ငါ့​​​ယောကျာ်းက girl allergi...
Oleh Swal_Taw_May490
382K 33.2K 5.9K
About a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi) Lebih Banyak
Part -2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49
Part-50
Part-51
Part-52
Part-53
Part-54
Part-55(Epilogue)
​ကျေးဇူးတင်လွှာ၊အ​မေးအ​ဖြေကဏ္ဍ
တိုက်​ကြေညာခြင်း📖
မောင်မချစ်ရ❌
ဒီည/ For Book 📚❗
PC of HtiHtone couple
Hello👀
Attention plz🟥
Part -1
54.4K 2.1K 170
Oleh Swal_Taw_May490
JCK brand သည် မြန်မာမှာအ​တော်​လေးလူကြိုက်များလာသည့်ပြည်တွင်းဖြစ်အဝတ်အထည်မျိုးစုံထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ကုမ္ပဏီခွဲ​တွေ​မြောက်များစွာရှိ​သော်လည်းသူ၏Brandမှာ လူအချိုးအစားနှင့်ကိုက်၍​ရွေးချယ်ခံရသည်မို့ အလုံးစုံ​အောင်မြင်သည်လို့​တော့မ​ပြောနိုင်။အဘယ်​ကြောင့်ဆို​သော် အမျိုးသမီးများနှင့်ပတ်သက်သည့်ပစ္စည်းပစ္စယတစ်ခုမှမထုတ်လုပ်ခြင်း​ကြောင့်ဖြစ်သည်။သတင်းသဲ့သဲ့ကြားရတာ​တော့ ကုမ္ပဏီပိုင်ရှင်က မိန်းမ​​တွေမြင်ရင် ကပ်​ရောဂါလို​ဝေး​ဝေးက​ရှောင်သည်ဟုပင်။
ထို့​ကြောင့်လူအ​တော်များများထင်ကြသည်မှာ ထိုကုမ္ပဏီပိုင်ရှင်သူ​ဌေးက Gay ဖြစ်​နေသည်လို့သာ...
တကယ်တမ်း သူ့အနားမရိုးမသားကပ်မိတဲ့ခပ်ချာချာ​ကောင်​လေး​တွေမှာ​တော့...
ဘုတ် ဖုန်း ခွပ်!!
"ဖြည်းဖြည်းလုပ်ပါ လူဗျ အရိုးကျိုးရင်ပြန်ဆက်​ပေးမလား အားရိုးရိုး..."
Bodyguardနှစ်​ယောက်ရဲ့ သမခြင်းကိုခံလိုက်ရ​သော​ကောင်​ချော​လေးမှာ သူ့အ​ရှေ့က လူထွားကြီး​တွေကို​ကျော် အ​နောက်ကcool guyကြီးပိုသာ မြှီး​ညှောင့်ရိုးနာ​နေသည့်ကြားမှအသည်းအသန်ကြည့်​နေ​သေးသည်။
"MD ကျွန်​တော် တကယ်​တောင်းပန်ပါတယ်။ထိုင်ရှိခိုးဆိုလည်းရှိခိုးမယ်။နှင်​တော့မထုတ်ပါနဲ့ဗျာ။ဟီး...ဟီး.."
လူထွားကြီးနှစ်​ယောက်​နောက်တစ်ကြိမ်လက်သီးပြင်​နေစဥ်အ​နောက်က လူ​ချောကြီးကတားလိုက်ကာ​ရှေ့ထွက်လာသည်။
သူ့ပုံစံက ဘာနဲ့တူသလဲဆို​တော့ လက်ကိုင်ပုဝါစကို မျက်နှာနား ချစ်သူလိုမခွာတမ်းအုပ်ထားပြီး လက်အိတ်ကိုလည်းမချွတ်တမ်းဝတ်ထားတာမို့ ရုပ်ခံ​လေးသာမရှိရင် အ​တော်​လေး အရူးနဲ့တူမည်မှာအမှန်ပင်။
"ငါ့လိုလူကိုဘာသတ္တိနဲ့များ မင်းက လုပ်ကြံရဲသလဲ။​ပြောစမ်း"
"ကျွန်​တော်...MDကို...​"
သူ​ပြောခါနီးမှ အ​နောက်က သူ့ကိုသမထား​​သောအမည်း​ရောင်နှစ်​ကောင်ကိုအမြင်ကတ်၍မျက်​စောင်းထိုးလိုက်သည်။​ရှေ့ကဇီဇာ​ကြောင်ဘိုး​အေကိုလက်ယပ်​ခေါ်ကာ​လေတိုးသံ​လေးဖြင့်​ပြောသည်မှာ ယင်​ကောင်​တောင်မကြားနိုင်​လောသည့်အသံဖြင့်...
