ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

310K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 127

3.1K 632 4
By YinLay4

ZAWGYI
{ ဖံုးကြယ္ထားေသာ အမုန္း - ၁ }

ဝတၴုထဲက ရီက်န္းသည္ သူမ အစ္မျဖစ္သူ ရီခ်င္းႏွင့္ ယွဥ္ပါက ကြဲျပားစြာ ဆက္ဆံခံခဲ့ေပတယ္။ သူမဟာ သူမဘဝရဲ့အရိပ္အျဖစ္ တစ္ခ်ိန္လံုးေနထိုင္ခဲ့ရေတာ့၏။ ေန့တိုင္း ေန့တိုင္းတြင္ လူတိုင္းက သူမရဲ့အစ္မက ဘယ္ေလာက္ေတာ္ေၾကာင္း ခ်ီးက်ူးတက္ႂကြခ်ိန္တြင္ သူမကိုေတာ့ သာမန္ရြက္ၾကမ္းေရက်ိဳဟုသာ ေတြးေနၾကၿမဲပင္။

မူလရီက်န္းသည္ ငယ္စဥ္မွအရြယ္ေရာက္သည္အထိ အစ္မရဲ့အရိပ္ေအာက္တြင္ ေနခဲ့ရရံုသာမက လူတကာရဲ့ျပစ္တင္ျခင္းကိုလည္း ခံေနခဲ့ရေပသည္။ ထိုအျခင္းအရာတို႔ေၾကာင့္ မူလရီက်န္းဟာ ဖိႏိွပ္ခံေနရလို႔ ေၾကာက္ရြံ႔ေနတတ္တဲ့မိန္းကေလးတစ္ေယာက္ျဖစ္လာခဲ့ေလသည္။

မိဘေတြရဲ့ခ်စ္ျခင္းေမတၲာကို မရရိွတဲ့ကေလးတို႔ဟာ အရြယ္ေရာက္တဲ့အခါ ကိုယ့္ကိုယ္ယံုၾကည္မႈေလ်ာ့နည္းတတ္တဲ့အျပင္ မလံုၿခံဳမႈကို အၿမဲခံစားေနရတတ္၏။

သူမဟာ သတၲိနည္းၿပီး ကူညီမဲ့ေနခဲ့ေသာ္ျငား သူမရဲ့ႏွလံုးသားထဲတြင္ အမုန္းတို႔ စုပံုလာခဲ့ေတာ့သည္။ သူမကို အျပစ္သာေျပာတတ္ေသာမိဘႏွစ္ပါးႏွင့္ အစ္မျဖစ္သူတို႔အတြက္ သူမရင္ထဲတြင္ မေကာင္းဆိုးဝါးဆန္ဆန္ အမုန္းတရားတို႔ က်န္ေနေတာ့၏။

ေနာက္ဆံုးတြင္ အစ္မျဖစ္သူရီခ်င္းက သူမ(ရီက်န္း)ခ်စ္တဲ့ေယာက်္ားႏွင့္  လိုက္ေျပးသြားခဲ့ၿပီး သူမကေတာ့ သတိေမ့ေျမာေနတဲ့ေယာက်္ားကို လက္ထပ္လိုက္ရေခ်တယ္။

ႏွစ္ေပါင္းမ်ားစြာခံစားေနရတဲ့မမ်ွတ်ွတမႈေတြေၾကာင့္ သူမခံစားေနရေသာခါးသီးတဲ့အမုန္းတို႔ႏွင့္ မနာတိုမႈတို႔ဟာ အဆိုးဝါးဆံုးအေျခအေနသို႔ ေရာက္လာခဲ့ေတာ့သည္။ ဤသို႔ျဖင့္ ျဖဴစင္ၿပီး ​အျပစ္ကင္းခဲ့ေသာယုန္ငယ္ေလးဟာ အမုန္းတရားတို႔ ျပည့္ႏွက္ေနေသာမေကာင္းဆိုးဝါးအျဖစ္ ေျပာင္းလဲသြားေတာ့တယ္။

ဝတၴုထဲတြင္ ရီက်န္းဟာ လု႔တို႔ကို အသံုးခ်ၿပီး လက္စားေခ်ရန္ ဆံုးျဖတ္ေလတယ္။ သူမဟာ နည္းလမ္းမ်ိဳးစံုသံုးကာ လုေပရႊမ္းရဲ့ကေလးကို ရေအာင္ ေမြးခဲ့ေခ်၏။ ေနာက္ဆံုးတြင္ လုေပရႊမ္းက သူမကို မုန္းေနခဲ့ရင္ေတာင္ သူမအတြက္ မစၥလုဆိုတဲ့ေနရာဟာ ေသခ်ာသြားေစရန္ ျပင္ဆင္ခဲ့ေလတယ္။

