ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပ...

By YinLay4

310K 44.5K 1.2K

ဒီNovelေလးကို ဖတ္ဖူးၾကမယ္ထင္ပါတယ္ အရင္ဘာသာျပန္တ႔ဲသူက ဆက္မျပန္ေတာ့ဘူးဆိုလို႔ Vကဆက္ၿပီး ဘာသာျပန္မွာပါ💜 အပုိင္း... More

Chapter_100
💜💜💜
Chapter_101
Chapter_102
Chapter_103
Chapter_104
Chapter_105
Chapter_106
Chapter_107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter_117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chaptee 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139+140
Chapter 141
Chapter 142+143
Chapter 144+145
Chapter 146+147
Chapter 148+149
Chapter 150+151+152
Chapter 153
Chapter 154+155
Chapter 156+157
Chapter 158+159
Chapter 160 to 162
Chapter 163
Chapter 164
Chapter 166 to 169
Chapter 170 to 173
Chapter 174 + 175
Chapter 176+177
Chapter 178 +179
Chat with Calla
Chapter 180 +181
Chapter 182 +183
Chapter 184 +185
Chapter 186 to 187
Chapter 188 to 190
Chapter 191 to 193
Chapter 194 to 195
Chapter 197 to 198
Chapter 199
Chapter 200 to 202
Chapter 203 to 204
Chapter 205 to 206
Chapter 207 to 210 (U)
Chapter 207 to 210 (Z)
Chapter 211 to 214 U
Chapter 211 to 214 Z
Chapter 215 to 216 U
Chapter 215 to 216 Z
Chapter 217 to 218 U
Chapter 217 to 218 Z

Chapter 125

3.5K 645 5
By YinLay4

Zawgyi
{ ရုပ္ဆိုးေလး - ၂ }

ရီက်န္းက ကေလးကို အခ်ိန္ခဏေလာက္ခ်ီထားၿပီးေနာက္တြင္ လုေပရႊမ္းဟာ သူမအားကေလးကို ခ်ထားၿပီး အားရိွေအာင္ အနားယူဖို႔ေျပာေန၏။

အဖိုးလုဆီမွ ေခါင္းမာမႈကို အေမြရထားေသာလုေပရႊမ္းေၾကာင့္ ေနာက္ဆံုးတြင္ ရီက်န္းကသာ လက္ေလ်ာ့ေပးကာ ကေလးအား အေမလုဆီသို႔ ေပးလိုက္ရေလတယ္။

လုေပရႊမ္းသည္ ေစာင္ကို ကိုင္ထားရင္း ေစာနက ရီက်န္းရဲ့အေမးကို ျပန္ေျဖေလသည္။
" အဖိုးက ကေလးေမြးခ်ိန္အထိ ေစာင့္ေနခဲ့တာဆိုေတာ့ ပင္ပန္းေနၿပီေလ။ အဲ့ဒါေၾကာင့္ ကိုယ္က သြားနားခိုင္းလိုက္တာ စိတ္မပူပါနဲ႔ အိမ္ေတာ္ထိန္းႀကီးနဲ႔တူတူရိွေနမွာပါ "

