့ နင့်ညီအကြောင်း "
လျိုကျင်းနှင့် မျက်နှာချင်းဆိုင်မှာထိုင်နေသည့် လွီနင်မှာ ကြက်သေသေသွားသည်။
" သူက နင့်ကိုပဲ အမြဲတမ်းကြည့်နေတာ။ ငါတို့နှစ်ယောက်ဆုံမိရင်လည်း သူက အမြဲတမ်း ငါ့ကိုဆန့်ကျင်နေရော။ ငါ နင်တို့ကြားမှာ တစ်ခုခုရှိနေမယ်ဆိုတာ ငါထင်ပြီးသား.... နင် ဆေးရုံကို ဆေးစစ်ဖို့ရောက်လာချိန်က ငါ့မှာ မြင်းတစ်ကောင်လို ဒုန်းဆိုင်းပြေးလာခဲ့ရတဲ့နေ့လေ။ အဲ့ဒီတုန်းက ငါ မြင်ခဲ့ရတာ....... "
လျိုကျင်းက သူမလည်ပင်းကို ပြန်လက်ညှိုးထိုးပြလျှက်-
" အမှတ်အသားတွေ။ အဲ့ဒါတွေက မိန်းမတစ်ယောက်ကို ပိုင်ဆိုင်ကြောင်း ကြေညာထားသလိုပဲ... နင်က အရမ်းရိုးပြီး ရှေးရိုးစွဲလွန်းလို ငါ အချိန်တိုလေးနဲ့ မသိခဲ့ရုံပဲ။ တကယ်တော့ ငါရိပ်မိနေခဲ့တာ ကြာပြီ ... "
"…"
" အစကတော့ နင် အတင်းအကျပ် ဖိအားပေးခံရတယ်လို့ ထင်နေခဲ့တာ။ ဒါပေမယ့် နင်က ငါ့ကို အနုနည်းနဲ့ ပြတ်ပြတ်သားသား ငြင်းလိုက်တယ်လေ။ "
လျိုကျင်းက ခဏလောက်စကားစဖြတ်ပြီးနောက် သက်ပြင်းအရှည်ကြီးမှုတ်ထုတ်လိုက်ပြီး ဆက်ပြောလာသည်။
" နောက်ပိုင်း ငါ အရာအားလုံးကို ငါ့အတွက်ငါပဲ ကြည့်ခဲ့တော့တယ်။ ဝေ့ဒါရောက်လာပြီးကတည်းက နင့်အာရုံစိုက်မှုတွေက ပြောင်းလဲသွားတယ်။ နေ့တိုင်း နင်ပြောသမျှက သူ့အကြောင်းပဲ။ နင်လုပ်သမျှအရာရာတိုင်းကလည်း သူ့အတွက်တွေကြည့်ပဲ။ နင် သူ့ကို ဂရုစိုက်သလို တစ်ခါမှ ငါ့ကိုဂရုမစိုက်ခဲ့ဖူးဘူး။ တကယ်တော့ ငါတို့တွေက အစကတည်းက မသိစိတ်ထဲမှာ လမ်းခွဲနှင့်ပြီးသားဖြစ်နေပြီ.... "
လွီနင့်စိတ်ထဲ ရှုပ်ထွေးသွားသည်။ သူပါးစပ်ကိုဟလိုက်ပေမယ့် ဘာပြောရမှန်းမသိတော့။
" ငါ... တောင်းပန်ပါတယ် "
" ဘာလို့ တောင်းပန်ပါတယ်ပဲ ပြောနေရတာလဲ။ ဒါတွေက ပြီးပြီးသားကိစ္စတွေပါ။ အခု ငါလည်း နင့်ထက်ပိုပြီး ငါ့ကိုချစ်ပေးနိုင်တဲ့လူနဲ့ တွေ့နေပြီပဲ။ "
လျိုကျင်းက ကော်ဖီကို တကျိုက်တည်း မော့သောက်ကာ ခွက်အလွတ်ကို စားပွဲပေါ် ပြန်ချပြီးနောက် လွီနင့်ဖုန်းကို တစ်ချက်လှမ်းကြည့်လာ၏။
".... "
လျိုကျင်း၏ ခြေသံတွေက တဖြည်းဖြည်း ဝေးသွားလေပြီ။
အခုလက်ရှိမှာ .... အရာရာက ဘာအခက်အခဲ ဘာအလှည့်အပြောင်းမှမရှိတဲ့ တည်ငြိမ်ပြီး အတည်တကျဖြစ်နေတဲ့ ဘဝလေးဖြစ်နေခဲ့ပြီ။ သူသာ ဆန္ဒရှိမယ်ဆို အခုအတိုင်းလေးပဲ ဆက်ပြီး ချော့မွေ့နေမှာသာ။
လွီနင် ဟိုဟိုဒီဒီ ချင့်ချိန်စဉ်းစားပြီး နောက်ဆုံးမှာတော့ သူ့ဖုန်းထဲက စာတွေကို ဖွင့်ကြည့်လိုက်၏။
လွီနင် လျှောက်လာသည့်လမ်းက မှောင်မဲပြီး ကျဉ်းကာ ဆူးငြောင့်ခလုတ်များနှင့် ကြမ်းတမ်းနေလေသည်။
တစ်ခြားတစ်ဖက်မှာတော့ ဖြူးဖြောင့်ချောမွေ့တဲ့ လမ်းကိုမျှော်လင့်မိနေဆဲဖြစ်ပေမယ့် တစ်ခါမှမရှိခဲ့ဖူးသည့် မတ်စောက်နေသည့် ကုန်းတက်လမ်းအမြင့်ကြီးဖြစ်နေခဲ့သည်။ ခဏခဏ ခလုတ်တိုက်ကာ လဲကျမလို ဖြစ်သွားရသည်။ သူသာ ထပ်ပြီး နောက်ထပ်တစ်ခါ တူညီတဲ့အမှားတစ်ခုကို ကျူးလွန်မိခဲ့ရင် နောက်ထပ်တစ်ဖန် ပြန်ထိခိုက်မိဦးမည်သာ။
ဖုန်းပေါ်မှာ စာလုံးလေးလုံးသာ....
