Unicode
"Ring…"
" ဒီ case က အတော်လေးထူးခြားတယ်။ သေချာပြန်ကြည့်ထားကြနော်။ "
ပရော်ဖက်ဆာက သူ့စာအုပ်တွေကိုသိမ်းပြီး စာသင်ခန်းထဲကနေ ထွက်သွားပြီဖြစ်သည်။
သူတို့တွေလည်း ပရော်ဖက်ဆာစကားကိုကြားတာနဲ့ အပြေးအလွှား သူတို့စာအုပ်တွေကို လှန်လှောကြည့်ကြရသည်။ အချိန်ခဏလောက်ရှာဖွေအပြီးမှာတော့ သူ့တို့တွေဘေးက အတန်းဖော်တွေအချင်းချင်း ခေါင်းချင်းဆိုင်ကာ နားကြည်းခါးသီးနေကြသောအမူအရာတွေနှင့် ဆွေးနွေးကြလေသည်။
" ဆိုးရွားလိုက်တာကွာ။ အဲ့လို case မျိုးစာအုပ်ထဲမှာလည်းမရှိဘဲနဲ့။ ငါသေချာမကြားလိုက်ရတာများ။ သူ ဘယ်ဆေးအကြောင်းကို ပြောသွားတာလဲ။ "
" ငါကို လာမမေးနဲ့ လွီနင်ကတော့ အာရုံစိုက်ပြီးနားထောင်နေတာ ... မှတ်စုတွေတောင်ယူလိုက်သေးတယ်။ ဟေ့... လွီနင်... ခုနက ဆရာပြောသွားတာ ဘယ်ဆေးအကြောင်းလဲ။ "
တံခါးပေါက်နားတောင်ရောက်နေပြီးဖြစ်နေပြီးဖြစ်သော လူတစ်ယောက်က ဖုန်းပြောတာကိုရပ်ပြီး သူတို့ဘက်သို့ ပြန်လှည့်ကြည့်လာပြီး ခပ်ဖွဖွ ပြုံးပြကာ ဆိုလာသည်။
" ချီဖုရေ...ခဏနော် "
" ဘာဖြစ်လို့လဲ "
ဖုန်းထဲက စီနီယာ၏အသံက ထွက်ပေါ်လာသည်။
" ဘာမှမဟုတ်ဘူး... ဆက်ပါဦး... ကလေးက ဘာဖြစ်တာ ။ "
လွီနင် သူ့စာအုပ်တွေကိုပိုက်လျှက် စာသင်ခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။
အခန်းအပြင်ဘက်က နေရောင်ခြည်က တောက်ပလျှက်ရှိပြီး အတန်းပြီးတာကြောင့် ကန်တင်းဆိုင်သွားတဲ့ကျောင်းသားတွေ၊ အဆောင်ပြန်ကြတဲ့ ကျောင်းသားတွေနှင့် ရှုပ်ယှက်ခက်နေ၏။ သူတို့တွေထဲကတစ်ယောက်က လွီနင်ကို ဝင်တိုက်မိသွားလေသည်။ ထိုကျောင်းသားက လွီနင်ကိုလှည့်ကြည့်လာပြီး တောင်းပန်စကားဆိုသည်။
" ကျွန်တော်တောင်းပန်ပါတယ်... ဆရာ "
" ရပါတယ် "
လွီနင်ပြုံးကာ ပြန်ဖြေလိုက်သည်။
ကျောင်းသားတွေကြားမှာ ရောနှောနေသည့်လွီနင်ဟာ သူတို့တွေထက် အသက်ပိုကြီးမနေပါ။ သူပုံစံက အသက်ကြီးပုံမပေါ်ပေမယ့် ကျောင်းသားတစ်ယောက်ပုံစံနှင့် လုံးဝကို ကွဲပြားနေလေသည်။
"… အဲ့ဒီကလေးစုတ်လေးက နေ့တိုင်း အိပ်ရာပေါ် သေးပေါက်ချတယ်လေ။ သူ့အမေနဲ့ ငါနဲ့ဆို နေ့တိုင်းသူ့သေးခံကို လဲပေးနေရတာ။ တအားဆိုးတာပါဆိုနေ "
စီနီယာ၏အသံက မကျေမနပ်ဖြစ်နေပုံပေါ်သော်လည်း အသံမှာ ပျော်ရွှင်မှုနှင့် ဂုဏ်ယူမှုတွေဖြင့် ပြည့်နေသည်။ တစ်ဖက်သားကို မနာလိုလွန်းလို့ ဖုန်းတောင်ချပစ်ချင်လာသည်အထိပင်။
" ငါ ထပ်မပြောတော့ပါဘူး... ဟား ဟား... မင်းပြန်လာတာကိုစောင့်နေပြီးမှပဲ ဆက်ပြောကြတာပေါ့။ "
" ကျွန်တော် လပြည့်ဝိုင်မသောက်ရသေးဘူး ။ ဒါပေမယ့် နည်းနည်းလေး အသက်ကြီးလာရင်တော့ သောက်ရတော့မှာပါ။"
( full moon wine က မဂ်လာဆောင်ရင်သောက်ရတာလား ကလေးတစ်လပြည့်သောက်ရတာလား ကိုယ်လည်းသေချာမသိဘူး။ )
" ဟုတ်ပါပြီ... မင်းတောင် အသက်တစ်နှစ်ပိုကြီးလာပြီနော်။ "
စီနီယာက သက်ပြင်းချရင်း မေးလာသည်။
" အဲ့ဒီမှာနေရတာ ဘယ်လိုနေလဲ။ မင်းသဘောကျတဲ့တစ်ယောက်ယောက်ရော ရှိနေပြီလား။ "
လွီနင် ကန်တင်းဆီသို့လျှောက်သွားပြီး လူတန်းကြီးအနောက်မှာ ရပ်နေလိုက်သည်။
" ငါ မင်းကိုပြောရဦးမယ်။ မင်း အသက်လည်းကြီးနေပြီနော်။ မင်းအရွယ်လောက်က ငါဆို လက်ထပ်ပြီးလို့ နှစ်နှစ်တောင်ရှိနေပြီ။ ဘာလို့ လက်မထပ်သေးတာလဲ။ လျိုကျင်းတောင် ကောင်လေးအသစ်ရနေပြီ။ "