အဖိုးလုသည္ အသက္အရြယ္အေတာ္ေလး အသက္ရြယ္အိုမင္းေနေခ်ၿပီ။ ခံႏိုင္ရည္အားနည္းေနၿပီျဖစ္ေသာ္လည္း သူဟာ သူ႔ျမစ္ေလးကို ၾကည့္ရန္ ေတာင့္ခံထားခဲ့ေလတယ္။
~~~~~~~
ကေလး တေရးႏိုးခ်ိန္၌ အေဒၚယြဲ႔သည္ ကေလးအတြက္ ႏို႔ေဖ်ာ္ေပးေလ၏။ အေမလုကေတာ့ လက္တစ္ဖက္တြင္ ကေလးကိုခ်ီ ေနာက္လက္တစ္ဖက္တြင္ ႏို႔ဘူးကိုကိုင္ကာ ကေလးကို ႏို႔တိုက္ေလသည္။ ထို႔သို႔ႏို႔တိုက္ေနခ်ိန္တြင္ အေမလုသည္ သူမရဲ့သား လုေပရႊမ္းကို သူမ ေဘးတြင္ထိုင္ခိုင္းၿပီး ကေလးကို ဘယ္လိုႏို႔တိုက္ရသည္ကို ရွင္းျပေနေလတယ္။

" ကေလးအတြက္ ႏို႔က အရမ္းပူလို႔မရဘူး... အဲ့ဒါေၾကာင့္ ႏို႔မတိုက္ခင္ အရင္ဆံုး အပူခ်ိန္ကို တိုင္းေပးရတယ္... ၿပီးေတာ့ ႏို႔တိုက္တဲ့အခါ ႏို႔ဘူးကို ဒီအေနအထားေလာက္ ေစာင္းေပးရမယ္... " အေမလုသည္ ထိုသို႔ေျပာရင္း ေခတၲရပ္လိုက္ၿပီး သက္ျပင္းခ်လိုက္ကာ " ထားလိုက္ပါေတာ့... သားက အလုပ္မ်ားေတာ့ အိမ္မွာရိွမွ မဟုတ္တာ... အဲ့ဒါေၾကာင့္ ကေလးလည္း ထိန္းေပးႏိုင္မွာ မဟုတ္ဘူး "

အေမလုသည္ လုေပရႊမ္းကို ေမြးတုန္းက သူမတစ္ေယာက္တည္းသာ ထိန္းခဲ့ရေပတယ္။ သူမေယာက်္ား၊ လုေပရႊမ္းရဲ့အေဖဟာ မနက္ဆို အေစာႀကီး အိမ္ကထြက္၊ ညဆိုလည္း ညဥ့္နက္မွသာ ျပန္လာတတ္၏။ ဒါတင္မကေသး သူမက လုေပရႊမ္းကို တစ္ေယာက္တည္း ထိန္းေနခ်ိန္တြင္ သူကေတာ့ မိန္းမရႈပ္လို႔ ေကာင္းတုန္းပင္။ လုအိမ္တြင္ ကေလးထိန္းမ်ားစြာ ရိွေသာ္လည္း အေမလုသည္ သူမသားကို သူမကိုယ္တိုင္ ရေအာင္ ထိန္းခဲ့ေခ်သည္။

သို႔ေသာ္ သူမရဲ့ေျမးေလးကိုေတာ့ သူ႔သားလို အေဖတာဝန္မဲ့ေနခဲ့တဲ့ကေလးေလးမ်ိဳး မျဖစ္ေစခ်င္ေပ။

" ကြၽန္ေတာ့္ကို ထပ္ေျပာျပပါ... " လုေပရႊမ္းဟာ ကုတင္ေပၚတြင္ အိပ္ေမာက်ေနေသာ ရီက်န္းကို ၾကည့္ၿပီးေနာက္ အေမလုကို ျပန္ၾကည့္လိုက္ကာ " ကြၽန္ေတာ့္ကေလးကို ေသခ်ာေစာင့္ေရွာက္ခ်င္တယ္ "

အေမလုဟာ သူမသားဆီမွ တာဝန္သိတတ္တဲ့စကားကို ၾကားတဲ့အခါ ၿပံဳးလိုက္ရင္း သူမရဲ့သားဟာ သူ႔ရဲ့အေဖလို တစ္ကိုယ္ေကာင္းဆန္တဲ့သူ မဟုတ္တာေၾကာင့္ ဂုဏ္ယူလိုက္မိေလသည္။
~~~~~~~
ေနြးေထြးလွေသာေနျခည္မ်ွင္ေလးတို႔ဟာ လိုက္ကာစတို႔ကို ထိုးေဖာက္ကာ အခန္းထဲသို႔ ဝင္ခ်င္ေနၾက၏။ ျပတင္းေပါက္နားတြင္ ခ်စ္စရာေကာင္းလွေသာအိုးေလးမ်ားျဖင့္ စိုက္ပ်ိဳးထားေသာအပင္မ်ားမွာလည္း စိမ္းစိုလို႔ေနေလတယ္။ လုေပရႊမ္းဟာ ျပတင္ေပါက္ခံုကို မွီလ်က္ သူ႔ကေလးကို ၾကည့္ေနေလသည္။