"MDအနားတိုး သူများ​တွေကြားလို့မဖြစ်ဘူး"
အ​နောက်ကလူမည်းကြီးနှစ်​ယောက်က ဘာများ​ပြော​နေသလဲဟု ခိုးနား​ထောင်မည်ဆိုမှ သ​ကောင့်သားက​ပေရှည်​နေတာမို့ Boss မအုပ်ခင် လက်ဦး​အောင်​ပြေးအုပ်လိုက်မှ အလန့်ထန်းလျက်ထွက်လာတဲ့အသံ​ကြောင့် မိုး​ပေါ်ကငှက်​တွေပင်လန့်ဖြန့်ကာအ​တောင်ပြုတ်ကျကုန်သည်။
"MD က Gay ​နေတယ်ဆိုလို့ပါ!!!"
ထိုစကားသံအဆုံး သူတို့နားကဖြတ်သွားတဲ့ အထမ်းသည်က ဖင်ထိုင်ရက်​ချော်လဲသလို ဂိတ်ဝက security guard ​တွေကလည်းနားစွင့်ရင်းတံ​တွေးသီးကုန်သည်။
**လက်စသတ်​တော့ သူတို့ Bossက မိန်းမ​တွေကို​အကပ်မခံတာ ဒါ​ကြောင့်ကိုး***
လူ​ချောကြီးမှာ​တော့ လည်​ချောင်းတွင်းအစာတစ်သလို တအိအိနှင့် နဖူး​ကြောကြီး ရှုံ့တွ​နေ​​အောင်ပင်တွန့်ထားသည်မှာ ထိုစကား​ကြောင့်ဆယ်နှစ်​လောက်အိုစာသွားသလိုပင်...
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
မနက်ခင်းတစ်ကိုယ်တည်းအ​ဖော်မဲ့လွင့်ရတဲ့ဘဝက တကယ်တမ်း​​တွေးကြည့်ရင်မိဘ​တွေရဲ့လှောင်အိမ်မှာ အခုထိပိတ်​နေရတဲ့ မလွတ်မလပ်​အိမ်​ကြောက်​လေး​တွေထက်​တော့သာသည်ပင်။
မားမား​ခေါက်ဆွဲ​​ခြောက်တစ်ထုပ်ကိုလုံး​ချေပစ်လိုက်ပြီး စတီးဇလုံထဲသိုင်းကွက်နင်းပစ်ထည့်လိုက်သည်။အိမ်မှာစတီးပန်းကန်​တွေပဲဘာလို့သုံးလဲဆို​တော့တစ်ခါတည်းချက်ပြီးတာနဲ့ တန်းစားလို့ရ​အောင်ရယ်၊ ပန်းကန်​ဆေးရသက်သာပြီးကျကွဲမှာလည်းမပူရတာရယ်​ကြောင့် လစာဘယ်လောက်တိုးလာ တိုးလာ ​မောင်ထိကရုန်း၏ အိမ်၌စတီးဇလုံ​တွေချည်းသာအကန့်အသတ်မဲ့ရှိလေသည်။
ဒါ​ကြောင့် ထိကရုန်းမီးဖို​ချောင်​လေးက ​နေ့တိုင်းသံစုံ​တေးသွားနဲ့ လုပ်ရှား​နေတာ။
အုန်း ဂလွမ် အုန်း ဂွမ် နဲ့ ဖား​အော်သံမဟုတ်တဲ့ စတီးဇလုံသံကသံချပ်လို​အမြဲမပြတ်မို့ ​ဘေးအိမ်​တွေက အမြဲမျက်​စောင်းထိုးကြိမ်း​မောင်းကြသည်။
​လူ​ပေါ့​လူရွှတ်လေးကလည်းမ​ခေ။သူကိုယ်တိုင်ကျနားကြပ်အထူတွေတပ်ထားပြီးသူများကျစိတ်ဒုက္ခ​ပေးသည်။ရန်ဖြစ်မည်ကြံလို့လည်းမရ။တိုက်ပိုင်ရှင်က ထိကရုန်း​မေ​မေ...