လွီနင် သူ့ကဒ်ကိုထုတ်ဖို့ ဖုန်းကိုလက်ပြောင်းလိုက်သည်။
" ကျွန်တော့်ကို ထမင်းကြော်တစ်ပွဲပေးပါ။ "
" လျိုကျင်က အခုရည်းစားရသွားပြီလား။ "
" ကောင်လေးက ရိုးရိုးလေးကွ။ "
စီနီယာက နောင်တအပြည့်နှင့် ဆိုသည်။
" ငါတော့ မင်းတို့နှစ်ယောက်က ပိုလိုက်တယ်လို့ထင်တာပဲ။ မင်းတို့နှစ်ယောက် လမ်းမခွဲခဲ့သင့်ဘူး။ ဘာလို့များ သူ့လို မိန်းမကောင်းလေးကို လမ်းခွဲနိုင်ရတာလဲ။ "
" ဒါတွေအားလုံးက အတိတ်ကဟာတွေပါ "
" ဟီး ... ငါတောင်းပန်ပါတယ်ကွာ။ ဒါပေမယ့် မင်းလုပ်ရပ်အတွက် လုံးဝနောင်တမရဘူးလား။ "
စီနီယာက စိတ်ဆိုးသလို ပြောလာသည်။
" ဒီမှာ... အစ်ကို မှာထားတဲ့ ထမင်းကြော်ပါ "
လွီနင် ထမင်းကြော်ပန်းကန်ကိုယူဖို့ လက်လှမ်းလိုက်ချိန်မှာ သူ့အင်္ကျီလက်ကို ခေါက်ထားတဲ့နေရာက ကျဥ်သွားတာကြောင့် အင်္ကျီလက်ကို တံတောင်ဆစ်အထိ ဆွဲတင်လိုက်သည်။ ထို့နောက်မှ ပန်းကန်ကိုယူလိုက်လေသည်။
" နောင်တရစရာ တစ်ခုမှ မရှိပါဘူး။ "
လျိုကျင်း ရည်စားအသစ်ရသွားပြီဆိုတာ သိလိုက်ရချိန်မှာပဲ လွီနင် စိတ်ထဲသက်သာရာရသွားသည်။ တစ်နှစ်ကျော်လောက် လျိုကျင်းကို ဖုန်းတောင်မဆက်ဘဲ အဆက်အသွယ်ဖြတ်ထားခဲ့သည်။ သူတို့ရဲ့ relationship ကို ရှင်းရှင်းလင်းလင်း အေးဆေးစွာပဲ ဖြတ်တောက်ပစ်ချင်ခဲ့ကာ သူမကို လက်လျှော့သွားစေချင်ရုံသာ။
လွီနင် သူ့ဖုန်းနံပါတ်ကိုပြောင်းလိုက်ပြီးချိန်ကတည်းက သူ့နှင့်ခင်မင်ရင်းနှီးခဲ့သည့် လူတွေအားလုံးနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။ စီနီယာတောင်မှ သူ့သားလေးကို တခြားလုပ်ဖော်ကိုင်ဖက်တွေကိုပြရင်းနှင့်မှ လွီနင့်အကြောင်းကို စကားဆက်မိပြီး သူ့ဖုန်းနံပါတ်ကို မမျှော်လင့်ပဲ ရသွားခဲ့တာပင်။
" ဒါနဲ့ မင်းညီနဲ့ရော အဆက်အသွယ်ရှိသေးတယ်မလား။ "
"…"
တူကိုယူဖို့ပြင်နေသည့် သူလက်က လေထဲမှာပဲ ရပ်တန့်သွား၏။ ထို့နောက် ဘာမှမဖြစ်သလို ဘူးထဲက တူတစ်စုံကိုယူကာ ထိုင်ခုံတစ်လုံးကို ရှာလိုက်လေသည်။
" မင်းညီက နိုင်ငံခြားမှာ အလုပ်ရသွားတယ်လို့ပြောတယ်။ အခု အလုပ်သွားလုပ်နေလောက်ပြီနော့် "
" ကျွန်တော် သေချာမမေးမိဘူး။ "
လွီနင် ခေါင်းကိုငုံ့ကာ သူ့လက်ကိုကြည့်လိုက်သည်။ သူ့လက်ပေါ်ရှိ ဒဏ်ရာက အချိန်အတော်ကြာကတည်းက ပျောက်သွားပြီဖြစ်ကာ အနာရွတ်တစ်စတောင် မမြင်ရတော့။
အခုတော့ သူ့လက်တစ်စုံကို ပြန်ကြည့်မိလိုက်ချိန်မှာ ဘယ်လိုကုသမှုခံယူခဲ့ရသလဲဆိုတာတောင် သေချာမမှတ်မိတော့။
သူ့လက်တွေတင်မက သူ့ဆီမှာကျန်ရစ်ခဲ့သည့် အမှတ်တရတွေကလည်း အချိန်တွေကြာလာတာနှင့်အမျှ မှေးမှိန်လာခဲ့လေပြီ။
သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလိုပဲ။
စာလေ့လာရတာက အရင်ကျောင်းတက်စဥ်ကထက် ပိုပြီးလွယ်ကူတယ်။ တစ်ပတ်မှာ အတန်းချိန်ကလည်း နည်းနည်းလေးရှိပြီး ဆေးရုံကလည်း လစဥ်ထောက်ပံ့ကြေးပေးသေးသည်။ သူတို့က ကျောင်းသားအဆောင်မှာနေရပြီး ပတ်ဝန်းကျင်ကလည်း အတော်လေးသန့်သည်။
ဒီလိုလွတ်လပ်တဲ့ဘဝကို ရရှိပြီးနောက်မှာ အရင်ကကြုံတွေ့ခဲ့ရတာတွေက အိပ်မက်ဆိုးကြီးလိုပဲ။ တစ်ခါတစ်လိုဆို သူခံစားခဲ့ရတာတွေကို ပြန်တွေးမိတိုင်း လက်တွေ့မကျတဲ့ ထင်ယောင်ထင်မှားဖြစ်ရပ်တွေအတိုင်းပဲ။
