သထုံ အခန်းရှေ့မှာဒူးချိတ်ထိုင်ပြီးစောင့်နေလိုက်သည်။ထိထိဘာပြောလိုက်လို့လဲမသိ။ အဘိုးကြီးမူးလဲသွားလို့နှာနှပ်နေကြတော့ တစ်အိမ်လုံးအဲ့ထဲမှာစုနေကြကာ သထုံ့ကိုတော့မယ်မဒီကအပြင်နှင်ထုတ်ထားတာဖြစ်သည်။
"ကျစ်... သူများကြင်စဦးကိုမှ..."
မေတ္တာထိုင်ပို့နေလို့လည်းမပြီးချေ။မိမိကိုယ်တိုင်ကထိုသို့ဖြစ်အောင်တမင်ကြံစည်ခဲ့သည်မဟုတ်ပါလား။
ထမင်းတစ်အိုးချက်လောက်ကြာသွားတော့မှ ဆရာဝန်ပြန်သွားကာ ထိထိလည်းအထဲက ထွက်လာသည်။
သူ့အနားကိုပေါ့ပေါ့ပါးပါးဝင်ထိုင်လိုက်တဲ့ထိထိကြောင့်မျက်ခုံးပင့်သွားရသည်။
"ခင်ဗျားနဲ့ထိထိကို ကွာရှင်းခိုင်းနေတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ထိထိဖြေရှင်းပြီးပါပြီ။ သူတို့ထပ်မခွဲတော့ဘူး စိတ်ချ"
ချွဲတဲတဲလေးပြောပြီး သူ့လက်မောင်းကိုအတင်းဖက်တွယ်လာတော့ နားမလည်သလိုပြန်ကြည့်မိသည်။ဘယ့်နှယ့်အဘိုးကြီးကအေးဆေးနေရမှာလဲ။တကယ်ဆို သူ့ကိုအိမ်ပေါ်ကဆင်းအောင်မောင်းထုတ်မှာလို့ထင်ခဲ့တာ...
"မင်းဘာမဟုတ်တာတွေမွှေပြန်ပြီလဲ။ မင်းဘကြီးလွယ်လွယ်နဲ့ လက်လျှော့တဲ့လူစားမျိုးမဟုတ်မှန်းငါသိပြီးသား... ပြော မင်းလုပ်ခဲ့တဲ့ကိစ္စ..."
(ဘယ်လောက်ခေါင်းမာတဲ့လူလဲဆိုရင် မိခင်အလောင်း ရှေ့ကနေကလေးတစ်ယောက်ကို တရားခံပြေးလိုဖမ်းခေါ်ခဲ့တဲ့လူစားလေ)
ထိထိ သထုံ့ကိုပိုမှီတွယ်ကာတိုးတိုးလေးနှုတ်ခမ်းလှုပ်ရုံပြောတာမို့သေချာမကြားလိုက်မိ။
"...."
"ထိကရုန်း!!!
မင်းအသံဝင်နေလို့လား။အ,သွားတာလား။ ငုံဆေးပြားသောက်ပြီး ပြန်ပြော။ ညနေကတော့အာကိုပြဲလို့..."ထိထိလေး စိတ်ညစ်လာပြီ။ရှက်လို့ပါဆို ဒီလူကြီးကတော့...
သို့သော် အမွှေစိန်လေးထိထိသူရှုပ်ထားတာ သူဖြည်ရမှာပဲမို့ အသည်းကြီး နားပိုတိုးလိုက်ပြီးမှအားတင်းဖွင့်ဟလိုက်သည်။
YOU ARE READING
ငါ့ယောကျာ်းက girl allergicရှိတယ်(Completed)
HumorAbout a guy who has WomenPhobia. Girl Allergic person. (Unicode & Zawgyi)