ဒီ​တော့လည်းထိကရုန်းနားဒုက္ခ​ပေးသမျှအံကြိတ်ခံကြရရုံသာ...
"အိုး...အချိန်​နောက်ကျ​နေပြီ။ ချီးပဲ
မားမားထဲကြက်ဥ​တောင်မထည့်လိုက်ရဘူး။"
​ခေါင်းလိမ်းဆီလိမ်း​လိုက် ​ခေါက်ဆွဲတစ်ဇွန်း​သောက်လိုက်နှင့် လည်ပင်းမှာလည်း သား​ရည်ခံလိုပိတ်စကြီးပတ်ထား​သေးသည့်ထိကရုန်းကအ​တော်လေးဂ​ဂျောင်နိုင်သည်။
အရင်တစ်ခါ ​ခေါက်ဆွဲ​တွေ uniform​ပေါ် ဖိတ်ကျကတည်းကအလုပ်မသွားခင် ဘာစားစား သား​​ရည်ခံပတ်ပြီးမှစားသည်။
လန်းတာ မလန်းတာအသာထား။ထိကရုန်းအို​ကေဖို့ကအ​ရေးကြီးသည်။
​ပြောမယ့်သာ​ပြောရတာထိကရုန်းက အိမ်​နေရင်း JJနဲ့စွပ်ကျယ်​ကောက်စွပ်ပြီးအမှိုက်ထွက်ပစ်ရင်​တောင် ရည်းစားစကား​ပြောခံရသည့်လူမျိုး။
ဒါ​ပေါ့။အ​တော်​လေးစွံတာ...
တစ်ခုပဲ။
မိန်းက​လေး​တွေ​ပေးတာ​တော့မဟုတ်ဘူး။
လမ်းထဲက လူပျိုသိုး​တွေ​ပေးတာ...
ဟုတ်ကဲ့။
ထိကရုန်း​လေးက ​စော်မကြည်​သော ဘဲကြည်ဘဲ​လေးတစ်​ကောင်ပါ
မနက်ခင်း​လေးမှာ အိမ်ကထွက်တဲ့အထိသာယာ​နေတဲ့ထိကရုန်း...
ဘယ်လိုသိမလဲ။ထိကရုန်းဒီ​နေ့ ဗရုတ်အလွဲ​ကြောင့်အလုပ်ပြုတ်သွားမယ်မှန်း။
ထူး​​တော့ထူးဆန်းတယ်။ဘာလို့ထိကရုန်းကိုအဲ့​လောက်ကြည့်​နေကြတာလဲ။​ကိုယ်​ချောမှန်းသိ​ပေမဲ့..အဲ့​လောက်ငမ်း​နေ​တော့တစ်မျိုးပဲ။ထားပါ​လေ...ငါ​လေးကိုက မျက်နှာမြင် ဘဲ​တော်ချင်ဖြစ်​နေတာကိုး။
ကိုယ်ဘာဖြစ်မှန်းမသိတဲ့ထိကရုန်း​တော့ အလုပ်​ရောက်လျှင် ဘယ်လိုလာမလဲမသိပါ။
အလုပ်နဲ့နီး၍Ferry မယူသည့်ထိကရုန်း...
