Zawgyi
{လံုၿခံဳမႈ - ၃}
ဆရာဝန္ရဲ့စကားၾကားမွသာ စိတ္ပူပန္မႈတို႔ ေျဖေလ်ာ့သြားခဲ့ၾကေလတယ္။ အဖိုးလု မတ္တပ္ရပ္ႏိုင္ရန္ တြဲေပးထားေသာအိမ္ေတာ္ထိန္းအိုႀကီးသည္လည္း ၿပံဳးလ်က္ မ်က္ရည္တို႔ က်ဆင္းလာခဲ့ေခ်၏။
" သခင္ႀကီးလု စိတ္မပူစရာ မလိုေတာ့ပါဘူး။ ကေလးအေမေရာ ကေလးေရာ ေဘးကင္းသြားပါၿပီတဲ့ "
" ေကာင္းတယ္ အရမ္းေကာင္းတယ္ " အဖိုးလုက ေပ်ာ္ရႊင္စြာ ဆိုလိုက္ေလ၏။ မ်က္ရည္တို႔လည္း ဝဲလို႔ေနေလသည္။
အေမလုကေတာ့ သူ႔ေခြၽးမ ေဘးကင္းသြားသည့္အတြက္ ေကာင္းကင္ဘံုကို ေက်းဇူးတင္ေနေခ်သည္။
ခဏအၾကာတြင္ ကေလးခ်ီထားေသာသူနာျပဳတစ္ေယာက္ ထြက္လာခဲ့ၿပီး ၿပံဳးခ်ိဳစြာျဖင့္ " ဂုဏ္ယူပါတယ္။ ကေလးအေမေရာ၊ ကေလးေရာ က်န္းမာၾကပါတယ္။ "
ေခတၲအၾကာမွာေတာ့ ေမြးခန္းထဲမွ လုေပရႊမ္းတစ္ေယာက္ ထြက္လာခဲ့ေပသည္။ သူ႔မ်က္ႏွာမွာလည္း လူေသေကာင္လို ျဖဴဖပ္လို႔ေန၏။ အေမလုႏွင့္ အဖိုးလုတို႔သည္ အိပ္ေပ်ာ္ေနေသာကေလးေလးကို ၾကၫ့္ေနၾကေပတယ္။
" ကေလးက ေပရႊမ္းနဲ႔ေတာ္ေတာ္တူတယ္။ ႀကီးလာရင္ ေပရႊမ္းနဲ႔ခြၽတ္စြပ္နီးပါး တူႏိုင္တယ္ " အဖိုးလုက ထိုသို႔ဆိုတဲ့အခါ အေမလုသည္ " ဟုတ္တာေပါ့ အေဖရယ္... ဒီႏွာေခါင္း၊ မ်က္လံုးနဲ႔ ပါးစပ္က သားေပရႊမ္း ေမြးကင္းစတုန္းကနဲ႔ တေထရာတည္းပဲ။ ဒါနဲ႔ ကေလးက ဘယ္နေပါင္ရိွလဲဟင္ "
ေမြးကင္းစကေလးငယ္တို႔သည္ အသားအရည္ အနည္းငယ္တြန္႔ေနတတ္ၿပီး မ်က္ႏွာေလးကေတာ့ ရႈံ႔မဲ့ေနတတ္သည့္အျပင္ မ်က္လံုးလည္း မဖြင့္ေသးေခ်။
စကၠန္႔ပိုင္းအၾကာမွာေတာ့ သူနာျပဳက စကားဆက္ေလတယ္။
" မစၥလု... ကေလးက ၆ေပါင္နဲ႔၇ေအာင္စပါ က်န္းမာတဲ့ထဲမွာပါပါတယ္ရွင့္ "
အေမလုသည္ သူနာျပဳခ်ီထားေသာသူမရဲ့ေျမးေလးကို ယူခ်ီလိုက္ခ်င္ေသာ္လည္း သူမခ်ီလိုက္တဲ့အခါ ဖိၫွစ္မိသြားမည္ကို စိုးရိမ္ေနေလတယ္။
" ကြၽန္မ အခု ေမြးကင္းစ ကေလးဌာနကို သြားမလို႔ပါ။ ဘယ္မိသားစုဝင္က လိုက္ခဲ့ႏိုင္မလဲရွင္ "
ထိုအခါ လုေပရႊမ္းဟာ " အေမ လိုက္သြားေပးပါ။ ကြၽန္ေတာ္က ရီက်န္းထြက္လာတာကို ေစာင့္လိုက္အံုးမယ္ " အေမလုသည္ သူမရဲ့သားကို ေခါင္းညိမ့္ျပၿပီးေနာက္ သူနာျပဳေနာက္ကို လိုက္သြားေခ်တယ္။