**********
သူနှင့်အတူပေါင်းသည့် အတန်းဖော်အများစုက ပေါ့ပေါ့ပါးပါးနေရတာကို ကြိုက်ကြသူတွေများသည်။ လဆန်းပိုင်းမှာ သူတို့က လွီနင်အတွက် ငွေစိုက်ပေးပြီး ပါတီတစ်ပွဲကို ခေါ်သွားခဲ့ကြသေးသည်။
စားသောက်ဆိုင်မှာ ယောကျာ်းတွေရော မိန်းမတွေပါ လူတွေအများကြီးရှိနေမယ်ဆိုတာ လွီနင်မသိခဲ့ဘူး။
အထူးသဖြင့် မိန်းကလေးတွေပေါ့။
" သူက single ကောင်လေးမရှိဘူး။ "
အတန်းဖော်က လွီနင်အနောက်မှာထိုင်နေသည့် ကောင်မလေးကို လက်ညှိုးထိုးပြကာ လွီနင်ကိုပြောသည်။
" ငါ စုံစမ်းထားပြီးသား ... မင်းရော ဘယ်လိုထင်လဲ။ "
" တော်တော်လေးကိုလှတယ်။ ဒါပေမယ့် မင်းမှာ ကောင်မလေးရှိပြီးသား မဟုတ်ဘူးလား။ "
" ငါက ငါ့အတွက်လုပ်နေတာမဟုတ်ဘူး ... လျိုကျင်းက ရည်စားရသွားပြီး မင်းကိုပလစ်လိုက်ပြီလို့ကြားတယ်။ "
အတန်းဖော်အများစုက အိမ်ထောင်သည်တွေဖြစ်ရင်ဖြစ် မဟုတ်ရင် ရည်စားရှိပြီးသားတွေပင်။ လျိုကျင်း၏ စေ့စပ်သတင်းကိုကြားပြီးတာနဲ့ သူတို့က လွီနင်ကို ကောင်မလေးတွေအများကြီးနှင့် မိတ်ဆက်ပေးပြီး သူ့အတွက် ရည်းစားတစ်ယောက်ရှာပေးဖို့ အသည်းအသန် ကြိုးပမ်းကြတော့သည်။
" လွီနင် ဒီကိုလာပါဦး။ သူက မင်းတို့ကျောင်းကနေပဲ ဘွဲ့ရလာတာတဲ့။ နှစ်ယောက်လုံးကျောင်းသားဟောင်းတွေဆိုတော့ အဆင်ပြေတာပေါ့။ "
" လွီနင် သူက မင်းရဲ့ မွေးရပ်မြို့ကတဲ့။ "
ဒီလို blind date တွေက လွီနင်ကို လန့်တောင်လာစေသည်။
ကောင်မလေးက မေးလေသည်။
" သူဌေး ပီကေရှိလား။"
" ပီကေလား။ မရှိဘူး "
" ကျွန်တော်သွားဝယ်ပေးပါ့မယ်။ "
လွီနင် ထရပ်လိုက်သည်။
" ဟေ့ မင်းတို့နှစ်ယောက် အတူတူသွားကြလေ။ "
လွီနင့် သူငယ်ချင်းတွေက ကောင်မလေးကိုပါ အပါတွန်းပို့ကြလေသည်။
အနီးဆုံးစူပါမားကတ်က အဆောင်နားမှရှိသည်။ ကောင်မလေးက သူလည်းဝယ်စရာရှိတယ်လို့ပြောပြီး လွီနင်နှင့်လိုက်လာခဲ့သည်။ လွီနင်ကတော့ အကြောင်းပြချက်တစ်ခုရှာကာ ပြန်ထွက်လာပြီးနောက် ဆိုင်ထဲမှာရပ်ရင်း စောင့်နေလိုက်သည်။
ကောင်တာနားက စင်ပေါ်မှာ မဂ္ဂဇင်းစာအုပ်အနည်းငယ်ရှိတာကြောင့် လွီနင်တစ်အုပ်ကိုကောက်ယူကာ လှန်လှောကြည့်ရင်း အချိန်ဖြုန်းနေလိုက်သည်။
"တီ…"
သူအိတ်ကပ်ထဲက ဖုန်းကမြည်လာသည်။ လွီနင်က မဂ္ဂဇင်းဖတ်နေတာကြောင့် နံပါတ်ကိုမကြည့်ဘဲ တန်းကိုင်လိုက်သည်။
" ဟယ်လို "
"…"
" ဟယ်လို "
"…"
တစ်ဖက်က အသံတိတ်နေ၏။ လွီနင် မဂ္ဂဇင်းကိုပြန်ချကာ မရည်ရွယ်ဘဲ ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်သည်။
" ဟယ်လို... ဘယ်သူလဲ။."
" ကိုကို... ကျွန်တော်ပါ "
"…"
" ကျွန်တော် စီနီယာဆီကနေ ကိုကို့ဖုန်းနံပါတ်တောင်းလိုက်တာ။ "
" အင်း …"
လွီနင် အပြင်ဘက်ကိုစိုက်ကြည့်ရင်း ခြောက်ကပ်စွာ ပြုံးလိုက်မိသည်။
" ဝေ့...ဝေ့ဒါ...မတွေ့တာကြာပြီနော်။ "
" ကိုကို... ဒီတစ်လော အဆင်ပြေရဲ့လား။ "
" အဆင်ပြေပါတယ် .. မင်းရော "
" ကျွန်တော်လည်း အဆင်ပြေပါတယ် "
"…"
"…"
" အလုပ်အကိုင်လည်း ကောင်းတယ်မလား။."
" အင်း "
ဖုန်းတစ်ဖက်ကလူက ခဏလောက် အသံတိတ်သွားပြီးမှ
" ကျွန်တော် အဲ့ဒီမိန်းမကိုလည်း မူးယစ်ဆေးဖြတ်တဲ့ ဆေးရုံကိုပို့လိုက်ပြီ။ "
လွီနင်လည်း ခေတ္တခန တိတ်ဆိတ်သွားရသည်။
