Unicode
အခန်း ၃၈ ) တချို့လူတွေရဲ့ပါးစပ်က သူတို့စိတ်နှလုံးလိုပဲ.. ညစ်ညမ်းတယ်
လုချီယွမ်မျက်နှာ စူပုပ်သွားလေတော့၏။ ရှချင်းယန်ပြောသမျှစကားလုံးတိုင်းသည် သူ့နှလုံးကို ထိုးဖောက်နေသလိုရှိသည်။
“ ဟုတ်ပါပြီ .. ကျော်မကောင်းကြားမကောင်းမှန်းသိရင် ဘာလို့ ဆက်ပြောနေသေးလဲ ”
သူတစ်ပါးကရုဏာသက်ဖို့အရေး လုမိသားစုမှာ ဘယ်လိုတွေခံစားခဲ့ရကြောင်း သူမက အပြင်လူတွေကိုပြောပြထားသည် ဟု လုချီယွမ်သံသယဝင်နေတာကို လုမန်သိသည်။
သို့ပေမယ့် လုမန်ကတော့ ဂရုကိုမစိုက်တာပါ။
ဖအေဖြစ်သည့် လုချီယွမ်သည် သြချရလောက်အောင် သူမစိတ်နေစိတ်ထားနှင့်ပတ်သက်၍ ဘာမျှမသိပေ။
လုချီယွမ်က မယုံကြည်လို့ သံသယဝင်လို့ ဆိုပြီးတော့လဲ လုမန်က ဝမ်းနည်းစိတ် မဖြစ်။ သူမဟာ ထုံထိုင်းနေခဲ့ပြီကိုး။
ပြီးတော့ တခြားရှုထောင့်ကနေတွေးကြည့်လေ။ အရင်က ဆိုးဆိုးရွားရွားတွေသာ မခံစားခဲ့ရရင် သူမ အခုလောက်ထိ ထုံထိုင်းနေပါ့မလား။
သို့ပေမယ့် လုချီယွမ်ကတော့ ဒါတွေမသိ။
“ စိတ်ချပါ လုမန်က အိမ်မှာဖြစ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှဖောက်သည်မချဘူး ”
လုမန် ဘာမှမပြောပေမယ့် ဝူကျိကော်က တော်တော်ကို မတရားဘူးထင်တာကြောင့် သူမဘက်ကဝင်ပြောပေးလိုက်သည်။
“ ရှချင်းဝေနဲ့ ပြောတဲ့စကားတွေကလည်း ပုံမှန်အတိုင်း ရှင်းရှင်းကြီးပဲ။ ဟမ့်.. ခင်ဗျားတို့တွေလုပ်ရဲမှတော့ အတင်းအဖျင်းတွေထွက်မှာလည်း မကြောက်ကြနဲ့လေ ”
ဝူကျိကော်စကားတွေကို နားထောင်ပြီး ရှချင်းယန် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူမက အထင်သေးစွာဖြင့် ပြောလိုက်၏။
“ ကျွန်မတို့အိမ်တွင်းရေးကို ဝင်စွက်ဖက်ရအောင် ရှင်က ဘယ်သူမို့လို့လဲ။ ရှချင်းဝေရဲ့လင်အသစ်တော့မဟုတ်ပါဘူးနော် ဟုတ်လား ”
ပြောရင်း ရှချင်းယန်က ငေါ့တော့တော့ဖြင့် ပြုံးလိုက်သည်။
လူလတ်ပိုင်းအရွယ် ချောချောမောမောရှိသော ယောက်ျားဆိုတာ ရဖို့ခက်သည်။
အနည်းဆုံးတော့ လုချီယွမ်က ကြည့်ကောင်းသေးကာ ဝူကျိကော်က သာမန်ရုပ်ရည်သာရှိ၏။
ပြီးတော့ ရှချင်းဝေကို ဇီဇာကြောင်မယ်လို့ထင်ထားခဲ့တာ..