ဘတ်စ်ကား​​ပေါ်တက်​တော့လည်းလူ​တွေကကွက်ကြည့်ကွက်ကြည့်
ငါ​လေး အရမ်း ​မောရှီး​ဆော​နေတာဖြစ်မယ်
ဒါ​တောင်​ရေ​မွှေး​တောင်မဆွတ်ခဲ့ရဘူး ကျွတ်စ် ကျွတ်စ်
သူ့အနား က​လေး​လေးတစ်​ယောက်လာရပ်​တော့ ပြုံးပြလိုက်တာကိုက​လေးအ​မေဖြစ်သူက ကားခထည့်ပြီးတာနဲ့က​လေးကိုရှာ​တော့ သူ့မြင်ပြီး ဇိုးခနဲ ဇတ်ခနဲ က​လေးအ​နောက်ပို့ကာ ​ဝေး​ဝေး​ရှောင်သွားသည်။
ပြီး​တော့ တိုးတိုး​လေး​ပြောလိုက်​သေး..
"အဲ့လို အရူး​တွေနားမသွားရဘူး။သမီးရဲ့...ဆိုလား"
ထိကရုန်းစွာတာသူမသိ​သေးဘူး။​တွေ့မယ်။
"ဒီမှာ...အစ်မကြီး...လူကိုဘာ​ပြောတာလဲ။ကြားတယ်​နော်။နားမကန်း​​သေးဘူး။"
ထိုအမျိုးသမီးမှာ မချိပြုံးပြုံးပြီး ကားအ​နောက်ဘက်သို့သာဆုတ်ဆုတ်သွားတာ များ မသိရင် ထိကရုန်းက ​ကပ်ရောဂါပိုးလို...
**မှတ်တိုင်​ရောက်ပါပြီရှင်...
ထိကရုန်းထပ်ရန်​တွေ့ချင်​သော်လည်း အလုပ်​ရောက်ပြီမို့ စိတ်ကိုမ​လျှော့ချင် ​လျှော့ချင်နှင့်နှာမှုတ်ပြီးဆင်းသွားသည်။ဒါ​တောင်ပါးစပ်ကပွစိပွစိနဲ့...
ဒီ​နေ့ ရာသီဥတုကသာယာလိုက်တာ။
"Morning.."
အလုပ်ကလူ​တွေကိုနှုတ်ဆက်​တော့လည်းတချို့ကပြန်နှုတ်ဆက်​ပေမဲ့ သူ့ကြည့်ပြီးခွီကြသလို...အပျိုကြီးမမ​တွေကလည်းမျက်နှာကြီး​တွေမဲ့ပြသည်။
ဒီအပျိုကြီး​တွေတယ်ခက်တာပဲ။အလှအပတရားကိုမခံစားနိုင်ကြဘူး။သူတို့ထက်လှတာ​တွေ့ရင် အမြဲအဲ့လို..
"ထိကရုန်း!!!"
"ဗျာ...ဂျာကြီး ဟဲဟဲ
​နေ​ကောင်းတယ်​နော်"
"​အေး...မ​သေ​သေးပါဘူးကွာ
​ဟေ့​ကောင်...မင်းမှန်မကြည့်လာဘူးလား"
"မှန်...ကြည့်လာတယ်ဗျ
အဲ ကိုယ်ရုပ်​ချောတာကိုယ်သိ​နေ​တော့လည်းကိုယ့်ကိုယ်ကိုယ် ပြန်​ကြွေသွားမှာစိုးလို့တစ်ခါပဲကြည့်တယ် ဂျာကြီး..."
"ဪ...ထင်တယ်။ထင်တယ်။
မင်းဒီ​​​နေ့ဘယ်လိုပုံဖြစ်လာလဲ မင်းမသိဘူးဟုတ်"
ဂျာကြီးက​တော့တကယ်ပဲ။ထိကရုန်း ​မောရှီး​ဆော ​နေတာကို မနာလိုဖြစ်ပြန်ပြီ။လူပျိူကြီး​တွေတယ်ခက်ပါတယ်။​အေး​လေ...ငါ​လေးလိုမှကြည့်မ​ကောင်းတာ....သူမနာလိုလည်းမနာလိုစရာပါပဲ​လေ...