" ဟုတ်လား "
"…"
"…"
သူတို့နှစ်ယောက်လုံး ဘာဆက်ပြောရမှန်း မသိကြတော့။ လွီနင် ပြတင်းပေါက်အပြင်ကိုသာ မှင်သက်စွာ ငေးကြည့်ရင်း သူ့စိတ်တွေကတော့ အတိတ်ကခြေရာတွေနောက်ကိုသာ လိုက်နေမိသလိုပင်။ သူ့အနောက်ဘက်က တစ်ယောက်ယောက်ရဲ့ ဖုန်းသံကို ကြားလိုက်ရ၏။
" ပြီးပါပြီ "
ပစ္စည်းတွေအပြည့်နှင့် စျေးဝယ်ခြင်းကိုကိုင်ကာ ကောင်မလေးက ထွက်လာသည်။
" ကျွန်မကို ခဏလောက်ထပ်စောင့်ပေးပါဦးနော်။ ငွေရှင်းပြီးရင် ပြီးပါပြီ။ "
" အင်း "
လွီနင် ဘေးနားကစင်ကိုမှီလျှက် သူမဘက်ကိုလှမ်းကြည့်ရင်း ဖြေလိုက်သည်။
ဖုန်းရဲ့ တခြားတစ်ဖက်လူကလည်း ဘာတစ်ခွန်းမှဆိုမလာပေ။
" ရပြီ သွားကြမယ် "
ကောင်မလေးက ပလပ်စတစ်အိတ်တွေဆွဲလျှက် ပြန်ထွက်လာခဲ့သည်။
" ကိုယ် ကူသယ်ပေးမယ်။ "
လွီနင်က သူမလက်ထဲက အိတ်တွေကို လက်လွှဲယူလိုက်၏။ ကောင်မလေးက သူ့ကိုပြုံးပြလာလေသည်။
" မလိုပါဘူး။ ကျွန်မဖုန်းလာထားတာပဲ။ အို... ကိုးနာရီတောင်ခွဲနေပြီ။ ညပိုင်းအချိန်ပိုရှိသေးတယ်။ "
" ကိုကို "
ဖုန်းထဲကနေ သည်းခံချုပ်တည်းထားရသည့် အသံတစ်ခုက ထွက်လာခဲ့သည်။
" ကိုကို … ပြန်လာတော့မှာလား။ "
"…"
လွီနင် ပြန်မဖြေခဲ့ပေ။ သူဖုန်းကိုပိတ်လိုက်ပြီး ကောင်မလေးနှင့်အတူသာ စူပါမားကတ်ထဲက ထွက်လာခဲ့လိုက်သည်။
သူတို့ဆိုင်ထဲကထွက်လာတော့ လွီနင်အဆောင်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
အပြင်ဘက်မှာ လေအေးတွေတိုက်နေပြီး သူအရက်နည်းနည်းလည်း သောက်ထားမိသေးသည်။ အရက်ရှိန်က တဖြည်းဖြည်း ထိုးတက်လာလေ၏။
ညပိုင်းအပြင်ထွက်လည်ကြတဲ့ ကျောင်းသူတစ်စုက ပြန်လာကြပြီး စကားပြောကြ ရယ်မောကြနှင့် ဆူညံနေလေသည်။ သူတို့၏ ကျောပြင်တွေက လွီနင်မျက်လုံးထဲမှာ ဝေဝါးလာပြီး သူအမြင်အာရုံတွေက မရှင်းလင်းတော့။
တစ်ချို့က အဆောင်ထဲကိုဝင်သွားကြပြီး တစ်ချို့က အပြင်ပြန်ထွက်လာကြသည်။ အဆောင်နှင့်မနီးမဝေးမှာ ရပ်နေသည့် လွီနင်ကတော့ ဖုန်းတစ်လုံးကိုကိုင်လျှက် အချိန်ကြာမြင့်စွာ ကြောင်ကြည့်နေလေသည်။
လွီနင်သူ့လက်ထဲကအိတ်ကို တင်းတင်းဆုပ်ကိုင်လိုက်တာကြောင့် ပလတ်စတစ်အိတ်က ဂျိုးဂျိုးဂျွတ်ဂျွတ်အသံတွေ မြည်သွားသည်။
" ဘာဖြစ်လို့လဲ။ "
ကောင်မလေးက မေး၏။
" အစ်ကို့လက်နာလို့လား။ "
" ရပါတယ်။ "
အပြင်ပိုင်းသူ့ပုံစံက တည်ငြိမ်လာပေမယ့် နှလုံးသားထဲမှာ အရိုးစွဲနေသည့် နာကျင်မှုတွေကတော့ ကျန်ရှိနေဆဲပဲ။ သူ အရာအာလုံးကို မေ့နိုင်ပြီလို့ထင်ခဲ့မိပေမယ့် ဒီတခဏလေးမှာပဲ သူ့ကိုယ်မှာစွဲကပ်နေတဲ့ဒဏ်ရာတွေက ရုတ်တရက်ပြန်ပေါ်ထွက်လာခဲ့သည်။
လွီနင် အဆောင်ထဲကိုမဝင်တော့ဘဲ အိတ်တွေကို ကောင်မလေးလက်ထဲကိုထိုးပေးပြီး နှုတ်ဆက်စကားတောင် မဆိုနိုင်တော့ဘဲ လှည့်ထွက်လာခဲ့လိုက်သည်။
သူထပ်ပြီး နာကျင်ရမှာကို ကြောက်နေပြီ။ ဒါကြောင့်မလို့ ဘယ်သူတစ်ဦးတစ်ယောက်နှင့်မှ မနီးစပ်ရဲတော့ဘဲ သတိကြီးကြီးထားကာ ရှောင်ရှားနေမိခဲ့တာပင်။
သူ့ခြေလှမ်းတွေက နာကျင်မှုတွေနှင့်ဝေးရာကို လျှောက်လှမ်းမိနေပေမယ့်လည်း အထီးကျန်မှုရှိရာဆီသို့ တစ်လှမ်းပြီး တစ်လှမ်းနီးကပ်လာခဲ့ချေပြီ။
နွေရာသီကုန်ဆုံးသွားပြီးဖြစ်တာကြောင့် အဆောင်ရှေ့မှာ ညှိုးနွမ်းနေသည့် အဝါရောင်သစ်ရွက်တွေနှင့် ပြည့်နေသည်။