" တောင်းပန်ပါတယ် "
ခေါင်းကိုငုံ့လျှက် ဖုန်းကိုကိုင်ထားသော သူ့မျက်လုံးတွေက နီရဲကာ မှုန်ဝါးလာသည်။
သူက အမြဲတမ်း ပုန်းရှောင်ကာ ကြောက်လန့်နေတတ်သည့် သူရဲဘောကြောင်သည့် ငကြောက်တစ်ကောင်အဖြစ်ကနေ သူ့ကိုယ်သူ လွတ်မြောက်ခွင့်ပေးတော့မည်...
သူရဲဘောကြောင်ပြီး ပုန်းရှောင်နေရတာ ပင်ပန်းလွန်းနေပြီလေ …
𝚃𝚑𝚎 𝚗𝚎𝚡𝚝 𝚌𝚑𝚊𝚙𝚝𝚎𝚛 𝚒𝚜 𝚏𝚒𝚗𝚊𝚕 ....ㅠ ㅠ
----------------------------------------------------------------------------------
Zawgyi
လြီနင္သည္ လူနာေဆာင္အခန္း( ၃၀၉ ) အေရွ႕မွာ ရပ္ေနမိသည္မွာ အေတာ္ေလးၾကာေနၿပီ။ တံခါးက ပိတ္ထားၿပီး သူ႕မွာ တံခါးလက္ကိုင္ကိုကိုင္ဖြင့္ဖို႔ရန္ပင္ သတၱိမရွိဘဲ တြန႔္ဆုတ္ေနမိသည္။
ထိုအခ်ိန္တြင္ အခန္းတံခါးကပြင့္သြားၿပီး ေဆး႐ုံဝတ္ႏွင့္လူနာတစ္ေယာက္ထြက္လာသည္။ ထိုလူက လြီနင္ကို ထူးဆန္းသလိုၾကည့္လာေလ၏။
" မင္း ဘယ္သူ႕ကိုလာရွာတာလဲ။ "
" မရွာပါဘူး "
တံခါးကေနတစ္ဆင့္ ကုတင္အစြန္းမွာ အျဖဴေရာင္ေစာင္ႏွင့္လုံးေထြးေနေသာ လူတစ္ေယာက္ကို ျမင္ေနရသည္။
လြီနင္ အတြင္းကျမင္ကြင္းကို ျမင္ေနရေသာ္လည္း ရပ္ၿမဲတိုင္းသာ ရပ္ေနမိသည္။
ထိုလူနာက အျပင္ကိုထြက္လာၿပီးေနာက္ တံခါးကိုလွည့္ပိတ္လိုက္၏။
" ကြၽန္ … ကြၽန္ေတာ္က ေဝ့ဒါအစ္ကိုပါ "
ဟု လြီနင္က ေျပာလိုက္ေလသည္။
" ေၾသာ္...မင္းက သူ႕အစ္ကိုလား။ "
ထိုလူက တံခါးကို ျပန္ဖြင့္ေပးၿပီး
" ဘာလို႔ အခုမွသူ႕ကို လာေတြ႕ရတာလဲ။ သူက ေသလုေမ်ာပါး အရိုက္ခံထားရတာ။ အေရးေပၚဌာနေတာင္ ပို႔လိုက္ရတယ္လို႔ ၾကားမိေသးတယ္။ ဝင္သြားလိုက္ေလ... ေဝ့ဒါကေတာ့ အိပ္ေနတုန္းရွိေသးတယ္။ "
အစပိုင္းကေတာ့ သူတို႔ေတြ တစ္ေယာက္ႏွင့္တစ္ေယာက္ ဘာကိုမွ ပြင့္ပြင့္လင္းလင္း ေျဖရွင္းဖို႔မလိုဟု ထင္ခဲ့သည္။ သို႔ေသာ္လည္း သူစိမ္းတစ္ေယာက္၏ ဒီလိုဖိတ္ေခၚတဲ့စကားေလးတစ္ခြန္းေၾကာင့္ လွည့္ျပန္ေတာ့မည့္သူ႕ေျခလွမ္းေတြဟာ ဦးတည္ရာေျပာင္းလဲခဲ့ရၿပီ။
လြီနင္က အၿမဲတမ္း အေနတည္ခဲ့သည္။ အလုပ္မွာပဲျဖစ္ေစ၊ အခ်စ္ေရးမွာပဲျဖစ္ေစ သူ႕ဘက္ကစတဲ့ကိစၥမ်ိဳးဆိုတာ တစ္ခါမွမရွိခဲ့ေပ။ လ်ိဳက်င္းသည္ပင္ သူမဘက္က အရင္ဆုံးစဖြင့္ေျပာခဲ့ရသည္။