ရီက်န္းသည္လည္း သူမရဲ့ကေလးေလးရဲ့ခ်စ္စရာအျပဳအမူတို႔ကို ၾကည့္ရင္းျဖင့္ သူမရဲ့မ်က္ႏွာေပၚတြင္ အၿပံဳးတို႔ ျပည့္ႏွက္လို႔ေနေလတယ္။ ထိုခ်ိန္တြင္ တံခါးေခါက္သံၾကားလိုက္ရ၏။ ထို႔ေနာက္တြင္ေတာ့ သူနာျပဳတစ္ေယာက္ ဝင္လာခဲ့ကာ  " မစၥတာလု... ေအာက္မွာေလ သူတို႔ကိုယ္သူတို႔ မစၥလုရဲ့မိဘလို႔ေျပာတဲ့ လင္မယားႏွစ္ေယာက္ေရာက္ေနပါတယ္ "

ထိုခ်ိန္မွသာ ရီက်န္းသည္ သူမဟာ မူလပိုင္ရွင္ရဲ့မိဘႏွစ္ပါးကို မေတြ့ရေသးမွန္း သတိရသြားေလသည္။

လုေပရႊမ္းဟာ သူနာျပဳကို ေခါင္းတစ္ခ်က္ ညိမ့္ျပကာ " သူတို႔ကို ဝင္လာခိုင္းလိုက္ပါ "

လုေပရႊမ္းဟာ ရီက်န္း ေအးေအးေဆးေဆးနားေနႏိုင္ရန္ ဒီပုဂၢလိကေဆးရံုရဲ့ပထမထပ္တစ္ထပ္လံုးကို သီးသန္းထားခိုင္းထားေလ၏။ ဒါ့အျပင္ သူ႔ခြင့္ျပဳခ်က္မရဘဲ ဘယ္သူ႔ကိုပဲ ရီက်န္းရဲ့အခန္းထဲ ေပးမဝင္ဖို႔လည္း မွာထားေသးသည္။ ဒါ့ေၾကာင့္လည္း ရီလင္မယားဟာ ရီက်န္းရဲ့အခန္းသို႔ ခ်က္ခ်င္းလာလို႔ မရျခင္းျဖစ္ေလတယ္။

ၿမိဳ႔ေတာ္ထဲမွ လူတိုင္းနီးပါးဟာ ရီမိသားစုမွ ရီက်န္းဟာ လုေပရႊမ္းကို လက္ထပ္လိုက္ႏိုင္ျခင္းဟာ ေျခသလံုးႀကီးႀကီးကို ဖက္ႏိုင္ခဲ့ၿပီဟု ယံုၾကည္ၾကေပတယ္။ အခ်ိဳ႕ၾကေတာ့ လုရဲ့အရိွန္အဝါေၾကာင့္ ရီတို႔ဟာ တျဖည္းျဖည္း ႀကီးပြားလာေတာ့မည္ဟုပင္။ တခ်ိဳ႕ဆိုလ်ွင္ ထိုလက္ထပ္ပြဲေၾကာင့္ ရီမိသားစုဟာ ပိုက္ဆံလိႈင္းလံုးႀကီးမ်ားစြာ ပိုေတာ့မည္ဟု ေျပာဆိုၾကေသးသည္။

လူတိုင္းက အေဖရီကို ခ်ီးက်ူးၾက၊ ဂုဏ္ျပဳၾကခ်ိန္တြင္ လူပံုလယ္တြင္ အရွက္မကြဲခ်င္ေသာအေဖရီဟာ ၿပံဳးၿပံဳးျဖင့္သာ ဂုဏ္ျပဳျခင္းကို လက္ခံေနေသာ္လည္း သူ ရင္ထဲမွာေတာ့ မီးေတာက္ေလာင္ေနခဲ့ေလသည္။

အမွန္တရားကို သူတစ္ေယာက္တည္းသာ သိေပတယ္။ လုေပရႊမ္းနဲ႔ရီက်န္းတို႔ လက္ထပ္ၿပီဴ လုေပရႊမ္းက သူ႔သမက္ျဖစ္လာခဲ့တာေတာင္ လုေတြဟာ ရီတို႔ရဲ့စီးပြားကို မကူညီၾကေခ်။ လုေပရႊမ္းကလည္း အေဖရီကို လံုးဝ မေတြ့ေပ။