သစ်ရွက်တွေအပေါ်က ရေစက်လေးတွေဟာ အငွေ့ပျံသွားခဲ့လေပြီ။ ထိုသစ်ရွက်လေးတွေအပေါ်ကို ခြေလှမ်းမိလိုက်နှင့် သူတို့လေးတွေက တိတ်တဆိတ် ကွဲအက်ကြေမွှသွားကြလေတော့သည်။
--------------------------------------------------------------------------------------
Zawgyi
"Ring…"
" ဒီ case က အေတာ္ေလးထူးျခားတယ္။ ေသခ်ာျပန္ၾကည့္ထားၾကေနာ္။ "
ပေရာ္ဖက္ဆာက သူ႕စာအုပ္ေတြကိုသိမ္းၿပီး စာသင္ခန္းထဲကေန ထြက္သြားၿပီျဖစ္သည္။
သူတို႔ေတြလည္း ပေရာ္ဖက္ဆာစကားကိုၾကားတာနဲ႕ အေျပးအလႊား သူတို႔စာအုပ္ေတြကို လွန္ေလွာၾကည့္ၾကရသည္။ အခ်ိန္ခဏေလာက္ရွာေဖြအၿပီးမွာေတာ့ သူ႕တို႔ေတြေဘးက အတန္းေဖာ္ေတြအခ်င္းခ်င္း ေခါင္းခ်င္းဆိုင္ကာ နားၾကည္းခါးသီးေနၾကေသာအမူအရာေတြႏွင့္ ေဆြးေႏြးၾကေလသည္။
" ဆိုး႐ြားလိုက္တာကြာ။ အဲ့လို case မ်ိဳးစာအုပ္ထဲမွာလည္းမရွိဘဲနဲ႕။ ငါေသခ်ာမၾကားလိုက္ရတာမ်ား။ သူ ဘယ္ေဆးအေၾကာင္းကို ေျပာသြားတာလဲ။ "
" ငါကို လာမေမးနဲ႕ လြီနင္ကေတာ့ အာ႐ုံစိုက္ၿပီးနားေထာင္ေနတာ ... မွတ္စုေတြေတာင္ယူလိုက္ေသးတယ္။ ေဟ့... လြီနင္... ခုနက ဆရာေျပာသြားတာ ဘယ္ေဆးအေၾကာင္းလဲ။ "
တံခါးေပါက္နားေတာင္ေရာက္ေနၿပီးျဖစ္ေနၿပီးျဖစ္ေသာ လူတစ္ေယာက္က ဖုန္းေျပာတာကိုရပ္ၿပီး သူတို႔ဘက္သို႔ ျပန္လွည့္ၾကည့္လာၿပီး ခပ္ဖြဖြ ၿပဳံးျပကာ ဆိုလာသည္။
" ခ်ီဖုေရ...ခဏေနာ္ "
" ဘာျဖစ္လို႔လဲ "
ဖုန္းထဲက စီနီယာ၏အသံက ထြက္ေပၚလာသည္။
" ဘာမွမဟုတ္ဘူး... ဆက္ပါဦး... ကေလးက ဘာျဖစ္တာ ။ "
လြီနင္ သူ႕စာအုပ္ေတြကိုပိုက္လွ်က္ စာသင္ခန္းထဲကေန ထြက္လာခဲ့လိုက္သည္။
အခန္းအျပင္ဘက္က ေနေရာင္ျခည္က ေတာက္ပလွ်က္ရွိၿပီး အတန္းၿပီးတာေၾကာင့္ ကန္တင္းဆိုင္သြားတဲ့ေက်ာင္းသားေတြ၊ အေဆာင္ျပန္ၾကတဲ့ ေက်ာင္းသားေတြႏွင့္ ရႈပ္ယွက္ခက္ေန၏။ သူတို႔ေတြထဲကတစ္ေယာက္က လြီနင္ကို ဝင္တိုက္မိသြားေလသည္။ ထိုေက်ာင္းသားက လြီနင္ကိုလွည့္ၾကည့္လာၿပီး ေတာင္းပန္စကားဆိုသည္။
" ကြၽန္ေတာ္ေတာင္းပန္ပါတယ္... ဆရာ "
" ရပါတယ္ "
လြီနင္ၿပဳံးကာ ျပန္ေျဖလိုက္သည္။
ေက်ာင္းသားေတြၾကားမွာ ေရာေႏွာေနသည့္လြီနင္ဟာ သူတို႔ေတြထက္ အသက္ပိုႀကီးမေနပါ။ သူပုံစံက အသက္ႀကီးပုံမေပၚေပမယ့္ ေက်ာင္းသားတစ္ေယာက္ပုံစံႏွင့္ လုံးဝကို ကြဲျပားေနေလသည္။
"… အဲ့ဒီကေလးစုတ္ေလးက ေန႕တိုင္း အိပ္ရာေပၚ ေသးေပါက္ခ်တယ္ေလ။ သူ႕အေမနဲ႕ ငါနဲ႕ဆို ေန႕တိုင္းသူ႕ေသးခံကို လဲေပးေနရတာ။ တအားဆိုးတာပါဆိုေန "
စီနီယာ၏အသံက မေက်မနပ္ျဖစ္ေနပုံေပၚေသာ္လည္း အသံမွာ ေပ်ာ္႐ႊင္မႈႏွင့္ ဂုဏ္ယူမႈေတြျဖင့္ ျပည့္ေနသည္။ တစ္ဖက္သားကို မနာလိုလြန္းလို႔ ဖုန္းေတာင္ခ်ပစ္ခ်င္လာသည္အထိပင္။
" ငါ ထပ္မေျပာေတာ့ပါဘူး... ဟား ဟား... မင္းျပန္လာတာကိုေစာင့္ေနၿပီးမွပဲ ဆက္ေျပာၾကတာေပါ့။ "
" ကြၽန္ေတာ္ လျပည့္ဝိုင္မေသာက္ရေသးဘူး ။ ဒါေပမယ့္ နည္းနည္းေလး အသက္ႀကီးလာရင္ေတာ့ ေသာက္ရေတာ့မွာပါ။"
( full moon wine က မဂ္လာေဆာင္ရင္ေသာက္ရတာလား ကေလးတစ္လျပည့္ေသာက္ရတာလား ကိုယ္လည္းေသခ်ာမသိဘူး။ )
" ဟုတ္ပါၿပီ... မင္းေတာင္ အသက္တစ္ႏွစ္ပိုႀကီးလာၿပီေနာ္။ "
စီနီယာက သက္ျပင္းခ်ရင္း ေမးလာသည္။
