ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

308K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 128

3K 617 6
By YinLay4

ZAWGYI
{ ဖံုးကြယ္ထားေသာ အမုန္း - ၂ }

အေမလုသည္ သူမသားရဲ့မႈန္ကုတ္ကုတ္မ်က္ႏွာကို ျမင္တဲ့အခါ
" သားရဲ့မိန္းမကို စိတ္ပူမေနနဲ႔ ... က်န္းက်န္းက ထင္ထားတာထက္ ဥာဏ္ပိုေကာင္းတဲ့မိန္းကေလး... မစၥရီက က်န္းက်န္းနဲ႔ သူမနဲ႔ၾကားမွာ ေကာင္းမြန္တဲ့ဆက္ဆံေရးရလာဖို႔ အရင္က ကိစၥေတြကို ေတာင္းပန္ပါတယ္ မွားပါတယ္လို႔ ေျပာတိုင္း က်န္းက်န္းက လြယ္လြယ္နဲ႔ လက္ခံမယ္လို႔ထင္လို႔လား... အရူးလုပ္ခံၿပီး ထပ္ယံုမယ္ထင္ေနလား "

လုေပရႊမ္းဟာ အေမလုရဲ့စကားကို ၿငိမ္ၿငိမ္ေလး နားေထာင္ၿပီးေနာက္မွာ တင္းမာေနတဲ့မ်က္ႏွာကို ေျဖေလ်ာ့လိုက္ကာ ေခါင္းညိမ့္ျပလိုက္ေလ၏။

လက္ရိွတြင္ ရီက်န္းရဲ့အခန္းထဲ၌ ရီက်န္းႏွင့္အတူ ရီႏွစ္ၪီးတို႔သာ ရိွေတာ့သည္။ ယခုမွသာ အေဖရီက အသက္ရႈေခ်ာင္သြားပံုရေပတယ္။

အေဖရီဟာ အခန္းတံခါးထပိတ္လိုက္ၿပီးေနာက္ ရီက်န္းဘက္သို႔ လွည့္ကာ ႏူးညံ့ေသာအသံျဖင့္ " က်န္းက်န္း အေဖတို႔က သမီးရဲ့မိဘအရင္းေတြပါ... သမီး ကေလးေမြးေနတဲ့အခ်ိန္ ဘာလို႔မေခၚလိုက္တာလဲ... မစၥလုကို ၾကည့္ရတာလည္း ေျမးအေတာ္လိုခ်င္ေနပံုပဲ... မေတာ္တဆတစ္ခုခုအမွားအယြင္းျဖစ္သြားလို႔ အေမအသက္နဲ႔ကေလးအသက္ကို ေရြးခိုင္းရင္ ဘယ္လိုလုပ္မလဲ... "

ထိုအခါ ရီက်န္းက သူမရဲ့မ်က္ခံုးတစ္ဖက္ကို ပင့္လိုက္ရင္း " အခုေခတ္မွာ ကေလးနဲ႔အေမဆိုရင္ အေမအသက္ကိုပဲ ကယ္ၾကတာပါ... စိတ္မပူပါနဲ႔ "

" ဟုတ္ပါၿပီ...ဟုတ္ပါၿပီ... အေဖက ဥပမာေျပာျပတာပါ... ဟုတ္ၿပီလား... သမီးရဲ့မိဘအရင္းျဖစ္တဲ့အေဖတို႔ရိွေနေတာ့ ပိုေကာင္းတာေပါ့လို႔ ေျပာခ်င္တာပါ... ၿပီးေတာ့ ေပရႊမ္းကလည္း ကေလးေမြးၿပီးမွ အေဖတို႔ကို ဖုန္းဆက္တာ... "

ရီက်န္းဟာ ဘာမွမေျပာဘဲ တိတ္တဆိတ္သာ ဆက္နားေထာင္ေနခဲ့ေလတယ္...

