Part-43

4.3K 423 60
                                    

ရှင်းရ​ဝေရဲ့ အ​မှောင်ကျရ​သော​နေ့ရက်​တွေက ဆိုးရွားလွန်းတာမို့နဂိုဗီဇအတိုင်းမာန်​ထောင်​လေ​လေ၊ နှိပ်စက်ခံရ​လေ​လေဖြစ်သည်။ယခင်က Yawai ​ကြောင့်စီးပွားပျက်သွားတဲ့အုပ်စု​တွေလည်းအထဲ​ရောက်​နေကြ၍ သူတို့လူ​တွေစုကာမကြာခဏ ရှင်းရ​ဝေနှင့် ရန်ပွဲဖန်တီး​လေ့ရှိသည်။

"ငါတို့မှာ ​သောက်စရာ​ရေသိပ်မရှိ​တော့ဘူး အဲ့​တော့ မင်း​သောက်ချင် အိမ်သာထဲကသွားယူ​သောက်..."

အလုပ်ကြမ်းလုပ်ရတဲ့အချိန် ​မောပန်း​နေတာကို အခွင့်​ကောင်းယူပြီးအနိုင်ကျင့်​လေ​တော့ရှင်းရ​ဝေလည်း​ချောင်ပိတ်ရိုက်ရင်ပြန်ကိုက်တဲ့​ခွေးလို စတင်​ပေါက်ကွဲ​တော့သည်။

တန်းစီးဆိုတဲ့ ကြမ်းကြုတ်တဲ့မျက်နှာနဲ့လူအား လက်သီးအားနဲ့ ပဲ့ရွဲ့ထွက်​အောင် သူစွမ်းခဲ့သည်။ ​သွေးတစ်စက်စက်ယိုစီးကျပြီး ထိုလူ့လည်ပင်းကိုညှစ်ကိုင်ပြီးသကာလ သူအသာရသွားခဲ့ပြီ။

"မင်းခုနက​ပြောတဲ့စကား ပြန်​ပြောလိုက်စမ်း"

"ဘာ ဘာမှမ​ပြော​တော့ပါဘူး။"

​ထောင်​စောင့်​တွေ ​ခြေသံကြားလာရတော့ ရှင်းရ​ဝေက​ဆောင့်လွှတ်လိုက်ကာ သူ့အလုပ်သူ​အေး​ဆေးဆက်လုပ်သည်။

ထိုသို့အ​ပြောင်းအလဲမြန်ကာ၊မျက်နှာနှစ်ဖက်နဲ့လျှာနှစ်ခွရှိသူဟာဖိုး​ခွေးအားမျက်စိကျ​စေသည်။

"​ဆေးလိပ်​သောက်တတ်လား။"

"​ကျေးဇူး..."

ဖိုး​ခွေးလက်က​ဆေးလိပ်ကိုရှင်းရ​ဝေ​သောက်မယ်ကြံ​တော့ ဖိုး​ခွေးကမီးခြစ် ခြစ်​ပေးသည်။

ဖိုး​ခွေးကို ဧဃသထုံက အထဲမှာ ​အေး​ဆေး​နေရ​အောင်လုပ်​ပေးမယ်​ပြောထား​သော်လည်း အထဲကလွတ်​အောင်​တော့လုပ်​ပေးနိုင်ခြင်းမရှိခဲ့​ပေ။ဖိုး​ခွေး ​ထောင်မှူးဆီသတင်းပို့ခိုင်းတာ မကြာခဏ​ပေမဲ့ ထိုလူဟာ အစားအစာတချို့ပို့​ပေးရုံကလွဲပြီး ကျန်တာ ဘာမှလုပ်​ဆောင်​ပေးခြင်းမရှိ​ပေ။ သူထပ်အလိမ်ခံရပြန်ပြီလား။ဒီ​တော့ ရန်သူရဲ့ရန်သူနဲ့မိတ်​ဆွေဖွဲ့သင့်တာ​ပေါ့... အဓိကကသူအသက်ရှင်ဖို့ပဲ​လေ...

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now