လုေပရႊမ္းသည္ ဇနီးျဖစ္သူကို ေမြးခန္းေရ႔ွတြင္ စိတ္ရွည္စြာ ေစာင့္ဆိုင္းလို႔ေနသည္။ ေနာက္နာရီဝက္အၾကာတြင္ေတာ့ ရီက်န္းရဲ့ကုတင္ကို တြန္းလာရင္း သူနာျပဳတစ္ေယာက္ ထြက္လာခဲ့ေလ၏။
လုေပရႊမ္းဟာ ရီက်န္းရဲ့ဆံႏြယ္ေလးတို႔ကို ပြတ္သပ္ေပးၿပီး သူမရဲ့နဖူးေလးကို နမ္းလိုက္ကာ " ႀကိဳးစားေပးခဲ့လို႔ ေက်းဇူးပါ။ မင္း ပင္ပန္းသြားၿပီ "
~~~~~~~
ေနာက္၅နာရီၾကာေသာ္~~~
ရီက်န္းသည္ လက္ေခ်ာင္းတစ္ေခ်ာင္းပင္ မလႈပ္ႏိုင္ေအာင္ အားအင္ကုန္ခမ္းေနခဲ့ေလၿပီ။ သူမသည္ ကေလးေမြးေပးၿပီးခ်င္းတြင္ သတိလစ္သြားခဲ့တာေၾကာင့္ သူမကေလးရဲ့မ်က္ႏွာေလးကိုပင္ မေတြးရေသးေခ်။
သူမ သတိျပန္ရလာခ်ိန္၌ အခ်ိန္ဘယ္ေလာက္ၾကာၾကာ အိပ္ေနခဲ့မိသည္ကိုပင္ မခန္႔မွန္းႏိုင္ေတာ့ေပ။ ယခုတြင္ သူမရဲ့ခႏၶာကိုယ္သည္ သန္႔ရွင္းေနခဲ့ေလၿပီ။ သူမ အိပ္ေပ်ာ္ေနစဥ္ တစ္ေယာက္ေယာက္က သန္႔စင္ေပးခဲ့ပံုပင္။
ရီက်န္းသည္ သူမေခါင္းကို တစ္ဖက္သို႔ လွည့္လိုက္ခ်ိန္တြင္ တစ္စံုတစ္ေယာက္က သူမအား အေသအခ်ာ စိုက္ၾကည့္ေနခဲ့ေလသည္။
" ႏိုးၿပီလား။ သက္ေတာင့္သက္သာ မျဖစ္တဲ့ေနရာရိွေသးလား။ "
သူမသည္ လက္ရိွတြင္ ဘာမွ မေျပာခ်င္ေသးတာေၾကာင့္ သူမ သိခ်င္သည့္ကိစၥကိုသာ တည့္ေမးလိုက္ေလသည္။
" ကေလး ဘယ္မွာလဲ "
ထိုအခါ ကေလးကို ခ်ီထားေသာအေမလုသည္ " ကေလးက ဒီမွာ။ က်န္းက်န္း သမီးစိတ္မပူနဲ႔၊ ကေလးက ၆ေပါင္နဲ႔၇ေအာင္စဆိုေတာ့ က်န္းမာတဲ့ထဲပါတယ္ "
ရီက်န္းသည္ ေလးလံေနတဲ့ သူမရဲ့မ်က္ခြံတို႔ကို အတင္းဖြင့္လ်က္ သူမရဲ့ကေလးကို ၾကည့္လိုက္ေပတယ္။
ကေလးေလးသည္ သူ႔အဖြားရဲ့လက္ထဲတြင္ ၿငိမ္းခ်မ္းစြာအိပ္ေမာက်လို႔ေနေလသည္။ ရီက်န္းသည္ သူမ ခက္ခက္ခဲခဲေမြးဖြားခဲ့ရေသာကေလးေလးကို ၾကည့္ရင္း မ်က္ရည္တို႔ဝဲလာခဲ့ေလ၏။ သူမရဲ့ကေလးဟာ သူမအတြက္ အဖိုးတန္ရတနာေလးပင္။ ဒါ့ေၾကာင့္ ဒီရတနာေလးကို အျပည့္အဝ ကာကြယ္ေပးသြားမည္ဟု ဆံုးျဖတ္လိုက္ေပသည္။
ဗီလိန္ေတြ... ဝတၴုဇာတ္ေၾကာင္းေတြ... ဇာတ္သိမ္းပိုင္းေတြက သူမအတြက္ အေရးမႀကီးေတာ့ေပ။
သူမရဲ့ကေလးကို ထိခိုက္လာတဲ့ ဘယ္သူ႔ကိုမဆို သူမ ရင္ဆိုင္ခဲ့ၿပီ။
သို႔ေသာ္~~~
ရီက်န္းဟာ သူမကေလးနီတာရဲေလးကို ၾကည့္ရင္းၾကည့္ရင္းျဖင့္ " ကေလးက ဘာလို႔ရုပ္ဆိုးေနတာလဲ "
💙💙💙💙💙💙💙
Unicode
{လုံခြုံမှု - ၃}