" က်န္းက်န္း၊ ကေလးေမြးရတာက ကိစၥအႀကီးႀကီးပဲ... အခုဆိုရင္ လုေတြကို သမီးဘာပဲျဖစ္ျဖစ္ေတာင္းဆိုလို႔ရ... "
အေဖရီသည္ ေျပာရင္းေခတၲရပ္လိုက္ၿပီး ရီက်န္းရဲ့မ်က္ႏွာကို အကဲခတ္လိုက္ေလသည္။ ေျပာသင့္ မေျပာသင့္ ခ်င့္ခ်ိန္ေနပံုပင္။

" အေဖက ဘာလိုခ်င္တာရိွလို႔လဲ "

" သမီးသိတဲ့အတိုင္း အခုေနာက္ပိုင္းအေဖရဲ့ကုမၼဏီက သိပ္အဆင္မေျပဘူး... အရင္ႏွစ္ေတြတုန္းက အလုပ္သမား၅၀၀နဲ႔ေတာင္ အလုပ္မနည္းလုပ္ရတာ... အခုေနာက္ပိုင္းက အျမတ္သိပ္မရေတာ့ အလုပ္သမားေတာ္ေတာ္မ်ားမ်ားကို ထုတ္လိုက္ရတယ္ေလ...အခုဆို အလုပ္သမားက ရာဂဏန္းေလာက္ေတာင္ မရိွေတာ့ဘူး...အေဖတို႔က လုေတြနဲ႔ အမ်ိဳးေတာ္ေနေပမယ့္ အေဖကေတာ့ အေဖ့ရဲ့ကုမၼဏီေလးကို လက္မလႊတ္ခ်င္ဘူးကြယ္...

အေဖေလ... သိပ္မၾကာခင္တုန္းက စြန္႔ၪီးရင္းႏွီးျမႇဳပ္ႏွံ႔မႈတစ္ခု စလုပ္ေနတယ္...အဲ့မွာရင္းႏွီးႏိုင္သေလာက္ အျမတ္လည္း မ်ားမ်ားစားစားျပန္ရႏိုင္တယ္ေလ... အေဖတို႔မိသားစုအိမ္ကို ေပါင္ထားေပမယ့္ ရင္းႏွီးဖို႔ ေငြမေလာက္ေသးဘူး ျဖစ္ေနတယ္ကြယ္... သမီးက အေဖ့ကို ကူညီႏိုင္မလား... ေပရႊမ္းကို အေဖ့ရဲ့ရင္းႏွီးျမႇဳပ္ႏွံ႔မႈကိစၥေလး ေျပာျပေပးပါလား "

အေဖရီသည္ ရီက်န္းကိုယ္ဝန္ေဆာင္ထားစဥ္တည္းက ထိုရင္းႏွီးျမႇဳပ္ႏွံ႔မႈကိစၥကို ေျပာေနခဲ့ျခင္ျဖစ္သည္။ အေဖရီဟာ သူမဆီသို႔ ဖုန္းမၾကာခဏဆက္ကာ ထိုကိစၥကို အဖန္ဖန္ေျပာေနခဲ့ျခင္းျဖစ္၏။

ရီက်န္းက ဆက္ၿပီး တိတ္ဆိတ္ေနခဲ့တာေၾကာင့္ အေဖရီဟာ အံ့ႀကိတ္လိုက္ၿပီး စကားထပ္ဆက္ျပန္တယ္...
" က်န္းက်န္း၊ အေဖတို႔ အခုလိုလုပ္ရတာ သမီးအတြက္ပါ... လုေတြၾကားမွာ သမီးမ်က္ႏွာငယ္ေနမွာ စိုးရိမ္လို႔ေလ... ဒီရင္းႏွီးျမႇဳပ္ႏွံ႔မႈက အက်ိဳးအျမတ္မ်ားမွာ သမီးရဲ့... အျမတ္မရတဲ့အလုပ္ကို အေဖက လုပ္ပါ့မလား... သမီးငယ္ငယ္တုန္း အေဖအလုပ္ပင္ပန္းလာတာေတြ့တိုင္း သမီးႀကီးလာရင္ အေဖ့ကို ကူညီမယ္လို႔ေျပာခဲ့ဖူးတယ္ေလ... သမီးမွတ္မိတယ္မလား... "

အေဖရီရဲ့ရင္းႏွီးျမႇဳပ္ႏွံ႔မႈတိုင္းဟာ အက်ိဳးအျမတ္မရဘဲ သဲထဲေရသြန္ျဖစ္တာမ်ားေပသည္။ ဝတၴုထဲတြင္ လင္းက်န္(ဇာတ္လိုက္)က အေဖရီကို ကူညီခဲ့တာေၾကာင့္ ရီတို႔ဟာ ပ်က္စီးကိန္းမဆိုက္ခဲ့ျခင္းျဖစ္သည္။