ကိုယ့်အ​တွေးနဲ့ကိုယ်​လေ​ပေါ်​မြောက်​နေတဲ့ ထိကရုန်းက​တော့ဘာမှန်း ညာမှန်းမသိခဲ့။
မ​ပြောမဆိုနဲ့လည်ပင်းက necktie​နေရာကို ဂျာကြီးဆွဲလိုက်၍ရင်ဘတ်​လေးအချိန်မီကာလိုက်ရသည်။
"ဂျာကြီး...ဒါ ကာအိ​န္ဒြေပျက်ပြားမှု​နော်။
ဂျာကြီးကို ဒီလိုလူမှန်းကျွန်​တော်မသိခဲ့ဘူးဗျာ"
"မင်းလည်ပတ်ကို​သေချာကြည့်​ခွေး​ကောင်"
"ဘာတုန်း...အဲ...ဒါ...ဒါကျွန်​တော့်ဟာမဟုတ်"
အနီ​ရောင် bra​လေးက ဂျာကြီးလက်ထဲမှာ ဝံဝံ့ကြွားကြွား...
​ဘေးနားကရယ်သံ​တွေ တညံညံထွက်လာသလို ​​ကောင်မ​လေးတချို့ကလည်း နှာဘူးလိုလို သူ့ကိုကြည့်ကြ​တော့ ထိကရုန်း ငယ်ထိပ်​မြွေ​ပေါက်သလို..
ဗု​ဒ္ဓေါ...ထိကရုန်းလည်း​အဲ့​လောက်မကိတ်ရပါဘူး။ဒါကြီးကဘယ်လိုလုပ်သူ့ဆီ​ရောက်...
"ဒီ​ဘော်လီက မင်းလည်ပင်းမှာပါလာတာ​လေ မင်းဟာမဟုတ်လို့ ငါ့ဟာလား"
"ဟီးဟီး...ဂျာကြီး ရည်းစားဟာများလား။ဂျာကြီးရယ်...ကိုယ့်ရည်းစား​ဘော်လီများကြွားရတယ်လို့။sizeဘယ်​လောက်လဲ။ ပြပြ"
"​ဟေ့​ကောင်!!!"
ဂျာကြီးအားပြန်​ပြောင်မိသည့်အမှုက​တော့ ​ဘော်လီကိစ္စ သူ​ဌေးနားအထိ​ရောက်ကာအစမ်းခန့်ဝန်ထမ်းကာလက​နေလွတ်​မြောက်လာရသည့်ထိကရုန်း တရားဝင်ဝန်ထမ်းစဖြစ်သည့်​နေ့မှာပင်​ဘော်လီတစ်ထည်​ကြောင့်အထုပ်သိမ်းကာအိမ်ပြန်လိုက်ရ​လေသည်။
ကိုယ့်ကတ်ထူဘူး​လေးကိုယ်ကိုင်ကာ ​လှေကားက​နေဆင်းလာရသည့်ဒုက္ခကမသက်သာ...
လူ​တွေများတယ်ခက်...
ဟိုဒင်းဟိုဟာနဲ့ကျမကင်းဘူး။ဟိုဒင်းဟိုဟာကိုကျအ​သေရှက်ကြတယ်။လူ​ရှေ့သူ​ရှေ့တရားရ​နေသလိုနဲ့..​နောက်ကွယ်ကျ ခိုးစား​နေကြတာမြင်မ​ကောင်းဘူး။
သူ​ဌေးအစုတ်ပလုတ်...
ဂျာကြီးနှာဘူး
အ​ပေါက်ဆိုးတဲ့အပျိုကြီး​တွေ...
​တော်ပါပြီ။ငါ​လေး အဲ့လို​နေရာမှာမလုပ်ရ​တော့တာပဲကံ​ကောင်းပါတယ်။
ကတ်ထူဘူးရဲ့အ​ပေါ်နား​လေးမှာ​တော့ သူအရှက်ကွဲခဲ့ရတဲ့ ​ဘော်လီနီနီ​လေး...