ေဝ့ဒါအိပ္ေပ်ာ္ေနတာက သူ႕ကို စိတ္သက္သာရာရေစသည္။
လြီနင္ လူနာေဆာင္အတြင္းသို႔ လွမ္းဝင္သြားလိုက္၏။
ဒီအခန္းက ႏွစ္ေယာက္ခန္းျဖစ္သည္။ အေစာပိုင္းက ေတြ႕ခဲ့သည့္ လူနာတစ္ေယာက္က အျပင္ထြက္သြားတာေၾကာင့္ အခုေတာ့ သူတို႔ႏွစ္ေယာက္သာ အခန္းအတြင္းမွာ က်န္ေနခဲ့၏။ ေဝ့ဒါက အိပ္ေမာက်ေနၿပီး သူ႕ေခါင္းမွာ ပတ္တီးထူထူေတြစီးထားကာ မ်က္ႏွာတြင္လည္း ဒဏ္ရာေတြအျပည့္ႏွင့္။ အၿမဲတမ္း လြီနင့္ကို စိတ္ဖီးစီးေစသည့္ မ်က္လုံးတစ္စုံကလည္း တင္းက်ပ္စြာ မွိတ္ထားလွ်က္သား။
လြီနင္ ကုတင္ေဘးမွာရပ္လွ်က္ သူ႕ညီအိပ္ေပ်ာ္ေနတာကို ငုံ႕ၾကည့္ေနမိသည္။ ခဏေလာက္ၾကာေတာ့ သူ႕ညီ၏ မ်က္ခြံေတြက မသိမသာ လႈပ္ရွားလာေလသည္။
" နိုးလာၿပီလား "
လြီနင္ ေမးလိုက္မိ၏။
ေဝ့ဒါမ်က္လုံးအစုံက ပြင့္လာခဲ့သည္။
လြီနင္ ထိုမ်က္လုံးစူးစူးေတြႏွင့္ ေနာက္တစ္ႀကိမ္ျပန္ဆုံမိေတာ့ အသက္ရႉရပ္မတတ္ပင္။
" ကိုကို "
ေဝ့ဒါက ႐ုတ္ျခည္းပဲ ထထိုင္ကာ အိပ္ရာေခါင္းရင္းကို မွီလွ်က္ သူ႕ကို ေစ့ေစ့စပ္စပ္ၾကည့္လာ၏။
" ကြၽန္ေတာ္နိုးေနတာၾကာၿပီ ... ကြၽန္ေတာ္နိုးလာတာျမင္ရင္ ကိုကိုထြက္သြားမွာေၾကာက္လို႔... "
ေဝ့ဒါစကားေၾကာင့္ လြီနင့္ရင္ထဲ စို႔နင့္သြားရ၏။
လြီနင္ အခ်ိန္ခဏေလာက္ ေၾကာင္အေနၿပီးမွ -
" ငါ မင္းသူငယ္ခ်င္းနဲ႕ အျပင္မွာဆုံတာနဲ႕ မင္းကို လာၾကည့္တာ။ "
လြီနင္ တစ္ခ်က္ၿပဳံးလိုက္ရင္း-
" ငါ အေလာတႀကီးလာတာမဟုတ္ဘဲ ဒီအတိုင္း လမ္းႀကဳံလို႔ ဝင္ႏႈတ္ဆက္႐ုံပဲ။ အလည္အပတ္သေဘာမ်ိဳးဆိုေပမယ့္ ငါဘာမွ မဝယ္ခဲ့မိဘူး။ "
" ဘာမွမလိုပါဘူး ကိုကို ကြၽန္ေတာ္ဆီလာေပးတာနဲ႕တင္ လုံေလာက္ေနပါၿပီ။ "
" အင္း... "
ဒီစကားတစ္ခြန္းႏွင့္တင္ သူကိုယ္တိုင္ တမင္တကာ ျခားထားတဲ့ အကြာအေဝးတစ္ခုက ခ်ိဳးဖ်က္ခံလိုက္ရ၏။ လြီနင္ ခဏေလာက္တိတ္ဆိတ္ေနမိၿပီကာမွ ေမးျမန္းလိုက္၏။
" မင္းကိုယ္က ေနထိုင္ေကာင္းရဲ႕လား။ "
" ေကာင္းပါတယ္ ေနာက္ရက္နည္းနည္းေလာက္ေနရင္ ေဆး႐ုံကဆင္းလို႔ရၿပီတဲ့။ "