သို႔ေသာ္ လုေပရႊမ္းဟာ ရီခ်င္းကို ခ်စ္မိသြားခဲ့တာေၾကာင့္ ရီက်န္းဟာ အရူးတစ္ပိုင္းျဖစ္သြားခဲ့ေပ၏။

သူမကိုယ္တိုင္ မိခင္ေမတၲာမရရိွခဲ့ေသာရီက်န္းဟာ သူမရဲ့သားကိုလည္း မိခင္ေမတၲာ မေပးတတ္ခဲ့ေပ။ သူမရဲ့သားကို သူမလက္စားေခ်ရန္အသံုးျပဳဖို႔ ပစၥည္းတစ္ခုလို႔သာ ျမင္လာခဲ့ေလတယ္။ မူလရီက်န္းဟာ သူမသား ငယ္စဥ္ကတည္းက ေကာက္ညစ္နည္းမ်ိဳးစံုကို သင္ေပးခဲ့ေပသည္။ မူလရီက်န္းရဲ့ဖိအားေပးသင္ၾကားေပးမႈနဲ႔ လုေပရႊမ္းရဲ့အလိုလိုက္မႈတို႔ ေပါင္းမိသြားခ်ိန္မွာ သူမတို႔မိသားစုေလးဟာ အဆံုးသတ္မလွခဲ့ေတာ့ေခ်။

ဒီလိုဆိုးရြားလွတဲ့အဆံုးသတ္ကို ေတြ့ႀကံဳခဲ့ရသည့္အဓိကတရားခံဟာ ကေလးတစ္ေယာက္ ႀကီးပ်င္းလာတဲ့ပတ္ဝန္းက်င္ႏွင့္ ကေလးရဲ့မိဘကိုယ္တိုင္ပင္။

တကယ္လို႔ အေမရီကသာ ရီက်န္းကို ရီခ်င္းကို ဆက္ဆံသလို ေနြးေနြးေထြးေထြးဆက္ဆံခဲ့ပါေသာ္... ရီက်န္းကို ရီခ်င္းကို ဂရုစိုက္သလို ဂရုစိုက္ေပးခဲ့ပါေသာ္ ဒီကိစၥတို႔ ရိွလာခဲ့မည္မဟုတ္။ သို႔ေသာ္ျငား အေမရီဟာ သူမရဲ့ဂရုစိုက္မႈ၊ ေနြးေထြးမႈနဲ႔ခ်စ္ခင္မႈ အားလံုးကို ရီခ်င္းတစ္ေယာက္တည္းကိုသာ ေပးခဲ့ေလ၏။

အေမရီက ရီက်န္းကို ခက္ခက္ခဲခဲေမြးခဲ့ရတာေတာင္ ဘာေၾကာင့္မ်ားလ်စ္လ်ွူရႈခဲ့ရက္ရတာလဲ...

ရီက်န္းသည္သူမရဲ့ကေလးကို ခ်ီထားရင္း အေမရီရဲ့အမွားတို႔ဆီမွ သင္ခန္းစာယူရန္ ေတြးေနခဲ့ေလတယ္။ သူမဟာ သူမရဲ့သားအတြက္ အေကာင္းဆံုးတို႔ကိုသာ လုပ္ေပးရန္ စဥ္းစားထားေပသည္။ ရီက်န္းသည္ သူမရဲ့သားေလးကို ေပ်ာ္ရႊင္ဖြယ္မိသားစုကမ႓ာေလးတြင္သာ ႀကီးပ်င္းလာေစခ်င္၏။