"အဲ့ဒါမင်း​ကြောင့်..."
ရန်လုပ်စရာလူမရှိ​တော့တရားခံ​ဘော်လီကိုသာရန်​​တွေ့မိသည်။
​မေ​မေ...​မေ​​မေ ...ကိုယ့်ရည်းစားနဲ့ကိုယ်​အေး​ဆေးမ​နေဘူး။သူ့အိမ်ကိုအလည်လာ​သေး​တော့လည်း​ကောင်း​ကောင်းမလာပြန်။ဘော်လီကို​တွေ့ကရာချွတ်ထားခဲ့သည်။သားရည်ခံပတ်ရင်း​ဘော်လီ​အောက်ကပါသွားတာမသိလိုက်။Necktieနဲ့ငြိပြီး လမ်းသွားတဲ့တစ်​လျှောက်လုံး​ဘော်လီတွဲ​လောင်းနဲ့သွားခဲ့ရတာ ပြန်​တွေးရင် ထိကရုန်းမျက်နှာ ​ရေခဲ​ရေနဲ့သစ်ပစ်ချင်သည်။
"​ရေခဲ​ရေဆိုမှ...​ရေဆာလိုက်တာ...ချီး​ပေသူ​ဌေး
​ဝန်ထမ်းကတ်ပြန်သိမ်းလိုက်​​တော့ ငါ့မှာဓါတ်​လှေကားမစီးရ​တော့ဘူး။ချီးပဲ။​ညောင်းလိုက်တာ..."
အလုပ်လက်မဲ့အသစ်စက်စက်​လေး ထိကရုန်း အ​ရေး​ပေါ်​လှေကားကပြန်ဆင်းရင်း​ညောင်းလာ၍ကတ်ထူဘူး​ဘေးချကာ အ​မော​ဖြေ​နေတုန်းရှိ​သေးသည်။​အ​နောက်ကအရိပ်မည်းကြီးကသူထိုင်​နေတဲ့​ရှေ့ကအုတ်နံရံမှာ​ပေါ်လာ၍ထခုန်မိတာ​​ကြောင့်လှေကား​ပေါ်ကပြုတ်ကျခါနီးဆဲဆဲလက်မည်းကြီးတစ်ဖက်သူ့လည်ပင်းကိုဖမ်းညှစ်ပြန်သည်။ခုခံရန်​ဆွဲမိဆွဲရာဆွဲလိုက်တာဘေးနားကအသစ်စက်စက်တရားခံ​ဘော်လီအား​ရှေ့ကလူမျက်နှာ​ပေါ်အုပ်ကာ​ပေါင်ကြားကိုဖြတ်ကန်လိုက်သည်။​လှေကား​ဘေးတန်းကို​မျောက်လိုခိုထား၍ထိကရုန်းပြုတ်မကျသွား​ပေမဲ့ ထိုလူကြီးက​တော့​​ဘောင်းဘီကိုလက်နဲ့အုပ်ကာ အီးထွက်​နေသလိုမျက်နှာဖြင့်...
"မမြင်ရဘူး။ဖယ်​ပေး...အု..."
ဘာဖယ်​ပေးရ...
ဪ...မျက်နှာ​ပေါ် ​ဘော်လီအုပ်​နေ​တော့...​​အေး​ပေါ့၊ဘယ်မြင်ရမလဲ။အဲ ဖယ်​ပေးလို့လည်းမဖြစ်​သေးပါဘူး။ဒင်းကငါ့သတ်ဖို့လုပ်ထားတာ...
"ဆု​တောင်း​လေ..."
ထိကရုန်း ရန်​လေး​တွေ့ပြီးကိုယ့်ပစ္စည်းကိုယ်သယ်ကာထို​နေရာကထွက်လာခဲ့​လေသည်။စိတ်ထဲမှာလည်းတစ်​ယောက်​ယောက်ကိုသမချင်​နေတာ နတ်သိကြား​တွေကလူတစ်​ယောက်​သူ့ရှေ့ချ​ပေးလိုက်တာမို့အ​တော်​လေး​ကျေနပ်ကာပယ်ပယ်နယ်နယ် ပင်နယ်တီကန်ချက်​လေး ​ကျွေးလိုက်ရသည်မို့လူက​မြောက်ချင်ချင်...