ယခုတြင္ေတာ့~~~

ရီက်န္းဟာ အခ်ိန္နည္းနည္းၾကာေအာင္ စဥ္းစားလိုက္ၿပီးေနာက္တြင္ " သမီးက ရင္ႏွီးျမႇဳပ္ႏွံ႔တာနဲ႔ ပတ္သက္ၿပီး ဘာမွနားမလည္ဘူး... တကယ္လို႔ အေဖ့ရဲ့ရင္းႏွီးျမႇဳပ္ႏွံ႔မႈက အက်ိဳးအျမတ္ေကာင္းေကာင္းရိွႏိုင္တယ္ဆိုရင္ ေပရႊမ္းနဲ႔ ေျပာၾကည့္ပါ... သူက အဲ့လိုကိစၥေတြမွာ ပိုၿပီးအျမင္ရိွတယ္ေလ... တကယ္ကို အက်ိဳးအျမတ္ရိွတဲ့ရင္းႏွီးျမႇဳပ္ႏွံ႔မႈဆိုရင္ေတာ့ ေပရႊမ္းက လက္လႊတ္မွာ မဟုတ္ပါဘူး... "

" ဒါေပမယ့္... "

အေမရီသည္ အေဖရီအား ေတာ္သင့္ၿပီဟုေသာမ်က္ေစာင္းျဖင့္ ၾကည့္လိုက္ေလ၏။ အေဖရီဟာ လက္ေလ်ာ့ခ်င္ပံုမေပၚေသာ္ျငား ရီက်န္းက စိတ္ရႈပ္လာပံုေပၚတာေၾကာင့္ ရပ္လိုက္ေခ်တယ္။ ထို႔ေနာက္မွာေတာ့ အေဖရီဟာ သုန္မႈန္သည့္မ်က္ႏွာေပးျဖင့္ သက္ျပင္းခ်လိုက္ေလသည္။

" သမီးရဲ့အေဖအတြက္ စိတ္မပူပါနဲ႔... သူကိုယ္တိုင္ ေပရႊမ္းကို သြားေျပာပါလိမ့္မယ္... " ၿပီးေနာက္မွာေတာ့ အေမရီက သက္ျပင္းခ်လိုက္ကာ " အေမေလ... လြန္ခဲ့တဲ့၂ရက္ေလာက္က အေမ သမီးအေပၚလုပ္ခဲ့မိတဲ့အမွားေတြကို ျမင္လာခဲ့တယ္... အခုခ်ိန္မွေနာင္တရလည္း မထူးဘူးဆိုတာ သိပါတယ္... ဘာပဲျဖစ္ျဖစ္ သမီးအခုလို က်န္းက်န္းမာမာရိွေနတာကိုပဲ ေက်နပ္လွပါၿပီ "

💙💜💙💜💙💜💙
UNICODE
{ ဖုံးကွယ်ထားသော အမုန်း - ၂ }

အမေလုသည် သူမသားရဲ့မှုန်ကုတ်ကုတ်မျက်နှာကို မြင်တဲ့အခါ
" သားရဲ့မိန်းမကို စိတ်ပူမနေနဲ့ ... ကျန်းကျန်းက ထင်ထားတာထက် ဥာဏ်ပိုကောင်းတဲ့မိန်းကလေး... မစ္စရီက ကျန်းကျန်းနဲ့ သူမနဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးရလာဖို့ အရင်က ကိစ္စတွေကို တောင်းပန်ပါတယ် မှားပါတယ်လို့ ပြောတိုင်း ကျန်းကျန်းက လွယ်လွယ်နဲ့ လက်ခံမယ်လို့ထင်လို့လား... အရူးလုပ်ခံပြီး ထပ်ယုံမယ်ထင်နေလား "

လုပေရွှမ်းဟာ အမေလုရဲ့စကားကို ငြိမ်ငြိမ်လေး နားထောင်ပြီးနောက်မှာ တင်းမာနေတဲ့မျက်နှာကို ဖြေလျော့လိုက်ကာ ခေါင်းညိမ့်ပြလိုက်လေ၏။

လက်ရှိတွင် ရီကျန်းရဲ့အခန်းထဲ၌ ရီကျန်းနှင့်အတူ ရီနှစ်ဦးတို့သာ ရှိတော့သည်။ ယခုမှသာ အဖေရီက အသက်ရှုချောင်သွားပုံရပေတယ်။