မူလရီက်န္းလို ကံဆိုးမိုးေမွာင္က်မႈမ်ိဳး သူမရဲ့သားေလးကို မေရာက္ေစခ်င္ေပ...
~~~~~~~
* ဒီကေလးေလးကို သမီးရဲ့အသက္နဲ႔ရင္းၿပီးေမြးခဲ့ရတာ... သူ႔အတြက္ အေကာင္းဆံုးႀကိဳးစားေပးၿပီး အခ်စ္ေတြ အမ်ားႀကီးလည္းေပးရင္း အျပည့္အဝကာကြယ္ေပးသြား၏။ ထိခိုက္မႈ ေသးေသးေလးေတာင္ အျဖစ္မခံႏိုင္ဘူး *
အေမရီသည္ သူမသမီးငယ္ေျပာလိုက္ေသာစကားတို႔ကို ၾကားလိုက္ခ်ိန္၌ ရီက်န္းကိုသာ ၾကည့္ေနခဲ့မိေလသည္။ အေမရီဟာ ရီက်န္းခ်ီထားေသာကေလးေလးကို ၾကည့္ၿပီး
" အေမေလ...သမီး ကိုယ္ဝန္ေဆာင္ေနရတုန္းက အရင္ကကိစၥေတြကို ျပန္ေတြးေနမိတယ္... အသက္ႀကီးလို႔ အေတြးမ်ားလာတာလည္း ပါတာေပါ့... အရင္က အေမ သမီးအေပၚ  မွားခဲ့တာေတြ မမ်ွတ်ွတခဲ့တာေတြ ရိွခဲ့ပါတယ္... ကံမေကာင္းတာက အဲ့အျပစ္ေတြကို အခုမျွမင္လာခဲ့မိတာပဲ "

အေမရီဟာ ရီက်န္းႏွင့္ ေကာင္းမြန္တဲ့ဆက္ဆံေရး ရိွခ်င္ေနပံုပင္။

အေမလုသည္လည္းပဲ အေမရီက သမီးအႀကီးအေပၚသာ အကဲပိုတတ္ျခင္းကို သေဘာမက်ေခ်။ သို႔ရာတြင္ အခုလိုမ်ိဳး အေမရီက ရီက်န္းကို ဂရုစိုက္စျပဳလာသည္ကိုေတာ့ သေဘာက်မိေပ၏။

" က်န္းက်န္း၊ ကေလးရဲ့ေက်ာမွာ အဖုေလးေတြ ေတြ့တယ္... အေမက ဆရာဝန္ကို သြားျပေပးမယ္... အေမ့ကို ကေလးေပးလိုက္ေနာ္ "

ရီက်န္းသည္  သူမမိဘေတြနဲ႔စကားေျပာလို႔ရေအာင္ အေမလုက ေရွာင္ေပးသည္ကို သေဘာေပါက္တာေၾကာင့္ ကေလးကို အေမလုဆီ ေပးလိုက္ေခ်တယ္။

ထိုအခါအေမလုသည္ လက္တစ္ဖက္ျဖင့္ ကေလးကိုခ်ီကာ ေနာက္လက္တစ္ဖက္နဲ႔ သူမရဲ့သား လုေပရႊမ္းကို ဆြဲေခၚသြားကာ အခန္းထဲမွ ထြက္သြားခဲ့ေလတယ္...
💜💜💜💜💜💜💜
UNICODE
{ ဖုံးကွယ်ထားသော အမုန်း - ၁ }

ဝတ္ထုထဲက ရီကျန်းသည် သူမ အစ်မဖြစ်သူ ရီချင်းနှင့် ယှဥ်ပါက ကွဲပြားစွာ ဆက်ဆံခံခဲ့ပေတယ်။ သူမဟာ သူမဘဝရဲ့အရိပ်အဖြစ် တစ်ချိန်လုံးနေထိုင်ခဲ့ရတော့၏။ နေ့တိုင်း နေ့တိုင်းတွင် လူတိုင်းက သူမရဲ့အစ်မက ဘယ်လောက်တော်ကြောင်း ချီးကျူးတက်ကြွချိန်တွင် သူမကိုတော့ သာမန်ရွက်ကြမ်းရေကျိုဟုသာ တွေးနေကြမြဲပင်။

မူလရီကျန်းသည် ငယ်စဥ်မှအရွယ်ရောက်သည်အထိ အစ်မရဲ့အရိပ်အောက်တွင် နေခဲ့ရရုံသာမက လူတကာရဲ့ပြစ်တင်ခြင်းကိုလည်း ခံနေခဲ့ရပေသည်။ ထိုအခြင်းအရာတို့ကြောင့် မူလရီကျန်းဟာ ဖိနှိပ်ခံနေရလို့ ကြောက်ရွံ့နေတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်လာခဲ့လေသည်။

မိဘတွေရဲ့ချစ်ခြင်းမေတ္တာကို မရရှိတဲ့ကလေးတို့ဟာ အရွယ်ရောက်တဲ့အခါ ကိုယ့်ကိုယ်ယုံကြည်မှုလျော့နည်းတတ်တဲ့အပြင် မလုံခြုံမှုကို အမြဲခံစားနေရတတ်၏။

သူမဟာ သတ္တိနည်းပြီး ကူညီမဲ့နေခဲ့သော်ငြား သူမရဲ့နှလုံးသားထဲတွင် အမုန်းတို့ စုပုံလာခဲ့တော့သည်။ သူမကို အပြစ်သာပြောတတ်သောမိဘနှစ်ပါးနှင့် အစ်မဖြစ်သူတို့အတွက် သူမရင်ထဲတွင် မကောင်းဆိုးဝါးဆန်ဆန် အမုန်းတရားတို့ ကျန်နေတော့၏။

နောက်ဆုံးတွင် အစ်မဖြစ်သူရီချင်းက သူမ(ရီကျန်း)ချစ်တဲ့ယောကျ်ားနှင့်  လိုက်ပြေးသွားခဲ့ပြီး သူမကတော့ သတိမေ့မြောနေတဲ့ယောကျ်ားကို လက်ထပ်လိုက်ရချေတယ်။