" အဲ့ဒီမွာေနရတာ ဘယ္လိုေနလဲ။ မင္းသေဘာက်တဲ့တစ္ေယာက္ေယာက္ေရာ ရွိေနၿပီလား။ "
လြီနင္ ကန္တင္းဆီသို႔ေလွ်ာက္သြားၿပီး လူတန္းႀကီးအေနာက္မွာ ရပ္ေနလိုက္သည္။
" ငါ မင္းကိုေျပာရဦးမယ္။ မင္း အသက္လည္းႀကီးေနၿပီေနာ္။ မင္းအ႐ြယ္ေလာက္က ငါဆို လက္ထပ္ၿပီးလို႔ ႏွစ္ႏွစ္ေတာင္ရွိေနၿပီ။ ဘာလို႔ လက္မထပ္ေသးတာလဲ။ လ်ိဳက်င္းေတာင္ ေကာင္ေလးအသစ္ရေနၿပီ။ "
လြီနင္ သူ႕ကဒ္ကိုထုတ္ဖို႔ ဖုန္းကိုလက္ေျပာင္းလိုက္သည္။
" ကြၽန္ေတာ့္ကို ထမင္းေၾကာ္တစ္ပြဲေပးပါ။ "
" လ်ိဳက်င္က အခုရည္းစားရသြားၿပီလား။ "
" ေကာင္ေလးက ရိုးရိုးေလးကြ။ "
စီနီယာက ေနာင္တအျပည့္ႏွင့္ ဆိုသည္။
" ငါေတာ့ မင္းတို႔ႏွစ္ေယာက္က ပိုလိုက္တယ္လို႔ထင္တာပဲ။ မင္းတို႔ႏွစ္ေယာက္ လမ္းမခြဲခဲ့သင့္ဘူး။ ဘာလို႔မ်ား သူ႕လို မိန္းမေကာင္းေလးကို လမ္းခြဲနိုင္ရတာလဲ။ "
" ဒါေတြအားလုံးက အတိတ္ကဟာေတြပါ "
" ဟီး ... ငါေတာင္းပန္ပါတယ္ကြာ။ ဒါေပမယ့္ မင္းလုပ္ရပ္အတြက္ လုံးဝေနာင္တမရဘူးလား။ "
စီနီယာက စိတ္ဆိုးသလို ေျပာလာသည္။
" ဒီမွာ... အစ္ကို မွာထားတဲ့ ထမင္းေၾကာ္ပါ "
လြီနင္ ထမင္းေၾကာ္ပန္းကန္ကိုယူဖို႔ လက္လွမ္းလိုက္ခ်ိန္မွာ သူ႕အကၤ်ီလက္ကို ေခါက္ထားတဲ့ေနရာက က်ဥ္သြားတာေၾကာင့္ အကၤ်ီလက္ကို တံေတာင္ဆစ္အထိ ဆြဲတင္လိုက္သည္။ ထို႔ေနာက္မွ ပန္းကန္ကိုယူလိုက္ေလသည္။
" ေနာင္တရစရာ တစ္ခုမွ မရွိပါဘူး။ "
လ်ိဳက်င္း ရည္စားအသစ္ရသြားၿပီဆိုတာ သိလိုက္ရခ်ိန္မွာပဲ လြီနင္ စိတ္ထဲသက္သာရာရသြားသည္။ တစ္ႏွစ္ေက်ာ္ေလာက္ လ်ိဳက်င္းကို ဖုန္းေတာင္မဆက္ဘဲ အဆက္အသြယ္ျဖတ္ထားခဲ့သည္။ သူတို႔ရဲ႕ relationship ကို ရွင္းရွင္းလင္းလင္း ေအးေဆးစြာပဲ ျဖတ္ေတာက္ပစ္ခ်င္ခဲ့ကာ သူမကို လက္ေလွ်ာ့သြားေစခ်င္႐ုံသာ။
လြီနင္ သူ႕ဖုန္းနံပါတ္ကိုေျပာင္းလိုက္ၿပီးခ်ိန္ကတည္းက သူ႕ႏွင့္ခင္မင္ရင္းႏွီးခဲ့သည့္ လူေတြအားလုံးႏွင့္ အဆက္အသြယ္ျပတ္သြားခဲ့သည္။ စီနီယာေတာင္မွ သူ႕သားေလးကို တျခားလုပ္ေဖာ္ကိုင္ဖက္ေတြကိုျပရင္းႏွင့္မွ လြီနင့္အေၾကာင္းကို စကားဆက္မိၿပီး သူ႕ဖုန္းနံပါတ္ကို မေမွ်ာ္လင့္ပဲ ရသြားခဲ့တာပင္။
" ဒါနဲ႕ မင္းညီနဲ႕ေရာ အဆက္အသြယ္ရွိေသးတယ္မလား။ "
"…"
တူကိုယူဖို႔ျပင္ေနသည့္ သူလက္က ေလထဲမွာပဲ ရပ္တန႔္သြား၏။ ထို႔ေနာက္ ဘာမွမျဖစ္သလို ဘူးထဲက တူတစ္စုံကိုယူကာ ထိုင္ခုံတစ္လုံးကို ရွာလိုက္ေလသည္။
" မင္းညီက နိုင္ငံျခားမွာ အလုပ္ရသြားတယ္လို႔ေျပာတယ္။ အခု အလုပ္သြားလုပ္ေနေလာက္ၿပီေနာ့္ "
" ကြၽန္ေတာ္ ေသခ်ာမေမးမိဘူး။ "
လြီနင္ ေခါင္းကိုငုံ႕ကာ သူ႕လက္ကိုၾကည့္လိုက္သည္။ သူ႕လက္ေပၚရွိ ဒဏ္ရာက အခ်ိန္အေတာ္ၾကာကတည္းက ေပ်ာက္သြားၿပီျဖစ္ကာ အနာ႐ြတ္တစ္စေတာင္ မျမင္ရေတာ့။
အခုေတာ့ သူ႕လက္တစ္စုံကို ျပန္ၾကည့္မိလိုက္ခ်ိန္မွာ ဘယ္လိုကုသမႈခံယူခဲ့ရသလဲဆိုတာေတာင္ ေသခ်ာမမွတ္မိေတာ့။
သူ႕လက္ေတြတင္မက သူ႕ဆီမွာက်န္ရစ္ခဲ့သည့္ အမွတ္တရေတြကလည္း အခ်ိန္ေတြၾကာလာတာႏွင့္အမွ် ေမွးမွိန္လာခဲ့ေလၿပီ။
သူဆိုတာ ဘယ္တုန္းကမွ မရွိခဲ့သလိုပဲ။
စာေလ့လာရတာက အရင္ေက်ာင္းတက္စဥ္ကထက္ ပိုၿပီးလြယ္ကူတယ္။ တစ္ပတ္မွာ အတန္းခ်ိန္ကလည္း နည္းနည္းေလးရွိၿပီး ေဆး႐ုံကလည္း လစဥ္ေထာက္ပံ့ေၾကးေပးေသးသည္။ သူတို႔က ေက်ာင္းသားအေဆာင္မွာေနရၿပီး ပတ္ဝန္းက်င္ကလည္း အေတာ္ေလးသန႔္သည္။