" ေနာက္ဆက္တြဲ ေရာဂါေတြေတာ့ မရွိဘူးမလား။ "
" မရွိပါဘူး လုံးဝကို ေနေကာင္းေနၿပီ။ ေဆး႐ုံကေန ျမန္နိုင္သမွ် ျမန္ျမန္ဆင္းခ်င္တယ္။ ကြၽန္ေတာ္လက္ခံထားတဲ့ အလုပ္တစ္ခုရွိေသးတယ္။ အစကေနျပန္စရမွာဆိုေတာ့ အမွားေသးေသးေလးေတာင္ျဖစ္ဖို႔ အခ်ိန္မရွိေတာ့ဘူး။ "
" ဟိုလူေတြေရာ မင္းကို လာရွာၾကေသးလား။ "
" မလာၾကေတာ့ပါဘူး။ အစ္ကိုဝမ္ကလည္း ျပစ္မႈတစ္ခုက်ဴးလြန္မိလို႔ အဖမ္းခံလိုက္ရတယ္။ "
" ဒါနဲ႕ မင္း နိုင္ငံျခားမွာ အလုပ္သြားလုပ္မယ္လို႔ ေျပာခဲ့တာမလား။ ဘာလို႔ …"
ေဝ့ဒါက သူ႕ကို စိုက္ၾကည့္လာ၏။
" ဘာလို႔ဆိုတာ ကိုကိုသိပါတယ္။ "
လြီနင္က ေဝ့ဒါ၏ အၾကည့္ကို ရင္မဆိုင္နိုင္ေတာ့ဘဲ အၾကည့္လႊဲလိုက္မိသည္။
ေဝ့ဒါကလည္း လြီနင့္ကိုၾကည့္ေနရာကေန အၾကည့္လႊဲလိုက္ၿပီး သူ႕မ်က္ႏွာေပၚက နာက်င္ရိပ္စြန္းထင္းေနသည့္ အၿပဳံးကိုဖုံးကြယ္ဖို႔ ေခါင္းကိုသာ ငုံ႕လိုက္မိ၏။
" ဒါေပမယ့္ အခု ကြၽန္ေတာ္ဘယ္လိုခံစားေနရလဲဆိုတာ ကိုကို နားလည္မွာမဟုတ္ဘူး။ အေစာပိုင္းကတည္းက ကိုကိုတံခါးဝမွာရပ္ၿပီး စကားေျပာသံကိုၾကားကတည္းက ကြၽန္ေတာ့္ရင္ေတြခုန္ေနခဲ့တာ။ ကြၽန္ေတာ့္လက္ေတြဆိုတုန္ၿပီး အိမ္မက္လို႔ပဲ ထင္ေနမိတာ။ စိတ္ထဲလည္း ဘာမွမေတြးနိုင္ မစဥ္းစားနိုင္နဲ႕... "
" .... "
" ကြၽန္ေတာ္ဘာေတြေျပာေနမိတာပါလိမ့္ေနာ္။ ရွက္ဖို႔ေကာင္းတာေတြေျပာမိသြားၿပီ။ "
လြီနင္လည္း သူ႕မ်က္ခမ္းစပ္ေတြက စပ္လာၿပီး ႏႈတ္ဆိတ္ကာသာ ၿငိမ္သက္ေနမိသည္။
" ကိုကို "
ေဝ့ဒါက သူ႕လက္ကို လွမ္းဆြဲလာ၏။ ေဝ့ဒါလက္ေခ်ာင္းေတြႏွင့္ ထိမိသြားသည့္ အခိုက္အတန႔္ေလးမွာ လြီနင္အေနာက္ကို ေျခတစ္လွမ္းဆုတ္ကာ ေရွာင္ရွားလိုက္ၿပီး ေဝ့ဒါကိုေတာ့ အိပ္ရာေပၚသို႔ တြန္းလိုက္မိ၏။
ေဝ့ဒါက အံကိုတင္းတင္းႀကိတ္လွ်က္ သူ႕ကိုေမာ့ၾကည့္လာေလသည္။
" မင္းေနေကာင္းၿပီဆိုေတာ့ ေကာင္းတာေပါ့။ ဒါဆို ငါ သြားေတာ့မယ္။ "
လြီနင္ ကေရာေသာပါး မတ္တပ္ထရပ္ကာ တံခါးသို႔သာ အေျပးလွမ္းလာေတာ့သည္။
ၾကာၾကာဆက္မေနနိုင္ဘူး...ေနာက္ထပ္တစ္မိနစ္ေလးေတာင္ ဆက္မေနနိုင္ေတာ့ဘူး...