နှစ်ပေါင်းများစွာခံစားနေရတဲ့မမျှတျှတမှုတွေကြောင့် သူမခံစားနေရသောခါးသီးတဲ့အမုန်းတို့နှင့် မနာတိုမှုတို့ဟာ အဆိုးဝါးဆုံးအခြေအနေသို့ ရောက်လာခဲ့တော့သည်။ ဤသို့ဖြင့် ဖြူစင်ပြီး ​အပြစ်ကင်းခဲ့သောယုန်ငယ်လေးဟာ အမုန်းတရားတို့ ပြည့်နှက်နေသောမကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတော့တယ်။

ဝတ္ထုထဲတွင် ရီကျန်းဟာ လု့တို့ကို အသုံးချပြီး လက်စားချေရန် ဆုံးဖြတ်လေတယ်။ သူမဟာ နည်းလမ်းမျိုးစုံသုံးကာ လုပေရွှမ်းရဲ့ကလေးကို ရအောင် မွေးခဲ့ချေ၏။ နောက်ဆုံးတွင် လုပေရွှမ်းက သူမကို မုန်းနေခဲ့ရင်တောင် သူမအတွက် မစ္စလုဆိုတဲ့နေရာဟာ သေချာသွားစေရန် ပြင်ဆင်ခဲ့လေတယ်။

သို့သော် လုပေရွှမ်းဟာ ရီချင်းကို ချစ်မိသွားခဲ့တာကြောင့် ရီကျန်းဟာ အရူးတစ်ပိုင်းဖြစ်သွားခဲ့ပေ၏။

သူမကိုယ်တိုင် မိခင်မေတ္တာမရရှိခဲ့သောရီကျန်းဟာ သူမရဲ့သားကိုလည်း မိခင်မေတ္တာ မပေးတတ်ခဲ့ပေ။ သူမရဲ့သားကို သူမလက်စားချေရန်အသုံးပြုဖို့ ပစ္စည်းတစ်ခုလို့သာ မြင်လာခဲ့လေတယ်။ မူလရီကျန်းဟာ သူမသား ငယ်စဥ်ကတည်းက ကောက်ညစ်နည်းမျိုးစုံကို သင်ပေးခဲ့ပေသည်။ မူလရီကျန်းရဲ့ဖိအားပေးသင်ကြားပေးမှုနဲ့ လုပေရွှမ်းရဲ့အလိုလိုက်မှုတို့ ပေါင်းမိသွားချိန်မှာ သူမတို့မိသားစုလေးဟာ အဆုံးသတ်မလှခဲ့တော့ချေ။

ဒီလိုဆိုးရွားလှတဲ့အဆုံးသတ်ကို တွေ့ကြုံခဲ့ရသည့်အဓိကတရားခံဟာ ကလေးတစ်ယောက် ကြီးပျင်းလာတဲ့ပတ်ဝန်းကျင်နှင့် ကလေးရဲ့မိဘကိုယ်တိုင်ပင်။

တကယ်လို့ အမေရီကသာ ရီကျန်းကို ရီချင်းကို ဆက်ဆံသလို နွေးနွေးထွေးထွေးဆက်ဆံခဲ့ပါသော်... ရီကျန်းကို ရီချင်းကို ဂရုစိုက်သလို ဂရုစိုက်ပေးခဲ့ပါသော် ဒီကိစ္စတို့ ရှိလာခဲ့မည်မဟုတ်။ သို့သော်ငြား အမေရီဟာ သူမရဲ့ဂရုစိုက်မှု၊ နွေးထွေးမှုနဲ့ချစ်ခင်မှု အားလုံးကို ရီချင်းတစ်ယောက်တည်းကိုသာ ပေးခဲ့လေ၏။

အမေရီက ရီကျန်းကို ခက်ခက်ခဲခဲမွေးခဲ့ရတာတောင် ဘာကြောင့်များလျစ်လျှူရှုခဲ့ရက်ရတာလဲ...

ရီကျန်းသည်သူမရဲ့ကလေးကို ချီထားရင်း အမေရီရဲ့အမှားတို့ဆီမှ သင်ခန်းစာယူရန် တွေးနေခဲ့လေတယ်။ သူမဟာ သူမရဲ့သားအတွက် အကောင်းဆုံးတို့ကိုသာ လုပ်ပေးရန် စဥ်းစားထားပေသည်။ ရီကျန်းသည် သူမရဲ့သားလေးကို ပျော်ရွှင်ဖွယ်မိသားစုကမ္ဘာလေးတွင်သာ ကြီးပျင်းလာစေချင်၏။

မူလရီကျန်းလို ကံဆိုးမိုးမှောင်ကျမှုမျိုး သူမရဲ့သားလေးကို မရောက်စေချင်ပေ...
~~~~~~~
* ဒီကလေးလေးကို သမီးရဲ့အသက်နဲ့ရင်းပြီးမွေးခဲ့ရတာ... သူ့အတွက် အကောင်းဆုံးကြိုးစားပေးပြီး အချစ်တွေ အများကြီးလည်းပေးရင်း အပြည့်အဝကာကွယ်ပေးသွား၏။ ထိခိုက်မှု သေးသေးလေးတောင် အဖြစ်မခံနိုင်ဘူး *
အမေရီသည် သူမသမီးငယ်ပြောလိုက်သောစကားတို့ကို ကြားလိုက်ချိန်၌ ရီကျန်းကိုသာ ကြည့်နေခဲ့မိလေသည်။ အမေရီဟာ ရီကျန်းချီထားသောကလေးလေးကို ကြည့်ပြီး
" အမေလေ...သမီး ကိုယ်ဝန်ဆောင်နေရတုန်းက အရင်ကကိစ္စတွေကို ပြန်တွေးနေမိတယ်... အသက်ကြီးလို့ အတွေးများလာတာလည်း ပါတာပေါ့... အရင်က အမေ သမီးအပေါ်  မှားခဲ့တာတွေ မမျှတျှတခဲ့တာတွေ ရှိခဲ့ပါတယ်... ကံမကောင်းတာက အဲ့အပြစ်တွေကို အခုမှမြင်လာခဲ့မိတာပဲ "