ဆရာဝန်ရဲ့စကားကြားမှသာ စိတ်ပူပန်မှုတို့ ဖြေလျော့သွားခဲ့ကြလေတယ်။ အဖိုးလု မတ်တပ်ရပ်နိုင်ရန် တွဲပေးထားသောအိမ်တော်ထိန်းအိုကြီးသည်လည်း ပြုံးလျက် မျက်ရည်တို့ ကျဆင်းလာခဲ့ချေ၏။
" သခင်ကြီးလု စိတ်မပူစရာ မလိုတော့ပါဘူး။ ကလေးအမေရော ကလေးရော ဘေးကင်းသွားပါပြီတဲ့ "
" ကောင်းတယ် အရမ်းကောင်းတယ် " အဖိုးလုက ပျော်ရွှင်စွာ ဆိုလိုက်လေ၏။ မျက်ရည်တို့လည်း ဝဲလို့နေလေသည်။
အမေလုကတော့ သူ့ချွေးမ ဘေးကင်းသွားသည့်အတွက် ကောင်းကင်ဘုံကို ကျေးဇူးတင်နေချေသည်။
ခဏအကြာတွင် ကလေးချီထားသောသူနာပြုတစ်ယောက် ထွက်လာခဲ့ပြီး ပြုံးချိုစွာဖြင့် " ဂုဏ်ယူပါတယ်။ ကလေးအမေရော၊ ကလေးရော ကျန်းမာကြပါတယ်။ "
ခေတ္တအကြာမှာတော့ မွေးခန်းထဲမှ လုပေရွှမ်းတစ်ယောက် ထွက်လာခဲ့ပေသည်။ သူ့မျက်နှာမှာလည်း လူသေကောင်လို ဖြူဖပ်လို့နေ၏။ အမေလုနှင့် အဖိုးလုတို့သည် အိပ်ပျော်နေသောကလေးလေးကို ကြည့်နေကြပေတယ်။
" ကလေးက ပေရွှမ်းနဲ့တော်တော်တူတယ်။ ကြီးလာရင် ပေရွှမ်းနဲ့ချွတ်စွပ်နီးပါး တူနိုင်တယ် " အဖိုးလုက ထိုသို့ဆိုတဲ့အခါ အမေလုသည် " ဟုတ်တာပေါ့ အဖေရယ်... ဒီနှာခေါင်း၊ မျက်လုံးနဲ့ ပါးစပ်က သားပေရွှမ်း မွေးကင်းစတုန်းကနဲ့ တထေရာတည်းပဲ။ ဒါနဲ့ ကလေးက ဘယ်နပေါင်ရှိလဲဟင် "
မွေးကင်းစကလေးငယ်တို့သည် အသားအရည် အနည်းငယ်တွန့်နေတတ်ပြီး မျက်နှာလေးကတော့ ရှုံ့မဲ့နေတတ်သည့်အပြင် မျက်လုံးလည်း မဖွင့်သေးချေ။
စက္ကန့်ပိုင်းအကြာမှာတော့ သူနာပြုက စကားဆက်လေတယ်။
" မစ္စလု... ကလေးက ၆ပေါင်နဲ့၇အောင်စပါ ကျန်းမာတဲ့ထဲမှာပါပါတယ်ရှင့် "
အမေလုသည် သူနာပြုချီထားသောသူမရဲ့မြေးလေးကို ယူချီလိုက်ချင်သော်လည်း သူမချီလိုက်တဲ့အခါ ဖိညှစ်မိသွားမည်ကို စိုးရိမ်နေလေတယ်။
" ကျွန်မ အခု မွေးကင်းစ ကလေးဌာနကို သွားမလို့ပါ။ ဘယ်မိသားစုဝင်က လိုက်ခဲ့နိုင်မလဲရှင် "
ထိုအခါ လုပေရွှမ်းဟာ " အမေ လိုက်သွားပေးပါ။ ကျွန်တော်က ရီကျန်းထွက်လာတာကို စောင့်လိုက်အုံးမယ် " အမေလုသည် သူမရဲ့သားကို ခေါင်းညိမ့်ပြပြီးနောက် သူနာပြုနောက်ကို လိုက်သွားချေတယ်။