လုေကာ္ပိုေရးရွင္းရဲ့ဥကၠဌျဖစ္တဲ့လုေပရႊမ္း ကိုယ္တိုင္က အေဖရီကို မေတြ့ခင္ပါက ကိုယ္ရံေတာ္ႏွင့္အေစာင့္ေတြဟာ အေဖရီကို လုေပရႊမ္းႏွင့္ မေတြ့ႏိုင္ေအာင္ နည္းအမ်ိဳးမ်ိဳးျဖင့္ တားၾကေပလိမ့္မည္။

ပိုၿပီးရွက္စရာေကာင္းသည္က သမီးျဖစ္ေသာရီက်န္းမွတဆင့္ လုေပရႊမ္းကို ေတြ့ရန္ ႀကိဳးစားခ်ိန္တိုင္းမွာလည္း ရီက်န္းကလည္း အေဖရီကို ေရွာင္ေနျခင္းပင္။ အေဖရီသည္ လုေပရႊမ္းကို သူ႔ရဲ့စြန္႔ၪီးရင္းႏွီးျမႇဳပ္ႏွံ႔မႈကိစၥႏွင့္ ပတ္သက္ၿပီး စကားေျပာခ်င္တာၾကာၿပီျဖစ္သည္....

💜💜💜💜💜💜💜
Unicode
{ ရုပ်ဆိုးလေး - ၂ }

ရီကျန်းက ကလေးကို အချိန်ခဏလောက်ချီထားပြီးနောက်တွင် လုပေရွှမ်းဟာ သူမအားကလေးကို ချထားပြီး အားရှိအောင် အနားယူဖို့ပြောနေ၏။

အဖိုးလုဆီမှ ခေါင်းမာမှုကို အမွေရထားသောလုပေရွှမ်းကြောင့် နောက်ဆုံးတွင် ရီကျန်းကသာ လက်လျော့ပေးကာ ကလေးအား အမေလုဆီသို့ ပေးလိုက်ရလေတယ်။

လုပေရွှမ်းသည် စောင်ကို ကိုင်ထားရင်း စောနက ရီကျန်းရဲ့အမေးကို ပြန်ဖြေလေသည်။
" အဖိုးက ကလေးမွေးချိန်အထိ စောင့်နေခဲ့တာဆိုတော့ ပင်ပန်းနေပြီလေ။ အဲ့ဒါကြောင့် ကိုယ်က သွားနားခိုင်းလိုက်တာ စိတ်မပူပါနဲ့ အိမ်တော်ထိန်းကြီးနဲ့တူတူရှိနေမှာပါ "