သူ႕ဘဝက အခက္အခဲေတြအမ်ားႀကီး ေက်ာ္ျဖတ္ၿပီးမွ မူလစိတ္ပ်က္စရာအေျခေနကေန အခုလို တည္ၿငိမ္တဲ့ အေျခအေနတစ္ခုကို ေရာက္ရွိခဲ့ရသည္။
သူလိုခ်င္တာ၊ ျဖစ္ခ်င္တာေတြကိုလည္း အမွန္တကယ္ ပိုင္ဆိုင္နိုင္ခဲ့ၿပီ။ ေဆး႐ုံရဲ႕ ေျမေတာင္ျမႇောက္ေပးမႈေၾကာင့္ ဒီႏွစ္ေတြအတြင္းမွာ ေငြေၾကးအလုံအေလာက္လည္း စုေဆာင္းမိေနၿပီ။ ၿပီးလွ်င္ ဇနီးတစ္ေယာက္ႏွင့္ ျပန္စုံတဲ့ မိသားစုေလးတစ္ခုသာ လိုအပ္ေတာ့သည္။
ဒါက သူ႕ရဲ႕ ႏွစ္ရွည္လမ်ား ေမွ်ာ္လင့္ေနခဲ့သည့္ ဆႏၵေလးပင္။ သူ႕ဆႏၵေလးက တစ္ဝက္တစ္ပ်က္ႏွင့္ ခရီးလမ္းအလယ္မွာ ဖ်က္စီးခံလိုက္ရေပမယ့္ အတိတ္ကို အတိတ္မွာသာထားၿပီး ျပန္တည္ေဆာက္သင့္ေနၿပီေလ။
ေပ်ာ္႐ႊင္ၾကည္ႏူးစရာ လွပတဲ့ အနာဂတ္ေလးက တစ္စထက္တစ္စ နီးစပ္လာကာ သူ႕လက္တစ္ကမ္းမွာ ေရာက္ရွိလို႔ေနခဲ့ၿပီ။
လြီနင္ တံခါးလက္ကိုင္ကို ကိုင္မိလိုက္ခ်ိန္မွာပဲ သူ႕အေနာက္က ေဝ့ဒါအသံက ထြက္ေပၚလာခဲ့သည္။
" ကိုကို သိလား ... လူတစ္ေယာက္က သူတို႔ေသခါနီးအခ်ိန္ သူတို႔စိတ္ထဲမွာေတြးမိတဲ့လူက သူ႕ဘဝအတြက္ အေရးအႀကီးဆုံးလူတဲ့။ ကြၽန္ေတာ္ ခြဲစိတ္ခန္းထဲဝင္ေတာ့ ကိုကို ကြၽန္ေတာ့္ဆီျပန္လာရင္ ေကာင္းမယ္လို႔ ေတြးေနခဲ့တာ။ "
လြီနင့္ေျခလွမ္းေတြ ရပ္တန႔္သြားရ၏။
" ကိုကိုကေရာ အဲ့ဒီအခ်ိန္တုန္းက ဘယ္သူ႕အေၾကာင္းကို ေတြးမိလဲ။ "
အခန္းအတြင္းမွာ ဆိတ္ၿငိမ္ေနသေလာက္ ေဆး႐ုံအျပင္ဘက္စၾကၤံလမ္းက ဆူညံေနသည္။ လြီနင္မွာ ဒီေမးခြန္း၏အေျဖက ရွိေနၿပီးသားပင္။ လြီနင့္မွာ ေနာက္ျပန္လွည့္ၿပီး ေဝ့ဒါကိုရင္ဆိုင္ဖို႔ သတၱိမရွိတာေၾကာင့္ အခန္းထဲကေန ထြက္လာခဲ့လိုက္သည္။
ေဝ့ဒါက ႏြံအိုင္တစ္ခုလိုပဲ။ သူႏွင့္ နီးကပ္လာေလ သူ႕(လြီနင္)ဘဝနစ္ျမဳပ္သြားရေလပဲ။
သူ႕ဘဝကို ေနာက္တစ္ေခါက္ အပ်က္စီးမခံနိုင္ေပ။
အခု သူ႕ရဲ႕လက္ရွိဘဝကို အသားက်ေနခဲ့ၿပီ။ ေနာက္ထပ္တစ္ဖန္ သူ႕ဘဝမွာ အလွည့္အေျပာင္းတစ္ခုႀကဳံခဲ့ရရင္ ရင္ဆိုင္နိုင္စြမ္းမရွိေတာ့ဘူး။
စိတ္ေခၚမႈေတြကို ေၾကာက္႐ြံ႕ေနမိၿပီ။
************
ေနာက္ထပ္ တနဂၤေႏြေန႕မနက္ခင္းတစ္ခုတြင္ လြီနင္ အိပ္ရာကေန ေစာေစာစီးစီး နိုးထလာေပမယ့္ အိပ္ခန္းထဲတြင္သာ အခ်ိန္ျဖဳန္းေနမိသည္။ ရက္ေတြၾကာသြားတာေတာင္ ေဝ့ဒါစကားေတြႏွင့္ ေဝ့ဒါက ေသလုေျမာပါးျဖစ္ခဲ့တယ္ဆိုသည့္အေၾကာင္းေတြကို ေတြးမိတိုင္း လြီနင္ စိတ္ေအးလက္ေအးမေနနိုင္ျဖစ္ေနခဲ့ရသည္။
လြီနင္ သူ႕အဝတ္အစားေတြကို ျပင္ဆင္ရင္း အျပင္ထြက္ကာ စီးပြားေရးလမ္းေၾကာင္းက ဘတ္စ္ကားကို စီးလိုက္သည္။
ေဆာင္းဦးရာသီျဖစ္တာေၾကာင့္ ေဈးဝယ္စင္တာေတြကလည္း ဒီႏွစ္အတြက္ ေဈးသက္သာေသာအထည္ေတြကို စေရာင္းေနၿပီ။ ဒီႏွစ္က အရင္ကထက္ လူေတြပိုမ်ားေနသလိုပင္။ အိတ္ႀကီးအိတ္ငယ္သယ္ၿပီး သြားလာေနၾကတဲ့လူမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ ပစၥည္းသယ္ပိုးေပးေနၾကသည့္ အလုပ္သမ်ား ...
