Part-8

8.3K 811 66
                                    


"ဟို​ကောင်​လေး ​ရောက်ပြီ။"

ဧဃသထုံဘာသံမှထွက်မလာလို့ ​နောက်ခန်းကိုကြည့်လိုက်​တော့...

"​​ခေါ...ခ​​လော.."

ငနဲက​ဟောက်​တောင်​ဟောက်​နေပါသည်။

"ဒီင​မြွှေထိုး​လေးက​လေ ... ဘယ်​တော့များမှရင့်ကျက်မလဲမသိဘူး။ ကျစ်.."

David ကားစက်ပြန်နှိုးရမလား။ဒီတိုင်းပဲထားရမလား ​သေချာမသိပါ။သူတို့ရဲ့ကချီက​ဂျောင်နိုင်လွန်းတဲ့ Bossက ညစ်ပတ်စုတ်ချာ​နေတဲ့​ကောင်​လေးကိုကားသစ်ငှားပြီးပြန်ပို့​ပေးတာ​ရော...
သူ့ကားတစ်စီးလုံးပြာကျမသွားရုံတမယ်ဖြစ်တာ​တောင် အာရုံမရှိ။Business partnerကိုပါလက်လိမ်ချိုးလိုက်လို့ Davidမှာအချုပ်ထဲမ​ရောက်​အောင်ခံဝန်ကတိသွားထိုးပေးရသည်။

အဖြစ်က​ပြောင်းပြန်ဖြစ်​နေတယ်မလား။
ပြဿနာရှာတဲ့လက်​အောက်ငယ်သားကိုသူ​​ဌေးက ရဲစခန်းကသွားထုတ်​ပေးတာပဲရှိတယ်​လေ..

သူတို့ Bossကျ​တော့ ပြဿနာရှာလွန်ပြီး ထုတ်ခိုင်းစရာလူမရှိလို့ အ​ဝေး​ရောက်​နေတဲ့တံခွန်သစ်​စေခိုင်းမှု​ကြောင့် ခွင့်ယူထားတဲ့Davidပြန်လာထုတ်​ပေးရတာ..

Davidအ​တွေး​တွေက ရဲစခန်းမှာ ​သူသွားထုတ်တော့ပေတိ​ပေစုတ်​လေးလာကြို​သောလူစဥ်မမှီတဲ့​ကောင်​လေးက Bossနဲ့ဘာလိုလိုဆိုတာသိလိုက်ရ၍အ​တော်​လေးအံ့ဩကာမျက်လုံး​တွေပင်လက်နှစ်ဆစ်စာ​လောက်ပြူးထွက်သွားတဲ့ဆီ​ရောက်သွားသည်။

ရဲစခန်းမ​ရောက်ခင်အချိန်တွင်း ​မြေ​အောက်ကားပါကင်ရှိမည်းတူး​နေတဲ့ ဆီ​ညှော်နံ့​ဝေ့​ဝေ့ကားကြီး​ဘေးမှာ...သူတစ်ပြန်ကိုယ်တစ်ပြန်ထိုးကျိတ်​နေတဲ့ ထိကရုန်းနဲ့  တစ်ဖက်ကုမ္ပဏီက အတွင်း​ရေးမှူးကို​တွေ့လိုက်ရမည်ဖြစ်သည်။

Bossဧဃကဝင်မဆွဲ။သူ့လူအသာစီးရ​နေလို့တဲ့။Davidတို့Bossရဲ့အကျင့်ကအဲ့လို​ကောင်းတာ..
သူ့ဟာ​လေးကလည်းအသာစီးရတာမဆန်းပါ။တစ်ဖက်လူကို တစ်​ယောက်ကချုပ်​ပေးပြီး​နောက်တစ်​ယောက်က နားရွက်လိမ်ဆွဲ​နေတာများ...

မြူ**" ​ဟေ့​ကောင် ထိကရုန်း...ငါ့ပါကျိတ်မိမယ်ကွ... စွတ်မလုပ်နဲ့"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now