အဖေရီဟာ အခန်းတံခါးထပိတ်လိုက်ပြီးနောက် ရီကျန်းဘက်သို့ လှည့်ကာ နူးညံ့သောအသံဖြင့် " ကျန်းကျန်း အဖေတို့က သမီးရဲ့မိဘအရင်းတွေပါ... သမီး ကလေးမွေးနေတဲ့အချိန် ဘာလို့မခေါ်လိုက်တာလဲ... မစ္စလုကို ကြည့်ရတာလည်း မြေးအတော်လိုချင်နေပုံပဲ... မတော်တဆတစ်ခုခုအမှားအယွင်းဖြစ်သွားလို့ အမေအသက်နဲ့ကလေးအသက်ကို ရွေးခိုင်းရင် ဘယ်လိုလုပ်မလဲ... "

ထိုအခါ ရီကျန်းက သူမရဲ့မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း " အခုခေတ်မှာ ကလေးနဲ့အမေဆိုရင် အမေအသက်ကိုပဲ ကယ်ကြတာပါ... စိတ်မပူပါနဲ့ "

" ဟုတ်ပါပြီ...ဟုတ်ပါပြီ... အဖေက ဥပမာပြောပြတာပါ... ဟုတ်ပြီလား... သမီးရဲ့မိဘအရင်းဖြစ်တဲ့အဖေတို့ရှိနေတော့ ပိုကောင်းတာပေါ့လို့ ပြောချင်တာပါ... ပြီးတော့ ပေရွှမ်းကလည်း ကလေးမွေးပြီးမှ အဖေတို့ကို ဖုန်းဆက်တာ... "

ရီကျန်းဟာ ဘာမှမပြောဘဲ တိတ်တဆိတ်သာ ဆက်နားထောင်နေခဲ့လေတယ်...

" ကျန်းကျန်း၊ ကလေးမွေးရတာက ကိစ္စအကြီးကြီးပဲ... အခုဆိုရင် လုတွေကို သမီးဘာပဲဖြစ်ဖြစ်တောင်းဆိုလို့ရ... "
အဖေရီသည် ပြောရင်းခေတ္တရပ်လိုက်ပြီး ရီကျန်းရဲ့မျက်နှာကို အကဲခတ်လိုက်လေသည်။ ပြောသင့် မပြောသင့် ချင့်ချိန်နေပုံပင်။

" အဖေက ဘာလိုချင်တာရှိလို့လဲ "

" သမီးသိတဲ့အတိုင်း အခုနောက်ပိုင်းအဖေရဲ့ကုမ္မဏီက သိပ်အဆင်မပြေဘူး... အရင်နှစ်တွေတုန်းက အလုပ်သမား၅၀၀နဲ့တောင် အလုပ်မနည်းလုပ်ရတာ... အခုနောက်ပိုင်းက အမြတ်သိပ်မရတော့ အလုပ်သမားတော်တော်များများကို ထုတ်လိုက်ရတယ်လေ...အခုဆို အလုပ်သမားက ရာဂဏန်းလောက်တောင် မရှိတော့ဘူး...အဖေတို့က လုတွေနဲ့ အမျိုးတော်နေပေမယ့် အဖေကတော့ အဖေ့ရဲ့ကုမ္မဏီလေးကို လက်မလွှတ်ချင်ဘူးကွယ်...

အဖေလေ... သိပ်မကြာခင်တုန်းက စွန့်ဦးရင်းနှီးမြှုပ်နှံ့မှုတစ်ခု စလုပ်နေတယ်...အဲ့မှာရင်းနှီးနိုင်သလောက် အမြတ်လည်း များများစားစားပြန်ရနိုင်တယ်လေ... အဖေတို့မိသားစုအိမ်ကို ပေါင်ထားပေမယ့် ရင်းနှီးဖို့ ငွေမလောက်သေးဘူး ဖြစ်နေတယ်ကွယ်... သမီးက အဖေ့ကို ကူညီနိုင်မလား... ပေရွှမ်းကို အဖေ့ရဲ့ရင်းနှီးမြှုပ်နှံ့မှုကိစ္စလေး ပြောပြပေးပါလား "

အဖေရီသည် ရီကျန်းကိုယ်ဝန်ဆောင်ထားစဥ်တည်းက ထိုရင်းနှီးမြှုပ်နှံ့မှုကိစ္စကို ပြောနေခဲ့ခြင်ဖြစ်သည်။ အဖေရီဟာ သူမဆီသို့ ဖုန်းမကြာခဏဆက်ကာ ထိုကိစ္စကို အဖန်ဖန်ပြောနေခဲ့ခြင်းဖြစ်၏။