"ဟူး...အလကား​နေရင်း နှစ်လစာ​တောင်ရလိုက်တာပဲ။​နောက်အလုပ်တစ်ခုထပ်မရှာခင်စားလို့​လောက်ပါတယ်။ဟီဟီ"
ထိကရုန်းသာယာ​နေသ​လောက် တစ်ဖက်မှာ​တော့...
"ဒါကြီးကဘာကြီးလဲ။ဟင်...ဒါ ဒါ
မိန်းမ​တွေဟာကြီး...အီး...ဖယ်​ပေးကြပါ"
အ​နောက်မှာကျန်ခဲ့သည့် ဧဃသထုံမှာ​တော့ ​ဘော်လီတစ်ထည်မျက်နှာ​ပေါ်​တင်​နေတာ​တွေ့ပြီး အလန့်လွန်ကာထပ်မံသတိ​မေ့သွား​တော့သည်။
သူတို့နှစ်​ယောက်၏ဇာတ်လမ်း​လေးက ​ဘော်လီတစ်ထည်မှစခဲ့​လေသည်။
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
မ​ရေးတာကြာလို့ တစ်မျိုးဖြစ်​နေမယ်ထင်တာ
ဒီ​လောက်​လေးကို​တောင်မနည်းဖျစ်ညှစ်လိုက်ရပါ​ကြောင်း။🤒
အသစ်​လေးနဲ့မိတ်ဆက်ပါရ​စေ😊
ဘုတ် ဖုန်း ခွပ်!!
"ကျွန်​တော်...MDကို...​"
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
ဒါ​ပေါ့။အ​တော်​လေးစွံတာ...
တစ်ခုပဲ။
ဟုတ်ကဲ့။
"Morning.."
"ထိကရုန်း!!!"
"ဗျာ...ဂျာကြီး ဟဲဟဲ
နေ​ကောင်းတယ်​နော်"
"​အေး...မ​သေ​သေးပါဘူးကွာ
"မှန်...ကြည့်လာတယ်ဗျ
"ဪ...ထင်တယ်။ထင်တယ်။
"ဂျာကြီး...ဒါ ကာအိ​န္ဒေပျြက်ပြားမှု​နော်။
"​ဟေ့​ကောင်!!!"
လူ​တွေများတယ်ခက်...
သူ​ဌေးအစုတ်ပလုတ်...
ဂျာကြီးနှာဘူး
"အဲ့ဒါမင်း​ကြောင့်..."
"မမြင်ရဘူး။ဖယ်​ပေး...အု..."
ဘာဖယ်​ပေးရ...
"ဆု​တောင်း​လေ..."
"ဒါကြီးကဘာကြီးလဲ။ဟင်...ဒါ ဒါ
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
Lanjutkan Membaca
Kamu Akan Menyukai Ini
130K 21.2K 64
English name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယ‌ေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြ...
137K 7.3K 21
Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် Shar ရဲ့ ပထမဆုံး GL fic လေးပါ အားပေးကြပါဦးနော် ၃/၂၀၂၁
68.4K 8.6K 44
Fiction ဆိုတဲ့အတိုင်း စိတ်ကူးယဥ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အပြင်မှာ တကယ်မရှိပါဘူး။
164K 22.8K 200
အကျဉ်းချုပ် လုကျိုးက ကမ္ဘာလောကကြီးရဲ့ အသန်မာဆုံးနဲ့ သက်တမ်းအရင့်ဆုံး မိစ္ဆာဂိုဏ်းချုပ်ဖြစ်ဖို့ နိုးထလာပြီး သူ့မှာ ဆိုးယုတ်မှုတွေ ပြည့်နေတဲ့ နာမည်ဆိုး...