လုပေရွှမ်းသည် ဇနီးဖြစ်သူကို မွေးခန်းရှေ့တွင် စိတ်ရှည်စွာ စောင့်ဆိုင်းလို့နေသည်။ နောက်နာရီဝက်အကြာတွင်တော့ ရီကျန်းရဲ့ကုတင်ကို တွန်းလာရင်း သူနာပြုတစ်ယောက် ထွက်လာခဲ့လေ၏။
လုပေရွှမ်းဟာ ရီကျန်းရဲ့ဆံနွယ်လေးတို့ကို ပွတ်သပ်ပေးပြီး သူမရဲ့နဖူးလေးကို နမ်းလိုက်ကာ " ကြိုးစားပေးခဲ့လို့ ကျေးဇူးပါ။ မင်း ပင်ပန်းသွားပြီ "
~~~~~~~
နောက်၅နာရီကြာသော်~~~
ရီကျန်းသည် လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်အောင် အားအင်ကုန်ခမ်းနေခဲ့လေပြီ။ သူမသည် ကလေးမွေးပေးပြီးချင်းတွင် သတိလစ်သွားခဲ့တာကြောင့် သူမကလေးရဲ့မျက်နှာလေးကိုပင် မတွေးရသေးချေ။
သူမ သတိပြန်ရလာချိန်၌ အချိန်ဘယ်လောက်ကြာကြာ အိပ်နေခဲ့မိသည်ကိုပင် မခန့်မှန်းနိုင်တော့ပေ။ ယခုတွင် သူမရဲ့ခန္ဓာကိုယ်သည် သန့်ရှင်းနေခဲ့လေပြီ။ သူမ အိပ်ပျော်နေစဥ် တစ်ယောက်ယောက်က သန့်စင်ပေးခဲ့ပုံပင်။
ရီကျန်းသည် သူမခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် တစ်စုံတစ်ယောက်က သူမအား အသေအချာ စိုက်ကြည့်နေခဲ့လေသည်။
" နိုးပြီလား။ သက်တောင့်သက်သာ မဖြစ်တဲ့နေရာရှိသေးလား။ "
သူမသည် လက်ရှိတွင် ဘာမှ မပြောချင်သေးတာကြောင့် သူမ သိချင်သည့်ကိစ္စကိုသာ တည့်မေးလိုက်လေသည်။
" ကလေး ဘယ်မှာလဲ "
ထိုအခါ ကလေးကို ချီထားသောအမေလုသည် " ကလေးက ဒီမှာ။ ကျန်းကျန်း သမီးစိတ်မပူနဲ့၊ ကလေးက ၆ပေါင်နဲ့၇အောင်စဆိုတော့ ကျန်းမာတဲ့ထဲပါတယ် "
ရီကျန်းသည် လေးလံနေတဲ့ သူမရဲ့မျက်ခွံတို့ကို အတင်းဖွင့်လျက် သူမရဲ့ကလေးကို ကြည့်လိုက်ပေတယ်။
ကလေးလေးသည် သူ့အဖွားရဲ့လက်ထဲတွင် ငြိမ်းချမ်းစွာအိပ်မောကျလို့နေလေသည်။ ရီကျန်းသည် သူမ ခက်ခက်ခဲခဲမွေးဖွားခဲ့ရသောကလေးလေးကို ကြည့်ရင်း မျက်ရည်တို့ဝဲလာခဲ့လေ၏။ သူမရဲ့ကလေးဟာ သူမအတွက် အဖိုးတန်ရတနာလေးပင်။ ဒါ့ကြောင့် ဒီရတနာလေးကို အပြည့်အဝ ကာကွယ်ပေးသွားမည်ဟု ဆုံးဖြတ်လိုက်ပေသည်။
ဗီလိန်တွေ... ဝတ္ထုဇာတ်ကြောင်းတွေ... ဇာတ်သိမ်းပိုင်းတွေက သူမအတွက် အရေးမကြီးတော့ပေ။
သူမရဲ့ကလေးကို ထိခိုက်လာတဲ့ ဘယ်သူ့ကိုမဆို သူမ ရင်ဆိုင်ခဲ့ပြီ။
သို့သော်~~~
ရီကျန်းဟာ သူမကလေးနီတာရဲလေးကို ကြည့်ရင်းကြည့်ရင်းဖြင့် " ကလေးက ဘာလို့ရုပ်ဆိုးနေတာလဲ "
💙💙💙💙💙💙💙