အမေရီဟာ ရီကျန်းနှင့် ကောင်းမွန်တဲ့ဆက်ဆံရေး ရှိချင်နေပုံပင်။

အမေလုသည်လည်းပဲ အမေရီက သမီးအကြီးအပေါ်သာ အကဲပိုတတ်ခြင်းကို သဘောမကျချေ။ သို့ရာတွင် အခုလိုမျိုး အမေရီက ရီကျန်းကို ဂရုစိုက်စပြုလာသည်ကိုတော့ သဘောကျမိပေ၏။

" ကျန်းကျန်း၊ ကလေးရဲ့ကျောမှာ အဖုလေးတွေ တွေ့တယ်... အမေက ဆရာဝန်ကို သွားပြပေးမယ်... အမေ့ကို ကလေးပေးလိုက်နော် "

ရီကျန်းသည်  သူမမိဘတွေနဲ့စကားပြောလို့ရအောင် အမေလုက ရှောင်ပေးသည်ကို သဘောပေါက်တာကြောင့် ကလေးကို အမေလုဆီ ပေးလိုက်ချေတယ်။

ထိုအခါအမေလုသည် လက်တစ်ဖက်ဖြင့် ကလေးကိုချီကာ နောက်လက်တစ်ဖက်နဲ့ သူမရဲ့သား လုပေရွှမ်းကို ဆွဲခေါ်သွားကာ အခန်းထဲမှ ထွက်သွားခဲ့လေတယ်...
💜💜💜💜💜💜💜

Continue Reading

You'll Also Like

794K 66K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
1.9M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
244K 26.6K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
30K 5.8K 98
Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Update schedule - Daily Start Da...