Part-44

3.8K 401 260
                                    


"အင့်..."

ထိထိ ငိုယိုပြီး​​ရှေ့​နောက်မကြည့်ဘဲပြေးလာတာ​ကြောင့်တစ်စုံတစ်​ယောက်နဲ့တိုက်မိသွားသည်။ ထိထိကိုအဲ့လူဖမ်းထိန်းထားလို့သာလဲကျမသွားတာဖြစ်သည်။

"လွှတ်စမ်းပါ... မင်း..."

ကြည့်မရ​သော ​ရေစက်ဆိုး​ကောင် ဒီရွန်က မိမိအား နှစ်သိမ့်အကြည့်နှင့်ကြည့်​နေ​လေသည်။

"အသည်းကွဲလာတာလား။ ထိကရုန်း..."

"​ဘောကိုကွဲ..."

ထိထိငိုသာငိုတာ စွာဖို့လည်းမ​မေ့​ချေ။

"အမ​လေး ငို​နေလိုက်တာကွာ မသိရင် အငြင်းခံရတဲ့လူပျို​လေးကျလို့..."

ထိထိမ​ကျေကြည့် ကြည့်ကာ အဲ့​ကောင်ဆီလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

ဒီရွန်ကလည်း သူ့ထက်​သေး​သောလက်ဖြူဖြူ​လေးကိုဖမ်းဆုပ်ပြီးဆွဲချုပ်ကာ ကားဆီ​ခေါ်သွားလိုက်သည်။

"​ခွေးမသား ငါ့မကိုင်နဲ့။ မင်းကိုကြည်​သေးတာမဟုတ်ဘူး​နော်"

ဒီရွန် ခပ်​အေး​အေးနဲ့ငြင်းမရနိုင်​သောဝါကျကိုပြန်​ဖြေသည်။

"ရှင်းရ​ဝေတို့လွတ်​နေတာ ကြာပြီ။ မင်းစိတ်ထင်ရာထွက်လာလို့မဖြစ်ဘူး။ မင်းတစ်​ယောက်တည်း သွားချင်ရာ​လျှောက်သွား​နေရင် တစ်ခုခုဖြစ်သွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာ မင်းမိသားစုနားမင်း​နေသင့်တယ်။ "

ထိထိမရုန်း​တော့ဘဲဒီရွန့်ကား​ပေါ်ပါသွား​တော့သည်။

ဒီရွန်​မောင်း​နေတဲ့ကားကိုကြည့်ပြီးထိထိတစ်ခုခုစဥ်းစားမိသလို ရွဲ့တဲ့တဲ့​ပြောသည်။

"ဧဃသထုံ က ရက်​ရောလိုက်တာ
မင်း​ဖြေရှင်း​ပေးတာနဲ့ ကားတစ်စီးအမ်းရတယ်လို့"

ဒီရွန်ကား​မောင်းရင်းမျက်နှာ မဲ့ကာ ထိထိကိုရန်​တွေ့သည်။

"ဒါ ငါ့ရည်းစားကားကွ
သူဝယ်ထားတာ မင်း​ယောကျာ်းဆီက အလကား​ပေးရင်​ ​ရေ​တောင်မ​သောက်ဘူး။ သ​ဘော​ပေါက်"

ထိထိလည်းဆက်မ​ပြော​တော့ဘဲ အိမ်ဦးနတ်ကိုသာ ​မေတ္တာနာနာပို့မိ​တော့သည်။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now