အဖိုးလုသည် အသက်အရွယ်အတော်လေး အသက်ရွယ်အိုမင်းနေချေပြီ။ ခံနိုင်ရည်အားနည်းနေပြီဖြစ်သော်လည်း သူဟာ သူ့မြစ်လေးကို ကြည့်ရန် တောင့်ခံထားခဲ့လေတယ်။
~~~~~~~
ကလေး တရေးနိုးချိန်၌ အဒေါ်ယွဲ့သည် ကလေးအတွက် နို့ဖျော်ပေးလေ၏။ အမေလုကတော့ လက်တစ်ဖက်တွင် ကလေးကိုချီ နောက်လက်တစ်ဖက်တွင် နို့ဘူးကိုကိုင်ကာ ကလေးကို နို့တိုက်လေသည်။ ထို့သို့နို့တိုက်နေချိန်တွင် အမေလုသည် သူမရဲ့သား လုပေရွှမ်းကို သူမ ဘေးတွင်ထိုင်ခိုင်းပြီး ကလေးကို ဘယ်လိုနို့တိုက်ရသည်ကို ရှင်းပြနေလေတယ်။

" ကလေးအတွက် နို့က အရမ်းပူလို့မရဘူး... အဲ့ဒါကြောင့် နို့မတိုက်ခင် အရင်ဆုံး အပူချိန်ကို တိုင်းပေးရတယ်... ပြိီးတော့ နို့တိုက်တဲ့အခါ နို့ဘူးကို ဒီအနေအထားလောက် စောင်းပေးရမယ်... " အမေလုသည် ထိုသို့ပြောရင်း ခေတ္တရပ်လိုက်ပြီး သက်ပြင်းချလိုက်ကာ " ထားလိုက်ပါတော့... သားက အလုပ်များတော့ အိမ်မှာရှိမှ မဟုတ်တာ... အဲ့ဒါကြောင့် ကလေးလည်း ထိန်းပေးနိုင်မှာ မဟုတ်ဘူး "

အမေလုသည် လုပေရွှမ်းကို မွေးတုန်းက သူမတစ်ယောက်တည်းသာ ထိန်းခဲ့ရပေတယ်။ သူမယောကျ်ား၊ လုပေရွှမ်းရဲ့အဖေဟာ မနက်ဆို အစောကြီး အိမ်ကထွက်၊ ညဆိုလည်း ညဥ့်နက်မှသာ ပြန်လာတတ်၏။ ဒါတင်မကသေး သူမက လုပေရွှမ်းကို တစ်ယောက်တည်း ထိန်းနေချိန်တွင် သူကတော့ မိန်းမရှုပ်လို့ ကောင်းတုန်းပင်။ လုအိမ်တွင် ကလေးထိန်းများစွာ ရှိသော်လည်း အမေလုသည် သူမသားကို သူမကိုယ်တိုင် ရအောင် ထိန်းခဲ့ချေသည်။

သို့သော် သူမရဲ့မြေးလေးကိုတော့ သူ့သားလို အဖေတာဝန်မဲ့နေခဲ့တဲ့ကလေးလေးမျိုး မဖြစ်စေချင်ပေ။

" ကျွန်တော့်ကို ထပ်ပြောပြပါ... " လုပေရွှမ်းဟာ ကုတင်ပေါ်တွင် အိပ်မောကျနေသော ရီကျန်းကို ကြည့်ပြီးနောက် အမေလုကို ပြန်ကြည့်လိုက်ကာ " ကျွန်တော့်ကလေးကို သေချာစောင့်ရှောက်ချင်တယ် "

အမေလုဟာ သူမသားဆီမှ တာဝန်သိတတ်တဲ့စကားကို ကြားတဲ့အခါ ပြုံးလိုက်ရင်း သူမရဲ့သားဟာ သူ့ရဲ့အဖေလို တစ်ကိုယ်ကောင်းဆန်တဲ့သူ မဟုတ်တာကြောင့် ဂုဏ်ယူလိုက်မိလေသည်။
~~~~~~~
နွေးထွေးလှသောနေခြည်မျှင်လေးတို့ဟာ လိုက်ကာစတို့ကို ထိုးဖောက်ကာ အခန်းထဲသို့ ဝင်ချင်နေကြ၏။ ပြတင်းပေါက်နားတွင် ချစ်စရာကောင်းလှသောအိုးလေးများဖြင့် စိုက်ပျိုးထားသောအပင်များမှာလည်း စိမ်းစိုလို့နေလေတယ်။ လုပေရွှမ်းဟာ ပြတင်ပေါက်ခုံကို မှီလျက် သူ့ကလေးကို ကြည့်နေလေသည်။

ရီကျန်းသည်လည်း သူမရဲ့ကလေးလေးရဲ့ချစ်စရာအပြုအမူတို့ကို ကြည့်ရင်းဖြင့် သူမရဲ့မျက်နှာပေါ်တွင် အပြုံးတို့ ပြည့်နှက်လို့နေလေတယ်။ ထိုချိန်တွင် တံခါးခေါက်သံကြားလိုက်ရ၏။ ထို့နောက်တွင်တော့ သူနာပြုတစ်ယောက် ဝင်လာခဲ့ကာ  " မစ္စတာလု... အောက်မှာလေ သူတို့ကိုယ်သူတို့ မစ္စလုရဲ့မိဘလို့ပြောတဲ့ လင်မယားနှစ်ယောက်ရောက်နေပါတယ် "

ထိုချိန်မှသာ ရီကျန်းသည် သူမဟာ မူလပိုင်ရှင်ရဲ့မိဘနှစ်ပါးကို မတွေ့ရသေးမှန်း သတိရသွားလေသည်။