ရီကျန်းက ဆက်ပြီး တိတ်ဆိတ်နေခဲ့တာကြောင့် အဖေရီဟာ အံ့ကြိတ်လိုက်ပြီး စကားထပ်ဆက်ပြန်တယ်...
" ကျန်းကျန်း၊ အဖေတို့ အခုလိုလုပ်ရတာ သမီးအတွက်ပါ... လုတွေကြားမှာ သမီးမျက်နှာငယ်နေမှာ စိုးရိမ်လို့လေ... ဒီရင်းနှီးမြှုပ်နှံ့မှုက အကျိုးအမြတ်များမှာ သမီးရဲ့... အမြတ်မရတဲ့အလုပ်ကို အဖေက လုပ်ပါ့မလား... သမီးငယ်ငယ်တုန်း အဖေအလုပ်ပင်ပန်းလာတာတွေ့တိုင်း သမီးကြီးလာရင် အဖေ့ကို ကူညီမယ်လို့ပြောခဲ့ဖူးတယ်လေ... သမီးမှတ်မိတယ်မလား... "

အဖေရီရဲ့ရင်းနှီးမြှုပ်နှံ့မှုတိုင်းဟာ အကျိုးအမြတ်မရဘဲ သဲထဲရေသွန်ဖြစ်တာများပေသည်။ ဝတ္ထုထဲတွင် လင်းကျန်(ဇာတ်လိုက်)က အဖေရီကို ကူညီခဲ့တာကြောင့် ရီတို့ဟာ ပျက်စီးကိန်းမဆိုက်ခဲ့ခြင်းဖြစ်သည်။

ယခုတွင်တော့~~~

ရီကျန်းဟာ အချိန်နည်းနည်းကြာအောင် စဥ်းစားလိုက်ပြီးနောက်တွင် " သမီးက ရင်နှီးမြှုပ်နှံ့တာနဲ့ ပတ်သက်ပြီး ဘာမှနားမလည်ဘူး... တကယ်လို့ အဖေ့ရဲ့ရင်းနှီးမြှုပ်နှံ့မှုက အကျိုးအမြတ်ကောင်းကောင်းရှိနိုင်တယ်ဆိုရင် ပေရွှမ်းနဲ့ ပြောကြည့်ပါ... သူက အဲ့လိုကိစ္စတွေမှာ ပိုပြီးအမြင်ရှိတယ်လေ... တကယ်ကို အကျိုးအမြတ်ရှိတဲ့ရင်းနှီးမြှုပ်နှံ့မှုဆိုရင်တော့ ပေရွှမ်းက လက်လွှတ်မှာ မဟုတ်ပါဘူး... "

" ဒါပေမယ့်... "

အမေရီသည် အဖေရီအား တော်သင့်ပြီဟုသောမျက်စောင်းဖြင့် ကြည့်လိုက်လေ၏။ အဖေရီဟာ လက်လျော့ချင်ပုံမပေါ်သော်ငြား ရီကျန်းက စိတ်ရှုပ်လာပုံပေါ်တာကြောင့် ရပ်လိုက်ချေတယ်။ ထို့နောက်မှာတော့ အဖေရီဟာ သုန်မှုန်သည့်မျက်နှာပေးဖြင့် သက်ပြင်းချလိုက်လေသည်။

" သမီးရဲ့အဖေအတွက် စိတ်မပူပါနဲ့... သူကိုယ်တိုင် ပေရွှမ်းကို သွားပြောပါလိမ့်မယ်... " ပြီးနောက်မှာတော့ အမေရီက သက်ပြင်းချလိုက်ကာ " အမေလေ... လွန်ခဲ့တဲ့၂ရက်လောက်က အမေ သမီးအပေါ်လုပ်ခဲ့မိတဲ့အမှားတွေကို မြင်လာခဲ့တယ်... အခုချိန်မှနောင်တရလည်း မထူးဘူးဆိုတာ သိပါတယ်... ဘာပဲဖြစ်ဖြစ် သမီးအခုလို ကျန်းကျန်းမာမာရှိနေတာကိုပဲ ကျေနပ်လှပါပြီ "

💙💜💙💜💙💜💙

Continue Reading

You'll Also Like

170K 18.4K 65
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
506K 31.2K 50
"မင်းချစ်သူမောင် !!!" "အင်း....မင်းချစ်သူ~~~~~မောင် လေ" "မင္းခ်စ္သူေမာင္" "အင္း....မင္းခ်စ္သူ....ေမာင္ေလ..."
672K 75.5K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
6.6M 433K 94
Hanary Victor + Loon Tar Nay San