လြီနင္ သူ႕ကိုယ္သူ ဘာေတြျဖစ္ေနလဲဆိုတာ နားမလည္နိုင္ေတာ့။ လူအုပ္ႀကီး၏ စကားသံေတြ၊ ကားသံဆိုင္ကယ္သံေတြက သာမန္အသံေတြမွ်သာျဖစ္ေပမယ့္လည္း ဒါေတြက သူ႕ကို အေတာ္ေလးစိတ္အေႏွာင့္အယွက္ေပးေနသည္။
လြီနင္ အလုပ္မ်ားေနတဲ့ မဂၤလာေဆာင္ဓာတ္ပုံစတူဒီယိုတစ္ခုေရွ႕ကေန ျဖတ္ေလွ်ာက္မိသည္။ ဆိုင္အေရွ႕မွာ ေနကာထီးလွလွေလးေတြ ဖြင့္ထားၿပီး ထိုထီးေအာက္မွာေတာ့ ေက်ာင္းသားေလးတစ္ေယာက္က လက္ကမ္းစာေစာင္ေတြကို ေဝေနေလသည္။
ေဝ့ဒါက ထိုဆိုင္ကို အမွတ္တမဲ့ ၾကည့္မိသြားတာ ျဖစ္ေပမယ့္ မထင္မွတ္ဘဲ သူ႕အသိတစ္ေယာက္ကို ေတြ႕လိုက္ရ၏။
ထိုအသိက လ်ိဳက်င္းႏွင့္ ေဆး႐ုံက လုပ္ေဖာ္ကိုင္ဖက္ အမ်ိဳးသမီးတစ္ေယာက္ပင္။
သူတို႔ႏွစ္ေယာက္က ဆိုင္က အလုပ္သမားေလး၏ အလုပ္အေၾကာင္းရွင္းျပခ်က္ေတြကို ေဆြးေႏြးၿပီး ျပန္ထြက္လာခ်င္းမွာပဲ လြီနင္ကို ေတြ႕သြားၾက၏။
" အားယား... တိုက္ဆိုင္လိုက္တာ "
လ်ိဳက်င္းက အၿပဳံးေလးႏွင့္ ႏႈတ္ဆက္လာ၏။ လြီနင္လည္း ျပန္ႏႈတ္ဆက္ရန္ ျပင္ေနခ်ိန္မွာပဲ လ်ိဳက်င္းႏွင့္ အေဖာ္ပါလာသူက အလိုက္တသိႏွင့္ ေရွာင္ေပးသြားသည္။
လမ္းတစ္ေလွ်ာက္က ဆူညံ့ေနတာေၾကာင့္ သူတို႔ႏွစ္ေယာက္လည္း အနားက ေကာ္ဖီဆိုင္တစ္ဆိုင္သို႔ ဝင္လိုက္ၾကသည္။
လ်ိဳက်င္းက ဒီနားအနီးတစ္ဝိုက္က ဆိုင္ေတြကို သေဘာက်သည္။ သူ မၾကာခဏ လ်ိဳက်င္းေဈးဝယ္တာကို အေဖာ္လိုက္ေပးတိုင္း ဒီေကာ္ဖီဆိုင္မွာ ထိုင္နားေလ့ရွိတတ္သည္။
" ေဈးဝယ္ထြက္လာတာလား။ ဒါမွမဟုတ္ လမ္းေလွ်ာက္႐ုံပဲလား။ "
လ်ိဳက်င္းက ေကာ္ဖီခြက္ကို ဇြန္းႏွင့္ေမႊရင္း ဆိုလာသည္။
လြီနင္ လ်ိဳက်င္းလက္မွာ လက္စြပ္ကို ၾကည့္ရင္း-
" လက္ထပ္ေတာ့မွာလား။ "
" အင္း "
"Congratulations."