လုပေရွှမ်းဟာ သူနာပြုကို ခေါင်းတစ်ချက် ညိမ့်ပြကာ " သူတို့ကို ဝင်လာခိုင်းလိုက်ပါ "

လုပေရွှမ်းဟာ ရီကျန်း အေးအေးဆေးဆေးနားနေနိုင်ရန် ဒီပုဂ္ဂလိကဆေးရုံရဲ့ပထမထပ်တစ်ထပ်လုံးကို သီးသန်းထားခိုင်းထားလေ၏။ ဒါ့အပြင် သူ့ခွင့်ပြုချက်မရဘဲ ဘယ်သူ့ကိုပဲ ရီကျန်းရဲ့အခန်းထဲ ပေးမဝင်ဖို့လည်း မှာထားသေးသည်။ ဒါ့ကြောင့်လည်း ရီလင်မယားဟာ ရီကျန်းရဲ့အခန်းသို့ ချက်ချင်းလာလို့ မရခြင်းဖြစ်လေတယ်။

မြို့တော်ထဲမှ လူတိုင်းနီးပါးဟာ ရီမိသားစုမှ ရီကျန်းဟာ လုပေရွှမ်းကို လက်ထပ်လိုက်နိုင်ခြင်းဟာ ခြေသလုံးကြီးကြီးကို ဖက်နိုင်ခဲ့ပြီဟု ယုံကြည်ကြပေတယ်။ အချို့ကြတော့ လုရဲ့အရှိန်အဝါကြောင့် ရီတို့ဟာ တဖြည်းဖြည်း ကြီးပွားလာတော့မည်ဟုပင်။ တချို့ဆိုလျှင် ထိုလက်ထပ်ပွဲကြောင့် ရီမိသားစုဟာ ပိုက်ဆံလှိုင်းလုံးကြီးများစွာ ပိုတော့မည်ဟု ပြောဆိုကြသေးသည်။

လူတိုင်းက အဖေရီကို ချီးကျူးကြ၊ ဂုဏ်ပြုကြချိန်တွင် လူပုံလယ်တွင် အရှက်မကွဲချင်သောအဖေရီဟာ ပြုံးပြုံးဖြင့်သာ ဂုဏ်ပြုခြင်းကို လက်ခံနေသော်လည်း သူ ရင်ထဲမှာတော့ မီးတောက်လောင်နေခဲ့လေသည်။

အမှန်တရားကို သူတစ်ယောက်တည်းသာ သိပေတယ်။ လုပေရွှမ်းနဲ့ရီကျန်းတို့ လက်ထပ်ပြီူ လုပေရွှမ်းက သူ့သမက်ဖြစ်လာခဲ့တာတောင် လုတွေဟာ ရီတို့ရဲ့စီးပွားကို မကူညီကြချေ။ လုပေရွှမ်းကလည်း အဖေရီကို လုံးဝ မတွေ့ပေ။

လုကော်ပိုရေးရှင်းရဲ့ဥက္ကဌဖြစ်တဲ့လုပေရွှမ်း ကိုယ်တိုင်က အဖေရီကို မတွေ့ခင်ပါက ကိုယ်ရံတော်နှင့်အစောင့်တွေဟာ အဖေရီကို လုပေရွှမ်းနှင့် မတွေ့နိုင်အောင် နည်းအမျိုးမျိုးဖြင့် တားကြပေလိမ့်မည်။

ပိုပြီးရှက်စရာကောင်းသည်က သမီးဖြစ်သောရီကျန်းမှတဆင့် လုပေရွှမ်းကို တွေ့ရန် ကြိုးစားချိန်တိုင်းမှာလည်း ရီကျန်းကလည်း အဖေရီကို ရှောင်နေခြင်းပင်။ အဖေရီသည် လုပေရွှမ်းကို သူ့ရဲ့စွန့်ဦးရင်းနှီးမြှုပ်နှံ့မှုကိစ္စနှင့် ပတ်သက်ပြီး စကားပြောချင်တာကြာပြီဖြစ်သည်....

💜💜💜💜💜💜💜

Continue Reading

You'll Also Like

1.1M 57.4K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
348K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...