လုချီယွမ်ကလည်း မရွှင်မပျဖြစ်လာသည်။
သူတို့ကွာရှင်းလိုက်သည်မှာ နှစ်တွေကြာပြီဆိုသော်လည်း ရှချင်းဝေကို နောက်အိမ်ထောင်ပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပါချေ။
သူ့မျက်လုံးထဲမှာတော့ အရင်ဇနီးဟာလည်း ဇနီးသည်ဖြစ်နေတုန်းပေမို့ သူတို့ကွာရှင်းပြီးလျှင်တောင်မှ နောက်ထပ်ယောက်ျားတစ်ယောက်ကို မရှာသင့်ပေ။
မဟုတ်ရင် သစ္စာဖောက်သလို သူခံစားမိသည်။
သို့သော် ဝူကျိကော်က အမျက်ခြောင်းခြောင်းထွက်သွားကာ မျက်နှာသည် သကြားမုံလာကဲ့သို့ နီတွတ်သွားပေတော့၏။
“ ခင်ဗျား.. ခင်ဗျားတော်တော်အပေါက်ဆိုးတဲ့မိန်းမပါလား! ကျုပ်အမျိုးသမီးနဲ့ရှောင်ရှနဲ့က လူနာခန်းတစ်ခန်းတည်းမှာဆေးရုံတက်ကြတာ။ လုမန်သူ့မေမေဆီလာတွေ့ပြီးစကားတွေပြောတိုင်း ကျုပ်တို့လည်း နားစွန်နားဖျားတော့ကြားနေရတယ်။ တစ်ခုချင်းဆက်စပ်ကြည့်ဖို့က အလွယ်လေးရယ်။ ခင်ဗျားမှာ အယုတ္တအနတ္တတွေပဲထွက်တဲ့ပါးစပ်ပေါက်ရှိနေတာပဲ! ”
ရှချင်းယန်က နှုတ်ခမ်းတွေကိုမဲ့ပစ်ကာ လုမန်ကို အပြစ်ဆက်ဆိုသည်။
“ လုမန် ဒါ နင့်အမှားပဲ စကားကို ဘယ်လိုလုပ်ပြီး မဆင်မခြင်ပြောရတာလဲ။ ဒါ မတော်တဆလား တမင်တကာလား... ”
ရှချင်းယန်စကားတွေကို လုချီယွမ်ကြားရလျှင် သူသည် လုမန်က သူတို့တွေကို တမင်တကာပေးနားထောင်သည်ဟု ယုံကြည်သည်။
“ ပြီးတော့ ဒီကအစ်ကိုကြီး ရှင့်အမျိုးသမီးက နေထိုင်မကောင်းဖြစ်နေတာဆိုရင် သူများကိစ္စဝင်ရှုပ်မယ့်အစား ကိုယ့်မိန်းမကိုယ်ပဲ သွားပြုစုပေးသင့်တယ်။ ခုလို ဒေါတွေပွနေတယ်ဆိုတော့ ဧကန္တ ရှင်နဲ့ ရှချင်းဝေတို့... ”
ရှချင်းယန်မျက်နှာပေးကပြောင်းလဲသွား၏။
“ ဟားဟား ရှင့်အမျိုးသမီးက တစ်ခန်းတည်းမှာနေနေတုန်းပဲဆိုတော့ ရှင်တို့ သိပ်ကို မလည်လွန်းဘူးလား ”
ဒီနားမှာ ရူးနေတဲ့သူတစ်ယောက်မှ မရှိဘဲလေ။ ဘေးမှာ ဝိုင်းကြည့်နေကြသည့် လူတွေပဲဖြစ်စေ ဝူကျိကော်ကိုယ်တိုင်ပဲဖြစ်စေ ထိုစကားလုံးတွေနောက်မှာကပ်ပါလာသည့် ဆိုလိုရင်းကို လုံးဝ နားလည်သည်။
မကျန်းမာသော မိတ်ဆွေ၏ ခင်ပွန်းသည်ကိုပင် ဖြားယောင်းသော ကြောင်သူတော်မလို့ ရှချင်းဝေကို သွယ်ဝိုက်ပြောဆိုလိုက်တာ မဟုတ်လား။
“ ပါးစပ်ပိတ်စမ်း!! ”
ဒေါသတကြီးအော်သံသည် ဝူကျိကော်ထံမှ ထွက်ပေါ်လာသည် မဟုတ်။
သို့သော် ဝူကျိကော်ကလည်း ဒေါသထွက်နေကာ မျက်နှာက ညိုမဲပြီး စကားပြောတော့မည့်ဆဲဆဲတွင်ဖြစ်သည်။
လုမန်တောင်မှ မျက်နှာအမူအရာပြောင်းလဲသွားခဲ့ရ၏။ သို့ပေမယ့် လှည့်ကြည့်လိုက်တော့ အခန်းထဲက ထွက်လာသော ရှချင်းဝေကို တွေ့လိုက်ရကာ သူမက ဆေးချိတ်တိုင်ကို ဆွဲလို့ ဘေးမှာ အန်တီချိုင်လည်း ပါလာသည်။
အန်တီချိုင်က လုမန်ကို တောင်းပန်လိုက်၏။
“ တောင်းပန်တယ် လုမန်.. အန်တီ သူ့ကို မတားလိုက်နိုင်ဘူး ”
လုမန် ခေါင်းကို သွက်သွက် ခါလိုက်ရင်း..