ဒီလိုလြတ္လပ္တဲ့ဘဝကို ရရွိၿပီးေနာက္မွာ အရင္ကႀကဳံေတြ႕ခဲ့ရတာေတြက အိပ္မက္ဆိုးႀကီးလိုပဲ။ တစ္ခါတစ္လိုဆို သူခံစားခဲ့ရတာေတြကို ျပန္ေတြးမိတိုင္း လက္ေတြ႕မက်တဲ့ ထင္ေယာင္ထင္မွားျဖစ္ရပ္ေတြအတိုင္းပဲ။
**********
သူႏွင့္အတူေပါင္းသည့္ အတန္းေဖာ္အမ်ားစုက ေပါ့ေပါ့ပါးပါးေနရတာကို ႀကိဳက္ၾကသူေတြမ်ားသည္။ လဆန္းပိုင္းမွာ သူတို႔က လြီနင္အတြက္ ေငြစိုက္ေပးၿပီး ပါတီတစ္ပြဲကို ေခၚသြားခဲ့ၾကေသးသည္။
စားေသာက္ဆိုင္မွာ ေယာက်ာ္းေတြေရာ မိန္းမေတြပါ လူေတြအမ်ားႀကီးရွိေနမယ္ဆိုတာ လြီနင္မသိခဲ့ဘူး။
အထူးသျဖင့္ မိန္းကေလးေတြေပါ့။
" သူက single ေကာင္ေလးမရွိဘူး။ "
အတန္းေဖာ္က လြီနင္အေနာက္မွာထိုင္ေနသည့္ ေကာင္မေလးကို လက္ညွိုးထိုးျပကာ လြီနင္ကိုေျပာသည္။
" ငါ စုံစမ္းထားၿပီးသား ... မင္းေရာ ဘယ္လိုထင္လဲ။ "
" ေတာ္ေတာ္ေလးကိုလွတယ္။ ဒါေပမယ့္ မင္းမွာ ေကာင္မေလးရွိၿပီးသား မဟုတ္ဘူးလား။ "
" ငါက ငါ့အတြက္လုပ္ေနတာမဟုတ္ဘူး ... လ်ိဳက်င္းက ရည္စားရသြားၿပီး မင္းကိုပလစ္လိုက္ၿပီလို႔ၾကားတယ္။ "
အတန္းေဖာ္အမ်ားစုက အိမ္ေထာင္သည္ေတြျဖစ္ရင္ျဖစ္ မဟုတ္ရင္ ရည္စားရွိၿပီးသားေတြပင္။ လ်ိဳက်င္း၏ ေစ့စပ္သတင္းကိုၾကားၿပီးတာနဲ႕ သူတို႔က လြီနင္ကို ေကာင္မေလးေတြအမ်ားႀကီးႏွင့္ မိတ္ဆက္ေပးၿပီး သူ႕အတြက္ ရည္းစားတစ္ေယာက္ရွာေပးဖို႔ အသည္းအသန္ ႀကိဳးပမ္းၾကေတာ့သည္။
" လြီနင္ ဒီကိုလာပါဦး။ သူက မင္းတို႔ေက်ာင္းကေနပဲ ဘြဲ႕ရလာတာတဲ့။ ႏွစ္ေယာက္လုံးေက်ာင္းသားေဟာင္းေတြဆိုေတာ့ အဆင္ေျပတာေပါ့။ "
" လြီနင္ သူက မင္းရဲ႕ ေမြးရပ္ၿမိဳ႕ကတဲ့။ "
ဒီလို blind date ေတြက လြီနင္ကို လန႔္ေတာင္လာေစသည္။
ေကာင္မေလးက ေမးေလသည္။
" သူေဌး ပီေကရွိလား။"
" ပီေကလား။ မရွိဘူး "
" ကြၽန္ေတာ္သြားဝယ္ေပးပါ့မယ္။ "
လြီနင္ ထရပ္လိုက္သည္။
" ေဟ့ မင္းတို႔ႏွစ္ေယာက္ အတူတူသြားၾကေလ။ "
လြီနင့္ သူငယ္ခ်င္းေတြက ေကာင္မေလးကိုပါ အပါတြန္းပို႔ၾကေလသည္။
အနီးဆုံးစူပါမားကတ္က အေဆာင္နားမွရွိသည္။ ေကာင္မေလးက သူလည္းဝယ္စရာရွိတယ္လို႔ေျပာၿပီး လြီနင္ႏွင့္လိုက္လာခဲ့သည္။ လြီနင္ကေတာ့ အေၾကာင္းျပခ်က္တစ္ခုရွာကာ ျပန္ထြက္လာၿပီးေနာက္ ဆိုင္ထဲမွာရပ္ရင္း ေစာင့္ေနလိုက္သည္။
ေကာင္တာနားက စင္ေပၚမွာ မဂၢဇင္းစာအုပ္အနည္းငယ္ရွိတာေၾကာင့္ လြီနင္တစ္အုပ္ကိုေကာက္ယူကာ လွန္ေလွာၾကည့္ရင္း အခ်ိန္ျဖဳန္းေနလိုက္သည္။
"တီ…"
သူအိတ္ကပ္ထဲက ဖုန္းကျမည္လာသည္။ လြီနင္က မဂၢဇင္းဖတ္ေနတာေၾကာင့္ နံပါတ္ကိုမၾကည့္ဘဲ တန္းကိုင္လိုက္သည္။
" ဟယ္လို "
"…"
" ဟယ္လို "
"…"
တစ္ဖက္က အသံတိတ္ေန၏။ လြီနင္ မဂၢဇင္းကိုျပန္ခ်ကာ မရည္႐ြယ္ဘဲ ျပတင္းေပါက္အျပင္ကို လွမ္းၾကည့္လိုက္သည္။
" ဟယ္လို... ဘယ္သူလဲ။."
" ကိုကို... ကြၽန္ေတာ္ပါ "
"…"
" ကြၽန္ေတာ္ စီနီယာဆီကေန ကိုကို႔ဖုန္းနံပါတ္ေတာင္းလိုက္တာ။ "
" အင္း …"
လြီနင္ အျပင္ဘက္ကိုစိုက္ၾကည့္ရင္း ေျခာက္ကပ္စြာ ၿပဳံးလိုက္မိသည္။
" ေဝ့...ေဝ့ဒါ...မေတြ႕တာၾကာၿပီေနာ္။ "
" ကိုကို... ဒီတစ္ေလာ အဆင္ေျပရဲ႕လား။ "
" အဆင္ေျပပါတယ္ .. မင္းေရာ "
" ကြၽန္ေတာ္လည္း အဆင္ေျပပါတယ္ "
"…"
"…"
" အလုပ္အကိုင္လည္း ေကာင္းတယ္မလား။."