"…"
လ်ိဳက်င္းက ႐ုတ္ျခည္းပဲ သူ႕ကို ေမာ့ၾကည့္လာ၏။
" နင္သာ ငါ့ကို လက္ထပ္ခ်င္တယ္လို႔ေျပာလိုက္ ငါ သူ႕ကိုမယူဘူး။ နင္ ငါ့ကို ယုံလား။ "
လြီနင္ တိတ္ဆိတ္သြားရၿပီးမွာ တီးတိုးေျပာလိုက္သည္။
" ေတာင္းပန္ပါတယ္ "
လ်ိဳက်င္က သေဘာတက်ႏွင့္ တခစ္ခစ္ရယ္ေလ၏။
" ငါေျပာတာကို အတည္ႀကီးထင္ေနတာလား။ နင္က တကယ္လို႔ လိမ္ရလြယ္တာပဲ။ ဒါေပမယ့္ ခ်က္ခ်င္းႀကီးျငင္းလိုက္တာက ငါ့ကို နည္းနည္းေလးနာက်င္သြားေစတယ္။ ငါက စြဲေဆာင္မႈမရွိေတာ့လို႔လား။ "
" နင္ ဘယ္လိုေတာင္ အေျပာင္အပ်က္ေျပာနိုင္ရတာလဲ။ "
လြီနင့္မွာ စိတ္သက္သာရာရကာ သက္ျပင္းခ်ရင္း ၿပဳံးကာ ေျပာလိုက္သည္။ ထိုအခ်ိန္တြင္ သူ႕အိတ္ကပ္ထဲရွိဖုန္းက တုန္ခါလာေလသည္။ လြီနင္ ဖုန္းကိုယူက နံပါတ္ကိုၾကည့္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပဲ ခ်ပစ္လိုက္၏။
ဖုန္းမ်က္ႏွာျပင္က အပ္ကြဲေနလွ်က္။ ဒီလိုဖုန္းမ်ိဳးကို ဖုန္းအေဟာင္းဆိုင္မွာ ေဈးေပါေပါႏွင့္သြားေရာင္းလွ်င္ေတာင္ လိုခ်င္သူရွိမည္မဟုတ္။
" ဒီေလာက္ႏွစ္ေတြၾကာေနတာေတာင္ ဒီဖုန္းႀကီးကို သုံးေနတုန္းလား။ "
လြီနင္က ဝင္လာတဲ့ Message ေတြကို မဖတ္ဘဲ ဖုန္းကိုသာ လက္ထဲမွာကိုင္ထားရင္း ဖ်စ္ညွစ္ၿပဳံးလိုက္သည္။
" ဟုတ္တယ္ "
" ဖုန္းအသံက ေတာ္ေတာ္ႀကီး ဆိုးေနၿပီမဟုတ္လား။."
" သုံးလို႔ရပါေသးတယ္။ "
"…"
" တကယ္ေတာ့ .... ငါ ... သိေနၿပီးသား။ "
" ဘာကိုလဲ "
" နင္နဲ႕ နင့္ညီအေၾကာင္း "
လ်ိဳက်င္းႏွင့္ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနသည့္ လြီနင္မွာ ၾကက္ေသေသသြားသည္။
" သူက နင့္ကိုပဲ အၿမဲတမ္းၾကည့္ေနတာ။ ငါတို႔ႏွစ္ေယာက္ဆုံမိရင္လည္း သူက အၿမဲတမ္း ငါ့ကိုဆန႔္က်င္ေနေရာ။ ငါ နင္တို႔ၾကားမွာ တစ္ခုခုရွိေနမယ္ဆိုတာ ငါထင္ၿပီးသား.... နင္ ေဆး႐ုံကို ေဆးစစ္ဖို႔ေရာက္လာခ်ိန္က ငါ့မွာ ျမင္းတစ္ေကာင္လို ဒုန္းဆိုင္းေျပးလာခဲ့ရတဲ့ေန႕ေလ။ အဲ့ဒီတုန္းက ငါ ျမင္ခဲ့ရတာ....... "
လ်ိဳက်င္းက သူမလည္ပင္းကို ျပန္လက္ညွိုးထိုးျပလွ်က္-
" အမွတ္အသားေတြ။ အဲ့ဒါေတြက မိန္းမတစ္ေယာက္ကို ပိုင္ဆိုင္ေၾကာင္း ေၾကညာထားသလိုပဲ... နင္က အရမ္းရိုးၿပီး ေရွးရိုးစြဲလြန္းလို ငါ အခ်ိန္တိုေလးနဲ႕ မသိခဲ့႐ုံပဲ။ တကယ္ေတာ့ ငါရိပ္မိေနခဲ့တာ ၾကာၿပီ ... "
"…"
" အစကေတာ့ နင္ အတင္းအက်ပ္ ဖိအားေပးခံရတယ္လို႔ ထင္ေနခဲ့တာ။ ဒါေပမယ့္ နင္က ငါ့ကို အႏုနည္းနဲ႕ ျပတ္ျပတ္သားသား ျငင္းလိုက္တယ္ေလ။ "