“ မဟုတ်တာ အန်တီရယ် ကျွန်မတို့ကပဲ တောင်းပန်ရမှာပါ။ အန်တီချိုင်နဲ့ ဦးလေးဝူကိုဒုက္ခတွေ တစ်ပုံကြီး ပေးမိပါပြီ။ နှစ်ယောက်လုံးစော်ကားမော်ကားပြောဆိုခံရတာ ကျွန်မတို့အပြစ်တွေပါ ”
“ ရတယ် ကလေး စိတ်ထဲမထားနဲ့ .. အန်တီတို့က သမီးနဲ့ သမီးမေမေကို အပြည့်အဝ ယုံကြည်ပြီးသားပါ ”
နှစ်သိမ့်စကားတွေပြောလိုက်ပြီးမှ အန်တီချိုင်က ရှချင်းယန်ဘက်လှည့်ကာ မျက်စောင်းလေးနှင့် ခပ်စူးစူးကြည့်၏။
“ တချို့လူတွေရဲ့ပါးစပ်က သူတို့စိတ်နှလုံးလိုပဲ.. ညစ်ညမ်းတယ် .. သူကလည်း သူများတွေကို သူ့လိုပဲ သူတစ်ပါးခင်ပွန်းလင်ကို ခိုးရအောင် ညစ်ညမ်းရိုင်းစိုင်းတယ်လို့ ထင်လို့နေမှာပေါ့ ”
==================================
Zawgyi
အခန္း ၃၈ ) တခ်ိဳ႕လူေတြရဲ့ပါးစပ္က သူတို႔စိတ္ႏွလံုးလိုပဲ.. ညစ္ညမ္းတယ္
လုခ်ီယြမ္မ်က္ႏွာ စူပုပ္သြားေလေတာ့၏။ ရွခ်င္းယန္ေျပာသမ်ွစကားလံုးတိုင္းသည္ သူ႔ႏွလံုးကို ထိုးေဖာက္ေနသလိုရိွသည္။
“ ဟုတ္ပါၿပီ .. ေက်ာ္မေကာင္းၾကားမေကာင္းမွန္းသိရင္ ဘာလို႔ ဆက္ေျပာေနေသးလဲ ”
သူတစ္ပါးကရုဏာသက္ဖို႔အေရး လုမိသားစုမွာ ဘယ္လိုေတြခံစားခဲ့ရေၾကာင္း သူမက အျပင္လူေတြကိုေျပာျပထားသည္ ဟု လုခ်ီယြမ္သံသယဝင္ေနတာကို လုမန္သိသည္။
သို႔ေပမယ့္ လုမန္ကေတာ့ ဂရုကိုမစိုက္တာပါ။
ဖေအျဖစ္သည့္ လုခ်ီယြမ္သည္ ၾသခ်ရေလာက္ေအာင္ သူမစိတ္ေနစိတ္ထားႏွင့္ပတ္သက္၍ ဘာမ်ွမသိေပ။
လုခ်ီယြမ္က မယံုၾကည္လို႔ သံသယဝင္လို႔ ဆိုၿပီးေတာ့လဲ လုမန္က ဝမ္းနည္းစိတ္ မျဖစ္။ သူမဟာ ထံုထိုင္းေနခဲ့ၿပီကိုး။
ၿပီးေတာ့ တျခားရႈေထာင့္ကေနေတြးၾကည့္ေလ။ အရင္က ဆိုးဆိုးရြားရြားေတြသာ မခံစားခဲ့ရရင္ သူမ အခုေလာက္ထိ ထံုထိုင္းေနပါ့မလား။
သို႔ေပမယ့္ လုခ်ီယြမ္ကေတာ့ ဒါေတြမသိ။
“ စိတ္ခ်ပါ လုမန္က အိမ္မွာျဖစ္တဲ့ကိစၥေတြနဲ႔ပတ္သက္ၿပီး ဘယ္သူ႔ကိုမွေဖာက္သည္မခ်ဘူး ”
လုမန္ ဘာမွမေျပာေပမယ့္ ဝူက်ိေကာ္က ေတာ္ေတာ္ကို မတရားဘူးထင္တာေၾကာင့္ သူမဘက္ကဝင္ေျပာေပးလိုက္သည္။
“ ရွခ်င္းေဝနဲ႔ ေျပာတဲ့စကားေတြကလည္း ပံုမွန္အတိုင္း ရွင္းရွင္းႀကီးပဲ။ ဟမ့္.. ခင္ဗ်ားတို႔ေတြလုပ္ရဲမွေတာ့ အတင္းအဖ်င္းေတြထြက္မွာလည္း မေၾကာက္ၾကနဲ႔ေလ ”