" အင္း "
ဖုန္းတစ္ဖက္ကလူက ခဏေလာက္ အသံတိတ္သြားၿပီးမွ
" ကြၽန္ေတာ္ အဲ့ဒီမိန္းမကိုလည္း မူးယစ္ေဆးျဖတ္တဲ့ ေဆး႐ုံကိုပို႔လိုက္ၿပီ။ "
လြီနင္လည္း ေခတၱခန တိတ္ဆိတ္သြားရသည္။
" ဟုတ္လား "
"…"
"…"
သူတို႔ႏွစ္ေယာက္လုံး ဘာဆက္ေျပာရမွန္း မသိၾကေတာ့။ လြီနင္ ျပတင္းေပါက္အျပင္ကိုသာ မွင္သက္စြာ ေငးၾကည့္ရင္း သူ႕စိတ္ေတြကေတာ့ အတိတ္ကေျခရာေတြေနာက္ကိုသာ လိုက္ေနမိသလိုပင္။ သူ႕အေနာက္ဘက္က တစ္ေယာက္ေယာက္ရဲ႕ ဖုန္းသံကို ၾကားလိုက္ရ၏။
" ၿပီးပါၿပီ "
ပစၥည္းေတြအျပည့္ႏွင့္ ေဈးဝယ္ျခင္းကိုကိုင္ကာ ေကာင္မေလးက ထြက္လာသည္။
" ကြၽန္မကို ခဏေလာက္ထပ္ေစာင့္ေပးပါဦးေနာ္။ ေငြရွင္းၿပီးရင္ ၿပီးပါၿပီ။ "
" အင္း "
လြီနင္ ေဘးနားကစင္ကိုမွီလွ်က္ သူမဘက္ကိုလွမ္းၾကည့္ရင္း ေျဖလိုက္သည္။
ဖုန္းရဲ႕ တျခားတစ္ဖက္လူကလည္း ဘာတစ္ခြန္းမွဆိုမလာေပ။
" ရၿပီ သြားၾကမယ္ "
ေကာင္မေလးက ပလပ္စတစ္အိတ္ေတြဆြဲလွ်က္ ျပန္ထြက္လာခဲ့သည္။
" ကိုယ္ ကူသယ္ေပးမယ္။ "
လြီနင္က သူမလက္ထဲက အိတ္ေတြကို လက္လႊဲယူလိုက္၏။ ေကာင္မေလးက သူ႕ကိုၿပဳံးျပလာေလသည္။
" မလိုပါဘူး။ ကြၽန္မဖုန္းလာထားတာပဲ။ အို... ကိုးနာရီေတာင္ခြဲေနၿပီ။ ညပိုင္းအခ်ိန္ပိုရွိေသးတယ္။ "
" ကိုကို "
ဖုန္းထဲကေန သည္းခံခ်ဳပ္တည္းထားရသည့္ အသံတစ္ခုက ထြက္လာခဲ့သည္။
" ကိုကို … ျပန္လာေတာ့မွာလား။ "
"…"
လြီနင္ ျပန္မေျဖခဲ့ေပ။ သူဖုန္းကိုပိတ္လိုက္ၿပီး ေကာင္မေလးႏွင့္အတူသာ စူပါမားကတ္ထဲက ထြက္လာခဲ့လိုက္သည္။
သူတို႔ဆိုင္ထဲကထြက္လာေတာ့ လြီနင္အေဆာင္ဘက္ကို တစ္ခ်က္လွမ္းၾကည့္လိုက္သည္။
အျပင္ဘက္မွာ ေလေအးေတြတိုက္ေနၿပီး သူအရက္နည္းနည္းလည္း ေသာက္ထားမိေသးသည္။ အရက္ရွိန္က တျဖည္းျဖည္း ထိုးတက္လာေလ၏။
ညပိုင္းအျပင္ထြက္လည္ၾကတဲ့ ေက်ာင္းသူတစ္စုက ျပန္လာၾကၿပီး စကားေျပာၾက ရယ္ေမာၾကႏွင့္ ဆူညံေနေလသည္။ သူတို႔၏ ေက်ာျပင္ေတြက လြီနင္မ်က္လုံးထဲမွာ ေဝဝါးလာၿပီး သူအျမင္အာ႐ုံေတြက မရွင္းလင္းေတာ့။
တစ္ခ်ိဳ႕က အေဆာင္ထဲကိုဝင္သြားၾကၿပီး တစ္ခ်ိဳ႕က အျပင္ျပန္ထြက္လာၾကသည္။ အေဆာင္ႏွင့္မနီးမေဝးမွာ ရပ္ေနသည့္ လြီနင္ကေတာ့ ဖုန္းတစ္လုံးကိုကိုင္လွ်က္ အခ်ိန္ၾကာျမင့္စြာ ေၾကာင္ၾကည့္ေနေလသည္။
လြီနင္သူ႕လက္ထဲကအိတ္ကို တင္းတင္းဆုပ္ကိုင္လိုက္တာေၾကာင့္ ပလတ္စတစ္အိတ္က ဂ်ိဳးဂ်ိဳးဂြၽတ္ဂြၽတ္အသံေတြ ျမည္သြားသည္။
" ဘာျဖစ္လို႔လဲ။ "
ေကာင္မေလးက ေမး၏။
" အစ္ကို႔လက္နာလို႔လား။ "
" ရပါတယ္။ "
အျပင္ပိုင္းသူ႕ပုံစံက တည္ၿငိမ္လာေပမယ့္ ႏွလုံးသားထဲမွာ အရိုးစြဲေနသည့္ နာက်င္မႈေတြကေတာ့ က်န္ရွိေနဆဲပဲ။ သူ အရာအာလုံးကို ေမ့နိုင္ၿပီလို႔ထင္ခဲ့မိေပမယ့္ ဒီတခဏေလးမွာပဲ သူ႕ကိုယ္မွာစြဲကပ္ေနတဲ့ဒဏ္ရာေတြက ႐ုတ္တရက္ျပန္ေပၚထြက္လာခဲ့သည္။
လြီနင္ အေဆာင္ထဲကိုမဝင္ေတာ့ဘဲ အိတ္ေတြကို ေကာင္မေလးလက္ထဲကိုထိုးေပးၿပီး ႏႈတ္ဆက္စကားေတာင္ မဆိုနိုင္ေတာ့ဘဲ လွည့္ထြက္လာခဲ့လိုက္သည္။
သူထပ္ၿပီး နာက်င္ရမွာကို ေၾကာက္ေနၿပီ။ ဒါေၾကာင့္မလို႔ ဘယ္သူတစ္ဦးတစ္ေယာက္ႏွင့္မွ မနီးစပ္ရဲေတာ့ဘဲ သတိႀကီးႀကီးထားကာ ေရွာင္ရွားေနမိခဲ့တာပင္။
သူ႕ေျခလွမ္းေတြက နာက်င္မႈေတြႏွင့္ေဝးရာကို ေလွ်ာက္လွမ္းမိေနေပမယ့္လည္း အထီးက်န္မႈရွိရာဆီသို႔ တစ္လွမ္းၿပီး တစ္လွမ္းနီးကပ္လာခဲ့ေခ်ၿပီ။
ေႏြရာသီကုန္ဆုံးသြားၿပီးျဖစ္တာေၾကာင့္ အေဆာင္ေရွ႕မွာ ညွိုးႏြမ္းေနသည့္ အဝါေရာင္သစ္႐ြက္ေတြႏွင့္ ျပည့္ေနသည္။
သစ္႐ြက္ေတြအေပၚက ေရစက္ေလးေတြဟာ အေငြ႕ပ်ံသြားခဲ့ေလၿပီ။ ထိုသစ္႐ြက္ေလးေတြအေပၚကို ေျခလွမ္းမိလိုက္ႏွင့္ သူတို႔ေလးေတြက တိတ္တဆိတ္ ကြဲအက္ေၾကမႊသြားၾကေလေတာ့သည္။