လ်ိဳက်င္းက ခဏေလာက္စကားစျဖတ္ၿပီးေနာက္ သက္ျပင္းအရွည္ႀကီးမႈတ္ထုတ္လိုက္ၿပီး ဆက္ေျပာလာသည္။
" ေနာက္ပိုင္း ငါ အရာအားလုံးကို ငါ့အတြက္ငါပဲ ၾကည့္ခဲ့ေတာ့တယ္။ ေဝ့ဒါေရာက္လာၿပီးကတည္းက နင့္အာ႐ုံစိုက္မႈေတြက ေျပာင္းလဲသြားတယ္။ ေန႕တိုင္း နင္ေျပာသမွ်က သူ႕အေၾကာင္းပဲ။ နင္လုပ္သမွ်အရာရာတိုင္းကလည္း သူ႕အတြက္ေတြၾကည့္ပဲ။ နင္ သူ႕ကို ဂ႐ုစိုက္သလို တစ္ခါမွ ငါ့ကိုဂ႐ုမစိုက္ခဲ့ဖူးဘူး။ တကယ္ေတာ့ ငါတို႔ေတြက အစကတည္းက မသိစိတ္ထဲမွာ လမ္းခြဲႏွင့္ၿပီးသားျဖစ္ေနၿပီ.... "
လြီနင့္စိတ္ထဲ ရႈပ္ေထြးသြားသည္။ သူပါးစပ္ကိုဟလိုက္ေပမယ့္ ဘာေျပာရမွန္းမသိေတာ့။
" ငါ... ေတာင္းပန္ပါတယ္ "
" ဘာလို႔ ေတာင္းပန္ပါတယ္ပဲ ေျပာေနရတာလဲ။ ဒါေတြက ၿပီးၿပီးသားကိစၥေတြပါ။ အခု ငါလည္း နင့္ထက္ပိုၿပီး ငါ့ကိုခ်စ္ေပးနိုင္တဲ့လူနဲ႕ ေတြ႕ေနၿပီပဲ။ "
လ်ိဳက်င္းက ေကာ္ဖီကို တက်ိဳက္တည္း ေမာ့ေသာက္ကာ ခြက္အလြတ္ကို စားပြဲေပၚ ျပန္ခ်ၿပီးေနာက္ လြီနင့္ဖုန္းကို တစ္ခ်က္လွမ္းၾကည့္လာ၏။
".... "
လ်ိဳက်င္း၏ ေျခသံေတြက တျဖည္းျဖည္း ေဝးသြားေလၿပီ။
အခုလက္ရွိမွာ .... အရာရာက ဘာအခက္အခဲ ဘာအလွည့္အေျပာင္းမွမရွိတဲ့ တည္ၿငိမ္ၿပီး အတည္တက်ျဖစ္ေနတဲ့ ဘဝေလးျဖစ္ေနခဲ့ၿပီ။ သူသာ ဆႏၵရွိမယ္ဆို အခုအတိုင္းေလးပဲ ဆက္ၿပီး ေခ်ာ့ေမြ႕ေနမွာသာ။
လြီနင္ ဟိုဟိုဒီဒီ ခ်င့္ခ်ိန္စဥ္းစားၿပီး ေနာက္ဆုံးမွာေတာ့ သူ႕ဖုန္းထဲက စာေတြကို ဖြင့္ၾကည့္လိုက္၏။
လြီနင္ ေလွ်ာက္လာသည့္လမ္းက ေမွာင္မဲၿပီး က်ဥ္းကာ ဆူးေျငာင့္ခလုတ္မ်ားႏွင့္ ၾကမ္းတမ္းေနေလသည္။
တစ္ျခားတစ္ဖက္မွာေတာ့ ျဖဴးေျဖာင့္ေခ်ာေမြ႕တဲ့ လမ္းကိုေမွ်ာ္လင့္မိေနဆဲျဖစ္ေပမယ့္ တစ္ခါမွမရွိခဲ့ဖူးသည့္ မတ္ေစာက္ေနသည့္ ကုန္းတက္လမ္းအျမင့္ႀကီးျဖစ္ေနခဲ့သည္။ ခဏခဏ ခလုတ္တိုက္ကာ လဲက်မလို ျဖစ္သြားရသည္။ သူသာ ထပ္ၿပီး ေနာက္ထပ္တစ္ခါ တူညီတဲ့အမွားတစ္ခုကို က်ဴးလြန္မိခဲ့ရင္ ေနာက္ထပ္တစ္ဖန္ ျပန္ထိခိုက္မိဦးမည္သာ။
ဖုန္းေပၚမွာ စာလုံးေလးလုံးသာ....
" ေတာင္းပန္ပါတယ္ "
ေခါင္းကိုငုံ႕လွ်က္ ဖုန္းကိုကိုင္ထားေသာ သူ႕မ်က္လုံးေတြက နီရဲကာ မႈန္ဝါးလာသည္။
သူက အၿမဲတမ္း ပုန္းေရွာင္ကာ ေၾကာက္လန႔္ေနတတ္သည့္ သူရဲေဘာေၾကာင္သည့္ ငေၾကာက္တစ္ေကာင္အျဖစ္ကေန သူ႕ကိုယ္သူ လြတ္ေျမာက္ခြင့္ေပးေတာ့မည္...
သူရဲေဘာေၾကာင္ၿပီး ပုန္းေရွာင္ေနရတာ ပင္ပန္းလြန္းေနၿပီေလ …
𝚃𝚑𝚎 𝚗𝚎𝚡𝚝 𝚌𝚑𝚊𝚙𝚝𝚎𝚛 𝚒𝚜 𝚏𝚒𝚗𝚊𝚕 ....ㅠ ㅠ