ဝူက်ိေကာ္စကားေတြကို နားေထာင္ၿပီး ရွခ်င္းယန္ မ်က္ႏွာအမူအရာ ေျပာင္းလဲသြားသည္။ သူမက အထင္ေသးစြာျဖင့္ ေျပာလိုက္၏။
“ ကြၽန္မတို႔အိမ္တြင္းေရးကို ဝင္စြက္ဖက္ရေအာင္ ရွင္က ဘယ္သူမို႔လို႔လဲ။ ရွခ်င္းေဝရဲ့လင္အသစ္ေတာ့မဟုတ္ပါဘူးေနာ္ ဟုတ္လား ”
ေျပာရင္း ရွခ်င္းယန္က ေငါ့ေတာ့ေတာ့ျဖင့္ ၿပံဳးလိုက္သည္။
လူလတ္ပိုင္းအရြယ္ ေခ်ာေခ်ာေမာေမာရိွေသာ ေယာက္်ားဆိုတာ ရဖို႔ခက္သည္။
အနည္းဆံုးေတာ့ လုခ်ီယြမ္က ၾကည့္ေကာင္းေသးကာ ဝူက်ိေကာ္က သာမန္ရုပ္ရည္သာရိွ၏။
ၿပီးေတာ့ ရွခ်င္းေဝကို ဇီဇာေၾကာင္မယ္လို႔ထင္ထားခဲ့တာ..
လုခ်ီယြမ္ကလည္း မရႊင္မပ်ျဖစ္လာသည္။
သူတို႔ကြာရွင္းလိုက္သည္မွာ ႏွစ္ေတြၾကာၿပီဆိုေသာ္လည္း ရွခ်င္းေဝကို ေနာက္အိမ္ေထာင္ျပဳလိမ့္မည္ဟု သူ မေမ်ွာ္လင့္ထားမိပါေခ်။
သူ႔မ်က္လံုးထဲမွာေတာ့ အရင္ဇနီးဟာလည္း ဇနီးသည္ျဖစ္ေနတုန္းေပမို႔ သူတို႔ကြာရွင္းၿပီးလ်ွင္ေတာင္မွ ေနာက္ထပ္ေယာက္်ားတစ္ေယာက္ကို မရွာသင့္ေပ။
မဟုတ္ရင္ သစၥာေဖာက္သလို သူခံစားမိသည္။
သို႔ေသာ္ ဝူက်ိေကာ္က အမ်က္ေျခာင္းေျခာင္းထြက္သြားကာ မ်က္ႏွာသည္ သၾကားမံုလာကဲ့သို႔ နီတြတ္သြားေပေတာ့၏။
“ ခင္ဗ်ား.. ခင္ဗ်ားေတာ္ေတာ္အေပါက္ဆိုးတဲ့မိန္းမပါလား! က်ဳပ္အမ်ိဳးသမီးနဲ႔ေရွာင္ရွနဲ႔က လူနာခန္းတစ္ခန္းတည္းမွာေဆးရံုတက္ၾကတာ။ လုမန္သူ႔ေမေမဆီလာေတြ့ၿပီးစကားေတြေျပာတိုင္း က်ဳပ္တို႔လည္း နားစြန္နားဖ်ားေတာ့ၾကားေနရတယ္။ တစ္ခုခ်င္းဆက္စပ္ၾကည့္ဖို႔က အလြယ္ေလးရယ္။ ခင္ဗ်ားမွာ အယုတၲအနတၲေတြပဲထြက္တဲ့ပါးစပ္ေပါက္ရိွေနတာပဲ! ”
ရွခ်င္းယန္က ႏႈတ္ခမ္းေတြကိုမဲ့ပစ္ကာ လုမန္ကို အျပစ္ဆက္ဆိုသည္။
“ လုမန္ ဒါ နင့္အမွားပဲ စကားကို ဘယ္လိုလုပ္ၿပီး မဆင္မျခင္ေျပာရတာလဲ။ ဒါ မေတာ္တဆလား တမင္တကာလား... ”
ရွခ်င္းယန္စကားေတြကို လုခ်ီယြမ္ၾကားရလ်ွင္ သူသည္ လုမန္က သူတို႔ေတြကို တမင္တကာေပးနားေထာင္သည္ဟု ယံုၾကည္သည္။
“ ၿပီးေတာ့ ဒီကအစ္ကိုႀကီး ရွင့္အမ်ိဳးသမီးက ေနထိုင္မေကာင္းျဖစ္ေနတာဆိုရင္ သူမ်ားကိစၥဝင္ရႈပ္မယ့္အစား ကိုယ့္မိန္းမကိုယ္ပဲ သြားျပဳစုေပးသင့္တယ္။ ခုလို ေဒါေတြပြေနတယ္ဆိုေတာ့ ဧကႏၲ ရွင္နဲ႔ ရွခ်င္းေဝတို႔... ”
ရွခ်င္းယန္မ်က္ႏွာေပးကေျပာင္းလဲသြား၏။
“ ဟားဟား ရွင့္အမ်ိဳးသမီးက တစ္ခန္းတည္းမွာေနေနတုန္းပဲဆိုေတာ့ ရွင္တို႔ သိပ္ကို မလည္လြန္းဘူးလား ”
ဒီနားမွာ ရူးေနတဲ့သူတစ္ေယာက္မွ မရိွဘဲေလ။ ေဘးမွာ ဝိုင္းၾကည့္ေနၾကသည့္ လူေတြပဲျဖစ္ေစ ဝူက်ိေကာ္ကိုယ္တိုင္ပဲျဖစ္ေစ ထိုစကားလံုးေတြေနာက္မွာကပ္ပါလာသည့္ ဆိုလိုရင္းကို လံုးဝ နားလည္သည္။
မက်န္းမာေသာ မိတ္ေဆြ၏ ခင္ပြန္းသည္ကိုပင္ ျဖားေယာင္းေသာ ေၾကာင္သူေတာ္မလို႔ ရွခ်င္းေဝကို သြယ္ဝိုက္ေျပာဆိုလိုက္တာ မဟုတ္လား။
“ ပါးစပ္ပိတ္စမ္း!! ”
ေဒါသတႀကီးေအာ္သံသည္ ဝူက်ိေကာ္ထံမွ ထြက္ေပၚလာသည္ မဟုတ္။
သို႔ေသာ္ ဝူက်ိေကာ္ကလည္း ေဒါသထြက္ေနကာ မ်က္ႏွာက ညိုမဲၿပီး စကားေျပာေတာ့မည့္ဆဲဆဲတြင္ျဖစ္သည္။
လုမန္ေတာင္မွ မ်က္ႏွာအမူအရာေျပာင္းလဲသြားခဲ့ရ၏။ သို႔ေပမယ့္ လွည့္ၾကည့္လိုက္ေတာ့ အခန္းထဲက ထြက္လာေသာ ရွခ်င္းေဝကို ေတြ့လိုက္ရကာ သူမက ေဆးခ်ိတ္တိုင္ကို ဆြဲလို႔ ေဘးမွာ အန္တီခ်ိဳင္လည္း ပါလာသည္။
အန္တီခ်ိဳင္က လုမန္ကို ေတာင္းပန္လိုက္၏။
“ ေတာင္းပန္တယ္ လုမန္.. အန္တီ သူ႔ကို မတားလိုက္ႏိုင္ဘူး ”
လုမန္ ေခါင္းကို သြက္သြက္ ခါလိုက္ရင္း..
“ မဟုတ္တာ အန္တီရယ္ ကြၽန္မတို႔ကပဲ ေတာင္းပန္ရမွာပါ။ အန္တီခ်ိဳင္နဲ႔ ဦးေလးဝူကိုဒုကၡေတြ တစ္ပံုႀကီး ေပးမိပါၿပီ။ ႏွစ္ေယာက္လံုးေစာ္ကားေမာ္ကားေျပာဆိုခံရတာ ကြၽန္မတို႔အျပစ္ေတြပါ ”
“ ရတယ္ ကေလး စိတ္ထဲမထားနဲ႔ .. အန္တီတို႔က သမီးနဲ႔ သမီးေမေမကို အျပည့္အဝ ယံုၾကည္ၿပီးသားပါ ”
ႏွစ္သိမ့္စကားေတြေျပာလိုက္ၿပီးမွ အန္တီခ်ိဳင္က ရွခ်င္းယန္ဘက္လွည့္ကာ မ်က္ေစာင္းေလးႏွင့္ ခပ္စူးစူးၾကည့္၏။
“ တခ်ိဳ႕လူေတြရဲ့ပါးစပ္က သူတို႔စိတ္ႏွလံုးလိုပဲ.. ညစ္ညမ္းတယ္ .. သူကလည္း သူမ်ားေတြကို သူ႔လိုပဲ သူတစ္ပါးခင္ပြန္းလင္ကို ခိုးရေအာင္ ညစ္ညမ္းရိုင္းစိုင္းတယ္လို႔ ထင္လို႔ေနမွာေပါ့ ”
==================================